“ဝှစ်…”
ရေလှိုင်းများ ဂယက်ထသွားသည်။
ရေမျက်နှာပြင်မှ ပူနွေးသော ရေငွေ့များ ထွက်ပေါ်လာ၏။
ကျင့်ပင်အာသည် ဂျိချန်းဖန်၏ ရင်ခွင်ထဲတွင် ငိုက်မြည်းရင်း ကွေးကွေးလေး နေနေသည်။ သူမသည် အတော်လေး ပင်ပန်းနေသော်လည်း ရေနွေးထဲတွင် စိမ်နေရသဖြင့် တစ်ကိုယ်လုံး ပိုမိုသက်သာရာ ရနေသည်။
“အင်း…”
မိန်းကလေးငယ်လေးက အသာအယာ ညည်းညူလိုက်သည်။
သူမသည် သူမ၏ နုနယ်သော ခန္ဓာကိုယ်ကို ပိုမိုသက်တောင့်သက်သာရှိသော အနေအထားသို့ ပြောင်းလိုက်ပြီးနောက် ရေချိုးကန်ထဲ၌ပင် အိပ်ပျော်သွားတော့သည်။
၎င်းကို မြင်သော် ဂျိချန်းဖန်သည် သူမကို မနှောင့်ယှက်တော့ပေ။
သူသည် ရေချိုးကန်၏ အနားသတ်ကို မှီကာ ခဏတဖြုတ် မှေးစက်လိုက်ပြီးနောက် ကျင့်ပင်အာကို အသာအယာ ဘေးသို့ တွန်းကာ ထရပ်ပြီး အဝတ်အစားများ ပြန်ဝတ်လိုက်သည်။
“မင်း နောက်ထပ် ခဏလောက် ထပ်စိမ်နေလိုက်ဦး”
“ငါ မင်းအတွက် ဒီအနားမှာ သတိပေး အစီအရင် တစ်ခု သွားလုပ်ပေးလိုက်ဦးမယ်။
အစီအရင် အသင့်ဖြစ်ပြီဆိုရင် ငါနဲ့အတူ တိုက်ကျူးတောင်ထိပ်ကို ပြန်လိုက်ခဲ့လို့ရပြီ... ဘယ်လိုလဲ.......”
ဂျိချန်းဖန်က မေးလိုက်သည်။
ရွှမ်ချာဂိုဏ်း၏ အခြေစိုက်စခန်းကို တည်ထောင်ပြီးပြီဖြစ်၍ တပည့်သစ်များ စတင်စုဆောင်းကာ နာမည်ဖြန့်နိုင်ပြီ ဖြစ်သော်လည်း ကျင့်ပင်အာ၏ ကျင့်ကြံမှုမှာ သိသိသာသာ အောင်မြင်မှု ရရှိထားသဖြင့်...
သူမအနေနှင့် ကျင့်ကြံမှုကို တည်ငြိမ်စေရန် သီးခြားတံခါးပိတ် ကျင့်ကြံဖို့ လိုအပ်နေသေးသည်။
သူမကို ရွှမ်ချာဂိုဏ်းတွင် တစ်ယောက်တည်း ထားခဲ့ရန်မှာ အနည်းငယ် မလုံခြုံသေးသဖြင့် သူ စိတ်မချနိုင်ဖြစ်နေခြင်းပင်။
“အင်း… နားလည်ပါပြီ” ကျင့်ပင်အာက ငိုက်မြည်းလျက် ခေါင်းညိတ်ပြသည်။ သူမသည် ရေချိုးကန် အနားသတ်ကို မှီကာ မကြာမီပင် ပြန်လည် အိပ်ပျော်သွားပြန်သည်။
အခြားနည်းလမ်း မရှိပေ။
သူမ အလွန်အမင်း ပင်ပန်းနေသောကြောင့် ဖြစ်သည်။
သူမ၏ တစ်ကိုယ်လုံးမှာ ပြုတ်ထွက်သွားတော့မည့်အလား ခံစားနေရ၏။
၎င်းကို မြင်သော် ဂျိချန်းဖန်က အသာအယာ ပြုံးလိုက်သည်။ ငါးကလေး သက်သက်က ဘာလို့ ဒီလောက် ရမ်းကားရဲတာလဲ.......
