ကူးပြောင်းရေးလမ်းကြောင်းအတွင်းတွင် ရှိနေသော ဟင်းလင်းပြင်နေရာတစ်ခုမှာ ပျက်စီးနေသလို ဖြစ်နေသည့်အတွက် ပစ်မှတ်နယ်မြေဆီသို့ ရောက်ရှိရန်အတွက် လွန်စွာအရှိန်ဖြင့်သွား နေရသည်။
၎င်းကူးပြောင်းရေးလမ်းကြောင်းထဲသို့ ပထမဆုံးဝင်ရောက်သည့်သူတိုင်းမှာ မူးဝေခြင်း၊ အော့အန်ခြင်း နှင့် ခန္ဓာကိုယ်တစ်ခုလုံး လိမ်ချိုးထားသကဲ့သို့ ဝေဒနာများကို မလွဲမသွေ ခံစားကြရမည်ဖြစ်သည်။
သို့သော် ချန်လင်းအနေအားဖြင့် ထိုသို့သောဝေဒနာများမှာ အထူးအဆန်းဖြစ်မနေတော့ပေ။
ချန်လင်းသည် ငယ်ရွယ်စဉ်ကတည်းကပင် နတ်ဘုရားမိဘများနှင့်အတူ စကြဝဠာအနှံ့ ခရီးလှည့်ပတ်သွား ခဲ့ဖူးခြင်းကြောင့် ဤသို့သောခံစားချက်များမှာ သူ့အတွက်တော့ ကျင့်သားရနေပြီး ဖြစ်သည်။
ခဏကြာပြီးနောက်တွင် ခန္ဓာကိုယ်မှာ ပေါ့ပါးလာပြီး လေပြေအေးတစ်ခုက ဖြတ်တိုက်သွားခဲ့သည်။
ချန်လင်း၏ပုံစံအတိုင်းပင် အိပ်ယာမှနိုးလာသည့်အလား သမ်းဝေကာ မျက်လုံးများကို ဖွင့်ကြည့်လိုက်တော့သည်။
ထိုအခါ လရောင်အောက်တွင် သူ၏ခန္ဓာကိုယ်သည် လေထဲတွင် ဝဲပျံနေသည်ကို တွေ့လိုက်ရတော့သည်။
[ဒင်း - ကျိန်စာမြို့ပြသို့ရောက်ရှိပါပြီ၊ ရက်စွဲ-မိဿနှစ် ၂၁၃၅ ခုနှစ်၊ နိုဝင်ဘာလ ၂၀ရက်၊ အချိန် - ည ၉ နာရီတိတိ]
ဤနယ်မြေတွင် ညဦးယံသို့ ရောက်နေပြီဖြစ်သည်။
သို့ပေမဲ့လည်း ထိုညအချိန်ကား အလွန်ပင်စည်းကားလွန်းလှပြီး မြို့ပြကြီးများလည်း မီးရောင်စုံများထွန်းကာ လူများများပြားလျက်ရှိသည်။
ထိုအခြေအနေကို ချန်လင်းမှ မျက်မှောင်ကြုတ်လျက်အနေအထားဖြင့် ငုံ့ကြည့်လိုက်သည်။
"ဒီနေရာကို ငါရင်းနီးနေသလိုပဲ, အရင်ကရောက်ဖူးလားမသိဘူး? မမှတ်မိတော့ဘူး"
[ဒင်း! နယ်မြေစည်းကမ်းများနှင့်ချိတ်ဆက်နေပါသည်....]
