"သတ်စမ်း"
ပန်းတစ်ထောင်ဓားနတ်ဘုရားမသည် နဂါးလုံချင်းရွှမ်၏ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ် သဖြင့် သူမနှင့်အတူဓားကိုကိုင်ဆောင်ကာငရဲနတ်ဘုရားဂိတ် တပည့်များအတွင်းသို့တိုးဝင်တိုက် ခိုက်ခဲ့လေသည်။
"ငရဲနတ်ဘုရားဂိတ်က ခွေးသူတောင်းစားတွေကို သတ်ပစ်ကြစမ်း"
ပန်းတစ်ထောင်နတ်ဘုရားဂိုဏ်းမှ ပညာရှင်များလည်းစိတ်လှုပ်ရှားနေခဲ့ကြပြီး ငရဲနတ်ဘု ရားဂိတ်တပည့်များအတွင်းသို့ တိုးဝင်တိုက်ခိုက်ရင်း ဟိန်းဟောက်လိုက်ကြလေသည်။
"ဘယ်သူကပြိုင်ဘက်ကင်းသလဲ၊ အရှင်မင်းကြီးနတ်ဘုရားဧကရာဇ်ရန်သာလျှင် ဖြစ်လေ သည်"
"ဘယ်သူက ပြိုင်ဘက်ကင်းသလဲ"
"အရှင်မင်းကြီး နတ်ဘုရားဧကရာဇ်ရန်သာလျှင် ဖြစ်လေသည်"
ပန်းတစ်ထောင်နတ်ဘုရားဂိုဏ်းမှ တပည့်ပေါင်းသောင်းနှင့်ချီ၍ စိတ်လှုပ်ရှားစွာ ဟိန်းဟောက်လိုက်ကြပြီး ငရဲနတ်ဘုရားဂိတ်တပည့်များကို ပြင်းထန်စွာတိုက်ခိုက်သတ်ဖြတ် နေခဲ့ကြလေသည်။ ထိုအခိုက်အတန့်တွင်ပန်းတစ်ထောင်နတ်ဘုရားဂိုဏ်းမှ တပည့်အားလုံးမှာ ယခင်ကဖြစ်ပျက်ခဲ့သမျှကိုမေ့လျော့သွားခဲ့ကြလေပြီ၊ ကျန်ရှိနေသည်မှာဂုဏ်ယူမှုနှင့် အမြင့်မြတ် ဆုံးသော ဘုန်းအာနုဘော်တို့သာ ဖြစ်လေသည်။
ရန်ရှောက်ထျန်းကို သူတို့၏ချန်ဆန်းအရှင်သခင်အသစ်အဖြစ် ရရှိထားခြင်းအတွက် ဂုဏ်ယူမှုနှင့်၊ အရှင်သခင်အသစ်နှင့်အတူဘေးချင်းယှဉ်ကာ ငရဲနတ်ဘုရားဂိတ်တပည့်များကို သုတ်သင်ရခြင်းအတွက် ဘုန်းအာနုဘော်တို့သာ ဖြစ်လေတော့သည်။
သူ၏ဦးခေါင်းအထက်တွင် သန်းချီသက်တမ်းဝိညာဉ်ကွင်းနှစ်ကွင်း ရှိနေသဖြင့်ရန်ရှောက် ထျန်းသည် အနက်ရှိုင်းဆုံးပင်လယ်အရှင်သခင်နှင့်ပင်လယ်နက်မိစ္ဆာငါးကြီးတို့၏အစွမ်းကို အထွတ် အထိပ်သို့မြှင့်တင်လိုက်ပြီး သူ၏အစုံလိုက်ဓားများကိုဝှေ့ယမ်းလိုက်လေသည်။
တစ်ဆယ့်ငါးခုမြောက် ဓားနှလုံးသားနှင့် ထာဝရနတ်ဘုရားခန္ဓာကိုယ်တို့၏ အစွမ်းနှင့် အလင်းတန်းများသည် ကိုးလွှာကောင်းကင်ယံအထိထွန်းလင်းသွားခဲ့ပြီး ရန်သူအားလုံးကို သုတ်သင် နေခဲ့ရာ မည်သူမျှမတားဆီးနိုင်ပေ။
