ဟွန်ယွမ်ကောင်းကင်ကံကြမ္မာခြောက်ခု၏တုန်ခါမှုမျှဖြင့်ပင် ရန်ရှောက်ထျန်း၏မိုင်တစ်ရာ အတွင်းရှိငရဲနတ်ဘုရားဂိတ်တပည့်အားလုံးလွင့်ထွက်သွားခဲ့ကြရလေသည်။ စိန့်အဆင့် ပထမ၊ ဒုတိယနှင့် တတိယအလွှာရှိ အကြီးအကဲများပင်လျှင် လွင့်ထွက်သွားခဲ့ကြရလေသည်။
မဟုတ်သေးပါ၊ စိန့်အဆင့်စတုတ္ထနှင့်ပဉ္စမအလွှာရှိ မဟာအကြီးအကဲများပင်လျှင် လွင့်ထွက် သွားခဲ့ကြရခြင်းဖြစ်လေသည်။ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာခြောက်ခု၏ ပြိုင်ဘက်ကင်း လှသော အစွမ်းကိုမြင်သောအခါ ငရဲနတ်ဘုရားဂိတ်တပည့်အားလုံး အသက်ရှူမှားသွားကြလေသည်။
ဤသည်မှာ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာခြောက်ခု၏ အစွမ်းသာရှိသေးသည်၊ အကယ်၍ ရန်ရှောက်ထျန်းက ဟွန်ယွမ်ကောင်းကင်ကံကြမ္မာခုနစ်ခုသို့မဟုတ် ရှစ်ခုအထိကျင့်ကြံနိုင်မည် ဆို ပါက သူသည်မည်မျှအထိ အစွမ်းထက်လာမည်နည်း။
ဆေးနံ့သာအိုးကြောင့် လွင့်ထွက်သွားခဲ့သောရန်ဖျင်းသည်လည်း သူ၏နှလုံးသားထဲမှ ထိတ် လန့်မှုကိုဖုံးကွယ်ရန်ခက်ခဲနေခဲ့လေသည်။ ဧကရာဇ်အဆင့်တစ်ခုကနတ်ဘုရားအဆင့် ဒသမအလွှာ ဖြစ်သော သူ့ကိုပင်ကြောက်လန့်အောင်လုပ်နိုင်နေသည်တဲ့လား။
"သတ်စမ်း... သူ့ကိုငါ့အတွက်သတ်ပစ်ကြစမ်း"
ရန်ဖျင်းက ပိုမို၍ပင်ဟိန်းဟောက်လိုက်လေသည်၊ သူ၏မျက်လုံးများတွင် အရူးအမူး သတ်ဖြတ်လိုစိတ်များပြည့်နှက်နေပြီး သူ၏ပုံရိပ်မှာလျှပ်တစ်ပြက်လှုပ်ရှားလိုက်ကာ သူ၏လက် ထဲမှငရဲနတ်ဘုရားဓားဖြင့် ရန်ရှောက်ထျန်းကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်လိုက်လေသည်။
"ငရဲနတ်ဘုရားဂိတ်တပည့်အားလုံး ငါ့အမိန့်ကိုနားထောင်ကြ၊ ဘာပဲဖြစ်ဖြစ် ရန်ရှောက်ထျန်း ကို သတ်ကြစမ်း"
"ရန်ရှောက်ထျန်းကိုသတ်နိုင်တဲ့သူကို ကျုပ်ဝိညာဉ်ကျောက်တုံးဘီလီယံတစ်ထောင်ဆုချ မယ်"
ဘီလီယံတစ်ထောင် ရန်ဖျင်း၏စကားကိုကြားလိုက်ရသောအခါ ငရဲနတ်ဘုရားဂိတ်မှ တပည့် များနှင့်ပညာရှင်အားလုံးမှာရူးသွပ်သွားကြပြီး သူတို့၏မျက်လုံးများမှာ သွေးဆာသလိုနီမြန်းလာကြ လေသည်။
ရန်ရှောက်ထျန်းက ၎င်းကိုကြားလိုက်ရသောအခါ အားပါးတရရယ်မောလိုက်လေသည်။
