ဘောလုံးကွင်းအတွင်း၌...
လီဗာပူး ကစားသမားများမှာ အောင်ပွဲခံနေကြသော်လည်း မန်ယူကစားသမားများမှာမူ စိတ်ပျက်လက်ပျက်ဖြင့် ရပ်သူကရပ်၊ ထိုင်သူကထိုင်၊ လဲလျောင်းသူက လဲလျောင်းနေကြသည်။ ရှုံးနိမ့်သူတို့၏ အထီးကျန်မှုနှင့် ယှဉ်မှသာ အောင်နိုင်သူတို့၏ ပျော်ရွှင်မှုမှာ ပို၍ ပေါ်လွင်လာတတ်သည် မဟုတ်ပါလား။ လီဗာပူး ပရိသတ်များကတော့ ၎င်းကို တကယ်ပင် ခံစားနေကြရသည်။
ချူဖုန်းသည် ကွင်းလယ်စည်းနားတွင် ရပ်နေသည်။ သူ ဘောလုံးလက်ခံပြီး တန်ပြန်တိုက်စစ်ဆင်ရန် ပြင်ဆင်နေစဉ်မှာပင် ပွဲသိမ်းခရာသံ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ စိတ်ပျက်မိသည်မှာတော့ အမှန်ပင်။
ပြိုင်ဆိုင်မှု ပြင်းထန်သော ဘောလုံးအားကစားတွင် လူတိုင်းက နိုင်ချင်ကြပြီး ရှုံးခြင်းကို မုန်းတီးကြသည်။ ချူဖုန်းလည်း ထိုနည်းတူပင်။
သူ အသင်းဖော်တွေကို အပြစ်မတင်ပါဘူး။ သူတို့က နောက်ဆုံး မိနစ်နှစ်ဆယ်မှာ အစွမ်းကုန် ကြိုးစားခဲ့ကြတာပဲ။ ဒါပေမဲ့ အချို့သောအရာတွေက ကြိုးစားရုံနဲ့ မရနိုင်ဘူး။ လီဗာပူးရဲ့ စွမ်းဆောင်ရည်က ပိုပြီး ပြည့်စုံခဲ့တယ်။ သူတို့က တောင့်တင်းတဲ့ ခံစစ်နဲ့ မန်ယူရဲ့ တိုက်စစ်ကို တားဆီးနိုင်ခဲ့တာပဲ။
လီဗာပူးက မန်စီးတီး မဟုတ်သဖြင့် မန်ယူ၏ ဝေဟင်တိုက်စစ်မှာလည်း ထိရောက်မှု မရှိခဲ့ပေ။ နောက်ဆုံးတွင်တော့ အချိန်များက ကုန်ဆုံးသွားခဲ့ရပြီ။
ဘောလုံးသမားတွေအတွက် ပွဲတစ်ပွဲဟာ နေ့တစ်နေ့လိုပါပဲ။ ပွဲပြီးသွားရင် ပျော်တဲ့သူက ပျော်၊ ဝမ်းနည်းတဲ့သူက ဝမ်းနည်းကြတာပဲ။ ဒါပေမဲ့ မနက်ဖြန်ဆိုတာကတော့ အချိန်မှန် ပြန်ရောက်လာဦးမှာပဲ။
ဒါကြောင့် ချူဖုန်းက အသင်းဖော်တွေဆီ လျှောက်သွားပြီး တစ်ယောက်ချင်းစီကို ထူပေးလိုက်သည်။ "အရင်ဆုံး ပရိသတ်တွေကို သွားနှုတ်ဆက်ရအောင်။ ငါတို့ လုပ်စရာတွေ အများကြီး ရှိသေးတယ်... အကြောလျှော့တာ၊ ပွဲပြန်သုံးသပ်တာ၊ လေ့ကျင့်တာတွေ လုပ်ရဦးမယ်။ သန်ဘက်ခါမှာလည်း လိဂ်ပွဲ ရှိသေးတယ်လေ”
အက်ရှ်လေယန်းက သူ၏ ဘောင်းဘီမှ မြက်ပင်များကို ခါထုတ်ရင်း အသင်းဖော်များ၏ စိတ်ဓာတ်ကျနေသော မျက်နှာများကို ကြည့်လိုက်သည်။ သူ အလွန် ဒေါသထွက်သွားသည် တစ်ပွဲတည်း ရှုံးတာနဲ့ ဒီလောက် ဖြစ်နေကြရင် နောက်ပိုင်းမှာ ဒီထက်ကြီးတဲ့ အခက်အခဲတွေ ကြုံလာရင် ဘယ်လိုလုပ်မလဲ။ အနားယူတော့မယ်လို့ ကြေညာကြမှာလား။
