“စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းရဲ့ သူတော်စင်မတစ်ယောက်အနေနဲ့ ညီမနင်ယုက ကျင့်ကြံခြင်းရော ပါရမီမှာပါ တော်တော်လေး ထူးချွန်ပါတယ်...”
ချူခွမ်းရန်က လွတ်နေသော မြင်းတစ်ကောင်ကဲ့သို့ လွင့်ပါးနေသည့် သူ့စိတ်ကို ရပ်တန့်လိုက်ပြီး ပြန်ဖြေလိုက်၏။
“အဲဒါ ငါ မေးချင်တာ မဟုတ်ဘူးဆိုတာ မင်း သိပါတယ်...”
သခင်မလန်ယွဲ့က ပေါ့ပါးစွာ ပြောလိုက်သည်။
“အမ်... အစ်မလန်ယွဲ့ ဘာမေးချင်တာလဲ ဆိုတာ ကျုပ် နားမလည်ဘူးလို့ ထင်တယ်...”
ချူခွမ်းရန်က ဇဝေဇဝါ ဟန်ဆောင်လိုက်၏။
သူ ဘယ်သူ့ကို နောက်နေတာလဲ... သူ ဘာဆိုလိုတာလဲဆိုတာ သိတာပေါ့။
သခင်မလန်ယွဲ့က သူ့ကို အချစ်ဇာတ်လမ်းတစ်ခု ရှိလာအောင် သွေးဆောင်တာမျိုးတော့ လုံးဝ အဖြစ်ခံမည်မဟုတ်ပေ။
“ငါ ပွင့်ပွင့်လင်းလင်းပဲ ပြောပါမယ်... နင်ယု မင်းကို ချစ်မိသွားအောင် လုပ်ပေးဖို့ မျှော်လင့်တယ်...”
“အဟမ်း... အစ်မလန်... ငြင်းပယ်တာကို ခွင့်လွှတ်ပါ... ဆက်ဆံရေးဆိုတာ ဘယ်တော့မှ အတင်းအကျပ် မဖြစ်သင့်ဘူး... ပြီးတော့ ကျုပ်မှာ ညီမနင်ယုအတွက် ဘာခံစားချက်မှ မရှိပါဘူး...”
“မင်းမှာ သူ့အတွက် ခံစားချက်ရှိလားမရှိလားဆိုတာ အရေးမကြီးပါဘူး... အရေးကြီးတာက နင်ယုက်ု အဲဒီလို ခံစားရဖို့ ခွင့်ပြုပေးလိုက်တာပဲ...”
ချူခွမ်းရန် ပို၍ပင် ဇဝေဇဝါ ဖြစ်သွား၏။
“အစ်မလန်... ညီမနင်ယုကို ဖြားယောင်းခိုင်းနေတာလား... အဲဒါက ကျုပ်ကို... ကောင်မလေးတွေကို ကစားတတ်တဲ့သူ ဖြစ်မသွားစေဘူးလား...”
“အဲဒီသဘောပါပဲ...”
သခင်မလန်ယွဲ့က မေးစေ့ကို ပွတ်ရင်း ပြန်ဖြေလိုက်သည်။
ချူခွမ်းရန်က ဆွံ့အသွား၏။
*ဒီဆရာနဲ့ တပည့်ကြားမှာ မုန်းတီးမှုတွေ ဘယ်လောက်တောင် ရှိနေတာလဲ…*
*နေပါဦး... အဲဒါ မဖြစ်နိုင်ဘူး... တစ်ယောက်အတွက်တစ်ယောက် ပေးဆပ်ပြီး ဒုက္ခခံနိုင်တာကြည့်ရင် သူတို့ ဆက်ဆံရေးက တော်တော်လေး ကောင်းပုံရတယ်... ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြောင်းလဲသွားတာလဲ…*
*မိန်းမတွေက စိတ်ပြောင်းလွယ်တဲ့ သတ္တဝါတွေလို့ ပြောကြပေမဲ့ ဒီပြောင်းလဲမှုက သိပ်ကို ရုတ်တရက် ဆန်လွန်းတယ်…*
“အထင်မလွဲပါနဲ့... မင်းကို ဒီလို လုပ်ခိုင်းရတဲ့ အကြောင်းရင်းက နင်ယုကို မင်းအပေါ် ချစ်မိသွားစေပြီး နောက်ပိုင်းကျရင် မေ့ပစ်လိုက်စေခြင်းအားဖြင့် သူ့ရဲ့ ကျင့်ကြံခြင်းကို ကူညီဖို့ပါ... ဒါဆိုရင် သူ့ရဲ့တည်ငြိမ်သောစိတ်ခံစားချက်တာအို ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်သွားလိမ့်မယ်...”
