“ကျွန်မကို... ကျင့်ကြံဖို့ ကူညီပေးစေချင်လို့ပါ။”
ထိုစကားကို ကြားလိုက်ရချိန်တွင် ဂျိချန်းဖန်သည် သူ့ကိုယ်သူ ဆက်လက် ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပေ။
သူသည် သူ၏ရင်ခွင်ထဲမှ မိန်းကလေးငယ်ကို မဆိုင်းမတွပင် ပွေ့ချီလိုက်ပြီးနောက် ခန်းမဆောင်ကြီးအတွင်းမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
သူ ပြန်လည်ပေါ်ထွက်လာချိန်တွင် ကျင့်ပင်အာကို ပွေ့ချီလျက် ခန်းမဆောင်ကြီး၏ အပေါ်ဆုံးထပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤနေရာမှာ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုဖြစ်ပြီး အသုံးအဆောင် အပြည့်အစုံ ရှိနေသည့်အပြင် ကျင့်ပင်အာ၏ ယခင်က ရှောင်ရှန်းဆောင် ရှိ အိပ်ခန်းနှင့် ပုံစံတူပင် ဖြစ်သည်။
အခန်း၏ အလယ်ဗဟိုတွင် ကြီးမားနူးညံ့သော ကုတင်ကြီးတစ်လုံး ရှိနေသည်။
ပန်းရောင် ကုတင်လိုက်ကာများမှာ အသာအယာ တွဲလောင်းကျနေပြီး အတွင်းဘက် မြင်ကွင်းကို အနည်းငယ် ဖုံးကွယ်ထားသော်လည်း အလှတရားအချို့ကိုမူ မှိန်ပျပျ မြင်တွေ့နေရသည်။
“ဘုန်း—”
ကျင့်ပင်အာသည် ကုတင်ပေါ်သို့ ကျရောက်သွားသည်။ သူမ၏ နှလုံးသားမှာ ဒိန်းဒိန်းတုန်နေပြီး ဖြစ်ပျက်တော့မည့် ကိစ္စများအတွက် စိုးရိမ်ပူပန်ခြင်း မရှိဘဲ မနေနိုင်ပေ။
သူမသည် ဂျိချန်းဖန်နှင့် အတူရှိနေခဲ့သည်မှာ ကြာပြီဖြစ်သလို အရာများစွာကိုလည်း အတူတူ ပြုလုပ်ခဲ့ဖူးသော်လည်း... ယနေ့သည် ထူးခြားနေသည်။
မိန်းကလေးများသည် သူတို့၏ ပထမဆုံးအကြိမ်ကို အလွန်ပင် တန်ဖိုးထားတတ်ကြပြီး သူမသည်လည်း ထိုနည်းတူပင် ဖြစ်သည်။
သို့သော်... မင်္ဂလာပွဲ မကျင်းပနိုင်ခြင်းက သူမအတွက် အနည်းငယ် နှမြောစရာ ဖြစ်နေမိသည်။ ဤသို့တွေးမိသည်နှင့် ကျင့်ပင်အာ၏ လှပသော မျက်နှာလေးတွင် ဝမ်းနည်းရိပ်အချို့ ပေါ်လာသည်။
ဟုတ်ပေသည်၊ သူမသည် ခမ်းနားသော မင်္ဂလာပွဲတစ်ခုကို တောင့်တသော်လည်း ၎င်းမှာ တောင့်တမှုသက်သက်သာ ဖြစ်သည်။
အချို့သောအရာများကို အလွန်အကျွံ မမျှော်လင့်သင့်ပေ။ ဘဝတစ်ခုလုံး အတူတူ ဖြတ်သန်းနိုင်သည်ကပင် အလွန်ကောင်းမွန်လှပြီ မဟုတ်လေလော.........
