ချန်လင်း၏စကားသံအဆုံးမှာပင် အရှိန်ပြင်းစွာ ပြုတ်ကျလာသည့် မိန်းကလေး၏ ခန္ဓာကိုယ်သည် အကြောင်းအရင်းမဲ့စွာ ချန်လင်းရဲ့မျက်နှာရှေ့တည့်တည့်တွင် ရပ်တန့်သွားပြီး သူမရဲ့ခေါင်းအနေအထား မှာလည်း ချန်လင်းနဲ့ တန်းတူဖြစ်နေသည်။
ရှည်လျားပြီး ပန်းရောင်သမ်းနေသော ဆံနွယ်များက တွဲလျားကျနေသော်လည်း အောက်ဘက်သို့ ပြုတ်ကျမသွားပဲ လေထဲတွင်သာ ထူးခြားစွာရပ်နေတော့သည်။
ချန်လင်းလည်း ခပ်လှမ်းလှမ်းမှနေ၍ မျက်နှာချင်းဆိုင်အနေအထားဖြင့် ရပ်နေလိုက်သည်။ သူတို့နှစ်ဦးအကွာအဝေးမှာ ၅ စင်တီမီတာလောက်သာရှိသည်။
ထိုသို့ရပ်လျက်အနေအထားဖြင့် မျက်နှာချင်းဆိုင် မိန်းကလေးကို ကြည့်နေသောအချိန်တွင် ချန်လင်းသည် နှုတ်မှ "လှလိုက်တာ" ဟု တီးတိုးစွာပြောလိုက်လေသည်။
ထိုသို့သောခံစားချက်သည် ချန်လင်းအတွက် ပထမဦးဆုံးသောခံစားချက်လည်း ဖြစ်ပေသည်။
သူမ၏မျက်နှာသည် အာဟာရချို့တဲ့၍ ဖြူဖျော့ပိန်ပါးနေသော်လည်း အပြစ်ဆိုဖွယ်မရှိသည့်တိုင်အောင် လှပလွန်းနေတော့သည်။
ထို့အပြင် လရောင်အောက်တွင်လည်း သူမမျက်နှာလေးသည် တောက်ပလျက်ရှိပြီး ညသည်လည်း တိတ်ဆိတ်ငြိမ်သက်လွန်းလှသည်။
သူမကိုတွေ့လိုက်သည့် သူတိုင်း သူမကိုသနားမိမှာ မလွဲဧကန်ပင်။ သူမ၏နှာတံစင်းစင်း၊ ပန်းနုရောင်သန်းနေသော နှုတ်ခမ်းလေးများ နှင့် အင်္ဂါရပ်တစ်ခုစီတိုင်းကို ကြည့်မည်ဆိုလျှင် အရာအားလုံးက သေသပ်လှပလွန်းလှသည်။
သိုပေမဲ့ သူမ၏ ပြားကပ်နေသော ရင်ဘတ်တွေကတော့ အနည်းငယ်စိတ်ပျက်စရာတော့ ကောင်းလှသည်။
အသွင်အပြင်အားဖြင့်ဆိုရသော် သူမသည် ချန်လင်းမြင်ဖူးသမျှ မိန်းကလေးများထဲတွင် အလှဆုံးဖြစ်နေတော့သည်။
သိုပေမဲ့လည်း လှသည်ဟု သတ်မှတ်ထားရုံသာ ကြည့်လိုက်ပြီး စိတ်ဝင်စားခြင်းအလျဉ်းမရှိပေ။
အဘယ်ကြောင့်ဆိုသော် သူသည် ချစ်မှုရေးရားများကို စိတ်မဝင်စားသောကြောင့်ဖြစ်သည်။ ထိုစဉ် စနစ်မှ သူမ၏အချက်အလက်များကို ပေးပို့လာတော့သည်။
[အမည်-ဆွေ့လီအာ၊ လိင်-အမျိူးသမီး၊ အသက်-၁၈နှစ်၊ကျိန်စာကြယ်-မိန်ရာသီနှင့် ၃၉၀၊ ကျိန်စာ-ဘယ်သူမှမြင်နိုင်၊မကြားနိုင်]
"ဘယ်သူမှမမြင်နိုင်၊မကြားနိုင်"
"အဲ့ဒါကဘာကိုပြောချင်တာလဲ" ချန်လင်းပေးပို့လာသော အချက်အလက်များကို ကြည့်ကာ နားမလည်နိုင်ဖြစ်ခဲ့ရသည်။