သခင်မလန်ယွဲ့က ရှင်းပြလိုက်၏။
ထိုအခါမှသာ ချူခွမ်းရန်က သူ့ကို တစ်ခြားလူ တစ်ယောက်အတွက် ကိရိယာအဖြစ် အသုံးပြုရန် တောင်းဆိုနေကြောင်း သဘောပေါက်သွားသည်။
“သူ ကျုပ်ကို ချစ်မိသွားပြီး မမေ့နိုင်ရင်ကော ဘယ်လိုလုပ်မလဲ...”
“အဲဒါအတွက် မပူပါနဲ့... အဲဒါ ဖြစ်လာရင် ငါ့တာဝန်ထားလိုက်ပါ...”
ချူခွမ်းရန်က ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းခါလိုက်၏။
“တောင်းပန်ပါတယ်... ကျုပ် အဲလိုမျိုး တကယ် မလုပ်နိုင်ပါဘူး...”
မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်နဲ့ ကစားပြီး သူ့အပေါ် ခံစားချက် မရှိပါဘဲနဲ့ ချစ်မိသွားအောင် လုပ်ခိုင်းတာမျိုးကို ချူခွမ်းရန် ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူး။
“ကျွတ် ကျွတ်...မောင်လေးချူကို ငါ အကဲခတ် မမှားခဲ့ဘူးပဲ... မင်း ငြင်းလိုက်တာက မင်းရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို သက်သေပြနေတာပဲ။ ဆိုလိုတာက နင်ယုက လူမှန်ကို ရွေးချယ်မိတယ်ပေါ့...”
သခင်မလန်ယွဲ့က ချူခွမ်းရန်ကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဒါဆို ကျုပ် သဘောတူရင်ကော ဘယ်လိုဖြစ်မလဲ...”
“အဲဒါဆို ပိုတောင်ကောင်းသေးတယ်။ ဘာလို့လဲဆိုတော့ မင်းကို စိတ်ပူစရာမလိုဘဲ ကိရိယာအဖြစ်သုံးလို့ရပြီလေ...”
ချူခွမ်းရန်က ဘာပြောရမှန်း မသိတော့ပေ။
ထို့နောက် သူက ခေါင်းခါ၍ မေးလိုက်၏။
“ဓားတာအိုသခင်က ညီမနင်ယုကို သိပ်သဘောကျတယ်လို့ ကြားတယ်... သူ့ကို အစား ကူညီခိုင်းလိုက်ပါလား...”
“သူလား... အဲဒီလူမှာ မင်းမှာရှိတာရဲ့ တစ်ဝက်လောက်သာရှိရင် နင်ယုရဲ့တည်ငြိမ်သောစိတ်ခံစားချက်တာအိုက အခုလောက်ဆို ပြီးပြည့်စုံနေလောက်ပြီ...”
သခင်မလန်ယွဲ့က နှုတ်ခမ်းမဲ့လိုက်သည်။
အခြားတစ်ဖက် ဓားမျိုးနွယ်စု၌ ဓားတာအိုသခင်သည် အကြောင်းရင်းမရှိဘဲ ရုတ်တရက် နှာချေလိုက်ရာ ဇဝေဇဝါ ဖြစ်သွားရ၏။
ဒီလောက် မြင့်မားတဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ အအေးမိနိုင်သေးတာလား...
စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းသို့ ပြန်လာရလျှင် သခင်မလန်ယွဲ့က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ဒီလိုကိစ္စမျိုးတွေက နှစ်ဖက်စလုံးရဲ့ သဘောတူညီချက် လိုအပ်ပါတယ်... မင်း မလုပ်ချင်ဘူး ဆိုရင်လည်း ငါ အတင်းအကျပ် မခိုင်းပါဘူး။ အခု ငါ မင်းကို ကျမ်းစာလိပ်ငါးခု ပေးပြီးပြီဆိုတော့ မင်းရဲ့ လေ့လာရေးဆောင် အဆင်သင့်ဖြစ်အောင် စီစဉ်ခိုင်းလိုက်မယ်... အေးဆေး လေ့လာပါ မောင်လေးချူ...”
“ဟုတ်ကဲ့... ကျေးဇူးအများကြီး တင်ပါတယ် အစ်မလန်...”
ချူခွမ်းရန်က ခေါင်းညိတ်ပြီးနောက် လှည့်ထွက်သွားလိုက်၏။
သူ့ကျောပြင်ကို ကြည့်ရင်း သခင်မလန်ယွဲ့က ဖျော့တော့စွာ ပြုံးလိုက်သည်။
“အော် မောင်လေးချူရယ်... မင်းက ဘယ်လောက် ဆွဲဆောင်မှု ရှိလဲဆိုတာ မင်းဘာမင်း မသိပါဘူး။ ငါလိုလူတောင် မင်းကို နည်းနည်း သဘောကျစပြုလာပြီ... မင်း ဆန္ဒရှိရှိ မရှိရှိ မင်းမှာ အဲဒီလို ခန့်ညားတဲ့ ရုပ်ရည်နဲ့ ဆွဲဆောင်မှု ရှိနေသရွေ့ နင်ယုက သေချာပေါက် ချစ်မိသွားမှာပါ... အဲဒီအချိန် ရောက်ရင် သူ့ရဲ့တည်ငြိမ်သောစိတ်ခံစားချက်တာအိုက ငါးဆယ်ရာခိုင်နှုန်းကျော် ပြီးမြောက်သွားလိမ့်မယ်...”
ထို့နောက် သခင်မလန်ယွဲ့က လန်နင်ယုကို ခေါ်လိုက်၏။
“ဂါရဝပြုပါတယ် ဆရာ.”
“နင်ယု... ဒီနေ့ မင်းကို ခေါ်လိုက်တာက အဓိက ပြောစရာရှိလို့... မင်း တစ်ယောက်ယောက်ကို ချစ်မိသွားစေချင်တယ်...”
ထိုစကားကို ကြားသောအခါ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ချူခွမ်းရန်၏ ပုံရိပ်က လန်နင်ယု၏ အတွေးထဲတွင် ချက်ချင်း ပေါ်လာသည်။
“ဆရာ... ပြောနေတဲ့သူက ဘယ်သူလဲ...”
“ချူခွမ်းရန်...”
