“ဘာဖြစ်သွားတာလဲ..... အား... ခေါင်းကိုက်လိုက်တာ”
ကွေ့ရန် (ဝိညာဉ်ဓား) သည် သူ၏ခေါင်းကိုပွတ်သပ်ရင်း နိုးလာသည်။ အခြေအနေကို ရိပ်မိသွားပြီးနောက် သူ၏မျက်ဝန်းတွင် ရက်စက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
‘တောက်... မိစ္ဆာအင်မော်တယ် တာအိုဟောတုန်းက တကယ်ပဲ ဘာဖြစ်သွားတာလဲ..... ငါ ဘာလို့ ဘာမှမမှတ်မိတာလဲ.....’
ကွေ့ရန်သည် ဘေးပတ်လည်ရှိ သတိလစ်နေဆဲဖြစ်သော အခြားနတ်သားတော်များကို တစ်ချက်ကြည့်လိုက်သည်။ မည်သူမျှ နိုးလာသည့်လက္ခဏာ မရှိသည်ကို မြင်သောအခါ သူ၏မျက်လုံးများ လျှပ်ခနဲ ဖြစ်သွားသည်။ နောက်တစ်ခဏတွင် သူသည် နက်မှောင်သော ဓားရှည်တစ်လက်ကို ထုတ်ယူကာ ရွှယ်ဝူယာ ထံသို့ အားပါပါ ခုတ်ချလိုက်တော့သည်။
သွေးရောင်အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီး ရွှယ်ဝူယာ၏ ပုံရိပ်မှာ မူလနေရာမှ ပျောက်ကွယ်သွားကာ ဝေဟင်တွင် ပေါ်လာသည်။ သူသည် ကွေ့ရန်ကို အေးစက်နက်ရှိုင်းသော အကြည့်များဖြင့် ပြန်ကြည့်လိုက်သည်။
“ဩော်... မင်း နိုးနေတာကြာပြီပဲ၊ သတိလစ်ချင်ယောင်ဆောင်နေတာပေါ့” ကွေ့ရန်က လက်ထဲမှ ဓားရှည်ကို ကစားရင်း နှမြောတသဟန်ဖြင့် သက်ပြင်းချနေသည်။ ရွှယ်ဝူယာ၏ မျက်ဝန်းထဲမှ သတ်ဖြတ်လိုသော အရှိန်အဝါကို သူက ဂရုမစိုက်ပေ။
ရွှယ်ဝူယာက သူ့ကို အဖက်မလုပ်တော့ဘဲ ဆူညံသံကြောင့် တစ်ယောက်ပြီးတစ်ယောက် နိုးလာကြသည့် အခြားနတ်သားတော်များနှင့် သတိလစ်နေဆဲ လူများကို ကြည့်ကာ အတွေးနက်သွားသည်။
‘စတုတ္ထအဆင့် စမ်းသပ်မှုကတော့ လုံးဝ ကျရှုံးသွားပုံပဲ... ဒါပေမဲ့ ငါ မှတ်ဉာဏ်ပျောက်ဆုံးသွားတဲ့ အချိန်အတွင်းမှာ ဘာတွေဖြစ်ခဲ့တာလဲ.....’
ကျန်ရှိသော နတ်သားတော်များမှာလည်း နိုးလာပြီးနောက် မျက်နှာပျက်နေကြသည်။ သူတို့လို မြင့်မြတ်သော နတ်သားတော်များအတွက် ကျရှုံးမှုကို လက်ခံနိုင်သော်လည်း ဘာမှမသိဘဲ အချိန်ကုန်သွားသည်ကိုမူ လက်ခံရန် ခက်ခဲလှသည်။
တိတ်ဆိတ်မှုမှာ ကြာရှည်မခံလိုက်ပေ။ မိစ္ဆာလမ်းစဉ်မှ နတ်သားတော် ယောင်ဟန် က သက်ပြင်းတစ်ချက်ချရင်း စတင် စကားပြောလာသည်။
“ငါ့ရဲ့ မိစ္ဆာဝိညာဉ် က စိတ်ဝင်စားစရာ အချက်အချို့ ကြားခဲ့ရတယ်... မင်းတို့ရော သိချင်ကြလား.....”
