"သူ့ကို အကြောင်းမကြားဘဲ နေသင့်တာပေါ့၊ဒါပေမဲ့ ဒါက ပိုမကောင်းဘူးလား"
ရန်ကျင်ရွမ်က ကောက်ကျစ်စဉ်းလဲသော အကြည့်ဖြင့်"ဒါက ချင်နိုင်ငံကိုပါ လေလံဆွဲခိုင်းဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ သူတို့ဘက်က ယောင်ပြည်နယ်နဲ့ လေပြည်နယ်ကိုပါ ကျွန်တော်တို့ကို ပေးချင်သလားလို့ မေးကြည့်ရမယ်။ နှစ်ဖက်စလုံးရဲ့ တုံ့ပြန်မှုကို ကြည့်ပြီးမှ ဘယ်သူနဲ့ လက်တွဲမလဲဆိုတာ ကျွန်တော်တို့ ဆုံးဖြတ်လို့ ရတာပေါ့"
"တကယ်ကို ထက်မြက်တဲ့ အကြံပဲ"
ဖန်ရှုကျိန်းက ထပ်တလဲလဲ ချီးကျူးလိုက်သည်။
"ဈေးကောင်းပေးတဲ့သူကို စောင့်တာပေါ့။ ငါ ဘာလို့ ဒါကို မတွေးမိပါလိမ့်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဘက်ကတော့ အမြတ်အစွန်းတွေ အများကြီး ရမှာပဲ"
"လီဂုန်းရဲ့ သားနဲ့ ပတ်သက်လို့ကတော့..."
ရန်ကျင်ရွမ်က အေးစက်စွာ ပြောလိုက်သည်။ "ဒါရှန်ကလူတွေနဲ့ ညှိနှိုင်းမှု အောင်မြင်သွားရင်တော့ သူ့ကို သတ်ပြီး သူ့ခေါင်းကို လက်ဆောင်အဖြစ် ပေးလိုက်ရုံပဲ။ မဟုတ်ရင်တော့ ဖန်ချင်းယွမ် ရဲ့ ခေါင်းကိုပဲ ဖြတ်ယူလိုက်
မယ်။ ဘယ်လိုရလဒ်ပဲ ထွက်လာပါစေ အသာစီးကတော့ ကျွန်တော်တို့လက်ထဲမှာပဲ ရှိနေမှာပါ"
ဖန်ရှုကျိန်း၏ စိတ်ထဲတွင် အလွန်ပင် စိတ်အေးသွားရသည်။
"ငါ့လက်ထဲမှာ စစ်သည် တစ်သိန်းရှိတယ်"
"ဒီစစ်သည် တစ်သိန်းသာ ရှိနေရင် ဘယ်သူပဲ ငါ့ဆီလာလာ ခေါင်းငုံ့ပြီး စကားပြောကြရမှာပဲ"
အမှန်ပင်ဖြစ်သည်။ အင်အားဆိုသည်မှာ နောက်ဆုံး၌ အကောင်းဆုံး ငွေကြေးပင် မဟုတ်ပါလား။
...
ယုံလဲ့ စီရင်စု။
"ငြိမ်းချမ်းရေး ဆွေးနွေးတယ် ဟုတ်လား"
"ဒါဟာ မင်းသားလေးဆီကလာတဲ့ သတင်းပဲ၊ သူကိုယ်တိုင် ဖန်ချင်းယွမ် နဲ့ တခြားသူတွေ ဗဟိုစခန်းတဲထဲကို ဝင်သွားတာကို မြင်ခဲ့တာ"
"ဒါက တကယ်ပဲ မဟာမိတ်တပ်ဖွဲ့ ဟုတ်ရဲ့လား"
ထန်ဘုရင်လီဂုန်း တစ်ယောက် ဒေါသကို မထိန်းနိုင်တော့ပေ။
"ငါက ဒီမှာ သူတို့အတွက် ပင်ပင်ပန်းပန်း စောင့်နေရတာကို သူတို့က ဒါရှန် နဲ့ တိတ်တဆိတ် ညှိနှိုင်းနေကြတယ် ဟုတ်လား။ သူတို့က ဘယ်လောက်တောင် အောက်တန်းကျနေကြတာလဲ။ နေဦး..."
