ဓားသမာားကူက သူ့ကိုယ်သူ ဓားတစ်လက်အဖြစ် အသုံးပြုခဲ့သော်လည်း ချူခွမ်းရန်က သူ့ကို နှစ်ပိုင်း ပြတ်သွားအောင် ခုတ်ပိုင်းနိုင်ခဲ့သေးသည်။
ဓားကလန်၏ ကျင့်ကြံသူများမှာ ချူခွမ်းရန်၏ လူသားမဆန်သော စွမ်းရည်များကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြပြီး သူ့ကို နတ်ဆိုးတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေကြ၏။
“ဓားသမားကူ...”
အဝေးမရောက်သေးသော နေရာမှ ဓားသမားယင်မှာ ချူခွမ်းရန်၏ လက်ထဲတွင် ဓားသမားကူ အားစိုက်ထုတ်စရာမလိုဘဲ သေဆုံးသွားသည်ကို မြင်တွေ့လိုက်ရသဖြင့် အကြီးအကျယ် ကြေကွဲသွားရသည်။
ထို့နောက် သူက သူ၏ ဓားကို ခုတ်ပိုင်းလိုက်ရာ ဓားသမားမိန်ကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေခဲ့ပြီး ချူခွမ်းရန်ထံ ပြေးဝင်သွားသည့် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။
အလင်းတန်းက နယ်ပယ်ထဲသို့ ပျောက်ကွယ်သွားပြီး ကျပန်းနေရာများတွင် ရံဖန်ရံခါ ပေါ်လာသည်။ ဓားသမားယင်က ခန့်မှန်းရခက်ပြီး လျှို့ဝှက်ဆန်းကြယ်လှ၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် အလင်းတန်းက ချူခွမ်းရန်၏ အရှေ့တည့်တည့်၌ ပြန်ပေါ်လာသည်။
“အဲဒီ မျက်လှည့်ပြကွက်တွေက အကူအညီများဖြစ်ရဲ့လား...”
ချူခွမ်းရန်က ခပ်တိုးတိုး ပြောလိုက်ရင်း သူ၏ လက်ထဲမှ ကောင်းကင်သက်ဆင်းဓား ကို လွှဲခုတ်လိုက်ရာ ဓားသမားယင်၏ အပေါ်သို့ တိကျသော တိုက်ခိုက်မှု တစ်ခု ကျရောက်သွား၏။
၎င်းကို ပေါ့ပေါ့ပါးပါး ထုတ်လွှတ်လိုက်ပုံ ရသော်လည်း ချူခွမ်းရန်၏ တိုက်ခိုက်မှုက ဓားသမားယင်၏ လှုပ်ရှားမှုကို ရှိသင့်သည့် နေရာတွင် တိကျစွာ သော့ခတ်ထားလိုက်သည်။ ဓားသမားယင်က သူ၏ နည်းစနစ်များကို အသုံးပြု၍ ပြန်လည် တိုက်ခိုက်ရန် လမ်းစမရှိတော့ပေ။
သူ၏ ဓားထွက်လာသည်နှင့် ဓားချီက ဓားသမားယင်ကို နေရာမှာတင် သေဆုံးသွားအောင် ဆုတ်ဖြဲပစ်လိုက်တော့၏။
သူ၏ သေဆုံးပုံက ဓားသမားကူနှင့် ဆင်တူလှသည်။
ဂလု...
ကျင့်ကြံသူများမှာ မယုံနိုင်အောင် ဖြစ်နေကြ၏။
ဓားသမားကူနှင့် ဓားသမားယင်တို့က သူတို့ထဲတွင် အသန်မာဆုံး ဖြစ်ကြသည်။ သို့သော်လည်း ချူခွမ်းရန်က သူတို့ နှစ်ယောက်စလုံးကို ဓားတစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ခဲ့၏။ သူတို့က သူ့အတွက် မည်သည့် ခြိမ်းခြောက်မှုမျှ မဖြစ်စေခဲ့ပေ။
ချူခွမ်းရန်က တားဆီး၍ မရနိုင်လောက်အောင် ဖြစ်နေသည်။
“ငါတို့ သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး... သူက အရမ်း သန်မာလွန်းတယ်...”