"ရန်ဖျင်း... မင်းရဲ့ငရဲနတ်ဘုရားဂိတ်ဌာနချုပ်ဘဏ္ဍာတိုက်ကတော့ ငါ့လက်ထဲမှာပြောင်သ လင်းခါသွားပြီ။ မင်းရဲ့ ငရဲနတ်ဘုရားဂိတ်တပည့်တွေကို ဆုချဖို့ဘီလီယံတစ်ထောင်ကို ဘယ်ကနေ သွားရှာမှာလဲ"
ရန်ဖျင်း မှင်သက်သွားတော့သည်။ ငရဲနတ်ဘုရားဂိတ်ဌာနချုပ်ဘဏ္ဍာတိုက်က ပြောင်သ လင်းခါသွားပြီဟုတ်လား။ သူ ၎င်းကို ယုံကြည်ရန် ခက်ခဲနေခဲ့လေသည်။
"မင်းတို့ရဲ့ ငရဲနတ်ဘုရားဂိတ်ဘဏ္ဍာတိုက်မှာဒြပ်စင်ငါးပါးဝိညာဉ်ကျောက်တုံးတွေ ဒီလောက် အများကြီးရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး"
ရန်ရှောက်ထျန်းက ပြုံးလျက် ပြောလိုက်သည်။
"ကျေးဇူးပါပဲ၊ ဒြပ်စင်ငါးပါးဝိညာဉ်ကျောက်တုံးအများကြီးကိုငါမြင်ဖူးတာ ဒါ ပထမဆုံးအ ကြိမ်ပဲ"
"အော်... ပြီးတော့ ငါ အခုတလောအလိုအပ်ဆုံးဖြစ်နေတဲ့ ကောင်းကင်ကံကြမ္မာ နတ်ဘုရား ကျောက်တုံးတွေလည်း မင်းတို့ဘဏ္ဍာတိုက်ထဲမှာဆယ်လုံးကျော်ရှိနေသေးတာပဲ။ တကယ်ကို ကျေးဇူးတင်ပါတယ်"
၎င်းကို ကြားလိုက်ရသောအခါ ရန်ဖျင်း၏သွေးများမှာဆူပွက်လာခဲ့ပြီး သူ၏ပါးစပ်ကို ဖွင့်ကာ သွေးတစ်ငုံအန်ထုတ်လိုက်ရလေသည်။ သူသည်အရူးအမူး ဟိန်းဟောက်လိုက်လေသည်။
"ရန်ရှောက်ထျန်း... မင်းကို ငါ သတ်ပစ်မယ်၊ သတ်စမ်း၊ သတ်စမ်း၊ သတ်စမ်း၊ သတ်စမ်း၊ ရန်ရှောက်ထျန်းကို ငါ့အတွက် သတ်ပစ်ကြစမ်း"
"ရန်ရှောက်ထျန်းကို သတ်နိုင်တဲ့သူက သူ့ဆီက ရတနာအားလုံးကို ရစေရမယ်"
ရန်ဖျင်းသည် ရန်ရှောက်ထျန်းကိုဓားဖြင့်ထိုးတော့မည့်ဆဲဆဲမှာပင်၊ ရုတ်တရက် ဟိန်း ဟောက်သံကြီးတစ်ခုက ကောင်းကင်နှင့်မြေကြီးကိုတုန်ခါသွားစေပြီး၊ အလွန်အမင်း အစွမ်းထက် လှသောစွမ်းအားတစ်ခုက ရန်ဖျင်းကိုလွင့်ထွက်သွားစေခဲ့လေသည်။ တိုက်ခိုက်လိုက်သူမှာ မိုးပြာ ရောင်ဝက်ဝံ ဖြစ်လေသည်။
ထိုအခိုက်တွင် မိုးပြာရောင်ဝက်ဝံမှာ ပေပေါင်းသောင်းနှင့်ချီမြင့်မားသော သူ၏ မူလပုံ သဏ္ဌာန်အဖြစ်သို့ပြောင်းလဲထားခဲ့ပြီး၊ သူ၏ဧရာမလက်သည်းကြီးမှာ ရှေးဟောင်းနတ်ဘုရား တောင်ကြီးတစ်လုံးအလားရိုက်ချလိုက်လေသည်။
ချက်ချင်းဆိုသလိုပင်ငရဲနတ်ဘုရားဂိတ် ဌာနချုပ်တစ်ခုလုံး တုန်ခါသွားခဲ့ပြီး မရေမတွက် နိုင်သော ငရဲနတ်ဘုရားဂိတ် တပည့်များမှာ သွေးအိုင်များအဖြစ် ကြိတ်ခြေခြင်း ခံလိုက်ရလေသည်။
"ဘုန်း..."