"သတင်းပို့ပါတယ်"
"ဖန်ရှုကျိန်း ဆီက လျှို့ဝှက်စာ ရောက်လာပါပြီ"
လီဂုန်း ဒေါသပေါက်ကွဲတော့မည့် အချိန်မှာပင် သတင်းအသစ်က တစ်ပြိုင်နက်တည်း ရောက်ရှိလာခြင်း ဖြစ်သည်။ စာကို ဖတ်ပြီးနောက်တွင်တော့ သူသည် ဒေါသထွက်လွန်းသဖြင့် တုံ့ပြန်ဖို့ပင် မေ့သွားရသည်။
"အရှင်..."
လျိုဟွမ်ရုန်က "နန်ရွီနိုင်ငံက လူတွေက ဘာပြောလိုက်သလဲ" ဟု မေးလိုက်သည်။
"သူတို့က အခြေအနေကို အခွင့်ကောင်းယူနေတာပဲ"
လီဂုန်းက ခနဲ့တဲ့တဲ့ ရယ်လိုက်ပြီး"မင်းသားရှစ်က တကယ်ပဲ လေလံပွဲ စလုပ်နေပြီ။ ဒါရှန် လူတွေက လန်ကျိုး နဲ့ မိုပြည်နယ် ကို ပေးမယ်လို့ ကမ်းလှမ်းထားတယ်၊ ငါတို့ဘက်ကရော ပြည်နယ် နှစ်ခုကို ပေးနိုင်မလားတဲ့"
"ဒါကတော့ လွန်လွန်းသွားပြီ"
လျိုဟွမ်ရုန်လည်း ထိုနည်းတူပင် စိတ်ပျက်သွားရသည်။
"အရှင်... ကျွန်တော်တို့ ဘာလုပ်သင့်သလဲ။ တကယ်လို့ သဘောမတူရင် နန်ရွှီ က ဒါရှန် ရဲ့ မဟာမိတ် ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ သဘောတူပြန်ရင်လည်း ကျွန်တော်တို့အတွက်က အကြီးအကျယ် ဆုံးရှုံးရမှာဖြစ်သလို အရှက်ရစရာလည်း ကောင်းလှတယ်။ အချိန်လည်း သိပ်မကျန်တော့ဘူး၊ သူတို့က နန်ရွှီ စခန်းထဲမှာ ဆွေးနွေးနေကြပြီလေ"
"နေဦး"
လီဂုန်း တစ်ခုခုကို သတိရသွားပြီး ကြားဖြတ်ပြောလိုက်သည်။ "ညှိနှိုင်းဖို့အတွက် နန်ရွှီ စခန်းထဲကို ဘယ်သူတွေ ဝင်သွားသလဲဆိုတာ မင်းသိသလား"
"မင်းသားလေးက လျှို့ဝှက်စာထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားပါတယ်"
လျိုဟွမ်ရုန်က "ရှာဝမ်လုံ၊ တိန့်ဖုန်း၊ ဖန်ချင်းယွမ် နဲ့ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ထန်ရိုရှန်တို့ပါ" ဟု ဆိုသည်။
"ဒါဆိုရင် ဟူလောင်တောင်ကြားက အဓိကလူတွေ အကုန်လုံး အဲ့ဒီမှာ ရှိနေတာပေါ့"
လီဂုန်းသည် ရုတ်တရက် ရဲတင်းသော ဗျူဟာတစ်ခုကို ထုတ်ဖော်လိုက်ရင်း ပြတ်သားစွာ ပြောလိုက်သည်။ "မြန်မြန်... ဧကရီဆီကို စာမူကြမ်း တစ်စောင် ရေးစမ်း။ နန်ရွှီ ရဲ့ တောင်းဆိုချက် အားလုံးကို သဘောတူဖို့ တောင်းပန်လိုက်မယ်။ ငါ့မှာ ကတိတစ်ခုပဲ ရှိတယ်။ အဲ့ဒီ ညှိနှိုင်းဖို့ ရောက်နေတဲ့ ဗိုလ်ချုပ်တွေရဲ့ ခေါင်းကိုပဲ လိုချင်တယ်။ သူတို့သာ သေသွားရင် ဟူလောင်တောင်ကြားက တိုက်စရာမလိုဘဲ ကျဆုံးသွားလိမ့်မယ်။ နန်ရွှီ ရဲ့ စစ်သည် တစ်သိန်းက လိုင်ပြည်နယ်ထဲကို တိုက်ရိုက် တိုက်ခိုက်တာထက် ပိုမြန်မြန် ဝင်ရောက်နိုင်သွားပြီး မုန်ချူကျီ ရဲ့ တပ်တွေကိုပါ အမြစ်ပြတ် သုတ်သင်နိုင်လိမ့်မယ်"