[ဤနယ်မြေ၏ ကျိန်စာနည်းပညာ အားလုံးကို လေ့လာမှုပြီးစီးပါပြီ]
[လက်ရှိကမ္ဘာ၏ ပျော်ရွှင်မှုရာခိုင်းနှုန်းမှာ ၁၀ ရာခိုင်နှုန်းဖြစ်ကြောင့် စစ်ဆေးတွေ့ရှိပါသည်။]
ဤနေရာရဲ့ ပျော်ရွှင်မှုနှုန်းဟာ အရမ်းရှုတ်ထွေးလွန်းသည့်အတွက် ပျော်ရွှင်မှုရာခိုင်းနှုန်းသည် အရေးကြီးသော တွက်ချက်စရာတစ်ခုမဟုတ်ပေ။ အဓိကအရေးကြီးသည့်အချက်ကတော့ ဤနယ်မြေသည် ဆင်းရဲဒုက္ခခံစားနေရခြင်းဖြစ်သည်။
[နတ်ဘုရားဆိုင်ရာ လုပ်ငန်းစဉ်စည်းကမ်းများကို လိုက်နာပြီး ပျော်ရွှင်တဲ့ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်]
"ပျော်ရွှင်မှု ၁၀ရာခိုင်နှုန်းဆိုတော့...သွားပြီလေ…နောက်ထပ် ၁၀ရာခိုင်နှုန်းသာထပ်လျော့ရင် သုည ဖြစ်သွားမှာမို့လား"
"ကျောင်းတော်က ငါ့ကိုတကယ်ပဲ ထောင်ချပစ်တော့မှာလား မသိဘူး..."
ဤနယ်မြေ၏ ပျော်ရွှင်မှုရာခိုင်နှုန်းသည် သုညထိ ကျဆင်းသွားလျှင် သူနှစ်ပေါင်း ၁၀၀ခန့် အချုပ်ကျခံရမည်ကို ချန်လင်း သိထားပြီးဖြစ်သည်။
ထို့ကြောင့်လည်း မြည်တွန်တောက်တီး ပြောဆို နေခြင်းဖြစ်သည်။
ထိုအကျဉ်းထောင်မှာလည်း သာမာန်မဟုတ် အစာ၊ရေ တို့ဖြတ်တောက်ထားပြီး အိပ်စက်ခွင့်မရရှိကာ စိတ်ကိုသာမက လူကိုပါ နှိပ်စက်သော နေရာတစ်ခုလည်းဖြစ်ပေသည်။
ချန်လင်း ထိုသို့သောနေရာသို့ အရောက်ခံနိုင်မည်မဟုတ်ချေ။ ထို့နောက် သူသည် မြေပြင်ပေါ်သို့ ဖြည့်ညင်းစွာ ဆင်းသက်လာပါတော့သည်။
သူ၏ရှေ့တွင် တွေ့မြင်နေရသော မြို့ပြကြီးမှာ လူများစည်းကားပြီး တိုးတက်နေသော်ငြားလည်းပဲ ဘာ့ကြောင့်များ ပျော်ရွှင်မှုနှုန်းကျဆင်းနေသနည်း သို့လောသို့လော မေးခွန်းများက ချန်လင်း၏ အတွေးများကိုပင် လွှမ်းခြုံသွားတော့သည်။
ထို့နောက် ချန်လင်းသည် နယ်မြေ၏အကြောင်းအရာများကို ဖတ်ကြည့်လိုက်ရာတွင် ပျော်ရွှင်မှု ကျဆင်းခြင်း အဖြေကို ချက်ချင်းသိလိုက်ရသည်။
ဤသည်မှာ ယင်းကမ္ဘာပေါ်ရှိ လူသားတိုင်းသည် မွေးဖွားလာချိန်မှ စတင်၍ "ကျိန်စာကြယ်" တစ်ခုနှင့် ဆက်စပ်လာခြင်းကြောင့်ဖြစ်သည်။ ၎င်းကြယ်သည် ထိုလူသားများ၏ ကံကြမ္မာကြယ်ဆိုလည်း မမှားပေ။ ရာသီခွင် ၁၂ ခုအတွင်းရှိ မရေတွက်နိုင်သောကြယ်စင်စုများထဲမှ တစ်ခုလည်းဖြစ်သည်။