“ကျစ်... သူက အရှင်သခင်အဆင့် မဖြစ်နိုင်စရာ အကြောင်းမရှိဘူး... ဒီခွေးကောင်က အရမ်း အင်အားကြီးလွန်းတယ်...”
ချူခွမ်းရန်က ကျင့်ကြံသူများ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များအောက်တွင် နန်းတော်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်၏။
ထိုစဉ်မှာပင် ချူခွမ်းရန်က သူ၏ ပတ်ဝန်းကျင်မှ ထူးဆန်းသော ရုတ်ရုတ်သဲသဲ ဖြစ်မှုကို ခံစားလိုက်ရသည်။
ပြန့်ကျဲနေသော ဓားရာများက အင်အားကြီးမားသော ဓားအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာပြီး ချူခွမ်းရန်ကို နေရာတွင် ရပ်တန့်သွားစေ၏။
“အင်အားကြီးမားလိုက်တဲ့ စွမ်းအင်ပဲ... အိုး... ဓားတာအိုသခင်... မင်း ငါ့အတွက် ဘယ်လို အံ့သြစရာတွေ ယူလာပေးတာလဲ...”
ချူခွမ်းရန်က နန်းတော်ထဲသို့ စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်လိုက်သည်။
ခမ်းနားထည်ဝါသော ဓားအလင်းတန်း တစ်ခုက နန်းတော်ထဲမှ ပစ်ထွက်လာပြီး ကြီးကျယ်ခမ်းနားသော ဓားချီတိုင်တစ်ခု အဖြစ် ပြောင်းလဲသွား၏။
နန်းတော်ထဲမှ ရွှေရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုက ဖြည်းညင်းစွာ လျှောက်ထွက်လာသည်။
သူ၏ တစ်ကိုယ်လုံးကို ထူထဲ၍ ခိုင်မာသော ဓားချီများဖြင့် ရေချိုးထားသကဲ့သို့ ဖြစ်နေပြီး သူက မြင့်မြတ်သောဓားနတ်ဘုရား တစ်ပါးနှင့် တူနေ၏။ သူ၏ လက်ထဲတွင် မြစိမ်းရောင် ရှေးဟောင်းဓားရှည်တစ်လက် ရှိနေသည်။ ၎င်းက ကွယ်လွန်သူ ဓားအင်ပါယာ ချင်းရွှယ် အသုံးပြုခဲ့သော အင်ပါယာလက်နက်ဖြစ်သည့် ချင်းရွှယ်နတ်ဘုရားဓား ဟု လူသိများ၏။
ထိုသူက အခြားသူ မဟုတ်ဘဲ ဓားအင်ပါယာ၏ အမွေအနှစ် ထက်ဝက်ကျော်ကို သန့်စင်ပြီး စုပ်ယူခဲ့သော ဓားတာအိုသခင်ပင် ဖြစ်သည်။
“ချူခွမ်းရန်... မင်း ဒီနေရာကို ဘယ်လို ရောက်လာလဲဆိုတာ ငါ ဂရုမစိုက်ဘူး... ဒါပေမဲ့ ဒီနေ့တော့ ဒီနေရာမှာတင် မင်း သေရမယ်...”
ဓားတာအိုသခင်က အောင်ပွဲခံသည့်ဟန်ဖြင့် ပြောလိုက်၏။
သူက သူ၏ နတ်ဘုရားဓားကို ညင်သာစွာ လွှဲယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ ဓားရာများကို ပြန်လည် အသက်ဝင်လာစေပြီး ကောင်းကင်ယံသို့ တစ်ဟုန်ထိုး ထွက်ပေါ်လာစေသည်။
၎င်းက ဓားအင်ပါယာ၏ တာအိုပင်ဖြစ်၏။
ဓားအင်ပါယာ၏ အမွေအနှစ်ကို သန့်စင်ပြီးနောက် ဓားတာအိုသခင်က ထိုဓားရာများထဲတွင် ထည့်သွင်းထားသော ဓားအင်ပါယာ၏ တာအိုကို ထိန်းချုပ်ရန် သင်ယူတတ်မြောက်သွားခဲ့သည်။
“ဓားအင်ပါယာ ချင်းရွှယ်ရဲ့ ဒေါသကို ခံစားကြည့်စမ်း...”
