ယူကျင်းခန်းမ အတွင်း။
လုံးက ဂျိချန်းဖန်ကို တုန်လှုပ်ချောက်ချားးသော မျက်လုံးများဖြင့် ကြည့်နေကြသည်။
သူတို့သည် အံ့အားသင့်သလို ခံစားရသော်လည်း တစ်ဖက်တွင်လည်း စိတ်အေးသွားကြပုံရသည်။
မှန်ပေသည်။
ဂျိချန်းဖန်၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီနှင့်ဆိုလျှင်...
ထိုက်ကျင်းနယ်ပယ်သို့ ဖောက်ထွက်နိုင်ခြင်းမှာ အံ့သြစရာ ကိစ္စတစ်ခု ဖြစ်နေပါဦးမည်လော။
ရှင်းနေသည်မှာ... မဟုတ်ပေ။
ဂျိချန်းဖန်အတွက်မူ ထိုက်ကျင်းနယ်ပယ်သို့ ရောက်ရှိခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်ပြီး၊ ကျင့်ကြံခြင်းဆိုသည်မှာ စားသောက်ရသလောက်ပင် လွယ်ကူနေသည် မဟုတ်ပါလား။
စူးရူ ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
သူမသည် ဂျိချန်းဖန်ကို ဝမ်းသာအားရ ကြည့်နေမိသည်။ သူတို့၏ တိုက်ကျူးတောင်ထိပ် မှ ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး အမှန်တကယ် ပေါ်ထွက်လာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။
သူမ၏ ဘေးတွင် တာအိုသခင်မ ရွှယ်ယွဲ့ သည်လည်း ဂျိချန်းဖန်ကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေပြီး သူမ၏ နှလုံးသားမှာလည်း တုန်လှုပ်နေရသည်။
ထိုက်ကျင်း…
ဒါက ဒဏ္ဍာရီလာ ထိုက်ကျင်းနယ်ပယ်ပဲ။
ပတ်ဝန်းကျင်ရှိ အခြားသော တောင်ထိပ်ခေါင်းဆောင်များ မှာလည်း တုန်လှုပ်နေကြသည်။
ထိုက်ကျင်းနယ်ပယ်...
ဂိုဏ်းချုပ် တောက်ရွှမ်းနှင့်ပါ ပေါင်းလိုက်လျှင်...
သူတို့၏ ကျင်းယွမ်ကလန် တွင် ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး ရှိလာပြီ ဖြစ်သည်။
ဤကဲ့သို့ ခိုင်မာသော အခြေခံအုတ်မြစ်နှင့်ဆိုလျှင် ကျင်းယွမ်ကလန်သည် လောကကြီးကို စိုးမိုးနိုင်ရန် အလားအလာ အပြည့်ရှိနေပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင်...
မည်သူမျှ ဆက်လက် ကန့်ကွက်ခြင်း မပြုကြတော့ပေ။
အစပိုင်းတွင်မူ ဂျိချန်းဖန်သည် အလွန်ပင် ငယ်ရွယ်လွန်းသည်ဟု သူတို့ ထင်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ သူသည် ဆယ်စုနှစ်တစ်ခုကျော်သာ ကျင့်ကြံရသေးသူ ဖြစ်ပြီး၊
သူတို့ တောင်ထိပ်ခေါင်းဆောင်များမှာမူ အသက်တစ်ရာကျော်နေကြသူများ ဖြစ်သည် မဟုတ်ပါလား။
သူတို့၏ အမြင်တွင်...
ဂျိချန်းဖန်သည် ကလေးတစ်ယောက်သာ ရှိသေးသည်။
ဤကဲ့သို့ ငယ်ရွယ်သော ကလေးတစ်ယောက်ကို ဂိုဏ်းချုပ် ခန့်အပ်ရန်မှာ အနည်းငယ် စိတ်မချရသလို ဖြစ်နေသည်။
သို့သော်လည်း...