ဥပမာအားဖြင့်ဆိုရမည်ဆိုရင် မိဿရာသီကျိန်စာကြယ်၊ မိန်ရာသီကျိန်စာကြယ်နှင့် ဓနုရာသီကျိန်စာ အစရှိသည့် ကျိန်စာကြယ်တို့သည် လူတစ်ယောက်ချင်းစီကို "ကျိန်စာအတတ်နည်းပညာ" များပေးစွမ်းပါသော်လည်း ထိုလူများ၏ ဘဝတစ်သက်တာ "ကျိန်စာဝဋ်ကြွေး" ကိုလည်း ပေးတတ်ကြသည်။
ထိုကျိန်စာများသည် လူသားတစ်ယောက်အဖြစ် မွေးဖွားလာပြီး အသက် ၅ နှစ်သို့ ရောက်လာသောအခါတွင် စတင်အစွမ်းပြလာသည်။
ဥပမာ - ထိုင်ချလိုက်တိုင်း ခြေကျင်းဝတ် လည်သွားခြင်း၊ အပေါ့သွားတိုင်း လမ်းကြောင်းနှစ်ခွဖြစ်ခြင်း၊ အိပ်လိုက်တိုင်း ဇက်လွဲခြင်း နှင့် ခြေဆီထွက်လာတိုင်း အနံ့ဆိုးပြန့်နှံ့ခြင်းတို့ဖြစ်သည်။ ထိုမျှသာမက ပြင်းထန်သော ကျိန်စာများလည်းရှိသေးသည်။ ၎င်းတို့မှာ- မိဘနှစ်ပါး ကွယ်လွန်ခြင်း၊ တစ်သက်တာ လူပျိုကြီး/အပျိုကြီးများဖြစ်တတ်ခြင်း၊ ၅ စက္ကန့်လောက်သာအစွမ်းအစရှိသော ယောကျ်ားဖြစ်တတ်ခြင်း နှင့် အမြဲတမ်းဖောက်ပြန်ခံရခြင်းတို့ဖြစ်သည်။
ချန်လင်းထိုဖြစ်စဉ်အကြောင်းအရာများကို ဖတ်နေရင်းနှင့်ပင် ကြက်သီးများ တမဟုတ်ချင်း ထ လာပါတော့သည်။
"ဒါနတ်ဘုရားကြီးဆွဲထားသည့် မူကြမ်းများလား ဒီလောက်ဆိုးဝါးတဲ့ အခြေအနေတွေ ရှိရောရှိနိုင်ပါ့မလား... ဟုတွေးတောကာ အတွေးနယ်ချဲ့နေတော့သည်။
ထူးခြားသည်မှာ ကျိန်စာပြင်းထန်မှုနှင့် ကျိန်စာနည်းပညာ သည် တိုက်ရိုက်ဆက်နွယ်ခြင်းမျိုးမရှိပေး။ ထို့နောက် ချန်လင်းသည် ဖြစ်စဉ်များကို သူ၏စိတ်ထဲတွင် ပုံဖော်နေတော့သည်။
တိုက်ပွဲတစ်ခုတွင် တစ်စုံတစ်ယောက်က မိဘနှစ်ပါးကို သေအောင်လုပ်ပြီး အစွမ်းရလာတာမျိုးကို ပြောနေချိန် အခြားတစ်ယောက်မှ မိန်းမဖောက်ပြန်ခံရသည့် ခံစားချက်ကို အော်ပြောနေသည့် ပုံများကို စိတ်ထဲမှာပုံဖော်ရင်း လမ်းဘေးတစ်နေရာတွင် ရယ်မောနေတော့သည်။
ချန်လင်း၏ ရယ်မောနေသော ပုံစံကို လမ်းသွားလမ်းလာများမှ အရူးတစ်ယောက်သဖွယ် ကြည့်သွားကြတော့သည်။ ထို့နောက်ချန်လင်းသည် ပါးစပ်မှ တစ်ခုခုကို ရေရွတ်လိုက်တော့သည်။