ဓားတာအိုသခင်က ချင်းရွှယ်နတ်ဘုရားဓားကို မြှောက်လိုက်ပြီး ပတ်ဝန်းကျင်ရှိ ဓားအင်ပါယာ၏ တာအိုကို သူ၏ ဘေးသို့ ခေါ်ဆောင်ကာ ဧရာမ အစိမ်းရောင်ဓားအရိပ်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်၏။ အဆုံးအစမရှိသော အင်ပါယာ၏ အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး တစ်ချိန်က ဓားအင်ပါယာ ရင်ဘတ်ထဲတွင် ကိန်းအောင်းနေခဲ့သော လွှမ်းမိုးနိုင်စွမ်းရှိသည့် မုန်းတီးမှုနှင့် တွန့်ဆုတ်မှုတို့ဖြင့် ပွက်ပွက်ဆူနေသည်။
ဓားတာအိုသခင်၏ ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ စိတ်ဝိညာဉ်စွမ်းအင်များ တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး ဓားအင်ပါယာ၏ တာအိုနှင့် ပေါင်းစပ်သွား၏။ ထို့ကြောင့် ဓားအရိပ်က ချူခွမ်းရန်ထံ မကျရောက်မီ ပို၍ပင် ကြီးကျယ်ခမ်းနားလာသည်။
သို့သော်လည်း ဓားအရိပ် မြေပြင်ပေါ်သို့ မရောက်မီမှာပင် ကြမ်းတမ်းသော တိုင်ဖွန်းမုန်တိုင်း တစ်ခု တိုက်ခတ်လာ၏။
ကျန့်ချန်ဖုန်းက ချူခွမ်းရန်၏ ဝတ်ရုံကို ဖမ်းဆုပ်ထားပြီး သူ၏ ရုပ်သေးရုပ် ခန္ဓာကိုယ်လေးက လေထဲတွင် ယိမ်းယိုင်နေသည်။ ဓားသမားမိန်မှာလည်း သူမကိုယ်သူမ တည်ငြိမ်စေရန် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်ယူသုံးစွဲရန် ဖိအားပေးခံလိုက်ရ၏။
သို့သော်လည်း ချူခွမ်းရန်က ခြေတစ်လှမ်းမျှ နောက်မဆုတ်ခဲ့ပေ။ သူက မည်သည့် ကြောက်ရွံ့မှု လက္ခဏာမျှမပြဘဲ သူ၏ ချောမောသော အမူအရာကို ထိန်းသိမ်းထား၏။
“ဓားအင်ပါယာရဲ့ တာအိုလား... ကောင်းပြီလေ... ဒါဆိုရင်လည်း ငါကိုယ်တိုင်ပဲ ယူလိုက်မယ်...”
