"သူဘာတွေလုပ်လိုက်တာလဲမသိဘူး"
လေ့ကျင့်ရေးသင်တန်းကျောင်းမှ နည်းပြတွေအားလုံးမှာ မေးခွန်းတွေထုတ်နေတော့သည်။
လင်းမိုယုကတော့ မှင်သက်သက်နှင့် ခေါင်းကိုလှုပ်ရမ်းပြလိုက်ကာ "ကျွန်မလည်း မမြင်ရတော့ မသိဘူး...၊ ဒါက စနစ်များချို့ယွင်းနေတာလား မသိဘူး" ဟု ပြောလိုက်ရာ အခြားသောနည်းပြများမှလည်း ဝိုင်းဝန်းထောက်ခံကြလေသည်။
နယ်မြေထဲရောက်သွားပြီ တစ်သိန်းတောင်ရသွားသည်ဆိုသည်မှာ လုံးဝဖြစ်နိုင်စရာ အကြောင်းမရှိပေ။
"ခဏလောက်"
အခြားတစ်ဖက်တွင်တော့ ချန်လင်းသည် ကောင်းကင်ကိုကြည့်၍ သက်ပြင်းချလိုက်ပြီး အကြံတစ်ခုရသွား တော့သည်။
ထို့နောက် ချန်လင်းမှ မျှော်လင့်ချက်ရှိသေးတယ်ဆိုသည့် အတွေးများဝင်လာတော့သည်။
အဲ့ဒီနောက်မှာ ချန်လင်းက အမှတ်ပြန်နှုတ်ခံရမည့် တားမြစ်ချက်တွေကို သတိရသွားပြီး ချက်ချင်းပင်
စနစ်ထဲရှာဖွေလိုက်တော့သည်။
"ကမ္ဘာငယ်လေးထဲမှာ လူသားတွေနဲ့ ချစ်သူဖြစ်ခြင်းကို တာမြစ်ထားသည်။ ဖောက်ဖျက်ပါက အမှတ်အားလုံးကို နှုတ်ပယ်မည်ဖြစ်သည်။
ပိုမိုဆိုးသွမ်းလာပါက ထုတ်ပယ်ခြင်းခံရမည်"
ချစ်သူဆိုပါလား…..
ထို့နောက် ချန်လင်းက ဘေးတွင်ရှိနေသည့် ဆွေ့လီအာကို ကြည့်လိုက်သည်။
ဆွေ့လီအာကလည်း ချန်လင်းကို တိတ်တဆိတ်ခိုးကြည့်နေတော့သည်။ သို့ပေမဲ့လည်း သူမက ချန်လင်းကို ကြောက်နေပုံရသည်။ အမှန်ပြောရမည်ဆိုလျှင် သူမက တော်တော်တော့ လှသည်။
သို့ပေမဲ့ ချန်လင်းက ထိုအကြံကို ချက်ချင်းပဲ ပယ်ဖျက်လိုက်တော့သည်။
"ချစ်သူထားရမှာ…ချစ်သူထားရမည့်အချိန်ကိုမရှိတာကြီးကိုလူကောင်းတစ်ယောက်ကဘယ်လိုလုပ်ချစ်သူလုပ်ပေးမှာတဲ့လဲ" ဟု ရေရွှတ်ပြီး တစ်ကိုယ်တည်း ပြန်လည်ငြင်းဆိုလိုက်သည်။ ထို့နောက် ချန်လင်းက နောက်အစီအစဉ်တစ်ခုကို ထပ်မံကြံစည်ပြန်သည်။
"သက်မွေးမှုဆိုင်ရာနတ်ဘုရားဖြစ်ကြောင်းကိုထုတ်ဖော်ပြောဆိုခြင်းကိုအပြင်းအထန်တားမြစ်ထားသည်…ဖောက်ဖျက်ပစ်ပါက အမှတ်အားလုံးမှ နုတ်ပယ်မည်"
"ဒါပဲပေါ" ချန်လင်းက အသက်ကိုရှုသွင်းလိုက်ပြီး အကြံရသွားသည့်ပုံဖြစ်နေသည်။
