ဟူလောင်တောင်ကြား။
ချန်ဆန်းရှီသည် တင်ပျဉ်ခွေထိုင်နေသည်။
သူသည် ဝိညာဉ်ပုတီးစေ့ မှ ခရမ်းရောင်ချီများကို စုပ်ယူနေခြင်း ဖြစ်သည်။
သူ၏ ညာဘက်လက်ပေါ်တွင် ဓားငယ်လေးတစ်စင်းမှာ အဆက်မပြတ် ပုံပေါ်လာလိုက်၊ ပြန်ပျောက်သွားလိုက် ဖြစ်နေသည်။ သို့သော် ပေါ်လာတိုင်းတွင် အရင်ကထက် ပိုမိုခိုင်မာလာပြီး ထွက်ပေါ်လာသော စွမ်းအားမှာလည်း ပို၍ ပြင်းထန်လာသည်။
ဤဖြစ်စဉ်က ထပ်တလဲလဲ ဖြစ်နေခဲ့သည်။
နောက်ဆုံးတွင်တော့ ထိုဓားငယ်လေးသည် အစစ်အမှန်အတိုင်း ခိုင်မာတည်ငြိမ်သွားပြီး နဂါးဟိန်းသံကဲ့သို့ အသံသဲ့သဲ့ ထွက်ပေါ်လာသည်။ လက်ဝါးခန့် အရွယ်အစားရှိသော ထိုဓားငယ်မှာ လေထဲတွင် ပျံသန်းနေသော အစစ်အမှန် ဓားသွားတစ်ခုအလား ထက်မြက်လှသော အသွားကို ပြသနေတော့သည်။
ဓားချီမန္တန်အောင်မြင်သွားပြီ ဖြစ်သည်။
[မန္တန် - ဓားချီမန္တန် (သေးငယ်သောအောင်မြင်မှု)]
[တိုးတက်မှု့ - ၀/၂၀၀၀]
[စွမ်းဆောင်ရည် - ပေတစ်ထောင်အကွာအဝေး ပျံသန်းဓား]
[ပေတစ်ထောင်အကွာအဝေး ပျံသန်းဓား - ပေတစ်ထောင် အကွာအဝေးအတွင်း မမြင်နိုင်အောင် သတ်ဖြတ်နိုင်ခြင်း]
စွမ်းအားရော အကွာအဝေးပါ သိသိသာသာ မြင့်တက်လာခဲ့သည်။
ချန်ဆန်းရှီက သေချာစွာ အာရုံခံကြည့်လိုက်သည်။
ယခုဆိုလျှင် သေးငယ်သောအောင်မြင်မှု့ရှိသော နက်နဲပုံရိပ်အဆင့် ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ရန်အတွက် သူ၏ မန္တန်က ဘာပြဿနာမျှ ရှိတော့မည် မဟုတ်ပေ။
သူသည် တိန့်ဖုန်း တိုက်ခိုက်နေသည်ကို စောင့်ကြည့်ဖူးသဖြင့် နက်နဲပုံရိပ်အဆင့် သိုင်းသမားတစ်ဦး၏ တိုက်ခိုက်နိုင်စွမ်းနှင့် ခုခံနိုင်စွမ်းကို ကောင်းကောင်း နားလည်ထားပြီး ဖြစ်သည်။
"အရှင်"
တံခါးအပြင်ဘက်။
တော်တော်လှမ်းလှမ်း အကွာအဝေးကနေ ကျောက်ကန်က သတိထားပြီး သတင်းပို့လိုက်သည်။ "အရှင်... မနေ့က ဟူလောင်တောင်ကြားကို ပေးပို့မယ့် ရိက္ခာလမ်းကြောင်း အဖြတ်ခံလိုက်ရပေမဲ့ အခုလေးတင်ပဲ သတင်းရပါတယ်။ နောက်ထပ် နှစ်နာရီအတွင်းမှာ အရေးပေါ် ရိက္ခာတစ်သုတ်ကို ဒီကို ပို့ပေးမယ်လို့ သိရပါတယ်"
ဒီ ခေါင်းဆောင်ချုပ်မုန်ကတော့ အားကိုးထိုက်ဆဲပင်။
ဤမျှ တိုတောင်းသော အချိန်အတွင်းမှာ ရိက္ခာတွေ ပို့ဆောင်ပေးဖို့ဆိုသည်မှာ အလွန် ခက်ခဲသော ကိစ္စဖြစ်မှန်း ချန်ဆန်းရှီ သိသည်။
"ဒါဆိုရင် ထမင်းချက်ခိုင်းလိုက်တော့။ အဆုံးအဖြတ် တိုက်ပွဲမတိုင်ခင် ညီအစ်ကိုတွေကို ဝဝလင်လင် စားသောက်ခိုင်းလိုက်"
...