"မဟုတ်ဘူး၊ ဒီကမ္ဘာက အရမ်းကြမ်းနေပြီ၊ ဝင်မပါလို့မဖြစ်တော့ဘူး..." ဟုဆိုကာ ချန်လင်းသည် ရုတ်တရက်ရယ်မောရာမှ ရပ်တန့်သွားသည်။
ထို့နောက် ပတ်ဝန်းကျင်တွင်ရှိသော လူများကို ကြည့်ရှုလိုက်ပြီး ထိုလူတွေ ဘယ်လိုကျိန်စာတွေ ရှိနေသလဲဆိုတာကို စစ်ဆေးကြည့်ရန် စနစ်ကို အသုံးပြုလိုက်တော့သည်။
ယခုကဲ့သို့ စည်ကားနေသော မြို့ကြီးထဲတွင် လူများစွာရှိနေပြီး ကျိန်စာစွမ်းအားများစွာက ထိုလူများအပေါ်တွင် ပျံဝဲနေသည်ကို ချန်လင်း တွေ့လိုက်ရသည်။
သို့ပေမဲ့လည်း ဒီနယ်မြေက ထူးခြားလွန်းစွာ တိတ်ဆိတ်နေတော့သည်။
အကြောင်းမှာ လူသားတွေက လမ်းကိုအလျှင်အမြန်လျှောက်နေကြပြီး သူတို့လုပ်နေသည့် အရာများကိုသာ အာရုံစိုက်နေကြခြင်းဖြစ်သည်။
ထိုစဉ်တွင် JK ယူနီဖောင်းကို ဝတ်ဆင်ထားသည့် ချောမောလှပသော မိန်းကလေးတစ်ဦးကို လမ်းဖြတ်သွားသည်ကို ချန်လင်းတွေ့လိုက်သည်။
ထို့နောက် ချန်လင်းက ထိုမိန်းကလေးအား စနစ်ဖြင့် ချက်ချင်းစစ်ဆေးကြည့်လိုက်သည်။
[ချန်ရှောင်မင် - လိင်- အမျိုးသား၊ အသက်-၁၆ နှစ်၊ ကြယ်စင်စု -မကာရရာသီနှင့် ၁၀၀၀၊ ကျိန်စာနည်းပညာအဆင့် - အလယ်အလတ်၊ ကျိန်စာ -မရှိ]
ချန်လင်းတွေဝေသွားသည်။
"အမ်, ယောကျ်ားလေးလား… မိန်းကလေးအဝတ်အစားကြီနဲ့" ဟု ဆိုတာ အံဩတကြီးဖြင့် အော်လိုက်မိသည်။
ထိုအချိန်တွင် လမ်းဖြတ်ကူးသွားသော ချန်ရှောင်မင်က ချန်လင်း၏ အသံကို ကြားလိုက်ကာ ရုတ်တရက်ဆိုသလိုပင် လှည့်ကြည့်လိုက်တော့သည်။
ချန်လင်းကလည်း သူဝတ်ထားသော စကတ်အတိုနှင့် ခြေအိတ်တွေကို ကြည့်မိသွားတော့သည်။
ထို့နောက်တွင် သူ၏ရှေ့တွင် ရပ်နေသော မိန်းကလေးမဟုတ်သော မိန်းကလေးအား စိတ်ရှုတ်ထွေးစွာ ကြည့်နေမိပါတော့သည်။
ထို့အပြင် ပါးစပ်ကလည်း "မဟုတ်ဘူး...ယောကျ်ားလေးပါဟ" ဟု ပြောလိုက်မိတော့သည်။ ထိုစဉ် မိန်းကလေးအသွင်ဆောင်ထားသော ယောကျ်ားလေးမှာ သူ၏စကတ်အောက်ခြေကို လက်နှစ်ဖက်ဖြင့် ဖုံးအုပ်လိုက်ပြီး ရှက်ရွံ့စွာအော်လိုက်ပါတော့သည်။
