ရန်ရှောက်ထျန်းသည် အချိန်သဲမှုန်များရှိရာသို့ရောက်ရှိလာခဲ့လေသည်။ ရန်ရှောက်ထျန်း၏ ခန္ဓာကိုယ်ပေါ်မှထာဝရနတ်ဘုရားခန္ဓာကိုယ်၏စွမ်းအားကိုအာရုံခံမိလိုက်သလိုပင် အချိန်သဲမှုန်များ သည် ရန်ရှောက်ထျန်း၏ခန္ဓာကိုယ်ကိုဝန်းရံကာ ပျော်ရွှင်နေသောငါးကလေးများအလားကူးခတ်နေ ကြလေသည်။
ရန်ရှောက်ထျန်းက အချိန်သဲမှုန်များကိုထိတွေ့ရန်လက်လှမ်းလိုက်သော်လည်း အချိန်သဲမှုန် များအားလုံးမှာ ရန်ရှောက်ထျန်း၏လက်ချောင်းများကြားမှလျှောထွက်သွားသဖြင့် ၎င်းတို့ကို ထိတွေ့ ရန်မဖြစ်နိုင်ပေ။
"သာမန်သိုင်းပညာရှင်တွေကတော့ အချိန်သဲမှုန်ကိုလုံးဝထိလို့မရဘူး" ဟု ဆေးနံ့သာအိုးက ပြောလိုက်သည်။
"အချိန်နတ်ဘုရားအဆင့်ရတနာကိုသုံးပြီးသိမ်းဆည်းမှရမှာ၊ ဒါပေမဲ့မင်းမှာထာဝရနတ် ဘုရားခန္ဓာကိုယ်ရှိနေတာဆိုတော့ ထာဝရနတ်ဘုရားခန္ဓာကိုယ်ရဲ့ အချိန်စွမ်းအားကိုသုံးပြီး၎င်းကို ထိန်းချုပ်နိုင်တယ်"
ရန်ရှောက်ထျန်းသည် သူ၏ထာဝရနတ်ဘုရားခန္ဓာကိုယ်စွမ်းအားကို အသက်သွင်းလိုက်ရာ သူ၏တစ်ကိုယ်လုံးတွင် အချိန်အလင်းတန်းများတောက်ပလာတော့သည်။ သူ၏လက်ဝါးဖြင့်ဆွဲယူ လိုက်သောအခါ အချိန်စွမ်းအားတစ်ခုကအချိန်သဲမှုန်အစုအဝေးကို လွှမ်းခြုံသွားခဲ့လေသည်။
ယခုတစ်ကြိမ်တွင်မူ အချိန်သဲမှုန်များမှာ ထွက်ပြေးလွတ်မြောက်ခြင်းမရှိတော့ပေ။
ရန်ရှောက်ထျန်းသည် ထိုအချိန်သဲမှုန်အစုအဝေးကို လျင်မြန်စွာသိမ်းဆည်းလိုက်လေသည်။
ထို့နောက်တွင် သူသည်ထိုလုပ်ငန်းစဉ်ကိုပင်အထပ်ထပ်ပြုလုပ်ပြီး သူ၏ထာဝရနတ်ဘုရား ခန္ဓာကိုယ်စွမ်းအားကိုအသုံးပြုကာ အချိန်သဲမှုန်များကိုဆက်တိုက်သိမ်းဆည်းနေခဲ့လေသည်။
နောက်ဆုံးတွင် အချိန်သဲမှုန်အားလုံးမှာသိမ်းဆည်းခြင်းခံလိုက်ရပြီး တစ်ပွင့်မျှပင်ကျန်ရှိ ခြင်း မရှိတော့ပေ။ ထိုအခါမှသာရန်ရှောက်ထျန်းသည်ဘဏ္ဍာတိုက်၏ပိုမိုနက်ရှိုင်းသောနေရာသို့ ဆက် လက်ပျံသန်းသွားခဲ့လေသည်။
