"ဒီလိုမျိုး မိသားစုကြီးတွေမှာ တကယ်ကိုပဲ စက်ဆုပ်ရွံရှာစဖွယ် လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပဲ"
ယဲ့ပုဖန်သည် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး သူ၏ သိုလှောင်လက်စွပ်အတွင်းမှ အဖြူရောင် ဆေးမှုန့်အချို့ကို ထုတ်ယူကာ ဝါးအိမ်အတွင်းသို့ တိတ်တဆိတ် မှုတ်သွင်းလိုက်သည်။
ဤဆေးမှုန့်မှာ မျက်လုံးသုံးလုံး မိုးကြိုးမြွေ၏ သည်းခြေမှ ထုတ်ယူထားခြင်း ဖြစ်ပြီး အလွန် ပြင်းထန်သော ကာမစိတ်ကြွအာနိသင် ရှိပေသည်။ ၎င်းမှာ မူလက ဆေးဖော်စပ်သူများ စွန့်ပစ်တတ်သည့် ဘေးထွက်ပစ္စည်း တစ်ခု ဖြစ်သော်လည်း သူက နှမြောသဖြင့် သိမ်းဆည်းထားခဲ့ရာ ယခုအခါ အသုံးတည့်သွားတော့သည်။
မြွေများသည် သဘာဝအရ ကာမရာဂ ကြီးမားကြသည့်အပြင် မျက်လုံးသုံးလုံး မိုးကြိုးမြွေမှာ နှစ်တစ်ထောင် သက်တမ်းရှိ မိစ္ဆာသားရဲတစ်ကောင် ဖြစ်ရာ ၎င်းမှရသော ဆေးမှုန့်၏ အာနိသင်မှာတော့ ပြောနေစရာပင် မလိုတော့ပေ။
အဖြူရောင် ဆေးမှုန့်များ အထဲသို့ ရောက်သွားသည်နှင့် ကုတင်ပေါ်မှ လူနှစ်ဦး၏ လှုပ်ရှားမှုများမှာ သိသိသာသာ မြန်ဆန်လာပြီး အပြင်လောကကို မေ့လျော့ကာ ကာမဇောကိုသာ အာရုံစိုက်နေကြသည့် တိရစ္ဆာန်နှစ်ကောင်အလား ဖြစ်သွားကြတော့သည်။
ယဲ့ပုဖန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။ ဒါက သူ အလိုရှိသော အကျိုးသက်ရောက်မှုပင်။ ထို့နောက် သူသည် မိစ္ဆာသန့်စင်အိုးကို အသုံးပြု၍ ထိုနေရာရှိ ငွေအလောင်း၏ အဆီအနှစ်များကို လုံးဝ စုပ်ယူလိုက်တော့သည်။
အလောင်းရုပ်သေး၏ အဆင့် မြင့်မားလာသည်နှင့်အမျှ ၎င်း၏ အရှင်သခင်၏ ကျင့်ကြံမှုမှာလည်း မြင့်မားလာတတ်သည်။ ဥပမာအားဖြင့် ရှေ့မှ လူလတ်ပိုင်း အမျိုးသားမှာ မြေကမ္ဘာအဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ သူနှင့် အစွမ်းချင်း တူညီနေပြီ ဖြစ်သည်။
ယင်းသို့ လုပ်ဆောင်ပြီးနောက် သူသည် အခန်းငယ်အတွင်းမှ ထွက်လာကာ သူ၏ အစီအစဉ်ကို တစ်ဆင့်ချင်း ဆက်လက် အကောင်အထည်ဖော်တော့သည်။
နောက်ဆုံးတွင် သူသည် ရှန်းကွမ်မိသားစု၏ ဒုတိယမျိုးဆက် အလောင်းရုပ်သေး အားလုံးကို တစ်ခုပြီး တစ်ခု ရှင်းလင်းနိုင်ခဲ့သည်။ ဤအတောအတွင်း အမှားအယွင်း အနည်းငယ် ရှိခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် မည်သူမှ သတိမထားမိခဲ့ကြပေ။