ထို့နောက် အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသွားသလိုမျိုး ဖြစ်နေတော့သည်။
ထို့နောက် ဆွေ့လီအာကို ကြည့်လိုက်ပြီး "မင်းကို လျှို့ဝှက်ချက်တစ်ခုပြောပြမယ်" ဟု ပြောလိုက်ကာ သူမဘက်မှလည်း ကြောက်လန့်တကြားဖြင့် "ဟုတ်...ဟုတ်" ဟု နာခံသည့် ပုံစံဖြင့် ခေါင်းညိတ်ကာ စူးစိုက်ပြီး ကြည့်နေတော့သည်။
သူမက ချန်လင်းပြောမည့် အကြောင်းအရာကို စူးစိုက်စွာ နားထောင်နေတော့သည်။
ထို့နောက် ချန်လင်းက သူမကို သေချာစွာကြည့်ပြီး "တကယ်တော့လေ...ငါကနတ်ဘုရားတစ်ပါးပဲ" ဟု ပြောလိုက်သည်နှင့် ချက်ချင်းဆိုသလိုပင် စနစ်ထဲ အချက်အလက်ရောက်လာလေတော့သည်။
[ဒင်း-သတိပေးချက်ကြေငြာချက် အတန်း ၃ အေမှ ချန်လင်းသည် အသက်မွေးမှုဆိုင်ရာ နတ်ဘုရားဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည့်အတွက် စည်းကမ်းနံပါတ် ၃ ကိုချိုးဖျက်လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် အမှတ်အားလုံးအား နုတ်ပယ်လိုက်သည်။]
ထိုကြေငြာချက်ကို နယ်မြေများစွာတွင်ရှိသော သက်မွေးဆိုင်ရာနတ်ဘုရားများ၏ စနစ်အတွင်းသို့ ပြန့်နှံ့သွားလေသည်။
ထိုအခြေအနေကိုတွေ့လိုက်ရသည့် သူ၏အချစ်ဆုံးသူငယ်ချင်း မိုစုယန်မှ ပြောစရာစကားမရှိသလောက် ဖြစ်သွားခဲ့သည်။
"ဒီကောင်ပြောင်းလဲပြီထင်တာ...ဒီအတိုင်းပါပဲ"
သူကတော့ ချန်လင်း တမင်လုပ်လိုက်သည်ကို ရိပ်မိလိုက်သည်။
ပင်မနတ်ဘုရားနယ်မြေရှိ လင်းမိုယုကတော့ ဒေါသတကြီးဖြင့် "ဒီကောင်လေးဘာတွေလုပ်နေတာလဲ ကြေငြာချက်တွေ ပြန့်ကုန်ပြီ ရှက်ဖို့ကောင်းလိုက်တာ" ဟု ပြောဆိုလိုက်သည်။
ချန်လင်းကတော့ အမှတ်အားလုံး နုတ်သွား၍ အရမ်းကိုပျော်နေတော့သည်။
ထို့နောက် ဆွေ့လီအာကို တစ်ချက်ကြည့်လိုက်ပြီး သူ၏အမှတ်စာရင်းကို ထပ်မံကြည့်လိုက်သောအခါ "အဆင့် ၁၉၉၉၊ချန်လင်း၊ ရမှတ် သုည" ချန်လင်း အမှတ်စာရင်းကိုကြည့်ပြီး ကျေနပ်သွားတော့သည်။
"မဆိုးဘူးပဲ"
[ဒင်း- ပစ်မှတ်သည် သင့်ကြောင့် ပျော်ရွှင်နေသည်။ အမှတ် ၁၀၀၀၀၀၀" အဆင့် ၁" "ဂုဏ်ယူပါတယ် စုစုပေါင်း ရမှတ် ၂၀၀၀၀၀ ရရှိပြီး ကမ္ဘာငယ်လေးတွင် ငွေကြေးအကန့်အသတ်မရှိ သုံးစွဲခွင့်ကို ဖွင့်ပေးလိုက်ပါသည်"]
