ချက်ချင်းဆိုသလိုပင် ရန်ရှောက်ထျန်းနှင့်မိုးပြာရောင်ဝက်ဝံတို့သည် ကြယ်စင်ပင်လယ် အတွင်းမှ ထွက်ခွာခဲ့ကြပြီး မသေနိုင်သောသေမင်းနတ်ဘုရားတို့နောက်သို့ လိုက်လံဖမ်းဆီးခဲ့ကြ လေသည်။ ကြိုးစားအားထုတ်မှုမှာအချည်းနှီးမဖြစ်ခဲ့ပေ၊ ကိုးရက်နှင့်ကိုးညကြာပြီးနောက်တွင် ရန်ရှောက်ထျန်းသည် နောက်ဆုံး၌သဲလွန်စများအတိုင်းလိုက်လာခဲ့ရာ ငရဲနတ်ဘုရားဂိတ်၏ ဌာနချုပ် ကို ရှာဖွေတွေ့ရှိခဲ့လေသည်။
ငရဲနတ်ဘုရားဂိတ်၏ဌာနချုပ်မှာ ဖူထုအင်ပါယာအတွင်းမှာပင်ရှိနေခြင်း ဖြစ်လေသည်။ ထို့အပြင် ၎င်းမှာ ဖူထုအင်ပါယာတောင်ဘက်ပိုင်းရှိ အဆုံးမရှိသောတောအုပ်များနှင့် ကျယ်ပြောလှ သော တောင်တန်းများအတွင်း၌ တည်ဆောက်ထားခြင်းဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် မိုးပြာရောင်ဝက်ဝံအားဖူထုအင်ပါယာ၏စစ်တပ်နှင့် အနီးအနားရှိ အင်အားကြီးဂိုဏ်းများမှ ပညာရှင်များအားလုံးကိုတတ်နိုင်သမျှအမြန်ဆုံး စုစည်းပြီး အပြင်ဘက်တွင် စောင့်ဆိုင်းနေရန်ခိုင်းစေလိုက်လေသည်၊ သူတိုက်ခိုက်သည်နှင့် သူတို့ပါတိုက်ခိုက်ရမည် ဖြစ်လေ သည်။
သူသည် ဆေးနံ့သာအိုးကိုအသုံးပြု၍ သူ၏အရှိန်အဝါကိုဖုံးကွယ်ကာ ငရဲနတ်ဘုရားဂိတ် ဌာနချုပ်အတွင်းသို့ တိတ်တဆိတ် ဝင်ရောက်ခဲ့လေသည်။
"ဒီနှစ်တော့ ကောင်မလေးကို မုန့်ဖိုးအကြီးကြီး ထပ်ပေးလို့ရဦးမယ်ထင်တယ်"
ငရဲနတ်ဘုရားဂိတ် ဌာနချုပ်၏ဘဏ္ဍာတိုက်အတွင်း၌ သေချာပေါက် ရတနာများစွာ ရှိပေလိမ့်မည်။ ထိုအခိုက်တွင် ရန်ဖျင်း၊ မသေနိုင်သောသေမင်းနတ်ဘုရားနှင့် ရှေးဟောင်းစိတ်ဝိညာဉ် မိစ္ဆာတို့သည် ငရဲနတ်ဘုရားဂိတ်ဌာနချုပ်၏ခန်းမဆောင်အတွင်းသို့ ထွက်ပြေးလာခဲ့ကြလေပြီ၊ ထိုသုံးဦးမှာ ခန်းမဆောင်အတွင်း၌တိတ်ဆိတ်စွာထိုင်နေကြပြီး ခန်းမဆောင်အတွင်းရှိ အငွေ့အသက် မှာအလွန်တရာ လေးလံနေတော့သည်။
ထိုသုံးဦးစလုံး၏ နှလုံးသားထဲတွင်ဒေါသတကြီးသတ်ဖြတ်လိုစိတ်များ ဖိနှိပ်ထားကြ လေသည်။ ၎င်းမှာ ရန်ရှောက်ထျန်းဆီသို့ ဦးတည်နေသော သတ်ဖြတ်လိုစိတ်များ ဖြစ်လေသည်။
"ငါ ဒီဘဝမှာ ငါ့ရဲ့အစွမ်းအားလုံးကိုသုံးပြီး ရန်ရှောက်ထျန်းရဲ့ဘေးနားက လူတိုင်းကို သတ်ပစ်မယ်"