သို့သော် ဤသည်မှာ သူ့အတွက် သတိပေးချက်တစ်ခု ဖြစ်လာသည်။ ပြိုင်ဘက်၏ ကျင့်ကြံမှုမှာ မြင့်တက်လာသည်နှင့်အမျှ သူ၏ လှုပ်ရှားမှုများမှာ ပို၍ ခက်ခဲလာသောကြောင့်ပင်။
ထို့အပြင် ယဲ့ထျန်းမှာ အတားအဆီး တစ်ခုသို့ ရောက်ရှိနေကြောင်း သူ တွေ့ရှိလိုက်ရသည်။ ပထမအဆင့် ငွေအလောင်း၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အခြားသော ငွေအလောင်းများကို ထပ်မံ စုပ်ယူခြင်းမှာ အကျိုးမရှိတော့ပေ။
ယဲ့ထျန်းကို ရွှေအလောင်း အဖြစ် အဆင့်တက်စေရန်မှာ ရှန်းကွမ်ကျိုး သို့မဟုတ် ရှန်းကွမ်ရှုံတို့၏ အလောင်းရုပ်သေးများ သို့မဟုတ် ထိုအထဲမှ အနည်းဆုံး တစ်ရုပ်ကို စုပ်ယူနိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
သို့သော် ယင်းကို လုပ်ဆောင်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။ အာကာသအဆင့် ပညာရှင်တစ်ဦး၏ အာရုံခံနိုင်စွမ်းမှာ အလွန်ထက်မြက်လှသဖြင့် သူ အနားသို့ မကပ်နိုင်မီမှာပင် ဖမ်းဆီးခံရနိုင်ပေသည်။
"ငါ ဘာလုပ်ရမလဲ။ အချိန်က သိပ်မရှိတော့ဘူး... ငါ စုပ်ယူထားတဲ့ ငွေအလောင်းတွေ အစွမ်းမဲ့နေတာကို မကြာခင် သူတို့ သိသွားကြတော့မှာ"
ရုတ်တရက် ယဲ့ပုဖန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ ရှန်းကွမ်ရှုံနှင့် ရှန်းကွမ်ကျိုးတို့၏ ရွှေအလောင်းများကို လက်ရအောင် ယူနိုင်ရန်မှာ ရှန်းကွမ်မိသားစုကို ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ဆောင်ပြီး ထိုရှုပ်ထွေးမှုကြားမှ အခွင့်အရေးကို အရယူရုံသာ ရှိတော့သည်။
"ရှန်းကွမ်မိသားစုကို ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်ဖို့က အခု အကောင်းဆုံး အခွင့်အရေးပဲ"
ယင်းသို့ တွေးတောကာ သူသည် ဟိုလူနှင့် အမျိုးသမီး ရှိရာ အဆောက်အဦးငယ်သို့ ပြန်သွားလိုက်၏။ ထိုအချိန်တွင် ကာမစိတ်ကြွဆေး အာနိသင်ကြောင့် ထိုနှစ်ဦးမှာ အပြင်လောကကို မေ့လျော့၍ ကာမစည်းစိမ် ခံစားနေကြဆဲပင် ဖြစ်သည်။
ဤနှစ်ဦး၏ ဖောက်ပြန်မှုမှာ ယုတ်ညံ့သည့် ကိစ္စပင်။ အကယ်၍ ဤကိစ္စကသာ လူသိရှင်ကြား မိသွားခဲ့လျှင် ရှန်းကွမ်မိသားစုမှာ အကြီးအကျယ် ရှုပ်ထွေးသွားပေလိမ့်မည်။
သူ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီးနောက် ဒန်မီး တစ်ချက် တောက်လိုက်ရာ အဆောက်အဦးငယ်ဘေးရှိ ထင်းပုံမှာ ချက်ချင်းပင် မီးစွဲလောင်သွားတော့သည်။