ထိပ်တန်း ပရော်ဖက်ရှင်နယ် ကစားသမားကောင်း ဖြစ်ဖို့ဆိုရင် ခိုင်မာတဲ့ စိတ်ဓာတ် ရှိဖို့ လိုအပ်သည်။
"ဒီလောက် စိတ်ပျက်မနေကြနဲ့စမ်း ပထမအကျော့ ရှုံးတာပဲ ရှိသေးတာ... အဝေးကွင်းမှာ ပြန်နိုင်အောင် ငါတို့ နည်းလမ်းရှာရမှာပေါ့"
"ငါလည်း လီဗာပူးကို အကြိမ်ကြိမ် ရှုံးဖူးပါတယ်... ဒါပေမဲ့ မင်းတို့လို မျှော်လင့်ချက် ကုန်ဆုံးနေတဲ့ ပုံစံမျိုး တစ်ခါမှ မမြင်ဖူးဘူး”
အက်ရှ်လေယန်းက မက်တော်မီနေး၏ ခေါင်းကို အားပါပါ ပုတ်လိုက်သည်။ သူ ရှက်စိတ်မရှိ၍ မဟုတ်ဘဲ ယောက်ျားတစ်ယောက်အနေဖြင့် ကိုယ်လုပ်ခဲ့တဲ့ အကျိုးဆက်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမည်ဟု သူ ယုံကြည်ထားသောကြောင့် ဖြစ်သည်။
ဝမ်းနည်းနေလို့ ဘာထူးမှာလဲ။ ပွဲရလဒ်က ပြောင်းလဲသွားမှာလား။ မပြောင်းလဲနိုင်ဘူး။ ဒါကြောင့် ရှေ့ကိုပဲ ကြည့်ရမယ်။
ဒါတွေက ရိုးရှင်းတဲ့ အမှန်တရားတွေ ဖြစ်သော်လည်း မန်ယူက လူငယ်ကစားသမားတွေကတော့ ဒါကို သဘောမပေါက်ကြသေးပေ။
"ချူဖုန်းဆီက သင်ခန်းစာယူစမ်းကြ။ သူ ဒီနေ့လို အောင်မြင်နေတာက သူ့ရဲ့ စွမ်းရည်ကြောင့်တင် မဟုတ်ဘူး။ သူ့ရဲ့ စိတ်ဓာတ်ကလည်း အဓိက အချက်ပဲ” အက်ရှ်လေယန်းက ပြောရင်းနှင့် ချူဖုန်းကိုပါ ချီးကျူးလိုက်သည်။
ချူဖုန်းကတော့ ဒါကို ကြားပြီး ဘာပြောရမှန်း မသိတော့ပေ။ သူ မန်ယူမှာ ကစားခဲ့တာ နှစ်ရာသီတောင် မပြည့်သေးဘူးလေ။ ဒါကို "ဒီနေ့လို အောင်မြင်မှု" လို့ ပြောလို့ ရပါ့မလား။
သို့သော် အက်ရှ်လေယန်းကို ထောက်ခံသည့်အနေဖြင့် သူ ခေါင်းညိတ်ပြလိုက်ကာ ပြောလိုက်သည်။
"အဝေးကွင်းမှာ ငါတို့ ပြန်နိုင်မယ်လို့ တစ်ကမ္ဘာလုံးက မယုံကြည်ကြဘူး ဆိုရင်တောင် ငါတို့ကတော့ ယုံကြည်ရမယ်။ တကယ်လို့ ငါတို့ကိုယ်တိုင်က မယုံကြည်ဘူးဆိုရင်တော့ တကယ်ပဲ မျှော်လင့်ချက် မရှိတော့တာပဲ”
ထို့နောက် သူနှင့် သူ၏ အသင်းဖော်များသည် မန်ယူပရိသတ်များကို သွားရောက် ဂါရဝပြု နှုတ်ဆက်ကြသည်။ ထိုအချိန်တွင် ကွင်း၏ အခြားတစ်ဖက်၌...