ဆေးနံ့သာအိုး၏ တိုက်ခိုက်မှုမှာလည်း နောက်တစ်ကြိမ်ကျဆင်းလာခဲ့ပြန်လေသည်။ ရန်ဖျင်းကို မြေပြင်အတွင်းသို့ ရိုက်ချလိုက်ပြန်လေသည်။ ဆေးနံ့သာအိုးနှင့် မိုးပြာရောင်ဝက်ဝံတို့၏ နှစ်ချက်ဆက်တိုက် တိုက်ခိုက်မှုကြောင့် ရန်ဖျင်းခုနကမှဝတ်ဆင်ထားခဲ့သော နတ်ဘုရားဝတ်စုံမှာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့လေပြီ။
"သတ်စမ်း"
"ရန်ရှောက်ထျန်းကို သတ်ကြစမ်း"
ငရဲနတ်ဘုရားဂိတ်မှ အစွမ်းထက်သောနတ်ဘုရားဘိုးဘေးတစ်ဦးက ဟိန်းဟောက်လိုက်ပြီး၊ သူက စကားပြောနေရင်း ရုတ်တရက်ရန်ရှောက်ထျန်းဆီသို့ လက်သီးဖြင့်ထိုးနှက်လိုက်လေသည်။ ဤနတ်ဘုရားဘိုးဘေးမှာ ဟိုတုန်းကငရဲနတ်ဘုရား၏လက်အောက်မှ အစွမ်းထက်ဆုံးသော စစ်နတ်ဘုရားများထဲမှ တစ်ဦးဖြစ်လေသည်။
သူ ရန်ရှောက်ထျန်းကိုထိတော့မည့်ဆဲဆဲမှာပင်၊ ရုတ်တရက်နှိုင်းယှဉ်၍မရအောင် ထက်မြက် လှသောဓားဦးချီစွမ်းအင်တစ်ခုက လေကိုခွင်းထွက်လာခဲ့ပြီး ထိုလက်သီးချက်ကိုရိုက်ခွဲပစ်လိုက် လေသည်။ လူတိုင်းလှည့်ကြည့်လိုက်ကြရာ နဂါးဝတ်စုံကိုဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ် ပညာရှင်တစ်ဦး ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ လာနေသည်ကိုမြင်တွေ့လိုက်ရလေသည်။
ရောက်ရှိလာသူမှာ အခြားသူမဟုတ်ဘဲဖူထုအင်ပါယာ၏အစွမ်းထက်ဆုံးသော ရှေးဟောင်း ဘိုးဘေးဖြစ်လေသည်။
"ကျွန်တော်တို့ အရှင်မင်းကြီးကိုကူညီဖို့ ရောက်လာပါပြီ"
ဖူထုအင်ပါယာ ရှေးဟောင်းဘိုးဘေးသည် ရန်ရှောက်ထျန်း၏ရှေ့သို့ရောက်လာခဲ့ပြီး စိတ်လှုပ်ရှားစွာ ဂါရဝပြုလိုက်လေသည်။
"အရှင်မင်းကြီးက ပြိုင်ဘက်ကင်းပါတယ်"
ရန်ရှောက်ထျန်း၏ သန်းချီသက်တမ်းဝိညာဉ်ကွင်းနှစ်ကွင်းကို မြင်လိုက်ရသောအခါ သူလည်း အံ့အားသင့်သွားရလေသည်။
"ကျွန်တော်တို့ အရှင်မင်းကြီးကို ကူညီဖို့ရောက်လာပါပြီ"