ယဲ့ပုဖန်သည် အဆောက်အဦးကို တိုက်ရိုက် မီးရှို့ခြင်း မဟုတ်ပေ။ အကယ်၍ ထိုနှစ်ဦးလုံး မီးလောင်သေဆုံးသွားပါက ကြည့်စရာ ပြဇာတ် ရှိတော့မည် မဟုတ်သလို ရှန်းကွမ်မိသားစုကိုလည်း ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နိုင်မည် မဟုတ်ပေ။
ဒန်မီး၏ အပူချိန်မှာ အလွန်မြင့်မားလှသဖြင့် ထင်းပုံနှင့် ထိလိုက်သည်နှင့် ဆီပူနှင့် လောင်းလိုက်သလို ဝုန်းခနဲ ဟုန်းဟုန်းတောက် လောင်ကျွမ်းသွားတော့သည်။
ထို့နောက် သူက အသံကုန် ဟစ်အော်လိုက်၏။ "မီးလောင်ပြီဟေ့… မီးလာငြှိမ်းကြဦး"
ယဲ့ပုဖန်၏ အော်ဟစ်သံကြောင့် အိပ်မောကျနေသော ရှန်းကွမ်မိသားစုဝင်များမှာ ချက်ချင်းပင် ထိတ်လန့်တကြား နိုးလာကြသည်။ မိသားစုကြီး တစ်ခုအနေဖြင့် ဤနေရာတွင် မီးလောင်မှု မဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ မဟုတ်ပါလား။
ယဲ့ပုဖန်၏ အော်ဟစ်သံနှင့်အတူ ဟုန်းဟုန်းတောက်နေသော မီးတောက်များကြောင့် လူတိုင်းသည် မီးသတ်ပစ္စည်းများဖြင့် အဆောက်အဦးငယ်ဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။ အခြေအနေကို မသိရှိသေးသူမှာ ထိုအဆောက်အဦးအတွင်း၌ ကာမဇော အရှိန်တက်နေကြသော လူနှစ်ဦးသာ ရှိတော့သည်။
ရှန်းကွမ်ရှုံနှင့် ရှန်းကွမ်ကျိုးတို့မှာလည်း သူတို့၏ ဆွေးနွေးပွဲ ပြီးဆုံး၍ အိပ်ရာဝင်ရန် ပြင်ဆင်နေကြစဉ် မီးတောက်များကို မြင်လိုက်ရသဖြင့် အိပ်ရာပေါ်မှ ဝုန်းခနဲ ခုန်ဆင်းလိုက်ကြသည်။
သူတို့သည် ကျူးယိုးမိသားစု၏ သတင်းကို ရရှိထားပြီးဖြစ်သဖြင့် အမြဲတမ်း သတိဝီရိယ ရှိနေကြသူများ ဖြစ်သည်။ ယခုအခါ မီးလောင်မှုမှာ ကျူးယိုးမိသားစု၏ တိုက်ခိုက်မှုဟု ထင်မှတ်ကာ သူတို့ သန့်စင်ထားသော ရွှေအလောင်းများကို ခေါ်ဆောင်၍ မီးလောင်ရာသို့ အပြေးအလွှား လာခဲ့ကြတော့သည်။
ရှန်းကွမ်ရှုံနှင့် ရှန်းကွမ်ကျိုးတို့၏ ရွှေအလောင်းများသည် ရွှေအလောင်းနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ညအမှောင်တွင် တစ္ဆေအရိပ်များအလား အလွန်ပင် မြန်ဆန်လှပေသည်။
ယဲ့ပုဖန်သည် အမှောင်ရိပ်ထဲတွင် ပုန်းကွယ်နေရင်း ရွှေအလောင်း နှစ်ရုပ်ကို ကြည့်ကာ စိတ်ထဲမှ အံ့သြ ချီးကျူးနေမိသည်။ အာကာသအဆင့် သိုင်းပညာရှင်တစ်ဦးနှင့် ရင်ဆိုင်နိုင်သော ရွှေအလောင်းမှာ တကယ်ကိုပင် ထူးခြားလှပေသည်။