ရန်ဖျင်းက နောက်ဆုံး၌တိတ်ဆိတ်မှုကိုဖြိုခွင်းလိုက်ပြီး သူ၏မျက်လုံးများတွင် သတ်ဖြတ် လိုစိတ်များ ပြည့်နှက်နေတော့သည်။
"ရန်ရှောက်ထျန်းနဲ့ ပတ်သက်တဲ့ လူတိုင်း သေရမယ်"
"သူ့ဘေးက ခွေးတစ်ကောင်တောင် မလွတ်စေရဘူး"
ရန်ဖျင်း၏ အသံမှာငရဲတွင်းကြီးအတွင်းမှ ထွက်ပေါ်လာသလိုပင် အေးစက်နေတော့သည်။ ရန်ရှောက်ထျန်းအပေါ် သူ၏မုန်းတီးမှုမှာကမ္ဘာပေါ်ရှိ အခြားသောမုန်းတီးမှုများအားလုံးထက် သာလွန်နေခဲ့လေပြီ။ မသေနိုင်သောသေမင်းနတ်ဘုရားတွင်လည်း ဒေါသတကြီးသတ်ဖြတ် လိုစိတ် များ ရှိနေခဲ့သည်၊ ရှေးဟောင်းခေတ်ကာလကပင် သူသည် ဤမျှလောက်အထိ အရှက်မကွဲခဲ့ဖူးပေ။
ရန်ရှောက်ထျန်းသည် သူ၏အစီအစဉ်များကိုအကြိမ်ကြိမ် ဖျက်ဆီးခဲ့လေသည်၊ အကယ်၍ ရန်ရှောက်ထျန်းသာမရှိခဲ့လျှင် သူသည်ထာဝရကောင်းကင်ခေါင်းတလားကိုရရှိပြီး သန့်စင်ပြီး လောက်ပြီဖြစ်သလို၊ ဟွန်ချွမ်နတ်ဘုရားဆေးလုံးကိုလည်းရှာတွေ့ခဲ့ပြီး သူ၏ကျင့်ကြံမှုကိုအကြီး အကျယ် မြှင့်တင်နိုင်ခဲ့ပြီးလောက်ပြီ ဖြစ်လေသည်။
သူ လုပ်ခဲ့ပြီးလောက်ပြီ၊ လုပ်ခဲ့ပြီးလောက်ပြီ၊ မသေနိုင်သောသေမင်းနတ်ဘုရား စဉ်းစားမိ လေလေ၊ သူ၏သတ်ဖြတ်လိုစိတ်များ ပြင်းထန်လာလေလေ၊ ဒေါသထွက်လာလေလေ ဖြစ်နေတော့ သည်။
"ငါတို့ ဧကရာဇ်ယွန်းထျန်းနဲ့ပူးပေါင်းလို့ ရတယ်"
ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာက ရုတ်တရက် အကြံပြုလိုက်လေသည်။
"ဧကရာဇ်ယွန်းထျန်းဟုတ်လား" ဟု ရန်ဖျင်းနှင့် မသေနိုင်သောသေမင်းနတ်ဘုရားတို့ အံ့အား သင့်သွားကြလေသည်။
"မှန်တယ်၊ ဧကရာဇ်ယွန်းထျန်းပေါ့"
ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာက စဉ်းစားလိုက်သည်။
"ငါ့ရဲ့ ဒဏ်ရာတွေ သက်သာလာပြီး ယွန်းထျန်းနဲ့ ငါတို့ပူးပေါင်းလိုက်မယ်ဆိုရင်၊ ကျုပ်တို့ ငရဲနတ်ဘုရားကိုကယ်ထုတ်နိုင်လိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ငါတို့လေးယောက်ပူးပေါင်းပြီး အဲ့ဒီဆေး နံ့သာအိုးကိုရင်ဆိုင်နိုင်လိမ့်မှာပဲ"
ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာ၊ ဧကရာဇ်ယွန်းထျန်း၊ ပြိုင်ဘက်ကင်းငရဲနတ်ဘုရားနှင့် မသေနိုင် သောသေမင်းနတ်ဘုရား၊ အကယ်၍ထိုလေးဦးသာပူးပေါင်းလိုက်မည်ဆိုပါက ဆေးနံ့သာအိုး၏ တိုက်ခိုက်မှုကို သူတို့ တောင့်ခံနိုင်ပေလိမ့်မည်။
