အဲ့ဒါကတော့ အောင်ပွဲပဲ။
အစကတည်းက သူလိုချင်ခဲ့တာဟာ အောင်နိုင်ဖို့ တစ်ခုတည်းသာ ဖြစ်သည်။
...
ယုံလဲ့ စီရင်စု။
နောက်ထပ် သွေးချောင်းစီးတဲ့ တိုက်ပွဲတစ်ခုက ဆက်ဖြစ်နေပြန်သည်။
တစ်လကျော် ကြာလာတဲ့အခါမှာတော့ နှစ်ဖက်စလုံး အထိအခိုက် အကျဆုံး များပြားလာခဲ့သည်။
ချင်နိုင်ငံရဲ့ တပ်ဖွဲ့တွေဘက်က လူပေါင်း တစ်သောင်းကျော် ဆုံးရှုံးခဲ့သလို ဒါရှန် ဘက်မှာလည်း အခြေအနေက သိပ်မထူးလှပေ။
ဒါရှန် အတွက် အကြီးမားဆုံး အသာစီးရချက်ကတော့ ယုံလဲ့စီရင်စုရဲ့ ရိက္ခာတွေ သိပ်မကျန်တော့တာပဲ ဖြစ်သည်။ ရိက္ခာပြတ်လပ်သွားတာနဲ့ မြို့ကျဆုံးဖို့ လက်တစ်ကမ်းအလို ရောက်သွားမှာဖြစ်သလို လူတွေလည်း သေကျေကြရပေလိမ့်မည်။ ဒါပေမဲ့ ဟူလောင်တောင်ကြား ကိစ္စကတော့ သူတို့ခေါင်းပေါ်မှာ အချိန်မရွေး ကျလာနိုင်တဲ့ ဓားတစ်စင်းလို အန္တရာယ် ပေးနေဆဲပင်။
"ဟူလောင်တောင်ကြားကို စစ်ကူ ထပ်လွှတ်ပေးဖို့ နည်းလမ်းမရှိတော့ဘူးလား"
သွေးတွေ စွန်းထင်နေတဲ့ မြေပုံကို ကိုင်ထားရင်း မုန်ချူကျီက မေးလိုက်သည်။ "ချင်နိုင်ငံဘက်က အလင်းဝင်လာတဲ့ စစ်သည်တွေလည်း တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေပြီလေ။ တကယ်လို့ ယုံလဲ့စီရင်စုကနေ တပ်အချို့ ခွဲထုတ်ပေးမယ်ဆိုရင် လူဘယ်လောက်လောက် ပေးနိုင်မလဲ"
ကျန်းထောင်မင်က တွက်ချက်ကြည့်ပြီးနောက် "အများဆုံး လူနှစ်ထောင်လောက်ပဲ ထပ်ညှစ်ထုတ်ပေးလို့ ရမယ်။ ဒါပေမဲ့ သူတို့ ဟူလောင်တောင်ကြားကို ရောက်ဖို့ အနည်းဆုံး ဆယ်ရက်တော့ ကြာလိမ့်မယ်။ ပြီးတော့ လွှတ်ပေးစရာ အဆင့်မြင့် အရာရှိ တစ်ယောက်မှ မရှိဘူး" ဟု ဆိုသည်။
"ဒါဆိုလည်း ရှိတာနဲ့ပဲ လုပ်ရတော့မှာပေါ့"
မုန်ချူကျီက ညွှန်ကြားလိုက်သည်။ "ဒီအစီအစဉ်အတိုင်းပဲ လုပ်လိုက်တော့။ လူနည်းပေမဲ့ ဘာမှမရှိတာထက်စာရင်တော့ ပိုကောင်းတာပေါ့။ အချိန်နည်းနည်းလောက် ပိုဆွဲထားနိုင်ရင်ပဲ တန်ပါပြီ"
သူတို့နှစ်ယောက် ဟူလောင်တောင်ကြားကို ဘယ်လိုကူညီရမလဲဆိုတာ ခေါင်းချင်းရိုက် စဉ်းစားနေတုန်းမှာပင်...
လက်အောက်ငယ်သားတစ်ဦးက အရေးပေါ်သတင်း လာပို့သည်။
"မကောင်းတော့ပါဘူး"
"ခေါင်းဆောင်ချုပ်... ဟူလောင်တောင်ကြားမှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်နေပါပြီ"
ထိုစကားကို ကြားလိုက်ရတဲ့အခါ...