ရှန်းကွမ်ရှုံတို့မှာ ကျင့်ကြံမှု မြင့်မားသဖြင့် ပထမဆုံး ရောက်ရှိလာကြသည်။ ထို့နောက်တွင်မှ ကျန်ရှိနေသော ရှန်းကွမ်မိသားစုဝင်များမှာ တစ်ဦးပြီး တစ်ဦး ရောက်လာကြရာ မျက်စိတစ်မှိတ် အတွင်းမှာပင် ရာနှင့်ချီသော လူများ စုဝေးမိသွားကြသည်။
ယဲ့ပုဖန်သည်လည်း လူအုပ်ကြားထဲတွင် အခြားသူများကဲ့သို့ပင် မီးငြှိမ်းသတ်ရန် အပြေးအလွှား ရောက်လာဟန်ဖြင့် ရောနှောလိုက်သည်။
လူအများ ဝိုင်းဝန်းငြှိမ်းသတ်လိုက်သဖြင့် ထင်းပုံမှ မီးမှာ ခဏချင်းမှာပင် ငြိမ်းသွားတော့သည်။ ကြီးမားသော ထိခိုက်မှု မရှိသည်ကို မြင်လိုက်ရသော်လည်း ရှန်းကွမ်ရှုံ၏ မျက်မှောင်မှာ ကြုတ်နေဆဲပင်။ မီးလောင်မှုမှာ တစ်ခုခု ထူးဆန်းနေကြောင်း သူ ရိပ်မိသည်။
သူက သူ၏ လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။ "အခြေအနေကို သေချာ စစ်ဆေးလိုက်ဦး။ ပြီးတော့ ခုနစ်ယောက်မြောက် မယားငယ် ဒဏ်ရာရသွားလားဆိုတာ သွားကြည့်စမ်း"
သခင်ကြီး၏ အမိန့်ရသည်နှင့် အိမ်တော်ထိန်းမှာ ဖော်လံဖားရန်အတွက် ဝါးအိမ်အတွင်းသို့ ပထမဆုံး ပြေးဝင်သွားသည်။ သို့သော် ခဏအကြာတွင် သူသည် ထူးဆန်းသော မျက်နှာပေးဖြင့် ပြန်လည် ထွက်ပေါ်လာ၏။
ရှန်းကွမ်ရှုံက "ဘာဖြစ်လို့လဲ... ခုနစ်ယောက်မြောက် မယားငယ် ဘယ်မှာလဲ" ဟု မေးမြန်းလိုက်သည်။
"ကျွန်တော်... ကျွန်တော်..."
အိမ်တော်ထိန်း၏ မျက်နှာကြီးမှာ နီမြန်းနေပြီး ဘာမှ မပြောနိုင် ဖြစ်နေရှာသည်။ သူသည် တံခါးကို တွန်းဖွင့်လိုက်စဉ်မှာပင် မမြင်သင့်မမြင်ထိုက်သော မြင်ကွင်းကို မြင်လိုက်ရခြင်း ဖြစ်သဖြင့် မည်သို့ ပြန်လည် တင်ပြရမည်ကို မသိတော့ပေ။
"သခင်ကြီးရဲ့ မိန်းမက သခင်ကြီးရဲ့ သားနဲ့ ဖောက်ပြန်နေပါတယ်" ဟု သူ မည်သို့ ပြောရဲပါမည်နည်း။
သူ၏ ထူးဆန်းသော တုံ့ပြန်မှုကြောင့် လူတိုင်း၏ အာရုံမှာ ထိုဆီသို့ ရောက်သွားကြပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေမှုများမှာလည်း ချက်ချင်း တိတ်ဆိတ်သွားတော့သည်။
စောစောက လူတိုင်း မီးငြှိမ်းသတ်နေကြသဖြင့် အိမ်ထဲမှ အသံများကို မည်သူမှ သတိမထားမိခဲ့ကြပေ။ ယခု တိတ်ဆိတ်သွားသောအခါ ခုနစ်ယောက်မြောက် မယားငယ်၏ ကာမဇော အရှိန်တက်နေသော အသံများကို အတိုင်းသား ကြားလိုက်ကြရသည်။ ချက်ချင်းဆိုသလိုပင် အခြေအနေကို အားလုံး ရိပ်မိသွားကြတော့သည်။