ရန်ဖျင်းက ချက်ချင်းပင် ပြောလိုက်သည်။
"ကောင်းပြီ၊ ငါ အခုပဲ ကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်ဆီကို လူလွှတ်ပြီး ဧကရာဇ်ယွန်းထျ န်းနဲ့ မဟာမိတ်ဖွဲ့ဖို့ သွားပြောခိုင်းလိုက်မယ်"
"ငါ အခု ကျင့်ကြံတော့မယ်။ အရမ်းအရေးကြီးတဲ့ကိစ္စမဟုတ်ရင် ငါ့ကို လာမနှောင့်ယှက် ကြနဲ့" ဟု ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာက အေးစက်စွာပြောလိုက်လေသည်။ သူ၏ဒဏ်ရာများသာ မသက်သာသေးပါက သူသည်ဤမျှအထိအရှက်ကွဲမည် မဟုတ်ပေ။ ယခုတစ်ကြိမ်တွင် သူသည် ကျင့်ကြံခြင်းမှ မထွက်မီ သူ၏ဒဏ်ရာများကို အပြည့်အဝ ပြန်လည်ကုသလိုခြင်း ဖြစ်လေသည်။
ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာ ကျင့်ကြံရန်ထွက်သွားသည်ကိုမြင်သောအခါ၊ မသေနိုင်သော သေမင်းနတ်ဘုရားသည်လည်း ငရဲနတ်ဘုရားဂိတ်ဌာနချုပ်အတွင်းမှထွက်ခွာသွားခဲ့ပြီး ဟွန်ချွမ် မိစ္ဆာဂိုဏ်း အပျက်အစီးများဆီသို့ ဦးတည်သွားခဲ့လေသည်။ သူသည်အလောင်းမြစ်ကို အသုံးပြု၍ ကျင့်ကြံလိုခြင်းဖြစ်လေသည်။
သူသည် မသေနိုင်သောနတ်ဘုရားကျမ်းစာကိုအမြင့်ဆုံးအဆင့်အထိ ကျင့်ကြံပြီးသား ဖြစ်လေသည်။ ထို့အပြင်သူသည်ဟွန်ချွမ်ဘိုးဘေး၏နတ်ဘုရားဂူကို နောက်တစ်ကြိမ်ထပ်မံရှာ ဖွေပြီး ဟွန်ချွမ်နတ်ဘုရားဆေးလုံးကိုရှာတွေ့နိုင်မလားဆိုတာကြည့်ချင်နေသေးခြင်း ဖြစ်လေ သည်။
ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနှင့် မသေနိုင်သောသေမင်းနတ်ဘုရားတို့ထွက်သွားသည်ကို မြင်သောအခါ၊ ရန်ဖျင်းသည်လည်း သူ၏ဒဏ်ရာများကိုကုသရန်အတွက် လျှို့ဝှက်အခန်းတစ်ခု အတွင်းသို့ဝင်ရောက်ခဲ့ပြီး၊ အလွန်တရာအရေးကြီးသောကိစ္စမဟုတ်ပါက သူ့ကို မနှောင့်ယှက်ရန် လူတိုင်းကို အမိန့်ပေးလိုက်လေသည်။ သူသည်လည်း ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနှင့် မသေနိုင်သော သေမင်းနတ်ဘုရားတို့ကဲ့သို့ပင် သူ၏ဒဏ်ရာများကိုအမြန်ဆုံးပြန်လည်ကုသလိုနေခြင်း ဖြစ်လေ သည်။