သူမကို ထပ်မံ၍ကြည့်လိုက်သောအခါတွင်လည်း သူမက ပါးစပ်အဟောင်းသားဖြင့် သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေပြီး မေးလိုက်တော့သည်။
"ကျွန်မကိုမြင်ရတာလား"
သူမက မယုံသလိုမျက်လုံးများဖြင့် ကြည့်ပြီးမေးမြန်းလိုက်တော့သည်။ ထိုအခါ ချန်လင်းလည်း မျက်မှောင်ကျုံ့လိုက်ပြီး "မြင်ရတယ်လေ..ဘာလို့.." ဟု ပြန်လည်မေးလိုက်သည့်အချိန်အတွင်းမှာပင် ချန်လင်းရုတ်တရက် သတိရသွားမိသည်။
ခဏလောက်မှင်သက်သွားပြီး "မမြင်နိုင်၊မကြားနိုင်" ဆိုတာကို သူစဉ်းစားကြည့်လိုက်မိသည်။
ပြီးမှ သူသေချာစဉ်းစားလိုက်ပြီး "အခြားသူတွေက သူမကိုမမြင်ရဘူးလေ" ဟုတွေးကာ ဒီကမ္ဘာမှလူတွေ သူမကို မမြင်နိုင်တာကို ချန်လင်းသတိထားမိသွားသည်။
သူမစကားပြောလည်း သူမအသံကို မည်သူမျှကြားနိုင်ခြင်းမရှိသည်ကိုပါ ချန်လင်း သဘောပေါက် သွားသည်။ သို့ပေမဲ့ ချန်လင်းက သူမရှိနေသည်ကိုတော့ လုံးဝမခံစားရချေ။
သူသာ မျက်လုံးပိတ်လိုက်ရင် သူမနဲ့ပတ်သက်ပြီး ဘာခံစားချက်မှကို မခံစားရပေ။ သူမမရှိသည့် သူတစ်ယောက်လိုမျိုးတောင် ထင်မြတ်ရလောက်သည်။
"ရှင်..ကျွန်မကိုမြင်နိုင်တယ်၊ ကျွန်မပြောတာလည်း ကြာနိုင်တယ်ပေါ့"
ထို့နောက် ဆွေ့လီအာရဲ့ အသံက တုန်ယင်လာခဲ့သည်။ သူမက သူမ၏နှုတ်ခမ်းများကို ကိုက်ထားပြီး မျက်ခုံးများကို ချုံ့ကာ အော်ငိုမည့်အလား ဖြစ်နေသည်။
ထိုဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် သူမက သူမကို ဘယ်သူမှမမြင်ရ၊မကြားရတဲ့ ကမ္ဘာထဲမျာ သူမတစ်ယောက်တည်း နေထိုင်ပုံရသည်။
သူမသည် မသေခြင်းထက် သူမအသက်ရှင်နေရသည်ကို အဓိပ္ပာယ်မရှိဟုလည်း ထင်မှတ်နေပုံရသည်။
ထိုစဉ် ချန်လင်းတွေးလိုက်မိသည်မှာ သူမကို ကယ်လိုက်သည်မှာ အနည်းငယ်လောမိသွားသည်ဟု ထင်မိသည်။ ပြန်လည်မွေးဖွားလာမည့်သူကို ကယ်မိလေသလားဟု တွေးထင်မိလေသည်။
"မင်းသေချင်သေးလား" ဟု ချန်လင်းက မေးလိုက်ပြီး "သေချင်ရင် ငါကူညီပေးလို့ရတယ်" ဟုထပ်လောင်းပြောလိုက်သေးသည်။
ထိုစကားကိုကြားလိုက်သည်နှင့် ဆွေ့လီအာ ရုတ်တရင် ငြိမ်သက်သွားတော့သည်။ ထို့နောက် သူမဆီမှ စကားသံတစ်ခုထွက်လာတော့သည်။
"ကျွန်မ...မသေချင်ဘူး..."