သူသည် ကောင်းကင်ယံသို့ပျံတက်လိုက်ရာ ချန်ဆန်းဓား၊ နတ်ဘုရားအရိပ်ခြေဓား၊ ရှေးဟောင်းမိုးကြိုးနတ်ဘုရားဓား၊ ဗုဒ္ဓပေါင်းတစ်ထောင်နတ်ဘုရားဓား၊ ထာဝရညဓား၊ သံသရာနတ် ဘုရားဓားနှင့် အရာခပ်သိမ်းနတ်ဘုရားဓားတို့အားလုံးမှာ ဓားချီစွမ်းအင် အလွှာပေါင်း သောင်းနှင့်ချီ၍ ထုတ်လွှတ်လိုက်ကြလေသည်။
တစ်ဆယ့်ငါးခုမြောက်ဓားနှလုံးသား၏ အသက်သွင်းမှုအောက်တွင် ချန်ဆန်းဓားပညာ၊ နတ်ဘုရားအရိပ်ခြေဓားပညာ၊ ရှေးဟောင်းမိုးကြိုးနတ်ဘုရားဓားပညာ၊ ဗုဒ္ဓပေါင်းတစ်ထောင် ဓားပညာ၊ ထာဝရညဓားပညာ၊ သံသရာဓားပညာနှင့် အရာခပ်သိမ်းဓားပညာတို့သည် ထိုခဏတွင် အတိုင်းအဆမဲ့သော ဓားချီစွမ်းအင်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြလေသည်။
နတ်ဘုရားဓားခုနစ်စင်း၊ မဟာလမ်းစဉ်ခုနစ်ခုတို့ဖြင့်အမြင့်မြတ်ဆုံးသော သတ်ဖြတ်ခြင်း တိုက်ကွက်များကို လုပ်ဆောင်လိုက်လေသည်။
ချန်ဆန်းအရှင်သခင်သည် ကမ္ဘာကြီးကို အုပ်ချုပ်လေသည်။
မမြင်နိုင်သော ဓားချီစွမ်းအင်သည် သဲလွန်စမရှိဘဲ သတ်ဖြတ်လေသည်။
မိုးကြိုးနတ်ဘုရားမှာ လွှမ်းမိုးချုပ်ကိုင်လေသည်။
ဗုဒ္ဓပေါင်းတစ်ထောင်က သင့်ကို ငရဲဆီသို့ လမ်းညွှန်ပေးလေသည်။
ထာဝရည၏ အမှောင်ထုမှာ အတိုင်းအဆမရှိလှပေ။
သံသရာ၏ တစ်ပတ်လည်မှုမှာ ဘဝတစ်ခု ဖြစ်လေသည်။
နွေဦးရာသီတွင် အရာခပ်သိမ်း မွေးဖွားလာကြလေသည်။
ကိုးလွှာကောင်းကင်ယံတွင် ပျံသန်းနေသောရန်ရှောက်ထျန်းသည် နတ်ဘုရားဓားခုနစ်စင်း၏ ပြိုင်ဘက်ကင်းလှသောစွမ်းအားများကို အသုံးပြုနေသည်ကိုကြည့်ရင်း လူတိုင်းထိတ်လန့်သွား ကြရ လေသည်။
ဘယ်အရာက ပြိုင်ဘက်ကင်းသလဲ။ ဒါဟာပြိုင်ဘက်ကင်းခြင်းပင် ဖြစ်လေသည်။
ရန်ဖျင်းနှင့် ငရဲနတ်ဘုရားဂိတ်မှနတ်ဘုရားဘိုးဘေးများပင်လျှင် အကြီးအကျယ် ထိတ်လန့် သွားကြရလေသည်။ ထိုအခိုက်အတန့်တွင် ငရဲနတ်ဘုရားဂိတ်မှ နတ်ဘုရားဘိုးဘေးများ၏ စိတ်ထဲ၌ ရယ်စရာကောင်းသော အတွေးတစ်ခုပေါ်လာခဲ့လေသည်။
အကယ်၍ သူတို့သာ အရှင်မင်းကြီးနတ်ဘုရားဧကရာဇ်ရန်၏ဘေးတွင် ဘေးချင်းယှဉ်ကာ တိုက်ခိုက်နိုင်မည်ဆိုပါက ဘယ်လောက်အထိဂုဏ်ယူစရာကောင်းလိုက်မလဲ။ ကံမကောင်းစွာဖြင့် သူတို့သည် အရှင်မင်းကြီးနတ်ဘုရားဧကရာဇ်ရန်၏ ဆန့်ကျင်ဘက်ဘက်တွင်ရပ်တည်နေခဲ့ကြ လေသည်။
“ဝေါ...”
