မကြာမီမှာပင် ချင်နိုင်ငံမှ အရာရှိငယ်တစ်ဦး စခန်းသို့ ရောက်ရှိလာပြီး ဒါဟာ နားလည်မှုလွဲတာဖြစ်ကြောင်း တတွတ်တွတ် ရှင်းပြနေတော့သည်။
"နားလည်မှုလွဲတာ ဟုတ်လား"
"ထန်ဘုရင်လီဂုန်း တစ်ယောက်တည်းက သတင်းပို့ဖို့ ပျက်ကွက်ခဲ့တာကြောင့် ငါတို့မှာ ဘယ်လောက်တောင် ဆုံးရှုံးသွားရသလဲဆိုတာ မင်းသိသလား။ နက်နဲပုံရိပ်အဆင့် ပြီးပြည့်စုံခြင်းကို ရောက်နေပြီ။ ငါ့ရဲ့ ဗိုလ်ချုပ်တစ်ယောက်လုံး ဆုံးရှုံးသွားရပြီ"
ဖန်ရှုကျိန်းက ဟိန်းဟောက်လိုက်သည် "အခုချက်ချင်း လီဂုန်းကို သွားမေးစမ်း။ တကယ်လို့ သူက ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက် မပေးနိုင်ဘူးဆိုရင် ဒီစစ်ပွဲကို ငါ ဆက်မတိုက်တော့ဘူး"
...
ယုံလဲ့ စီရင်စု။
"ဘာ"
"တတိယမြောက်နက်နဲပုံရိပ်အဆင့် သိုင်းပညာရှင် ဟုတ်လား"
"လူနှစ်ယောက်တည်းက စစ်သည် တစ်သိန်းရှေ့မှာ နန်ရွှီရဲ့ ဗိုလ်ချုပ်ကြီး ဖုန်ယွင်ဟန် ကို သတ်သွားတယ်၊ ပြီးတော့ လူတစ်ထောင်နီးပါးကို မြှားနဲ့ပစ်သတ်ပြီး အေးအေးလူလူ ထွက်ပြေးသွားတယ် ဟုတ်လား"
"တိန့်ဖုန်း"
"ဒါ တိန့်ဖုန်း မဟုတ်လား"
ဟူလောင်တောင်ကြားမှ စစ်သတင်းကို မြင်ပြီးနောက် ထန်ဘုရင် လီဂုန်း၏ လက်များမှာ တုန်ရင်နေတော့သည်။
"တိန့်ဖုန်း... သူက ကိုယ့်ကိုယ်ကိုယ် သတ်မသေခဲ့ဘူးလား။ သူ... သူက ဘက်ပြောင်းသွားတာလား"
"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
လျိုဟွမ်ရုန်က မယုံနိုင်သလို ပြောလိုက်သည် "ဗိုလ်ချုပ်တိန့်ရဲ့ မိသားစုက မျိုးဆက်ခြောက်ဆက်လုံးလုံး သစ္စာရှိခဲ့တာလေ၊ သူက ဘယ်လိုလုပ် နိုင်ငံကို သစ္စာဖောက်မှာလဲ"
"သူလည်း သေမှာကြောက်လို့ ဟန်ဆောင်နေတာပဲ နေမှာပါ။ သစ္စာရှိမှုနဲ့ ဖြောင့်မတ်မှုဆိုတာတွေက ဟန်ပြတွေပဲ ဖြစ်ရမယ်"
လီဂုန်း တစ်ယောက် ဤမျှလောက် ဒေါသထွက်ဖူးခြင်း မရှိပေ။
သူသည် စိတ်ကို အတော်ကြာအောင် ပြန်ထိန်းလိုက်ရသည် "ငါတို့ မြို့ကို တိုက်ရိုက် တိုက်လို့ မရဘူးလား။ ချန်ဆန်းရှီ နဲ့ ဖန်ချင်းယွမ် တို့က လှည့်ကွက်တွေ များတယ်ဆိုတာ သိသိကြီးနဲ့ ဘာလို့ သူတို့ကို အခွင့်အရေးတွေ ဆက်ပေးနေရတာလဲ"
"ကျွန်တော်မျိုး သူတို့ရဲ့ အတွေးကို နားလည်ပါတယ်"
လျိုဟွမ်ရုန်က မတတ်သာသလို ပြောလိုက်သည်။ "နန်ရွှီက ဒီကိုလာတာ စည်းစိမ်လာရှာတာပါ၊ အသေခံဖို့ လာတာမဟုတ်ဘူး။ ဒါကြောင့် သူတို့ တွန့်ဆုတ်နေတာက နားလည်ပေးလို့ ရပါတယ်"