"အားးးးးနှာဘူးကောင်ကြီး" ဟု အော်ကာ ကြောက်လန့်တကြားပြေးထွက်သွားတော့သည်။
ချန်လင်းလည်း ရင်ထဲမှာ အေးစက်သွားသကဲ့သို့ခံစားလိုက်ရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတော့သည်။
ထိုအရာက အဓိပ္ပာယ်မရှိသလို ခံစားလိုက်ရသည်။ "အဲ့ဒါကရော သူ့အတွက်ကျိန်စာတစ်ခုလား" ဒါပေမယ့် "သူကဘာလို့ပျော်နေရတာလဲ" ဟု ချန်လင်းမေးခွန်းထုတ်နေခဲ့သည်။
ထို့နောက် အခြားလူတစ်ယောက်က ထပ်မံပြီး လမ်းဖြတ်လျှောက်သွားသည်။ ချက်ချင်းဆိုသလိုပင် သူ၏အချက်အလက်များက ချန်မင်း၏ မျက်စိရှေ့တွင် တမဟုတ်ချင်း ပေါ်လာခဲ့တော့သည်။
[ရန်ဖူဖန်- လိင်-အမျိုးသား၊ အသက်-၂၄နှစ်၊ ကျိန်စာကြယ်-ဓနုရာသီဖွား နှင့် ၁၁၉၇၊ ကျိန်စာ- မိန်းကလေးမြင်လျှင်နှာခေါင်းသွေးလျှံ] ဒီတစ်ခုကတော့ ပုံမှန်အတိုင်းလေးသာ ဖြစ်သည်။
သို့ပေမဲ့ နေ့စဉ်ဘဝတွင် အထင်လွဲခံရခြင်းကို အမြဲတမ်းခံနေရခြင်းဖြစ်သည်။
ထိုနှာခေါင်းသွေးလျှံနေသည့် သူသည် ချန်လင်းကြည့်နေသည်ကို သတိထားမိလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခေါင်းကိုပါလှည့်၍ ပြန်လည်ကြည့်လိုက်သည်။
ထိုစဉ် ယင်းအမျိုးသားက သူ၏နှာခေါင်းကို လက်ဖြင့်အုပ်ထားသည်ကို ချန်လင်းတွေ့မြင်လိုက်ရသည်။ ထိုသို့ဖုံးအုပ်ထားစဉ်တွင် ထိုလူ၏လက်ချောင်းများကြားမှ သွေးများစီးကျလာပါတော့သည်။
နေ့စဉ်ဘဝရဲ့ အဆင်မပြေမှုတွေကို စိတ်ထဲတွင် ပုံဖော်မိနေသည်။ အဲ့ဒီနောက်မှာ တွေးခဲ့မိသည့် တိုက်ပွဲအကြောင်းကို ပြန်လည်စဉ်းစားမိပြီး ရယ်ချင်သလိုလို ဖြစ်သွားမိသည်။ အဲ့အချိန်မှာ ထိုလူက မျက်နှာရှုံ့လိုက်ပြီး ကြည့်လိုက်သည်။
"အဟွတ်...အဟွတ်"
ချန်လင်းက ရှက်ကိုးရှက်ကန်းဖြင့် ချောင်းဟန့်လိုက်ပြီး "တောင်းပန်ပါတယ်....မထိန်းနိုင်လိုက်လို့ပါ" ဟု ညင်သာစွာပြောပြလိုက်သည်။
ထို့နောက် ချန်လင်းက ထပ်မံ၍ "တစ်ရှူးယူမလား" မေးလိုက်သည်နှင့် ချက်ချင်းပင် တစ်ရှူးတစ်ထုပ်က လက်ပေါ်တွင်ပေါ်လာတော့သည်။
ထိုလူက တစ်ရှူးထုပ်ကို မြင်လိုက်သည်နှင့် ယူရန် လက်လှမ်းလိုက်တော့သည်။