လန်နင်ယု၏ နှလုံးခုန်သံ မြန်သွားပြီး အနည်းငယ် ရှက်သွေးဖြာနေသော အမူအရာက သူ၏ အေးစက်သော မျက်နှာပေါ်တွင် ပေါ်လာ၏။
သခင်မလန်ယွဲ့က ထိုအရာကို မြင်သောအခါ တိတ်တဆိတ် ဝမ်းသာသွားသည်။
*သေချာပြီ... သူ သူ့ကို ကြိုက်နေတာပဲ…*
စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်း၊ လျှို့ဝှက် ကျင့်ကြံခြင်း အခန်းတစ်ခုအတွင်း၌ ဖြစ်၏။
ချူခွမ်းရန်က ကျမ်းစာလိပ်ငါးခုကို တစ်ခုပြီးတစ်ခု ဖွင့်၍ ၎င်းတို့ အတွင်းရှိ အင်ပါယာနည်းစနစ်များကို ထိုးထွင်းသိမြင်ရန် ကြိုးစားလိုက်သည်။
အင်ပါယာနည်းစနစ်များကို ထိုးထွင်းသိမြင်ရာတွင် သူက အလွန် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။ သူ၏ ရယ်စရာကောင်းပြီး ဖော်ပြ၍ မရနိုင်သော ဉာဏ်ပညာဖြင့် ငါးခုစလုံးကို လေ့လာရန် တစ်ရက်ထက် ပိုမကြာလိုက်ပေ။ အကယ်၍ ဤသတင်းသာ ပေါက်ကြားသွားခဲ့လျှင် စိတ်ခံစားချက်ခုနစ်ပါးဂိုဏ်းမှ တပည့်အများအပြားကို တုန်လှုပ်သွားစေလိမ့်မည်။
စိတ်ခံစားချင်ခုနစ်ပါးဂိုဏ်းမှ စွမ်းအားအကြီးဆုံး ကောင်းကင်သမီးတော်ပင်လျှင် အင်ပါယာနည်းစနစ်များကို နားလည်သဘောပေါက်ရန် အနည်းဆုံး နှစ်ဝက်ခန့် အချိန်ယူရသည်။
သို့သော် ချူခွမ်းရန်က အင်ပါယာနည်းစနစ် ငါးခုစလုံးကို တစ်ရက်တည်းဖြင့် အပြည့်အဝ နားလည်သဘောပေါက်ခဲ့သည်လေ။
သူ့နားလည်မှုက အပေါ်ယံအဆင့် မဟုတ်ဘဲ စေ့စပ်သေချာသော ကျွမ်းကျင်ပိုင်နိုင်မှု ဖြစ်သည်။
အကယ်၍ သခင်မလန်ယွဲ့သာ ယခု သူ့ထံ လာလည်ပါက ဤအင်ပါယာနည်းစနစ်များအပေါ် သူ့နားလည်မှုသည် ချူခွမ်းရန်ထက် ပိုကောင်းသည်ဟု ယုံကြည်မှု ရှိချင်မှ ရှိလိမ့်မည်။
“အခု ဒီအင်ပါယာနည်းစနစ်တွေကို ကျွမ်းကျင်သွားပြီဆိုတော့ သစ်သားဓာတ် သွေးကြောအနှစ်သာရနဲ့ အဖြူရောင် ဝိညာဉ်နတ်ဘုရားသစ်သီးကို သန့်စင်ဖို့ အခွင့်အရေး ယူလိုက်တော့မယ်...”
ချူခွမ်းရန်က တွေးလိုက်၏။
ထို့နောက် သူက ရတနာနှစ်ခုကို စိတ်လှုပ်ရှားစွာ ထုတ်လိုက်သည်။
“ဒီသစ်သားဓာတ် သွေးကြောအနှစ်သာရ တစ်စိတ်တစ်ပိုင်းက ငါ့ကျင့်ကြံခြင်းကို အင်ပါယာတစ်ပိုင်းအဆင့်အထိ တိုးမြှင့်ပေးဖို့ လုံလောက်တယ်... ဒီအဖြူရောင် ဝိညာဉ်နတ်ဘုရားသစ်သီးကတော့ ဉာဏ်အလင်းပွင့်တဲ့ အခြေအနေကို ချက်ချင်း ဝင်ရောက်နိုင်စေပြီး တာအိုအပေါ် နားလည်မှုကို တိုးမြင့်ပေးနိုင်တယ်...”