ရယ်စရာပဲ.......
သူသည် လှည့်ထွက်ကာ ခန်းမဆောင်ကြီးမှ ထွက်လာခဲ့သည်။
ထို့နောက် အစီအရင်များ ပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်း အချို့ကို ထုတ်ယူကာ မြောင်ယင်းတောင်ထိပ် အနီးတစ်ဝိုက်တွင် အစီအရင် ပြုလုပ်ရန် သင့်တော်သော နေရာများကို ရှာဖွေလိုက်သည်...။
အချိန် အကန့်အသတ်ရှိသောကြောင့်...ဂျိချန်းဖန်သည် အလွန်အမင်း အစွမ်းထက်သော အစီအရင်များကို မပြင်ဆင်တော့ပေ။
သူသည် ရွှမ်ချာဂိုဏ်း၏ အနီးတွင် အလွန်လျှို့ဝှက်သော သတိပေးအစီအရင် တစ်ခုကိုသာ ပြုလုပ်လိုက်သည်။
အကယ်၍ ရှန်ကျင်း အထွတ်အထိပ်နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး ရောက်လာလျှင်ပင်...
သူတို့ မြောင်ယင်းတောင်ထိပ်ပေါ်သို့ ခြေတစ်လှမ်း စနင်းသည်နှင့် အစီအရင်က ချက်ချင်း သိရှိသွားပြီး သတိပေးချက် ထုတ်ပြန်ပေးမည် ဖြစ်သည်။
အစီအရင် ပြုလုပ်ပြီးနောက်...
ဂျိချန်းဖန်သည် ရွှမ်ယင်းခန်းမသို့ ပြန်သွားကာ အပေါ်ဆုံးထပ်ရှိ အခန်းထဲသို့ ဝင်ပြီး ရေချိုးကန်ထဲတွင် ငိုက်မြည်းနေသော ကျင့်ပင်အာကို အသာအယာ ပွေ့ချီလိုက်သည်။
“သွားကြစို့”
“အာ” ကျင့်ပင်အာက ဝေဝါးစွာ မျက်လုံးဖွင့်လိုက်သည်။ သူမသည် သူမရှေ့ရှိ ဂျိချန်းဖန်ကို ကြည့်ကာ သိပ်ပြီး ရှက်မနေတော့ဘဲ သူ၏ ရှေ့တွင်ပင် ဝတ်စုံကို တိုက်ရိုက် ဝတ်ဆင်လိုက်သည်။
ထို့နောက် ချက်ချင်းပင်...
သူတို့ နှစ်ဦးသည် မြောင်ယင်းတောင်ထိပ်မှ အတူတူ ထွက်ခွာလာခဲ့ကြသည်။
ကျင်းယွမ်ကလန်၏ တိုက်ကျူးတောင်ထိပ်ဆီသို့ ဦးတည်ကာ ပျံသန်းသွားကြတော့သည်။
...
အခြားတစ်ဖက်တွင်မူ လျှိုဖုန်းတောင်ထိပ် ၌ ဖြစ်သည်။
ခန်းမဆောင်ကြီး အတွင်း၌ ရှီဟောင် သည် ကျင်းယွမ်ကလန်၏ ကိစ္စအချို့ကို ကိုင်တွယ်ဖြေရှင်းရင်း အလုပ်ရှုပ်နေသည်။
လွန်ခဲ့သော အချိန်အနည်းငယ်က နတ်စာအုပ် အတွဲ ၁ ကို နားလည်သဘောပေါက်ပြီး ရှန်ကျင်းနယ်ပယ်သို့ အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့ပြီးကတည်းက...
ဂိုဏ်းချုပ်ကြီးသည် သူ့ကို အာဏာအချို့ စတင်ခွဲဝေပေးခဲ့သည်။
သူ့ကို ကျင်းယွမ်ကလန်၏ ပြည်တွင်းရေး ကိစ္စအချို့တွင် ကူညီစီမံခန့်ခွဲခွင့် ပြုထားခြင်း ဖြစ်သည်။ ရှီဟောင်၏ အာဏာမှာ ယခင်က ချန်စုန့် ၏ အာဏာလောက် မကြီးမားသေးသော်လည်း...
