တစ်ဆယ့်ငါးခုမြောက် ဓားနှလုံးသားထွက်ပေါ်လာသောအခါ ကမ္ဘာကြီးမှာတိတ်ဆိတ် သွားခဲ့လေသည်။ လူတိုင်းမှင်သက်သွားကြပြီး ဇဝေဇဝါဖြစ်ကုန်ကြကာ မယုံနိုင်စရာဖြစ်ရပ်ကြောင့် မှင်တက်နေကြလေသည်။
"တစ်ဆယ့်ငါး... ဓားနှလုံးသားတစ်ဆယ့်ငါးခုတောင်လား"
ငရဲနတ်ဘုရားဂိတ်မှ နတ်ဘုရားဘိုးဘေးတစ်ဦးကစကားပင်ထစ်နေတော့သည်။ ငရဲနတ် ဘုရားဂိတ်မှပညာရှင်များမှာထိတ်လန့်သွားကြပြီး သူတို့မြင်တွေ့နေရသည်ကိုမယုံကြည်နိုင် ဖြစ်နေ ကြလေသည်။ ဤကမ္ဘာပေါ်မှာ အမှန်တကယ်ပဲဓားနှလုံးသားတစ်ဆယ့်ငါးခုရှိနေသေးတာလား။ ကမ္ဘာ့အမြင့်ဆုံး ကန့်သတ်ချက်ကဓားနှလုံးသားတစ်ဆယ့်လေးခု မဟုတ်ဘူးလား။
ဆေးနံ့သာအိုးကြောင့် လွင့်ထွက်သွားခဲ့သော ရန်ဖျင်းပင်လျှင်ဆွံ့အသွားတော့သည်၊ သူသည် ဆေးနံ့သာအိုး၏ရိုက်ချက်ကြောင့် ဦးနှောက်ထိခိုက်သွားပြီး ပုံရိပ်ယောင်များ မြင်နေရတာလား ဟုပင် သံသယဝင်လာခဲ့လေသည်။ မိုးပြာရောင်ဝက်ဝံနှင့် ဖူထုအင်ပါယာရှေးဟောင်းဘိုးဘေး တို့ပင်လျှင် ကြောင်အသွားကြလေသည်။ သူတို့သည်သမိုင်းတစ်လျှောက် တစ်ခါမျှမရှိခဲ့ဖူးသော ဓားနှလုံးသား တစ်ဆယ့်ငါးခုကို အမှန်တကယ်မြင်တွေ့လိုက်ရခြင်း ဖြစ်လေသည်။
လူတိုင်း ထိတ်လန့်တုန်လှုပ်နေကြစဉ်မှာပင်၊ ရန်ရှောက်ထျန်းသည် တစ်ဆယ့်ငါးခုမြောက် ဓားနှလုံးသား၏စွမ်းအားကိုအသက်သွင်းလိုက်ရာ ချက်ချင်းဆိုသလိုပင်ဓားနှလုံးသား တစ်ဆယ့် ငါးခုမှ အလင်းတန်းများပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့်မြေကြီးကိုလင်းထိန်သွားစေခဲ့လေ သည်။
ထိုအခိုက်အတန့်တွင် ငရဲနတ်ဘုရားဂိတ်မှပညာရှင်အားလုံး၏ဓားများမှာ ရုတ်တရက် လွင့်ပျံတက်သွားခဲ့ကြပြီး ရန်ရှောက်ထျန်းဆီသို့မထိန်းချုပ်နိုင်ဘဲ ပျံသန်းသွားခဲ့ကြလေသည်။ ဘီလီယံနှင့်ချီသောဓားများသည် ရန်ရှောက်ထျန်း၏ပတ်လည်တွင် စုစည်းသွားခဲ့ကြပြီး ပျံသန်း နေသော ဓားမြစ်ကြီးတစ်စင်းအလား ဖြစ်ပေါ်လာခဲ့လေသည်။
"သတ်စမ်း"
ရန်ရှောက်ထျန်း၏မျက်လုံးများမှာထက်မြက်သွားခဲ့လေသည်။
