ဂုဏ်သိက္ခာရှိလှသည့် နတ်ဘုရားတစ်ပါးအနေဖြင့် ဤကဲ့သို့ ခိုးကြောင်ခိုးဝှက်လုပ်ရပ်မျိုးကို ဘာ့ကြောင့်များ လုပ်နိုင်ရပါလိမ့်..
ချန်လင်းသည် သူမကို တစ်ချက်မျှသာကြည့်ပြီးနောက် အမြန်ပင် ကျောခိုင်းလိုက်မိသည်။ သူမကို ဆက်မကြည့်ဝံ့တော့ပေ။
သို့သော်လည်း သူ၏အာရုံထဲတွင်မူ စောစောကမြင်လိုက်ရသည့် ဖြူဖွေးဝင်းပသော ပုံရိပ်သည် ဖျောက်ဖျက်မရအောင် ရှိနေဆဲပင် ဖြစ်သည်။
"တစ်ယောက်ယောက်များရှိနေတာလား"
"မဟုတ်လောက်ပါဘူး"
ဆွေ့လီအာသည် သူမကို မည်သူမျှ မမြင်နိုင်မှန်း သိနေသော်လည်း တစ်စုံတစ်ယောက် ရှိနေမည်ကို စိုးရိမ်မိနေဆဲပင် ဖြစ်သည်။
ချန်လင်းသည် သူမ၏စကားကို ကြားနေရသော်လည်း ဘာမှပြန်မပြောမိပေ။ ယခုအချိန်တွင် စကားထွက်ပြောလိုက်ပါက သူမ၏ ရိုက်နှက်ခြင်းကို ခံရမည်မှာ သေချာသလောက်ပင် ဖြစ်သည်။
ထို့နောက် ဆွေ့လီအာသည် ကန်ရေပြင်ဘက်သို့ ပြန်လှည့်လိုက်ကာ ရေပြင်ကို လက်ဖြင့် ညင်သာစွာ ထိလိုက်သည်။
"နွေးလိုက်တာ...."
ချန်လင်းက အပူချိန်မြှင့်ထားသောကြောင့် ကန်ရေသည် အေးစက်မနေတော့ဘဲ ရေချိုးရန် အနေတော် ဖြစ်နေသည်။ သူမလည်း သူမ၏တည်ရှိမှုကို မည်သူမျှ မသိနိုင်သောကြောင့် ကျိန်စာအတတ်များကို လေ့လာရန်လည်း စိတ်မပါခဲ့ပေ။
သူမအတွက် အရေးကြီးဆုံးမှာ သူမကို မြင်နိုင်မည့်သူကို ရှာဖွေရန်သာ ဖြစ်သည်။
"နွေးနေတာပဲ..." ဆွေ့လီအာ၏ ရောဆော့နေသော အသံများကို ချန်လင်းကြားနေရသော်လည်း ကောင်းကင်ကိုသာ မော့ကြည့်ပြီး ကြယ်များရေတွက်နေတော့သည်။
ဤကမ္ဘာ၏ ကြယ်များသည် အခြားကမ္ဘာများထက် ပိုမိုတောက်ပကာ လှပလွန်းလှသည်။ ကြယ်တစ်ဆယ့်နှစ်ပွင့်၏ အလင်းရောင်များအောက်တွင် ဆွေ့လီအာ၏ ကြယ်လေးမှာ မှေးမှိန်နေသည့်အတွက် စနစ်၏ အကူအညီမပါပဲ ရှာလျှင် ခက်ခဲလွန်းလှသည်။
ခဏလောက်အကြာတွင် ဆွေ့လီအာ ရေချိုးပြီးသွားကာ ကန်ရေပြင်နံဘေးတွင် ကျုံ့ကျုံးလေးထိုင်လျက် အဝတ်များ လျှော်ဖွတ်နေတော့သည်။
လရောင်အောက်တွင် သူမ၏ အသားအရေမှာ ဝင်းပနေပြီး ပန်းချီကားတစ်ချပ်ကဲ့သို့ လှပလွန်းလှသည်။
"ဗွက်...ဗွက်" ကန်ရေပြင်မှ ရုတ်တရက် အသံထွက်လာသည်။