သူကတော့ အလွန် စိတ်ကျေနပ်နေပြီ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူ ကောင်းကောင်း သိသောကြောင့်တည်း။
ဂိုဏ်းချုပ်ကြီး သည် သူ့ကို နောက်တက်မည့် ဂိုဏ်းချုပ် ရာထူးအတွက် လေ့ကျင့်ပေးနေခြင်း ဖြစ်သည်။ နောက်တက်မည့် ဂိုဏ်းချုပ် တာဝန်ယူသည့် အခါတွင်မူ...
သူ ရှီဟောင်သည် အမှန်တကယ်ပင် အားကိုးရသူ ဖြစ်လာပေလိမ့်မည်.......
ရှီဟောင်သည် ၎င်းကို သူ၏ စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း သိထားသည်၊
မည်သို့ပင်ဆိုစေ သူသည် ဂျိချန်းဖန်၏ လူယုံ တစ်ယောက်ပင် ဖြစ်သည် မဟုတ်ပါလော........
“စီနီယာအစ်ကို ရှီ”
ထိုစဉ်မှာပင်...
ခန်းမအပြင်ဘက်မှ အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
“ဟင်....... ဘာကိစ္စလဲ.......” ရှီဟောင်က ခေါင်းမဖော်ဘဲ မေးလိုက်သည်။
၎င်းကို ကြားသော် ခန်းမအပြင်ဘက်ရှိ တပည့်က ရိုသေစွာ ပြောလိုက်သည် “စီနီယာအစ်ကို ရှီ... ချောင်ယန်တောင်ထိပ်က ဂျူနီယာညီလေး ချူးယွီဟုန်း ရောက်လာပြီး စီနီယာအစ်ကို ရှီဆီကနေ လမ်းညွှန်မှု တစ်ခုလောက် တောင်းခံချင်လို့ပါတဲ့”
“ချောင်ယန်တောင်ထိပ်က ချူးယွီဟုန်း..............”
ထိုအမည်ကို ကြားသော် ရှီဟောင်သည် လုပ်လက်စ အလုပ်ကို မရပ်ဘဲ မနေနိုင်တော့ချေ။
သူသည် ခေါင်းကို ဖြည်းဖြည်းချင်း မော့လိုက်ပြီး မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားကာ ချူးယွီဟုန်း သူ့ဆီ လာတွေ့ရသည့် အကြောင်းရင်းကို ချက်ချင်းပင် နားလည်သွားခဲ့သည်။
ရှီဟောင်က အနည်းငယ် စဉ်းစားလိုက်ပြီး “ဂျူနီယာညီလေး ချူး ကို အထဲဖိတ်လိုက်ပါ”
“ဟုတ်ကဲ့”
ထိုတပည့်သည် ချက်ချင်း လှည့်ထွက်သွားသည်။
မကြာမီပင်...
ချူးယွီဟုန်းသည် သူ၏ ဦးဆောင်မှုဖြင့် လျှိုဖုန်းတောင်ထိပ် ခန်းမဆောင် အပြင်ဘက်သို့ ရောက်လာခဲ့သည်။
ခန်းမထဲသို့ လျှောက်လှမ်းလာရင်း...
