“ အဆင်ပြေပါတယ် … ဒီတိုင်း သုည ဒီဂရီအောက်လေးပဲမလား …” လော့ချီက ပြောလိုက်ပြီး “ ပြီးတော့ ကျွန်မက မိန်းမသားဆိုတော့ မစ်ရှင်မှာ လိုအပ်လာရင် ခေါင်းဆောင်ရဲ့ ဇနီး အဖြစ်လည်း အသွင်ယူပေးလို့ရတယ် … ဘယ်လောက်ထိ အဆင်ပြေထားလိုက်လဲ ….”
“ နင့်ကိုယ်နင် အရမ်းဖြစ်နေတယ်ထင်ရင် ညီမက ဖြေလျှော့ပေးလို့ရတယ် … ခေါင်းဆောင်ကိုပဲ အချိန်တိုင်း စိတ်ကူးယဉ်မနေနဲ့ ….” ကျန်းချောင်ယွဲ့က စနောက်လိုက်၏။
“ လစ်စမ်း … ငါ့ဘာငါ စိတ်ကူးယဉ်ချင် ယဉ်မှာပေါ့ … နင့်အပူပါလား …”
နှစ်ယောက်က အချင်းချင်း လှောင်ရယ်နေစဉ်မှာပဲ ချိုးယွီလော့နှင့် နင်ချဲ့တို့နှစ်ဦးက ရောက်လို့လာသည်။
“ မင်းတို့ နှစ်ယောက်တည်းလား …. ကျန်တဲ့ တခြားလူတွေရော ဘယ်မှာလဲ …..”
“ သူတို့ကို တစ်ခါတည်း တန်းသွားခိုင်းထားတယ် ….” နင်ချဲ့ ပြောလိုက်ပြီး “ လူခွဲပြီး သွားတာက မစ်ရှင်အတွက် ပိုပြီး အဆင်ပြေတယ်လေ ….”
“ အဲ့တာလည်း ဟုတ်ပါတယ် ….” လင်းရီ ခေါင်းညိတ်လိုက်သည်။
“ ကဲ ဒါဆို အခုသွားကြစို့ ….”
ရှစ်ယောက်သား ယာဉ်ပေါ်ရောက်သည်နှင့် လေယာဉ်လည်း ချက်ချင်း ထွက်ခွာတော့သည်။ ချိုးယွီလော့က ပြောလိုက်၏။
“ ငါ့ဘက်က သတင်း အသစ်ရထားတယ် … သူတို့ကြည့်ရတာ ဆွစ်က အရာရှိတစ်ယောက်နဲ့ ဆက်သွယ်မိထားပုံပဲ … သူတို့နဲ့ ပူးပေါင်းပြီး နည်းပညာ အသစ်ကို အသုံးချဖို့ ကြံနေတာ ဖြစ်လောက်တယ် … ကိစ္စရပ်တွေကတော့ ရှုပ်ထွေးလာနေပြီ ….”
“ ဆွစ်အရာရှိ ပါတနာလား …..” လင်းရီ မျက်မှောင်ကြုတ်သွားခဲ့သည်။
“ ဆွစ် အရာရှိတွေမှာ ပိုက်ဆံမရှားဘူး .. ဒီတော့ ဒီရဲ့ ပူးပေါင်းမှုမှာ ကျိုးမိသားစုရဲ့ နေရာက အတော်လေး အရေးမပါတဲ့ အနေအထားမှာပဲ …”
“ အမှန်ပဲ …. ဒါပေမယ့် နင် တစ်ချက်ကိုတော့ မေ့နေတယ် …. ဆွစ်ဇာလန်ဆိုတာ ကမ္ဘာ့အခင်းအကျင်းမှာ ကြားနေနိုင်ငံဆိုပြီး နာမည်ကြီးတယ် … တစ်ကမ္ဘာလုံးကလည်း အဲ့ဒီအချက်ကို အသိအမှတ်ပြုထားကြတယ် … တကယ်လို့ သူတို့က ဒီကိစ္စမှာ ပါဝင်ပတ်သက်ဝံ့မယ်ဆိုရင် တစ်ကမ္ဘာလုံးရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်ရနိုင်တယ် ….”