ဂျိချန်းဖန်သည် ထိုက်ကျင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါတွင်မူ ကန့်ကွက်မှုအားလုံးမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
အစွမ်းကသာ အကောင်းဆုံး သက်သေပင်။
အကြွင်းမဲ့သော စွမ်းအားကို ရင်ဆိုင်ရသည့်အခါ မည်သည့် အားနည်းချက်ကိုမဆို လျစ်လျူရှုထားနိုင်ပေသည်။
ငယ်ရွယ်နေရင်ကော ဘာဖြစ်လဲ…
ဂျိချန်းဖန်က ဉာဏ်ရည်ထက်မြက်ပြီး ပါရမီရှိရုံသာမက ဂိုဏ်းချုပ်တစ်ဦး၌ ရှိသင့်သည့် ခန့်ညားထည်ဝါမှုမျိုးလည်း ရှိသည် မဟုတ်ပါလား။
တောက်ရွှမ်း က သူ၏ မုတ်ဆိတ်ကို အသာအယာ သပ်လိုက်သည်။ မည်သူမျှ ကန့်ကွက်ခြင်း မရှိသည်ကို မြင်ရသည့်အခါ သူသည် ဂျိချန်းဖန်ကို ကြည့်ကာ မေးလိုက်သည်
“ဂိုဏ်းချုပ် ဂျိချန်းဖန်... မင်းမှာကော တစ်ခုခု ပြောစရာ ရှိသေးလား”
၎င်းကို ကြားသော် ဂျိချန်းဖန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး တောက်ရွှမ်းကို ရိုသေစွာ ပြောလိုက်သည် “ဂိုဏ်းချုပ် စီနီယာ ဦးလေးကပဲ ဆုံးဖြတ်ပေးပါ၊ တပည့်မှာ ဘာကန့်ကွက်မှုမှ မရှိပါဘူး”
ဂိုဏ်းချုပ်ရာထူးကို ဘယ်အချိန်မှာ လွှဲယူရမလဲဆိုသည်မှာ သူ့အတွက်တော့ အတူတူပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် လောကတွင် သူ့ကို ခြိမ်းခြောက်နိုင်သူ မရှိတော့ပေ။
သားရဲနတ်ဘုရား ပေါ်လာလျှင်ပင်...
သူ့ကို အလွယ်တကူ နှိမ်နင်းနိုင်မည်ဟု သူ ယုံကြည်ချက် ရှိသည်။
အမှန်တကယ်တွင်...
ဂျိချန်းဖန်သာ ရှစ်ပါးမိစ္ဆာ လျှို့ဝှက်မီးအခင်းအကျင်း ကို အပြည့်အဝ တတ်မြောက်သွားမည်ဆိုလျှင် သားရဲနတ်ဘုရားပင်လျှင် သူ့ကို ရင်ဆိုင်ရန် မလုံလောက်ပေ။
“ကောင်းပြီ”
တောက်ရွှမ်းက ခဏတာ စဉ်းစားလိုက်ပြီးနောက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်
“ဒါဆိုရင် ဂိုဏ်းချုပ်ရာထူး လွှဲပြောင်းဆက်ခံပွဲ အခမ်းအနားကို အခုကနေ သုံးလအကြာမှာ ကျင်းပမယ်။ သုံးလပြည့်ရင် ငါ တရားဝင် အနားယူပြီး ရာထူးကို လွှဲပေးမယ်...”
တောက်ရွှမ်း၏ အသံမှာ ကြည်လင် တည်ငြိမ်လှသည်။
အဘယ်ကြောင့် ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲကို သုံးလအကြာမှ ကျင်းပရန် သတ်မှတ်ရသနည်း။
၎င်း၏ နောက်ကွယ်တွင် ထူးခြားသော အဓိပ္ပာယ် ရှိနေသည်။
လောကရှိ ဖြောင့်မတ်သော လမ်းစဉ် ၏ ခေါင်းဆောင်အဖြစ် ကျင်းယွမ်ကလန်၏ ဂိုဏ်းချုပ်ရာထူးမှာ အလွန်ပင် အရေးကြီးလှသည်။
ရာထူးဆက်ခံပွဲ အခမ်းအနားတွင်...