အဝေးတစ်နေရာတွင် ကြယ်စင်အလင်းတန်းများထုတ်လွှတ်နေသော ဧရာမသတ္တုရိုင်း တုံးကြီးတစ်ခုကိုစုပုံထားသည်ကိုတွေ့လိုက်ရသည်၊ ၎င်းမှာအံ့ဩဖွယ်ကောင်းသော ကြယ်နတ် ဘုရားသံထည်ပင်ဖြစ်လေသည်။ ထိုစဉ်ကမင်းသမီးဝမ်နင်သည် ကြယ်နတ်ဘုရားသံထည်ကိုရှာဖွေ ရန်အတွက်ကြယ်စင်ပင်လယ်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်လေသည်။
သူ၏ရှေ့တွင်ရှိနေသော ကြယ်နတ်ဘုရားသံထည်မှာ ထိုစဉ်ကသူမရှာတွေ့ခဲ့သည်ထက် အဆပေါင်းတစ်ရာမက ပို၍ကြီးမားလှပေသည်။
ရန်ရှောက်ထျန်းက ရှေ့သို့လှမ်းတက်လိုက်ပြီး၎င်းကိုမလိုက်သောအခါ အလွန်တရာလေးလံ နေသည်ကိုတွေ့လိုက်ရလေသည်။ သူ၏စစ်မှန်သောစွမ်းအားများကို လည်ပတ်လိုက်မှသာထိုကြယ် နတ်ဘုရားသံထည်တုံးကြီးကိုမနိုင်တော့သည်။
ထိုစဉ်မှာပင်ရန်ရှောက်ထျန်းသည် ပြင်းထန်သောအရှိန်အဝါအများအပြား ဘဏ္ဍာတိုက်ဆီ သို့ ပျံသန်းလာသည်ကို ရုတ်တရက်အာရုံခံမိလိုက်လေသည်။
"ဘိုးဘေးဖုန်း... ကျွန်တော်တို့စိန့်အဆင့်ဝိညာဉ်ကျောက်တုံးနှစ်တုံးကိုလာထုတ်တာပါ၊ ဒါက လက်မှတ်ထိုးထားတဲ့အမိန့်စာပါ" ဟု ဘဏ္ဍာတိုက်အဝင်ဝမှအသံတစ်ခု ထွက်ပေါ်လာလေသည်။
"ကောင်းပြီ၊ မင်းတို့ဝင်သွားလို့ရပြီ၊ ဒါကသော့ပဲ"
၎င်းအသံကိုကြားလိုက်ရသောအခါ ရန်ရှောက်ထျန်းသည် ကြယ်နတ်ဘုရားသံထည်ကို ဆေးနံ့သာအိုးအတွင်းသို့ လျင်မြန်စွာပစ်ထည့်လိုက်ပြီးနောက် ကောင်းကင်နှင့်မြေကြီးရတနာ အများ အပြားကိုအမြန်ဆုံးသိမ်းဆည်းကာ ဘဏ္ဍာတိုက်တံခါးမကြီးဆီသို့တိတ်တဆိတ် ပျံသန်းသွားခဲ့လေ သည်။
သို့သော်လည်း သူသည်ဘဏ္ဍာတိုက်တံခါးမကြီးဆီသို့မရောက်မီမှာပင် ကြယ်စုတန်းနတ် ဘုရားနိုင်ငံတော်မှ ပညာရှင်များရောက်ရှိလာခဲ့ကြလေသည်။ သူတို့အုပ်စုမှာဘဏ္ဍာတိုက် တံခါးမ ကြီးပေါ်ရှိ ဧရာမအပေါက်ကြီးကိုကြည့်ကာ ခဏမျှကြောင်အသွားကြပြီးနောက် သူတို့၏မျက်နှာ အမူအရာများမှာ သိသိသာသာပြောင်းလဲသွားကြပြီး "ဘိုးဘေးဖုန်း" ဟု အော်ဟစ်လိုက်ကြ လေတော့သည်။
အပြင်ဘက်တွင် စောင့်ကြပ်နေသောရှေးဟောင်းဘိုးဘေးသည် ထိုအော်ဟစ်သံကို ကြား သည်နှင့်တစ်ပြိုင်နက် အပြင်ဘက်မှအပြင်းအထန်တိုးဝင်လာခဲ့လေသည်။ သူဘဏ္ဍာတိုက်သို့ ရောက်ရှိလာပြီးတံခါးမကြီးပေါ်ရှိဧရာမအပေါက်ကြီးကိုမြင်လိုက်ရသောအခါ သူ၏မျက်နှာမှာ ဖြူဖျော့သွားတော့သည်။