"မြို့ကို တိုက်စမ်းပါ စစ်သည် တစ်သိန်းကို ဝင်တိုက်ခိုင်းလိုက်စမ်းပါနှစ်ထောင် သုံးထောင်လောက် သေရင်လည်း ဘာဖြစ်သလဲ။ ငါ့ရဲ့ တစ်ဦးတည်းသော သားကိုတောင် သူတို့ဆီမှာ အာမခံထားပေးထားတာပဲ၊ သူတို့က ဘာလို့ ငါ့ကို မယုံကြတာလဲ"
လီဂုန်းက အကြံထုတ်ရင်း "မြေပုံယူခဲ့စမ်း၊ သူတို့ကို ပြောလိုက်။ တကယ်လို့ သူတို့က ဟူလောင်တောင်ကြားကို တကယ် သိမ်းနိုင်မယ်၊ ပြီးတော့ ဒါရှန် ရဲ့ အရှေ့ဘက် ဒေသတစ်ခုလုံးကို ငါတို့ သိမ်းပိုက်နိုင်မယ်ဆိုရင် ငါတို့က ချန်ပြည်နယ်နဲ့ နောင်ပြည်နယ်ကိုပဲ ယူမယ်။ ကျန်တာတွေ အားလုံး သူတို့ယူလို့ရတယ်။ ထပ်ပြီး မတွန့်ဆုတ်ပါနဲ့တော့။ တကယ်လို့ သူတို့ ထပ်ပြီး တွန့်ဆုတ်နေဦးမယ်ဆိုရင် ငါလည်း ဆက်မတိုက်တော့ဘူး"
"ငါ တိုက်ရိုက်ပဲ ထိုးဖောက်သွားတော့မယ်။ ယုံလဲ့ စီရင်စုကိုလည်း မယူတော့ဘူး"
"ပြည်နယ် သုံးခုကိုလည်း မယူတော့ဘူး"
"သူတို့ရဲ့ စစ်သည် တစ်သိန်းကို ဒါရှန် စစ်သည်တွေနဲ့ပဲ သူတို့ဘာသာ တိုက်ခိုက်ခိုင်းလိုက်တော့။ သူတို့ဆီမှာ စစ်နတ်ဘုရား တစ်ယောက်တောင် မရှိဘဲနဲ့ အရှုံးကြီး ရှုံးပြီး သေဖို့သာ ပြင်ထားလိုက်ကြတော့"
သူသည် တစ်သက်လုံး နယ်စပ်မှာ တိုက်ပွဲဝင်လာခဲ့သူ ဖြစ်သည်။ ယခုကဲ့သို့ စိတ်ပျက်စရာကောင်းမှုကို တစ်ခါမျှ မခံစားဖူးပေ။ မဟာမိတ် တပ်တွေ အများကြီး ရှိနေပါသော်လည်း သူတို့က... ရှေ့ကို မတိုးကြပေ။ မဟာမိတ်တွေ အခက်တွေ့နေချိန်မှာတောင် တောင်ကြီးတစ်လုံးလို မလှုပ်မယှက် တည်ရှိနေကြသည်။
တကယ်ကို ရွံစရာကောင်းလှသည်။ ယင်ကောင်စားမိသလို ခံစားချက်မျိုးပင်။ ဟို မုန်ချူကျီ လိုပဲ ရွံစရာကောင်းလှသည်။
နန်ရွှီ စခန်း။
"ကောင်စုတ်လေး"
"လီဂုန်းက ငါတို့ကိုတောင် ပြန်ပြီး စကားတင်းတင်းဆိုရဲသေးတယ်"
ဖန်ရှုကျိန်းက လျှို့ဝှက်စာကို ရိုက်ချလိုက်သည် "သူက ငါတို့ကို ခြိမ်းခြောက်နေတယ်။ ငါတို့သာ ထပ်ပြီး အချိန်ဆွဲနေမယ်ဆိုရင် သူ ထွက်ပြေးသွားပြီး ပြည်နယ် သုံးခုကိုပါ လက်လွှတ်လိုက်မယ်တဲ့။ ရှင်းနေတာပဲ၊ သူက အစကတည်းက စစ်ရေးသတင်းတွေကို ဖုံးကွယ်ထားလို့ ငါတို့မှာ ဆုံးရှုံးမှုတွေ ဆက်တိုက် ဖြစ်နေတာလေ။ ဗျူဟာမှူး... ပြောပါဦး၊ ငါတို့ ဘာလုပ်သင့်သလဲ"
ရန်ကျင်ရွမ်က မျက်လုံးမှိတ်လျက် စာပါ အကြောင်းအရာတွေကို ပြန်စဉ်းစားနေသည်။ "ကြည့်ရတာ လီဂုန်းက လိမ်နေတာ မဟုတ်ဘူး ထင်တယ်"