မဟာလမ်းစဉ် ခုနစ်ခု၏စွမ်းအားများကျဆင်းလာခဲ့လေသည်။ မရေမတွက်နိုင်သော ငရဲနတ်ဘုရားဂိတ်တပည့်များလွင့်ထွက်သွားခဲ့ကြလေသည်။ အချို့မှာကောင်းကင်အနှံ့ပျံ့နှံ့နေ သော နတ်ဘုရားမိုးကြိုးဓားချီစွမ်းအင်များကြားတွင် တိုက်ရိုက်ပျောက်ကွယ်သွားခဲ့ကြပြီး၊ အချို့မှာ အတိုင်းအဆမဲ့သော အမှောင်ထုအတွင်းသို့ ပျောက်ကွယ်သွားခဲ့ကြကာ၊ အချို့မှာသံသရာဓားလမ်း စဉ်အတွင်းသို့ ဝင်ရောက်သွားခဲ့ကြပြီး၊ အချို့မှာ ဗုဒ္ဓပေါင်းတစ်ထောင်ကြောင့် လောင်ကျွမ်းသွား ခဲ့ကြလေသည်။
ထိုခဏတွင်ပင်၊ ရုတ်တရက် မိုးပြာရောင်ဝက်ဝံ၏ဧရာမလက်ဝါးကြီးမှာ ရန်ဖျင်းကို မြေပြင် အတွင်းသို့ တိုက်ရိုက်ရိုက်ချလိုက်လေသည်။ ဆေးနံ့သာအိုးမှာလည်းတစ်ပြိုင်နက်တည်းနီးပါး ရိုက်ချလိုက်ရာ၊ ငရဲနတ်ဘုရားဂိတ်မှနတ်ဘုရားဘိုးဘေးများကို မြေပြင်အတွင်းသို့ ရိုက်သွင်းလိုက် လေသည်။
ငရဲနတ်ဘုရားဂိတ်မှ နတ်ဘုရားဘိုးဘေးများမှာသွေးများကို အန်ထုတ်လိုက်ကြပြီး ဆေးနံ့သာအိုးကို ထိတ်လန့်တကြားကြည့်လိုက်ကြလေသည်။ ဤငရဲနတ်ဘုရားဂိတ်မှ နတ်ဘုရား ဘိုးဘေးများ၏ နတ်ဘုရားဝတ်စုံများမှာ ပြန်လည်မပြင်ဆင်နိုင်လောက်အောင် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ပြီဖြစ်သလို၊ သူတို့၏တစ်ကိုယ်လုံးတွင်လည်း သွေးထွက်နေသောအက်ကြောင်းများ ပေါ်ထွက်လာခဲ့လေသည်။
သူတို့ထဲမှ အချို့မှာကြယ်နတ်ဘုရားလေးပါးကဲ့သို့ အစွမ်းထက်ကြသော်လည်း၊ ဆေးနံ့သာ အိုး၏ အကြိမ်ကြိမ်ရိုက်နှက်မှုကိုတော့ သူတို့မတောင့်ခံနိုင်ကြပေ။ အကယ်၍သူတို့သာ ဆေးနံ့သာ အိုး၏ နောက်ထပ်တစ်ကြိမ်ရိုက်နှက်မှုကိုခံရမည်ဆိုပါက သေချာပေါက်ပေါက်ကွဲသွားကြပေလိမ့် မည်။
ငရဲနတ်ဘုရားဂိတ်မှနတ်ဘုရားဘိုးဘေးအားလုံး သူတို့၏နှလုံးသားထဲတွင် မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် မကျေနပ်မှုများကိုခံစားနေကြရလေသည်။
"ဂိုဏ်းချုပ်... အရင်ဆုတ်ခွာကြစို့"