“ ဒါပေမယ့် ပါတနာ ပူးပေါင်းမှုအနေနဲ့ပဲ ဆိုရင်တောင် ဒီကိစ္စထဲမှာ သူတို့ ပါဝင်ပတ်သက်နေတယ်ဆိုတာ အသိသာကြီးပဲ မဟုတ်လား ….”
“ ဒီမှာ တင်းကြပ်တဲ့ဘောင်တွေ ရှိတယ် …. ဆွစ်ဘက်က ရန်ပုံငွေ ထောက်ပံ့ပေးဖို့ ရှိမရှိ ဆိုတာပဲ ….” ချိုးယွီလော့ ပြောလိုက်၏။ “ ဒါကြောင့်မို့ ဒီကဏ္ဍမှာတော့ ကျိုးမိသားစုက အရေးပါတဲ့ အခန်း ကဏ္ဍမှာ ရှိနေတယ် … ဆွစ်အရာရှိတွေနဲ့အတူ အကျိုးအမြတ်ကို ရိတ်သိမ်းရုံပဲ ….”
“ ယုတ္တိတော့ ရှိတယ် ….” လင်းရီ စက္ကန့်အနည်းငယ်ကြာအောင် အတွေးနက်နေပြီးနောက် မေးမြန်းလိုက်၏။ “ သူတို့ရဲ့ လက်ရှိ လှုပ်ရှားမှုတွေကို ခြေရာခံလို့ မရဘူးလား ….”
“ မနေ့ညတုန်းကတည်းက ကျိုးမိသားစုကို ခြေရာခံလို့ မရတော့ဘူး … အဲ့တာကြောင့်မို့လည်း ဘော့စ်လျိုက အရေးပေါ် အစည်းအဝေးခေါ်ပြီး ခပ်မြန်မြန်ပဲ လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်တာ ….”
“ အခုထိကို ဘာသတင်းမှ မရသေးဘူးပေါ့ …..”
“ အဲ့လို ပြောလို့ရတယ် … သူတို့တွေ ရေဒါပေါ်ကနေ ပျောက်နေတာ နာရီအတော်ကြာနေပြီ ….” ချိုးယွီလော့ ပြောလိုက်သည်။
“ ငါ့အထင်တော့ ဆွစ်အရာရှိတွေဘက်က အကာအကွယ်ပစ္စည်းတွေ ထောက်ပံ့ပေးထားတယ်နဲ့ တူတယ် …. မဟုတ်ရင် ခြေရာလက်ရာ မကျန်ဘဲ ပျောက်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”
“ အဲ့လိုသာဆိုရင်တော့ ဆွစ် အရာရှိတွေဘက်ကအနေ အရင် စလှုပ်ရှားဖို့လိုလောက်မယ် …” လင်းရီ လက်မောင်းတင်သည့် ခုံပေါ်တွင် လက်ညှိုးကို တတောက်တောက် ခေါက်လိုက်ပြီး “ ဒီကိစ္စကို တာဝန်ယူထားတဲ့လူက ဘယ်သူလဲဆိုတာရော သိလား ….”
“ ကားလ် ဘားနဒ် … ဥက္ကဌရဲ့သားပဲ ….”
“ သူ့မိသားစုဝင်ကို တာဝန်ယူခိုင်းထားတယ်ပေါ့ …. မင်းဟာက သေရောသေချာလို့လား ….”
“ သေချာသလောက် နီးပါးလို့တော့ ထင်တာပဲ …” ချိုးယွီလော့ ပြောလိုက်ပြီး “ တစ်ချို့ အတွင်းသတင်းတွေ ပြောပုံအရဆိုရင် ကားလ် ဘားနဒ်က ကျိုးကွမ်းယောင်နဲ့ တစ်ကြိမ်တစ်ခါတည်း တွေ့ဖူးတယ်ဆိုပေမယ့် သူတို့ကြားမှာ အဆက်အသွယ်ရှိနေတာတော့ လုံးဝ သေချာတယ် …..”