ထိုခဏတွင် စိတ်လှုပ်ရှားဖွယ်အော်ဟစ်သံများထွက်ပေါ်လာခဲ့ပြီး အဝေးတစ်နေရာမှ ဖူထုအင်ပါယာပညာရှင်အုပ်စုများမှာ လေထဲတွင်ပျံသန်းလာကြလေသည်။ ယင်လေဂိုဏ်းချုပ်နှင့် ရှေးဟောင်းဘိုးဘေးများစွာပင်လျှင် အပြင်းအထန်ပြေးလာခဲ့ကြလေသည်။
"ကောင်းပြီ... သတ်ကြစမ်း"
"ဒီနေ့ ရန်ဖျင်းကို သတ်ပစ်ကြမယ်"
"ငရဲနတ်ဘုရားဂိတ်ကို အမြစ်ပြတ်သုတ်သင်ကြစမ်း"
ရန်ရှောက်ထျန်း၏ အေးစက်သောအသံမှာငရဲနတ်ဘုရားဂိတ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့လေ သည်။
ဖူထုအင်ပါယာ ရှေးဟောင်းဘိုးဘေးနှင့်တခြားသူများအားလုံးမှာ ဘီလီယံနှင့်ချီသော ငရဲနတ်ဘုရားဂိတ်တပည့်များဆီသို့ တိုးဝင်သွားကြလေသည်။ သတ်ဖြတ်သံများမှာ ကောင်းကင်ကို တုန်ခါသွားစေတော့သည်။
သွေးများမှာ မိုးရေအလားရွာကျနေခဲ့လေသည်။ မှိန်ဖျော့သော လရောင်အောက်တွင် သွေးများသည် ငရဲနတ်ဘုရားဂိတ်၏မြေပြင်တစ်ခုပြီးတစ်ခုကို နီရဲသွားစေခဲ့လေသည်။ တောင်တန်း တစ်ခုပြီးတစ်ခုမှာလည်း အစိတ်စိတ်အမြွှာမြွှာပြိုကွဲပျက်စီးသွားခဲ့လေသည်။
ရန်ရှောက်ထျန်း၏ လက်ထဲတွင် ချန်ဆန်းဓားပေါ်ထွက်လာခဲ့လေသည်။ သူ၏ ဘယ်ဘက် လက်တွင် ချန်ဆန်းဓား၊ ညာဘက်လက်တွင်နတ်ဘုရားအရိပ်ခြေဓား။ တစ်ချိန်တည်းမှာပင် ထာဝရညဓား၊ ရှေးဟောင်းမိုးကြိုးနတ်ဘုရားဓား၊ ဗုဒ္ဓပေါင်းတစ်ထောင်နတ်ဘုရားဓား၊ သံသရာနတ် ဘုရားဓားနှင့် အရာခပ်သိမ်းနတ်ဘုရားဓားတို့မှာ သူ၏ခန္ဓာကိုယ်ပတ်လည်တွင်ပျံဝဲနေခဲ့ကြပြီး ဓားချီစွမ်းအင်အလွှာများစွာအဖြစ်ပြောင်းလဲကာ ပြေးဝင်လာနေကြသောငရဲနတ်ဘုရားဂိတ် တပည့် များကို တစ်သုတ်ပြီးတစ်သုတ် သုတ်သင်နေခဲ့လေသည်။
သူ၏အတွင်းပိုင်းမှ နတ်ဘုရားအဆင့်ရွှေအမြုဆေးလုံးများမှာလည်း ထွက်ပေါ်လာခဲ့ကြ လေ သည်။
ကောင်းကင်နှင့် မြေကြီးမှာတုန်ခါနေတော့သည်။ ရန်ရှောက်ထျန်း၏ ဘယ်ဘက်လက်တွင် ချန်ဆန်းဓား၊ ညာဘက်လက်တွင်နတ်ဘုရားအရိပ်ခြေဓားနှင့် သူ၏ပတ်လည်တွင် ထာဝရညဓား၊ ရှေးဟောင်းမိုးကြိုးနတ်ဘုရားဓား၊ ဗုဒ္ဓပေါင်းတစ်ထောင်နတ်ဘုရားဓား၊ သံသရာနတ်ဘုရားဓားနှင့် အရာခပ်သိမ်း နတ်ဘုရားဓားတို့ ရှိနေသည်ကို မြင်သောအခါ လူတိုင်းထိတ်လန့်သွားကြရလေသည်။