"ဟုတ်ပါတယ်... ဟုတ်ပါတယ်"
လီဂုန်း၏ သားက အလောတကြီး ဝင်ပြောသည် "ကျွန်တော့်အဖေက ကျွန်တော့်ကိုတောင် ဒီမှာ အကူအညီပေးဖို့ လွှတ်ထားတာပဲ၊ ဒါဟာ လုံလောက်တဲ့ ရိုးသားမှု မဟုတ်ဘူးလား"
"ဒါဆိုရင် ဖြစ်နိုင်ခြေ တစ်ခုပဲ ရှိတော့တယ်"
ရန်ကျင်ရွမ်က ဆုံးဖြတ်ချက် ချလိုက်သည်"လီဂုန်းလည်း အစီအစဉ်တစ်ခုထဲမှာ ပိတ်မိသွားတာပဲ။ သူလည်း အလှည့်စားခံလိုက်ရတာ ဖြစ်လိမ့်မယ်။ ဟူလောင်တောင်ကြားထဲမှာ စစ်သည် သုံးထောင်ပဲ ရှိတယ်ဆိုတာ သူ မှားယွင်း ယုံကြည်သွားတာပဲ။ ဒါဟာ ဖန်ချင်းယွမ် တမင်လုပ်ထားတာ ဖြစ်လိမ့်မယ်။ ဒါက သူ အကျွမ်းကျင်ဆုံး အလုပ်ပဲလေ"
"ဩော်"
ယိုကျင့်ကျီက အလောတကြီး မေးမြန်းလိုက်သည်"ဒါဆိုရင် ဗျူဟာမှူးရဲ့ အမြင်အရ ဟူလောင်တောင်ကြားထဲမှာ စစ်သည် ဘယ်လောက်ရှိမယ် ထင်သလဲ"
"ကင်းထောက်တွေကကော"
ရန်ကျင်ရွမ်က မေးလိုက်သည်"ဒီရက်ပိုင်းအတွင်းမှာ ငါ့ရဲ့ ညွှန်ကြားချက်အတိုင်း သတင်းတွေ စုဆောင်းခဲ့ရဲ့လား"
"ဗိုလ်ချုပ်... ဟုတ်ကဲ့ပါ"
လက်အောက်ငယ်သားက ပြန်ဖြေသည် "ဟူလောင်တောင်ကြားထဲက လူတွေက ပျန်ယဲ့မြစ်ဆီကို မြင်းကျောင်းဖို့ သွားကြပါတယ်။ မနက် ငါးနာရီမှာ ထွက်ပြီး ညနေ ခြောက်နာရီမှာ ပြန်လာကြပါတယ်။ မြင်းကျောင်းတဲ့လူတွေက အရမ်းများလို့ အတိအကျ ရေတွက်ဖို့ ခက်ပေမဲ့ အနည်းဆုံးတော့ နှစ်ထောင်လောက် ရှိမယ် ထင်ပါတယ်"
"မြင်းကျောင်းဖို့တင် လူနှစ်ထောင်တောင် ရှိတာလား"
ယိုကျင့်ကျီ အံ့ဩသွားရသည်"ဒါက စစ်သည်တွေ အများကြီးရှိတယ်ဆိုတဲ့ လက္ခဏာ မဟုတ်ဘူးလား။ ဟန်ဆောင်နေတာများလား"
ကင်းထောက်ကတော့ အမှန်တကယ် ဖြစ်ကြောင်း အတည်ပြုသည်။
"ပျန်ယဲ့မြစ်တဝိုက်က ကွင်းပြင်ကျယ်ကြီးဆိုတော့ မြစ်တစ်ဖက်ကမ်းကနေ ရှင်းရှင်းလင်းလင်း မြင်နိုင်ပါတယ်။ ဗိုလ်ချုပ်တို့ရဲ့ အဆုံးအဖြတ်က ကျွန်တော့်ထက် သာမှာပါ၊ ကိုယ်တိုင် သွားကြည့်လိုက်တာက ပိုကောင်းပါလိမ့်မယ်"
"အင်း"
ရန်ကျင်ရွမ်က ချက်ချင်းပင် ထွက်ခွာသွားသည်။
ကြီးမားသော ဆုံးရှုံးမှု နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရပြီးနောက် သူတို့ ထပ်ပြီး မပေါ့ဆရဲတော့ပေ။
ငါးရက်တိုင်တိုင် ကိုယ်တိုင် စောင့်ကြည့်ခဲ့ကြသည်။ မြင်းကျောင်းသူ အရေအတွက်မှာ အမှန်တကယ်ပင် နှစ်ထောင်ထက် ကျော်လွန်နေသည်။
"ဒါဆိုရင်..."