ငရဲနတ်ဘုရားဂိတ်မှ နတ်ဘုရားဘိုးဘေးတစ်ဦးက ရန်ဖျင်းကိုမနေနိုင်ဘဲ အကြံပြုလိုက် လေ သည်။
"ကျုပ်တို့ အရင်ဆုတ်ခွာပြီးငရဲနတ်ဘုရားကိုကယ်ထုတ်ကြရအောင်၊ ပြီးမှ သူတို့ကို အမြစ်ပြတ်သတ်ကြတာပေါ့"
နောက်ထပ် နတ်ဘုရားဘိုးဘေးတစ်ဦးကလည်း အပူတပြင်းပြောလိုက်လေသည်။ ကျန်ရှိနေ သောနတ်ဘုရားဘိုးဘေးများကလည်း မျှော်လင့်ချက်အပြည့်ဖြင့်ရန်ဖျင်းကိုကြည့်လိုက်ကြလေ သည်။
ရန်ဖျင်းက မြင်ကွင်းကိုကြည့်လိုက်လေသည်။ ငရဲနတ်ဘုရားဂိတ်တပည့်များမှာ အရေ အတွက်အားဖြင့်သာလွန်နေသေးသော်လည်း၊ ဖူထုအင်ပါယာမှဂိုဏ်းအသီးသီးနှင့် မိသားစုအသီး သီးမှပညာရှင်များ အဆက်မပြတ်ရောက်ရှိလာကြသဖြင့် ငရဲနတ်ဘုရားဂိတ်တပည့်များ၏ အားသာ ချက်မှာ တဖြည်းဖြည်းလျော့နည်းလာခဲ့လေပြီ။
ရန်ဖျင်းသည် လူအုပ်အတွင်း၌တိုးဝင်တိုက်ခိုက်နေဆဲဖြစ်သော ရန်ရှောက်ထျန်းကို မုန်းတီးစွာဖြင့် စိုက်ကြည့်လိုက်သည်၊ သူ၏မျက်လုံးများမှာ သွေးဆာနေတော့သည်။ သို့သော်လည်း သူ ဆုတ်ခွာရန်အမိန့်ပေးတော့မည့်ဆဲဆဲမှာပင်၊ ရုတ်တရက်သူ၏အမြင်အာရုံများ မှောင်မိုက် သွားခဲ့ပြီး ဆေးနံ့သာအိုးနှင့်မိုးပြာရောင်ဝက်ဝံတို့၏ဧရာမလက်ဝါးကြီးများ နောက်တစ်ကြိမ် ထပ်မံရိုက်ချလာသည်ကို မြင်တွေ့လိုက်ရလေသည်။
ရန်ဖျင်းက ဟိန်းဟောက်လိုက်ပြီး နတ်ဘုရားဒိုင်းတစ်ခုထွက်ပေါ်လာခဲ့လေသည်။ ၎င်းမှာ သူ၏ခန္ဓာကိုယ်ပေါ်တွင် နောက်ဆုံးကျန်ရှိနေသော နတ်ဘုရားဒိုင်းဖြစ်လေသည်။ ယခင်က သူသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားဒိုင်းဆယ်ခုထက်မကအစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားခဲ့ရလေပြီ။
အကယ်၍သာ ထိုနတ်ဘုရားဒိုင်းဆယ်ခုထက်မကသောကာကွယ်ရေးကို အားကိုးခြင်း မပြုခဲ့ပါက၊ သူ၏ ငရဲနတ်ဘုရားခန္ဓာကိုယ်ရှိနေသော်လည်း ဆေးနံ့သာအိုးနှင့် မိုးပြာရောင်ဝက်ဝံ တို့၏ အကြိမ်ကြိမ် ရိုက်နှက်မှုကို သူ တောင့်ခံနိုင်မည် မဟုတ်ပေ။
"ဘုန်း..."