"ဒါ... ဒါက လူသားတစ်ယောက် ဟုတ်ရဲ့လား"
ငရဲနတ်ဘုရားဂိတ်မှ ရှေးဟောင်းဘိုးဘေးတစ်ဦးက ထိတ်လန့်တကြားအော်ဟစ်လိုက်မိ လေသည်။ နတ်ဘုရားဓားတစ်စင်းကိုနှိမ်နင်းရန်ပင်ခက်ခဲလှသော်လည်း၊ ရန်ရှောက်ထျန်းသည် နတ်ဘုရားဓား ခုနစ်စင်းကိုနှိမ်နင်းထားသည်တဲ့လား၊ အမှန်တကယ်တော့ သူတို့မသိသည်မှာ ရန်ရှောက်ထျန်းသည် သူ၏အစွမ်းထက်ဆုံးဖြစ်သော ထုန်းထျန်းနတ်ဘုရားဓားကို မခေါ်ယူရ သေးခြင်း ဖြစ်လေသည်။ အကယ်၍သာ ရန်ရှောက်ထျန်းတွင် နတ်ဘုရားဓားရှစ်စင်း ရှိနေသည်ကို သူတို့ သိသွားမည်ဆိုပါက သူတို့ ဘယ်လိုတွေးမိကြမလဲဆိုတာ မသိနိုင်တော့ပေ။
ဆေးနံ့သာအိုးနှင့် မိုးပြာရောင်ဝက်ဝံတို့ကြောင့် အထပ်ထပ်ရိုက်ချခံနေရသော ရန်ဖျင်းသည် ရန်ရှောက်ထျန်း၏ ပတ်လည်တွင်ပျံဝဲနေသောနတ်ဘုရားဓားများကိုကြည့်ကာ သူ၏မျက်နှာမှာ ထိတ်လန့်မှုကြောင့် ပြန်လည်ဖြူဖျော့သွားခဲ့ပြန်လေသည်။
ထိုအခိုက်အတန့်တွင် သူသည်မျှော်လင့်ချက်ကင်းမဲ့ခြင်းကို ခံစားလိုက်ရလေသည်။
ရန်ရှောက်ထျန်းသည် ချန်ဆန်းတိုက်ကြီးပေါ်တွင် ရှိနေသရွေ့ သူတို့၏ ငရဲနတ်ဘုရားဂိတ်မှာ ပြန်လည်ထမြောက်ရန် မည်သည့်အခါမျှမဖြစ်နိုင်တော့ပေ။ ကောင်းကင်ကြီးရေ... ဘယ်လိုမျိုး ကြောက်စရာကောင်းတဲ့ ပါရမီရှင်ကြီးကိုဖန်ဆင်းလိုက်တာလဲ၊ နတ်ဘုရားအဆင့်ရွှေအမြုတေ ဆေးလုံးနှစ်လုံး၊ သန်းချီသက်တမ်းဝိညာဉ်ကွင်းနှစ်ကွင်း၊ အမြင့်မြတ်ဆုံးဘုရင်သိုင်းဝိညာဉ်နှစ်ခု၊ ထာဝရနတ်ဘုရားခန္ဓာကိုယ်၊ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာခြောက်ခု၊ ပြီးတော့ အခုနတ်ဘုရားဓား ခုနစ်စင်းတဲ့လား။
အို... ဘုရားသခင်၊ သူက ဒီထက်ပိုပြီး ပါရမီရှင် ဖြစ်လာဦးမှာလား။
