ခုတစ်ခါတွင်တော့ ချန်လင်းသည် ဒီနယ်မြေရဲ့ ကျိန်စာဂါထာကို သုံးခြင်းမရှိပေမယ့်လည်း စိတ်ဖတ်ခြင်း ကျိန်စာကိုလည်း ပိတ်ပင်းထာသေးသည်။
သူ၏ဘဝတစ်လျှောက်လုံးတွင် ဒီနယ်မြေရဲ့ကျိန်စာဂါထာ များကို မသုံတော့ဟုတောင် စဉ်းစားထားခြင်းဖြစ်သည်။
ချန်လင်းသည် အမှိုက်တွေ ဟုရေရွတ်ပြောဆိုမိတော့သည်။ စနစ်ထဲတွင် ရှိသည့် ကျွမ်းကျင်မှု ဆိုင်ရာတည်ဆောက်မှုသည်သာ အကောင်းဆုံးဖြစ်သည်။
စိတ်ဖတ်ခြင်းကို အသုံးပြုလိုက်သောအချိန်တွင်ဆွေ့လီအာ ၏ စိတ်အတွင်းတွေးနေသည့် မှတ်ချက်များကခေါင်ပေါ်တွင် ပေါ်လာတော့သည်။
[ထူးဆန်းလိုက်တာ ငါ သေသွားတာမဟုတ်ဘူးလား]
[ဒီနယ်မြေမှာ…နတ်ဘုရားရှိနေတာများလား? နတ်ဘုရားကများ ငါ့ကို ကယ်လိုက်တာလား]
[နတ်ဘုရားက ငါ မသေချင်ဘူး ဆုတောင်းမိလို့ မသေအောင်လုပ်လိုက်တာများလား]
ထိုမှတ်ချက်များကို မြင်လိုက်ရသည်နှင့် ချန်လင်းသည် ပြောစရာစကားများပင် မရှိတော့ပေ။ ထိုနောက် ချန်လင်း၏ အတွေးထဲတွင် ထိုအရာတွေကြောင့် အမှတ်များရနေသလားဟု တွေးနေမိတော့သည်။
အခြားသောသူများသာဆိုလျှင် ရမှတ် တစ်မှတ်သာ ရနိုင်လောက်သည်ကို သိထားသော်လည်းပဲ ချန်လင်းအတွက်တော့ ထူးဆန်းနေခြင်း မရှိတော့ပေ။ ချန်လင်း အနေဖြင့်တော့ အမှတ်ဘယ်လောက် ရနေပါစေ စည်းကမ်း ချိုးဖောက်မိ ပါက အမှတ်များကို လုံးဝ ဖျက်ချကြမည် ဖြစ်သည်။
ထိုအချိန်တွင် ချန်လင်း စဉ်းစားနေသည်မှာ သူ လူတစ်ယောက်ကို ဆွဲဆောင်ပြီး “သူက နတ်ဘုရားပါ “ဟုပြောလိုက်လျှင် အမှတ်များ အားလုံးလျှော့သွားမည် ဖြစ်သည်။
ဆွေ့လီအာ ကတော့ မြေကြီးပေါ်တွင် ငူငူငိုင်ငိုင်နှင့် ထိုင်နေတော့သည်။
ထို့နောက် ယိုင်တိုင်တိုင်ဖြင့် ထရပ်လိုက်ပြီးကောင်းကင်ကို မော့ကြည့် လိုက်သည်။ သူမ၏ စိတ်ထဲတွင် ချန်လင်းက မျက်စိရှေ့တွင် ထပ်မံ၍ပေါ်လာပြန်သည်။
[ အမလေး မြတ်စွာဘုရား]
[ ကျွန်မကို မြင်ရတာလား]
[ ကျွန်မပြောတာ ကြားရတာလား]
[ ဒီကမ္ဘာက လူတွေ ထဲမှာ ကျွန်မ မပါဘူး]
[ ဘာလို့များ ကျွန်မက ခုလို ခံစားနေရတာလဲ]
[ ကျွန်မ ဘာများမှားနေလို့လဲ]
[ တကယ်လို့ ကျွန်မ အမှားတွေ လုပ်မိခဲ့တာရှိရင် ခွင့်လွှတ်ပေးလို့ ရနိုင်မလား]