"ဒါ... ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"
သူသည် တစ်ချိန်လုံးအပြင်ဘက်တွင်သေချာပေါက်စောင့်ကြပ်နေခဲ့ခြင်း ဖြစ်လေသည်။
မည်သူမျှ ဝင်ရောက်နိုင်ရန်မဖြစ်နိုင်ပေ။ ချက်ချင်းဆိုသလိုပင် သူသည်သတိဝင်လာပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်လေတော့သည်။
"ကြယ်နတ်ဘုရားနန်းတော်ဘဏ္ဍာတိုက် ဖောက်ထွင်းခံလိုက်ရပြီ။ ကြယ်နတ်ဘုရားနန်း တော် တစ်ခုလုံးနဲ့ နတ်ဘုရားမြို့တော်ကို ပိတ်ဆို့လိုက်ကြ။ သူ့ကိုရှာကြစမ်း"
အသံလှိုင်းများမှာ ပျံ့နှံ့သွားခဲ့လေပြီ။ ကြယ်နတ်ဘုရားနန်းတော်မှာ တုန်ခါသွားတော့သည်။
"ဘာ... ကြယ်နတ်ဘုရားနန်းတော်ဘဏ္ဍာတိုက် ဖောက်ထွင်းခံလိုက်ရတယ်ဟုတ်လား"
"သေချင်နေတာပဲ။ ဘယ်သူက ဒီလောက်အထိသတ္တိကောင်းနေရတာလဲ"
"ဘိုးဘေးဖုန်း စောင့်ကြပ်နေတာတောင်တစ်ဖက်လူက ဘယ်လိုလုပ်ဘဏ္ဍာတိုက်ထဲကို ဝင်သွားနိုင်တာလဲ"
အစွမ်းထက်လှသော ရှေးဟောင်းဘိုးဘေးများနှင့်နတ်ဘုရားဘိုးဘေးများမှာ တစ်ဦးပြီး တစ်ဦးကောင်းကင်ယံသို့ ပျံတက်လိုက်ကြပြီး ဒေါသတကြီးဖြင့်ဘဏ္ဍာတိုက်ဆီသို့ အပြင်းအထန် ပြေးလာခဲ့ကြလေသည်။ ကြယ်နတ်ဘုရားနန်းတော်တစ်ခုလုံးနှင့် နတ်ဘုရားမြို့တော်၏မဟာအစီ ရင် တားမြစ်ချက်များမှာ တောက်ပလာခဲ့လေပြီ။
ထိုရှေးဟောင်းဘိုးဘေးများနှင့် နတ်ဘုရားဘိုးဘေးများမှာ ဘဏ္ဍာတိုက်တံခါးမကြီးရှေ့သို့ ရောက်ရှိလာသောအခါ အားလုံးမှာတံခါးပေါ်ရှိအပေါက်ကြီးကိုကြည့်ကာ ထိတ်လန့်မှုနှင့်ဒေါသ များ ပြည့်နှက်နေကြလေသည်။
"ဒါက ဘယ်လိုစွမ်းအားမျိုးလဲ၊ ကမ္ဘာဦးသံထည်ကိုတောင် ဖျက်ဆီးနိုင်တယ်ဆိုတော့"
"ကျူးလွန်တဲ့သူက သေချာပေါက်ထွက်မသွားသေးဘူး။ သူတို့ဘဏ္ဍာတိုက်ထဲမှာ ရှိနေသေး တာဖြစ်နိုင်တယ်။ ဘဏ္ဍာတိုက်ထဲကိုဝင်ပြီးရှာကြစမ်း၊ ပြီးတော့ကြယ်နတ်ဘုရားနန်းတော်နဲ့ နတ်ဘုရားမြို့တော်ရဲ့ နေရာတိုင်းကိုပါ ရှာကြစမ်း"