သူတို့သည် ဖြောင့်မတ်သော လမ်းစဉ်ရှိ ဂိုဏ်းအသီးသီးကို ဖိတ်ကြားကာ အခမ်းအနားကို လာရောက် စောင့်ကြည့်စေရမည် ဖြစ်သည်။
ထို့ကြောင့်...
အစီအစဉ်များ ပြုလုပ်ရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်သည်။ ဥပမာအားဖြင့် တပည့်များကို ဂိုဏ်းအသီးသီးသို့ လွှတ်ကာ ဖိတ်စာများ ပေးပို့ခြင်းနှင့် အခမ်းအနားသို့ လာရောက်ရန် ဖိတ်ကြားခြင်း စသည်တို့ ဖြစ်သည်...။
ဤကဲ့သို့ အသွားအပြန် လုပ်ငန်းစဉ်များမှာ သဘာဝအတိုင်းပင် အချိန်ယူရပေလိမ့်မည်။
သုံးလဆိုသည်မှာ အနေတော်ပင် ဖြစ်သည်။
၎င်းကို ကြားသော် ပတ်ဝန်းကျင်ရှိ တောင်ထိပ်ခေါင်းဆောင်များမှာ အနည်းငယ် အံ့သြသွားကြသည်။
တောက်ရွှမ်းသည် အဘယ်ကြောင့် ဂျိချန်းဖန်ထံသို့ ဂိုဏ်းချုပ်ရာထူးကို အလျင်အမြန် လွှဲပေးချင်နေရသနည်းဆိုသည်ကို သူတို့ နားမလည်ကြပေ။
သူ ရာထူးကို ငြီးငွေ့နေပြီလား…
အမှန်စင်စစ်...
ထိုအကြောင်းပြချက်မှာ အမှန်တကယ်ပင် ပါဝင်နေသည်။
ကျင်းယွမ်ကလန်၏ များပြားလှသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရသည်မှာ တောက်ရွှမ်းအတွက် ခေါင်းကိုက်စရာပင်။
အစပိုင်းတွင် ချန်စုန့် က ကူညီပေးခဲ့စဉ်က သူသည် ဘာမှလုပ်စရာမလိုဘဲ နေနိုင်ခဲ့သော်လည်း...
ယခုအခါ ချန်စုန့်က အငြိမ်းစားယူကာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပြီ ဖြစ်သည်။
သူ တစ်ယောက်တည်းသာ ကိစ္စအဝဝကို မအားမလပ် ကိုင်တွယ်နေရသဖြင့် စိတ်ပျက်လာပြီး ဂိုဏ်းချုပ်ရာထူးကို အမြန်ဆုံး လွှဲပေးချင်နေခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ ချန်စုန့်နှင့် ဝမ်ကျန့်ယီ တို့ နေ့စဉ်နှင့်အမျှ အပန်းဖြေနေကြသည်ကို မြင်ရသည်မှာ...
သူ တကယ်ကို အားကျမိသည် မဟုတ်ပါလား........