ဖန်ရှုကျိန်းက ပြောသည်"တကယ်ပဲ လူသုံးသောင်းလောက် ရှိနေတာလား"
"မဖြစ်နိုင်ဘူး"
ရန်ကျင်ရွမ်က တွေးတောနေသည် "တကယ်လို့ လူသုံးသောင်းရှိရင် လီဂုန်းလည်း သိမှာပဲ။ ဒါပေမဲ့ သုံးထောင်တည်း မဟုတ်တာတော့ သေချာတယ်။ကျွန်တော့်ခန့်မှန်းချက်အရ ဟူလောင်တောင်ကြားထဲမှာ စစ်သည် တစ်သောင်းခွဲလောက် ရှိမယ်။ နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ် သုံးဦး၊ ပြီးတော့ ကောင်းကင်ဘုံကျမ်းနဲ့ မသေမျိုးအတတ်ပညာတွေ တတ်တဲ့ ဖန်ချင်းယွမ် လည်း ရှိနေဦးမယ်။ ဒါဟာ သူတို့ရဲ့ တကယ့် စစ်အင်အားပဲ ဖြစ်ရမယ်"
"တစ်သောင်းခွဲ..."
ဖန်ရှုကျိန်းက သူ၏ လက်နက်ကို ပွတ်သပ်ရင်း "ဟူလောင်တောင်ကြားက တိုက်ဖို့ မလွယ်ဘူး။ တကယ်လို့ အကုန်သုံးပြီး တိုက်မယ်ဆိုရင်တောင် အချိန်တိုအတွင်း သိမ်းပိုက်နိုင်ဖို့ စစ်သည် လေးသောင်းလောက် ဆုံးရှုံးရလိမ့်မယ်။ လေးသောင်းဆိုတာ ဆုံးရှုံးမှု အရမ်းကြီးတယ်"
"ဒါပေမဲ့ မင်းသားရှစ်..."
ရန်ကျင်ရွမ်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည် "တောင်ကြားကို မဖောက်နိုင်ရင် ဟူလောင်ကို သိမ်းလို့မရဘူး။ ဟူလောင်ကို မသိမ်းနိုင်ရင် လင်ကျိုး ကို ထိန်းချုပ်ဖို့ ခက်လိမ့်မယ်။ တကယ်လို့ လီဂုန်းသာ တကယ် ဆုတ်ခွာသွားပြီး ဒါရှန် တပ်ဖွဲ့တွေက ဟူလောင်တောင်ကြားကနေ တောင်ဘက်ကို ဆင်းလာမယ်ဆိုရင် ကျွန်တော်တို့ ဒီခရီးက အလကား ဖြစ်သွားလိမ့်မယ်"
"ဒါဆို မင်းပြောချင်တာက ငါတို့ တိုက်သင့်တယ်ပေါ့"
ဖန်ရှုကျိန်းသည် ကြီးမားသော အာဏာကို လိုလားသူဖြစ်သဖြင့် ကိုယ်ပိုင် နယ်မြေတစ်ခု လိုအပ်သည်။ လင်ကျိုး သည် အကောင်းဆုံး နေရာဖြစ်သည်မှာ သံသယ ရှိစရာ မလိုပေ။ ထို့အပြင် ဟူလောင်တောင်ကြားကို သိမ်းပိုက်နိုင်လျှင် အခွင့်အရေးများစွာ ရလာနိုင်သော်လည်း ဆုံးရှုံးမှုကလည်း ကြီးမားလှသည်။
ဒီလူတစ်သိန်းမှာ သူ၏ အခြေခံ အုတ်မြစ်ဖြစ်သဖြင့် ထက်ဝက်နီးပါး ဆုံးရှုံးသွားလျှင် ပြန်လည် ထူထောင်ဖို့ ငါးနှစ်ကနေ ဆယ်နှစ်အထိ အချိန်ယူရလိမ့်မည်။
"မင်းသားရှစ်"
ရန်ကျင်ရွမ်က သူ၏ အတွေးကို သိလိုက်သည် "ကြီးမြတ်တဲ့ အလုပ်ကို လုပ်ချင်တဲ့သူက ဘာလို့ တွန့်ဆုတ်နေရမှာလဲ။ စကားတစ်ခွန်းပဲ ရှိတယ်။ လင်ကျိုး ဒါမှမဟုတ် အဲ့ဒီထက်ပိုတဲ့ အရာတွေကို လိုချင်တယ်ဆိုရင်တော့ ပေးဆပ်ရမယ့် တန်ဖိုးကို ပေးရမှာပဲ။ တကယ်လို့ ရှေ့ကြည့်နောက်ကြည့်နဲ့ တွန့်ဆုတ်နေမယ်ဆိုရင်တော့ ဘာမှ ရမှာမဟုတ်ဘူး"
"ဒါဆို တိုက်ကြတာပေါ့"
ဖန်ရှုကျိန်းက ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။
"ဒါပေမဲ့ ငါ့ရဲ့ ညီတော်၁၄ကကော"
***