ထိုအခိုက်အတန့်တွင် အစွမ်းထက်သော ရှေးဟောင်းဘိုးဘေးများနှင့် နတ်ဘုရားဘိုးဘေး များမှာ ဘဏ္ဍာတိုက်အတွင်းသို့တိုးဝင်သွားကြပြီး အမိန့်များကိုတစ်ခုပြီးတစ်ခု ထုတ်ပြန်လိုက်ကြ လေသည်။ ကြယ်နတ်ဘုရားနန်းတော်ဘဏ္ဍာတိုက်ဖောက်ထွင်းခံရခြင်းမှာ သမိုင်းတစ်လျှောက် တစ်ခါမျှ မရှိခဲ့ဖူးပေ။
"စုံစမ်းကြစမ်း။ ဘာတွေပျောက်ဆုံးသွားသလဲဆိုတာကို" ဟု ဘိုးဘေးဖုန်းက ဟိန်းဟောက် အမိန့်ပေးလိုက်သည်၊ တစ်ချိန်တည်းမှာပင်သူ၏နှလုံးသားမှာတုန်ယင်နေတော့သည်။ သူသည် ဘဏ္ဍာတိုက်ကိုစောင့်ကြပ်နေသူဖြစ်လေသည်။
အကယ်၍ အရေးကြီးသောရတနာများပျောက်ဆုံးသွားပြီး နတ်ဘုရားဧကရာဇ်သာဒေါသ ထွက်လာမည်ဆိုပါက သူသည်အကြိမ်တစ်ရာသေရသော်လည်းအပြစ်မကျေနိုင်ပေ။ ယခုအခါ သူသည် ထိုအရေးကြီးသောရတနာများ မပျောက်ဆုံးသေးပါစေနဲ့ဟုသာ ဆုတောင်းနိုင်တော့သည်။
သူ ဆုတောင်းနေစဉ်မှာပင်ရှေးဟောင်းဘိုးဘေးတစ်ဦးက တုန်ယင်နေသောအသံဖြင့် အော်ဟစ်လိုက်သည်ကိုကြားလိုက်ရလေသည်။
"ထိပ်တန်းအဆင့် ဝိညာဉ်ကျောက်တုံးတွေနဲ့ စိန့်အဆင့်ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံး ပျောက်သွားပြီ"
ဘဏ္ဍာတိုက် တံခါးမကြီးအတွင်းသို့ အပြင်းအထန်ဝင်ရောက်လာသော ဘိုးဘေးဖုန်းမှာ မူးဝေသွားသလို ခံစားလိုက်ရလေသည်။ ထို့နောက်တွင် နောက်ထပ်ရှေးဟောင်းဘိုးဘေးတစ်ဦး ကလည်းတုန်ယင်နေသောအသံဖြင့်အော်ဟစ်လိုက်ပြန်လေသည်။
"ကောင်းကင်ဘေးဒုက္ခမိုးကြိုးရေ။ ကောင်းကင်ဘေးဒုက္ခမိုးကြိုးရေတွေ အကုန်လုံးလည်း မရှိတော့ဘူး"
ဘိုးဘေးဖုန်းမှာ ယိုင်နဲ့သွားတော့သည်။
"အချိန်သဲမှုန်။ အချိန်သဲမှုန်တွေဘယ်ရောက်ကုန်တာလဲ" ဟု ရှေးဟောင်းဘိုးဘေးတစ်ဦးက ထိတ်လန့်တကြားနှင့် ဒေါသတကြီးဟိန်းဟောက်လိုက်သောအခါ ဘိုးဘေးဖုန်းမှာလုံးဝသတိလစ် သွားခဲ့လေပြီ။
"ရှာကြစမ်း။ ဘဏ္ဍာတိုက်ရဲ့ ထောင့်တိုင်းကို ရှာကြစမ်း"
ကြယ်နတ်ဘုရားနန်းတော်မှ ရှေးဟောင်းဘိုးဘေးများနှင့် နတ်ဘုရားဘိုးဘေးများမှာ အလွန် တရာဒေါသထွက်နေကြပြီး တစ်ဦးချင်းစီမှာ သောင်းကျန်းနေသောသားရဲများအလား ဘဏ္ဍာတိုက် ၏ ထောင့်တိုင်းကို ရှာဖွေနေကြလေသည်။