ဘီလီယံနှင့်ချီသော ပျံသန်းနေသောဓားများမှာ ပြန်လည်ထွက်ခွာသွားခဲ့ကြပြီး မရေမတွက် နိုင်သော ငရဲနတ်ဘုရားဂိတ်တပည့်များကို ချက်ချင်းဖောက်ထွက်သွားခဲ့ရာ သူတို့မှာနာကျင်စွာ အော်ဟစ်လိုက်ကြလေသည်။
လူတိုင်း သတိပြန်ဝင်လာကြပြီး သတ်ဖြတ်သံများမှာကောင်းကင်ကို တုန်ခါသွားစေတော့ သည်။ ရန်ရှောက်ထျန်းသည်ချန်ဆန်းဓားနှင့်နတ်ဘုရားအရိပ်ခြေဓားတို့ကို ကိုင်ဆောင်ကာ နှစ်စင်းလုံးကိုတစ်ပြိုင်နက်တည်း အသုံးပြုလိုက်လေသည်၊ လက်တစ်ဖက်တွင် ချန်ဆန်းဓားပညာနှင့် နောက်လက်တစ်ဖက်တွင် နတ်ဘုရားအရိပ်ခြေဓားပညာတို့ဖြင့် မရေမတွက်နိုင်သော ဓားချီစွမ်း အင်များကိုထုတ်လွှတ်လိုက်ရာ၊ ရန်ရှောက်ထျန်း၏ပထမဆုံးလှုပ်ရှားမှုမှာပင် သွေးမိုးများရွာကျ စေခဲ့လေသည်။
ငရဲနတ်ဘုရားဂိတ်တပည့်များမှာ ဓားချီစွမ်းအင်ကြောင့် ဖောက်ထွက်ခံလိုက်ရခြင်း သို့မဟုတ် ဓားချီစွမ်းအင်ကြောင့်တိုက်ရိုက်ပေါက်ကွဲကာ လွင့်ထွက်သွားခြင်းများကိုခံလိုက်ရလေ သည်။
တစ်ချိန်တည်းမှာပင် ရန်ရှောက်ထျန်း၏ ပတ်လည်တွင် ပျံဝဲနေသောရှေးဟောင်းမိုးကြိုးနတ် ဘုရားဓား၊ ထာဝရညဓား၊ ဗုဒ္ဓပေါင်းတစ်ထောင်နတ်ဘုရားဓား၊ သံသရာနတ်ဘုရားဓားနှင့် အရာခပ်သိမ်းနတ်ဘုရားဓားတို့သည်လည်း ရန်ရှောက်ထျန်း၏ တစ်ဆယ့်ငါးခုမြောက် ဓားနှလုံးသား ၏အသက်သွင်းမှုအောက်တွင် ပြင်းထန်လှသောဓားချီစွမ်းအင်များကို ထုတ်လွှတ်လိုက် ကြလေ သည်။
ရန်ရှောက်ထျန်းသည် ငရဲနတ်ဘုရားဂိတ်တပည့်များ၏ လူလှိုင်းကြီးအတွင်းသို့ တိုးဝင်သွား ခဲ့လေသည်၊ သူဖြတ်ကျော်သွားသည့်နေရာတိုင်းတွင် မည်သည့်ငရဲနတ်ဘုရားဂိတ် တပည့်မျှ ရန်ရှောက်ထျန်း၏ ဓားချီစွမ်းအင်ကို မတားဆီးနိုင်ခဲ့ကြပေ။
ရံဖန်ရံခါတွင် ရန်ရှောက်ထျန်းသည် သန်းချီသက်တမ်းဝိညာဉ်ကွင်းနှစ်ကွင်း၏ အစွမ်းကို အသက်သွင်းလိုက်ပြီး ပတ်ဝန်းကျင်ရှိငရဲနတ်ဘုရားဂိတ်တပည့်များကို တိုက်ရိုက်ကြိတ်ခြေပစ် လိုက်လေသည်၊ ရံဖန်ရံခါတွင် ရန်ရှောက်ထျန်းသည် ဟွန်ယွမ်ကောင်းကင်ကံကြမ္မာခြောက်ခု၏ အစွမ်းကိုအသက်သွင်းလိုက်ပြီး ငရဲနတ်ဘုရားဂိတ်တပည့်အားလုံးကို လွင့်ထွက်သွားစေခဲ့လေ သည်။