"ရေတွေဆူနေတာလား…အရမ်းပူလာလို့လား…ဟီး..." ဟု ပြောကာ သူမက ကလေးတစ်ယောက်လို ရယ်မောကာ ပွက်နေသည့် ရေပူပေါင်းလေးများကို ဆော့ကစားနေတော့သည်။
သို့သော် ချန်လင်း မျက်လုံးများမှာ အေးစက်သွားကာ တစ်ခုခုဖြစ်တော့မည်ကို သူသိလိုက်သည်။ ငြိမ်သက်နေသော ကန်ရေပြင်သည် ရုတ်တရက်ပင် လှိုင်းလုံးကြီးများ ထကြွလာပြီး ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံကြီး တစ်မြို့လုံးသို့ ပျံ့နှံ့သွားတော့သည်။
"ကျိန်စာသင့်သားရဲကြီး" ထိုအသံကြီးကြောင့် အိပ်ပျော်နေသော လူသားများပင် လန့်နိုးလာကုန်ကြသည်။ ပြင်းထန်သော စွမ်းအင်တစ်မျိုးမှ ကျိန်စာသင့်သားရဲ ပေါ်ပေါက်လာခြင်းဖြစ်သည်။
ကောင်းကင်ပေါ်မှာကျလာသော ရေများသည် လရောင်အောက်တွင် လှပနေသော်လည်း ဆွေ့လီအာ ထိုအလှအပကို ကြည့်ရှုမနေနိုင်တော့ပေ။
"ကျိန်စာသင့်သားရဲကြီး" သူမ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ သူမသည် အဝတ်အစားများကို ကောက်ယူကာ ရင်ဘတ်တွင် ဖိကပ်ထားရင်း အမြန်ထွက်ပြေးတော့သည်။
သူမကို သားရဲကြီး မမြင်နိုင်သော်လည်း သားရဲ၏ တိုက်ခိုက်မှုဒဏ်ကို ခံရပါက သူမ အသက်ရှင်နိုင်မည် မဟုတ်ပေ။
ချန်လင်းကမူ သားရဲကြီးကို စိုက်ကြည့်ကာ ပြုံးလိုက်လေသည်။ ထိုသားရဲကြီးသည် ဆွေ့လီအာကို အာရုံမခံနိုင်သော်လည်း ချန်လင်းကဲ့သို့ စွမ်းအားကြီးသည့်သူကိုမူ အာရုံခံနိုင်သည်။
၎င်း၏မျက်လုံးထဲတွင် ချန်လင်းမှာ အလွန်အရသာရှိသော စားဖွယ်ကြီးသဖွယ် ဖြစ်နေသည်။
"မင်းက ငါ့အတွက် ညစာဖြစ်တော့မှာပါလား" သူမကို ကောင်းကောင်းကျွေးမွေးရန် အခွင့်အရေးကောင်းဖြစ်သည်ကို ချန်လင်းတွေးမိလိုက်လေသည်။
ဆွေ့လီအာသည်လည်း ချန်လင်းရှိရာဘက်လို့ ကြောက်လန့်တကြား ပြေးလာနေတော့သည်။ ချန်လင်းလည်း သူမကို ကြည့်မိလိုက်ရာ နှာခေါင်းသွေးများ ထပ်မံကျလာပြန်တော့သည်။
"သူမ အဝတ်အစားလေးဝတ်လိုက်ရင်ကောင်းမယ် အပြစ်တွေတော့ဖြစ်ကုန်တော့မှာပဲ" ဟု ရေရွတ်လိုက်လေသည်။
စနစ်၏ စစ်ဆေးချက်အရ 【Titan အဆင့် ရေဆင် ကျိန်စာသားရဲ အမည် – မောဟာကောင်းကင် မိုဟာဝိညာဉ်ဘုရင်၊ မျိုးစိပ်-ရေသတ္တဝါ၊အရှည် – ၃၃၉.၄ မီတာ၊အဆင့် – သက်ကြီးကောင်၊တိုက်ခိုက်နိုင်စွမ်း – ၁၂ သန်း၊ကျွမ်းကျင်မှု – ……】ဟုပေးပို့လာတော့သည်။