အာကာသအဆင့် သိုင်းပညာရှင်တစ်ဦး အနေဖြင့် ရှန်းကွမ်ရှုံသည် အခြားသူများထက်ပင် ထိုအသံများကို ပို၍ ရှင်းလင်းစွာ ကြားလိုက်ရသည်။ သူသည် ဝါးအိမ်အတွင်းသို့ အရှိန်အဟုန်ဖြင့် ဝင်သွားကာ တံခါးကို ကန်ဖွင့်လိုက်တော့သည်။
ခုနစ်ယောက်မြောက် မယားငယ်နှင့် သူ၏ အငယ်ဆုံးသား ရှန်းကွမ်ဖူတို့မှာမူ သူ ရောက်လာသည်ကိုပင် သတိမပြုမိဘဲ ကာမစည်းစိမ်တွင် နစ်မွန်းနေကြဆဲပင်။
"အရှက်မရှိတဲ့ကောင်တွေ... ဒီလို ယုတ်ညံ့တဲ့ အလုပ်မျိုးကို လုပ်ရဲတယ်ပေါ့"
ရှန်းကွမ်ရှုံသည် မူလကတည်းက ရက်စက်ကြမ်းကြုတ်သူ တစ်ဦး ဖြစ်သည်။ သူက လက်ဝါးတစ်ချက် ရိုက်နှက်လိုက်ရာ ကုတင်ပေါ်မှ လူနှစ်ဦးမှာ သွေးပုံ၊ အသားပုံကြီးအဖြစ် ပြောင်းလဲသွားတော့သည်။
ရှန်းကွမ်မိသားစု၏ အရှင်သခင် တစ်ဦးအနေဖြင့် သူသည် သူ၏ ဂုဏ်သိက္ခာကိုသာ အဓိကထားသူ ဖြစ်သည်။ သူ့တွင် မိန်းမများစွာနှင့် သားသမီးများစွာ ရှိသဖြင့် ဤလူနှစ်ဦး၏ အသက်ကို သူ လုံးဝ ဂရုမစိုက်ပေ။
ကျန်ရှိနေသောသူများမှာလည်း တစ်ခုခုကို ရိပ်မိလိုက်ကြသဖြင့် အောက်ထပ်တွင် ခေါင်းငုံ့ကာ ဘာမှ မမြင်၊ မကြားခဲ့သလို ဟန်ဆောင်နေကြသည်။
ရှန်းကွမ်ရှုံသည် ဝါးအိမ်ပေါ်မှ ဆင်းလာကာ အနားရှိ အိမ်တော်ထိန်းကို ကြည့်၍ "မင်း... ဒီကို လာခဲ့စမ်း" ဟု ခေါ်လိုက်သည်။
အိမ်တော်ထိန်းမှာ ခြေထောက်များ ခွေသွားကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျလုနီးပါး ဖြစ်သွားသည်။ သူသည် သခင်ကြီးကို ဖော်လံဖားချင်သော်လည်း မမြင်သင့်သော အရာကို မြင်ခဲ့မိသဖြင့် ဒုက္ခတွေ့နေရပြီ မဟုတ်ပါလား။
"သခင်ကြီး... ကျွန်တော်..."
အိမ်တော်ထိန်းက သူ ဘာမှ မမြင်ခဲ့ပါဘူးဟု အသနားခံရန် ပြင်လိုက်စဉ်မှာပင် ရှန်းကွမ်ရှုံအနားရှိ ရွှေအလောင်းမှာ လှုပ်ရှားသွားပြီး လက်သီးဖြင့် ထိုးနှက်လိုက်ရာ သူ၏ ရင်ဘတ်မှာ ပွင့်ထွက်သွားတော့သည်။
အိမ်တော်ထိန်းသည် မြေပြင်ပေါ်သို့ ဝုန်းခနဲ လဲကျသွားကာ မကျေမနပ် ဖြစ်နေသော မျက်လုံးများဖြင့် အသက်ပျောက်သွားခဲ့ရသည်။
ယဲ့ပုဖန်ကတော့ ဒါတွေကို လုံးဝ ဂရုမစိုက်ပေ။ သူသည် လူအုပ်ကြားမှနေ၍ ရှန်းကွမ်ကျိုး၏ ရွှေအလောင်း အနားသို့ တိတ်တဆိတ် ချဉ်းကပ်ကာ အခွင့်အရေးကို စောင့်ဆိုင်းနေပေတော့၏။
***