ရံဖန်ရံခါတွင် ရန်ရှောက်ထျန်းသည် ထာဝရနတ်ဘုရားခန္ဓာကိုယ်၏အစွမ်းကို အသက်သွင်း လိုက်ပြီး ဓားတစ်ချက်ဝှေ့ယမ်းလိုက်ရုံဖြင့် ထိမှန်ခံရသောငရဲနတ်ဘုရားဂိတ် တပည့်အားလုံးမှာ အချိန်သဲမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြလေသည်။
သူသည် တစ်ကိုယ်တည်းဖြင့် လူသောင်းချီကိုရင်ဆိုင်နိုင်သောစစ်သူကြီးတစ်ဦးအလား ရှိနေတော့သည်။
မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လှသောသတ်ဖြတ်သံများကြားတွင် ဖူထုအင်ပါယာမှ ပညာရှင်များပို၍ပို၍ရောက်ရှိလာခဲ့ကြလေသည်။ ရောက်ရှိလာကြသော ဖူထုအင်ပါယာပညာရှင် များမှာ ရန်ရှောက်ထျန်း၏သန်းချီသက်တမ်းဝိညာဉ်ကွင်း နှစ်ကွင်း၊ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာ ခြောက်ခု၊ သူ၏ပတ်လည်ရှိနတ်ဘုရားဓားများနှင့်တစ်ဆယ့်ငါးခုမြောက် ဓားနှလုံးသားတို့ကို မြင်လိုက်ရသောအခါ ပြောမပြနိုင်လောက်အောင် အံ့အားသင့်သွားကြရလေသည်။
ရန်ရှောက်ထျန်းသည် ငရဲနတ်ဘုရားဂိတ် တပည့်လှိုင်းလုံးကြီးများအတွင်းသို့ သုံးကြိမ်တိုင် တိုင် တိုးဝင်တိုက်ခိုက်နေသည်ကိုမြင်သောအခါ၊ရောက်ရှိလာကြသော ဖူထုအင်ပါယာ ပညာရှင် အားလုံးလည်းစိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြလေသည်။
"သတ်ကြစမ်း၊ ကျုပ်တို့ရဲ့ ချန်ဆန်းအရှင်သခင်ရဲ့ အရှိန်အဝါကို မြှင့်တင်ကြစမ်း"
"ကျုပ်တို့ နတ်ဘုရား ဧကရာဇ်ရန်အတွက် သွေးလမ်းတစ်ခု ဖောက်ပေးကြစမ်း"
ရောက်ရှိလာကြသော ဖူထုအင်ပါယာပညာရှင်များအားလုံးမှာ ရန်ရှောက်ထျန်း၏ သန်းချီသက်တမ်း ဝိညာဉ်ကွင်းနှစ်ကွင်းနှင့် တစ်ဆယ့်ငါးခုမြောက် ဓားနှလုံးသားတို့ကို မြင်တွေ့လိုက် ရသောအခါ စိတ်ကြွဆေးတစ်မျိုးကိုထိုးသွင်းခံလိုက်ရသလိုပင် စိတ်ဓာတ်တက်ကြွလာခဲ့ကြပြီး၊ ဘီလီယံနှင့်ချီသောငရဲနတ်ဘုရားဂိတ်တပည့်များဆီသို့ အရူးအမူးတိုးဝင်တိုက်ခိုက်ခဲ့ကြကာ ရန်ရှောက်ထျန်းအတွက်တိုက်ခိုက်ရေးအင်အားကိုခွဲဝေယူပေးရန်နှင့် ငရဲနတ်ဘုရားဂိတ်တပည့် အချို့ကို လမ်းကြောင်းလွှဲပေးရန် ကြိုးစားခဲ့ကြလေသည်။