ချန်လင်းက ဖတ်လိုက်ပြီးသည်နှင့် စနစ်ကို ချက်ချင်းဆိုသလိုပင် ပိတ်ပစ်လိုက်တော့သည်။ "၁၂ သန်းလား၊ အမှိုက်ကောင်ပါ" ဟု ချန်လင်းမှ ပြောဆိုလိုက်သည်။ ဤနယ်မြေတွင် ကျိန်စာသားရဲများကို အနိမ့်အဆင့်၊ အလယ်အဆင့်၊ အမြင့်အဆင့် ဟူ၍ ခွဲခြားထားသည်။
ထို့အပြင် ကျိန်စာသင်တန်းသား၊ကျိန်စာပညာရှင် နှင့် ဂါထာပညာရှင်များ နှင့်လည်း စွမ်းအားတူတူပင်ဖြစ်သည်။
အထက်ပိုင်းတွင်တော့ ကြယ်ကျိန်စာပညာရှင်အဆင့်နှင့် ထိုအရာထပ် မြင့်သည်မှာ ကြယ်ခေါင်းဆောင်ပညာရှင်အဆင့် နှင့် တားမြစ်ပညာရှင်အဆင့် တို့ဖြစ်ကြလေသည်။
ထိုသားရဲကြီးသည် အင်အားကြီးအဆင့်တွင်ပါဝင်သော်လည်း ချန်လင်း၏ စွမ်းအားကို ခံစားမိသည့်အတွက် ထွက်လာရဲခြင်းမရှိပေ။
ထိုသားရဲကြီးကို အချိန်မှီမသတ်နိုင်လျှင် တစ်မြို့လုံးပျက်စီးဖို့ အလားအလာရှိနေသည်။
ချန်လင်း ထိုသားရဲကြီးကို သတ်ပစ်မည့်အချိန်တွင် ဆွေ့လီအာ နောက်ပြန်လှည့်သွားသည်ကို တွေ့လိုက်သည်။ ချန်လင်းလည်း သူမ၏ ဖြူဖွေးလှသော ခန္ဓာကိုယ်မှာ လရောင်အောက်တွင် တောက်ပလာသဖြင့် ချန်လင်းအကြည့်များ သူမထံသို့ ထပ်ရောက်သွားပြန်တော့သည်။
ထို့နောက် သူမသွားနေသည့် နေရာကို ကြည့်လိုက်မိလေသည်။
"ဒုက္ခပါပဲ...ငါ့အစားအစာလေးတွေ" ဆွေ့လီအာက စိတ်ပူစွာပြေးသွားရင်း ဘယ်ညာကို သေချာစွာကြည့်နေလေသည်။ ထိုအစားအစာများက လူကောင်းတစ်ယောက်ပေးခဲ့သည့်အတွက် သူမချန်ထားခဲ့နိုင်ခြင်းမရှိပေ။
"သူ ငါ့ကို မမြင်လောက်ဘူး မို့လား"
သူမက ကြောက်လန့်စွာပင် ရေထဲတွင်ရှိနေသော သားရဲကြီးကို ကြည့်လိုက်သည်။
"ချန်လင်းများလား"
"ဘာလုပ်ဖို့ စဉ်းစားနေတာလဲ"
ဆွေ့လီအာ၏အသံသည် တုန်ရီလာတော့သည်။ အဝတ်များအားကိုင်ထားလျက်ပင် သားရဲကြီးကို ကြည့်ကာ "မမြင်နိုင်ပါဘူး....မမြင်နိုင်ပါဘူး" ဟု ပြောကာ သူမ ဖြည်းညင်းစွာ လျှောက်သွားတော့သည်။
ချန်လင်းလည်း သူမ၏ခန္ဓာကိုယ် ရွေ့လာသည်ကို ကြည့်ကာ စိတ်ထဲက ပြောမနေတော့ပဲ ပါးစက်မှနေ၍ ထုတ်ပြောလိုက်လေသည်။
"မင်းဘာလုပ်နေတာလဲ သေချင်လို့လား"
ဆွေ့လီအာ လန့်သွားကာ တုန်ရီသောလေသံဖြင့် ပြောလိုက်သည်။
"မဟုတ်ပါဘူး...ငါ့ရဲ့..."