ဆေးနံ့သာအိုးနှင့် မိုးပြာရောင်ဝက်ဝံတို့ကထိုနတ်ဘုရားဒိုင်းကို တိုက်ရိုက်ရိုက်ခွဲပစ်လိုက် လေသည်။ ရန်ဖျင်းမှာလွင့်ထွက်သွားခဲ့လေသည်။ ငရဲနတ်ဘုရားဂိတ်မှ နတ်ဘုရားဘိုးဘေးများမှာ လည်း ထိတ်လန့်တကြားရှောင်တိမ်းခဲ့ကြသော်လည်း၊ အချို့မှာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ ကြသဖြင့် တိုက်ရိုက်ပေါက်ကွဲသွားခဲ့ကြရလေသည်။
"ဒုန်း..." "ဒုန်း..." "ဒုန်း..."
အသံများမှာ မပြတ်ထွက်ပေါ်နေတော့သည်။ ရွှေရောင်သွေးမိုးကြီးများမှာ ပေါက်ကွဲထွက် နေခဲ့လေသည်။ ဤနတ်ဘုရားဘိုးဘေးများမှာထိပ်တန်းအဆင့် နတ်ဘုရားပညာရှင်များဖြစ်ကြ သဖြင့် သူတို့၏သွေးနှင့်အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းလှပေသည်။
သူတို့ ပေါက်ကွဲသွားသည်နှင့်တစ်ပြိုင်နက် ဧရာမနျူကလီးယားဗုံးများအလား ဖြစ်သွားခဲ့ပြီး ပတ်ဝန်းကျင်ရှိ ငရဲနတ်ဘုရားဂိတ်မှ ပညာရှင်များမှာလည်း လွင့်ထွက်သွားခဲ့ကြရလေသည်။
"သေစမ်း"
မိုးပြာရောင်ဝက်ဝံက ဟိန်းဟောက်လိုက်ရာ သူ၏တစ်ကိုယ်လုံးမှာ နောက်ထပ်တစ်ကြိမ် ထပ်မံကြီးမားလာခဲ့ပြန်လေသည်။ သူ၏မူလမီးခိုးရောင်အမွေးအမှင်များမှာ ရွှေရောင်သို့ပြောင်းလဲ သွားခဲ့လေသည်။
သူ၏ ဧရာမလက်ဝါးကြီးမှာ ရန်ဖျင်းဆီသို့ မည်သည့်ဟာကွက်မျှမရှိဘဲ နောက်တစ်ကြိမ် ထပ်မံရိုက်ချလိုက်ပြန်လေသည်။ ပြိုင်ဘက်ကင်းလှသောစွမ်းအားများသည် ရန်ဖျင်းကို မိုင်ပေါင်း တစ်သောင်းအတွင်း၌ ပိတ်ဆို့ထားလိုက်လေသည်။
သူ ဆုတ်ခွာလိုသော အကြံရှိနေသည်ကို မိုးပြာရောင်ဝက်ဝံ မြင်နိုင်လေသည်။ ဘာပဲဖြစ်ဖြစ် ရန်ဖျင်းကို လွတ်မသွားစေရဘူး။
မိုးပြာရောင်ဝက်ဝံ၏ တစ်ကိုယ်လုံး နောက်တစ်ကြိမ်ကြီးမားလာချိန်မှာပင်၊ ဆေးနံ့သာအိုး သည်လည်း နောက်ထပ်တစ်ကြိမ်ကြီးမားလာခဲ့ပြန်လေသည်၊ ရွှေရောင်မီးလျှံများမှာ ကောင်းကင် ကြီးကိုပင်လောင်ကျွမ်းတော့မည့်အလားမြင့်တက်လာခဲ့လေသည်။
ဆေးနံ့သာအိုး၏ အတိုင်းအဆမဲ့ပြီးကျယ်ပြောလှသောစွမ်းအားများသည် ရန်ဖျင်းကို ပစ်မှတ်ထားလိုက်လေပြီ။ ရန်ဖျင်း၏မျက်နှာမှာသိသိသာသာပြောင်းလဲသွားခဲ့ပြီး သူ၏နှလုံးသား ထဲတွင် တစ်ခါမျှမခံစားခဲ့ဖူးသော ပြင်းထန်လှသည့်အန္တရာယ်ကို ခံစားလိုက်ရလေသည်။