သူမ၏ မှတ်ချက်များက ပြန့်လွင့်နေတော့သည်။ ချန်လင်းသည် ထိုသို့တွေ့လိုက်သည်နှင့် ထိုမိန်းလေးကို သနားစိတ် ဝင်သွားမိတော့သည်။
ထိုစဉ် ရုတ်တရက် စနစ်မှ အသံတစ်ခု ထွက်လာပြန်တော့သည်။
[ ဒင်း- ပစ်မှတ် ဝမ်းနည်းနေပါသည်။ အမှတ် ၁၀၀၀ အား ဖျက်ချလိုက်ပါပြီ။ လက်ရှိရမှတ်မှာ ၃၀၃၀၀၀ ဖြစ်နေပြီး အဆင့် ၁ ဖြစ်သည်။]
ထိုအချိန်တွင် ချန်လင်းသည် ဆွေ့လီအာက အမှတ်များကို တိုးနိုင်စေသလို အများကြီးလျော့သွားနိုင်သည်ကိုလည်း သိလိုက်ရသည်။
ထိုစဉ်ဆွေ့လီအာ မှာ လမ်းပေါ်တွင် ငူငူငိုင်ငိုင် နှင့်လျှောကနေတော့သည်။
“လူတိုင် ငါ့ကို မြင်နိုင်လား”
လမ်းလျှောက်နေရင်း ဘယ်ဘက် ကြည့်လိုက် ညာဘက် ကြည့်လိုက် နှင့်ပြောနေလေတော့သည်။ သူမ ၏ အသံများကလည်း တုန်ရီကာ နေတော့သည်။
ထို့နောက် ချန်လင်းသည်လည်း အထီးကျန်မှု ကို ခံစားမိသလို ဖြစ်နေသည်။ သူမကိုလည်း ခဏတာ လျစ်လျှူရှူ ထားလိုက်တော့သည်။
ခဏအကြာတွင် သူမ ထပ်မံ၍ ပြောဆို လိုက်တော့သည်။
“လူတိုင်း ငါ့ကို မြင်နိုင်လား”
“အင်း…. မမြင်ရဘူးဆိုရင် ထပ်မေးမယ်နော်…ဟီးဟီး…”
သူမကပြောဆိုနေရင်း ရယ်လိုက်သည်။ ထိုအချိန် စနစ်မှ အသံတစ်ခု ထပ်မံ ထွက်လာပြန်သည်။
[ ဒင်း- ပစ်မှတ်မှာ ဝမ်းနည်းနေပါသည်။ အမှတ် ၁၀၀၀ ကို ဖျက်လိုက်ပါပြီ။ ရမှတ်မှာ ၃၀၂၀၀၀ ဖြစ်ပြီး၊ အဆင့် ၁ ဖြစ်ပါသည်။ ]
ချန်လင်း ကြည့်လိုက်သည့်အခါတွင် သူမက မျက်လုံးများကို ပွတ်သပ်နေတော့လေသည်။
ထို့နောက် ချန်လင်းသည် သူမအနားသို့ ခပ်သွက်သွက်လျှောက်ကာ သွားလိုက်သည်။
ထိုစဉ် သူမက ချန်လင်း လာနေသည်ကိုတွေ့သဖြင့် လက်နှင့် မြန်မြန်လေး မျက်လုံးကို ပွတ်လိုက်တော့သည်။ ထိုအခြေအနေကိုတွေ့လိုက်ရသည့် ချန်လင်းက စိတ်ထဲတွင် နေလို့မကောင်း သကဲ့သို့ ခံစားလိုက်ရသည်။
ထို့နောက် အသံထပ်မံ၍ ထွက်လာတော့သည်။
“လူတိုင်း ငါ့ကိုမြင်နိုင်တာလား”
ဒီတစ်ကြိမ်တွင်တော့ အသံလေးက တိမ်ဝင်သွားတော့သည်။ အမှတ် ၁၀၀၀ ထပ်လျှော့ သွားပြန်သည်။
ချန်လင်း သူမကို ခန့်မှန်းမှု မရှိ ရင်တောင် သူမသည် ထိုသို့သော ပုံစံမျိုးဖြင့်နေ့စဉ် ဖြတ်သန်းနေသည်မှာ မလွဲဧကန် ဖြစ်သည်။