ရာထူးဆက်ခံမည့် အချိန်ကို အတည်ပြုပြီးနောက် တောက်ရွှမ်း၏ စိတ်အခြေအနေမှာ ပျော်ရွှင်နေပုံရသည်။
သူသည် ဂျိချန်းဖန်၏ ဘေးနားရှိ အမျိုးသမီးနှစ်ဦးကို တစ်ချက်ကြည့်ကာ၊ ဂျိချန်းဖန်တွင် လုပ်စရာများ ရှိနေဦးမည်ကို သိသဖြင့် ဘာမှ ဆက်မပြောတော့ပေ...။
သူသည် လက်ကို ဝှေ့ယမ်းကာ လူအားလုံးကို ပြန်ခိုင်းလိုက်သည်။
“ရွှယ်ချီ... တို့ ပြန်ကြရအောင်”
တာအိုသခင်မ ရွှယ်ယွဲ့ သည် တည်ငြိမ်သော လေသံဖြင့် လုရွှယ်ချီကို လှမ်းခေါ်လိုက်သည်။
၎င်းကို ကြားသော် လုရွှယ်ချီသည် ဂျိချန်းဖန်ကို မခွဲနိုင်မခွာရက်ဖြင့် ကြည့်လိုက်သော်လည်း၊ နောက်ဆုံးတွင်မူ စိတ်မကောင်းသော အမူအရာဖြင့် သူမ၏ ဆရာဘက်သို့ ပြန်သွားခဲ့ရသည်။
ဤမြင်ကွင်းကို ကြည့်ကာ ဂျိချန်းဖန် ဘာမှမပြောပေ။
သူသည် လုရွှယ်ချီကို အကြည့်တစ်ချက်ဖြင့်သာ အရိပ်အမြွက် ပြလိုက်သည်။
ဒီည ငါ့အတွက် တံခါးဖွင့်ထားပေးဖို့ မမေ့နဲ့ဆိုသည့် အဓိပ္ပာယ်ပင်...။
လုရွှယ်ချီ ခဏတာ ရပ်တန့်သွားသည်။
သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးဖြာကာ နီမြန်းသွားပြီး၊ မသိစိတ်ဖြင့် ခေါင်းငုံ့လိုက်ကာ တာအိုသခင်မ ရွှယ်ယွဲ့၏ နောက်မှ လိမ္မာစွာ လိုက်ပါသွားတော့သည်။
“ဂိုဏ်းချုပ် ဂျိချန်းဖန်... တို့လည်း ပြန်ကြရအောင်လေ”
စူးရူက ပြုံးလျက် ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ ဆရာကတော်”
ဂျိချန်းဖန်က အသာအယာ ခေါင်းညိတ်သည်။
သူသည် ကျင့်ပင်အာ ကို ဘေးနားမှ ခေါ်ဆောင်ကာ တိုက်ကျူးတောင်ထိပ်အဖွဲ့နှင့်အတူ တုန်းထျန်းတောင်ထိပ်မှ ထွက်ခွာလာခဲ့သည်။
...
တိုက်ကျူးတောင်ထိပ်သို့ ပြန်ရောက်သည့်အခါ...
ဂျိချန်းဖန်သည် ပထမဆုံးအနေဖြင့် သူ၏ စီနီယာအစ်ကိုများနှင့် ခဏတာ စကားစမြည် ပြောဆိုခဲ့ပြီး၊ ထို့နောက် ကိုးနှစ်တာ တံခါးပိတ်ကျင့်ကြံစဉ်က အတွေ့အကြုံများကို သူ၏ ဆရာနှင့် ဆရာကတော်တို့ကို ပြန်လည်ပြောပြခဲ့သည်။
မကြာမီ နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာသည်။
ဂျိချန်းဖန်နှင့် အဖွဲ့သားများသည် လျိုကျင်းခန်းမ တွင် အတူတူ ညစာ စားခဲ့ကြသည်။ တုပိရှူး ၏ ချက်ပြုတ်မှု အရည်အချင်းမှာ ယခင်အတိုင်းပင် စားမဝင်လောက်အောင် ဆိုးရွားနေဆဲ ဖြစ်သည်။
ညစာစားပြီးနောက် လူတိုင်း အနားယူရန် ပြန်သွားကြသည်။
ဂျိချန်းဖန်သည် ကျင်းပင်အာ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည် “ဒီည ငါ့အတွက် တံခါးဖွင့်ထားပေးဖို့ မမေ့နဲ့နော်။ ငါ မင်းရဲ့ အစ်မလု ဆီကို ခဏသွားပြီးမှ မင်းဆီ လာခဲ့မယ်...”
