ရန်ရှောက်ထျန်းသည် ကြယ်စင်ရေခဲပင်လယ်၏အစွန်းတွင်သာ ရပ်နေသော်လည်း၊ အံ့ဩဖွယ်ကောင်းသောရေခဲချီစွမ်းအင်များမှာပျံ့နှံ့လာခဲ့ပြီး ရန်ရှောက်ထျန်း၏ တစ်ကိုယ်လုံးသာမ က သူ၏နတ်ဘုရားပင်လယ်ပါခဲသွားတော့မည့်အလား ခံစားလိုက်ရလေသည်။
ရန်ရှောက်ထျန်းသည် ချက်ချင်းဆိုသလိုပင် သူ၏မဟာနတ်ဘုရားမီးလျှံမီးတောက် သုံးခုဖြစ်သော ဇီဝေ့နတ်ဘုရားမီးလျှံမီးတောက်၊ ဗုဒ္ဓပေါင်းတစ်ထောင်နတ်ဘုရားမီးလျှံမီးတောက် နှင့် ကောင်းကင်မိုးကြိုးဘေးဒုက္ခ နတ်ဘုရားမီးလျှံမီးတောက်တို့ကို ခေါ်ယူလိုက်လေသည်။
နတ်ဘုရားမီးလျှံမီးတောက်သုံးခုက သူ၏ခန္ဓာကိုယ်ကိုကာကွယ်လိုက်ပြီ ဖြစ်လေသည်! ခဏအတွင်းမှာပင် ကြယ်စင်မီးလျှံများတို့ကောင်းကင်ယံသို့ပျံတက်သွားခဲ့ပြီး ဗုဒ္ဓအလင်းတန်း များမှာလည်း အားကောင်းစွာထွက်ပေါ်လာခဲ့သလို၊ မိုးကြိုးမီးလျှံများကလည်း ကျယ်လောင်စွာ ပေါက်ကွဲနေခဲ့လေသည်။
ရန်ရှောက်ထျန်း၏ မဟာနတ်ဘုရားခန္ဓာကိုယ်သုံးခုကို နောက်တစ်ကြိမ်ကြည့်ရင်း စီနီယာ ချန်ရှုံးဝက်ဝံပြာကြီးမှာ ထိတ်လန့်သွားရပြန်လေသည်။ ဟိုတုန်းကချန်ဆန်းအရှင်သခင်မှာ ပဉ္စမ အဆင့်ရှိမိုးပြာကြာနတ်ဘုရားမီးလျှံမီးတောက်ရှိခဲ့သော်လည်း၊ ရန်ရှောက်ထျန်း၏ မဟာနတ်ဘုရား မီးလျှံမီးတောက်သုံးခုမှာမူ ပို၍ပင်အံ့ဩစရာကောင်းလှပေသည်။ ၎င်းတို့မှာနတ်ဘုရားမီးလျှံ မီးတောက်သုံးခုဖြစ်နေသည်မဟုတ်ပါလော။ ဝိညာဉ်မီးလျှံမီးတောက် သို့မဟုတ် ထူးခြားသော မီးလျှံမီးတောက်များ မဟုတ်ကြပေ။
နတ်ဘုရားမီးလျှံမီးတောက်သုံးခုက ခန္ဓာကိုယ်ကိုကာကွယ်ပေးထားသဖြင့် ရန်ရှောက်ထျန်း နှင့် စီနီယာချန်ရှုံးတို့သည် ကြယ်စင်ရေခဲပင်လယ်အတွင်းသို့ ချက်ချင်းလှမ်းဝင်ခဲ့ကြလေသည်။ ကြယ်စင်ရေခဲပင်လယ်၏ မျက်နှာပြင်မှာ ထာဝရခဲနေခဲ့ပြီး၊ သူတို့နှစ်ဦး လှမ်းတက်လိုက်သောအခါ သာယာလှသော အသံသဲ့သဲ့လေးထွက်ပေါ်လာခဲ့လေသည်။
ပင်လယ်ရေပြင်မှာ ချောမွေ့နေခဲ့ပြီးကြယ်စင်အစက်အပြောက်များဖြင့် ပြည့်နှက်နေကာ သူတို့၏ပုံရိပ်များ ထင်ဟပ်နေသဖြင့် ရန်ရှောက်ထျန်းမှာအချိန်ကြယ်စင်မြစ်အတွင်းသို့ လှမ်းဝင် လိုက်သလိုပင် ရုတ်တရက်ခံစားလိုက်ရလေသည်။
ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ တိတ်ဆိတ်နေခဲ့လေသည်။ ရန်ရှောက်ထျန်း၏ စိတ်မှာ အေးချမ်းနေခဲ့လေသည်။ စီနီယာချန်ရှုံးသည်သူ၏ရှေ့ရှိကြယ်စင်ရေခဲပင်လယ်ကိုကြည့်ကာ ချီးကျူးလိုက်သည်။