နန်ရွှီ စခန်း။
တိန့်ဖုန်း နှင့် သူ၏ အဖော်များသည် စစ်ကြောင်းအထပ်ထပ်ကို ဖြတ်ကျော်လာခဲ့ကြသည်။ လူပင်လယ်ကြီးဆိုသည်မှာ မည်သို့ရှိသည်ကို သူတို့ ကိုယ်တွေ့ ကြုံလိုက်ရပြီ ဖြစ်သည်။ စစ်သည် သောင်းပေါင်းများစွာ ရှိနေသဖြင့် သူတို့၏ စစ်ကြောင်းမှာ မိုင်ပေါင်း ၂၀ ကျော်အထိ ရှည်လျားလှသည်။
အဓိက တပ်ဖွဲ့ကြီးရှိရာသို့ ရောက်ဖို့ သူတို့သည် ၁၀ မိုင်ကျော် ခရီးနှင်ခဲ့ရသည်။
ရှာဝမ်လုံ၏ စိတ်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည် "တကယ်လို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုက မအောင်မြင်ရင် ဘာဖြစ်မလဲ"
"ဘာဖြစ်မလဲ ဟုတ်လား"
ဝမ်ကျိီက သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
"ငါတို့ ဝန်းရံပိတ်ဆို့ ခံရမှာပေါ့။ အစွမ်းရှိတဲ့သူက အသက်ရှင်မယ်၊ အစွမ်းမရှိတဲ့သူက သေရမယ်။ ဒါပဲလေ"
ရှာဝမ်လုံသည် နက်နဲပုံရိပ်အဆင့်သို့ စတင်ဝင်ရောက်ကာစ ဖြစ်ရာ သူသည် အားအနည်းဆုံး ဖြစ်နေသည်မှာ ငြင်းစရာ မရှိပေ။
နန်ရွှီ ဘက်မှ ကျန်သည့် သုံးဦးမှာမူ...
ဖန်ရှုကျိန်းကို ထားပါဦး၊ ယိုကျင့်ကျီ မှာလည်း သေးငယ်သောအောင်မြင်မှု့အဆင့်ဖြစ်ကာ ဗျူဟာကိုပဲ အဓိက အားကိုးသော ရန်ကျင်ရွမ် တစ်ဦးတည်းသာ ရှာဝမ်လုံနှင့် အဆင့်တူ ဖြစ်သည်။
ခြုံကြည့်ရလျှင် တစ်ခုခု မှားယွင်းသွားပါက သူတို့အားလုံး အဆုံးသတ်သွားနိုင်သည်။
ဒါပေမဲ့ အဲ့ဒီလောက်အထိတော့ မဖြစ်နိုင်လောက်ပါဘူး...