ကျင်းပင်အာ၏ စရိုက်မှာ ပို၍ နူးညံ့သည်။
သို့မဟုတ်လျှင် သူမသည် ပို၍ နားလည်မှု ရှိသည်ဟု ဆိုရမည်။
ထို့ကြောင့် သူမသည် ၎င်းကို ကြားပြီးနောက် မကျေမနပ်ဖြစ်ခြင်း မရှိဘဲ ပြုံးလျက် ခေါင်းညိတ်ပြခဲ့သည်။
“သခင်လေး....... ဒါဆို ကျွန်မ စောင့်နေပါ့မယ်နော်” ကျင်းပင်အာ၏ မျက်လုံးများမှာ လှိုင်းထနေသော ရေပြင်ကဲ့သို့ တောက်ပနေပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးမှာ ပို၍ပင် မြူဆွယ်နေပုံရသည်။
ဂျိချန်းဖန် မျက်ခုံးအသာ ပင့်လိုက်မိသည်။
သူသည် ရှေ့မှ လူသားလေး၏ ပါးကို အသာအယာ ဆွဲလိုက်ပြီး “ငါ မင်းကို အခန်းအထိ လိုက်ပို့ပေးမယ်” ဟု ပြောလိုက်သည်။
“ဟုတ်ကဲ့.......” ကျင်းပင်အာက လိမ္မာစွာ ခေါင်းညိတ်သည်။
ဂျိချန်းဖန်သည် သူမကို ရွှမ်ချာဂိုဏ်းအထိ လိုက်ပို့ပေးခဲ့ပြီးနောက် ရှောင်ကျူးတောင်ထိပ် ဆီသို့ လျင်မြန်စွာ လှမ်းလာခဲ့သည်။
ညဦးယံ အချိန်သို့ ရောက်သည့်အခါ...
ဂျိချန်းဖန်သည် အသက်ကို အောင့်ထားကာ အာရုံစူးစိုက်လိုက်ပြီး၊ သူ၏ အငွေ့အသက်အားလုံးကို ဖုံးကွယ်ထားလိုက်သည်။
ထို့နောက် ရှောင်ကျူးတောင်ထိပ်မှ ကင်းလှည့်နေသော တပည့်များကို ရှောင်ကွင်းကာ နောက်ဆုံးတွင် လုရွှယ်ချီ၏ အခန်းကို အောင်မြင်စွာ ရှာတွေ့ခဲ့သည်...။
လှမ်းကြည့်လိုက်ရာ...
အခန်းတံခါးမှာ အမှန်တကယ်ပင် ဟနေသော နေရာလေးတစ်ခု ချန်ထားခဲ့သည်ကို တွေ့ရသည်။
ဂျိချန်းဖန် သိနားလည်စွာ ပြုံးလိုက်မိသည်။ သူ၏ ပုံရိပ်မှာ လက်ခနဲ ဖြစ်သွားပြီး အခန်းထဲသို့ ချက်ချင်း ဝင်လိုက်ကာ တံခါးကိုလည်း တိတ်တဆိတ် ပြန်ပိတ်လိုက်သည်။
…..
အခန်းအတွင်းရှိ လုရွှယ်ချီ၏ မျက်လုံးများမှာ ဝိုင်းစက်သွားသည်။
သူမသည် ကိုယ်ကြပ်ဝတ်စုံလေးကို ဝတ်ထားပြီး၊ ဆံနွယ်များမှာလည်း အနည်းငယ် စိုစွတ်နေကာ သူမ၏ တစ်ကိုယ်လုံးမှ သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေသည်။
သူမ ရေချိုးပြီးခါစ ဖြစ်ကြောင်း သိသာလှသည်။
ဂျိချန်းဖန် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ...
လုရွှယ်ချီ ခဏတာ ဆွံ့အသွားသည်။
သို့သော် မကြာမီမှာပင် သူမ သတိပြန်ဝင်လာပြီး တစ်စုံတစ်ဦးက ရှာတွေ့သွားမည်ကို စိုးရိမ်သဖြင့် ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်...။
“ဘာလို့ ဒီလောက် စောစော ရောက်လာတာလဲ”
လုရွှယ်ချီက တိုးတိုးလေး ကပ်မေးလိုက်သည်။
ဤမြင်ကွင်းကို ကြည့်ကာ ဂျိချန်းဖန် ရယ်ချင်စိတ်ကို အနိုင်နိုင် ထိန်းလိုက်ရသည်။
အမှန်အတိုင်း ပြောရလျှင် ဒီလို လုရွှယ်ချီ လေးက တကယ်ကို ချစ်ဖို့ကောင်းနေပေသည်.......
***