ချန်လင်းမျက်နှာမှာ ပြန်လည်၍ တည်သွားတော့သည်။
သူဆွေ့လီအာကို ထပ်မံကြည့်လိုက်ပြီး "ပြဿနာက စနစ်မဟုတ်ပဲ မင်းဖြစ်နေတာကို မင်းက ပိုးမွှားကောင်လိုပဲ ဘာကြောင့် အမှတ် ၁၀၀၀၀၀ ပါတခါတည်းရသွားရတာလဲ အဲ့လိုပြောလိုက်သည်နှင့် ဆွေ့လီအာက ချန်လင်းကို ထပ်မံကြည့်လိုက် တော့သည်။
ထို့နောက် မြေကြီးပေါ်သို့ ရပ်လိုက်ပြီးတော့ သူမက ချန်လင်းကို အရိုအသေပေးရင်း "အရှင်...အရှင်နတ်ဘုရား..ကျေးဇူးတင်ပါတယ်" ဟုပါ ပြောလိုက်လေတော့သည်။
[ဒင်း-ပစ်မှတ်သည် ပျော်ရွှင်နေပါသဖြင့် ရမှတ်၁၀၀၀၀၀၀! စုစုပေါင်းရမှတ် ၂၀၀၀၀၀၊ အဆင့် ၁"]
"ဘာကြီးလား" "ဒီကောင်မလေးကတော့ ဒုက္ခပဲ သူမက တကယ့်ပိုးမွှားပဲ "မှတ်ဉာဏ်တွေကို ပိတ်ပစ်တော့မယ်" "ဒင်း- ပစ်မှတ်ရဲ့ မှတ်ဉာဏ်များကို ပိတ်လိုက်ပါပြီ"
ထို့နောက် ဆွေ့လီအာ၏မျက်လုံးများမှာ အေးစက်သွားပြီး လဲကျသွားတော့သည်။
ချန်လင်းသည် သူမမှတ်ဉာဏ်များကို သူကိုယ်တိုင်ပဲ ပိတ်ပစ်လိုက်သည်။ ထို့နောက် ချန်လင်းက ကောင်းကင်ပေါ်သို့တက်သွားပြီး နည်းပြကိုလှမ်းခေါ်လိုက်ပါတော့သည်။
"နည်းပြ...လုပ်ပါဦး စနစ်က ပိုးမွှားတွေကိုက်နေလို့ ရမှတ်တွေ ဖျက်ပေးပါဦးနော်"
ထိုအချိန်တွင် လင်းမိုယုက ချန်လင်း၏စကားကို ဒေါသထွက်ပေမဲ့လည်း အဆင့် ၁ နေရာမှာ ပိုးမွှားရှိနေခြင်းက သူမအတွင် သိက္ခာကျစရာ ကိစ္စရပ်ကြီးဖြစ်သည့်အတွက် ပြုပြင်ပေးဖို့ကို လက်ခံလိုက်ပါသည်။
ထို့နောက် နည်းပြဖြစ်သူမှ ချန်လင်းကို ဒေါသတကြီးနှင့် ဆူလိုက်ပါတော့သည်။
"မင်းကို သင်တန်းဆင်းတာမစခင် ငါဘာပြောထားလဲ စနစ်မှာချို့ယွင်းချက်ရှိမရှိစစ်ဖို့ ပြောခဲ့တယ်မဟုတ်ဘူးလား, ခုမှမင်းဘာတွေလုပ်နေတာလဲ, ဟမ်" သူမရဲ့ အော်ငေါက်ဆူပူသံကြောင့် ချန်လင်းခေါင်းနပန်းကြီးသွားလေတော့သည်။
ထို့နောက် ချန်လင်းက အေးဆေးတည်ငြိမ်သော ပုံစံဖြင့် "နည်းပြ...ခုပြဿနာဖြစ်နေတာကို အရင်ဖြေရှင်းသင့်တယ်လို့ ထင်ပါတယ်" ဟုပြောလိုက်ရာ နည်းပြအံ့အားသင့်သွားသည်။
"ဟမ်..."
"အမယ်"
"မင်းကများ..."