ဘယ်သူမှမရှိဘူး။ ဘယ်သူမှမရှိဘူး။ဘယ်သူမှကိုမရှိဘူး။ ရန်ရှောက်ထျန်းကမူ ထိုရှေး ဟောင်းဘိုးဘေးများနှင့် နတ်ဘုရားဘိုးဘေးများ၏ဘေးမှနေ၍ ဂရုတစိုက်ကိုယ်ပျောက်နေရင်းပျံ သန်းသွားခဲ့လေသည်။ သို့သော်လည်း သူဘဏ္ဍာတိုက်တံခါးမကြီးသို့ ရောက်ရှိလာသောအခါ ပိတ်ဆို့ခြင်းခံထားရသည်ကို တွေ့လိုက်ရလေသည်။
အစွမ်းထက်လှသောနတ်ဘုရားဘိုးဘေးအများအပြားမှာတံခါးပေါ်ရှိ အပေါက်ကြီးကို စောင့်ကြပ်နေကြသဖြင့် ရန်ရှောက်ထျန်းအတွက်ပျံသန်းထွက်ခွာရန်နေရာမရှိတော့ပေ။ ၎င်းကို မြင်သောအခါ ရန်ရှောက်ထျန်းမှာ ရပ်တန့်ပြီးစိတ်ရှည်စွာ စောင့်ဆိုင်းနေရတော့သည်။
ခဏအကြာတွင် နောက်ဆုံး၌နတ်ဘုရားဘိုးဘေးတစ်ဦးမှာ အပြင်သို့ထွက်ရန်လိုအပ်လာခဲ့ လေသည်။ ရန်ရှောက်ထျန်းသည် သူ၏နောက်မှထပ်ကြပ်မကွာလိုက်ပါပြီး ဘဏ္ဍာတိုက်အတွင်းမှ ထွက်ခွာခဲ့လေသည်။ တားမြစ်ချက် အလွှာများစွာကို ဖြတ်ကျော်ပြီးနောက် ရန်ရှောက်ထျန်းသည် ကြယ်နတ်ဘုရားနန်းတော်၏အထက်သို့ ရောက်ရှိလာခဲ့လေသည်။
နေရာတိုင်းတွင် လိုက်လံရှာဖွေနေကြသောကြယ်နတ်ဘုရားနန်းတော်မှ ပညာရှင်များကို ငုံ့ကြည့်ရင်း ရန်ရှောက်ထျန်းကပြောလိုက်သည်။
"ဆေးနံ့သာအိုးဘိုးဘေး... တို့တစ်ခုခုအကြီးအကျယ် လုပ်လိုက်ကြရအောင်"
ချက်ချင်းဆိုသလိုပင် ဆေးနံ့သာအိုးမှာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့ပြီး သူ၏မူလအရွယ် အစားထက် သန်းပေါင်းများစွာအထိ ချက်ချင်းကြီးမားသွားခဲ့လေသည်။ ထိုအခိုက်အတန့်တွင် ကြယ်နတ်ဘုရားနန်းတော်မှာ အတိုင်းအဆမဲ့သော အမှောင်ထုအတွင်းသို့ ကျရောက်သွားခဲ့လေပြီ။ ကြယ်နတ်ဘုရားနန်းတော်အတွင်းရှိ သန်းပေါင်းများစွာသောပညာရှင်များမှာ အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်ကြရာ ကောင်းကင်မြင့်မှကျဆင်းလာသော နှိုင်းယှဉ်၍မရအောင် ကြီးမားလှသည့် ရွှေရောင်အိုးကြီးတစ်လုံးကို မြင်တွေ့လိုက်ရလေသည်။
သူတို့၏ မျက်နှာအမူအရာများ သိသိသာသာပြောင်းလဲသွားကြပြီး ကြယ်နတ်ဘုရားနန်း တော်အတွင်းရှိသန်းပေါင်းများစွာသောပညာရှင်များသည် မည်သည့်အရာကိုမျှ မစဉ်းစားတော့ဘဲ သူတို့၏ စွမ်းအားအားလုံးကို ထုတ်ဖော်လိုက်ကြလေတော့သည်။
"ဘုန်း..."