သေမင်းနတ်ဘုရားက သူ့ဆီသို့ အမြဲတမ်း ချဉ်းကပ်လာနေသလိုပင်။
သူသည် ငရဲနတ်ဘုရားကျမ်းစာကိုအထွတ်အထိပ်သို့မြှင့်တင်လိုက်ပြီး သူ၏လက်ထဲမှ ငရဲနတ်ဘုရားဓားဖြင့် တစ်ခါမျှမရှိခဲ့ဖူးသော ငရဲနတ်ဘုရားအလင်းတန်းများကို ထုတ်လွှတ် လိုက် လေသည်။
သူ၏ခန္ဓာကိုယ်ပေါ်တွင် နောက်ထပ်နတ်ဘုရားဝတ်စုံတစ်ခု ထွက်ပေါ်လာခဲ့ပြီး မိုးပြာရောင် ဝက်ဝံနှင့် ဆေးနံ့သာအိုးတို့ကိုအရူးအမူးတိုက်ခိုက်လေတော့သည်။ ထိုအခိုက်အတန့်တွင် ဆေးနံ့ သာအိုး ရိုက်ချလိုက်လေသည်။ ဆေးနံ့သာအိုး ရိုက်ချလိုက်သောအခါ ဟင်းလင်းပြင်မှာ ပြင်းထန်စွာ တုန်ခါသွားခဲ့ပြီး မြေပြင်မှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် အက်ကွဲသွားခဲ့လေ သည်။
မထိမှန်မီမှာပင် ကြောက်မက်ဖွယ်ကောင်းလှသောစွမ်းအားများသည် ပတ်ဝန်းကျင်ရှိ ငရဲနတ်ဘုရားဂိတ်မှ ပညာရှင်များကိုသွေးမြူများအဖြစ် ကြိတ်ခြေပစ်လိုက်လေပြီ။
ဆေးနံ့သာအိုးနှင့် မိုးပြာရောင်ဝက်ဝံတို့ရိုက်ချလိုက်ကြလေသည်။ ရန်ဖျင်း၏ လက်ထဲမှ ငရဲနတ်ဘုရားဓားမှာ လွင့်ထွက်သွားခဲ့လေသည်။ ငရဲနတ်ဘုရားဓားချီစွမ်းအင်များပျောက်ကွယ် သွားခဲ့လေပြီ။ ပတ်ဝန်းကျင်ရှိ မိုင်ပေါင်းမရေမတွက်နိုင်သောနေရာများမှာ ပေါက်ကွဲသွားခဲ့ပြီး မြေမှုန့်များမှာ တလိမ့်လိမ့်ထွက်ပေါ်နေခဲ့လေသည်။
ငရဲနတ်ဘုရားဂိတ်မှ နတ်ဘုရားဘိုးဘေးများမှာ ပြင်းထန်လှသောဟာရီကိန်းမုန်တိုင်း အတွင်းရှိ ယင်ကောင်များအလားလွင့်ထွက်သွားခဲ့ကြရပြီး သူတို့၏အတွင်းအင်္ဂါများမှာ တစ်လက် မချင်းစီ သွေးမြူများအဖြစ် ပြတ်တောက်သွားခဲ့ရလေသည်။
မြေမှုန့်များ ပျောက်ကွယ်သွားသောအခါ၊ ရန်ဖျင်းသည် ဧရာမကျင်းကြီး၏ အောက်ခြေတွင် လဲလျောင်းနေပြီး သွေးများကိုအမြောက်အမြားအန်ထုတ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားဝတ်စုံမှာနောက်တစ်ကြိမ်ပေါက်ကွဲသွားခဲ့ပြန်လေပြီး သူ၏တစ် ကိုယ်လုံးတွင် သွေးထွက်နေသောအမှတ်အသားများ ဖုံးလွှမ်းနေခဲ့လေသည်။
သို့သော်လည်း သူသည်ထိုဧရာမကျင်းကြီးအတွင်းမှ အနိုင်နိုင်ပျံထွက်လာခဲ့ပြီး အရူးအမူး ထွက်ပြေးရန် ကြိုးစားနေဆဲဖြစ်လေသည်။ သို့သော်လည်းသူဧရာမကျင်းကြီးအတွင်းမှ ထွက် လာသည်နှင့်တစ်ပြိုင်နက် မိုးပြာရောင်ဝက်ဝံ၏လက်ဝါးချက်ဖြင့် နောက်သို့ပြန်လည်ရိုက် ချခြင်း ခံလိုက်ရလေသည်။