နည်းပြဖြစ်သူ၏အခြေအနေကို တွေ့လိုက်ရသည့် ချန်လင်းတစ်ယောက် သူ၏စိတ်ကို ပြန်လျှော့ချလိုက်တော့သည်။
"ကျွန်တော်တောင်းပန်ပါတယ် နည်းပြ" ဟု ပညာရှိဆန်စွာအလျှော့ပေးလိုက်တော့သည်။
ထို့နောက် နည်းပြဖြစ်သူမှာတော့ မချိတင်ကဲ အနေအထားဖြင့်-
"မင်း..."
"တကယ့်ကိုတောင်းပန်ပါတယ် နည်းပြ" ဟု နည်းပြထပ်မဆူခင်အချိန်တွင် ထပ်မံ၍ တောင်းပန်လိုက်လေသည်။
ထိုသို့ချန်လင်းပြုမူလိုက်သည့် အခြေအနေကြောင့် နည်းပြဖြစ်သူ လင်းမိုယုမှာ အံကိုသာတင်းတင်းကြိတ်ပြီး ကျိတ်မနိုင်ခဲမရသာ ဖြစ်နေရတော့သည်။
ချန်လင်းသည် နည်းပြဖြစ်သူ၏ပုံစံကို သိနေပါသော်လည်း မမြင်သကဲ့သို့ နေလိုက်လေတော့သည်။
"စနစ်ပြုပြင်ရေးဝန်ထမ်းတွေကိုခေါ်ပေးမယ်၊ ခဏစောင့်"
"ကျေးဇူးတင်ပါတယ် နည်းပြ" ဟု ချန်လင်းက ကောင်းကင်ကိုကြည့်ကာ ပြောလိုက်လေသည်။
လင်းမိုယုလည်း ဒေါသကြီးစွဖြင့် တိတ်ဆိတ်လိုက်တော့သည်။
"ထွက်သွားစမ်း, ဒီကုန်ကျတဲ့ပြုပြင်ရေးစရိတ်အားလုံးကို မင်းပေးမှ ဖျက်ပေးမယ်"
"ဟေး...ခဏလေး-အဖေ့အကောင့်နဲ့ပေးချေပေးမယ်၊မရိုင်းပါနဲ့"
နယ်မြေနဲ့ ပြုပြင်ရေးကြားက ကုန်ကျစရိတ်တွေသည် များလွန်းလှသည်။
"ကောင်းပြီ၊မင်းသွားလိုက်တော့…မင်းအသံက ငါ့ကိုစိတ်ပိုတိုစေတယ်"
"ခဏလေး… ကျွန်တော့အမှတ်တွေကရော"
"ပြုပြင်ရေးဝန်ထမ်းတွေရောက်လာပြိး အတည်ပြုဖျက်ပေးမှပဲရမယ်"
"ဟုတ်ကဲ့ပါ၊ကျေးဇူးပါ"
လင်းမိုယုနှင့်ပြုပြင်သူတွေက တစ်ဖက်တည်းဖြစ်သည့်အတွက် ချန်လင်းကို ကျောင်းကထုတ်ပစ် ချင်ကြသည်။
[ဒင်း-ပြုပြင်ရေးချိန်းဆိုထားခြင်အားအတည်ပြုပြီးပါပြီ၊ခန့်မှန်းချေ နှစ်ရက်ကြာမြင့်နိုင်ပါသည်။]
"အမ်...နှစ်ရက်တောင်လား...အရမ်းကြာတယ်နော်"
သို့ပေမဲ့လည်း စောင့်ရုံမှတစ်ပါး ဘာမှမတတ်နိုင်တော့ပေ။ သို့နှင့် စိတ်ဓာတ်ကျသွားပြီး သူအိပ်ရန်အတွက် နေရာရှာနေချိန်တွင် စနစ်မှနေ၍ အသံထပ်ထွက်လာပါတော့သည်။
[ဒင်း-ပစ်မှတ်ပျော်ရွှင်မှုကြောင့် အမှတ် ၂၀၀၀ထပ်မံရရှိပါသည်။ လက်ရှိရမှတ်မှာ ၂၀၂၀၀၀ ဖြစ်ပြီး အဆင့် ၁ နေရာတွင်ရှိပါသည်။]
