“အဲ့ဒီဂိုဏ်းတွေ အားလုံးက ကျောက်မိသားစု ဘာတွေးနေလဲ ဆိုတာကို သိကြတယ်...”
“ကျောက်မိသားစု ကလည်း အဲ့ဒီဖြောင့်မတ်တဲ့ ဂိုဏ်းတွေ ဘာတွေးနေလဲ ဆိုတာကို သတိထားမိတယ်...”
“ငါတို့ ကျောက်မိသားစု အပေါ် အရေးယူမှု မလုပ်ရသေးတဲ့ အကြောင်းရင်းက နာမည်ကောင်းရှိပြီး ဖြောင့်မတ်တဲ့ ဂိုဏ်းတစ်ခု အဖြစ် သူတို့ရဲ့ ဂုဏ်သတင်းကို စိုးရိမ်နေလို့ပဲ...”
“ဒါပေမဲ့ သွေးသဲကန္တာရ ထဲကို ဝင်သွားတာနဲ့ ကိစ္စတွေက ရှုပ်ထွေးသွားနိုင်တယ်...”
“တကယ်လို့ သူတို့မှာ အသိတရားလေး ကျန်သေးရင် လူကိုပဲ ခေါ်သွားလောက်ပေမဲ့ အရာအားလုံး အဆင်ပြေချောမွေ့ဖို့အတွက် အကြမ်းဖက်တဲ့ နည်းလမ်းတွေကို အသုံးပြုလာမှာကို ငါ စိုးရိမ်တယ်...”
လျူချီရီ ၏ စကားများကို နားထောင်ပြီးနောက် ချန်လော့မှာ နက်ရှိုင်းစွာ တွေးတောနေမိသည်။
ထို့ကြောင့် ဤခရီးစဉ်သည် အတော်လေး အန္တရာယ်များပုံ ရသည်။
သို့သော် အကယ်၍ သူတို့သည် ကျောက်မိသားစု ၏ အဖွဲ့နှင့် အတူ မထွက်ခွာပါက အခြား ကုန်သွယ်ရေး ယာဉ်တန်းကို စောင့်ဆိုင်းရမည် သို့မဟုတ် သွေးသဲကန္တာရ ကို တစ်ယောက်တည်း ဖြတ်ကျော်ရမည် ဖြစ်၏။
သို့သော် နောက်ထပ် ကုန်သွယ်ရေး ယာဉ်တန်းသည် ဘယ်တော့ ရောက်လာမည်ကို မည်သူ သိနိုင်မည်နည်း။ အကယ်၍ တစ်ယောက်တည်း ထွက်သွားမည် ဆိုပါက အန္တရာယ်သည် ပို၍ပင် ကြီးမားနိုင်ဖွယ် ရှိသည်။
တစ်ခဏမျှ စဉ်းစားပြီးနောက် ချန်လော့က ပြုံးလိုက်၏။
“စိတ်မပူပါနဲ့ ဖြောင့်မတ်တဲ့ လမ်းစဉ် သက်သက်ပဲလေ ၊ ဘာတွေ ကြီးကျယ်နေလို့လဲ...”
“ငါက သွေးသဲကန္တာရ ကို သွားဖို့တောင် ရဲနေပြီပဲ သူတို့ကို ဘာလို့ ကြောက်နေရမှာလဲ...”
“ပြီးတော့ ငါ မနိုင်ရင်တောင် ထွက်ပြေးလို့ ရတာပဲ...”