ချူးယွီဟုန်းသည် အဓိကနေရာတွင် ထိုင်နေသော ရှီဟောင်ကို ကြည့်ကာ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး “စီနီယာအစ်ကို ရှီ” ဟု နှုတ်ဆက်လိုက်သည်။
ရှီဟောင်က အနည်းငယ် ပြုံးပြလိုက်သည်။
သူက ဘေးနားရှိ ထိုင်ခုံတစ်ခုကို ညွှန်ပြကာ အားရပါးရ ရယ်မောလိုက်သည် — “ဂျူနီယာညီလေး ချူး... မြန်မြန်ထိုင်ပါ၊ မြန်မြန်ထိုင်”
ချူးယွီဟုန်းကလည်း အားနာမနေတော့ပေ။
သူ ထိုင်လိုက်ပြီးနောက် ရှီဟောင်နှင့်အတူ ဟိုဟိုဒီဒီ စကားစမြည် ပြောဆိုနေကြပြီး တစ်ခါတစ်ရံ တောင်ပိုင်းအကြောင်း၊ တစ်ခါတစ်ရံ မြောက်ပိုင်းအကြောင်းများဖြင့် ပျော်ရွှင်စွာ ဆွေးနွေးနေကြသည်။
ခဏအကြာတွင်...
ချူးယွီဟုန်းက ရုတ်တရက် သက်ပြင်းချလိုက်သည်။
“ဂျူနီယာညီလေး ချူး... ဘာဖြစ်လို့လဲ.......” ရှီဟောင်က မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။
“စီနီယာအစ်ကို ရှီ... စီနီယာ မသိပါဘူး” ချူးယွီဟုန်းက တိုးညင်စွာ သက်ပြင်းချရင်း ပြောသည် “ကျွန်တော့်ရဲ့ ဆရာက ပြင်းထန်တဲ့ အဆိပ်မိထားတာကြောင့် သူ့ရဲ့ အခြေခံအုတ်မြစ်တစ်ခုလုံး ပျက်စီးသွားခဲ့ရတယ်၊ အခုဆိုရင်...
သူ့ရဲ့ ကျင့်ကြံမှုက ရှေ့ဆက် တိုးတက်နိုင်မှာ မဟုတ်တော့ဘူး”
“ဒါကြောင့် ကျွန်တော့်ရဲ့ လေးစားရတဲ့ ဆရာက ရာထူးကနေ အနားယူဖို့ စဉ်းစားနေတယ်။ သူက ချောင်ယန်တောင်ထိပ်ရဲ့ ခေါင်းဆောင်ရာထူးကို ကျွန်တော့်ဆီ လွှဲပေးချင်နေတာ၊ ဒါပေမဲ့...
ကျွန်တော့်ရဲ့ ကျင့်ကြံမှုက ယူကျင်း အဋ္ဌမအဆင့် မှာပဲ ရှိသေးတာ၊ အကယ်၍ ကျွန်တော် ခေါင်းဆောင်ရာထူး ယူလိုက်ရင်တောင် ဘယ်လိုလုပ်ပြီး သူတပါးရဲ့ လေးစားမှုကို ရနိုင်မှာလဲ..............”
ချူးယွီဟုန်းက စိုးရိမ်တကြီး ပြောလိုက်သည်။
အကယ်၍ သူသည် ချောင်ယန်တောင်ထိပ် အတွင်း၌ သူ၏ သြဇာကို တည်ဆောက်နိုင်လျှင်ပင် ကျင်းယွမ်ကလန် တစ်ခုလုံးတွင် ချောင်ယန်တောင်ထိပ် 'ခေါင်းဆောင်' တစ်ဦးအနေနှင့် မည်သို့ သြဇာတည်ဆောက်နိုင်ပါမည်နည်း..............
ယူကျင်း အဋ္ဌမအဆင့် ကျင့်ကြံမှုဆိုသည်မှာ...
အမှန်တကယ်ပင် အနည်းငယ် အားနည်းလွန်းလှသည်။
အခြား တောင်ထိပ်ခေါင်းဆောင်များ အားလုံးက ရှန်ကျင်းနယ်ပယ်တွင် ရှိနေကြပြီး သူကတော့ ယူကျင်း အဋ္ဌမအဆင့်မှာပဲ ရှိနေမည်လော.........
တွေးကြည့်ရုံနှင့်ပင် ရှက်စရာ ကောင်းလှသည်။ အကယ်၍ သူသည် ရှန်ကျင်းနယ်ပယ်သို့ အောင်မြင်စွာ ဖောက်ထွက်နိုင်ခြင်း မရှိပါက...