ကမ္ဘာပျက်မတတ် ဟိန်းဟောက်သံကြီးထွက်ပေါ်လာလေသည်။ ဘဏ္ဍာတိုက်အတွင်း၌ ဘိုးဘေးဖုန်းနှင့် တခြားသူများမှာခိုးယူခံရမှုကြောင့် ဒေါသထွက်နေကြဆဲဖြစ်သော်လည်း ရုတ်တ ရက်ထိုဟိန်းဟောက်သံကြီးကိုကြားလိုက်ရလေသည်။
ထို့နောက်တွင် ဖျက်ဆီးခြင်းစွမ်းအားများသည်အတိုင်းအဆမဲ့သော လှိုင်းလုံးများအလား ကြယ်နတ်ဘုရားနန်းတော်၏ထောင့်တိုင်းသို့ ရိုက်ခတ်သွားခဲ့ပြီး ကြယ်နတ်ဘုရားနန်းတော် ဘဏ္ဍာ တိုက်ကိုပါ ရိုက်ခတ်သွားခဲ့လေသည်။
ဘိုးဘေးဖုန်းနှင့် တခြားသူများ၏မျက်နှာအမူအရာများ သိသိသာသာပြောင်းလဲသွားကြပြီး သူတို့မှာ အပြင်းအထန်ပြေးထွက်လာခဲ့ကြလေသည်။ သူတို့ပြေးထွက်လာသည်နှင့်တစ်ပြိုင်နက် ဖျက်ဆီးခြင်း ချီစီးကြောင်းများနှင့် လှိုင်းလုံးများ သူတို့ဆီသို့ရိုက်ခတ်လာသည်ကို မြင်တွေ့လိုက်ရ လေသည်။ ဘိုးဘေးဖုန်းနှင့်တခြားသူများမှာအပြင်းအထန်ပြန်လည်တိုက်ခိုက်ခဲ့ကြသော်လည်း သူတို့အားလုံးမှာ လွင့်ထွက်သွားခဲ့ကြရလေသည်။ ဘဏ္ဍာတိုက်နန်းဆောင်မှာ ချက်ချင်းဆိုသလိုပင် ပြိုလဲသွားခဲ့လေပြီ။
"ဒုန်း..."