"ဟမ်?"
သူမ တုန်လှုပ်သွားကာ နောက်သို့လှည့်ကြည့်လိုက်သည်။ ခုလို သူမအံအားသင့်နေသည်က ချန်လင်း၏ မျက်လုံးထဲတွင် လှနေဆဲဖြစ်သည်။
"ဘယ်သူပြောလိုက်တာလဲ"
"အာ..." အသံထွက်သွားမိပြီဟု ချန်လင်းမှ တီတိုးပြောလိုက်တော့သည်။
"ဘယ်သူလဲဟင်" ဟု မေးကာ ဆွေ့လီအာမှ နောက်သို့ထပ်လှည့်ကြည့်လိုက်သည်။ သို့ပေမဲ့ သူမ ဘယ်သူ့ကိုမျှ တွေ့လိုက်ရခြင်းမရှိပေ။
သူမ အဝတ်မဝတ်ရသေးပဲ ရှိနေသည်ကိုတောင် မေ့နေတော့သည်။
အခုချိန်ထိ သူမက အဝတ်များကို ကိုင်ထားပြီး ပန်းရောင်ဆံပင်များကလည်း ရေစိုနေဆဲပင်ဖြစ်သည်။
သူမ၏မျက်တောင်ရှည်ရှည်ကော့ကော့လေးများနှင့် ချစ်စရာကောင်းလှသည့် မျက်နှာထားလေးဖြင့် ချန်လင်းဘက်သို့ ကြည့်နေခဲ့ခြင်းဖြစ်သည်။
ချန်လင်းလည်း သူ့အားမမြင်နိုင်မှန်းသိသော်လည်း လည်ချောင်းများပင် ခြောက်သွားကာ စိတ်ထဲတွင်" ဘာလို့ဒီလောက်လှနိုင်ရက်တာလဲ " ဟုရေရွတ်မိနေသေးသည်။
"ဒီမှာတစ်ယောက်ယောက်ရှိနေတာလားဟင်?"
ဆွေ့လီအာ၏ မျက်ခုံးလှလှလေးများက တွန့်ခေါက်သွားပြီး စိတ်ထဲတွင် ရေရွတ်မိနေသည်။ ချန်လင်း အသံတစ်သံမျှပင် မထုတ်ရဲတော့ပေ။ ချန်လင်း အကြောင်းပြချက်မရှိပဲ နှလုံးခုန်နှုန်းများ မြန်ဆင်လာနေသည်။
"ဟမ်.... ထူးဆန်းလိုက်တာ"
ဆွေ့လီအာမှ နှုတ်ခမ်းကို ကိုက်လိုက်ကာ သေချာအာရုံစိုက်နားထောင်လိုက်သည်။ အကြောင်းအရင်းမှာ သူမကို တစ်ယောက်ယောက် စကားပြောလိုက်သည်ကို သေချာကြားလိုက်မိသောကြောင့် ဖြစ်သည်။
သို့ပေမဲ့ ဘယ်ကနေလာနေလဲ ဆိုတာကို သူမမသိနိုင်ပေ။ ထိုအချိန် နှစ်ယောက်စလုံးမှာ သားရဲကြီးရှိနေသည်ကို မေ့နေကြခြင်းဖြစ်သည်။
"ဝေါင်း...."