ထိုအချိန်တွင် ရန်ရှောက်ထျန်းသည် ငရဲနတ်ဘုရားဂိတ်ဌာနချုပ်၏ တောင်တန်းများကို ဖြတ်ကျော်ကာ ဘဏ္ဍာတိုက်ကိုအပူတပြင်းရှာဖွေနေခဲ့လေသည်။ ငရဲနတ်ဘုရားဂိတ်ဌာနချုပ်မှာ အလွန်တရာကျယ်ဝန်းလှပြီး တောင်တန်းများမှာလည်း အဆက်မပြတ်ရှိနေသဖြင့်၊ ၎င်း၏ဘဏ္ဍာ တိုက်ကို ရှာဖွေရသည်မှာ ကြယ်နတ်ဘုရားနန်းတော်၏ ဘဏ္ဍာတိုက်ကို ရှာဖွေရသည်ထက် များစွာ ပိုမိုခက်ခဲလှပေသည်။
ရန်ရှောက်ထျန်းသည် အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း ဘဏ္ဍာတိုက်၏ တည်နေရာကို ရှာမတွေ့ခဲ့ပေ။ နောက်ဆုံးတွင် ရန်ရှောက်ထျန်းသည်ဆေးဖော်စပ်ခန်းတစ်ခုအတွင်း၌ သဲလွန်စ တစ်ခုကို ရှာတွေ့ခဲ့လေသည်။ သူသေချာစွာရှာဖွေပြီးနောက်တွင် ဆေးဖော်စပ်ခန်းအတွင်း၌ လျှို့ဝှက်လမ်းကြောင်း အဝင်ဝတစ်ခုကို ရှာတွေ့ခဲ့လေသည်။
လမ်းကြောင်းအဝင်ဝကို ဖွင့်ပြီးနောက်တွင် ရန်ရှောက်ထျန်းသည် လှေကားထစ်ပေါင်း သောင်းနှင့်ချီ၍ မြေအောက်အနက်ပိုင်းသို့လျှောက်သွားခဲ့ရာ ဘဏ္ဍာတိုက်တံခါးမကြီးရှေ့သို့ ရောက်ရှိလာခဲ့လေသည်။ ရန်ရှောက်ထျန်းသည် သူ ကျွမ်းကျင်စွာပင် ထာဝရနတ်ဘုရားခန္ဓာကိုယ်၏ အချိန်စွမ်းအားကို အသုံးပြုလိုက်လေသည်။ ရန်ရှောက်ထျန်း ဘဏ္ဍာတိုက်တံခါးကို ဖောက်ထွက်ပြီး အတွင်းသို့ဝင်လိုက်သောအခါ၊ သူ၏ရှေ့မှလင်းလက်တောက်ပနေသော ကံကောင်းခြင်းချီစွမ်းအင် များကြောင့် အံ့အားသင့်သွားရလေသည်။
သူ မြင်တွေ့လိုက်ရသည်မှာ ရေ၊ မီး၊ ရွှေ၊ သစ်သားနှင့်မြေကြီးဟူသော ဒြပ်စင်ငါးပါးဖြင့် ဖွဲ့စည်းထားသည့်ဝိညာဉ်ကျောက်တုံးတောင်တန်းကြီးများဖြစ်လေသည်။ ၎င်းတို့မှာအမှန်တကယ် ပင် ဒြပ်စင်ငါးပါးဝိညာဉ်ကျောက်တုံးများဖြစ်နေသည်တဲ့လား၊ ထို့အပြင်၎င်းတို့အားလုံးမှာ အဆင့် မြင့်၊ ထိပ်တန်းအဆင့်နှင့်စိန့်အဆင့်များပင်ဖြစ်နေကြလေသည်၊ ရန်ရှောက်ထျန်းသည်ဒြပ်စင်ငါးပါး စိန့်ဝိညာဉ်ချီများကို ခံစားမိလိုက်လေသည်။
"ဘုရားရေ... ဒါတွေကအမှန်တကယ်ပဲဒြပ်စင်ငါးပါး ဝိညာဉ်ကျောက်တုံးတွေပဲ"
ဆေးနံ့သာအိုးပင်လျှင်အံ့အားသင့်သွားရလေသည်။ ဒြပ်စင်ငါးပါးဝိညာဉ်ကျောက်တုံးများ သည် အလွန်ရှားပါးသောဝိညာဉ်ကျောက်တုံးအမျိုးအစားဖြစ်ပြီး နဂါးကြောဝိညာဉ်ကျောက် တုံးများထက်ပင် ပို၍ရှားပါးလှပေသည်။