"မသေချင်ဘူး..."
"အင်းဟင်းဟင်း..."
သူမကကလေးတစ်ယောက်ကဲ့သို့ပင် အော်ငိုချပစ်လိုက်တော့သည်။
အမြင့်ပေါ်ကပြုတ်ကျလာပြီး သေတော့မလိုဖြစ်ခဲ့သည်ဟု ထင်ရပေမဲ့လည်း မြေပြင်ပေါ်သို့မကျခင်မှာတင် ရုတ်တရင် ပြောင်းလဲသွားပြီး "ဒီလိုမျိုးလေးပဲ ပြီးသွားရင်ကောင်းမှာပဲနော်" ဟု ထင်ခဲ့မိလေသည်။
ထို့နောက်တွင် အပြုံးချိုချိုလေးတစ်ခု ပေါ်လာပါတော့သည်။ ထိုသို့ပြုံးလိုက်သော မိန်းကလေး၏အပြုံးကို ချန်လင်းတွေ့လိုက်ရသည့်အခါ သူမသေချင်စိတ်ရှိသေးသည်ဟု ထင်မှားမိသွားလေသည်။
သို့ပေမဲ့ သူမသည် နောင်တရသည့်အလား ဖြစ်နေတော့သည်။
သူမက ဒီကမ္ဘာပေါ်တွင် သူမတစ်ယောက်တည်း မဟုတ်တော့သည်ကို တွေးထင်မိသည့်အတွက်ကြောင့် ဖြစ်သည်။
ထို့နောက် ဆွေ့လီအာက သူမ၏ခန္ဓာကိုယ်ကို လေထဲတွင် လှည့်လိုက်ကာ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ဆင်းလာပါတော့သည်။
သူမ မြေပြင်ပေါ်ရောက်သည့်အချိန်တွင် ချက်ချင်းဆိုသလိုပင် သူမအားပျက်သကဲ့သို့ ဖြစ်ပြီး မြေပြင်ပေါ်သို့ ထိုင်လျက်သား ပြုတ်ကျသွားတော့သည်။
"ဝါး..."
သူမသည် ထိုင်လျက်သားဖြင့်ပင် အသဲများကြွေမွနေသည့်အလား ရုတ်တရက် အော်ငိုပါတော့သည်။
သို့ပေမဲ့ သူမအော်ဟစ် ငိုကြွေးနေသည်ကိုတော့ လမ်းတွင် ဖြတ်သွားဖြတ်လာလူများ မမြင်နိုင်သလို မကြားလည်းမကြားနိုင်ပေ။
ချန်လင်းလည်း သူမခံစားနေသည်များကို ဖြည်းဖြည်းချင်းသဘောပေါက်မိတော့သည်။
ထိုအချိန်တွင် စနစ်မှ အချက်အလက်များပေးပို့လာပြန်သည်။
[ဒင်း-အသက်တစ်ခုကယ်တင်လိုက်နိုင်ပါပြီ ထို့ကြောင့် အမှတ် ၁၀ မှတ်ရရှိသွားပါပြီ]
[လက်ရှိအဆင့်သတ်မှတ်ချက် ၁၉၇၀]
ထိုစဉ် ချန်လင်းမှ စိတ်မသက်မသာဖြင့် နှုတ်ခမ်းကို တင်းတင်းကိုက်လိုက်သည်။
သူသည် ၁၀ မှတ်ရသွားပေမဲ့လည်း ထပ်မတိုးလျှင် ပို၍အဆင်ပြေမည်ဟုသာ တွေးနေသောကြောင့်ဖြစ်သည်။