ရန်ဖျင်းသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာကျရောက်သွားခဲ့လေသည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် နတ်ဘုရားဓားတစ်စင်းကလေကိုခွင်းလျက်ရောက်ရှိလာပြီး ရန်ဖျင်း၏ လည်ပင်း အတွင်းသို့ ထိုးစိုက်လိုက်လေသည်။ ရန်ဖျင်းကို မြေပြင်ပေါ်၌ အသေသတ်လိုက်ခြင်း ဖြစ်လေသည်။ ရန်ဖျင်းသည် သူ၏လည်ပင်းတွင် စိုက်ဝင်နေသော ချန်ဆန်းဓားကို စိုက်ကြည့်နေခဲ့လေသည်။
"ဂိုဏ်းချုပ်"
ငရဲနတ်ဘုရားဂိတ်မှ ရှေးဟောင်းဘိုးဘေးများက ဝမ်းနည်းပူဆွေးစွာ ဟိန်းဟောက် လိုက်ကြ ပြီး အရူးအမူးပြေးလာချင်ကြသော်လည်း၊ အားလုံးမှာမိုးပြာရောင်ဝက်ဝံနှင့် ဖူထုအင်ပါယာ ရှေးဟောင်းဘိုးဘေးတို့ကြောင့် လွင့်ထွက်သွားခဲ့ကြရလေသည်။
ရန်ရှောက်ထျန်း၏ ပုံရိပ်မှာလင်းလက်သွားခဲ့ပြီး ရန်ဖျင်း၏ရှေ့တွင် ပေါ်လာခဲ့လေသည်။ ရန်ဖျင်းသည် မြေပြင်ပေါ်တွင်မှောက်လျက်လဲလျောင်းနေခဲ့ပြီး သူကဟက်ဟက်ပက်ပက် ရယ်မော နေဆဲဖြစ်လေသည်၊ သူ၏ရယ်သံမှာ လူကို ကြက်သီးထစေလောက်အောင် ရှိနေတော့သည်။
"ရန်ရှောက်ထျန်း... ငါ သေသွားရင်တောင် ငါ့ရဲ့ သန်းပေါင်းရာနဲ့ချီတဲ့ ငရဲနတ်ဘုရားဂိတ် တပည့်တွေက မင်းကိုဆက်ပြီးသတ်နေဦးမှာပဲ၊ မင်းဘေးနားကလူတိုင်းကို သုတ်သင်ပစ်ဦးမှာပဲ၊ ပြီးတော့ ချန်ဆန်းစံအိမ်တော်ကိုလည်း သတ်ဖြတ်နေဦးမှာပဲ"
"ငါ့အဖေက တစ်နေ့ကျရင်ပြန်လည်အသက်ရှင်လာမှာပဲ၊ သူ ငါ့အတွက် ကလဲ့စားချေ လိမ့်မယ်"
ရန်ရှောက်ထျန်း၏ မျက်နှာမှာအေးစက်နေတော့သည်။ သူသည် ချန်ဆန်းဓားကို ကိုင်ဆွဲလိုက် ပြီး ရန်ဖျင်း၏လည်ပင်းကိုဖြတ်လိုက်လေသည်။ သွေးများပန်းထွက်လာချိန်တွင် ရန်ဖျင်း၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့လိမ့်ကျသွားခဲ့လေသည်။
"မင်းရဲ့ နောက်ဆုံးစကားတွေကို ကျုပ်လက်ခံလိုက်ပါတယ်" ဟု ရန်ရှောက်ထျန်းက အေးစက်စွာ ပြောလိုက်လေသည်။
"ဒါပေမဲ့ မင်းအဖေကတော့ဘယ်တော့မှပြန်လည်အသက်ရှင်လာမယ့်နေ့ ရှိမှာမဟုတ် တော့ဘူး"
သူ ပထမဆုံး နတ်ဘုရားမီးလျှံမီးတောက် သုံးခုကို နှိမ်နင်းနိုင်သည့်နေ့မှာ ပြိုင်ဘက်ကင်းငရဲ နတ်ဘုရား လုံးဝပျောက်ကွယ်သွားမည့်နေ့ပင် ဖြစ်လေတော့သည်။