ရန်ရှောက်ထျန်းသည်အားနာမနေတော့ဘဲ၊ ဆေးနံ့သာအိုးနှင့်အတူပူးပေါင်းကာ ဒြပ်စင်ငါး ပါးဝိညာဉ်ကျောက်တုံးများကို အကုန်သိမ်းဆည်းလိုက်လေသည်။ ဒြပ်စင်ငါးပါး စိန့်အဆင့်ဝိညာဉ် ကျောက်တုံးမှာ အများကြီးမရှိသော်လည်း အလုံးပေါင်းငါးဆယ်မှခြောက်ဆယ်ခန့်ရှိနေဆဲဖြစ်လေ သည်။
တစ်ဦးနှင့်တစ်အိုး သူတို့သည်ဘဏ္ဍာတိုက်၏အနက်ရှိုင်းဆုံးနေရာအထိ သိမ်းဆည်းသွားခဲ့ ကြလေသည်။
"ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံး"
ဘဏ္ဍာတိုက်၏ အနက်ရှိုင်းဆုံးနေရာတွင်ရန်ရှောက်ထျန်းသည် ကောင်းကင်ကံကြမ္မာ နတ်ဘုရားကျောက်တုံး တစ်ဆယ်ကျော်ကိုရှာတွေ့ခဲ့ပြန်လေသည်။ ၎င်းမှာမမျှော်လင့်ထားသော ပျော်ရွှင်စရာတစ်ခုဖြစ်လေသည်။ တစ်ချိန်တည်းမှာပင်သူသည်ငရဲနတ်ဘုရားဂိတ်၏ ကျင့်စဉ်မှတ် တမ်းများနှင့် ဆေးလုံးများကိုလည်း အများအပြားရှာတွေ့ခဲ့လေသည်။
တစ်ရက်ကြာပြီးနောက်တွင် ငရဲနတ်ဘုရားဂိတ်ဌာနချုပ်၏ဘဏ္ဍာတိုက်မှာ နောက်ဆုံး၌ ပြောင်သလင်းခါသွားခဲ့လေပြီ။ ရန်ရှောက်ထျန်းဘဏ္ဍာတိုက်အတွင်းမှထွက်လာသောအခါ ညနက် ပိုင်းသို့ရောက်နေခဲ့လေပြီ။ လူသတ်ရန်ကောင်းသောလေပြင်းထန်သည့် မှောင်မိုက်သောညပင် ဖြစ်လေသည်။
ရန်ရှောက်ထျန်းသည် ငရဲနတ်ဘုရားသားတော် ရန်ဖျင်းကျင့်ကြံနေသော နတ်ဘုရားဂူကို မနေနိုင်ဘဲ အာရုံစိုက်လိုက်မိလေသည်။ မသေနိုင်သောသေမင်းနတ်ဘုရား၊ ရှေးဟောင်းစိတ်ဝိညာဉ် မိစ္ဆာနှင့်ငရဲနတ်ဘုရားသားတော်ရန်ဖျင်းတို့ထဲတွင် ရန်ဖျင်း၏အစွမ်းမှာအတော်လေး အားနည်း လှပြီးသတ်ရန် အလွယ်ကူဆုံး ဖြစ်လေသည်။
ထို့အပြင် ရန်ဖျင်းသည်ငရဲနတ်ဘုရားဂိတ်တစ်ခုလုံးကို အုပ်ချုပ်နေသူဖြစ်ရာ၊ အကယ်၍ ရန်ဖျင်းသာသေဆုံးသွားပါက ငရဲနတ်ဘုရားဂိတ်တစ်ခုလုံးမှာ သေချာပေါက်ပရမ်းပတာဖြစ်သွား ပေလိမ့်မည်။ ရန်ဖျင်းနှင့် ငရဲနတ်ဘုရားဂိတ်သာ မရှိတော့ပါက မသေနိုင်သောသေမင်းနတ်ဘုရားနှင့် ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာတို့ထံမှ ခြိမ်းခြောက်မှုမှာလည်း အကြီးအကျယ်လျော့နည်းသွားပေလိမ့် မည်။