ထိုအခါ ချန်လင်းမှ "ဟိတ် ခဏလေး" ဟု ဟန့်တားလိုက်သည်။
ထိုစဉ် ချန်လင်းက လက်ကိုချက်ချင်းရုတ်လိုက်ပြီး "မထိနဲ့...ငါက အသန့်ကြိုက်လို့၊ ပစ်ပေးလိုက်မယ်" ဟု ပြောလိုက်သည်။
ထိုလူက အဲ့တာကိုကြားလိုက်သည်နှင့် နည်းနည်းတော့ တွန်ုဆုတ်သွားသည်။ ထို့အပြင် ထိုလူက ချန်လင်းတွင်လည်း သူကဲ့သို့ ကျိန်စာများ ရှိနေမလားလို့ တွေးလိုက်မိသည်။
ထို့နောက် ထိုလူက "ကျိန်စာလား....နည်းလည်ပါတယ် တစ်ရှူးပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်" ဟု ပြောကာ ထွက်သွားတော့သည်။
ထိုအချိန်မှသာ ချန်လင်းသည် အသက်ကို အေးဆေးစွာ ရှူထုတ်လိုက်မိတော့သည်။
အမှန်ဆိုလျှင် သူ့မှာ အသန့်ကြိုက်တာမျိုးလည်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် သူသည် အလုပ်သင်နတ်ဘုရားတစ်ပါးဖြစ်သည့်အားလျော်စွာ လူတစ်ယောက်ကို ထိတွေ့မိလိုက်လျှင် ထိုသူသည် ပစ်မှတ်တစ်ခုဖြစ်သွားပြီး သူ၏ပြဿနာများကို ကူညီပေးလိုက်မည် ဆိုလျှင် ရမှတ်များ တက်လာမည်ဖြစ်သောကြောင့်ဖြစ်သည်။
ချန်လင်းအနေဖြင့် ထိုရရှိလာမည့် အမှတ်များကို လိုချင်မှုမရှိသည့်အတွက်ကြောင့်လည်း ဖြစ်သည်။
အမှန်အားဖြင့်ဆိုရမည်ဆိုလျှင် ချန်လင်းသည် ကျောင်းတော်ကြီးမှ အထုတ်ခံချင်သည့် နတ်ဘုရားတစ်ပါး မဟုတ်ပါတကား။
ထို့နောက် သူသည် နောက်ထပ် ကျိန်စာအခြေအနေများကို စောင့်ကြည့်နေစဉ်တွင် ကောင်းကင်ပေါ်မှ တစ်စုံတစ်ခုပြုတ်ကျလာသည်ကို တွေ့လိုက်ရသည်။
အစပိုင်းတွင်တော့ သူ၏စိတ်ထဲတွင် ကောင်းကင်ပေါ်မှ တစ်ယောက်ယောက်မှ တစ်စုံတစ်ခုကို ပစ်ချလိုက်သည်ဟုသာ ထင်မိလိုက်သည်။
ထူးဆန်းသည်မှာ ကျလာသည်ကို မြင်လိုက်သော်လည်းပဲ ဘာမှကို မတွေ့ရချေ။
သူ့အနေဖြင့် ခွေးဘယ်နှစ်ကောင်၊ ကြောင်ဘယ်နှစ်ကောင်ရှိသည်ကို စနစ်၏အကူအညီဖြင့် မိုင်အနည်းငယ်အတွင်း ခံစားမိသည်။
သို့သော်လည်း ကောင်းကင်ပေါ်မှ ကျလာခြင်းကို သိသော်လည်း ဘာခံစားချက်မှ မခံစားရပေ။
ထို့ကြောင့် သူ ကောင်းကင်ပေါ်သို့ မော့ကာကြည့်မိလိုက်တော့သည်။