ချူခွမ်းရန်၏ ကျင့်ကြံခြင်းအဆင့်ကို ယခု ပညာရှင်အရှင်သခင်အဆင့်ဟု သတ်မှတ်၍ ရသည်။ တိတိကျကျ ပြောရလျှင် သူ၏ အထွတ်အထိပ် ပညာရှင်အုတ်မြစ်ကြောင့် အထွတ်အထိပ် ပညာရှင်အရှင်သခင် ဟု သတ်မှတ်ရမည်။
သူတင် မဟုတ်ဘဲ တားမြစ်ခံ ကောင်းကင်သားတော်အများစုသည်လည်း ပညာရှင်အရှင်သခင်အဆင့်တွင် ရှိနေကြ၏။
သူတို့၏ အုတ်မြစ်အဆင့်ကို ဘေးဖယ်ထားလိုက်လျှင် သူတို့ကို အင်ပါယာတစ်ပိုင်း တိုက်ခိုက်စွမ်းအား ပေးစွမ်းနိုင်သည့် အရေးအကြီးဆုံး အချက်မှာ သူတို့ ရွေးချယ်ထားသော တာအိုလမ်းစဉ်ပင် ဖြစ်သည်။
သို့သော်လည်း သူတို့၏ ကျင့်ကြံခြင်းအဆင့်က ပညာရှင်နယ်ပယ် အမျိုးအစားအတွင်း၌သာ ရှိနေသေး၏။
အထက်တစ်ဆင့် မြင့်သော အာဏာရှင်အုပ်စိုးသူများအတွက်မူ သူတို့သည် အင်ပါယာတစ်ပိုင်းများ ဖြစ်ကြသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ သူတို့ ကိုယ်ပိုင် တာအိုလမ်းစဉ်သည် သာမန်အင်ပါယာတစ်ပိုင်းများ ရောက်ရှိရန် ခက်ခဲသော အမှတ်တစ်ခုအထိ တိုးတက်နေခြင်း ဖြစ်သည်။
ချူခွမ်းရန်က သစ်သားဓာတ် သွေးကြောအနှစ်သာရကို အရင်စတင် သန့်စင်လိုက်၏။
ဤရတနာသည် ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ပေးသည့်အပြင် သက်တမ်းကို ရှည်စေပြီး ဒဏ်ရာများကိုလည်း ကုသပေးနိုင်စွမ်း ရှိသည်။
၎င်း၏ ကုသနိုင်စွမ်းမှာ အလွန် အစွမ်းထက်သဖြင့် အာဏာရှင်အုပ်စိုးသူတစ်ဦးပင်လျှင် စိတ်ဝင်စားပေလိမ့်မည်။
ချူခွမ်းရန်သည် ယခင်က ၎င်း၏ အစိတ်အပိုင်းအချို့ကို မုရုံရွှယ်နှင့် ရှန်ချင်းရွှယ်တို့အား ခွဲဝေပေးခဲ့ပြီးဖြစ်ရာ ကျန်ရှိနေသည်များကို သန့်စင်လိုက်သည်။
ကုသနိုင်စွမ်းဟုတ်လား...။
သူ့မှာ အင်မော်တယ်ခန္ဓာစွမ်းရည်ရှိပြီးသားဖြစ်ရာ ၎င်း၏ ကုသနိုင်စွမ်းကို ဘာအတွက် လိုအပ်မည်နည်း။
ထို့အပြင် သူ့တွင် နွေဦးလေပြေ ကုသခြင်းနည်းစနစ်ရှိပြီး ၎င်း၏ ကုသခြင်း အာနိသင်မှာ သစ်သားဓာတ် သွေးကြောအနှစ်သာရနှင့် တန်းတူနီးပါး ရှိသည်။ ၎င်းအပြင် သူ့ထိပ်တန်း ဆေးပညာ ကျွမ်းကျင်မှုနှင့် ပေါင်းစပ်လိုက်လျှင် သစ်သားဓာတ်သွေးကြောအနှစ်သာရ မကုသနိုင်သော စိုးရိမ်ရသည့် ဒဏ်ရာကိုပင် ကုသနိုင်ပေသည်။ ထိုအခြေအနေတွင် ဒါကို သိမ်းထားရခြင်းက ဘာအဓိပ္ပာယ် ရှိဦးမည်နည်း။ နေရာလွတ်က အလဟဿ ဖြစ်နေမည် မဟုတ်လော။