လူတိုင်း၏ မျက်လုံးများမှာသတ်ဖြတ်မှုကြောင့်နီမြန်းနေခဲ့လေပြီ။ ဖူထုအင်ပါယာ ပညာရှင် အားလုံး အသက်စွန့်တိုက်ခိုက်နေခဲ့ကြလေသည်။
ဆေးနံ့သာအိုးနှင့် မိုးပြာရောင်ဝက်ဝံတို့သည် ရန်ဖျင်းကိုပြင်းထန်စွာဆက်လက်ရိုက် နှက် နေဆဲဖြစ်လေသည်။ ၎င်းမှာရန်ရှောက်ထျန်းနှင့်မိုးပြာရောင်ဝက်ဝံတို့ ကြိုတင်သဘောတူထားခဲ့ကြ သည့်အတိုင်းဖြစ်လေသည်၊ ယခုတစ်ကြိမ်တွင် ဘာပဲဖြစ်ဖြစ်ရန်ဖျင်းကိုသတ်ပစ်ရမည် ဖြစ်လေ သည်။
ရန်ဖျင်းကိုသတ်နိုင်သရွေ့ ချန်ဆန်းတိုက်ကြီးပေါ်ရှိဖုံးကွယ်နေသော အန္တရာယ်များ၏ ထက်ဝက်ခန့်မှာ ပြေလည်သွားပေလိမ့်မည်။
ရန်ဖျင်းမှာ သွေးများဖြင့်ဖုံးလွှမ်းနေသော်လည်း သူကဟိန်းဟောက်ကာ အရူးအမူး ရယ်မောလိုက်လေသည်။
"ရန်ရှောက်ထျန်း... ငါကငရဲနတ်ဘုရားကျမ်းစာကိုကျင့်ကြံထားတာ၊ မင်းငါ့ကိုမသတ် နိုင်ဘူး၊ ငါ ဒီနေ့မသေဘူးဆိုရင်၊ ကျန်ရှိနေတဲ့ ငါ့ဘဝတစ်လျှောက်လုံးမှာ မင်းဘေးနားက လူတိုင်းကို သတ်ဖို့ နည်းလမ်းမျိုးစုံ သုံးသွားမှာပဲ"
"ငါ မင်းဘေးနားက လူတိုင်းကိုသတ်ပစ်မယ်၊ တစ်ယောက်မှမကျန်စေရဘူး"
"ငါ မင်းဘေးနားကလူတိုင်းကိုအတိုင်းအဆမဲ့တဲ့ထိတ်လန့်မှုတွေနဲ့ အဆုံးမရှိတဲ့ အိပ်မက်ဆိုး တွေကြားမှာ ရှင်သန်စေရမယ်"
ရန်ဖျင်းက ရက်စက်စွာရယ်မောလိုက်လေသည်။ သူ၏အသံမှာစွဲမက်ဖွယ်ကောင်းသော အသံတစ်ခုအဖြစ်စုစည်းသွားခဲ့ပြီး ရောက်ရှိလာကြသောဖူထုအင်ပါယာ ပညာရှင်အားလုံး၏ စိတ်ထဲသို့ထိုးဖောက်ဝင်ရောက်သွားခဲ့လေသည်၊ ထိုအခိုက်အတန့်တွင် ဖူထုအင်ပါယာပညာရှင်များ သည် အမျိုးမျိုးသောပုံရိပ်ယောင်များကို ခံစားလိုက်ရလေသည်။
"နိုးထကြစမ်း"
ထိုစဉ်မှာပင် မိုးပြာရောင်ဝက်ဝံကကျယ်လောင်စွာဟိန်းဟောက်လိုက်ရာ သူ၏အသံမှာ ကောင်းကင်ကိုတုန်ခါသွားစေပြီး ဖူထုအင်ပါယာပညာရှင်အားလုံးကို နိုးထသွားစေခဲ့လေသည်။
ရန်ရှောက်ထျန်းသည် ရက်စက်စွာရယ်မောနေသောရန်ဖျင်းကိုကြည့်ကာ နှာခေါင်းရှုံ့လိုက် လေသည်။