ချက်ချင်းဆိုသလိုပင် ရန်ရှောက်ထျန်းသည်ရန်ဖျင်း၏နတ်ဘုရားဂူအထက်သို့ ရောက်ရှိ လာခဲ့ပြီး ဆေးနံ့သာအိုးကိုခေါ်ယူလိုက်လေသည်။ ဆေးနံ့သာအိုးမှာချက်ချင်းဆိုသလိုပင် သန်းပေါင်း များစွာအထိကြီးမားသွားခဲ့ပြီး သူ၏ရွှေရောင်မီးလျှံများမှာ မှောင်မိုက်သောညကိုလင်းထိန်သွားစေ ခဲ့ကာ ငရဲနတ်ဘုရားဂိတ်ဌာနချုပ်၏တောင်ထိပ်များမှာ လင်းလက်လာခဲ့လေသည်။ ဆေးနံ့သာအိုး၏ ကြောက်မက်ဖွယ်ကောင်းသောအစွမ်းမှာ ငရဲနတ်ဘုရားဂိတ်၏မိုင်ပေါင်းမရေမတွက်နိုင်သော ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့လေသည်။
ဆေးနံ့သာအိုး၏ အစွမ်းကျဆင်းလာသည်နှင့်တစ်ပြိုင်နက် ရန်ဖျင်းနှင့်ရှေးဟောင်း စိတ်ဝိညာဉ်မိစ္ဆာတို့မှာ ချက်ချင်းသတိထားမိသွားကြပြီး၊ သူတို့နှစ်ဦးမှာအံ့ဩဖွယ်ကောင်းသော အလင်းတန်းနှစ်ခုအဖြစ်ပြောင်းလဲကာ အပြင်းအထန်ထွက်ပြေးရန် ကြိုးစားလိုက်ကြလေသည်။
သို့သော်လည်း သူတို့နတ်ဘုရားဂူအတွင်းမှပြေးထွက်လာသည်နှင့်တစ်ပြိုင်နက် ကမ္ဘာပျက် မတတ် စွမ်းအားဖြင့် ရိုက်ချလာသော ဆေးနံ့သာအိုးကို မြင်တွေ့လိုက်ရလေသည်။
"ဘုန်း..."
ရန်ဖျင်း၊ ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာနှင့် အနီးနားရှိမရေမတွက်နိုင်သော ငရဲနတ်ဘုရား ဂိတ်မှ ပညာရှင်များမှာချက်ချင်းပင်မြေပြင်အတွင်းသို့ရိုက်ချခံလိုက်ရလေသည်။ မရေမတွက်နိုင် သောတောင်ထိပ်များနှင့် နန်းဆောင်များအားလုံးပျောက်ကွယ်သွားခဲ့လေပြီ။
သူ မြေပြင်အတွင်းသို့ ရိုက်ချခံရချိန်တွင် ရှေးဟောင်းစိတ်ဝိညာဉ်မိစ္ဆာမှာကျယ်ပြော လှသောမိစ္ဆာချီစွမ်းအင်များအဖြစ်သို့ပြောင်းလဲလိုက်ပြီး ကောင်းကင်နှင့်မြေကြီးကြားသို့ ပျောက် ကွယ်သွားခဲ့လေသည်။
ရန်ဖျင်းသည်လည်း သူ၏ဒဏ်ရာများကိုဂရုမစိုက်နိုင်တော့ဘဲ ကောင်းကင်ယံသို့ ပျံတက်လိုက်ကာ ဒေါသတကြီး ဟိန်းဟောက်လိုက်လေသည်။
"ရန်ရှောက်ထျန်း... မင်း သေချင်နေတာပဲ၊ သတ်ကြစမ်း၊ ရန်ရှောက်ထျန်းကို ငါ့အတွက် သတ်ပစ်ကြစမ်း"
တစ်ချိန်တည်းမှာပင် သူသည်သူ၏လက်ထဲမှငရဲနတ်ဘုရားဓားကို ဝှေ့ယမ်းလိုက်ပြီး ရန်ရှောက်ထျန်းကို အရူးအမူးတိုက်ခိုက်လေတော့သည်။
