“ပထမ ယဉ်ကျေးမှုခေတ် ဟုတ်လား” ရှုကျင်းမင်က အံ့ဩသွားရသည်။ ကမ္ဘာ၏ သမိုင်းကြောင်းမှာ သူ ထင်ထားသည်ထက် များစွာ ပိုမို ရှည်လျားနေပုံရသည်။
“ရှင်က ကျွန်မတို့ခေတ်အကြောင်းကို သိပ်မသိသလိုပဲ ကျွန်မတို့လည်း ပထမ ယဉ်ကျေးမှုခေတ်အကြောင်းကို သိပ်မသိပါဘူး ဒါပေမဲ့ ဒီ သော ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ပထမ ယဉ်ကျေးမှုခေတ်မှာ အတောက်ပဆုံး ကြယ်တစ်ပွင့် ဖြစ်ခဲ့တယ်လို့ ပထမ ယဉ်ကျေးမှုရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်... သူ့ရဲ့ အဆင့်အတန်းက နဝမအဆင့်ကိုတောင် ကျော်လွန်ပြီး အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးရဲ့ နယ်ပယ်ကို ရောက်ရှိခဲ့တာပါ” အီဗာက ဆက်လက် ရှင်းပြသည်။
“နဝမအဆင့် အထက်မှာ နောက်ထပ် အဆင့်တွေ ရှိသေးတာလား” ရှုကျင်းမင်က အနည်းငယ် ဆွံ့အသွားရသည်။
“ဟုတ်ပါတယ်... နဝမအဆင့်ထက် မြင့်တဲ့ စွမ်းရည်ပိုင်ရှင်တွေဟာ မျိုးရိုးဗီဇ သော့ခတ်မှုရဲ့ ကန့်သတ်ချက်တွေကို ချိုးဖျက်နိုင်ခဲ့ကြပြီ... သူတို့ဟာ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့တင် ကြယ်စင်ဟင်းလင်းပြင်ကို ဖြတ်ကျော်နိုင်တဲ့ စွမ်းအားရှိသူတွေဖြစ်လို့ အစွမ်းထက်ဆုံး ပုဂ္ဂိုလ် တွေလို့လည်း ခေါ်ကြပါတယ်... ရှင်တို့ရဲ့ တတိယ ယဉ်ကျေးမှုခေတ်မှာတောင် အဲဒီလို အထွတ်အထိပ် ပုဂ္ဂိုလ်တွေ ရှိနေပါသေးတယ်... လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က အမှတ် ၉ စမ်းသပ်စခန်းကို စပြီး တူးဖော်တုန်းက အဲဒီလို အရှိန်အဝါမျိုးကို ကျွန်မ အာရုံခံမိခဲ့ဖူးတယ်...”
“နဝမအဆင့် အထက်”
“အစွမ်းထက်ဆုံး ပုဂ္ဂိုလ်”
“ခန္ဓာကိုယ်ဖြင့် ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်သူ”
ရှုကျင်းမင်က ထိတ်လန့်သွားရသည်။ သူက နဝမအဆင့် အထွတ်အထိပ် ဆရာကြီးများမှာ ဘလူးစတား၏ အစွမ်းထက်ဆုံးဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင်မူ ထိုသူတို့ထက် ပိုမို သန်မာသူများ ရှိနေသေးသည် မဟုတ်ပါလား။