"အဲ့ဒီအချိန်ကျရင် မြောက်ဘက်ကနေ ကွင်းပြင်က လူရိုင်းတွေနဲ့ ပူးပေါင်းနိုင်သလို အနောက်ချီနိုင်ငံ ကလည်း ပြန်လည် အားကောင်းလာနိုင်တယ်။ ဒီစစ်ပွဲဟာ ဒါရှန် နိုင်ငံကို အပြီးတိုင် ချေမှုန်းပစ်မယ့် စစ်ပွဲ ဖြစ်သွားနိုင်တယ်"
လျိုဟွမ်ရုန်က စိုးရိမ်တကြီးဖြင့် "ဒါက တကယ်ပဲ ဖြစ်နိုင်ပါ့မလား" ဟု မေးသည်။
"သေချာပေါက် ဖြစ်နိုင်တာပေါ့"
လီဂုန်းက သူ၏ ဆုံးဖြတ်ချက်ကို ခိုင်မာအောင် လုပ်လိုက်သည်။ အကယ်၍ ထိုသို့သာ ဖြစ်လာလျှင် ဒါဟာ တကယ့် ကစားပွဲကြီး ဖြစ်သွားလိမ့်မည်။
သူက အံကြိတ်ရင်း "နန်ရွှီ က အမြင်ကျဉ်းမြောင်းတဲ့ ရေတွင်းထဲက ဖားလိုပဲ။ ငါတို့က သူတို့လို မဖြစ်စေရဘူး။ ဖန်ချင်းယွမ် နဲ့ ချန်ဆန်းရှီ တို့ရဲ့ အသက်ဟာ ပြည်နယ်တစ်ခုနဲ့ လဲဖို့ ထိုက်တန်ပါတယ်" ဟု ဆိုသည်။
"ဒါဟာ နောက်ဆုံး အလှည့်အပြောင်းပဲ"
"ဒါရှန် က ဒီထက်ပိုကောင်းတဲ့ ကမ်းလှမ်းချက် မပေးနိုင်တော့ဘူး"
"ဖန်ရှစ် တို့အဖွဲ့မှာ လက်မခံစရာ အကြောင်းပြချက် မရှိတော့ဘူး"
ဟူလောင်တောင်ကြား။
ရိက္ခာတင်လှည်းများမှာ မှောင်မိုက်သော ညဉ့်ဦးယံတွင် ရောက်ရှိလာကြသည်။
ရိက္ခာများ ပို့ဆောင်ရန်နှင့် သတင်းစကားပါးရန် တာဝန်ယူထားသော ဒု-ဗိုလ်ချုပ် လျန်ဖီက ခေါင်းဆောင်ချန်ကို မည်သို့ပင်ဖြစ်စေ ခံစစ်ကို အစွမ်းကုန် တောင့်ခံထားဖို့ ပြောနေစဉ်မှာပင် နောက်ကမြင်ကွင်းကို မြင်လိုက်ရသည်။
ဟူလောင်တောင်ကြားရှိ စစ်သည်တိုင်းမှာ လက်နက်အပြည့်အစုံဖြင့် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြပြီး စစ်မြင်းများကိုပင် တိုက်ပွဲဝင် စစ်ကြောင်းအတိုင်း နေရာချထားကြသည်။ အားလုံးက မြို့တံခါးဝတွင် စောင့်ဆိုင်းနေကြပုံမှာ ခံစစ်ပြင်နေခြင်း မဟုတ်ဘဲ အသေခံ ထိုးစစ်ဆင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။
သူ မေးမြန်းကြည့်လိုက်သောအခါ အဖြေက အတည်ပင် ဖြစ်သည်။
မိုးလင်းသည်နှင့် အဆုံးအဖြတ် တိုက်ပွဲ စတင်တော့မည်။
သုံးထောင်တည်းနှင့်။
ရန်သူ တစ်သိန်းကို တိုက်ခိုက်မည် ဟုတ်လား။
"အရှင်"
လျန်ဖီက အဓိက တပ်မှုးကို ရှာတွေ့သွားပြီး "ခေါင်းဆောင်ချုပ်မုန်က ညှိနှိုင်းမှုနဲ့ အချိန်ဆွဲဖို့ အမိန့်ပေးထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခံစစ်ကို တောင့်ခံထားပြီး နောက်ထပ် နှစ်လလောက် ထိန်းထားနိုင်ရင် အဓိက တပ်ဖွဲ့ကြီးက ယုံလဲ့စီရင်စုကို ဖောက်ထွက်နိုင်ပါလိမ့်မယ်" ဟု ပြောလိုက်သည်။