ချန်လော့၏ စကားများကို ကြားပြီးနောက် လျူချီရီ မှာ မအောင့်နိုင်ဘဲ ရယ်မောလိုက်တော့သည်။
နောက်ထပ် နာရီဝက်ခန့် အရက်သောက်ပြီးနောက် လျူချီရီ သည် မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် လဲကျသွားပြန်၏။
ဤတစ်ခေါက်တွင် စားပွဲထိုးသည် ချန်လော့ကို ဖော်ရွေသော အကြည့်ဖြင့် မကြည့်တော့ချေ။
ချန်လော့သည် အိတ်ကပ်ထဲမှ ငွေစများကို အားနာနာဖြင့် ထုတ်ယူကာ အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
တကယ်တော့ သူ၏ ကိုယ်ရည်ကိုယ်သွေးအရ ဆိုလျှင် အရက်ဖိုး ပေးရန် မလိုအပ်ခဲ့ပေ။
မည်သို့ပင်ဆိုစကောမူ၊ သူသည် လျူချီရီ ကို မူးအောင် တိုက်ခဲ့ပြီးဖြစ်ရာ၊ သူ့ အနေဖြင့် ထွက်ပြေးသွားပြီး လျူချီရီ နိုးလာသောအခါမှသာ စားပွဲထိုး၏ ငွေတောင်းခံမှုများကို ရင်ဆိုင်ရန် ချန်ထားခဲ့သင့်သည်။
သို့သော် အခြားသူ တစ်ယောက်၏ အမိုးအောက်သို့ ရောက်နေချိန်တွင် သင့်အနေဖြင့် ခေါင်းငုံ့ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။
ကုန်သွယ်ရေး ယာဉ်တန်းထဲသို့ ဝင်ရန် လျူချီရီ ၏ ထောက်ခံချက်ကို သူ လိုအပ်နေသည်။ ထို့ကြောင့် သူ့အနေဖြင့် ဤကဲ့သို့ တိရစ္ဆာန်ဆန်သော အပြုအမူမျိုးကို လုပ်လို့မဖြစ်ချေ။
“အမြတ်လေးတွေအတွက် အမြတ်ကြီးကို အဆုံးရှုံး မခံနိုင်ဘူး...”
ထိုသို့ ပြောလိုက်ရင်း သူသည် သွားကြိတ်ကာ အရက်ဖိုး ရှင်းလိုက်၏။
တစ်ခါတစ်ရံတွင် လူတစ်ယောက်၏ ကြင်နာမှုနှင့် ဖြောင့်မတ်မှု ဆိုသည်မှာ သူတို့၏ စစ်မှန်သော သဘာဝကြောင့် မဟုတ်ဘဲ ပိုမို ကြီးမားပြီး ပိုမို များပြားသော အရာတစ်ခုကို ရှာဖွေနေခြင်းကြောင့် ဖြစ်လေသည်။
…
နောက်တစ်နေ့ နံနက်။
ချန်လော့သည် ကျောက်မိသားစု ၏ အိမ်တော်သို့ မနက်စောစော ရောက်ရှိလာခဲ့သည်။
လျူချီရီ ၏ စီစဉ်ပေးမှုများကြောင့် ကိစ္စများက အတော်လေး အဆင်ပြေ ချောမွေ့စွာ တိုးတက်သွားခဲ့၏။
သူသည် စာရင်းတစ်ခုကို ဖြည့်စွက်ကာ သူ၏ အမည်နှင့် ကျင့်ကြံမှု အဆင့်ကို ရေးသားခဲ့သည်။ ဂိုဏ်းနေရာတွင်မူ ချန်လော့သည် “သီးခြားကျင့်ကြံသူ” ဟု ရေးသားခဲ့လေသည်။
ဖောင်ဖြည့်ပြီးနောက် ချန်လော့ကို ကျောက်မိသားစု ၏ အနောက်ဘက် ခြံဝင်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
သို့သော် ကျောက်မိသားစု ၏ အနောက်ဘက် ခြံဝင်းထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ချန်းလော့မှာ မှင်တက်သွား၏။
ကျောက်မိသားစု ၏ ကျယ်ဝန်းသော ခြံဝင်းမှာ လူများဖြင့် အပြည့်အသိပ် ဖြစ်နေပြီး လူတစ်ထောင်နီးပါးခန့် ထိုနေရာတွင် စုဝေးနေကြသည်။
“မင်းလည်း ကုန်သွယ်ရေး ယာဉ်တန်းကို အစောင့်လိုက်ဖို့ လာတာလား...”