“အထွတ်အထိပ်ပုဂ္ဂိုလ် Thorဟာ ရှင့်လိုပဲ ဒုထျန်း နတ်ဘုရား မိုးကြိုးဆိုတဲ့ SSအဆင့် စွမ်းရည်ကို ပိုင်ဆိုင်ထားသူပါ... ဒါကြောင့် ပင်မ AIက ရှင့်ရဲ့ အရည်အချင်းကို စစ်ဆေးမိတဲ့အခါမှာ... ရှင့်ရဲ့ ပါရမီက ဒီအမွေအနှစ်နဲ့ ကွက်တိ ဖြစ်နေတယ်ဆိုတာကို အသိအမှတ်ပြုပြီး အောင်းနေတဲ့ ကျွန်မရဲ့ ထိန်းချုပ်ရေး ဉာဏ်ရည်ကို နှိုးလိုက်တာပါ... ပထမ ယဉ်ကျေးမှုခေတ်ရဲ့ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သော ဟာ အမွေအနှစ်တွေကို အလွန် နည်းနည်းပဲ ချန်ထားခဲ့ပါတယ်... ကျွန်မတို့က အဲဒီအမွေအနှစ်တွေကို ခက်ခက်ခဲခဲ စုစည်းခဲ့ရတာမို့ လုပ်ပိုင်ခွင့် ပိုမြင့်တဲ့ အစဉ်လိုက် အမွေအနှစ် အဖြစ် သတ်မှတ်ထားတာပါ... ဒီအမွေအနှစ်ထဲမှာ Thor ကျင့်ကြံခဲ့တဲ့ SSSအဆင့် ဝိညာဉ်သန့်စင်ရေး ကျင့်စဉ်၊ SSSအဆင့် လျှပ်စီးဓာတ် တိုက်ခိုက်ရေးနည်းစနစ် ကျမ်းစာနဲ့ SSSအဆင့် ရှားပါး အဖိုးတန် ပစ္စည်းတစ်ခု ပါဝင်ပါတယ်... နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ ဒီအစဉ်လိုက် အမွေအနှစ်ရဲ့ တန်ဖိုးက အမှတ် ၀၀၃ အမွေအနှစ်ထက် အများကြီး ပိုမြင့်ပါတယ် ဒါပေမဲ့ တစ်ခု သတိထားရမှာက... Thorရဲ့ အမွေအနှစ်ထဲမှာ ကျင့်ကြံမှု အတွေ့အကြုံတွေ ပါမှာ မဟုတ်ဘူး... အရာအားလုံးကို အစကနေ ကိုယ်တိုင် ပြန်စရမယ်... အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖန်တီးခဲ့တဲ့ ကျင့်စဉ်တွေ ဖြစ်လို့ အလွန်ကို နက်နဲလွန်းတာကြောင့် ရှင် အချိန်တွေ အများကြီး ပေးရနိုင်သလို ဘာမှလည်း မရဘဲ ဖြစ်သွားနိုင်ပါတယ်... အမှတ် ၀၀၃ အမွေအနှစ်ကတော့ လမ်းကြောင်းက ရှင်းနေပြီးသားမို့ ရှင့်ရဲ့ ပါရမီနဲ့ဆိုရင် အက်ဇီးလ်ရဲ့ ဂုဏ်အရှိန်အဝါကို ပြန်ပြီး တည်ဆောက်နိုင်မှာ သေချာသလောက်ပဲ အမွေအနှစ် နှစ်ခုမှာ... ရှင် ဘယ်အရာကို ရွေးမလဲ”
စကားအဆုံးတွင် သူမက လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ နောက်ထပ် ပုံရိပ်တစ်ခု ပေါ်လာပြန်သည်။ ထိုပုံရိပ်မှာ တစ်ကိုယ်လုံး နက်မှောင်နေပြီး ထွားကျိုင်း ခန့်ညားလှကာ ပတ်ဝန်းကျင်တွင် ရွှေရောင် လျှပ်စီးတန်းများ ဝဲပျံနေသည်။ သူ၏ ရုပ်ရည်မှာ ဝေဝေဝါးဝါးဖြစ်သော်လည်း မျက်ဝန်းများမှာမူ အာဏာစက် ပြင်းထန်ပြီး ပြတ်သားလှသော အသွင်ကို ဆောင်နေသည်။
“ငါနဲ့ စွမ်းရည်တူတဲ့ အထွတ်အထိပ် ပုဂ္ဂိုလ်Thorရဲ့ အမွေအနှစ်ကိုပဲ ရွေးချယ်မယ်” ရှုကျင်းမင်က တွန့်ဆုတ်မနေဘဲ ပြောလိုက်သည်။