သူမ၏ လက်ရှိအ သက်မှာ ၁၈ နှစ်ဖြစ်ပြီး သူမ ကျိန်စာစတင် ခံစားရခြင်းမှာ အသက် ၇ နှစ်ကတည်းက ဖြစ်သည်။ ထို့ကြောင့် တွက်ကြည့်မည်ဆို လျှင် သူမ ကျိန်စာခံစာနေရခြင်းမှာ ၁၁ နှစ်တိုင် ရှိခဲ့ပြီ ဖြစ်သည်။
သူမသည် ထိုကျိန်စာကို အဆုံးသတ်ပစ်ရန်အတွက် ဆုံးဖြတ်ခဲ့ခြင်းကို ချန်လင်းမှ ကယ်တင်လိုက်ခြင်းဖြစ်သည်။
ချန်လင်းကလည်း နှစ်များစွာ ခံစားလာရသည်ကို ကြည့်ခြင်းဖြင့် သူမ၏ စိတ်ဓာတ်ခိုင်မာမှုကို ခန်းမှန်းမိလိုက်သည်။ သူမ၏နေရာတွင် အခြားသော သူသာဆိုလျှင် အသက်ရှင်နိုငတော့မည်မဟုတ်ပါလား။
လူသားများမှာ အထီးကျန်ခြင်း ကိုကြောက်ကြသည်မှာ အမှန်ပင်ဖြစ်သည်။ သိုပေမဲ့ သူမကတော့ ထိုကျိန်စာ၏ ဒဏ်ကို တစ်ဘဝစာ ခံစားနေရခြင်းဖြစ်မည်ကို သူမ သိပြီးသားဖြစ်သည်။
မျှော်လင့်ချက်မဲ့နေသည့် သူမကို ကြည့်ရင်း ဘာကိုများမျှော်လင့နေသေးသည်ကို ချန်လင်း နားမလည်နိုင်တော့ပေ။ ချန်လင်း သူမနောက်ကို အချိန်အတော်ကြာသည်အထိ လိုက်ခဲ့ပြီးနောက် သူမ၏ ဝမ်းနည်းမှု များကြောင့် အမှတ် ၂၀၀၀၀ ကျော်လျှော့သွားတော့သည်။
သူမ၏ စိတ်ခံစားမှုကြောင့် ချန်လင်း ဘာမှမလုပ်လျှင်တောင်မှ အမှတ်များက အလိုလိုလျှော့ သွားမည်ဖြစ်သည်။ သို့ပေမဲ့လည်း ချန်လင်း ဆွေ့လီအာကို စိတ်ဝင်စားစပြုလာသည်။ ထို့ကြောင့် သူမ၏ ဘေးတွင် ဆက်လိုက်နေတော့သည်။
ညည့်ဦးယံသို့ရောက်လာသောအခါတွင် အအေးဓာတ်က ပိုကဲလာတော့သည်။ လူသွားလူလာမှာလည်း နည်းလာခဲ့ချေပြီ။
ဆွေ့လီအာ၏ အဝတ်များမှာ ပါးလွှာလွန်းလှသောကြောင့် သူမမှာ လက်နှစ်ဖက်ကို ယှက်လျက် တုန်ရီနေတော့သည်။ ထိုစဉ် မီးလင်းနေသော ဆိုင်တစ်ဆိုင်အား ဖြတ်သွားရင်း တွေ့လိုက်သည်နှင့် သူမ ရပ်တန့်သွားတော့သည်။
ထို့နောက်တွင် ၎င်းဆိုင်အတွင်းကို ဖြည်းညင်းစွာ ဝင်သွားလေတော့သည်။ ထို့ကြောင့် ချန်လင်းလည်း လိုက်ဝင်သွားလိုက်သည်။
သူမက တံခါးကို ဖွင့်လိုက်သောအခါ တံခါးဖွင့်သံကြောင့် ဆိုင်အတွင်းရှိ လူများက မော့ကြည့်လိုက်လေသည်။ လေအေးဝင်လာသည့်အတွက် လူတိုင်းတုန်လှုပ်သွားကြသည်။
"လေအရမ်းတိုက်လို့ တံခါးပွင့်သွားတာထင်တယ်?"