ထိုင်ခုံမှာ ထိုင်ရုံရှိသေးတဲ့ မုန်ချူကျီဟာ ချက်ချင်း ဝုန်းခနဲ ထရပ်လိုက်ပြီး ရန်သူကြီးနဲ့ ထိပ်တိုက်တွေ့သလိုမျိုး အမူအရာနဲ့ မေးလိုက်သည်။ "ညှိနှိုင်းမှု ကျရှုံးသွားလို့ နန်ရွှီ က တိုက်ခိုက်ပြီလား။ သူတို့ တောင့်မခံနိုင်တော့ဘူးလား။ မဟုတ်သေးဘူး... ကျန်းထောင်မင်၊ မင်းကိုယ်တိုင် သွားမှ ဖြစ်တော့မယ်"
သူ့လူရဲ့ စကားတောင် မဆုံးသေးခင်မှာပဲ သူဟာ အသည်းအသန် ကယ်ဆယ်ရေး အစီအစဉ်တွေကို ထုတ်ဖော်နေတော့သည်။
"ကျွန်တော် သွားရမယ် ဟုတ်လား"
ကျန်းထောင်မင် တွန့်ဆုတ်သွားပြီး "ခေါင်းဆောင်ချုပ်... ကျွန်တော် ထွက်သွားရင် အရှင်က ဘယ်လိုလုပ်မလဲ" ဟု မေးသည်။
"အိမ်ရှေ့မင်းသား ရှိတာပဲ"
မုန်ချူကျီက "အိမ်ရှေ့မင်းသားက စစ်ကူတွေ ထပ်ပို့ဖို့ ကြိုးစားမယ်လို့ ပြောထားတယ်။ ဘယ်တော့ ရောက်မလဲဆိုတာ မသေချာပေမဲ့... ငါ့အတွက်တော့ စိတ်မပူပါနဲ့။ ဟူလောင်တောင်ကြားက ပိုအရေးကြီးတယ်။ တကယ်လို့ အဆိုးဆုံး အခြေအနေ ဖြစ်လာရင်..." ဟု ဆိုသည်။
"ခေါင်းဆောင်ချုပ်..."
သတင်းပို့တဲ့သူက အသံကို မြှင့်ပြီး ကြားဖြတ်ပြောလိုက်သည်။ "ကျွန်တော် ပြောလို့ မပြီးသေးပါဘူး။ ဗိုလ်ချုပ်ချန် က ဝတ်စုံနက် စစ်သည် သုံးထောင်ကို ဦးဆောင်ပြီး အဆုံးအဖြတ် တိုက်ပွဲအတွက် အပြင်ထွက်ဖို့ ပြင်နေတာပါ"
"အဆုံးအဖြတ် တိုက်ပွဲ ဟုတ်လား"
မုန်ချူကျီဟာ ပင်ပန်းလွန်းလို့ နားကြားမှားတာလားလို့တောင် ထင်သွားရသည်။ "ဟူလောင်တောင်ကြား အပြင်မှာ နန်ရွှီ ရဲ့ သံချပ်ကာ စစ်သည် တစ်သိန်း ရှိနေတာ မဟုတ်ဘူးလား။ သူက ဘယ်သူနဲ့ အဆုံးအဖြတ် တိုက်ပွဲ နွှဲမှာလဲ"
"အဲ့ဒီ တစ်သိန်းရှိတဲ့ တပ်ဖွဲ့ကြီးနဲ့ပါပဲ"
သတင်းပို့သူက ပြန်ဖြေလိုက်သည်။ "ခေါင်းဆောင်ချုပ်... မြို့ကို ဝန်းရံထားတုန်းမှာ ဘာတွေဖြစ်နေသလဲဆိုတာ ဒီလျှို့ဝှက်စာထဲမှာ ကြည့်လိုက်ပါဦး"
"ဘယ်မှာလဲ... ပေးစမ်း"
စာကို ဖတ်ပြီးနောက်မှာတော့ မုန်ချူကျီဟာ မူးလဲမတတ် ဖြစ်သွားပြီး စားပွဲကို အားပြုကာ ရပ်နေရသည်။ "ချန်ဆန်းရှီ ဘာလုပ်ချင်နေတာလဲ။ ငါတို့ အချိန်ဆွဲဖို့ ညှိနှိုင်းမယ်လို့ သဘောတူထားတာလေ။ အိမ်ရှေ့မင်းသားကိုယ်တိုင် တံဆိပ်တုံးထုပြီး ကူညီပေးထားတာ။ ငါတို့ နောက်ထပ် ဆယ်ရက်လောက် အချိန်ဆွဲထားနိုင်ရင် ဒီဘက်မှာ အဖြေတစ်ခုခု ထွက်လာနိုင်တာပဲလေ။ သူက ဘာလို့ ဒီလောက်အထိ စွန့်စားရတာလဲ"