"ဟုတ်လား။ ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲ မင်းရဲ့ငရဲနတ်ဘုရားကျမ်းစာက အထွတ်အထိပ် အဆင့်ကို မရောက်သေးဘူးမဟုတ်လား"
အကယ်၍သာ ငရဲနတ်ဘုရားကျမ်းစာသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားမည်ဆို ပါက တစ်စုံတစ်ယောက်၏ ဦးခေါင်းမှာခန္ဓာကိုယ်နှင့် ပြတ်တောက်သွားခဲ့လျှင်ပင်၊ တစ်ကိုယ်လုံး အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားခဲ့လျှင်ပင်ပြန်လည်အသက်ရှင်လာနိုင်လေသည်။
၎င်းမှာ ငရဲနတ်ဘုရားကျမ်းစာ၏ ကြောက်မက်ဖွယ်ကောင်းသော အချက်ပင် ဖြစ်လေသည်။
ပြိုင်ဘက်ကင်းငရဲနတ်ဘုရားကဲ့သို့ပင် သူ၏ဦးခေါင်းနှင့်ခန္ဓာကိုယ်မှာ ယခုအခါ ပြတ်တောက် နေသော်လည်း သူသည်ပြန်လည်အသက်ရှင်လာနိုင်ဆဲဖြစ်လေသည်၊ ထို့ကြောင့်လည်း ငရဲနတ် ဘုရားဂိတ်မှပညာရှင်များသည် သူ၏ရုပ်အလောင်းကိုကယ်တင်ရန် နည်းလမ်းမျိုးစုံ ကြိုးစားနေ ကြခြင်း ဖြစ်လေသည်။
သို့သော်လည်း စီနီယာချန်ရှုံးက ရန်ဖျင်း၏ငရဲနတ်ဘုရားကျမ်းစာမှာ အထွတ်အထိပ် အဆင့်သို့မရောက်သေးကြောင်းပြောခဲ့ဖူးလေသည်၊ ၎င်းမှာအထွတ်အထိပ်သို့ရောက်ရန် ခြေတစ် လှမ်းလိုအပ်နေသေးခြင်းဖြစ်လေသည်။
ဤခြေတစ်လှမ်း လိုအပ်နေခြင်းမှာ ရန်ဖျင်းအတွက်ပြန်လည်အသက်ရှင်ရန် မည်သည့် အခါမျှ မဖြစ်နိုင်တော့ခြင်းကိုဆိုလိုခြင်း ဖြစ်လေသည်။
ထို့ကြောင့် ယခုတစ်ကြိမ်တွင်ဘာပဲဖြစ်ဖြစ်ရန်ဖျင်းကိုသတ်ရမည် ဖြစ်လေသည်။
သို့မဟုတ်ပါက သူ ယခုတစ်ကြိမ်လွတ်သွားခဲ့ပြီး သူ၏ငရဲနတ်ဘုရားကျမ်းစာသာ အထွတ် အထိပ်သို့ရောက်သွားမည်ဆိုပါက သူသည်ဒုတိယမြောက်ပြိုင်ဘက်ကင်းငရဲနတ်ဘုရား ဖြစ်လာပေ လိမ့်မည်၊ ထိုအခါကျမှ သူ့ကိုသတ်ရန်မှာအလွန်တရာခက်ခဲသွားပေလိမ့်မည်။
ပြင်းထန်သောတိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေခဲ့လေသည်။
ငရဲနတ်ဘုရားဂိတ်တပည့်များမှာများပြားလွန်းလှသဖြင့် အဆက်မပြတ်ရှိနေသော တောင် တန်းကြီးများအတွင်းမှ ဂင်္ဂါမြစ်ထဲကသဲပွင့်များအလားတိုးထွက်လာခဲ့ကြပြီး ကောင်းကင်နှင့် မြေပြင်ကိုပြည့်နှက်နေစေခဲ့လေသည်။