ထို့နောက် သူမကို ချန်လင်းတစ်ချက်လှည့်ကြည့်လိုက်ပြီး ထိုနေရာမှ ထွက်သွားဖို့ ပြင်ဆင်လိုက်သည်။ သူတာဝန်ကျေပွန်စွာကယ်တင်ပြီးပြီဖြစ်သည်ဟုလည်း တွေးနေခြင်းဖြစ်သည်။ ထို့အပြင် ထိုမိန်းကလေး၏ အလှအပများကိုလည်း ချန်လင်းစိတ်မဝင်စား သူနှင့်မသက်ဆိုင်ဟုသာ သတ်မှတ်ထားခြင်းဖြစ်သည်။
ချန်လင်း၏အတွေးထဲတွင် လူသူကင်းမဲ့သော နေရာတစ်ခုအားရှာဖွေ၍ ငါးနှစ်တာလုံးကို အိပ်ရင်းဖြင့်သာ ကုန်ဆုံးရင် အလုပ်သင်ကာလကို ပြီးဆုံးသွားစေချင်ခြင်းဖြစ်သည်။
ချန်လင်းလှည့်ထွက်သွားသည့်အချိန်တွင် မိန်းကလေးမှ "ဝိုး...ခဏလေး" ဟုအော်လိုက်ကာ ချန်လင်းကို ရုတ်တရက်လှမ်းဆွဲလိုက်သည်။ ထိုအချိန်တွင် စနစ်မှ လုပ်ငန်းစဉ်ထပ်မံဝင်ရောက်လာပြန်သည်။
[ဒင်း-ပစ်မှတ်အားချိတ်ဆက်ပြီးပါပြီ၊ ပစ်မှတ်-လီဆွေ့အာ၊ လက်ရှိပျော်ရွှင်မှုနှုန်း-သုည၊ ချိတ်ဆက် ပြီးနောက်တိုးလာသောပျော်ရွှင်မှု-တစ်]
ထိုလုပ်ငန်းစဉ်များကို ချန်လင်း၏မျက်နှာရှေ့တည့်တည့်တွင် ရှိသော စနစ်မှ ဖော်ပြနေသည်ကို ချန်လင်းကြည့်ရင် လုံးဝ အေးစက်တိတ်ဆိတ်သွားသည်။
"သွားပြီကွာ"
ထို့နောက် သူမကို ထိတ်လန့်တကြား လှည့်ကြည့်လိုက်သည်။ သူ လီဆွေ့အာကို ကြည့်နေသောအကြည့်မှာ သရဲတစ္ဆေကို မြင်လိုက်ရသည့်အလား တုန်လှုပ်နေတော့သည်။
အဘယ့်ကြောင့်ဆိုသော် သူမ လှုပ်ရှားမှုများကို ချန်လင်း မခံစားရသောကြောင့်ဖြစ်သည်။
ပုံမှန်အားဖြင့်ဆိုရင် ချန်လင်းသည် ပိုးကောင်တစ်ကောင် လွင့်သွားလျှင်တောင် အာရုံခံစားမှု လုံးဝလွတ်သွားခြင်းမရှိပေ။
သို့ပေမဲ့ ဆွေ့လီအာ လှုပ်ရှားနေသည်ကို ကြည့်နေမှသာလျှင် ခံစားရပြီး မကြည့်လျှင်လုံးဝခံစားရခြင်း မရှိဖြစ်နေသည်။ ချန်လင်းလည်း "ဒါကျိန်စာကြောင့်ဖြစ်တာလား" ဟု တွေးတောနေမိတော့သည်။
သူမကို မမြင်နိုင်၊ မကြားနိုင်ပေမယ့် ခံစား၍လည်းမရဖြစ်နေတော့သည်။ သူမလက်ဆန့်ထုတ်လာခြင်းကို ရှောင်လိုက်နိုင်သော်လည်း ယခုဖြစ်နေသောကျိန်စာကြောင့် သူ ရှောင်နိုင်ခြင်းမရှိခဲ့ပေ။
ချန်လင်းလည်း ပြောစရာစကားလုံးမရှိဖြစ်နေခဲ့သည်။
"ဒါဆို..."