ချူခွမ်းရန်က သူ၏ လက်ထဲမှ ကောင်းကင်သက်ဆင်းကို လွှဲခုတ်လိုက်ပြီး ကြီးကျယ်ခမ်းနား၍ မျက်စိကျိန်းမတတ် တောက်ပသော ခရမ်းရောင် ဓားအလင်းတန်း တစ်ခုကို ဟင်းလင်းပြင်ထဲသို့ ထုတ်လွှတ်လိုက်သည်။
ဤလှုပ်ရှားမှုတွင် ချူခွမ်းရန်၏ ပြိုင်ဘက်ကင်းတာအို ပါဝင်နေ၏။
ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ဓားဆွဲထုတ်ခြင်းနည်းစနစ်နှင့် ပေါင်းစပ်လိုက်သောအခါ ၎င်းက ပြိုင်ဘက်ကင်း ဓားနည်းစနစ် တစ်ခု ဖြစ်လာသည်။
ခရမ်းရောင် ဓားအလင်းတန်းက အစိမ်းရောင် ဓားအရိပ်နှင့် ဝင်တိုက်မိသည်နှင့် တစ်ပြိုင်နက် ရိုက်ခတ်မှုကြောင့် ပတ်ဝန်းကျင်ရှိ အဆောက်အအုံများ ပြိုကျပျက်စီးသွားတော့၏။
ဓားကလန်၏ ကျင့်ကြံသူများမှာ ရိုက်ခတ်မှုကြောင့် အဝေးသို့ လွင့်စင်သွားကြသည်။
ရှေ့ဆုံးတွင် ရှိနေသော ချူခွမ်းရန်နှင့် ဓားတာအိုသခင်တို့က အကြီးမားဆုံးသော ထိခိုက်ပျက်စီးမှုကို ခံစားလိုက်ရ၏။
သူ၏ လွှမ်းမိုးနိုင်စွမ်းရှိသော အထွတ်အထိပ်သူတော်စင်ခန္ဓာကြောင့် ချူခွမ်းရန်က ပေါက်ကွဲမှုလှိုင်းကို မကြောက်ရွံ့ပေ။ ဓားတာအိုသခင်မှာမူ သူ၏ နှုတ်ခမ်းထောင့်များမှ သွေးများ ထွက်လာသည်အထိ ခြေလှမ်းအတော်များများ နောက်ဆုတ်သွားရ၏။
ဓားချီများ ပျောက်ကွယ်သွားသောအခါ ချူခွမ်းရန်က သူ၏ တိုက်ခိုက်ရေး ဟန်ပန်ဖြင့် ရှိနေဆဲ ဖြစ်ကြောင်း ကျင့်ကြံသူများက သတိပြုမိလိုက်ကြသည်။ သူ၏ ဝတ်ရုံဖြူက အသစ်အတိုင်း ကောင်းမွန်နေဆဲ ဖြစ်၏။
တစ်ချိန်တည်းမှာပင် ဓားကလန်အဖွဲ့ဝင် အများစုမှာ မြေပြင်ပေါ်သို့ လဲကျသွားပြီး ပြင်းထန်သော ဒဏ်ရာများကို ခံစားနေကြရသည်။ ဓားတာအိုသခင်ပင်လျှင် မြေပြင်ပေါ်တွင် ဒူးထောက်လျက် သူ့ကိုယ်သူ မနည်း ထိန်းထားရ၏။
“မင်း နောက်နေတာပဲ ဖြစ်ရမယ်... ဓားအင်ပါယာရဲ့ တာအိုတောင်မှ သူ့ကို ဘာအန္တရာယ်မှ မပေးနိုင်ဘူးလား...”
“သူက ဘယ်လိုလုပ် ဒီလောက် သန်မာနေရတာလဲ...”
ဓားကလန် အဖွဲ့ဝင်များမှာ ချူခွမ်းရန်ကြောင့် အရှက်ရသွားကြသည်။
ကျန့်ချန်ဖုန်းနှင့် ဓားသမားမိန်တို့က ချူခွမ်းရန်ကို အနောက်မှ စိုက်ကြည့်နေရင်း ကြောက်ရွံ့မှုနှင့် လေးစား အားကျမှုတို့မှလွဲ၍ အခြားမည်သည့်အရာမျှ မရှိကြပေ။
“ဓားအင်ပါယာရဲ့ တာအိုက တကယ်ကို ထူးခြားပြောင်မြောက်လှပါတယ်... ဒါပေမဲ့ အချိန်ကာလတွေ ကြာညောင်းလာတာနဲ့အမျှ ဓားရာတွေထဲက တာအိုကို အားနည်းသွားစေတယ်... ဒါ့အပြင် မင်းက ဓားအင်ပါယာ မဟုတ်ဘူးလေ...”