ချက်ချင်းဆိုသလိုပင် ကြယ်နတ်ဘုရားနန်းတော်မှာ ဖျက်ဆီးခြင်းဒဏ်ကို ခံလိုက်ရသလိုပင် နတ်ဘုရားမြို့တော်တစ်ခုလုံးမှာ ပြင်းထန်စွာတုန်ခါသွားတော့သည်။ ဘိုးဘေးဖုန်းနှင့် တခြားသူများ မြေအောက်အနက်ပိုင်းမှ ပြန်လည်တွားထွက်လာကြသောအခါ ကြယ်နတ်ဘုရားနန်းတော်တစ်ခုလုံး ပျောက်ကွယ်သွားပြီး ဧရာမကျင်းကြီးတစ်ခုအဖြစ်ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရလေ သည်။
မရေမတွက်နိုင်သောနန်းဆောင်များမှာ မြေမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မရေမတွက်နိုင် သောအင်ပါယာအစောင့်တပ်များမှာလည်း သေဆုံးခြင်းသို့မဟုတ်ဒဏ်ရာရခြင်းများကို ခံလိုက်ရ လေသည်။
သူတို့ မော့ကြည့်လိုက်သောအခါ လေထဲတွင်ရပ်နေသောအပြာနုရောင်ပုံရိပ်တစ်ခုနှင့် ကောင်းကင်ယံအလား ကျယ်ဝန်းလှသောရွှေရောင်အိုးကြီးတစ်လုံးကို မြင်တွေ့လိုက်ရလေသည်။
ရန်ရှောက်ထျန်း၏ မျက်လုံးများမှာ အေးစက်နေတော့သည်။ ဆေးနံ့သာအိုးမှာ ကောင်းကင်ယံသို့ တစ်ဖန်ပြန်တက်သွားပြီး ဟိန်းဟောက်သံနှင့်အတူ ပြန်လည်ရိုက်ချလိုက်ပြန်လေ သည်။ ဘိုးဘေးဖုန်းနှင့်တခြားသူများမှာထိတ်လန့်တကြားဖြင့် သူတို့၏အစွမ်းကုန်တိုက်ခိုက်ခဲ့ကြ သော်လည်း သူတို့၏အမြင်အာရုံများ မှောင်မိုက်သွားခဲ့ပြီး သတိလစ်သွားကြလေတော့သည်။
ရန်ရှောက်ထျန်းသည် ဟင်းလင်းပြင်ကို ဖောက်ထွက်ပြီး ထွက်ခွာသွားခဲ့လေသည်။
ရန်ရှောက်ထျန်း ထွက်ခွာပြီးမကြာမီမှာပင် ကြယ်စုတန်းနတ်ဘုရားကျွန်းနှင့် မလှမ်းမကမ်းရှိ ကျွန်းတစ်ကျွန်းပေါ်တွင် ဒဏ်ရာများကိုကုသနေသော ဧကရာဇ်ယွန်းထျန်းသည် ကြယ်နတ်ဘုရား နန်းတော်ဖျက်ဆီးခံလိုက်ရပြီး သန်းပေါင်းများစွာသော အင်ပါယာအစောင့်တပ်များ၊ မရေမတွက်နိုင် သောရှေးဟောင်းဘိုးဘေးများနှင့် နတ်ဘုရားဘိုးဘေးများကျဆုံးကုန်ပြီဟူသော သတင်းကို ကြားလိုက်ရသောအခါ သူသည် ချက်ချင်းပင် သွေးတစ်ငုံ အန်ထုတ်လိုက်ရလေသည်။
သူ၏မျက်လုံးများတွင် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ပြည့်နှက် နေပြီး သူကဟိန်းဟောက်လိုက်လေသည်။
"ရန်ရှောက်ထျန်း... မင်းကို ငါ ဒီဘဝမှာ မသတ်နိုင်ရင် လူလို့ မခေါ်တော့ဘူး"
"အရှင်မင်းကြီး... ကြယ်နတ်ဘုရားလေးပါးဆီက သတင်းရထားပါတယ်၊ အိမ်ရှေ့မင်းသားက မိစ္ဆာကျွန်းမှာပျောက်ဆုံးသွားခဲ့ပြီး တရားခံကတော့ရန်ရှောက်ထျန်းဖြစ်ဖို့ သေချာသလောက် ရှိပါတယ်" ဟု ထိုအခိုက်တွင် နတ်ဘုရားဘိုးဘေးတစ်ဦးကတုန်ယင်စွာဖြင့် လျှောက်တင်လိုက် လေသည်။
ဧကရာဇ်ယွန်းထျန်းသည် နောက်ထပ်သွေးတစ်ငုံကို အန်ထုတ်လိုက်ရပြန်လေတော့သည်။
***