အာနိုးလ်သည် သူ၏ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်တော့ဘဲ အသင်းဖော်များနှင့် လက်ဝါးချင်း ရိုက်ကာ ရေရွတ်နေသည်။ "ပွဲမစခင်တုန်းက မန်ယူနဲ့ သရေကျရင်တောင် မဆိုးဘူးလို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ အခုတော့ ၁-၃ နဲ့ နိုင်သွားတယ်။ အဝေးဂိုး သုံးဂိုးတောင် ရခဲ့တယ်"
အဝေးဂိုး သုံးဂိုးဆိုတာ ဘာကို ဆိုလိုတာလဲ။ မန်ယူတို့ ဒုတိယအကျော့မှာ ပြန်နိုင်ဖို့ဆိုရင် အနည်းဆုံး သုံးဂိုး သွင်းရမှာ ဖြစ်သည်။
လီဗာပူးအနေနဲ့ အသာစီး ရထားသဖြင့် ဒုတိယအကျော့မှာ တန်ပြန်တိုက်စစ်နဲ့ပဲ မန်ယူကို အပြတ်အသတ် နှိမ်နင်းလို့ ရပြီ မဟုတ်ပါလား။ စဉ်းစားကြည့်ရုံနဲ့တင် ရင်ခုန်စရာ ကောင်းလှသည်။
"တကယ်လို့ မန်စီးတီးလည်း ချန်ပီယံလိဂ် ဗိုလ်လုပွဲ တက်လာမယ်ဆိုရင် သူတို့ကို ဘယ်လို ကစားရမလဲဆိုတာ ငါတို့ သိသွားပြီ။ မန်ယူရဲ့ ဖိအားပေး တိုက်စစ်ဆင်တဲ့ ပုံစံကိုပဲ အတုယူရမှာပေါ့”
"ငါတို့က ဒီနည်းဗျူဟာကို မန်ယူထက်တောင် ပိုပြီး ကောင်းကောင်း သုံးနိုင်သေးတယ်လေ” ဝိုင်နယ်လ်ဒမ်ကလည်း အနာဂတ်အတွက် စိတ်ကူးယဉ်နေတော့သည်။
လီဗာပူးသည် ၂၀၀၅ ခုနှစ် အစ္စတန်ဘူလ် အံ့ဖွယ်ဖြစ်ရပ်ပြီးကတည်းက ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့ပေ။ အခုတော့ ချန်ပီယံလိဂ်ဖလားကို ပြန်လည် ရရှိတော့မည့် မျှော်လင့်ချက် ရောင်ခြည်ကို မြင်တွေ့နေရပြီ ဖြစ်သည်။
မာနေးက ရုတ်တရက် ဆာလာကို ကြည့်ကာ မေးလိုက်သည်။ "အကယ်၍ မန်ယူက လိဂ်ဖလားကိုပါ လက်လွှတ်လိုက်ရမယ်ဆိုရင် ငါတို့ ဆုဖလား နှစ်လုံးနဲ့အတူ ဘလွန်းဒီအောဆုကိုပါ ရဖို့ အခွင့်အရေး ရှိမလား”
ဆာလာက ပြီးခဲ့သည့် ရာသီ ဘလွန်းဒီအောဆုမှာ အဆင့် ၈ ရခဲ့သည်။ ယခုနှစ်တွင် ကမ္ဘာ့ဖလား သို့မဟုတ် ယူရိုဖလားကဲ့သို့ နိုင်ငံတကာ ပြိုင်ပွဲကြီးများ မရှိသဖြင့် ကစားသမားတစ်ဦး၏ ကလပ်အသင်း စွမ်းဆောင်ရည်ကသာ အဓိက ဖြစ်လာပေလိမ့်မည်။
ဆာလာက ခေါင်းခါလိုက်သည်။ "ငါတို့ တစ်ပွဲပဲ နိုင်ရသေးတာ... အများကြီး ကြိုမတွေးသင့်သေးဘူး။ အရေးကြီးတာက ကျန်တဲ့ ပွဲတွေကို အနိုင်ရအောင် ကြိုးစားဖို့ပဲ”