ရောက်ရှိလာကြသော ဖူထုအင်ပါယာပညာရှင်များမှာ ငရဲနတ်ဘုရားဂိတ်တပည့်များ၏ ဝါးမြိုခြင်း၊ သတ်ဖြတ်ခြင်းများကိုအဆက်မပြတ်ခံနေကြရလေသည်။ သို့သော်လည်း ဖူထုအင်ပါယာ ပညာရှင်အားလုံးမှာ ပိုမိုသတ္တိရှိစွာဖြင့်တိုက်ခိုက်နေခဲ့ကြလေသည်၊ မည်သူမျှနောက်မဆုတ်ကြဘဲ၊ မည်သူမျှ မကြောက်ကြဘဲ၊ အားလုံးမှာအစွမ်းကုန်ကြိုးစားကာ ငရဲနတ်ဘုရားဂိတ်တပည့်များနှင့် သွေးချောင်းစီးအောင် တိုက်ခိုက်နေခဲ့ကြလေသည်။
ရန်ရှောက်ထျန်းသည် သူ၏သန်းချီသက်တမ်းဝိညာဉ်ကွင်းနှစ်ကွင်း၊ ဟွန်ယွမ်ကောင်းကင်ကံ ကြမ္မာခြောက်ခုနှင့် တစ်ဆယ့်ငါးခုမြောက်ဓားနှလုံးသားတို့ဖြင့် ငရဲနတ်ဘုရားဂိတ်တပည့် အမြောက် အမြားကိုလွင့်ထွက်သွားစေခဲ့သဖြင့် သူတို့၏ရုပ်အလောင်းများမှာမိုင်ပေါင်းထောင်ချီအထိ ပြန့်ကျဲ နေခဲ့လေသည်။
သို့သော်လည်း ရန်ရှောက်ထျန်းကမည်မျှပင်သတ်နေပါစေ၊ ငရဲနတ်ဘုရားဂိတ် တပည့်များ မှာ အရပ်မျက်နှာအသီးသီးမှ အဆုံးမရှိတိုးထွက်လာကြပြီး ရန်ရှောက်ထျန်းကိုတိုက်ခိုက်နေဆဲ ဖြစ်လေသည်။ ဆေးနံ့သာအိုးနှင့်မိုးပြာရောင်ဝက်ဝံတို့ပူးပေါင်းကာ ရန်ဖျင်းကိုမြေပြင်အတွင်းသို့ အထပ်ထပ် ရိုက်ချနေခဲ့ကြလေသည်။
သို့သော်လည်း ရန်ဖျင်း၏ကာကွယ်ရေးနှင့် အသက်ရှင်သန်နိုင်စွမ်းမှာလည်း အလွန်တရာ အစွမ်းထက်လှပေသည်၊ ဆေးနံ့သာအိုးနှင့်မိုးပြာရောင်ဝက်ဝံတို့၏အကြိမ်ကြိမ် တိုက်ခိုက်မှုကို ခံခဲ့ရသော်လည်း သူသည်ပြန်လည်ခုခံရန်အတွက် အမြဲတမ်းပြန်ထလာနိုင်ဆဲဖြစ်လေသည်။
ငရဲနတ်ဘုရားဂိတ်မှ နတ်ဘုရားဘိုးဘေးများလည်းရန်ဖျင်း၏ပတ်လည်တွင် စုစည်းလာ ကြပြီး ဆေးနံ့သာအိုးနှင့်မိုးပြာရောင်ဝက်ဝံတို့ကိုအတူတကွခုခံခဲ့ကြလေသည်။ ဤငရဲနတ်ဘုရား ဂိတ်မှ နတ်ဘုရားဘိုးဘေးများသည်ရန်ဖျင်းကဲ့သို့အစွမ်းမထက်ကြသော်လည်း သူတို့သည်လည်း အလွန်တရာအစွမ်းထက်ကြလေသည်၊ အချို့မှာကြယ်စုတန်းနတ်ဘုရားနိုင်ငံတော်မှ ကြယ်နတ် ဘုရားလေးပါးနှင့်ပင် နှိုင်းယှဉ်နိုင်လေသည်။
ဤတိုက်ပွဲမှာ ကောင်းကင်နှင့်မြေကြီးကို အစိတ်စိတ်အမြွှာမြွှာပြိုကွဲသွားစေခဲ့လေသည်။