"ဒီနေရာက တကယ်ကိုလှပလွန်းပါတယ်၊ ချန်ဆန်းတိုက်ကြီးရဲ့ အလှပဆုံးနေရာလို့တောင် ပြောလို့ရပါတယ်"
သူက ရန်ရှောက်ထျန်းကိုပြုံးကြည့်ကာ။
"အရှင်မင်းကြီးမသိတာကတော့၊ ဟိုတုန်းကချန်ဆန်းအရှင်သခင်နဲ့ကျွန်တော် ဒီကိုလာ တုန်းက ကျွန်တော်တို့နှစ်ယောက်လုံး ဒီနေရာကို အရမ်းသဘောကျခဲ့ကြတာ"
"ချန်ဆန်းအရှင်သခင်ကတောင် နောင်တစ်ချိန်ကျရင် ဒီမှာနတ်ဘုရားဂူတစ်ခု ဆောက်ပြီး ထာဝရ နေထိုင်ချင်တယ်လို့ ပြောခဲ့သေးတယ်"
ထိုသို့ပြောပြီးနောက် စီနီယာချန်ရှုံး၏စိတ်ထဲတွင်သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။
၎င်းကို ကြားလိုက်ရသဖြင့် ရန်ရှောက်ထျန်း၏နှလုံးသားမှာ လှုပ်ခတ်သွားခဲ့လေသည်။ ချန်ဆန်းအရှင်သခင်သည် အမှန်တကယ်ပင်ဤနေရာ၌နတ်ဘုရားဂူဆောက်ပြီး ထာဝရနေထိုင်ချင် ခဲ့သည်တဲ့လား။ သူသည်အလွန်တရာ လှပသောကြယ်စင်ရေခဲပင်လယ်ကိုကြည့်ရင်း ပို၍ပို၍ သဘောကျလာမိလေသည်။
ဤနေရာမှာ ကျင့်ကြံရန်အလွန်တရာကောင်းမွန်သောနေရာတစ်ခုဖြစ်လေသည်။ ရေခဲချီ စွမ်းအင်များမှာကြောက်စရာကောင်းသော်လည်း၊ သူ၏လက်ထဲတွင်မဟာနတ်ဘုရားမီးလျှံမီး တောက်သုံးခု ရှိနေသဖြင့် သူမကြောက်ပေ။
သာယာလှသောအသံလေးများမှာ ဆက်တိုက်ထွက်ပေါ်နေခဲ့လေသည်။
သူတို့၏ ခြေလှမ်းများမှာမမြန်လွန်းမနှေးလွန်းခဲ့ပေ။ တစ်ကမ္ဘာလုံးတိတ်ဆိတ်နေစဉ် မှာပင်၊ ရုတ်တရက် ခပ်သဲ့သဲ့ဟောက်သံတစ်ခုကထိုတိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်လေသည်။ ရန်ရှောက် ထျန်းမှာ အံ့အားသင့်သွားမိသည်။
"ဒါက ကြယ်စင်ဧရာမသားရဲပဲ" ဟု စီနီယာချန်ရှုံးကပြုံးလျက် ရှင်းပြလိုက်သည် ။
"ဒီကောင်က အိပ်ရတာကိုအရမ်းသဘောကျတာ၊ သူ့ရဲ့အိပ်တဲ့ပုံစံကလည်း တော်တော်လေး ကို ရယ်ရပါတယ်"
"ဟုတ်လား" ဟု ရန်ရှောက်ထျန်းက ရယ်မောလိုက်လေသည်။
သူတို့နှစ်ဦး ရှေ့သို့ဆက်လက်လျှောက်လှမ်းလာသည်နှင့်အမျှ ဟောက်သံမှာ ပို၍ပို၍ ကျယ်လောင်လာခဲ့လေသည်။ နောက်ဆုံးတွင်ထိုဟောက်သံမှာ မိုးခြိမ်းသံအလားဖြစ်လာတော့ သည်။ ဟောက်သံက မိုးခြိမ်းသံအလား ဖြစ်သည်ဟူသောခံစားချက်ကို ရန်ရှောက်ထျန်းတကယ်ကို ခံစားလိုက်ရလေသည်၊ သားရဲ၏ဟောက်သံတစ်ခုမှာ ကိုးလွှာကောင်းကင်ယံမှမိုးခြိမ်းသံနှင့် တူညီလှ ပေသည်။ နီးကပ်စွာလျှောက်သွားသောအခါ၊ ရန်ရှောက်ထျန်းသည် ရေခဲပင်လယ်ပေါ်တွင် မြင့်မားစွာ ရပ်တည်နေသော သစ်ပင်ကြီးတစ်ပင်ကို မြင်တွေ့လိုက်ရလေသည်။