သူတို့က ဆွေ့လီအာကို မမြင်ရသောကြောင့် လေတိုက်ခြင်းကြောင့် တံခါးပွင့်သွားသည်ဟုသာ သတ်မှတ်ကြလေသည်။
"အေးလိုက်တာနော်"
သူတို့လည်း လက်တွေယှက်ကာ တုန်ရီနေကြတော့သည်။
"ဟူး...."
သူမ ပါးစပ်အတွင်းမှ လေများအား မှုတ်ထုတ်လိုက်လေတော့သည်။ ထို့နောက်-
"တောင်းပန်ပါတယ်ရှင် နှောင့်ယှက်သလိုဖြစ်သွားရင် ခွင့်လွှတ်ပေးကြပါနော် အရမ်းအေးနေလို့ပါ" ဟု သူမက အသံတိုးတိုးလေးပြောလိုက်သည်။ သူမကို မည်သူတစ်ဦးတစ်ယောက်မှ မမြင်နိုင် မကြားနိုင်ပေမဲ့ သူမကတော့ ပြောနေတုန်းပဲဖြစ်သည်။
ဆွေ့လီအာက ထောင့်တစ်ခုကိုသွားကာ မြေကြီးပေါ်တွင်ထိုင်ချလိုက်တော့သည်။ ချန်လင်းကို သူမကို ကြည့်လိုက်တော့သည်။ သူမက ဆံပင်ပန်းရောင်လေးနှင့် လှပသော်လည်း နည်းနည်းတော့ ရှုတ်ပွနေသည်။
သူမကိုယ်တိုင်တောင် မှန်ထဲတွင် မမြင်ရသည့်အတွက် သူမ လှပသေသပ်အောင် မလုပ်နိုင်ပေ။ ထို့အပြင် အဝတ်အစားများမှာလည်း အနည်းငယ်ညစ်ပေနေသေးသည်။
သို့ပေမဲ့ သူမ၏ ပုံစံကို အခြားသောသူများ မမြင်နိုင်သလို သူမလည်း မမြင်နိုင်သည့်အတွက် သပ်ရပ်အောင် လုပ်နိုင်ခြင်းမရှိပေ။
"ဂွီ..ဂွီ"
သူမ ဝမ်းဗိုက်မှ ရုတ်တရက် အသံထွက်လာသည်။
"အွန့်..."
သူမက ဗိုက်လေးကို လက်ဖြင့်ဖိချလိုက်လေသည်။ စားနေသည့်လူများ အစားအစာများကို မျက်စိမခွာကာ ကြည့်နေတော့သည်။
နောက်တော့ သူမက ထိုအရာတွင် မမြင်ရအောင် နှုတ်ခမ်းနုနုလေးကို ကိုက်ကာ မျက်လုံးကို မှိတ်ချလိုက်တော့သည်။ ထို့နောက် မြေကြီးပေါ်တွင် ထိုင်လျက်သား အိပ်ပျော်သွားလေသည်။
အိပ်ပျော်သွားသော်ငြားလည်းပဲ သူမ၏ဗိုက်ကတော့ အသံပေးနေဆဲဖြစ်သည်။ ထို့နောက် ညနက်လာသည့်အတွက် ဆိုင်များလူများ ဆိုင်ပိတ်ကြတော့သည်။
"သွားကြမယ်၊အိမ်ပြန်ရတော့မယ်"
"ပင်ပန်းလိုက်တာ နေ့တိုင်း..."
"ပင်ပန်းပြီး နိမ့်ကျတဲ့ လစာ နှစ်ထောင်ပဲရတဲ့ အလုပ်ကို ချစ်မိနေပြီကွာ..."