"နှစ်လ ဟုတ်လား"
ချန်ဆန်းရှီက တည်ငြိမ်စွာ တုံ့ပြန်သည် "ဒု-ဗိုလ်ချုပ်လျန်... ဟူလောင်တောင်ကြား အပြင်ဘက်မှာ စစ်သည် တစ်သိန်းက ဖိအားပေးနေတာ။ ဝန်းရံတိုက်ခိုက်မှု စတာနဲ့ မြို့ဟာ ရက်ပေါင်း ၃၀ အတွင်း ကျဆုံးသွားလိမ့်မယ်။ နှစ်လအထိ တောင့်ခံထားဖို့ဆိုတာ မဖြစ်နိုင်ဘူး"
"ဒါပေမဲ့ ဒီလောက်ကြီးမားတဲ့ စွန့်စားမှုကို မလုပ်သင့်ဘူးလေ"
လျန်ဖီ နားမလည်နိုင် ဖြစ်နေရသည်။ သူ့အတွက်တော့ တစ်သိန်းကို သုံးထောင်နဲ့ သွားတိုက်တာဟာ ခွေးဆီကို အသားတုံး ပစ်ကျွေးသလိုပဲ မဟုတ်ပါလား။
သူက "ဗိုလ်ချုပ်ကြီး... ဟူလောင်တောင်ကြား ကျဆုံးသွားရင် ဖြစ်လာမယ့် နောက်ဆက်တွဲက မတွေးရဲစရာပဲ။ ဒါဟာ အရမ်း အရေးကြီးတဲ့ ကိစ္စဖြစ်လို့ ခေါင်းဆောင်ချုပ်မုန်ကို အကြောင်းကြားသင့်တယ် မဟုတ်လား" ဟု အကြံပြုသည်။
"သေချာတာပေါ့"
ချန်ဆန်းရှီက သူ၏ စီနီယာအစ်ကိုရဲ့ဟိုင်တုန်ချင်း ကို ခေါ်လိုက်ပြီး ကြိုတင်ရေးသားထားသော စာကို လွှဲပေးလိုက်သည်။ "စစ်ရေးသတင်းကို ကျွန်တော် ကြိုတင် ရေးထားပြီးသားပါ။ အခုပဲ ခေါင်းဆောင်ချုပ်မုန်ဆီ ပို့လိုက်ပါ့မယ်၊ စိတ်ပူစရာ မလိုပါဘူး"
သူသည် သူ၏ တကယ့် အစီအစဉ်ကို ထုတ်မပြောခဲ့ပေ။ အထူးသဖြင့် ခေါင်းဆောင်ချုပ်မုန်ကဲ့သို့သော သူမျိုးက ခွင့်ပြုမည် မဟုတ်မှန်း သူသိသည်။
ထိုလူသည် အလွန်အမင်း သတိကြီးသူဖြစ်ရာ အပြင်ထွက် တိုက်ခိုက်မည့် သတင်းကို ကြားလျှင် ရူးသွားနိုင်ပေသည်။
ထို့ကြောင့်ပင် သူသည် တိုက်ပွဲမစခင်လေးမှာမှ အမှန်တရားကို ပြောပြခြင်း ဖြစ်သည်။
ထိုသို့ဆိုလျှင် မည်သူမျှ သူ၏ ဆုံးဖြတ်ချက်ကို တားဆီးရန် အချိန်မမီတော့ပေ။
ဘယ်သူကကော ဒီလို စွန့်စားမှုကို လုပ်ချင်မှာလဲ။
တကယ်လို့ ချန်ဆန်းရှီ မှာ စစ်သည် တစ်သောင်း၊ မဟုတ်ဘူး... ခုနစ်ထောင်လောက်ပဲ ရှိမယ်ဆိုရင်တောင် နောက်ထပ် နှစ်လလောက် တောင့်ခံနိုင်မယ်လို့ သူ ယုံကြည်ချက် ရှိသည်။ ဒါပေမဲ့ လက်တွေ့မှာတော့ သူ၌ လူသုံးထောင်သာ ရှိပြီး နက်နဲပုံရိပ်အဆင့်က ပို၍ပင် နည်းလှရာ တိန့်ဖုန်း တစ်ယောက်တည်းကိုသာ အားကိုးနေရခြင်း ဖြစ်သည်။
ဆက်ပြီး အချိန်ဆွဲနေခြင်းက သေလမ်းကို သွားနေခြင်းသာ ဖြစ်သည်။
ရှုံးနိမ့်မှုကနေ လွတ်မြောက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းကတော့...။
***