"ဘာလဲဟ…. ငါ သူမမှတ်ဉာဏ်တွေကို ပိတ်ခဲ့တာလေ"
"ဘာလို့ ၂၀၀၀ ကထပ်တိုးလာရတာလဲ"
ဆွေ့လီအာဆိုသည့် မိန်းကလေးက မယုံနိုင်လောက်အောင်ကို ထူးဆန်းနေပေသည်။ ချန်လင်း အတွေးတစ်ခုပေါ်လာကာ ဒီနယ်မြေတွင် သူ့ကိုမမြင်ရအောင် လုပ်သည့် ဂါထာကို စမ်းသပ်လိုက်တော့သည်။
ထို့နောက် ရွှေရောင်အလင်းတန်းများ အာကာသထဲတွင် ပေါ်လာကာ ကွယ်ပျောက်သွားတော့သည်။
ပျောက်ကွယ်သွားသည့်နောက်တွင် တီးတိုစွာရေရွတ်လိုက်သည်။
"အမ် ဒါပဲပြောရတာလားဟ၊ ဒီနယ်မြေရဲ့ ဂါထာစနစ်က ကောင်းလှချည်လား" ဟု ရေရွတ်လိုက်တော့သည်။ ထို့နောက် ဆွေ့လီအာရဲ့ မှတ်ဉာဏ်ကို ပိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူမ၏ဘေးသို့ သွားလိုက်သည်။
ထိုစဉ် သူမကမြေကြီးပေါ်တွင် ထိုင်ကာ စိတ်ပျက်နေသော မျက်နှာဖြင့်ကြည့်နေတော့သည်။ ထို့ကြောင့် ချန်လင်းသည် အနည်းငယ် ထူးဆန်းသွားသည်။
ပြီးမှ စဉ်းစားလိုက်သည်။ သူမဘာမှမလုပ်မလုပ်ပါပဲနဲ့ ရမှတ် ၂၀၀၀ ဘယ်ကနေရလာသည်ကို စဉ်းစားပြီး ချန်လင်းဝေခွဲမရဖြစ်နေသည်။
ထို့နောက် ချန်လင်းက သူမကိုကြည့်နေချိန်တွင် သူမကလည်း ချန်လင်းကို ပြန်ကြည့်လာပြီး မျက်လုံးထဲတွင် ဝမ်းနည်းမှုအပြည့်ဖြင့် နှုတ်ခမ်းကိုကိုက်ကာ တစ်ခုခုပြောချင်နေသည်ကို ချန်လင်းရိပ်မိလိုက်သည်။
"မင်း...ငါ့ကိုမြင်နေရတာလား" ဟု ချန်လင်းမှ မေးလိုက်သည်။ ထိုသို့မေးသည်ကို ဆွေ့လီအာကြားလိုက်သောအခါ ခေါင်းမော့ကာ ချန်လင်းအား ကြည့်လိုက်လေသည်။
ချန်လင်းလည်း အံ့အားသင့်သွားပြီး "မင်း...မင်းငါ့ကိုမြင်နေရတယ်" ဟု ဆိုကာ သူမမျက်နှာက် အံဩစွာကြည့်နေမိတော့သည်။ ချန်လင်း၏ စိတ်ထဲတွင်လည်း ခံစားချက်ကောင်းမနေပေ။
ထိုစဉ် စနစ်မှ-
[ဒင်း-သင့်ကြောင့် ပစ်မှတ်ပျော်ရွှင်နေပါသဖြင့် ရမှတ် ၁၀၀၀၀၀ ထပ်မံရရှိပါပြီ စုစုပေါင်းရမှတ်မှာ ၃၀၂၀၀၀ ဖြစ်ပြီး အဆင့် ၁ တွင် ရှိနေပါသည်။]
"မေ့ပစ်စမ်း" ဟု ချန်လင်းမှ အမိန့်ပေးလိုက်လေသည်။