ထို့ကြောင့် အားလုံးကို သန့်စင်ရန် ဆုံးဖြတ်လိုက်သည်။
သူက ပါးစပ်ကို ကျယ်ကျယ် ဟလိုက်၏။ ရေတစ်ခွက် သောက်လိုက်သကဲ့သို့ သစ်သားဓာတ်သွေးကြောအနှစ်သာရ အားလုံးကို ခန္ဓာကိုယ်ထဲသို့ မျိုချလိုက်သည်။
တစ်ခဏချင်းပင် သူ၏ စကြဝဠာမီးပေါင်းဖိုခန္ဓာက အသက်ဝင်လာ၏။
ကြောက်မက်ဖွယ် ကောင်းသော စကြဝဠာမီးပေါင်းဖိုခန္ဓာသည် ဝင်ရောက်လာသော စွမ်းအင်အားလုံးကို ဝိညာဉ်စွမ်းအင်အဖြစ် လျင်မြန်စွာ ပြောင်းလဲပေးလိုက်သည်။
သစ်သားဓာတ်သွေးကြောအနှစ်သာရအတွင်း ပါဝင်သော စွမ်းအင်မှာ အလွန် ကြီးမားလှသဖြင့် ထိပ်တန်းအဆင့် အင်ပါယာတစ်ပိုင်းတစ်ဦးပင်လျှင် အားလုံးကို သန့်စင်ရန် အနည်းဆုံး တစ်နှစ်ခန့် လိုအပ်မည် ဖြစ်သည်။
သို့သော် ချူခွမ်းရန်မှာ မတူညီပေ။
သူ၏ စကြဝဠာမီးပေါင်းဖိုခန္ဓာသည် ဤလောကရှိ မည်သည့် ထူးဆန်းသော စွမ်းအင်အမျိုးအစားကိုမဆို လျင်မြန်စွာ သန့်စင်နိုင်စွမ်း ရှိသည်။
ဤသွေးကြောအနှစ်သာရသည် ထိုထူးဆန်းသော စွမ်းအင်များထဲမှ တစ်ခု ဖြစ်သည်။
သာမန်အင်ပါယာတစ်ပိုင်းများ အနည်းဆုံး တစ်နှစ်ခန့် သန့်စင်ရမည့်အရာကို သူက တစ်ရက်တည်းနှင့် အများစုကို သန့်စင်နိုင်ခဲ့၏။
ထိုတစ်ရက်အတွင်း၌ပင် သူ၏ ကျင့်ကြံခြင်းအဆင့်က ပထမအဆင့် ပညာရှင်အရှင်သခင် မှ ဒုတိယအဆင့် ပညာရှင်အရှင်သခင်၊ တတိယအဆင့် ပညာရှင်အရှင်သခင်... သို့ ဆက်လက် တိုးတက်နေခဲ့သည်။
နောက်ဆုံးတွင် သူသည် ပညာရှင်အရှင်သခင် အဆင့်၏ အတားအဆီးကို ကျော်ဖြတ်ပြီး အင်ပါယာတစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိသွား၏။
သို့တိုင်အောင် သူ၏ ကျင့်ကြံခြင်းအဆင့်က ဆက်လက် တိုးတက်နေပြီး အင်ပါယာတစ်ပိုင်းနယ်ပယ်၏ အစိတ်အပိုင်း အတော်များများကို ကျော်ဖြတ်ပြီးမှ ရပ်တန့်သွားသည်။