ဘာပဲဖြစ်ဖြစ် ဖန်ချင်းယွမ် ပါ ရှိနေတာပဲ မဟုတ်လား။ သူတို့က ကိုယ့်အသက်ကို ဒီလောက်အထိ မဆင်မခြင် စွန့်စားကြမှာ မဟုတ်ပေ။
သူတို့ မျှော်လင့်နိုင်တာကတော့ ညှိနှိုင်းမှု ချောမွေ့ဖို့ပင် ဖြစ်သည်။
ဗဟိုတပ်ဖွဲ့ စခန်း။
"မင်းသားရှစ်... သူတို့ ရောက်တော့မယ်။ မင်းသားက အရင်သွားကြည့်ပြီး သူတို့ တကယ်ပဲ ဟုတ်မဟုတ် စစ်ဆေးလိုက်ပါဦး။ တစ်ယောက်ယောက်က ဟန်ဆောင်လာတာမျိုး မဖြစ်အောင်လို့ပါ" ရန်ကျင်ရွမ်မှာ ပို၍ စိတ်မအေး ဖြစ်နေသည်။
"အထူးသဖြင့် လက်နက်မပါတဲ့ အဲ့ဒီ ဗိုလ်ချုပ်ကို သတိထားကြည့်ပါ။ သူက တိန့်ဖုန်း ကိုယ်တိုင် ရုပ်ဖျက်လာတာလားလို့ ကျွန်တော် သံသယရှိနေတယ်။ သူတို့ဆီမှာ ကြီးမားသောအောင်မြင်မှု့အဆင့် နှစ်ယောက် မရှိနိုင်ပါဘူး"
"နားလည်ပြီ"
ဖန်ရှုကျိန်းသည် ကိုယ်တိုင်ပင် ထွက်၍ ကြိုဆိုလိုက်သည်။
နှစ်ဖက်စလုံးသည် တဲနန်းအပြင်ဘက်တွင် ထိပ်တိုက် တွေ့ဆုံကြသည်။
"ညီတော်၁၄"
"မြန်မြန်... ညီတော်ကို အနားယူဖို့ ကူညီပေးလိုက်ကြစမ်း"
ဖန်ရှုကျိန်းသည် သံကြိုးများဖြင့် ချည်နှောင်ခံထားရသော ဖန်ကျိုရှောင် ကို အရင် ကယ်တင်လိုက်ပြီး ကျန်ရှိသော သူများကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
"ဗိုလ်ချုပ်ဖန်၊ ဗိုလ်ချုပ်တိန့်၊ ဗိုလ်ချုပ်ရှာ"
သူသည် ထိုသုံးဦးကို ချက်ချင်း မှတ်မိသွားသည်။ ထို့နောက် နောက်ဆုံးတစ်ဦးပေါ်သို့ အကြည့် ရောက်သွားသည်။
"ဒီက ဗိုလ်ချုပ်က..."
"ဖန်၈"
ဝမ်ကျိီက သူ၏ သံဦးထုပ်ကို ချွတ်လိုက်ပြီး လှောင်ပြောင်လိုက်သည်။ "မင်းရဲ့ အဘိုးကိုတောင် မမှတ်မိတော့ဘူးလား"
"မင်း..."
ဖန်ရှုကျိန်း အံ့ဩသွားရသည်။ ခဏအကြာတွင်တော့ သူ၏ မှတ်ဉာဏ်ထဲမှ အမည်တစ်ခုနှင့် ရှေ့က မျက်နှာကို တိုက်ဆိုင်စစ်ဆေးလိုက်သည်။ "ထန်ရိုရှန်.. မင်း မသေသေးဘူးလား။ ငွေရောင်ထင်းရှူးတောင်ကုန်း တိုက်ပွဲမှာ ရှိခဲ့တာ မင်းပဲပေါ့"
သိပ်မဝေးသော နေရာရှိ တဲနန်းထဲတွင် ရန်ကျင်ရွမ်သည် ဓားရိုးကို ကိုင်ထားပြီး တစ်ခုခု မှားယွင်းလျှင် တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ သို့သော် သူ ရင်းနှီးလွန်းလှသော နာမည်တစ်ခုကို ကြားလိုက်ရသည်။
ထိုနှစ်က လိပ်နက်စခန်း။
စခန်းတစ်ခုလုံးမှာ သူ၏ ဖခင်အမိန့်အောက်တွင် အမြစ်ပြတ် သုတ်သင်ခံခဲ့ရခြင်း ဖြစ်သည်။
"ဝှစ်..."