အရပ်ရှည်ရှည် လူတစ်ယောက်က ချန်လော့ကို ပွတ်တိုက်မိပြီး မေးလိုက်၏။
ချန်လော့သည် ထိုလူကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပြီးနောက် လူတစ်ထောင်နီးပါး ပါဝင်သော ဧရာမ အဖွဲ့ကြီးကို ကြည့်လိုက်သည်။
“ဒီလူတွေ အားလုံးကလည်း...”
“ဟုတ်တယ် သူတို့အားလုံး ကုန်သွယ်ရေး ယာဉ်တန်းကို အစောင့်လိုက်ဖို့ လာကြတာ...”
ဤစကားကို ကြားပြီးနောက် ချန်လော့မှာ အတန်ကြာ တိတ်ဆိတ်သွားပြီး ဘာပြောရမှန်း မသိအောင် ဖြစ်သွား၏။
“ဒါပေမဲ့ အရင်က ငါ ဒီနေရာကို လာတုန်းက သီးသန့် လူတစ်ယောက်က ထောက်ခံပေးတဲ့ သူတွေပဲ ဝင်ခွင့်ရှိတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား...”
ဤစကားကို ကြားလိုက်ရသောအခါ အရပ်ရှည်ရှည် ကျင့်ကြံသူက ရယ်မောလိုက်သည်။
“ဟုတ်တယ် လူတိုင်းမှာ ကိုယ်ပိုင် ထောက်ခံချက် ရှိကြတယ်...”
“ဟင်...” ချန်လော့ခမျာ မှင်တက်သွား၏။
လူတစ်ထောင်ကျော်လုံးလား...အားလုံးမှာ ကိုယ်ပိုင် ထောက်ခံချက် ရှိကြတယ်ပေါ့
ချန်လော့၏ နားမလည်နိုင်သော အမူအရာကို မြင်သောအခါ အရပ်ရှည်ရှည် လူက ဆက်လက် ရှင်းပြသည်။
“ဟိုမှာရှိတဲ့ ကျင့်ကြံသူယန် လေ ငါ့ကို သူက ထောက်ခံပေးထားတာ သူကိုတော့ ဟိုဘက်က ကျင့်ကြံသူကျန်း က ထောက်ခံပေးထားပြီး ကျင့်ကြံသူကျန်း ကိုကျတော့ ဟိုဘက်က ကျင့်ကြံသူချန် က ထောက်ခံပေးထားတာ...”
အရပ်ရှည်ရှည် လူက စကားပြောနေရင်း ကျင့်ကြံသူ အယောက် ၂၀ နီးပါးကို ချန်လော့အား မိတ်ဆက်ပေးလိုက်ရာ ချန်လော့မှာ ခေါင်းမူးမတတ် ဖြစ်သွားတော့၏။
“ဒီနေရာက လူအများစုက သီးခြားကျင့်ကြံသူ တွေချည်းပဲ သီးခြားကျင့်ကြံသူ တွေက ဂိုဏ်းတွေရဲ့ အကာအကွယ် မရှိကြတဲ့အတွက် များသောအားဖြင့် တစ်ယောက်ကိုတစ်ယောက် ကူညီလေ့ ရှိကြတယ်...”
“ဒီတစ်ကြိမ် ကျောက်မိသားစု က ကုန်သွယ်ရေး ယာဉ်တန်း အစောင့်လိုက်ဖို့ လူအကန့်အသတ်မရှိ စုဆောင်းတယ်လေ သီးခြားကျင့်ကြံသူ တွေမှာက ဝိညာဉ်ကျောက်တုံး ရှာဖို့ အခွင့်အရေး သိပ်မများဘူး...”