ကျင်းချန်း က မျက်မှောင်ကြုတ်ကာ “ပြောစရာရှိရင် တည့်တည့်ပြောစမ်းပါ၊ စကားနာထိုးမနေနဲ့”
ယောင်ဟန်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး “ဒီနေရာမှာ ပြောစေချင်တာ သေချာလား.....” ဟု မေးရာ ကျင်းချန်းမှာ နှုတ်ဆိတ်သွားတော့သည်။
ယောင်ဟန်သည် လေသင်္ဘော တစ်စင်းကို ထုတ်ယူကာ ဦးခေါင်းပိုင်းတွင် ရပ်လိုက်သည်။ “အရင်ဆုံး ဒီနေရာကနေ ထွက်သွားကြစို့၊ သိချင်တဲ့သူတွေ လိုက်ခဲ့”
နတ်သားတော် ခြောက်ဦးလုံး ထွက်ခွာသွားကြပြီးနောက် အချိန်အနည်းငယ်အကြာတွင်မှ နတ်သားတော်အလျောင်းအလျာများ အသီးသီး နိုးလာကြသည်။
“ဘာဖြစ်တာလဲ..... ငါတို့ မိစ္ဆာအင်မော်တယ်ရဲ့ တာအိုကို နာကြားနေတာ မဟုတ်ဘူးလား..... ဘာလို့ ဒီကို ရောက်နေတာလဲ..... စမ်းသပ်မှု ကျရှုံးသွားတာလား.....”
“နတ်သားတော်တွေရော..... ဘယ်ရောက်ကုန်ပြီလဲ..... သူတို့ လျှို့ဝှက်နယ်မြေထဲမှာ ကျန်ခဲ့တာလား.....”
လူတိုင်းမှာ တစ်ဦးကိုတစ်ဦး သံသယမျက်လုံးများဖြင့် ကြည့်နေကြသည်။ ထိုစဉ် ဖန်ရှုံ (ဝက်ဝံကြီး) က နှာခေါင်းရှုံ့လိုက်ရင်း “ကဲ... လူစုခွဲကြစို့၊ နတ်သားတော်တွေလည်း မရှိတော့မှတော့ ဒီမှာ ဘာလုပ်နေမှာလဲ” ထိုအခါမှသာ လူအုပ်ကြီးမှာ အသီးသီး ထွက်ခွာသွားကြတော့သည်။
ကာမလမ်းစဉ်မှ နတ်သားတော် ချင်းယွီ မှာမူ သာမန်အမျိုးသားကျင့်ကြံသူ အသွင်ဖြင့် လူအုပ်ထဲ၌ ရောနှောထွက်ခွာလာသည်။ သို့သော် လမ်းတစ်ဝက်တွင် တစ်စုံတစ်ယောက် သူ့နောက်မှ လိုက်နေသည်ကို သူ သတိထားမိလိုက်သည်။ ထိုသူမှာ ခြေရာလက်ရာကိုပင် မဖုံးကွယ်ဘဲ တကောက်ကောက် လိုက်နေခြင်းဖြစ်သည်။
သွေးလမ်းစဉ်မှ မုန့်ဝမ်။
ချင်းယွီ၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်သွားသည်။ စမ်းသပ်မှု ပြီးသွားပြီဖြစ်သော်လည်း သူသည် လျှို့ဝှက်နေထိုင်သူဖြစ်သဖြင့် အပစ်မှတ်ထားခံရသည်ကို မနှစ်သက်ပေ။ သူသည် တောင်ကုန်းတစ်ခုကို ကျော်ဖြတ်ပြီးနောက် ရေတံခွန်တစ်ခုရှေ့တွင် ရပ်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။
“မေးပါရစေ... အရှင်က ဘာလို့ ကျွန်မနောက်ကို လိုက်နေရတာလဲ.....”