“ သုံးသပ်ကြည့်လိုက်ရင် အဲ့တာက အတော်လေး ဖြစ်နိုင်ချေများပါတယ် … တကယ်လို့ တခြား အရာရှိတွေကို တာဝန်ပေးထားလိုက်မယ်ဆိုရင် သတင်းပေါက်ကြားနိုင်မယ့် အန္တရာယ်ကို စိုးရိမ်ရတယ် … မိသားစု အတွင်းမှာပဲ ထားတာက အကောင်းဆုံးပဲ ….”
“ ပြီးတော့ ဆွစ်ဇာလန်လို နိုင်ငံမျိုးမှာ သူတို့ရဲ့ နိုင်ငံရေးအာဏာက မတည်ငြိမ်ဘူး … အဲ့လိုမျိုး အင်အားစု တစ်ရပ်ကို တိတ်တဆိတ် ပျိုးထောင်ပေးနေတယ်ဆိုတာက ယုတ္တိတော့ ရှိပါတယ် ….”
“ ဒါဆိုရင်တော့ ရှင်းသွားပြီ …. အရာရှိတွေက ငွေချမ်းသာကြပေမယ့် ထုတ်သုံးလို့ မရကြဘူး … ကျိုးမိသားစုက အဲ့ကွက်လပ်ကို ဖြည့်ပေးသွားခဲ့တာပဲ ….”
“ ငါတို့ချင်း အတွေးတူနေတာပဲ …..” ချိုးယွီလော့ ပြောလိုက်ပြီး “ ဆိုတော့ အခု … ငါတို့ရဲ့ အဓိက ပစ်မှတ်က ကားလ် ဘားနဒ်ကို ရှာဖို့ပဲ … ပြီးရင် သူနဲ့ နီးစပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေရမယ် … ကျိုးကွမ်းယောင်ကို ဖမ်းဖို့အတွက် အသုံးဝင်မယ့် သတင်းအချက်အလက်တွေကို အရယူရမယ် ….”
“ တကယ်တမ်းပြောရရင် ကျိုးကွမ်းယောင်လို လူက အရေးမကြီးတော့ဘူး … အရေးကြီးတာက သူတို့လက်ထဲရှိထားတဲ့ နည်းပညာကို ဘယ်လို အရယူရမလဲ ဆိုတာပဲ ….” လင်းရီ ပြောလိုက်သည်။
“ ငါ သိသားပဲ … နင့်ရဲ့ ရည်မှန်းချက်တွေက ဘယ်တော့မှ ရိုးရှင်းမှာ မဟုတ်ဘူးဆိုတာ …..” နင်ချဲ့က ပြုံးလျက် ဆိုလိုက်၏။
“ လာတောင် လာပြီးမှတော့ အကြီးကြီး ကစားသင့်တယ် မထင်ဘူးလား …..”
“ အစ်မချိုး … ကားလ် ဘားနဒ်မှာ အထူးတလည် စိတ်ဝင်စားတဲ့ ဝါသနာမျိုး မရှိဘူးလား … ပြောရရင် မိန်းမတွေကိုပေါ့ …. ကျွန်မ သူနဲ့ နီးကပ်ဖို့ ကြိုးစားကြည့်လို့ရတယ်လေ ….” လော့ချီက သူမကိုယ်သူမ ကမ်းလှမ်းလာသည်။
ချိုးယွီလော့၏ အမူအရာက ထူးဆန်းသွားခဲ့ပြီး မသိစိတ်အလျောက် လင်းရီကို ကြည့်လိုက်သည်။
“ တစ်ချို့ လူပြောများတဲ့ သတင်းတွေအရနဲ့ စုံစမ်းထားမိသလောက်ဆိုရင် သူ့ကြည့်ရတာ အမျိုးသမီးတွေကို စိတ်ဝင်စားတဲ့ပုံ မပေါ်ဘူး … သူ့အသက်က ၃၅ နှစ်ရှိပြီ … ဒါတောင် အိမ်ထောင်မကျသေးဘူး … ကောင်မလေး တစ်ယောက်တောင် မရှိဘူး ….”
“ ဟယ်တော် …. သူ ဖြောင့်တော့ ဖြောင့်ပါတယ်နော်….” ကျန်းချောင်ယွဲ့က အံ့အားတကြီးနှင့် မြည်တမ်းလိုက်မိ၏။
“ အမ် …. အတိအကျတော့ မပြောနိုင်ဘူးဆိုပေမယ် … သူက …..”