ကျင်းယွမ်ကလန်တွင် ချောင်ယန်တောင်ထိပ်၏ အနာဂတ် အဆင့်အတန်းမှာ ယခင်က တိုက်ကျူးတောင်ထိပ်ကဲ့သို့ပင် အလွန် အနေရခက်သော အခြေအနေမျိုး ဖြစ်သွားပေလိမ့်မည်။
၎င်းကို ကြားသော် ရှီဟောင်က အနည်းငယ် ပြုံးလိုက်သည်။ ခဏမျှ စဉ်းစားပြီးနောက် သူက ပြောလိုက်သည် “ဂျူနီယာညီလေး ချူး... ငါ မင်းကို အကြံတစ်ခုလောက် ပေးရင်ရော ဘယ်လိုလဲ..............”
ချူးယွီဟုန်း၏ မျက်လုံးများ ဝင်းလက်သွားသည်။
သူက အလျင်အမြန် လမ်းညွှန်မှု တောင်းခံလိုက်သည် “စီနီယာအစ်ကို ရှီ... စီနီယာမှာ ကျွန်တော့်အတွက် အကြံပေးစရာ ရှိလို့လား.......”
သူ ယခုတစ်ခေါက် လျှိုဖုန်းတောင်ထိပ်သို့ လာရခြင်းမှာ...
သူ့လို တပည့်အချင်းချင်းဖြစ်သော ရှီဟောင်ထံမှ အတွေ့အကြုံ အချို့ကို ရယူလိုသောကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရှီဟောင်နှင့် သူမှာ အတွေ့အကြုံများစွာ တူညီနေသည် မဟုတ်ပါလား။
အကယ်၍ ရှီဟောင်က လမ်းညွှန်ပေးနိုင်လျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“လမ်းညွှန်မှုတော့ မဟုတ်ပါဘူး၊ အကြံပြုချက် တစ်ခုပါပဲ” ရှီဟောင်က အနည်းငယ် ပြုံးလိုက်သည်။
၎င်းကို ကြားသော် ချူးယွီဟုန်းသည် သေချာနားထောင်မည့် ပုံစံမျိုးကို ချက်ချင်း ပြင်လိုက်သည်။
ရှီဟောင်က ဖြည်းဖြည်းချင်း ပြောလိုက်သည် “ဂျူနီယာညီလေး ချူး... မင်းရဲ့ အခက်အခဲကို ငါ နားလည်ပါတယ်၊ ဒါပေမဲ့ မင်း သိထားရမှာက ကျင်းယွမ်ကလန်ရဲ့ အနာဂတ်ဟာ ငါတို့ မျိုးဆက်ပေါ်မှာ မူတည်နေတာ၊ ပြီးတော့ ငါတို့ မျိုးဆက်ရဲ့ ပင်မမဏ္ဍိုင်ကတော့...”
ဤနေရာတွင်...
ရှီဟောင်သည် ဘာမှဆက်မပြောဘဲ ပြုံးနေလိုက်သည်။
ချူးယွီဟုန်းက တိုးတိုးလေး သက်ပြင်းချရင်း တိုက်ကျူးတောင်ထိပ်ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည် “စီနီယာအစ်ကို ရှီ ပြောတဲ့ ဆိုလိုရင်းကို ကျွန်တော် နားလည်ပါတယ်၊ ဒါပေမဲ့...
ဂျူနီယာညီလေး ဂျိ က ကျွန်တော့်ကို ကူညီနိုင်ပါ့မလား.......”
ကျင့်ကြံမှုဆိုသည်မှာ မိမိကိုယ်ကိုသာ အားကိုးရသည့် အရာဖြစ်ရာ အခြားသူက သူ့ကို ဘာများ ကူညီနိုင်ပါမည်နည်း.......
ရှီဟောင်က ပြုံးလျက် ပြောသည် “ဂျူနီယာညီလေး ချူး... မင်း စမ်းကြည့်ရင်ရော ဘယ်လိုလဲ.......”