ဤမြင့်မားသော သစ်ပင်ကြီးမှာ အသက်နတ်ဘုရားသစ်ပင်ထက်ပင် ပိုမိုမြင့်မားပြီး ကြီးမား လှသည်၊ ပေသုံးရာကျော်မြင့်မားပြီး သစ်ကိုင်းများနှင့် သစ်ရွက်များမှာ ဝေဆာနေခဲ့လေသည်။ ၎င်း၏ ဧရာမသစ်ကိုင်းကြီးများမှာ ဧရာမလက်ကြီးများအလား ဆန့်ထွက်နေခဲ့ပြီး ကြယ်နတ်ဘုရားအသီး အမြောက်အမြားကို ကိုင်ဆောင်ထားခဲ့လေသည်၊ တစ်လုံးချင်းစီမှာ ကြယ်စင်ရတနာများအလား ရှိနေခဲ့လေသည်။ ထိုကြယ်နတ်ဘုရားအသီးများမှာသစ်ကိုင်းများနှင့် သစ်ရွက်များကြားတွင် ရှိနေကြပြီး၊ ကြယ်စင်အလင်းတန်းများမှာတောက်ပနေသော်လည်း စူးရှခြင်းမရှိခဲ့ပေ။ ကြယ်နတ် ဘုရားသစ်ပင်မှာ အသက်နတ်ဘုရားသစ်ပင်ထက်ပင် ပိုမိုခန့်ညားထည်ဝါလှပေသည်။
စီနီယာချန်ရှုံးသည် ကြယ်နတ်ဘုရားသစ်ပင်ကိုကြည့်ကာ သူ၏နှလုံးသားထဲမှ ထိတ်လန့်မှုကို ဖုံးကွယ်မထားနိုင်တော့ပေ။ သူ၏ရှေ့ရှိကြယ်နတ်ဘုရားသစ်ပင်မှာ နတ်ဘုရားများ၏လက်ရာ တစ်ခုအလားပင်ဖြစ်လေသည်။ ရန်ရှောက်ထျန်းသည် ကြယ်နတ်ဘုရားသစ်ပင်နှင့် မလှမ်းမကမ်း တွင် အိပ်ပျော်နေသောဧရာမသားရဲကြီးတစ်ကောင်ကို သတိပြုမိလိုက်လေသည်။ ဤသားရဲကြီးမှာ သူ၏ အမြင့်မြတ်ဆုံးဘုရင် သိုင်းဝိညာဉ်ဖြစ်သော နဂါးနက်ထက်ပင်ပိုမိုကြီးမားလှပေသည်။
ဤကြယ်စင်ဧရာမသားရဲကို မြင်လိုက်ရသောအခါ၊ စီနီယာချန်ရှုံးက ၎င်း၏ အိပ်သည့်ပုံစံမှာ ဘယ်လောက်အထိ ရယ်ရသလဲဆိုသည်ကို ရန်ရှောက်ထျန်း နောက်ဆုံး၌ နားလည်သွားခဲ့လေသည်။ ထိုသားရဲမှာ သူ၏ကျောပြင်ဖြင့် လဲလျောင်းနေပြီး သူ၏ဦးခေါင်းမှာ အထက်သို့ မော့နေခဲ့လေသည်။ ထို့အပြင် မိုးခြိမ်းသံကဲ့သို့ကျယ်လောင်လှသောဟောက်သံမှာ သူ၏နှာခေါင်းပေါက်မှ ထွက်လာ ခြင်းမဟုတ်ဘဲ သူ၏ပါးစပ်မှထွက်လာခြင်း ဖြစ်လေသည်။
ရန်ရှောက်ထျန်းမှာ ရယ်လည်းရယ်ချင်သလို ဆွံ့အလည်း သွားရလေသည်။ ဘယ်သူဖြစ်ဖြစ်၊ ဘယ်သားရဲပဲဖြစ်ဖြစ် ကောင်းကင်ကိုမော့ကြည့်ပြီး အိပ်နေတာမျိုးကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဤကြယ်စင်ဧရာမသားရဲ၏ အိပ်သည့်ပုံစံမှာတကယ်ကို ထူးခြားလှပေသည်။ ရန်ရှောက်ထျန်းက စီနီယာချန်ရှုံးကို ပြုံးကြည့်ကာ ပြောလိုက်သည်။
"စီနီယာချန်ရှုံး ပြောတာမှန်ပါတယ်၊ ဒီအိပ်တဲ့ပုံစံက တကယ်ကို မျက်စိပွင့်သွားစေတာပဲ"