တောင်များနှင့် မြစ်များကိုပြောင်းပြန်လှန်ပစ်လိုက်သလိုပင်ဖြစ်စေခဲ့ပြီး နေနှင့်လတို့ပင် အလင်းမှေးမှိန်သွားစေခဲ့လေသည်။
မြေပြင်ကိုလည်း ပျက်စီးယိုယွင်းသွားစေခဲ့လေသည်။ ဖူထုအင်ပါယာပညာရှင်များမှာ တိုက်ပွဲအတွင်းတစ်ဦးပြီးတစ်ဦးကျဆုံးနေခဲ့ကြလေသည်။
သို့သော်လည်း ဖူထုအင်ပါယာပညာရှင်များ ပိုမို၍ရောက်ရှိလာခဲ့ကြလေသည်။
ပြင်းထန်လှသောစွမ်းအားများကြောင့် ဖူထုအင်ပါယာနှင့်ပတ်ဝန်းကျင်ရှိ အင်ပါယာများ ကိုပင်သတိပြုမိသွားစေခဲ့လေပြီ။ ဂိုဏ်းများမှရှေးဟောင်းဘိုးဘေးများသည် သူတို့၏ဂိုဏ်းမှ ပညာရှင်များကိုဦးဆောင်ကာ တစ်ဦးပြီးတစ်ဦးရောက်လာခဲ့ကြပြီး၊ မိသားစုများမှ ရှေးဟောင်း ဘိုးဘေးများသည်လည်း သူတို့၏တပည့်များကိုဦးဆောင်ကာ တိုက်ပွဲအတွင်းသို့တိုးဝင်လာခဲ့ ကြလေသည်။
ရောက်လာသည်နှင့် ပညာရှင်အားလုံးက နတ်ဘုရားဧကရာဇ်ရန်မှာ ပြိုင်ဘက်ကင်းကြောင်း စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ကြပြီးနောက်၊ မျက်လုံးများနီမြန်းလျက် ဘီလီယံနှင့်ချီသော ငရဲနတ် ဘုရားဂိတ်တပည့်များအတွင်းသို့တိုးဝင်တိုက်ခိုက်ကြလေတော့သည်။
ဤတိုက်ပွဲမှာ ချန်ဆန်းတိုက်ကြီးပေါ်တွင် ထာဝရအမှတ်ရနေပေလိမ့်မည်။
နောက်ဆုံးတွင် ဖူထုအင်ပါယာမှ ပန်းတစ်ထောင်ဓားနတ်ဘုရားမသည်လည်း ပန်းတစ် ထောင်နတ်ဘုရားဂိုဏ်းမှတပည့်များကိုဦးဆောင်ကာ ရောက်ရှိလာခဲ့လေသည်။ နဂါးချင်းရွှမ်လည်း လေးလည်းပါလာခဲ့လေသည်။
လူတိုင်း သူတို့၏ရှေ့မှမြင်ကွင်းကြောင့် မှင်သက်သွားကြရလေသည်။
ပန်းတစ်ထောင်နတ်ဘုရားဂိုဏ်းမှ တပည့်အားလုံးမှာရန်ရှောက်ထျန်း၏ သန်းချီသက်တမ်း ဝိညာဉ်ကွင်းနှစ်ကွင်း၊ ဟွန်ယွမ်ကောင်းကင်ကံကြမ္မာခြောက်ခုနှင့် တစ်ဆယ့်ငါးခုမြောက် ဓားနှလုံး သားတို့ကိုမြင်လိုက်ရသောအခါ အကြီးအကျယ်ထိတ်လန့်သွားကြပြီး စိတ်လှုပ်ရှားသွားကြလေ သည်။
"အစ်ကိုရှောက်ထျန်း ချင်းရွှမ်ရောက်ပါပြီ"
စိတ်လှုပ်ရှားလွန်းသဖြင့် နဂါးလုံချင်းရွှမ်လေးသည် မျက်ရည်များဝဲလျက် သူမ၏ဓားကို ကိုင်ဆောင်ကာ ရန်ရှောက်ထျန်းဆီသို့ အရူးအမူးပြေးဝင်လာခဲ့လေတော့သည်။
***