“ဒါကို မြင်တော့ လူတိုင်းက သူတို့သိတဲ့ လူတွေကို ခေါ်လာကြပြီး ပြင်ဆင်ဖို့ အချိန် အများကြီး ရထားတဲ့အတွက် တဖြည်းဖြည်းနဲ့ လူတစ်ထောင်နီးပါးလောက် ရှိတဲ့ အဖွဲ့ကြီး ဖြစ်သွားတော့တာပဲ...”
ဤစကားများကို ကြားပြီးနောက် ချန်လော့သည် သူ၏ ရင်ထဲတွင် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။
ဒါဆို ကိုယ်ပိုင် ထောက်ခံချက် ဆိုတာ ဘယ်သူမဆို အတည်ပြုပေးလို့ ရတယ် ဆိုတဲ့ သဘောပေါ့....
အဲဒါဆို လျူချီရီ ကို မျက်နှာချိုသွေးဖို့အတွက် ရက်ပေါင်းများစွာနဲ့ ပိုက်ဆံတွေ အများကြီး သုံးခဲ့ရတာ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ.....
“တကယ်ကို အရှုံးကြီး ရှုံးခဲ့ရတာပဲ...”
“မဖြစ်ဘူး နောက်မှ အရက်ဖိုးတွေ အားလုံး ပြန်ရအောင် အခွင့်အရေး တစ်ခု သေချာပေါက် ရှာရမယ်...”
သက်ပြင်းချလိုက်ရင်း ချန်လော့သည် ခြံဝင်းအတွင်းရှိ အခြား ကျင့်ကြံသူများကို ကြည့်လိုက်၏။
ဈေးကွက်အတွင်းရှိ လူတစ်ထောင်နီးပါးအနက် ၉၀ ရာခိုင်နှုန်းကျော်မှာ ချန်လော့ကဲ့သို့ပင် ချီသန့်စင်ခြင်းအဆင့် တွင် ရှိကြသည်။
ကျန်ရှိနေသော အဖွဲ့တွင်မူ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ရာခန့် ပါဝင်လေသည်။
“ကျင့်ကြံသူ တစ်ထောင်နီးပါး ဆိုတော့ ကျောက်မိသားစု က ဒီတစ်ကြိမ် ပိုက်ဆံတွေ အများကြီး အကုန်အကျ ခံထားတာပဲ...”
မည်သို့ပင်ဆိုစေ ပုံမှန်အားဖြင့် ပြောရလျှင် ကုန်ပစ္စည်း အနည်းငယ်သာ သယ်ဆောင်လာသော ကုန်သွယ်ရေး ယာဉ်တန်း တစ်ခုအတွက် လူတစ်ရာခန့်သာ လိုအပ်မည် ဖြစ်သည်။
ဤတစ်ကြိမ်တွင် ကျောက်မိသားစု သည် လူတစ်ထောင်နီးပါးကို စုစည်းခဲ့၏။
လက်ရှိ ပေါက်ဈေးများအရ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက်သည် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်အတွက် ဝိညာဉ်ကျောက်တုံး ၅ တုံးမှ ၁၀ တုံးခန့် တောင်းဆိုမည် ဖြစ်သည်။
အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများအတွက် ဈေးနှုန်းမှာ ပိုမို မြင့်မားမည် ဖြစ်ပြီး ဝိညာဉ်ကျောက်တုံး ၂၀ ခန့်မှ စတင်မည် ဖြစ်၏။ သို့သော် အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်း ကျင့်ကြံသူများအတွက်မူ ဈေးနှုန်းမှာ ဝိညာဉ်ကျောက်တုံး ၅၀ အထိ မြင့်တက်သွားနိုင်သည်။
ဤတွက်ချက်မှုအရ ကျောက်မိသားစု သည် ဤခရီးစဉ်အတွက် ဝိညာဉ်ကျောက်တုံး ၅,၀၀၀ မှ ၆,၀၀၀ အထိ အနည်းဆုံး ပေးချေရမည် ဖြစ်သည်။
“ကျောက်မိသားစု က ကျောက်မန် ကို ချန်ရှင်းဂိုဏ်း ဆီ ပို့ဖို့အတွက် တကယ်ကို အားထုတ်ထားပုံ ရတယ်...”