“ လခွမ်း ….”
လူတိုင်း အံ့အားတကြီး မြည်တမ်းမိလိုက်ကြပြီး မျက်လုံးပေါင်းစုံက လင်းရီထံသို့ ကျရောက်သွားခဲ့သည်။
“ လခွမ်းမို့လို့ ငါ့လာကြည့်နေကြတာလား ….” လင်းရီ ကျိန်ဆဲလိုက်ပြီး “ မင်းတို့ကောင်တွေ လုပ်ဖို့ ကြိုးစားနေတယ်ဆိုရင် ကျန်းချောင်ယွဲ့ဆီသွား … သူက စောက်ရမ်း ကျားချင်နေတာ …..”
“ ဟင့်အင်း ဟင့်အင်း … တို့လည်း စိတ်မဝင်စားဘူး … လောင်ကျောက်ဆိုရင်တော့ ပြောမရလောက်ဘူး … သူ စိတ်ပါရင် ပါလောက်တယ် ….”
“ လခွမ်းကို စိတ်ပါရမှာလား ….. အစ်ကိုချန်ကိုပဲရှာ … ငါ့ ဘောင်ကျဉ်းကျဉ်းလေးက ဒါကြီးတော့ မကိုင်တွယ်နိုင်ဘူး ….”
ရိုးအေးရှာသည့် စွေ့ချန်မှာ ဘာစကားမျှ မဆိုဘဲ ထိုင်ခုံနေရာ၌ နှုတ်ဆိတ်လျက်ပဲ ရှိနေသည်။ သို့ပေမယ့် သူ့အမူအရာထက်တွင်တော့ ရွံရှာသည့် အရိပ်အယောင်များကို မြင်တွေ့နေရသည်။
“ ဒီကိစ္စ နောက်မှပဲ စဉ်းစားကြတာပေါ့ ….”
ပြီးသည့်နောက် သူတို့တွေ ကားလ်ဘားနဒ်၏ ကိုယ်ကျင့်စရိုက်လက္ခဏာများကို လေ့လာဆန်းစစ်ပြီး ပလန် တစ်ခု ရေးဆွဲကြ၏။
သို့ပေမယ့် မည်သူကမျှတော့ သူတို့ကိုယ်သူတို့ မစတေးလိုကြပဲ ရှိနေသည်။
ဘာကြောင့်ဆိုတော့ ကျိုးကွမ်းယောင်သည် အသင်းတစ် အဖွဲ့သားများ၏ သွင်ပြင်ကို တစ်ခါမြင်ထားဖူး၏။ ထို့ကြောင့်လည်း ထိုကဲ့သို့သော လုပ်ရပ်က အတော်လေး အန္တရာယ်များလွန်းလှ၏။
နောက်ဆုံး၌ အသင်းတစ်ထဲတွင် မျက်နှာ အပြနည်းသည့် ကျောက်ဟန်ထံသို့သာ မဲက ရောက်ရှိသွားခဲ့လေသည်။
နာရီ ၂၀ ခန့်မျှ လေယာဉ်စီးပြီးနောက် လေယာဉ်က ဇူးရစ် လေဆိပ်သို့ ဆင်းသက်လာခဲ့၏။ အချိန်က ဆွစ် စံတော်ချိန် မွန်းလွဲ နှစ်နာရီ ဖြစ်ပြီး အချိန်ကောင်းပင်။
သူတို့တွေ ဟိုတယ်သို့ ရောက်သည်နှင့် အသင်း ၃ အဖွဲ့သားတို့က ရုပ်ဖျက်ထားကြပြီး ဖြစ်ပြီး ကားလ် ဘားနဒ်ကို ခြေရာခံနေကြ၏။
“ နင် ဘာတွေ စဉ်းစားနေတာ … စကားလည်း ဘာမှ သိပ်မပြောဘူးနော်….”