[ဒင်း- ပစ်မှတ်၏မှတ်ဉာဏ်များကိုပိတ်ပစ်နေပါသည်။]
ဆွေ့လီအာ ထပ်မံ၍ ဘာမှမသိတော့သလို ထိုင်ချသွားတော့သည်။ သို့မှသာ ချန်လင်းလည်း သူမနှင့် ခပ်ဝေးဝေးတွင်ရပ်နေလိုက်တော့သည်။
ထို့နောက် သူမ၏မြင်နိုင်မှုစွမ်းရည်ကို လေ့လာလိုက်တော့သည်။ နောက်ဆုံးတွင်တော့ လက်ရှိနယ်မြေတွင် ဂါထာကိုအသုံးပြုပြီး ပြဿနာမရှိစေရန် အကာအကွယ်မျှော်စင်များ ပြုလုပ်ထားသည်ကို သိရလေသည်။
ထိုမျှော်စင်များသည် မမြင်ရအောင်လုပ်ထားသည့် ဂါထားများကိုတားဆီးထားသည်။ မမြင်နိုင်သည့်စွမ်းအင်များကိုသာမက အဝေးကိုမြင်ရသော ဂါထာ၊ ခိုးပြီးနားထောင်လို့ရသော ဂါထာနှင့် ကိုယ်ရေးကိုယ်တာချိုးဖောက်သည့် ဂါထာများကိုပါ ပိတ်ပင်တားဆီးထားသည်။
ထို့အပြင် မှော်စွမ်းအင်သုံးစက်ပစ္စည်းများတွင်လည်း သီးသန့်အကာအကွယ်များထားရှိပြီး ချိတ်ဆက်ခြင်းများကို လွယ်လင့်တကူ ပြုလုပ်လို့ရနေသည်။ လူတိုင်းတွင်လည်း မှော်စွမ်းအင်သုံးပစ္စည်းများပါရှိနေပြီး မှော်စွမ်းအင်ကာကွယ်ထား ခြင်းကိုတော့ တစ်ကမ္ဘာလုံးသုံးလို့ရခြင်းဖြစ်သည်။
ထို့ကြောင့် ချန်လင်း၏ မမြင်နိုင်သောစွမ်းအင်မှာ အသုံးမဝင်ပေ။ ချန်လင်းလည်း ပြောစရာစကားများပင် မရှိတော့သည့်တိုင်အောင် ဖြစ်သွားတော့သည်။
နယ်မြေအကြောင်းကို အနည်းငယ်သာ သိခဲ့မည်ဆိုလျှင် သူ အခုအခြေအနေမျိုးထိတောင် ဖြစ်မည်မဟုတ်ဟု ချန်လင်းတွေးတောနေတော့သည်။ စနစ်တွင်ပါလာသော မမြင်နိုင်သောစွမ်းအားများကတော့ အကာအကွယ်ခံ၍မရနိုင်ပေ။
ထို့နောက် ချန်လင်းစဉ်းစားကာ "ဘာလို့များဒီဂါထာအပေါ်ယုံကြည်သွားမိတာလဲ" ဟု စဉ်းစားနေမိတော့သည်။ ထိုအချိန်တွင် စနစ်မှ အသံတစ်ခု ထပ်မံထွက်ပေါ်လာပါတော့သည်။
[ဒင်း-ပစ်မှတ်၏ပျော်ရွှင်မှုကြောင့် သင်သည် အမှတ် ၂၀၀၀ ထပ်မံရရှိပါသည်၊လက်ရှိအမှတ်စုစုပေါင်း ၃၀၄၀၀၀၊ အဆင့် ၁ တွင်ရှိနေပါသည်။]
"ဘာလဲဟ"
"ဘာလို့လဲ"
"စနစ်ရဲ့ မှတ်ဉာဏ်ပိတ်ဆို့တာက အလုပ်မလုပ်တာလား"
"နေပါဦး သူမကဘာတွေစဉ်းစားနေပြန်တာလဲ"
"စိတ်ဖတ်ခြင်းဖွင့်"
***