"မြန်မြန်... စာတစ်စောင် ရေးစမ်း"
ကျန်းထောင်မင်က အမိန့်ပေးလိုက်သည်။ "ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ဗိုလ်ချုပ်ချန်ကို တားကြ။ ငါတို့ စစ်ကူတွေ ပို့ပေးနိုင်တယ်လို့ ပြောလိုက်"
"မမီတော့ဘူး။ စာရောက်သွားတဲ့ အချိန်ဆိုရင် သူတို့ တိုက်ပွဲ စနေလောက်ပြီ"
မုန်ချူကျီက သက်ပြင်းအရှည်ကြီး ချလိုက်သည်။ "ငါ့ဘဝမှာ တိုက်ပွဲတွေ အများကြီး တိုက်ခဲ့ဖူးပေမဲ့ ဒီလောက်အထိ ရင်တုန်ရတာမျိုး တစ်ခါမှ မကြုံဖူးဘူး။ ချန်ဆန်းရှီ ကတော့ တကယ့်ကို နှိပ်စက်တဲ့လူပဲ။ ရန်သူကိုတင် နှိပ်စက်တာ မဟုတ်ဘူး၊ သူ့လူတွေကိုပါ နှိပ်စက်နေတာ"
ကျန်းထောင်မင်က စိုးရိမ်တကြီး မေးလိုက်သည်။ "ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ"
"ဘာလုပ်ရမှာလဲ"
မုန်ချူကျီက နဖူးကို လက်နဲ့အုပ်ရင်း "အခုချိန်မှာတော့ သူ့ကို ယုံကြည်ဖို့ပဲ ရှိတော့တာပေါ့။ အဆိုးဆုံး အခြေအနေကတော့ နန်ရွှီ တပ်ဖွဲ့က ဟူလောင်တောင်ကြားကနေ လိုင်ပြည်နယ်ထဲကို စီးဝင်လာမယ်၊ ငါတို့ ယုံလဲ့စီရင်စုကနေ ဆုတ်ခွာပြီး လွတ်လပ်ရေးအတွက် ရေရှည်စစ်ကို ဆင်နွှဲရလိမ့်မယ်။ အဲ့ဒါက ငါ့ရဲ့ မူလအစီအစဉ်ပဲ..."
နန်ရွှီ စစ်စခန်း။
ဗဟို စစ်စခန်းတဲ။
ရန်သူ့ဘက်က နက်နဲပုံရိပ်အဆင့် ဗိုလ်ချုပ်သုံးဦး ရှိနေသည်။
ဘယ်လို မတော်တဆမှုမျိုးမှ မဖြစ်အောင်လို့...
နန်ရွှီ ဘက်ကလည်း အဆင့်မြင့် ဗိုလ်ချုပ် သုံးဦး စုဝေးနေကြသလို တဲနန်းတဝိုက်မှာလည်း ဗိုလ်ချုပ်ငယ်တွေ၊ သိုင်းပညာရှင်တွေနဲ့ ထိပ်တန်း အထူးတပ်ဖွဲ့တွေကို လုံခြုံရေး အပြည့်ချထားသည်။
ဟန်ပြ စားသောက်ပွဲအပြီးမှာတော့ ညှိနှိုင်းမှုတွေ တရားဝင် စတင်ခဲ့သည်။
ဖန်ရှုကျိန်းသည် ဒါရှန် နိုင်ငံရဲ့ ငြိမ်းချမ်းရေး အဆိုပြုလွှာကို စစ်ဆေးပြီး တံဆိပ်တုံးတွေ အစစ်အမှန်ဖြစ်ကြောင်း ထပ်တလဲလဲ အတည်ပြုနေသည်။
သူက "ဗိုလ်ချုပ်ဖန်... တကယ်လို့ ဒါက အစစ်အမှန်ဆိုရင် မင်းတို့နိုင်ငံဘက်က ဒီကတိတွေကို တည်ဖို့ အချိန်ဘယ်လောက် ယူရမလဲ" ဟု မေးလိုက်သည်။
"သုံးလ"
ဖန်ချင်းယွမ်က တည်ငြိမ်စွာ ပြန်ဖြေသည်။ "မြို့တွေနဲ့ နယ်မြေတွေကို လွှဲပြောင်းပေးရတာက ကိစ္စတွေ အများကြီး ရှိတယ်လေ။ ဒါဟာ တစ်နေ့တည်းနဲ့ ပြီးနိုင်တဲ့ ကိစ္စ မဟုတ်ဘူး"