ထိုသို့ကြည့်လိုက်သောအခါတွင် ပန်းရောင်ဆံနွယ်လေးများ လွှင့်လျက် ကျလာနေသော မိန်းကလေး တစ်ယောက်ကို မြင်တွေ့လိုက်ရသည်။
ထိုအချိန်မှာ ချန်လင်းစိတ်ထဲတွင် အတွေးများစွာဖြင့် ရှုတ်ထွေးလျက်ရှိသည်။
"ငါ ကယ်လိုက်ရင်ကောင်းမလား"
မတော်တဆပဲ ကျလာတာလား၊ ကိုယ်တိုင်ပဲခုန်ချတာများလား တွေးနေပြီး ချန်လင်း၏ ထင်မြင်ချက်အားဖြင့် သူမသည် သတ်သေဖို့ကြိုးစားသူလို့သာ တွေးထင်လိုက်မိတော့သည်။
အမှန်စင်စစ်ကတော့ ဒီကမ္ဘာပေါ်တွင် နေထိုင်သောလူတွေသည် အသက်ရှင်ခြင်းကိုပင် ညီးငွေ့နေသူ အများအပြားဖြစ်နေကြောင်းကို သိလိုက်ရသည်။
ကျိန်စာများကို ထမ်းပိုးထားရသည့်အားလျော်စွာ အရည်အချင်းရှိသော သူများသည် နိမ့်ကျစွာနေထိုင်ရပြီး နာကျင်မှုများနှင့် အသက်ရှင်နေထိုင်ကြရသည်။
ချန်လင်းအနေဖြင့် ပစ်မှတ်ကိုရှာဖွေနေစရာမလိုပဲ နေ့စဉ်အမျှ လူသားတွေကို လိုက်လံကူညီနေရုံဖြင့်ပင် အမှတ်အများကြီး ရနိုင်သည်။
ပစ်မှတ်ကို ချိန်မှတ်နေစရာ မလိုတော့ပေ။ လူသားတစ်ယောက်ကယ်ရုံဖြင့် အလိုအလျောက် အမှတ် ၁၀ မှတ် ရပြီးသားဖြစ်သည်။
သို့ပေမဲ့လည်း ချန်လင်းအနေဖြင့်ကတော့ တစ်မှတ်တောင် လိုချင်တပ်မှုမရှိချေ။ ထို့ကြောင့် ချန်လင်းက "ထားလိုက်ပါ၊ ကယ်စရာမလိုပါဘူး" ဟု လျစ်လျှူရှုထားလိုက်သည်။
သို့ပေမဲ့ သူမကိုတော့ နောက်တစ်ကြိမ် ထပ်မံ၍ ကြည့်လိုက်သေးသည်။ ထိုသို့ကြည့်လိုက်စဉ်တွင် သူ၏မသိစိတ်ထဲတွင် ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။
သူသည် သူမကို ရင်းနှီးနေသလိုမျိုး ဖြစ်နေသည်။ ထို့ကြောင့် သူသည် "အမြင်မှာမှားနေတာလား" ဟု စဉ်းစားလိုက်သည့်အခါတွင် ရုတ်တရက်ဆိုသလို တစ်ခုခုကို သတိထားမိသွားသည်။
ထိုအချိန်တွင် ချန်လင်းတွေ့လိုက်ရသည့်အခြေအနေကြောင့် မှင်သက်သွားသည်။
"သူမ...ပြုံးနေတာလား" ချန်လင်း ထိတ်လန့်သွားမိသည်။
ထို့နောက် "သူမဘာလို့ပြုံးနေတာလဲ…လွတ်မြောက်သွားလို့လား" ဟု စဉ်းစားရင်း ကြည့်နေမိချိန်တွင် သူမမျက်လုံးများ ရုတ်တရက် ပွင့်လာတော့သည်။