၎င်းကို ကြားသော် ချူးယွီဟုန်းသည် ခဏမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ကာ ထရပ်လိုက်ပြီး ရှီဟောင်ကို လက်အုပ်ချီလျက်
“စီနီယာအစ်ကို ရှီရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်”
“ကျွန်တော် နားလည်ပါပြီ”
သူသည် တိုက်ကျူးတောင်ထိပ်သို့ သွားရန် အစီအစဉ် ဆွဲလိုက်သည်။
အကယ်၍ သူ အဖြေတစ်ခု ရှာတွေ့နိုင်လျှင် အကောင်းဆုံးဖြစ်သော်လည်း မရခဲ့လျှင်မူ...
သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့ပေ။
“ကောင်းပြီ”
ရှီဟောင်က ပြုံးလျက် ခေါင်းညိတ်ပြသည်။
ချူးယွီဟုန်း ထွက်ခွာသွားခဲ့သည်။
သူသည် တိုက်ကျူးတောင်ထိပ်သို့ ရောက်ရှိလာပြီး ကျန့်ပူယီကို ဂါရဝပြုကာ နောက်ဆုံးတွင် တိုက်ကျူးတောင်ထိပ်သို့ ပြန်ရောက်ကာစဖြစ်သော ဂျိချန်းဖန်နှင့် အောင်မြင်စွာ တွေ့ဆုံနိုင်ခဲ့သည်။
“ဒါဆို စီနီယာအစ်ကို ချူးက ငါ့ဆီက အကူအညီ လာတောင်းတာပေါ့.......” ဂျိချန်းဖန်က မေးလိုက်သည်။
“ဟုတ်ပါတယ်”
ချူးယွီဟုန်းက အနည်းငယ် အနေရခက်စွာ ခေါင်းညိတ်လိုက်သည်။
ဂျိချန်းဖန်က အနည်းငယ် ခေါင်းညိတ်ကာ ပြောလိုက်သည် “ကျင့်ကြံမှုဆိုတာ တခြားလူက သိပ်ပြီး ကူညီလို့မရတဲ့ အရာပါ၊ အခြေခံအားဖြင့် ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတာ၊ ဒါပေမဲ့...
စီနီယာအစ်ကို ချူးရဲ့ အခြေအနေအတွက်တော့...
ငါ အနည်းငယ်တော့ ကူညီပေးနိုင်ပါတယ်”
ဂျိချန်းဖန်က အနည်းငယ် ပြုံးလျက် ပြောလိုက်သည်။
ချူးယွီဟုန်းသည် ဂျိချန်းဖန်၏ ပထမစာကြောင်းကို ကြားရသောအခါ စိတ်ပျက်သွားသော်လည်း...
နောက်ဆုံးစာကြောင်းကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသောအခါ သူ၏ နှလုံးသားမှာ ဝမ်းသာအားရ ဖြစ်သွားတော့သည်။
“ဂျူနီယာညီလေး ဂျိ... ကျေးဇူးပြုပြီး အကို့ကိုသင်ကြားပေးပါ.......” ချူးယွီဟုန်းက အလျင်အမြန် ထရပ်ကာ ဦးညွှတ်လိုက်သည်။
ဂျိချန်းဖန်က ၎င်းကို တည်ငြိမ်စွာ လက်ခံလိုက်သည်။
သူသည် လက်ကို ဝေ့ယမ်းလိုက်ရာ စာအုပ်ငယ်လေး တစ်အုပ်နှင့် ကျောက်စိမ်းပုလင်းငယ် တစ်လုံး ထွက်ပေါ်လာသည်။ ထိုစာအုပ်ငယ်မှာ နတ်စာအုပ် အတွဲ ၁ ကို မှတ်တမ်းတင်ထားခြင်း ဖြစ်ပြီး ကျောက်စိမ်းပုလင်းငယ်ထဲတွင်မူ ရှန်ကျင်းနယ်ပယ်သို့ ဖောက်ထွက်နိုင်ရန် ကူညီပေးမည့် 'ရှန်ကျင်းဆေးလုံး'ပါရှိသည်။
ဂျိချန်းဖန်က ဖြည်းဖြည်းချင်း ပြောလိုက်သည်
“စီနီယာအစ်ကို ချူး... ဒီပစ္စည်းနှစ်ခုက စီနီယာရဲ့ ပြဿနာကို ဖြေရှင်းဖို့ လုံလောက်ပါတယ်။ စီနီယာ ရှန်ကျင်းနယ်ပယ်ကို အောင်မြင်စွာ ဖောက်ထွက်နိုင်ပြီးတဲ့နောက် ကျင်းယွမ်ကလန် အတွက် စိတ်နှလုံးအကြွင်းမဲ့ ကြိုးစားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ထိုသို့ ပြောပြီးနောက်...