"ဒါက အချိန် အရမ်းကြာလွန်းတယ်"
ရန်ကျင်ရွမ်က ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ "နန်ရွှီ ရဲ့ တပ်ဖွဲ့ကြီးက ဒီမှာ သုံးလတောင် မိုက်မိုက်မဲမဲ စောင့်နေရမှာလား။ အဲ့ဒီအချိန်ကျရင် မင်းတို့က လိုင်ပြည်နယ်ကို သိမ်းပိုက်ပြီးနေပြီလေ။ တကယ်လို့ မင်းတို့က ကတိမတည်ဘဲ ဖောက်ဖျက်လိုက်ရင် ငါတို့ ဘာလုပ်ရမှာလဲ"
"တိုက်ရိုက်ပဲ ပြောလိုက်ပါ"
ဖန်ချင်းယွမ်က ဆိုသည် "မင်းတို့ ကျေနပ်ပြီး လင်ကျိုး ကနေ ဆုတ်ခွာပေးဖို့အတွက် ဘာလိုအပ်သလဲ"
ရန်ကျင်ရွမ်က ပြန်ဖြေသည်"ကျန်းနန်မင်းသားကို တောင်ဘက်ဒေသကနေ ချက်ချင်း ဆုတ်ခွာခိုင်းလိုက်။ ပြီးတော့ ငါတို့ရဲ့ နန်ရွှီ တပ်တွေကို တယ်ဟွာ၊ မန်ရှန်း နဲ့ လီဝမ် တံတိုင်းတွေရဲ့ မြောက်ဘက်မှာ တပ်စွဲခွင့်ပေးရမယ်။ တကယ်လို့ အဲ့ဒီလို လုပ်ပေးမယ်ဆိုရင်တော့... ငါတို့ အားလုံးကို တစ်လခွဲအတွင်း အပြီးသတ်နိုင်မယ်၊ နှစ်ဖက်စလုံးလည်း အချိန်မပုတ်တော့ဘူးပေါ့"
"ဒါကတော့ လွန်လွန်းမနေဘူးလား"
ရှာဝမ်လုံက ဒေါသကို မထိန်းနိုင်တော့ဘဲ "အဲ့ဒီ စီရင်စုတွေသာ မင်းတို့လက်ထဲ ရောက်သွားရင် တောင်ဘက်ဒေသရဲ့ အသက်သွေးကြောကို မင်းတို့ ထိန်းချုပ်လိုက်သလို ဖြစ်သွားမှာပေါ့။ တကယ်လို့ နောက်ပိုင်းမှာ မင်းတို့က ထပ်ပြီး မကျေနပ်လို့ မြောက်ဘက်ကို အလုံးအရင်းနဲ့ ကျူးကျော်လာရင် ဘယ်လိုလုပ်မလဲ"
"အင်း..."
ရန်ကျင်ရွမ်က လက်ကို ဖြန့်ပြလိုက်ရင်း "အဲ့ဒါက ငါတို့နဲ့ မဆိုင်တော့ဘူးလေ။ တကယ်လို့ မင်းတို့ သဘောမတူရင်လည်း ပြန်ကြပါတော့။ ငါတို့ ဟူလောင်တောင်ကြားကို ဆက်တိုက်ရုံပဲ ရှိတာပေါ့"
"ငါတို့ကို စဉ်းစားဖို့ အချိန်နည်းနည်းပေးပါဦး"
ဖန်ချင်းယွမ်က အခက်တွေ့နေတဲ့ အမူအရာနဲ့ ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ် ဒါက အလွန်အရေးကြီးတဲ့ ကိစ္စပဲလေ"
"ကောင်းပြီ"
ဖန်ရှုကျိန်းက သဘောတူလိုက်သည်။ "ဒါဆိုရင် ဒီညတော့ ဒီတဲမှာပဲ အနားယူလိုက်ကြပါ။ မိုးလင်းတာနဲ့ အဖြေတစ်ခု ပေးရမယ်။ မဟုတ်ရင်တော့ မင်းတို့မှာ စိတ်ရင်းမရှိဘဲ အချိန်ဆွဲနေတယ်လို့ပဲ ငါ သတ်မှတ်လိုက်မယ်"
ညှိနှိုင်းမှု ပြီးဆုံးသွားတဲ့အခါ...
ဖန်ရှုကျိန်း နဲ့ သူ့အဖွဲ့သားတွေ တဖြည်းဖြည်း ထွက်ခွာသွားကြတော့သည်။
တဲနန်းထဲမှာတော့ ဒါရှန် က ဗိုလ်ချုပ်တွေပဲ ကျန်ရစ်ခဲ့သည်။
***