ဟာသပဲ တစ်ယောက်က နဝမအဆင့် အထွတ်အထိပ်မှာတင် ရပ်နေပြီး နောက်တစ်ယောက်ကတော့ အဲဒီထက် မြင့်တဲ့ နယ်ပယ်ကို ရောက်နေတဲ့သူ မဟုတ်ပါလား။ ပါရမီ အလားအလာချင်းက လုံးဝ ကွာခြားလွန်းလှသည်။ ကျင့်ကြံမှု အတွေ့အကြုံ မရှိခြင်းမှာ သာမန်စွမ်းရည်ပိုင်ရှင်တွေအတွက် ပြဿနာဖြစ်နိုင်သော်လည်း System ရှိနေသည့် သူ့အတွက်မူ ပြဿနာ မဟုတ်ပေ။ စွမ်းရည်အမှတ်သာ လုံလောက်ပါစေ SSSအဆင့် တိုက်ခွက်တွေကိုတောင် သူက သင်ပြပေးဦးမှာ ဖြစ်သည်။
“ပြတ်သားတဲ့ ရွေးချယ်မှုပဲ... Thorရဲ့ အမွေအနှစ်ကနေ ရှင် တစ်ခုခု ရလိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ် ဒါကတော့ မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတဲ့ ဟင်းလင်းပြင် လက်စွပ်ပါ... လက်ခံလိုက်ပါဦး”
အီဗာက သူမ၏ ဖြူစင်သွယ်လျသော လက်ယာဘက်ကို ဖြန့်ကာ ရှုကျင်းမင်ထံသို့ ကမ်းပေးလိုက်သည်။ ချက်ချင်းဆိုသလိုပင် ရှုကျင်းမင်၏ ခြေဖောက်အောက်မှ စက်ရုပ်လက်တံတစ်ခု ထွက်ပေါ်လာပြီး ငွေဖြူရောင် ဟင်းလင်းပြင်လက်စွပ်တစ်ခုကို တင်ဆောင်လာသည်။
“ဒါက အစွမ်းထက်ဆုံး ပုဂ္ဂိုလ်Thorရဲ့ အစဉ်လိုက် အမွေအနှစ်ပဲ...”
ရှုကျင်းမင်u မျှော်လင့်ချက်အပြည့်ဖြင့် လက်စွပ်ကို ယူလိုက်ပြီး စိတ်ဝိညာဉ်ဖြင့် စစ်ဆေးကြည့်လိုက်ရာ လက်စွပ်အတွင်း၌ ၅ ကျုဗစ်မီတာခန့်ရှိသော ဟင်းလင်းပြင်ကို မြင်လိုက်ရသည်။ ထိုအထဲတွင် ပစ္စည်း ၃ မျိုး ရှိနေonf။ သစ်သားသေတ္တာ တစ်ခု၊ ထူထဲသော တိုက်ခိုက်ရေးနည်းစနစ် ကျမ်းစာ တစ်ခုနှင့် အနက်ရောင် ရွှေရောင် ရောယှက်နေသော သတ္တုကတ်ပြား တစ်ခုတို့ပင်။ ရှုကျင်းမင်က သစ်သားသေတ္တာကို အရင်ဆုံး ထုတ်လိုက်ရာ အီဗာက အမြန်ပင် ရှင်းပြသည်။
“ဒီသေတ္တာထဲမှာ SSSအဆင့် ရှားပါး ရတနာဖြစ်တဲ့ သန့်စင်သော ဝိညာဉ်အနှစ်သာရသီး ရှိပါတယ်… ဒါကို စားသုံးလိုက်ရင် စိတ်ဝိညာဉ်စွမ်းအားကို ၁၂၀၀ ဝန်းကျင်အထိ တိုးပေးနိုင်ပါတယ်… စတုတ္ထအဆင့်နဲ့ အထက် စွမ်းရည်ပိုင်ရှင်တွေပဲ စားသုံးနိုင်ပြီး တစ်သက်မှာ တစ်ကြိမ်ပဲ သောက်သုံးခွင့် ရှိပါတယ်… နောက်တစ်ကြိမ် ထပ်စားရင်တော့ ဘာအကျိုးမှ မရှိတော့ဘူး… ဒီရတနာက သိမ်းထားတာ ကြာပြီဖြစ်လို့ သေတ္တာဖွင့်ပြီး နှစ်နာရီအတွင်းမှာပဲ စားသုံးရပါမယ်... မဟုတ်ရင် ဆေးရှိန်တွေ လျော့သွားလိမ့်မယ်”
“စိတ်ဝိညာဉ်စွမ်းအားကို မြှင့်ပေးတဲ့ SSSအဆင့် ရတနာ ဟုတ်လား” ရှုကျင်းမင်၏ မျက်လုံးများ အရောင်တောက်သွားသည်။ “အခုပဲ စားလို့ရမလား”
“ရှင်က စတုတ္ထအဆင့်မြင့် စွမ်းရည်ပိုင်ရှင်ဆိုတော့ စားလို့ရတာပေါ့” အီဗာက ပြုံးလျက် ပြန်ဖြေသည်။