သို့သော်လည်း အကယ်၍ ကျောက်မန် သာ ချန်ရှင်းဂိုဏ်း သို့ အမှန်တကယ် ဘေးကင်းစွာ ရောက်ရှိသွားပြီး မိစ္ဆာနှလုံးသား အဆိပ်မွေးမြူခန္ဓာ ၏ ကျင့်ကြံခြင်း နည်းလမ်းကို ရရှိသွားပါက…
ထိုအခါ သူမသည် အနာဂတ်တွင် အနည်းဆုံး နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာမည်ဟု ဆိုလိုသည်။
နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်၏ တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်း အနည်းငယ်ဖြင့် ရရှိနိုင်သည့် အရာများထက် များစွာ ပိုမို ကြီးမားလှ၏။
ဝိညာဉ်ကျောက်တုံး သောင်းဂဏန်း သို့မဟုတ် သိန်းဂဏန်းပင်လျှင် နတ်ဝိညာဉ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ရရှိရန် လုံလောက်မည် မဟုတ်ပေ။
ထို့ကြောင့် ယေဘုယျအားဖြင့် ဤအစီအစဉ်သည် တကယ်တော့ အတော်လေး တန်ကြေးရှိလေသည်။
ဤအကြောင်းကို တွေးတောနေစဉ် မလှမ်းမကမ်းမှ လူတစ်စု ပေါ်လာသည်ကို ချန်လော့ တွေ့လိုက်ရ၏။
သူတို့ သွားရာလမ်းတစ်လျှောက် ကျင့်ကြံသူများက အလျင်အမြန် လမ်းဖယ်ပေးကြသည်။
ထိုလူစုထဲတွင် ချန်လော့သည် ရင်းနှီးနေသော အရိပ်တစ်ခုကိုလည်း တွေ့လိုက်ရပြီး ထိုသူမှာ တခြားသူ မဟုတ်ဘဲ ကျောက်မိသားစု ၏ အိမ်တော်ထိန်း လျူချီရီ ပင် ဖြစ်သည်။
လျူချီရီ က လူတစ်ယောက်၏ အနောက်မှ အလျင်စလို မရှိဘဲ လျှောက်လာသည်ကို တွေ့လိုက်ရပြီး ၊ သူ့အရှေ့မှ လျှောက်လာသူမှာ ကျောက်မိသားစု ၏ ခေါင်းဆောင် ဖြစ်သည်မှာ သေချာသည်။
“ရွှေမြုတေအဆင့်...”
ချန်လော့သည် တစ်ဘက်လူ၏ ကျင့်ကြံမှု အဆင့်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်သော်လည်း သူ အံ့အားသင့်မသွားခဲ့ပေ။
မည်သို့ပင်ဆိုစေ ကျောက်မိသားစု မှာ ကျင့်ကြံသူ မိသားစု တစ်ခု ဖြစ်သဖြင့် ရွှေမြုတေအဆင့် ခေါင်းဆောင် တစ်ယောက် ရှိနေခြင်းက အံ့သြစရာ မဟုတ်ချေ။
ချန်လော့ကို အမှန်တကယ် အံ့အားသင့်စေခဲ့သည်မှာ သူ၏ ဘေးနားရှိ ကျင့်ကြံသူ အနည်းငယ်ပင် ဖြစ်သည်။
စုစုပေါင်း လူငါးယောက် ရှိပြီး အားလုံးမှာ ရွှေမြုတေအဆင့် များ ဖြစ်ကြ၏။
ကျောက်မိသားစု ၏ ခေါင်းဆောင်က ခြံဝင်း၏ အလယ်သို့ လျှောက်သွားကာ စုဝေးနေသော ကျင့်ကြံသူများကို တစ်ချက် ကြည့်လိုက်ပြီး အပိုစကားများ မဆိုတော့ပေ။
“ငါက ကျောက်မိသားစု ရဲ့ ခေါင်းဆောင် ကျောက်မင်သယ် ဖြစ်ပြီး ဒီကုန်သွယ်ရေး ယာဉ်တန်း ရဲ့ စီစဉ်သူလည်း ဖြစ်တယ်...”