ကျင့်ပင်အာသည် လက်ကိုမြှောက်ကာ ရှေ့မှလူငယ်လေးကို ဖက်လိုက်သည်။ သူမသည် မျက်လုံးလေးများကို အသာအယာ မှိတ်ထားလိုက်ရာ ရှည်လျားသော မျက်တောင်လေးများမှာ တုန်ယင်နေပြီး အပြစ်ပြောစရာမရှိသော မျက်နှာလေးမှာ လုံးဝ နီမြန်းနေ၏။
သူမ၏ နုနယ်သော ခန္ဓာကိုယ်လေးမှာလည်း တုန်ယင်နေပြီး နှလုံးသားထဲတွင် မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှုတို့ ရောယှက်နေသည်။
“ကျင့်ပင်အာ” နူးညံ့သော အသံတစ်ခု သူမ၏ နားစည်သို့ ရောက်လာသည်။
“အင်း” ကျင့်ပင်အာသည် သူမ၏ နှာခေါင်းလေးမှ တိုးတိုးလေး အသံပြုလိုက်သည်။ သူမ မျက်လုံးမဖွင့်သော်လည်း သူ ဘာလုပ်နေသည်ကို ခံစားသိရှိနေရသည်။
မမြင်နိုင်သော နွေးထွေးမှုတစ်ခုမှာ ပျံ့နှံ့နေ၏။
“မင်းအတွက် မင်္ဂလာပွဲတစ်ခု ကျင်းပပေးရင်ရော ဘယ်လိုလဲ.......” ပြုံးရွှင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဟင်.......” ကျင့်ပင်အာ ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူမသည် ရှေ့မှ လူငယ်လေးကို ဝမ်းသာအားရ ကြည့်ရင်း
“တကယ်လား.......” ဟု မေးနေသည့်အလား မျက်လုံးလေးများကို ပုတ်ခတ်နေမိသည်။
ဂျိချန်းဖန်က အသာအယာ ပြုံးလိုက်သည်။
သူ၏ မျက်လုံးထဲတွင် လိုလားတောင့်တမှုများ ရှိနေသော်လည်း ၎င်းထက်ပိုသည်မှာ ကြင်နာမှုနှင့် နူးညံ့မှုတို့ ဖြစ်သည်။
“မင်း ဆန္ဒရှိရဲ့လား.......” ဂျိချန်းဖန်က တိုးတိုးလေး မေးလိုက်သည်။
၎င်းကို ကြားသော် ကျင့်ပင်အာ၏ နှုတ်ခမ်းလေးများမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ သူမ မျက်လုံးများကို ပြန်မှိတ်လိုက်ရာ မျက်တောင်လေးများမှာ တုန်ယင်နေပြီး သူမ၏ အသံမှာ တိမ်ဝင်နေသော်လည်း အားပါလှသည် “ဆန္ဒရှိတာပေါ့....... သေချာပေါက် ဆန္ဒရှိတာပေါ့.......”