ထိုစကားကို ကြားသည်နှင့် ရှုကျင်းမင် တွန့်ဆုတ်မနေတော့ဘဲ သေတ္တာကို ချက်ချင်း ဖွင့်လိုက်သည်။ ဝတ်ရည်ကဲ့သို့ ဖြူစင်ပြီး ပင်းပေါင်ဘောလုံးထက် အနည်းငယ်ကြီးသော အသီးတစ်လုံး ပေါ်လာသည်။ သေတ္တာပွင့်သွားသည်နှင့် ဗနီလာအနံ့ကဲ့သို့ မွှေးပျံ့သော ရနံ့များ ဂူအတွင်း ပျံ့နှံ့သွားပြီး စိတ်ကိုပင် လန်းဆန်းသွားစေသည်။ ရှုကျင်းမင်က ထိုအသီးကို ကောက်ယူကာ တစ်လုတ်တည်းနှင့် မြိုချလိုက်တော့သည်။
အသီးမှာ ပါးစပ်ထဲရောက်သည်နှင့် အရည်ပျော်သွားပြီးနောက် သူ၏ စိတ်ဝိညာဉ်စွမ်းအားများမှာ သိသိသာသာ တိုးတက်လာတော့သည်။ ဤတိုးတက်မှုမှာ အဆင့်တက်ချိန်ထက်ပင် ပိုမို ပြင်းထန်လှပြီး တစ်မိနစ်ခန့် ကြာပြီးနောက်မှ ပြန်လည် တည်ငြိမ်သွားသည်။ သူက Systemဖန်သားပြင်ကို အမြန်ပင် စစ်ဆေးကြည့်လိုက်သည်။
အမည် : ရှုကျင်းမင်
အဆင့် : စတုတ္ထအဆင့်မြင့်
အထူးစွမ်းရည်: ဒုထျန်း နတ်ဘုရား မိုးကြိုး (SS)
ခန္ဓာကိုယ် ကြံ့ခိုင်မှု : ၈၀၃၅ သွေးစွမ်းအင်
စိတ်ဝိညာဉ်စွမ်းအား : ၆၂၅၀ ဟတ်ဇ်
ခန္ဓာကိုယ်ကြံ့ခိုင်ရေး : မသေနိုင်သော မိုးကြိုးခန္ဓာ (အက်စ်အဆင့် - ဆဋ္ဌမအဆင့်)
အထူးစွမ်းရည်အမှတ် : ၉၁၂၃
“ငါ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက ၆၀၀၀ ကို ကျော်သွားပြီ” ရှုကျင်းမင်က အလွန်အမင်း ဝမ်းသာသွားသည်။ ဝိညာဉ်သန့်စင်ရေး နည်းစနစ်တွေကို သင်ယူနိုင်ဖို့ စိတ်ဝိညာဉ်စွမ်းအား ၆၀၀၀ လိုအပ်ရာ ယခုအခါ ပဉ္စမအဆင့်ကို ရောက်အောင် စောင့်နေစရာ မလိုတော့ပေ။
သူက ဟင်းလင်းပြင် လက်စွပ်ထဲမှ ထူထဲသော ကျမ်းစာကို ထုတ်လိုက်သည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ၎င်းမှာ ဝိညာဉ်သန့်စင်ရေး နည်းစနစ် မဟုတ်ဘဲ အီဗာ ပြောခဲ့သည့် SSSအဆင့် လျှပ်စီးဓာတ် တိုက်ခိုက်ရေးနည်းစနစ် ဖြစ်နေခြင်းပင်။
“ဒီနည်းစနစ်ကို သော နတ်ဘုရား ဆင်းသက်ခြင်း လို့ ခေါ်ပါတယ်... Thorက လျှပ်စီးဓာတ် စွမ်းအင်ပညာရှင်တွေအတွက် အထူးဖန်တီးပေးခဲ့တာပါ... Thorနတ်ဘုရား ဆင်းသက်ခြင်းကို သုံးထားတဲ့ အချိန်အတွင်းမှာ လျှပ်စီးဓာတ် စွမ်းရည်ပိုင်ရှင်တွေရဲ့ မန္တန်ရွတ်ဆိုချိန်နဲ့ တိုက်ကွက်ထုတ်ဖော်ချိန်တွေကို အများကြီး လျှော့ချပေးမှာ ဖြစ်ပါတယ်...” အီဗာက ထိုနည်းစနစ်၏ အကျိုးသက်ရောက်မှုကို ပြုံးလျက် ရှင်းပြလိုက်တော့သည်။
***