"ဟုတ်တယ်..." ဗန်ဒိုက်ကလည်း ထောက်ခံလိုက်သည်။
သူတို့ နှစ်ယောက်လုံးက တည်တည်ငြိမ်ငြိမ် ရှိနေကြသည်။ အောင်ပွဲကို စောစောစီးစီး မခံစားသင့်သေးကြောင်း သူတို့ သိသည်။
လီဗာပူး အနိုင်ရခဲ့ခြင်းမှာ သူတို့၏ နည်းဗျူဟာ မှန်ကန်ခြင်းနှင့် စွမ်းဆောင်ရည် ကောင်းမွန်ခြင်းကြောင့် ဖြစ်သည်။ သို့သော် သူတို့သာ မန်ယူကို အထင်သေးလိုက်မယ်ဆိုရင် မန်ယူက အန်ဖီးလ်မှာ အံ့ဖွယ်တစ်ခု ဖန်တီးသွားနိုင်တယ် ဆိုတာကို မန်ယူအကြောင်း အသိဆုံးဖြစ်တဲ့ ဗန်ဒိုက်က သိနေသည်။
"ရာသီကုန်ဖို့ တစ်လပဲ လိုတော့တယ်... အားလုံး နောက်ဆုံးအချိန်အထိ တောင့်ခံကြဖို့နဲ့ ဘယ်ပြိုင်ဘက်ကိုမှ အထင်မသေးကြဖို့ ငါ မျှော်လင့်ပါတယ်" ဟု အသင်းခေါင်းဆောင် ဟန်ဒါဆန်က ပြောလိုက်သည်။
"အစ္စတန်ဘူလ်တုန်းက အေစီမီလန်တို့ ငါတို့ကို အထင်သေးခဲ့လို့ ငါတို့ ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့တာ မမေ့နဲ့”
"သမိုင်းမှာ သင်ခန်းစာတွေ ရှိနေပြီမို့ ငါတို့ အဲဒီအမှားမျိုး ထပ်မလုပ်သင့်ဘူး”
ဟန်ဒါဆန် စကားဆုံးသွားသောအခါ လီဗာပူး ကစားသမားများမှာ စိတ်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းသိမ်းလိုက်ကြသည်။ ဟန်ဒါဆန် ပြောတာ မှန်သည်ဟု သူတို့ သိကြသည်။
——
ချူဖုန်းသည် အဝတ်လဲခန်း တံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့သည်။ အားလုံး ရောက်ရှိလာပြီးနောက်...
မော်ရင်ညိုသည် အားလုံးကို ဆူပူကြိမ်းမောင်းခြင်း မပြုပေ။ ထိုအစား သူသည် စားပွဲတွင် အေးအေးဆေးဆေး ထိုင်လိုက်ပြီး ခဏမျှ တိတ်ဆိတ်နေပြီးမှ စကားစပြောသည်။
"အရင်ဆုံး အားလုံးကို ငါ တောင်းပန်ချင်ပါတယ်။ ဒီနေ့ နည်းဗျူဟာ အပြောင်းအလဲပိုင်းမှာ ငါတို့ လီဗာပူးလောက် မကောင်းခဲ့တာ အမှန်ပဲ”
ချူဖုန်း၏ မျက်လုံးများမှာ မယုံကြည်နိုင်လောက်အောင် ဝိုင်းစက်သွားသည်။ မော်ရင်ညိုက ကစားသမားတွေကို တောင်းပန်တာမျိုး သူ တစ်ခါမှ မမြင်ဖူးပေ။
၎င်းအပြင် ဒါက နည်းဗျူဟာပိုင်းဆိုင်ရာ ပြဿနာ ဖြစ်သော်လည်း...