"သတ်စမ်း ရန်ရှောက်ထျန်းကိုသတ်ပြီး သူ့ဆီကနတ်ဘုရားဓားတွေအကုန်လုံးကို လုယူကြ စမ်း"
ငရဲနတ်ဘုရားဂိတ်မှ နောက်ထပ်နတ်ဘုရားဘိုးဘေးတစ်ဦးကဟိန်းဟောက်လိုက်ပြီး၊ သူ၏ လက်ကိုဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သောငရဲနတ်ဘုရားဂိတ်တပည့်များမှာ ဓားများကိုကိုင် ဆောင်ကာ ရန်ရှောက်ထျန်းဆီသို့ ပြေးဝင်လာကြလေသည်။
၎င်းကို မြင်သောအခါရန်ရှောက်ထျန်းက အေးစက်စွာနှာခေါင်းရှုံ့လိုက်လေသည်။
ချက်ချင်းဆိုသလိုပင် ရန်ရှောက်ထျန်း၏ခန္ဓာကိုယ်အတွင်းမှ ကိုးရောင်ခြယ်ဓားနှလုံးသားမှာ အဆက်မပြတ်လင်းလက်လာသည်ကို လူတိုင်းမြင်တွေ့လိုက်ရလေသည်။ မကြာမီမှာပင် ဓားနှလုံး သားတစ်ဆယ့်သုံးခုမှာ တောက်ပစွာထွန်းလင်းလာခဲ့လေသည်။
ထို့နောက်တွင် ၎င်းမှာ တစ်ဆယ့်လေးခုမြောက်ဓားနှလုံးသားဖြစ်လေသည်။ တစ်ဆယ့်လေး ခုမြောက်ဓားနှလုံးသား လင်းလက်လာသောအခါကောင်းကင်နှင့်မြေကြီးမှာ လင်းထိန်သွားခဲ့လေ သည်။ ထိုအခိုက်အတန့်တွင်ကမ္ဘာ့အနှံ့အပြားမှာ ရန်ရှောက်ထျန်း၏တစ်ဆယ့်လေးခုမြောက် ဓားနှလုံးသားကြောင့် လင်းလက်သွားသလိုပင်ခံစားရလေသည်။
"ဓားနှလုံးသား တစ်ဆယ့်လေးခု၊ ဒါက ဓားနှလုံးသား တစ်ဆယ့်လေးခုပဲ"
"အို... ဘုရားသခင်၊ ကျုပ် တကယ်ပဲ ဓားနှလုံးသား တစ်ဆယ့်လေးခုကို မြင်လိုက်ရတာလား၊ ဓားနှလုံးသား တစ်ဆယ့်လေးခုထွက်ပေါ်လာပြီ"
ရန်ရှောက်ထျန်း၏ ဓားနှလုံးသားတစ်ဆယ့်လေးခုကိုမြင်လိုက်ရသောအခါ ရှိနေကြသော ပညာရှင်အားလုံးမှာ စိတ်လှုပ်ရှားသွားကြပြီး သူတို့၏သွေးများမှာဆူပွက်လာကာ အချို့မှာ စိတ်လှုပ် ရှားလွန်း၍ မျက်ရည်ပင်ကျလာခဲ့ကြလေသည်။ ဓားပညာရှင်အားလုံးအတွက် ဓားနှလုံးသား တစ်ဆယ့်လေးခု ထွက်ပေါ်လာသည်ကိုမြင်တွေ့ရခြင်းမှာ ဘယ်လောက်အထိဂုဏ်ယူစရာကောင်း သလဲ၊ ဘယ်လောက်အထိ ထိတ်လန့်စရာကောင်းတဲ့ကိစ္စလဲဆိုတာပြောနေရန်ပင်မလိုတော့ပေ။