“နောက်တစ်ဆင့် အနေနဲ့ မင်းတို့ကို အဖွဲ့ ၁၂ ဖွဲ့ ခွဲပြီး မတူညီတဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကနေ သွေးသဲကန္တာရ ကို ဖြတ်ပြီး ကုန်ပစ္စည်းတွေကို အစောင့်အရှောက်နဲ့ အရိပ်မြို့တော် ထိ ရောက်အောင် ပို့ဆောင်ပေးရမယ်...”
“ကျောက်မိသားစု က မင်းတို့ ဖောင်ပေါ်မှာ ဖြည့်ထားတဲ့ ခွန်အားပေါ် မူတည်ပြီး ဝိညာဉ်ကျောက်တုံး တွေကို ခွဲဝေပေးမယ် ဆုကြေးရဲ့ တစ်ဝက်ကို မင်းတို့ မထွက်ခွာခင် ကြိုတင် ပေးချေသွားမှာ ဖြစ်ပြီး ကျန်တဲ့ တစ်ဝက်ကိုတော့ အရိပ်မြို့တော် ကို ရောက်ပြီးမှ ရယူနိုင်တယ်...”
“တကယ်လို့ အခု နောက်ဆုတ်ချင်တဲ့သူ ရှိရင် မသွားချင်တော့ရင် ဒီအတိုင်း ထွက်သွားလို့ ရပါတယ်...”
ထိုသို့ ပြောပြီးနောက် သူသည် အချိန်မဖြုန်းတော့ဘဲ နာမည်များကို စတင် ဖတ်ပြတော့၏။
“လီချန် ချီသန့်စင်ခြင်းအဆင့် ပဉ္စမအဆင့် ဆုကြေး ဝိညာဉ်ကျောက်တုံး ၇ တုံး ကြိုတင်ငွေ ၃ တုံး ကုန်သွယ်ရေး ယာဉ်တန်း နံပါတ်တစ်...”
“ကျန်းဝူ ချီသန့်စင်ခြင်းအဆင့် တတိယအဆင့် ဆုကြေး ဝိညာဉ်ကျောက်တုံး ၅ တုံး ကြိုတင်ငွေ ၂ တုံး ကုန်သွယ်ရေး ယာဉ်တန်း နံပါတ်သုံး...”
“ချန်းယွီရူ ချီသန့်စင်ခြင်းအဆင့် အဋ္ဌမအဆင့် ဆုကြေး ဝိညာဉ်ကျောက်တုံး ၉ တုံး ကြိုတင်ငွေ ၄ တုံး ကုန်သွယ်ရေး ယာဉ်တန်း နံပါတ်တစ်...”
ကျောက်မိသားစု ဝင်များမှာ နာမည်များကို ခေါ်ဆိုနေကြပြီး ၊ ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ပိုင် ဝိညာဉ်ကျောက်တုံး များကို ရယူရန် ရှေ့သို့ အဆက်မပြတ် ထွက်လာကာ ကုန်သွယ်ရေး ယာဉ်တန်းဆီသို့ ဦးတည်သွားကြ၏။
“ချန်လော့ ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်ရဲ့ အထွတ်အထိပ် ဆုကြေး ဝိညာဉ်ကျောက်တုံး ၂၀ ကြိုတင်ငွေ ၁၀ တုံး ကုန်သွယ်ရေး ယာဉ်တန်း နံပါတ်ခုနစ်...”