စီနီယာချန်ရှုံးကလည်း ရယ်မောလိုက်သည်။
"ဒီကောင်က အိပ်နေရင်တော့တော်တော်လေးချစ်ဖို့ကောင်းပါတယ်"
သို့သော်လည်း အကယ်၍ သူသာနိုးလာမည်ဆိုပါက အလွန်တရာကြောက်စရာကောင်း လှပေသည်။ ဟိုတုန်းကစီနီယာချန်ရှုံးသည်ရယ်စရာကောင်းသည်ဟုထင်သဖြင့် ထိုသားရဲကိုသွားနှိုး ခဲ့ရာ၊ ရလဒ်အနေဖြင့်ထိုသားရဲကဧရာမဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်သဖြင့် မရေမတွက် နိုင်သော ပင်လယ်ရေပြင်များမှာအစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားခဲ့ရလေသည်။ ထိုဟိန်းဟောက် သံမှာ နှစ်ပေါင်းများစွာကြာခဲ့သော်လည်း စီနီယာချန်ရှုံး၏စိတ်ထဲတွင် ထိတ်လန့်မှုများ ကျန်ရှိနေဆဲ ဖြစ်လေသည်။
ရန်ရှောက်ထျန်း၏အကြည့်မှာ ကြယ်စင်ဧရာမသားရဲထံမှ ပြန်လည်ဆုတ်ခွာခဲ့ပြီး ကြယ်နတ် ဘုရားအသီးတစ်ဆယ့်တစ်လုံးထံသို့ရောက်ရှိသွားခဲ့လေသည်။ ထိုကြယ်နတ်ဘုရား အသီး တစ်ဆယ့်တစ်လုံးမှာ လက်သီးဆုပ်အရွယ်ခန့်ရှိကြပြီး၊ ကြည်လင်နေသောကြယ်စင်ရတနာများ အလားရှိနေကြကာ ဆွဲဆောင်မှုရှိလှသောရနံ့များမှာလည်းထွက်ပေါ်နေသဖြင့် သွားရည်ကျစရာ ကောင်းလှပေသည်။
ကြယ်နတ်ဘုရားအသီးများကို လက်ဖြင့်တိုက်ရိုက်ခူး၍မရနိုင်ပေ၊ သို့မဟုတ်ပါက ၎င်းတို့မှာ ကြယ်စင်နတ်ဘုရားချီစွမ်းအင်များအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားပေလိမ့်မည်။
ရန်ရှောက်ထျန်းသည် သူ ကြိုတင်ပြင်ဆင်လာသော ကြယ်စင်တုတ်တံကို ထုတ်ယူလိုက်ပြီး အသီးတစ်လုံးကိုရိုက်ချလိုက်ကာ ကြယ်စင်ပုလင်းဖြင့်ဖမ်းယူလိုက်လေသည်။ ထို့နောက်တွင် သူသည် ထိုလုပ်ငန်းစဉ်အတိုင်းကျန်ရှိနေသောကြယ်နတ်ဘုရားအသီးများကို တစ်လုံးပြီးတစ်လုံး ရိုက်ချကာ ကြယ်စင်ပုလင်းဖြင့်သိမ်းဆည်းလိုက်လေသည်။ သို့သော်လည်း ရန်ရှောက်ထျန်းက သတ္တမမြောက်ကြယ်နတ်ဘုရားအသီးကို ရိုက်ချလိုက်သောအခါ၊ ရုတ်တရက် အဝေးမှ ခြေသံများကို ကြားလိုက်ရလေသည်။
ရန်ရှောက်ထျန်းနှင့် စီနီယာချန်ရှုံးတို့အံ့အားသင့်သွားကြလေသည်။ ထို့နောက် သူတို့သည် အဝေးမှ လမ်းလျှောက်လာနေသော မသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာ၊ ရန်ဖျင်းနှင့် အခြားခြောက်ဦးကို မြင်တွေ့လိုက်ရလေသည်။