အင်ပါယာတစ်ပိုင်းနယ်ပယ်ကို ပညာရှင် နယ်ပယ်ကဲ့သို့ အဆင့်များ ခွဲခြားထားခြင်း မရှိပေ။ ထိုအစား ဝိညာဉ်စွမ်းအင် အရည်အသွေးအပေါ် အခြေခံ၍ အနိမ့်၊ အလယ်၊ အမြင့် နှင့် ထိပ်တန်းဟူ၍ အဆင့်လေးဆင့် ခွဲခြားထားသည်။ အင်ပါယာတစ်ပိုင်းများအတွက် အရေးအကြီးဆုံ အချက်မှာ သူတို့၏ ကိုယ်ပိုင် တာအိုလမ်းစဉ်တိုးတက်မှုပင်ဖြစ်၏။
အင်ပါယာတစ်ပိုင်းတစ်ဦး၏ တာအို ပိုမို အားကောင်းလေ သူတို့ နားလည်သဘောပေါက်မှု ပိုမို စေ့စပ်သေချာလေဖြစ်သည်။ ထို့ကြောင့် သူတို့၏ ဝိညာဉ်စွမ်းအင်က ပြိုင်ဘက်ထက် နိမ့်နေလျှင်ပင် အနိုင်ရရန် အခွင့်အရေး ရှိနေသေး၏။
“အင်ပါယာတာအိုကို မရောက်မီ တာအိုခရီးလမ်းကို အဆင့်သုံးဆင့် ခွဲခြားထားတယ်... တာအိုလမ်းစဉ် ရှာဖွေခြင်း၊ တာအိုလမ်းစဉ် ခိုင်မာစေခြင်းနဲ့ တာအိုလမ်းစဉ် အတည်ပြုပြီး အင်ပါယာ ဖြစ်လာခြင်းတို့ပဲ... ဒုတိယအဆင့်ဖြစ်တဲ့ တာအိုလမ်းစဉ် ခိုင်မာစေခြင်းကို အဆင့်ငါးဆင့် ခွဲခြားထားတယ်... ၎င်းတို့က စဦးအဆင့်၊၊ ကျွမ်းကျင်အဆင့်၊ အထွတ်အထိပ်အဆင့်၊ ပြီးပြည့်စုံသောအဆင့် နဲ့ အဆုံးစွန်အဆင့်တို့ ဖြစ်ကြတယ်... အဲဒီအာဏာရှင်အူပ်စိုးသူတွေရဲ့ တာအိုက အနည်းဆုံး ပြီးပြည့်စုံသောအဆင့်မှာ ရှိကြတယ်... တချို့က အဆုံးစွန်အဆင့် ကိုတောင် ရောက်ကောင်း ရောက်နေနိုင်တယ်...”
“အခု ငါ့ကျင့်ကြံခြင်းက အင်ပါယာတစ်ပိုင်း အဆင့်မှာ ရှိနေပြီဆိုတော့ ငါ့ရဲ့အထွတ်အထိပ် ပညာရှင်အုတ်မြစ်အဆင့်နဲ့ ပေါင်းစပ်လိုက်ရင် ထိပ်တန်းဝိညာဉ်စွမ်းအင် အရည်အသွေးရှိတဲ့ အင်ပါယာတစ်ပိုင်းကတောင် ငါ့ကို နိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်တယ်... ငါ့ရဲ့ အင်ပါယာလက်နက်တွေနဲ့ တခြား နည်းစနစ်တွေရဲ့ အကူအညီနဲ့ဆိုရင် တိုက်ပွဲမှာ ပြီးပြည့်စုံသောအဆင့် တာအိုရှိတဲ့ အာဏာရှင်အုပ်စိုးသူတစ်ယောက်ကို အနိုင်ယူနိုင်မယ်လို့ ယုံကြည်တယ်...”
ချူခွမ်းရန်က အနည်းငယ် ပြုံးလိုက်၏။ သူ ယခုများစွာ ပိုမိုစွမ်းအားကြီးလာသည်ဟု ခံစားရသော်လည်း သူ၏ တိုးတက်မှုက မပြီးဆုံးသေးပေ။
သူ့တွင် အဖြူရောင်ဝိညာဉ်နတ်ဘုရားသစ်သီး တစ်လုံး ကျန်နေသေးသည်။
***