အရှုံးအားလုံးကို နည်းပြအပေါ်မှာပဲ ပုံချလိုက်မယ်ဆိုရင် ဘောလုံးပွဲမှာ ကစားသမားတွေက ဘာအတွက် ရှိနေမှာလဲ။
မော်ရင်ညိုက အချိန်ဆွဲမနေဘဲ ချက်ချင်း ပြောလိုက်သည်။ "ငါ မင်းတို့ကို ကိုင်တွယ်ခဲ့ကတည်းက ငါတို့အတွက် အရာရာက လွယ်ကူလွန်းနေခဲ့တယ်”
"ဒါကြောင့် မင်းတို့ရော၊ ငါပါ ငါတို့ကိုယ် ငါတို့ ကမ္ဘာ့နံပါတ်တစ်လို့ ထင်နေကြတာ”
"ငါလည်း အနည်းငယ် ထောင်လွှားခဲ့မိတယ်ဆိုတာ ဝန်ခံပါတယ်”
မော်ရင်ညိုက ပြုံးလျက် ဆက်ပြောသည်။ "ဒါပေမဲ့ ဒီအရှုံးက ငါတို့ သွားရမယ့်လမ်း အဝေးကြီး ကျန်သေးတယ် ဆိုတာကို သတိပေးလိုက်တာပဲ”
"ဒါကြောင့် ငါတို့ ပိုပြီး ကြိုးစားရလိမ့်မယ်”
"မင်းတို့ တကယ် ကြိုးစားကြတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါတို့ရဲ့ ပြိုင်ဘက်တွေကလည်း ရပ်နေတာ မဟုတ်ဘူး... သူတို့က ငါတို့ထက်တောင် ပိုပြီး ကြိုးစားနေကြတာ ဖြစ်နိုင်တယ်”
"အနိုင်ရဖို့ဆိုရင် ပိုပြီး ကြိုးစားရမယ်... ဒါက ကမ္ဘာ့နိယာမပဲ”
မော်ရင်ညို၏ စကားကို နားထောင်ပြီးနောက် မန်ယူကစားသမားများမှာ ကိုယ်စီ တွေးတောနေကြသည်။ လွန်ခဲ့သော နှစ်ရာသီကို ပြန်ကြည့်လျှင် သူတို့အတွက် အရာရာက လွယ်ကူလွန်းနေခဲ့သဖြင့် စိတ်ဓာတ်ပိုင်းမှာ အားနည်းချက် ရှိလာခဲ့သည်မှာ အမှန်ပင်။
ချူဖုန်းလည်း ထိုနည်းတူပင်။ သူသည် အောင်မြင်မှုနှင့် အရှုံးများကြားတွင် အနည်းငယ် ယိမ်းယိုင်ခဲ့မိသည်။ အခုတော့ စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းသိမ်းရမည့် အချိန် ရောက်ပြီ ဖြစ်သည်။
ထို့နောက် မော်ရင်ညိုက ကြမ်းပြင်ပေါ်က မန်ယူအမှတ်တံဆိပ်ကို ညွှန်ပြကာ လေသံကို ပြောင်းလဲပြီး လေးလေးနက်နက် ပြောလိုက်သည်။ "မင်းတို့အားလုံးက လူငယ်တွေပဲ ရှိသေးတယ်။ အရှုံးနဲ့ မရင်ဆိုင်ဖူးသေးတဲ့ ကလေးတွေပဲ။ ငါတို့ ဘာကြောင့် ရှုံးတာလဲဆိုတာကို သေသေချာချာ စဉ်းစားကြစမ်း”
“စွမ်းဆောင်ရည်ကြောင့်လား”
"လုံးဝ မဟုတ်ဘူး။ မင်းတို့က ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေပဲ”
“နည်းဗျူဟာကြောင့်လား”
"ဒါကလည်း အကုန်လုံး မမှန်ပါဘူး။ ဟုတ်ပါတယ်၊ ငါ့ရဲ့ မာနတွေကို ဘေးဖယ်ထားပြီး မီဒီယာတွေကို ဒါ ငါ့အမှားပါ။ ငါ့ရဲ့ ညံ့ဖျင်းတဲ့ နည်းဗျူဟာကြောင့် မန်ယူ ရှုံးတာပါလို့ ငါ ပြောနိုင်ပါတယ်”