သူသည် ချူးယွီဟုန်းအား နတ်စာအုပ် အတွဲ ၁ ဆိုသည်မှာ အဘယ်နည်း၊ ရှန်ကျင်းဆေးလုံး ဆိုသည်မှာ အဘယ်နည်းကို ရှင်းပြလိုက်သည်။
ချူးယွီဟုန်း၏ အမူအရာမှာ အလွန်အမင်း စိတ်လှုပ်ရှားနေ၏။ သူသည် စာအုပ်ငယ်နှင့် ဆေးလုံးကို အလျင်အမြန် ယူလိုက်ပြီး ဂျိချန်းဖန်ကို အလေးအနက် ဦးညွှတ်ကာ
“ဂျူနီယာညီလေး ဂျိ... စိတ်ချပါ.......”
“ကျွန်တော် ကျင်းယွမ်ကလန် အတွက် စိတ်နှလုံးအကြွင်းမဲ့ ကြိုးစားသွားမှာဖြစ်သလို ဂိုဏ်းချုပ်ကြီးကိုလည်း စိတ်နှလုံးအကြွင်းမဲ့ ကူညီသွားမှာပါ.......”
လိုအပ်နေတုန်း ကူညီမယ်ဆိုရင် မွေးစားအဖေ လို့တောင် သတ်မှတ်ပေးနိုင်သည်.............
ခုနေ့ကစပြီး အကို့ရဲ့ နှလုံးသားထဲမှာ ညီလေးဂျိ တစ်ယောက်တည်းသာ ရှိပါတော့တယ်...........
သစ္စာရှိမှု....... ဖြောင့်မတ်မှု.......
“ကောင်းပြီ” ဂျိချန်းဖန်က အသာအယာ ပြုံးလိုက်သည်။
ဂိုဏ်းခွဲအသီးသီးက ခေါင်းဆောင်တွေ ဘာလုပ်သင့်သလဲ.......
သေချာတာပေါ့၊ သူတို့က ဂိုဏ်းချုပ်ကြီးကို စိတ်နှလုံးအကြွင်းမဲ့ ကူညီပေးရမှာပေါ့.......
“စီနီယာအစ်ကို ချူး... မြန်မြန်ပြန်ပြီး ပြင်ဆင်တော့။ ငါ တံခါးပိတ်ကျင့်ကြံရာကနေ ပြန်ထွက်လာတဲ့ အခါမှာ စီနီယာ ရှန်ကျင်းနယ်ပယ်ကို အောင်မြင်စွာ ဖောက်ထွက်နိုင်ပြီးသား ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
ဂျိချန်းဖန်က တိုးတိုးလေး ပြောလိုက်သည်။
၎င်းကို ကြားသော် ချူးယွီဟုန်းက သိချင်စိတ်ဖြင့် မေးလိုက်သည် “ဂျူနီယာညီလေး ဂျိ က တံခါးပိတ် ကျင့်ကြံတော့မှာလား.......”
“ဟုတ်တယ်” ဂျိချန်းဖန်က အနည်းငယ် ခေါင်းညိတ်ပြသည်။
၎င်းကို မြင်သော် ချူးယွီဟုန်းသည် အလျင်အမြန် ထရပ်ကာ နှုတ်ဆက်ရန် ပြင်လိုက်သည်။
သူသည် ဂျိချန်းဖန်ကို နောက်ဆုံးတစ်ကြိမ် ဦးညွှတ်လိုက်ပြီးနောက် တိုက်ကျူးတောင်ထိပ်မှ ထွက်ခွာသွားတော့သည်...။
***