ထိုမျက်လုံးတွေနဲ့ အကြည့်ချင်းဆုံချိန်မှာ သူမမျက်လုံးများ တောက်ပမှုက လရောင်အောက်တွင် တောက်ပလို့နေလေသည်။ ထိုမျက်လုံးထဲတွင်လည်း ကြောက်ရွံ့မှုများ ဖုံးလွမ်းနေခြင်း အလျဉ်းမရှိပေ။
ထိုအချိန်တွင် အဆောက်အဦးပေါ်မှ ခုန်ချနေသည့် မိန်းကလေးတစ်ဦးမှ ချန်လင်းကို ကြည့်နေသည်ကို သတိထားမိသွားသည်။
ထိုမိန်းကလေးက ချန်လင်း၏ အံဩနေသည့်မျက်နှာကို ကြည့်လျက် ပြုံးနေသော မျက်နှာကို တည်လိုက်ပြီး သေးငယ်လွန်းလှသည့် နှုတ်ခမ်းလေးဖြင့် စကားဆိုလိုက်သည်။
သူမသည် မြေပြင်ပေါ်သို့ မကျခင် ဝိညာဉ်ခြင်း ဆုံတွေ့ကြခြင်းဖြစ်ပေသည်။
ထိုအချိန်တွင် မိန်းကလေးမှ "ငါ့ကိုမြင်ရတာလား" ဟု ပြောလိုက်ကာ စိတ်လှုပ်ရှားသွားပြီး မျက်ရည်များ ကျလာပါတော့သည်။
ထို့နောက် "မကောင်းတော့ဘူး...ငါ သေရတော့မှာ.." ဟု ဆိုကာ မျှော်လင့်ချက်များ ပျောက်ဆုံးသွားတော့သည်။
သူမသည် သူ့ကိုမြင်နိုင်မည့် လူတစ်ယောက်ကို ၁၀ နှစ်ကြာသည်အထိရှာဖွေခဲ့ရခြင်းဖြစ်သည်။ နောက်ဆုံးမှာတော့ ထိုသို့သောလူကို ဒီနေ့မှာတင် သူမတွေ့လိုက်ရသည်။
သို့ပေမဲ့ သူမ အမြင့်မှနေ၍ ကျသွားခဲ့တော့သည်။
ကံကြမ္မာက သူမကိုလှည့်စားနေသည်ဟုတွေးသည့်အတွက် ရယ်မောနိုင်ခြင်းမရှိတော့ပါ။
နောက်ဆုံးမှာတော့ အားနည်းလာပြီး မျက်လုံးကို ပိတ်ချပစ်လိုက်တော့သည်။
ပြီးသွားပြီ....
ချန်လင်း၏ စိတ်ထဲတွင်တော့ သူမ၏အမူအရာ၊ပုံစံ၊မျက်ရည်၊ပျော်ရွှင်မှု နှင့် စိတ်ပျက်မှုတို့ကို တစ်ဆင့်ခြင်း စနစ်ထဲတွင် ပုံဖော်နေတော့သည်။ ထို့နောက် "မင်းမသေချင်ဘူးလား" ဟု မေးလိုက်တော့သည်။
ထိုသို့ဆိုလျှင်တော့ မဖြစ်မနေကယ်ပေးလိုက်တော့မည်ဟု ချန်လင်း၏စိတ်ထဲတွင် တွေးလိုက်ခြင်းကြောင့် ဖြစ်သည်။
ထိုသို့ဖြစ်ပေါ်လာသည့် စိတ်အခြေအနေ ဘာကြောင့်ဖြစ်သည်ကို ချန်လင်းကိုယ်တိုင်တောင် သိနေခြင်းမရှိခဲ့ချေ။
ချန်လင်း၏ စိတ်ထဲတွင်တော့ ထိုလူကို ကယ်ရမည်ဟုသာ တဖွဖွ တွေးနေမိတော့သည်။
ထို့ကြောင့် ချန်လင်းသည် သူမအားကယ်တင်ရင် လက်ကို ဆန့်ထုတ်လိုက်ပြီး ညင်သာစွာပြောလိုက်ချိန်မှာ -
"ရပ်လိုက်".
***