သို့သော်လည်း ချန်ဆန်းအရှင်သခင်လက်ထက်ကတည်းက ချန်ဆန်းတိုက်ကြီးပေါ်တွင် ဓားနှလုံးသားတစ်ဆယ့်လေးခုမရှိခဲ့ဖူးပေ၊ တစ်ဆယ့်လေးခုကိုမဆိုထားနှင့်၊ တစ်ဆယ့်တစ်ခုတောင် မရှိခဲ့ဖူးပေ။ ယခုအခါ သူတို့သည်ဓားနှလုံးသားတစ်ဆယ့်လေးခုထွက်ပေါ်လာသည်ကို နောက်ဆုံး၌ မြင်တွေ့လိုက်ရပြီဖြစ်လေသည်။ ရှိနေကြသောငရဲနတ်ဘုရားဂိတ်မှ ပညာရှင်များစွာပင်လျှင် စိတ်လှုပ်ရှားနေကြလေသည်။ သူတို့၏ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ကြတော့ပေ။
"ဓားနှလုံးသား တစ်ဆယ့်လေးခု၊ ဓားနှလုံးသားတစ်ဆယ့်လေးခု"
ငရဲနတ်ဘုရားဂိတ်မှ ရှေးဟောင်းဘိုးဘေးများစွာမှာ သူတို့ဘာသာ ရေရွတ်နေကြလေသည်။ ထိုအခိုက်အတန့်တွင် သူတို့သည်ရန်ရှောက်ထျန်း၏ရှေ့၌မှောက်လျက် ဒူးထောက်ချင်စိတ်ပင် ပေါက်သွားကြလေသည်။ မိုးပြာရောင်ဝက်ဝံနှင့်ဖူထုအင်ပါယာရှေးဟောင်းဘိုးဘေးတို့မှာလည်း ရန်ရှောက်ထျန်း၏ ဓားနှလုံးသားတစ်ဆယ့်လေးခုကိုမြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားနေကြ လေသည်။
"ကောင်းတယ်၊ ကောင်းတယ်... အရှင်မင်းကြီးကဓားနှလုံးသားတစ်ဆယ့်လေးခုအထိ တောင် အောင်မြင်စွာကျင့်ကြံနိုင်လိမ့်မယ်လို့ ကျုပ်မထင်ထားခဲ့ဘူး"
မိုးပြာရောင်ဝက်ဝံက အားပါးတရရယ်မောလိုက်လေသည်၊ ၎င်းမှာပျော်ရွှင်လှသော ရယ်သံ ကြီး ဖြစ်လေသည်။
"နတ်ဘုရား ဧကရာဇ်ရန်က ပြိုင်ဘက်ကင်းတယ်"
အပြင်းအထန် ပြေးလာခဲ့ကြသောဖူထုအင်ပါယာပညာရှင်များအားလုံးလည်း ဤမြင် ကွင်းကိုမြင်သောအခါ စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြလေသည်။ သူတို့၏စိတ်ထဲမှစိတ်လှုပ်ရှား မှုများကို ဤသို့အော်ဟစ်ခြင်းဖြင့်သာဖော်ပြနိုင်တော့မည့်အလားရှိနေတော့သည်။
ဓားနှလုံးသား တစ်ဆယ့်လေးခုကြောင့် လူတိုင်းထိတ်လန့်တုန်လှုပ်နေကြစဉ်မှာပင်၊ ရုတ်တရက်ရန်ရှောက်ထျန်း၏ခန္ဓာကိုယ်အတွင်းမှ ကိုးရောင်ခြယ်ဓားချီစွမ်းအင်များမှာထပ်မံ၍ လင်းလက်လာပြန်လေသည်။
တစ်ဆယ့်ငါးခုမြောက် ဓားနှလုံးသား။
***