ဆိုင်ရှိအလုပ်သမားတစ်ယောက်မှ ပြောလိုက်သည်ကို အခြားသူများက ရယ်မောကြလေသည်။ ထိုရယ်သံများကြောင့် ဆွေ့လီအာ နိုးလာပါတော့သည်။ သူမ မောပမ်းစွာအိပ်ပျော်နေပြီး ထိုလူများထွက်သွားကြတော့မည်ကို မြင်လိုက်သောအခါ-
"အာ..ခဏလေးနေကြပါဦး"
သူမ အော်ခေါ်နေပေမဲ့လည်း မည်သူမျှကြားနိုင်ခြင်းမရှိချေ။
သူမ ရုတ်တရက် ထရပ်ဖို့ ကြိုးစားချိန်တွင် အားပျက်နေသည့်အတွက် မရပ်နိုင်ဖြစ်နေသည်။
"အား...နာလိုက်တာ"
သူမ၏ လှပသည့်မျက်လုံးများက ရှုံ့သွားတော့သည်။ ထိုသို့မြင်ရသည့်အခြေအနေကို ချန်လင်းမှ လက်ချောင်းလေးများဖြင့် စနစ်အားပြုပြင်ပေးရန် ပြုလုပ်လိုက်တော့သည်။
[ပစ်မှတ်၏ ခန္ဓာကိုယ်လုပ်ဆောင်ချက်များ ပုံမှန်အတိုင်းပြုလုပ်ပေးရန်]
ခဏအကြာတွင် ဆွေ့လီအာ ခြေထောက်များပြန်လည်ကောင်းမွန်ပြီး ချက်ချင်းဆိုသလို ပြေးသွားပြီး ဆိုင်အတွင်းမှ ပြေးထွက်သွားလေသည်။
" ဝါး...ကံကောင်းလို့ပေါ့၊မဟုတ်ရင် ဆိုင်ထဲမှာ ပိတ်မိတော့မလို့"
သူမကို မတွေ့သည်ကို သိသည့်အနေအထားဖြင့် ရင်ဘက်ကိုဖိကာ အသက်ရှုထုတ်ပစ်လိုက်သည်။ သို့ပေမဲ့ ပြင်ပအအေးဒဏ်က သူမကို အအေးပိုစေသည်။
[အရမ်းအေးပြီး ဗိုက်ကလည်း ဆာလိုက်တာ]
ချန်လင်းက သူမအားကြည့်ကာ အပြင်ကိုထွက်လာတာ သူမအတွက် ပိုစိုးစေတယ်လို့ တွေးလိုက်သည်။ ချန်လင်းက သူသာဆိုလျှင် ဆိုင်ထဲမှာသာ နေခဲ့ပြီး ကျန်ဦးမည့် အစားအသောက်လေးတွေကို စားမည်ဟု တွေးတောလိုက်လေသည်။
သို့ပေမဲ့ ဆွေ့လီအာ ဘာ့ကြောင့် ထွက်လာသည်ကို ချန်လင်း မသိခဲ့ပေ။ ထို့နောက် သူမက ခန္ဓာကိုယ်ကို သူမ၏လက်လေးတွေနဲ့ တင်းတင်းဖက်ထားကာ ဖြည်းဖြည်းချင်းလမ်းလျှောက်နေတော့သည်။
ထိုသို့သွားနေစဉ် နံနက် ၂ နာရီပင် ရှိခဲ့ပြီ။ လမ်းပေါ်တွင်လည်း လူတစ်ယောက်မျှပင် ရှိမနေတော့ပေ။ သူမလည်း မည်သူ့ကိုမှ ပြောစရာလူမရှိသည့်အတွက် လမ်းမပေါ်တွင်သာ လမ်းလျှောက်နေတော့သည်။
ချန်လင်းကတော့ သူမ ဘယ်ကို ဦးတည်နေသည်ကို သိနိုင်ခြင်းမရှိတော့ပေ။ တကယ်တော့ သူမ၏ခေါင်းထဲတွင် အအေးဒဏ်နှင့် ဆာလောင်မှုများကို မေ့သွားပြီး ဘာမှရှိမနေတော့ခြင်းဖြစ်သည်။
သူမက တိတ်ဆိတ်သည့် မြို့ကြီးထဲတွင် အသက်မဲ့နေသော ရုပ်အလောင်းတစ်ခုကဲ့သို့ တစ်ယောက်တည်း လမ်းလျှောက်နေလေတော့သည်။
***