သုံးအုပ်စုလုံး လူစုခွဲသွားပြီးနောက် လင်းရီက အခြား အသင်းဝင်နှစ်ယောက်နှင့်အတူ ဟိုတယ်၏ ကော်ဖီဆိုင်ထဲသို့ ဝင်လာပြီး နောက်ခြေလှမ်း အသစ် တစ်ခုအတွက် သတင်းပေးလာမှာကို စောင့်ဆိုင်းနေခဲ့သည်။
သို့ပေမယ့် ဤအတောအတွင်း ချိုးယွီလော့နှင့် နင်ချဲ့တို့ကသာ စကားပြောဆိုနေခဲ့ကြပြီး လင်းရီက ဘေးတွင် တိတ်တဆိတ် ထိုင်နေကာ သိပ်ပြီးမှ ဝင်ပါ ပြောဆိုခြင်း မရှိပေ။
“ ငါ အခုလေးတင် ဟိုတယ်ထဲ ဝင်လာတော့ အာရှသား တစ်ယောက်ကို တွေ့လိုက်မိသလိုပဲ … ဂျပန်မျက်နှာပေါက်နဲ့ တော်တော်လေး ဆင်တယ် …..”
နှစ်ယောက်မှာ တစ်ယောက်ကိုယ်တစ်ယောက် ကြည့်လိုက်မိကြ၏။ သူမတို့တွေ အနှီ အသေးစိတ်ကို သတိမပြုမိသော်လည်းပဲ လင်းရီ ပြောဆိုသည်ကတော့ အတော်လေး ဖြစ်နိုင်လောက်သည်။
“ သူတို့တွေ ဝင်စွက်ဖက်လာတာက အခြေအနေကို ကမောက်ကမ ဖြစ်သွားစေပြီး ငါတို့ရဲ့ မစ်ရှင် အပေါ် သက်ရောက်မှု ရှိလာမှာကို စိုးရိမ်နေတာလား ….”
“ အဲ့တာကလည်း တစ်စိတ်တစ်ပိုင်းပဲ … တကယ်လို့ ဂျပန်ဘက်က ဒီတိုင်း လူလွှတ်ထားတာဆိုရင်တော့ ပြဿနာ သိပ်ရှိမှာ မဟုတ်ဘူး … ဒါပေမယ့် ငါ စိုးရိမ်တာက သတင်းပေါက်ကြားသွားမှာကိုပဲ ….” လင်းရီ ပြောလိုက်သည်။
“ ကမ္ဘာရဲ့ နိုင်ငံတကာ အခင်းအကျင်းမှာ အမေရိကန်က ကြီးစိုးမှု ရှိနေသေးတုန်းပဲ … ဂျပန်ဆိုတာ အမေရိကန်ရဲ့ ခိုင်းဘက် … ကေဒီအဖွဲ့အစည်း သိတာကို တခြားသူတွေကလည်း သိကောင်း သိနိုင်လောက်တယ် …. အမေရိကန်တွေ ဒီကိစ္စ သိသွားတာနဲ့ ဂျပန်ကို ဖိအားပေးလာမှာပဲ …. ကစားပွဲ အဆုံးသတ်က ဘယ်လို ဖြစ်သွားမလဲဆိုတာ ဘယ်သူမှ သေချာမသိဘူးလေ ….”
“ ဂျပန်က သူတို့ရဲ့ ခိုင်းဘက်ဆိုတာ မှန်တယ် … ဒါပေမယ့် သူတို့တွေ ဒီကိစ္စကိုတော့ လိုက်လျောလိမ့်မယ်လို့ မထင်ဘူး ….”
“ ဂျပန်ဘက်က လိုက်လျောမှာ မဟုတ်သလို အမေရိကန်ဘက်ကလည်း လက်လျှော့မှာ မဟုတ်ဘူး …. ကျွန်းကနေ ထွက်ပေါ်လာတဲ့ အရာတိုင်းက ကမ္ဘာ့အခင်းအကျင်းကို ပြောင်းလဲသွားစေနိုင်လောက်တဲ့အထိကို အစွမ်းသတ္တိရှိတဲ့ အရာတွေချည်းပဲ …. အမေရိကန်တွေရဲ့ နံပါတ်တစ်ဆိုတဲ့ နေရာကိုတောင် ခြိမ်းခြောက်နိုင်တယ် … အဲ့တစ်ချက်ကို ထည့်သွင်းစဉ်းစားကြည့်ရင် သူတို့ဘက်က ရက်စက်သင့်လည်း ရက်စက်လာမှာပဲ …”
***