မင်္ဂလာပွဲ ကျင်းပခြင်းဖြင့် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို နတ်ဘုရားနယ်မြေ တစ်ခုလုံးကို လူသိရှင်ကြား ကြေညာနိုင်မည် ဖြစ်သည်။
ကျင်းယွမ်ကလန်အတွင်းသာ မဟုတ်ဘဲ တစ်လောကလုံး သိသွားပေလိမ့်မည်။
ယခုအချိန်တွင် လောကသားများ သိသည်မှာ သူမသည် ဟုန်လူ ဓားနတ်ဘုရား နှင့် ပတ်သက်မှုရှိသည်ဟုသာ ဖြစ်သည်။
သို့သော် သူမ အလိုရှိသည်မှာ ဓားနတ်ဘုရား မဟုတ်ဘဲ ဂျိချန်းဖန် သာ ဖြစ်သည်...။
“ကောင်းပြီ။ ဒါဆိုရင် အနာဂတ်မှာ မင်းအတွက် မင်္ဂလာပွဲတစ်ခု ငါ ကျင်းပပေးပါ့မယ်။”
ဝတ်စုံပေါ်တွင် ရွှေရောင်ငှက်ကလေးတစ်ကောင်ကို ပန်းထိုးထားသည်ကို တွေ့ရသည်။ ကျော့ရှင်းသော ခန္ဓာကိုယ်အလှနှင့်အတူ သင်းပျံ့သော ရနံ့များမှာ လွင့်ပျံလာသည်။
“ဝှစ်—”
သူမ၏ ဆံနွယ်များမှာ ပခုံးပေါ်သို့ ဝဲကျလာသည်။ ကျင့်ပင်အာသည် မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားဆဲ ဖြစ်သည်။
သူမ လက်မတစ်ဆစ်မျှပင် မလှုပ်ဝံ့ပေ။ သူမ ခံစားရသည်မှာ သူမ၏ နှလုံးသားမှာ ဒိန်းဒိန်းတုန်နေပြီး သူမကို တဖြည်းဖြည်း တည်ငြိမ်သွားစေသည်။
မိန်းကလေး၏ မျက်လုံးများမှာ တင်းကျပ်စွာ ပိတ်ထားဆဲဖြစ်ပြီး သူမ၏ ဆံနွယ်များမှာ ရေတံခွန်ကဲ့သို့ ပခုံးပေါ်မှ စီးကျနေ၏။
ရှက်သွေးဖြန်းနေသော မျက်နှာ၊ လှပသော ညှပ်ရိုးလေးများနှင့်အတူ အောက်ဘက်တွင်... ရွှေရောင်ဝတ်စုံလေးက အရာအားလုံးကို ဖုံးကွယ်ထားဆဲ ဖြစ်သည်။
သူမ၏ သွယ်လျသော ခြေတံလေးများမှာ တင်းကျပ်စွာ စေ့ထားပြီး လှပသော ခြေဖမိုးလေးများမှာ ဖြူစင်သော ခြေအိတ်လေးများ ဝတ်ဆင်ထားကာ ဖြူဝင်းသော ခြေသလုံးအလှမှာ ပေါ်လွင်နေသည်။
ဂျိချန်းဖန်သည် သူမကို နူးညံ့စွာ ဖက်ထားလိုက်သည်။
သူသည် လက်တစ်ဖက်ဖြင့် သူမ၏ မေးစေ့လေးကို ကိုင်မြှောက်လိုက်ပြီး နီမြန်းနေသော နှုတ်ခမ်းလေးကို သိမ်းပိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင်...
မိန်းကလေးထံမှ ချိုသာသော အသံလေး ထွက်ပေါ်လာသည်။
ပခုံးပေါ်တွင် ထမ်းထားသောအရာမှာ တာဝန်ဖြစ်စရာ မလိုပေ၊ ဒူးထောက်ခြင်းမှာလည်း အသနားခံခြင်း ဖြစ်စရာ မလိုပေ၊ နောက်ကျောကို ဓားနှင့်ထိုးခြင်းမှာလည်း နာကျင်စရာ မလိုပေ။
သို့သော် ဂျိချန်းဖန် ခံစားရသည်မှာ ယခု သူ ထမ်းထားသည်မှာ တာဝန်တစ်ခု ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူ၏ သန်မာသော ပခုံးများမှာ ယနေ့တွင် ရွှမ်ချာဂိုဏ်း ၏ အနာဂတ်ကို ထမ်းထားရခြင်း ဖြစ်သည်။
သူတစ်ဦးတည်းသာလျှင် ရွှမ်ချာဂိုဏ်း၏ အနာဂတ်ကို တိုးတက်စည်ပင်အောင် ပြုလုပ်နိုင်ပေလိမ့်မည်...။
သူမ၏ သွယ်လျသော ခြေတံလေးများနှင့် နှင်းပွင့်ကဲ့သို့ ဖြူဝင်းသော အသားအရေမှာ သူ၏ မျက်စိရှေ့တွင် ပေါ်ထွန်းလာသည်။ း
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ မှာ ဖြည်းညင်းစွာ စုစည်းလာသည်။ လောကတွင် ထိပ်တန်း နှစ်ကိုယ်တူကျင့်စဉ် ခန္ဓာကိုယ် အမျိုးအစား ဖြစ်သဖြင့် အာနိသင်မှာ ချက်ချင်းပင် ထင်ရှားလာသည်။
ဂျိချန်းဖန်သည် ကျင့်ကြံမှုအနည်းငယ် တိုးတက်လာခြင်းကို ဂရုမစိုက်သော်လည်း ဤခံစားချက်ကိုမူ သူ အလွန်နှစ်သက်သည်။ ဤကဲ့သို့သော အကျိုးကျေးဇူးကို မည်သူမှ ငြင်းပယ်နိုင်မည် မဟုတ်ပေ.......။
“ဝီ ဝီ ဝီ….”