ချူခွမ်းရန်က ဓားတာအိုသခင်ကို တည်ငြိမ်စွာ ပြောလိုက်၏။
ဓားအင်ပါယာ ချန်ရစ်ခဲ့သော ဓားရာများက အထူးခြားဆုံး ဖြစ်သော်လည်း ၎င်း၏ စွမ်းအင်များက ဖြတ်သန်းသွားသော ရေတွက်၍မရနိုင်သည့် နှစ်ကာလများကြောင့် ပြင်းထန်စွာ ထိခိုက်ပျက်စီးနေခဲ့ပြီ ဖြစ်သည်။ ဓားတာအိုသခင်က ချင်းရွှယ်နတ်ဘုရားဓားနှင့် ဝင်ပေါက်ကိုးခု ဓားနှလုံးသားခန္ဓာကို အသုံးပြု၍သာ တာအိုကို ပြန်လည် အသက်ဝင်လာစေနိုင်ခြင်းဖြစ်၏။ သို့သော်လည်း သူက ဓားအင်ပါယာ မဟုတ်သဖြင့် ဓားရာများမှ သူ ထုတ်ယူနိုင်သည့် စွမ်းအင် ပမာဏမှာ ကန့်သတ်ချက် ရှိနေသည်။
“သွားကြစို့...”
ဓားအင်ပါယာ၏ တာအိုနှင့်ပင် ချူခွမ်းရန်ကို အနိုင်မယူနိုင်ကြောင်း သဘောပေါက်ပြီးနောက် ဓားတာအိုသခင်က ချက်ချင်း ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။
ဓားတာအိုသခင်က ဓားအင်ပါယာ၏ အမွေအနှစ်ကို ရရှိခဲ့သော်လည်း ၎င်းကို အပြည့်အဝ သန့်စင်ရခြင်း မရှိသေးပေ။ ထိုအချိန်အထိ သူက ချူခွမ်းရန်ကို ယှဉ်နိုင်မည့် ပြိုင်ဘက် မဟုတ်သေးချေ။
ယခု သူ လိုအပ်နေသည်မှာ ဤဓားအင်ပါယာ၏ အမွေအနှစ်ကို အပြည့်အဝ လုပ်ဆောင်ရန် နေရာတစ်ခု ဖြစ်သည်။ ဓားသင်္ကေတများကို သန့်စင်ပြီးမှသာ ဓားတာအိုသခင်က ချူခွမ်းရန်ကို ရင်ဆိုင်ရာတွင် ပို၍ ယုံကြည်မှု ရှိလာမည် ဖြစ်၏။
“မင်း ဘယ်သွားမယ်လို့ ထင်နေတာလဲ...”
ချူခွမ်းရန်က ဟင်းလင်းပြင်ဖြတ်သန်းခြင်းနည်းစနစ်ကို အသက်သွင်းလိုက်ပြီး ဓားတာအိုသခင်၏ အရှေ့သို့ ရောက်ရှိသွားသည်။
“ဓားရဲ့ လေနဲ့ မြေ...”
ဓားတာအိုသခင်က ညည်းတွားလိုက်ပြီး မျက်စိကျိန်းမတတ် တောက်ပသော အလင်းတန်းနှစ်ခုကို ထုတ်လွှတ်လိုက်၏။
အစိမ်းနှင့် အဝါရောင်အလင်းလုံးတစ်ခုက သူ၏ ခန္ဓာကိုယ်မှ မြောလွင့်လာပြီး ကွဲပြားသော ဓားအလင်းတန်းနှစ်ခု အဖြစ် ပြောင်းလဲကာ ချူခွမ်းရန်ထံ ပြေးဝင်သွားသည်။
၎င်းတို့အနက်မှ တစ်ခုက လေ၏ ဖျက်ဆီးနိုင်စွမ်းရှိသော အင်အားဖြင့် ပေါင်းစပ်ထားပြီး အခြားတစ်ခုကမူ ဤကမ္ဘာလောကရှိ တောင်တန်းများနှင့် မြစ်များ အားလုံး၏ အလေးချိန်ကို သယ်ဆောင်ထားသကဲ့သို့ အကန့်အသတ်မရှိ သိပ်သည်းနေ၏။
၎င်းတို့က လေဓားသင်္ကေတနှင့် မြေဓားသင်္ကေတများ ဖြစ်ကြသည်။
“အို... အဲဒါတွေက မင်းရှာတွေ့ထားတဲ့ ရတနာတွေလား...”