ထိုအချိန်တွင် ဆွေ့လီအာ ငိုနေရာမှ ရပ်တန့်သွားတော့သည်။ ချန်လင်းလည်း ကြောက်လန့်သွားပြီး သူမ၏ဆွဲထားသောလက်ကို ခါချလိုက်ပြီး စနစ်မျက်နှာပြင်ကို အမြန်ဆုံးလှုပ်ရှားလိုက်တော့သည်။
အကြောင်းမှာ ချန်လင်းသည် သူမနှင့်ချိတ်ဆက်မှုကို ဖြုတ်ပစ်ရန်အတွက်ဖြစ်သည်။
ဒီဖြစ်စဉ်ကို တွေ့နေရသည့် ဆွေ့လီအာက အရမ်းကို စိတ်ထိခိုက်သွားတော့သည်။
သူမချန်လင်းအပေါ် မလုပ်သင့်သော အပြုအမူများလုပ်မိသည်ဟု ထင်မိသည့်အတွက် ချန်လင်းအား ချက်ချင်းပင် တောင်းပန်လိုက်တော့သည်။
"တောင်းပန်ပါတယ်နော်...တကယ်မရည်ရွယ်ပါဘူး..."
"မပြောနဲ့တော့"
ချန်လင်း၏အော်ငေါက်လိုက်မှုကြောင့် သူမကြောက်ရွံ့သွားပြီး တိတ်ဆိတ်စွာနေလိုက်တော့သည်။
ထို့အပြင် သူမအပြစ်လုပ်မိသည်ဟုလည်း ခံစားမိလိုက်သည်။
ထို့ကြောင့် သူမက "ငါမရည်ရွယ်ခဲ့ပါဘူး..အီးဟီးဟီး" ဟုဆိုကာ ငိုယိုတောင်းပန်လိုက်လေသည်။ ထိုအချိန်တွင်းမှာတော့ ချန်လင်းက သူ၏စနစ်အတွင်း လုပ်ငန်းစဉ်များကို စစ်ဆေးပြီးသွားပြီဖြစ်သည်။
လုပ်ငန်းစဉ်အကျဉ်းချုပ်- ပစ်မှတ်အားဖြုတ်ချ၍မရနိုင်ပါ၊ အလုပ်သင်ပြီးမှသာ ချိတ်ဆက်မှုပြီးဆုံးမည် ဖြစ်သည်။
ထိုစဉ် ချန်လင်းထံမှ စိတ်ပျက်သည့် လေသံများ ထွက်ပေါ်လာတော့သည်။
"သွားပြီကွာ...သွားပြီ အားလုံးပြီးသွားပြီ" ဟုအော်ကာ ချန်လင်းကောင်းကင်ကို မော့ကြည့်လိုက်ပြီး သင်ပြင်းခပ်ပြတ်ပြတ်ချလိုက်မိသည်။
ဆွေ့လီအာလည်း စကားမပြောရဲသောကြောင့် သူ့ကို ကြည့်သာကြည့်နေလိုက်တော့သည်။
ထို့စဉ် ချန်လင်း၏ မိဘများထံမှ ဆင်းသက်လာသော ငွေရောင်ဆံကေသာ၊ နက်ပြာနေသော မျက်ဝန်းနှင့်
နတ်ဘုရားတစ်ပါးလို ခန့်ညားထည်ဝါလွန်းလှသော ဤလူသားလေးသည် သူမအတွက်အိပ်မက် တစ်ခုလိုပင်ဖြစ်နေတော့သည်။
ဆွေ့လီအာ စိတ်ထဲတွင်တော့ ချန်လင်း သူမကို မြင်ရသည်ကို တွေးပြီး ဒီကမ္ဘာတွင် သူမတစ်ယောက်တည်းမဟုတ်တော့ဟု ခံစားမိကာ အတိုင်းအဆမရှိ ပျော်ရွှင်နေတော့သည်။
[ဒင်း ပစ်မှတ်သည် သင့်ကြောင့် ပျော်ရွှင်မှုကို ခံစားရပါသည်] [ပျော်ရွှင်မှုရာခိုင်နှုန်းမှာ ၁၀၀၀၀၀+] [လက်ရှိရမှတ်မှာ ၁၀၀၀၁၀] [အဆင့်-၁] [ဂုဏ်ယူပါသည် သင်သည်ရမှတ်များမှာ ၁ သိန်းပြည့်သွား သည့်အတွက် သက်ရှိများကို ပြုပြင်ပြောင်းလဲနိုင်သောအခွင်အာဏာကိုရရှိပါပြီ]
ထိုဖြစ်စဉ်ကို သိလိုက်ရသည့် ချန်လင်းမှာတော့ မျက်လုံးများပင်ပြူးသွားတော့သည်။
"ဘာကြီးလဲဟ" ထို့နောက် သူသည် သင်တန်းသားများရထားသော အမှတ်စာရင်းများကို ဖွင့်ကြည့်လိုက် တော့သည်။
[အဆင့် ၁- တတိယနှစ် အတန်း ၃ အေ၊ ချန်လင်း၊ ရမှတ်-၁၀၀၀၁၀၊ အဆင့် ၂- တတိယနှစ် အတန်း ၃ အေ၊ မိုစုယန်၊ ရမှတ်-၂၅၀၊အဆင့် ၃....]