ရေခဲချီစွမ်းအင်များ ဖုံးလွှမ်းနေသော်လည်း သူတို့မှာထိုအုပ်စုကို ချက်ချင်းမှတ်မိလိုက်ကြ လေသည်။ မသေနိုင်သောသေမင်းနတ်ဘုရားနှင့်တခြားသူများသည်လည်း ကြယ်နတ်ဘုရား အသီးများကိုသိမ်းဆည်းနေသော ရန်ရှောက်ထျန်းနှင့်စီနီယာချန်ရှုံးတို့ကို မြင်တွေ့သွားကြလေ သည်။
"ရန်ရှောက်ထျန်း၊ စီနီယာချန်ရှုံး"
ထိုအုပ်စုမှာ တပြိုင်နက်တည်း အော်ဟစ်လိုက်ကြလေသည်။
သစ်ပင်ပေါ်တွင် ကြယ်နတ်ဘုရားအသီး အနည်းငယ်သာ ကျန်တော့သည်ကို မြင်သောအခါ၊ မသေနိုင်သောသေမင်းနတ်ဘုရားနှင့် တခြားသူများ၏မျက်နှာအမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြပြီး ဒေါသများပြည့်နှက်သွားကြလေသည်။ ရုတ်တရက်မသေနိုင်သောသေမင်း နတ်ဘုရား၏မျက်နှာမှာရက်စက်သွားခဲ့ပြီး သူ၏မျက်လုံးများတွင်သတ်ဖြတ်လိုစိတ်များဖြင့် ဟိန်းဟောက်လိုက်လေသည်။
"ရန်ရှောက်ထျန်း... ငါတို့ကြယ်နတ်ဘုရားအသီးကိုမရနိုင်ရင်တောင်၊ မင်းလည်း ရဖို့ မမျှော် လင့်နဲ့"
ထိုသို့ပြောပြီးနောက် သူသည် လက်သီးနှစ်ဖက်လုံးဖြင့်အပြင်းအထန် ထိုးနှက်လိုက်လေ သည်။ သူသည်ရန်ရှောက်ထျန်းနှင့်စီနီယာချန်ရှုံးတို့ကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ၊ ကြယ်နတ်ဘုရား သစ်ပင်ကိုတိုက်ခိုက်လိုက်ခြင်းဖြစ်လေသည်။
ချက်ချင်းဆိုသလိုပင် မသေနိုင်သောသေမင်းချီများမှာကောင်းကင်နှင့် မြေကြီးကို ဝါးမြိုသွား ခဲ့လေသည်။ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာသည်လည်းလက်သီးနှစ်ဖက်ဖြင့်ထိုးနှက်လိုက်ရာ သူ၏ အတိုင်းအဆမဲ့သောမိစ္ဆာချီစွမ်းအင်မှာ သေမင်းချီများထက်ပင် ပိုမိုအစွမ်းထက်လှပေသည်။
ရန်ဖျင်း၊ အလောင်းမိစ္ဆာနှင့် တခြားသူများလည်းတစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကြ လေသည်။ ထိုအုပ်စု၏ဖျက်ဆီးခြင်းစွမ်းအားများသည် ကြယ်နတ်ဘုရားသစ်ပင်ဆီသို့ တပြိုင်နက် တည်း ဦးတည်သွားခဲ့လေသည်။
ကြယ်နတ်ဘုရားသစ်ပင်မှာ ကောင်းကင်ဘုံမှ နတ်ဘုရားသစ်ပင်ဖြစ်သော်လည်း၊ အကယ်၍ ၎င်းတို့ ခြောက်ဦး၏အစွမ်းကုန်တိုက်ခိုက်မှုကိုခံရမည်ဆိုပါက သေချာပေါက် ပျက်စီးသွားပေ လိမ့်မည်။ ပျက်စီးမသွားခဲ့လျှင်ပင် ပြင်းပြင်းထန်ထန်ထိခိုက်သွားမည်ဖြစ်ရာ ပြန်လည်သက်သာရန် အတွက် နှစ်ပေါင်းသန်းချီကြာမြင့်သွားပေလိမ့်မည်။