ငရဲနတ်ဘုရားဂိတ်မှ တပည့်ပေါင်းသန်းပေါင်းရာနှင့်ချီ၍ ဒီရေအလားတိုးထွက်လာခဲ့ကြပြီး ရန်ရှောက်ထျန်းဆီသို့ ဟိန်းဟောက်လျက်ပြေးဝင်လာကြလေသည်။ ထိုခဏတွင်ဆေးနံ့သာအိုးမှာ နောက်တစ်ကြိမ်ထပ်မံရိုက်ချလိုက်ပြန်ရာ ရန်ဖျင်းနှင့် သူ၏ဓားချီစွမ်းအင်များကိုပါ လွင့်ထွက်သွား စေပြီး ပေါက်ကွဲသွားစေခဲ့လေသည်။
ရန်ရှောက်ထျန်းသည် သူ၏ဆီသို့ပြေးဝင်လာနေကြသော သန်းပေါင်းရာနှင့်ချီသည့် ငရဲနတ် ဘုရားဂိတ်တပည့်များကိုကြည့်ကာ သူ၏သွေးကြောအမှတ်များအတွင်းရှိ စစ်မှန်သောစွမ်းအားများ အားလုံးကို အသက်သွင်းလိုက်လေသည်။ ချက်ချင်းဆိုသလိုပင်မရေမတွက်နိုင်သော ရွှေရောင် အလင်းတိုင်ကြီးများ ကောင်းကင်ယံသို့ထိုးတက်သွားခဲ့လေသည်။
အမြင့်မြတ်ဆုံးဘုရင် သိုင်းဝိညာဉ်များဖြစ်ကြသောနဂါးနက်နှင့် လိပ်နက်တို့မှာ တစ်ပြိုင်နက် တည်းထွက်ပေါ်လာခဲ့ကြပြီး၊ အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်ဝိညာဉ်ကွင်းနှင့် ပင်လယ်နက် မိစ္ဆာငါးကြီး ဝိညာဉ်ကွင်းတို့၏ဖိအားမှာ ကောင်းကင်နှင့် မြေကြီးကိုလွှမ်းခြုံသွားခဲ့လေသည်။
သန်းချီသက်တမ်း ဝိညာဉ်ကွင်းနှစ်ကွင်း၏အစွမ်းမှာ ဧရာမလှိုင်းလုံးကြီးတစ်ခုအလား ကောင်းကင်နှင့်မြေကြီးကိုဖြတ်ကျော်သွားခဲ့လေသည်။ အပြင်းအထန်ပြေးဝင်လာနေကြသော သန်းပေါင်းရာနှင့်ချီသည့် ငရဲနတ်ဘုရားဂိတ်တပည့်များမှာ အကြီးအကျယ်ထိတ်လန့်သွားကြပြီး သူတို့၏မျက်နှာများမှာ ဖြူဖျော့သွားကာခြေထောက်များမှာ တုန်ယင်နေကြတော့သည်။
"အနက်ရှိုင်းဆုံး ပင်လယ်အရှင်သခင်၊ ပင်လယ်နက်မိစ္ဆာငါးကြီး"
"သန်းချီသက်တမ်း ဝိညာဉ်ကွင်း နှစ်ကွင်းတောင်လား"
ထို့နောက်တွင် ရန်ရှောက်ထျန်းသည် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ ခြောက်ခုစလုံးကို ခေါ်ယူလိုက်လေသည်။ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာခြောက်ခုမှာတစ်ခုချင်းစီ၌ မိုင်ပေါင်း တစ်သောင်းနှစ်ထောင်ကိုးရာခြောက်ဆယ်ရှည်လျားကြပြီး ရွှေရောင်အလင်းတန်းများကို အလွှာ လိုက် ထုတ်လွှတ်နေကြလေသည်။
သူတို့၏ ဟွန်ယွမ်စွမ်းအားမှာအဆုံးမရှိလှဘဲ၊ တုန်ခါမှုတစ်ခုတည်းဖြင့်ပင် ကြောက်မက် ဖွယ်ကောင်းသောစွမ်းအားများသည် မရေမတွက်နိုင်သောငရဲနတ်ဘုရားဂိတ်တပည့်များကို လွင့် ထွက်သွားစေခဲ့လေသည်။
***