မော်ရင်ညိုက "ဘုရားသခင်က နံပါတ်တစ်၊ ငါက နံပါတ်နှစ်" လို့ ယူဆထားတဲ့ မာနကြီးသူ တစ်ယောက် ဖြစ်သည်။ သို့သော် ချူဖုန်းက မော်ရင်ညိုရဲ့ ဆံပင်ဖြူတွေကို ကြည့်ရင်း သူ့ဆရာဟာ အတော်လေး အိုမင်းလာပြီဆိုတာကို သတိထားမိလိုက်သည်။
"ဒါပေမဲ့ အခု ငါ့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့ တွေ့ဆုံနေတဲ့ အချိန်မှာတော့ မင်းတို့ကို အဲဒီလို စကားလုံးတွေနဲ့ ချော့မြူနေမှာ မဟုတ်ဘူး။ မင်းတို့က ကလေးတွေလို အချော့ခံရဖို့ မလိုပါဘူး”
"ငါ ပြောချင်တာက ဘယ်လို ချန်ပီယံမျိုးမဆို သူတို့က အကောင်းဆုံး စွမ်းရည်ရှိလို့။ ပါရမီရှိလို့ ချန်ပီယံ ဖြစ်လာတာ မဟုတ်ဘူး... အရေးအကြီးဆုံးက သူတို့မှာ မဆုတ်မနစ်တဲ့ စိတ်ဓာတ် ရှိနေလို့ပဲ”
"အရေးအကြီးဆုံး အချက်ကတော့ သူတို့ ဘဝမှာ အရှုံးနဲ့ ရင်ဆိုင်ရချိန်မှာ ခေါင်းမော့ထားနိုင်ပြီး အခက်အခဲတွေကို ရဲရဲဝံ့ဝံ့ ကျော်ဖြတ်နိုင်တာပဲ။ ဒါတွေက ချန်ပီယံတစ်ယောက်မှာ ရှိရမယ့် အရည်အချင်းတွေပဲ”
မော်ရင်ညိုက မန်ယူကစားသမား တစ်ယောက်ချင်းစီကို စိုက်ကြည့်ကာ သူ၏ အတွေးများကို ဖော်ပြနေသည်။
"လီဗာပူးက ဒီနေ့ ပိုကောင်းခဲ့လို့ သူတို့ နိုင်သင့်ပါတယ်”
"သူတို့က ချန်ပီယံဖြစ်သွားသလိုမျိုး အောင်ပွဲခံနေကြပေမဲ့ လက်တွေ့မှာတော့ သူတို့ တစ်ပွဲပဲ နိုင်ရသေးတာ"
"ဒါပေမဲ့ ချန်ပီယံဖလားကို ရဖို့ဆိုရင် လမ်းအဝေးကြီး သွားရဦးမယ်ဆိုတာ မင်းတို့ သိထားရမယ်"
"မနက်ဖြန် မင်းတို့ကို ငါ အနားပေးမယ်။ ဒါပေမဲ့ အိမ်မှာပဲ အောင်းမနေကြနဲ့။ မင်းတို့ရဲ့ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ မြို့ထဲကို ထွက်ကြ... မင်းတို့ ဒီအခက်အခဲကို ကျော်ဖြတ်နိုင်တယ်ဆိုတာ လူတွေ မြင်ပါစေ။ နောက်တစ်ပတ်မှာ ငါတို့ ပြန်နိုင်မယ်ဆိုတာ လူတွေ သိပါစေ"
"ပရိသတ်တွေက ဒီအရှုံးအကြောင်း ပြောနေတာတွေကို မင်းတို့ ကြားရလိမ့်မယ်”
"ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ပုန်းမနေကြနဲ့။ ဘာလို့လဲဆိုတော့ မင်းတို့က ယောက်ျားတွေပဲ"
"ဒီနေ့ အဝတ်လဲခန်းထဲက ထွက်သွားတဲ့ အချိန်ကစပြီး ငါတို့ စိတ်ပျက်မှုတွေကို ဘေးဖယ်ထားပြီး ချန်ပီယံဆုအတွက် ဆက်တိုက်ပွဲဝင်ရမယ်"
မော်ရင်ညို၏ ပြတ်သားသော အသံမှာ အဝတ်လဲခန်းအတွင်း ဟိန်းထွက်နေတော့သည်။ မန်ယူကစားသမားများသည် ခေါင်းကို တဖြည်းဖြည်း မော့လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲက ဝေခွဲမရမှုများမှာလည်း သိသိသာသာ ပျောက်ကွယ်သွားတော့သည်။
***