မုန့်ဝမ်က မျက်ခုံးပင့်လိုက်ရင်း စိတ်ဝင်တစား ကြည့်ကာ - “ကာမလမ်းစဉ်က နတ်သားတော် ချင်းယွီ ရဲ့ ညှို့ယူဖျက်ဆီးခြင်းအတတ် က နတ်ဘုရားတစ်ပါးလို စွမ်းတယ်လို့ ကြားဖူးတယ်၊ ဒီနေ့ ကိုယ်တိုင်မြင်လိုက်ရတော့ တကယ်ပဲ အစွမ်းထက်တာပဲ”
ချင်းယွီ၏ မျက်နှာမှာ မပြောင်းလဲသော်လည်း မုန့်ဝမ်သည် ရုတ်တရက် သူမ၏ လိုက်လံမှုမှာ ရိုင်းပျရာကျသည်ဟု ခံစားလိုက်ရသည်။ ‘ချင်းယွီက နတ်သားတော် ခုနစ်ပါးထဲက တစ်ဦးပဲ၊ ငါက နတ်သားတော်အလျောင်းအလျာ အဆင့်ပဲ ရှိတာကို......... တော်စမ်း၊ တော်စမ်း’ မုန့်ဝမ်၏ အတွေးများမှာ ရှုပ်ထွေးသွားသော်လည်း သူမ၏ စိတ်ကို ချက်ချင်း ပြန်လည်ထိန်းချုပ်လိုက်သည်။
“ငါ တည့်တည့်ပဲ ပြောမယ်၊ ငါ ရွှယ်ဝူယာ ကို ရှင်းပစ်ချင်တယ်၊ နင် ငါ့ကို ကူညီရမယ်”
မုန့်ဝမ်က သူ၏ ညှို့ယူခြင်းအတတ်ကို အလွယ်တကူ ကျော်လွှားနိုင်သည်ကို မြင်သောအခါ ချင်းယွီ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာသော်လည်း စကားလုံးများမှာလည်း အေးစက်နေသည်။
“ဘာလို့ ငါက ကူညီရမှာလဲ.....”
မုန့်ဝမ်က အေးဆေးစွာပင် - “ကွေ့ရန်တို့၊ ယောင်ဟန်တို့ မိစ္ဆာအင်မော်တယ်ရဲ့ တာအို အကြောင်းအရာတွေကို အတော်လေး စိတ်ဝင်စားကြလိမ့်မယ်။ အကယ်၍ သူတို့သာ ကာမလမ်းစဉ် နတ်သားတော်ဟာ တာအိုဟောပြောတာ တစ်ခုလုံးကို ကြားခဲ့ရတယ်လို့ သိသွားရင် ဘာတွေဖြစ်လာမလဲဆိုတာ တွေးကြည့်စမ်းပါ”
ချင်းယွီ၏ မျက်ဝန်းတွင် အေးစက်သော အရောင်များ လက်ခနဲ ဖြစ်သွားပြီး သူ၏ ပုံရိပ်ယောင်စွမ်းအားများကို ပတ်ဝန်းကျင်သို့ တိတ်တဆိတ် ဖြန့်ကျက်လိုက်သည်။
မုန့်ဝမ်မှာမူ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ သွေးပင်လယ် ပုံရိပ်ယောင်အိပ်မက် စွမ်းအားကို အသုံးပြု၍ ပုံရိပ်ယောင် အကာအကွယ် တစ်ခုကို တည်ဆောက်လိုက်သည်။
ချင်းယွီက သူ၏ စွမ်းအားကို မြှင့်တင်ရင်း ညှို့ယူသော အသံဖြင့် ပြောလိုက်သည်။
“မုန့်ဝမ်... သူတို့က တာအိုကို စိတ်ဝင်စားကြတယ်ဆိုရင် နင့်ကိုရော လက်မလွှတ်ကြဘူးလို့ ဘာလို့ ထင်နေတာလဲ..... နတ်သားတော်အလျောင်းအလျာ တစ်ယောက်ကို ကိုင်တွယ်ရတာက နတ်သားတော်တစ်ယောက်ကို ကိုင်တွယ်ရတာထက် ပိုလွယ်တာပဲလေ”
မုန့်ဝမ်၏ မျက်ဝန်းတွင် တွေဝေမှုများ ခဏမျှ ပေါ်လာသော်လည်း သုံးချက်ခန့် အသက်ရှူအပြီးတွင် ပြန်လည် ကြည်လင်သွားသည်။
“နတ်သားတော် ချင်းယွီ ပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ နတ်သားတော် တစ်ယောက်ထက် နတ်သားတော်အလျောင်းအလျာ တစ်ယောက်က ပိုသိနေလိမ့်မယ်လို့ ဘာလို့ ထင်ရတာလဲ..... နင် ငါ့ကို သေစေချင်ရင် ငါလည်း နင့်ကို ငရဲအထိ ဆွဲခေါ်သွားမှာပဲ၊ ဒါမှ အဝါရောင်ရေပန်းလမ်း မှာ အဖော်ရတာပေါ့.......”