မိုစုယန်သည် သတ်မှတ်ထားသော နယ်မြေရောက်ရှိသည်နှင့်တစ်ပြိုင်နက် မရပ်မနားအစွမ်းကုန် ကြိုးစားခဲ့သော်ငြားလည်းပဲ ရမှတ် ၂၅၀ သာရရှိခဲ့ခြင်းဖြစ်သည်။
ချန်လင်းကတော့ ချက်ချင်းဆိုသလိုပင် ရမှတ် ၁ သိန်းထိထိုးတက်သွားသည်မှာ မယုံနိုင်စရာပင်ဖြစ်နေ တော့သည်။
"မင်းဘာတွေလျှောက်လုပ်နေတာလဲ" ချန်လင်းက သူမကိုကြည့်ကာ အော်ငေါက်ပစ်လိုက်သည်။
သူမလည်းကြောက်လန့်တကြားဖြင့် "ဟို. ကျွန်မဘာမှမလုပ်ပါဘူးရှင်."ဟု ပြန်ဖြေခဲ့သည်။
ထို့နောက် ချန်လင်းက စိတ်ပျက်လက်ပျက်ဖြစ်ကာ မြည်တွံတောက်တီးနေတော့သည်။
အမှတ်တစ်သိန်းဆိုသည်မှာ လွန်စွားများလှသော အမှတ်တစ်ခုမဟုတ်ပါလား။
ထိုအခြေအနေအားဖြင့်ဆိုလျှင် သူသည် နတ်ဘုရားလောကမှာ ရာထူးအမြင့်ဖြင့် တစ်သက်တာ တာဝန်ထမ်းဆောင်ရတော့မည်ဖြစ်သည်။
ထိုစဉ် လေ့ကျင့်ရေးသင်တန်းကျောင်းမှ နည်းပြများ အလုပ်သင်ဆင်းနေသောကျောင်းသားများမှ စနစ်များကို စောင့်ကြည့်လိုက်သောအခါတွင် စနစ်အတွင်းဖော်ပြထားသော အမှတ်စာရင်းကို ကြည့်လိုက်ချိန်မှာတော့ အားလုံးမျက်လုံးမျက်စံများ ပြူးသွားကြတော့သည်။
"မိုယု မင်းတို့အတန်းထဲက ချန်လင်းက အမှတ်တစ်သိန်းတောင် ဘယ်လိုရလဲမသိဘူး…. သူအမှတ်တွေများခိုးလို့ရနေတာလားနော်"
ထိုအချိန်တွင် လင်းမိုယုသည် မိုစုယန်ကို စောင့်ကြည့်နေရင်း ရေသောက်နေပြီး ထိုစကားကို ကြားလိုက်သည်နှင့် "ဖြူးးးးး...ချန်လင်းက...၁သိန်း ဟုတ်လား" ဟု သူမ၏ ပါးစပ်ထဲရှိ ရေများမှာ အပြင်သို့လွင့်စင် ပန်းထွက်ကုန်တော့သည်။
***