သားရဲကြီးက ဟိန်းဟောက်လိုက်ရာ ကောင်းကင်ယံတွင် ရွှေရောင်ကျိန်စာ စာလုံးများ ပြည့်နှက်သွားပြီး တစ်မြို့လုံးကို လွှမ်းခြုံသွားတော့သည်။ မြို့သူမြို့သားများလည်း ကြောက်လန့်တကြား အော်ဟစ် ထွက်ပြေးကုန်ကြတော့သည်။
ထိုထဲတွင် ပါဝင်သော စွမ်းအားများက ရေကန်တစ်ခုလုံးကို ပေါက်ကွဲစေနိုင်ပြီး အနီးပတ်ဝန်းကျင်ကိုပါ ပျက်စီးစေလောက်အောင် စွမ်းအားကြီးသော ကြောက်မက်ဖွယ်ရာတစ်ခုဖြစ်ပေသည်။
ဆွေ့လီအာလည်း ကြောက်လန့်စွာ ကြည့်နေမိတော့သည်။ ထိုသို့သော အဆင့်မြင့်ကျိန်စာကို သူမ ပထမဆုံးအကြိမ်မြင်ဖူးခြင်းလည်း ဖြစ်သည်။
ထိုအချိန်တွင် ရေကန်အနီးရှိလူများမှ ပြတင်းပေါက်မှနေ၍ ကြည့်နေကြသည်။
"ဒါ ကြယ်ကျိန်စာအဆင့် မဟုတ်လား"
"သားရဲကြီး ထပ်ပေါ်လာပြီ"
လူတွေ ချက်ချင်းဆိုသလိုပင် စိုးရိမ်သွားကြသည်။
"အမြန်သတင်းပို့"
"ရာသီခွင်မဟာမိတ်များကိုခေါ်ပေးပါ"
သားရဲကြီးက ကျိန်စာကို ထပ်မံထုတ်လိုက်လျှင် လူများအားလုံးသေကုန်မည်ဖြစ်သည့်အတွက် လူတချို့ စိတ်ပျက်သွားကြလေသည်။
"သွားပြီ...ကျိန်စာက ပြန့်သွားလောက်ပြီ..."
ချန်လင်းသည် ပျင်းရိစွာ သမ်းဝေလိုက်ပြီး မျက်လုံးကို ပွတ်လိုက်သည်။
"အမှိုက်သရိုက်လေးပါကွာ.... ပျင်းလိုက်တာ" ဟု ပြောလိုက်ကာ "မင်း အဲ့ဒီမှာပဲရပ်နေ၊ မလှုပ်နဲ့" ဟု အော်လိုက်သည်။
ဆွေ့လီအာလည်း ကြောင်အမ်းအမ်းဖြစ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
"အိုး..."
ထိုအခိုက်အတန့်တွင် ချန်လင်းသည် သားရဲကြီး၏ အထက် ကောင်းကင်ယံသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ သူသည် သားရဲကြီးကို သတ်ရန် ပြင်ရင်း ဆွေ့လီအာကို လှမ်းကြည့်ကာ သက်ပြင်းချလိုက်မိသည်။
"ငါကပဲ အိပ်ငိုက်နေတာလား" ဟု ရေရွတ်ကာ သူ၏ အေးစက်သော မျက်လုံးများက သားရဲကြီးဆီသို့ ရောက်ရှိသွားသည်။
"မင်းပဲ ငါ့ကို အိပ်ချင်ပြေအောင် လုပ်ပေးလိုက်တော့..."
***