ကျန်ရှိနေသော ကြယ်နတ်ဘုရားအသီးအနည်းငယ်မှာလည်း ချက်ချင်းဆိုသလိုပင် ပျောက် ကွယ်သွားပေလိမ့်မည်။ ရန်ရှောက်ထျန်းနှင့် စီနီယာချန်ရှုံးတို့၏ မျက်နှာအမူအရာများ သိသိသာသာ ပြောင်းလဲသွားကြလေသည်။
မည်သည့် တုံ့ဆိုင်းမှုမျှမပြုဘဲ ရန်ရှောက်ထျန်းက ချက်ချင်းဟိန်းဟောက်လိုက်လေသည်။
"ဆေးနံ့သာအိုး"
ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး အတိုင်းအဆမဲ့သော ရွှေရောင်အလင်းများမှာ ကောင်းကင်ယံသို့ပျံတက်သွားခဲ့လေသည်။ ဆေးနံ့သာအိုး၏ ရွှေရောင် အလင်းတန်းများထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ရုတ်တရက်အိပ်ပျော်နေသော ကြယ်စင်ဧရာမ သားရဲမှာ သူ၏နီမြန်းသောမျက်လုံးကြီးများကိုဖွင့်လိုက်လေသည်။
သူ မျက်လုံးဖွင့်ပြီးကိုယ်ကိုလှည့်လိုက်သည်နှင့်တစ်ပြိုင်နက် ကမ္ဘာပျက်မတတ်ဟိန်း ဟောက်သံကြီးကို ထုတ်လွှတ်လိုက်လေတော့သည်။
ထိုဟိန်းဟောက်သံမှာ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများအဖြစ် ပြောင်းလဲသွား ခဲ့လေသည်။ ပင်လယ်ရေပြင်ပေါ်ရှိ မရေမတွက်နိုင်သော ရေခဲချီစွမ်းအင်များမှာ လွင့်ထွက်သွားခဲ့ရ သလို၊ ဟင်းလင်းပြင်ကြီးမှာလည်း ထိုကြောက်မက်ဖွယ်အသံလှိုင်းများကြောင့် လွင့်စင်သွားတော့ မည့်အလားဖြစ်နေတော့သည်။ ကြောက်မက်ဖွယ် အသံလှိုင်းများသည်မသေနိုင်သောသေမင်းနတ် ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနှင့် ကျန်ရှိသောခြောက်ဦး၏ တိုက်ခိုက်မှုများကို ရိုက်ခတ်သွားခဲ့ လေသည်။
"ဘုန်း..."
ကမ္ဘာပျက်မတတ် ဟိန်းဟောက်သံကြီးထွက်ပေါ်လာလေသည်။ ကြယ်စင်ဧရာမသားရဲမှာ နောက်သို့ယိုင်သွားခဲ့သလို၊ မသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနှင့် တခြားခြောက်ဦးတို့မှာလည်း အကြိမ်ကြိမ်နောက်သို့ ဆုတ်ခွာခဲ့ကြရလေသည်။
အလောင်းမိစ္ဆာ၊ သွေးမိစ္ဆာနှင့် မိစ္ဆာဗုဒ္ဓတို့မှာမူ တိုက်ရိုက် လွင့်ထွက်သွားခဲ့ကြရပြီး သွေးများကိုမရပ်မနားအန်ထုတ်နေကြရလေသည်။ မသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာနှင့် တခြားသူများသည် ရုတ်တရက် နိုးလာသောကြယ်စင်ဧရာမသားရဲကို ကြည့်ကာ သူတို့၏ မျက်နှာအမူအရာများမှာသိသိသာသာပြောင်းလဲသွားကြလေသည်။ သူတို့သည် ကျောပြင် ဖြင့်လဲလျောင်းကာ ပါးစပ်ဖြင့်ဟောက်တတ်သောဤကြယ်စင်ဧရာမသားရဲမှာ ဤမျှအထိ ပြင်းထန် လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
***