ရန်ကျင်ရွမ်က တဲနန်းလိုက်ကာကို ဖြတ်ခနဲ ဖွင့်လိုက်သည်။
သူက ထိုလူမှာ အမှန်တကယ်ပင် ထန်ရိုရှန် ဖြစ်ကြောင်း အတည်ပြုလိုက်
သည်။ "ထန်ရိုရှန်... မင်း တကယ်ပဲ အသက်ရှင်နေသေးတာလား"
'မဆန်းပါဘူး။'
'ထိုစဉ်က နန်ရွှီ စစ်သည်တွေက လိပ်နက်စခန်း တစ်ခုလုံးကို သုတ်သင်လိုက်ပြီလို့ ပြောခဲ့ကြတာလေ။'
ဒါပေမဲ့ တကယ်တမ်းမှာတော့ သေဆုံးသူတွေကို သက်သေပြဖို့ အလောင်းတွေလည်း မရှိခဲ့သလို အသက်ရှင်ကျန်ရစ်သူရဲ့ အရိပ်အယောင်လည်း မတွေ့ခဲ့ရပေ။
"ဘယ်သူလဲ"
ရှာဝမ်လုံလည်း ကြောင်သွားသည်။
ဒီလူက ထိုစဉ်က လိပ်နက်စခန်းရဲ့ ဗိုလ်ချုပ်ကြီးလား။
ဒါဟာ လွန်ခဲ့တဲ့ ၁၅ နှစ်က နက်နဲပုံရိပ်အဆင့်မှာ ကြီးမားသောအောင်မြင်မှု့သိုင်းပညာရှင်တစ်ယောက်လေ။
ထိုစဉ်က စစ်နတ်ဘုရားအဆင့်တွေဆိုတာ အလွန် ရှားပါးလှပြီး နက်နဲပုံရိပ်
အဆင့်မှာ ကြီးမားသောအောင်မြင်မှု့ဆိုလျှင် လောကမှာ ထိပ်တန်း တိုက်ခိုက်ရေးသမားအဖြစ် သတ်မှတ်ခံရခြင်း ဖြစ်သည်။
'ဒီလူက...'
ဘာလို့ ဗိုလ်ကြီးအဆင့်အထိ လျှောကျသွားရတာလဲ။
ဘာလို့ ဒီလောက် အရေးကြီးတဲ့ ကိစ္စမှာ ဗိုလ်ကြီး တစ်ယောက်ကိုပါ ခေါ်လာရတာလဲ။
"မင်းတို့အဘိုးက အဲ့ဒီလောက် အလွယ်မသေပါဘူး"
ဝမ်ကျိီက ဂုဏ်ယူစွာဖြင့် ကြွေးကြော်လိုက်သည်။
"ဖန်၈... မင်းရဲ့ ဦးလေး၄ရဲ့ ခေါင်းကို ငါ ထန်ရိုရှန် က ညအိုးအဖြစ် သုံးခဲ့တာတောင် နှစ်အနည်းငယ် ရှိသွားပြီ။ တကယ်ကို အသုံးတည့်သားပဲ"
"မင်း... မင်း"
ဖန်ရှုကျိန်းက "ထန်ရိုရှန်... ဒီနှစ်တွေမှာ မင်း ဘယ်မှာ ပုန်းနေတာလဲ" ဟု မေးလိုက်သည်။
"အဲ့ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ"
ဝမ်ကျိီက ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
လူအစစ်အမှန်တွေ ဖြစ်ကြောင်း အတည်ပြုပြီးနောက် ဖန်ရှုကျိန်း၊ ယိုကျင့်ကျီ နှင့် ရန်ကျင်ရွမ် တို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