ချင်းယွီ၏ မျက်နှာတွင် ပထမဆုံးအကြိမ် အမူအရာ ပြောင်းလဲသွားသည်။ မုန့်ဝမ်၏ ခြိမ်းခြောက်မှုကြောင့် မဟုတ်ဘဲ သူမသည် သူ၏ ညှို့ယူခြင်းအတတ်ကို လုံးဝ ကျော်လွှားသွားခြင်းကြောင့်ပင်။
သူသည် မုန့်ဝမ်ကို အသေအချာ ပြန်ကြည့်လိုက်သည်။ မိစ္ဆာအင်မော်တယ်၏ တာအိုဟောစဉ်က သူ့ထက်ပို၍ တောင့်ခံနိုင်ခဲ့သူမှာ သာမန်လူမဟုတ်သည်ကို သူ သတိပြုမိသွားပြီဖြစ်သည်။
“ရွှယ်ဝူယာကို တိုက်ခိုက်ဖို့က အရမ်း စွန့်စားရလွန်းတယ်။ ငါ့အကူအညီအတွက် နင် ဘာပေးမှာလဲ.....”
မုန့်ဝမ်က သူမ ပြင်ဆင်ထားသည့် အချက်များကို ပြောလိုက်သည်။
“ဒီလိုလုပ်လို့ရတယ်.......၊ နင် ရွှယ်ဝူယာကို ရှင်းဖို့ ငါ့ကို ကူညီမယ်ဆိုရင် နောင်တစ်ချိန်မှာ နင်လိုအပ်တဲ့အခါ ငါလည်း တစ်ကြိမ် ပြန်ကူညီမယ်။
ပြီးတော့ ငါ သွေးလမ်းစဉ်ရဲ့ နတ်သားတော် ဖြစ်လာတဲ့အခါ အကျိုးစီးပွားချင်း မဆန့်ကျင်သရွေ့ နင့်ကို ငါ အရင် စတင်တိုက်ခိုက်မှာ မဟုတ်ဘူးလို့ အာမခံတယ်၊ ဘယ်လိုလဲ.....”
အနာဂတ် နတ်သားတော်တစ်ဦး၏ ကတိစကားမှာ သူ၏ အကူအညီအတွက် လုံလောက်သော တန်ဖိုးရှိသည်။ ချင်းယွီ၏ မျက်လုံးများ လျှပ်ခနဲ ဖြစ်သွားပြီး - “သဘောတူတယ်” ဟု ဆိုသည်။
မုန့်ဝမ်က သူမ၏ သိုလှောင်အိတ်ထဲမှ ရွှေရောင်တောက်ပနေသော စက္ကူတစ်ရွက်ကို ထုတ်လိုက်သည်။
“ဒီအရောင်းအဝယ် တာအိုမျှတဖို့အတွက် ငါ ‘စာချုပ်အဆောင် ကို အသုံးပြုမယ်။ ငါတို့နှစ်ယောက်စလုံး ဒီအပေါ်မှာ ဝိညာဉ်အမှတ်အသား ထားလိုက်ရင် ဘယ်သူမှ စာချုပ်ကို ချိုးဖောက်လို့ မရတော့ဘူး”
***