ချန်လော့သည် သူ၏ ကိုယ်ပိုင် နာမည်ကို ကြားလိုက်ရသောအခါ မှင်တက်သွားသည်။
အနီးအနားတွင် ရပ်နေသော ကျင့်ကြံသူများပင်လျှင် သူ့ကို အနည်းငယ် စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြ၏။
ချီသန့်စင်ခြင်းအဆင့် နဝမအဆင့်ရဲ့ အထွတ်အထိပ် က ဝိညာဉ်ကျောက်တုံး ၂၀ လား..
ဤဈေးနှုန်းသည် အခြေခံတည်ဆောက်ခြင်းအဆင့် ကနဦးပိုင်း ကျင့်ကြံသူ တစ်ယောက်၏ ဈေးနှုန်းနှင့် တူညီနေ၏။
ဈေးနှုန်းမှာ ဖောင်းပွနေသော်လည်း အခြား ကျင့်ကြံသူများသည် ဘာမှ မပြောကြသလို မည်သူကမှ ကန့်ကွက်ခြင်း မရှိကြပေ။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူတစ်ဦးမှ ရရှိသော ဝိညာဉ်ကျောက်တုံး များသည် သူတို့၏ ကိုယ်ပိုင် တန်ဖိုးနှင့် ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည် ဖြစ်စေ သူတို့နှင့် သိပ်မသက်ဆိုင်ကြောင်း ရှင်းလင်းစွာ နားလည်ထားသောကြောင့် ဖြစ်သည်။
အကယ်၍ သူတို့သည် မတ်တတ်ရပ်ကာ ကန့်ကွက်မည် ဆိုလျှင်ပင် အများဆုံး အနေဖြင့် သူ၏ ဈေးနှုန်းကို ပုံမှန်အတိုင်း ပြန်ဖြစ်သွားစေရုံသာ ရှိပြီး သူတို့အတွက် မည်သည့် အကျိုးကျေးဇူးမျှ ရရှိမည် မဟုတ်ပေ။
ထို့အပြင် ထိုသို့သော ချဉ်းကပ်မှုက တစ်ဖက်လူ၏ မုန်းတီးမှုကိုသာ ရရှိစေနိုင်သည်။
ရောက်ရှိနေသော ကျင့်ကြံသူ အများစုမှာ ကျင့်ကြံခြင်း လောက၏ ကြမ်းတမ်းသော အမှန်တရားများကို ကိုယ်တွေ့ ကြုံဖူးကြသော သီးခြားကျင့်ကြံသူ များ ဖြစ်ကြ၏။
မိမိကိုယ်တိုင်အတွက် အကျိုးမရှိဘဲ သူတစ်ပါးကို ထိခိုက်စေမည့် အလုပ်မျိုးကို ရှောင်ကြဉ်ခြင်းက အကောင်းဆုံး ဖြစ်ကြောင်းကို သူတို့သည် မည်သူ့ထက်မဆို ပို၍ သိရှိကြသည်။
ချန်လော့သည် တစ်စုံတစ်ခုကို နားလည်သွားပုံ ရပြီး ကျောက်မင်သယ် ၏ နောက်တွင် ရပ်နေသော လျူချီရီ ကို ကြည့်လိုက်၏။
လျူချီရီ က ချန်လော့ကို ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ထိုအခိုက်အတန့်တွင် ချန်လော့မှာ အတော်လေး စိတ်လှုပ်ရှားသွားသည်။
“ငါ သိသားပဲ...”
“ငါ အသုံးပြုခဲ့တဲ့ အချိန်နဲ့ ပိုက်ဆံတွေ အားလုံးက တန်ပါတယ်...”
အကယ်၍ လူအုပ်ကြီးသာ ကြည့်မနေပါက ချန်လော့သည် လျူချီရီ ကို သွားရောက် ပွေ့ဖက်နိုင်သည်။
***