ကြည့်ရတာ ညှိနှိုင်းမှုက အစစ်အမှန် ဖြစ်ပုံရသည်။
ဟူလောင်တောင်ကြားက အဓိက တိုက်ခိုက်ရေးသမားတွေ အားလုံး ဒီကို ရောက်နေကြပြီ မဟုတ်လား။
"ချန်ဆန်းရှီ ကော ဘယ်မှာလဲ"
ဖန်ရှုကျိန်းက မေးလိုက်သည်"သူက ခေါင်းဆောင်ပဲ၊ သူ ဘာလို့ ဒီမှာ မရှိတာလဲ"
"မင်းသားရှစ်"
ဖန်ချင်းယွမ်က ဖြည်းညှင်းစွာ ပြောလိုက်သည်။
"ဟူလောင်တောင်ကြားမှာ တစ်ယောက်ယောက်တော့ ကြီးကြပ်ဖို့ ချန်ထားခဲ့ရမှာ မဟုတ်လား"
"ဗိုလ်ချုပ်ဖန် ပြောတာ မှန်ပါတယ်၊ ဒီမှာပဲ ရပ်မနေကြပါနဲ့တော့"
ရန်ကျင်ရွမ်က လေထုကို ပြောင်းလဲလိုက်ရင်း "အတိတ်က ရန်ငြိုးတွေကို ခဏမေ့ထားကြရအောင်။ ကျွန်တော်ကတော့ ဝိုင်နဲ့ စားသောက်ပွဲ ပြင်ဆင်ထားပြီးပါပြီ၊ အထဲကို ကြွကြပါ။ အေးအေးဆေးဆေး ညှိနှိုင်းကြတာပေါ့" ဟု ဆိုလိုက်သည်။
"မင်းတို့က လက်နက်တွေပါ ယူဦးမှာလား"
ရှာဝမ်လုံက ဘေးက တပ်သားတွေကို ကြည့်ပြီး မေးလိုက်သည်။ "ဘာလဲ... ငါတို့ကို ဒီမှာတင် သတ်ချင်လို့လား"
"အဲ့ဒီလို မဟုတ်ပါဘူး"
ရန်ကျင်ရွမ်က အမိန့်ပေးလိုက်သည်"လမ်းဖယ်ပေးလိုက်ကြစမ်း။ ဗိုလ်ချုပ်တွေကို သူတို့ရဲ့ လက်နက်တွေနဲ့အတူ အထဲကို ဝင်ခွင့်ပြုလိုက်"
ဒါဟာ စစ်သည် တစ်သိန်းရှိတဲ့ အဓိက တပ်စခန်းလေ။
လက်နက်တွေ ယူလာရုံနဲ့ ဘာဖြစ်သွားမှာလဲ။
တကယ်လို့ သူတို့က လက်နက်တွေ မယူလာဘူးဆိုရင်မှ လှည့်ကွက်တစ်ခုခု ရှိနေမှာကို စိုးရိမ်ရဦးမည်။
"ဗျူဟာမှူး"
ဖန်ရှုကျိန်းသည် ဧည့်သည်တွေကို ဧည့်ခံရန် ယိုကျင့်ကျီ ကို ချန်ထားခဲ့ပြီး အပြင်မှာ သီးသန့် ဆွေးနွေးလိုက်သည်။ "လီဂုန်း ရဲ့ သားက ပြဿနာ ရှာနေတယ်။ ငါတို့ ညှိနှိုင်းနေတာကို သူ သိသွားပုံရပြီး ချင်နိုင်ငံကိုလည်း အကြောင်းကြားလိုက်ပုံပဲ။ လီဂုန်း ကတော့ သေချာပေါက် ဒေါသထွက်နေလိမ့်မယ်၊ ငါတို့ ဒါကို ဘယ်လို ကိုင်တွယ်ကြမလဲ"
***