ချူခွမ်းရန်က ပေါ့ပေါ့ပါးပါး မေးလိုက်ရင်း သူ၏ ဓားကို ရှေ့သို့ လွှဲခုတ်လိုက်ကာ ဓားအလင်းတန်းနှစ်ခုကို တွန်းလှန်လိုက်ပြီး သူ၏ ခြေလှမ်းများကို ထိန်းသိမ်းထား၏။
“ကျစ်... ဒီအတိုင်းသာ ဆက်သွားနေရင် ငါ လုံးဝ ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး...”
ဓားတာအိုသခင်၏ မျက်နှာက မှုန်ကုပ်သွားသည်။
ထို့ကြောင့် သူက ဓားအင်ပါယာ၏ အလောင်းမှ ရယူခဲ့သော မီးနှင့် ရေ ဓားသင်္ကေတများကို ထုတ်ယူလိုက်၏။
ဓားသင်္ကေတများက သန့်စင်ရခြင်း မရှိသေးသော်လည်း သူ၏ ဝင်ပေါက်ကိုးခု ဓားနှလုံးသားခန္ဓာကို အသုံးပြု၍ ကြီးမားသော စွမ်းအင် ပမာဏကို ထုတ်ယူနိုင်သေးသည်။
ဓားတာအိုသခင်က ညည်းတွားလိုက်ပြီး သူ၏ တာအိုရုပ်ပိုင်းဆိုင်ရာ အသွင်ပြောင်းခြင်းကို အသက်သွင်းလိုက်၏။ သူ၏ အထက်တွင် ကောင်းကင်ဘုံဓားက မီးနှင့် ရေ ဓားသင်္ကေတများကို ထင်ဟပ်နေသည်။ ၎င်းက လေနှင့် မြေ ဓားသင်္ကေတများနှင့် ပဲ့တင်ထပ်သွားသောအခါ ကောင်းကင်ဘုံဓားက လှည့်ပတ်သွားပြီး လျှို့ဝှက်ဆန်းကြယ်ဒြပ်စင်လေးပါး၏ အဆုံးအစမရှိသော အင်အားကို ချူခွမ်းရန် အပေါ်သို့ ထုတ်လွှတ်လိုက်သည်။
“အခု ငါ မြင်ပြီ... ကောင်းပြီလေ... ဒီဓားသင်္ကေတတွေကို ငါ့အတွက် ဝမ်းသာအားရ ယူလိုက်မယ်...”
ချူခွမ်းရန်၏ မျက်လုံးများက တောက်ပသွားပြီး မြစိမ်းရောင်နတ်ဘုရားဓားသေတ္တာကို ထုတ်ယူလိုက်၏။ ထိုနေရာမှ ရာသီလေးပါး ဓားအစီအရင်ကို ဖွဲ့စည်းရန် ဓားရှည် နှစ်ဆယ့်လေးလက်ကို သူ ထုတ်ယူလိုက်သည်။
ဓားအစီအရင်နှင့် ဓားသင်္ကေတတို့ ရင်ဆိုင်မိသွားသောအခါ ရာသီလေးပါးနှင့် လျှို့ဝှက်ဆန်းကြယ်ဒြပ်စင်လေးပါး တို့မှ စွမ်းအင်များ ဖြတ်တောက်မှုက ကြီးကျယ်ခမ်းနားသော အရောင်အသွေးစုံလင်သည့် မြင်ကွင်းတစ်ခု အဖြစ် ပေါက်ကွဲထွက်သွားတော့၏။
***