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များမှာ ပြင်းထန်စွာ တုန်ခါနေသည်။
ဂျိချန်းဖန်နှင့် ကျင့်ပင်အာတို့၏ ကျင့်ကြံမှုမှာ ယခုအချိန်တွင် အလွန်လျင်မြန်စွာ တိုးတက်လာနေပြီး သူတို့၏ စိတ်အာရုံမှာလည်း ကျင့်ကြံမှု မြင့်တက်လာခြင်း၏ ‘ပျော်ရွှင်မှု’ တွင် နစ်မြုပ်နေကြသည်။
ဤကဲ့သို့သော ပျော်ရွှင်မှုမျိုးမှာ အမှန်တကယ်ပင် မေ့နိုင်ဖွယ် မရှိပေ။
ကျင့်ပင်အာသည် သူမ ဘယ်သောအခါမှ မေ့လိမ့်မည်မဟုတ်ဟု ခံစားရသည်။
သူမ၏ ယခင်က တစ်ဦးတည်း ကျင့်ကြံမှုမှာ ယခု ကျင့်ကြံမှု တိုးတက်နှုန်းနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်ပါမည်မဟုတ်ပေ.......။
သူမ ခုနစ်နှစ်၊ ရှစ်နှစ်တိုင်တိုင် ကျင့်ကြံမှ ရရှိမည့် ကျင့်ကြံမှုမျိုးကို ယခု ရရှိနေခြင်း ဖြစ်သည်။
“ဝုန်း—”
ကျယ်ပြောလှသော အရှိန်အဝါတစ်ခုမှာ တုန်ခါသွားသည်။ မမြင်နိုင်သော ဖိအားတစ်ခုမှာ ဖြည်းညင်းစွာ ပျံ့နှံ့သွား၏။ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များမှာ ရူးသွပ်စွာ စုစည်းလာကြသည်။
ရှန်ကျင်း နယ်ပယ်။
ကျင့်ပင်အာသည် ရှန်ကျင်း နယ်ပယ်သို့ ဖောက်ထွက်နိုင်ခဲ့ပြီ ဖြစ်သည်။ လောက၏ ထိပ်တန်း ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပိုင်ရှင်ဖြစ်သည်နှင့် အညီ အာနိသင်မှာ အလွန်ပင် ကောင်းမွန်လှသည်။
ဂျိချန်းဖန် တွေးလိုက်မိသည်မှာ ဤအာနိသင်သည် မည်သည့် နတ်ဆေးလုံးထက်မဆို ပို၍ အသုံးဝင်လှသည် ဟူ၍ ဖြစ်သည်။ ၎င်းမှာ အမှန်တကယ်ပင် မေ့နိုင်ဖွယ် မရှိပေ။
ဖြစ်နိုင်သည်မှာ နောင်တွင် သူ တစ်ဦးတည်း ကျင့်ကြံရန်ပင် ခက်ခဲသွားနိုင်သည်.........။
***