နံနက် ၁၀ နာရီ ၄၈ မိနစ်။
နေ့အလင်းရောင် ပေါ်ထွက်လာချေပြီ။ တစ်ညလုံး ရွာသွန်းခဲ့သော မိုးစက်များ ပျောက်ကွယ်သွားကာ အရုဏ်ဦးမြို့တော်သည် နောက်ထပ် အရုဏ်ဦးသစ်တစ်ခုကို ကြိုဆိုလိုက်ရပြန်သည်။ အမှောင်ထု လွင့်ပြယ်သွားပြီး နေရောင်ခြည်သည် ဤမြို့ကြီးပေါ်သို့ ဖြာကျလာချိန်တွင် ကောင်းကင်ယံ၌ မီးခိုးရောင်များ ဖုံးလွှမ်းနေသည်။
ဒက် ဒက် ဒက် ဒက်
နောက်ဆုံး သေနတ်သံများ စဲသွားချိန်တွင် မြို့တစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ မြို့ရိုးပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော စစ်သည်များနှင့် သွေးစွန်းနေသော မျက်နှာများပေါ်သို့ နေရောင်ခြည် ဖြာကျလာသည်။ ထိုအချိန်တွင် သူတို့အားလုံး အသက်ရှင်ကျန်ရစ်ခဲ့ပြီဖြစ်ကြောင်း နားလည်သွားကြသည်။
အသက် ၁၇ နှစ်အရွယ် စစ်သားလေးတစ်ဦးသည် သေနတ်ကိုလွယ်ကာ မြို့ရိုးအနားသို့ လျှောက်သွားလိုက်သည်။ မြို့ပြင်ဘက်ရှိ ပျက်စီးနေသော မြင်ကွင်းကို ကြည့်လိုက်သည့်အခါ ကြောက်မက်ဖွယ် ကောင်းလှသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ မြို့ရိုးအပြင်ဘက်ရှိ ဆင်ခြေဖုံးရပ်ကွက်များမှာ မရှိတော့ချေ။ ပျက်စီးနေသော အထပ်မြင့်အဆောက်အအုံများမှာ သတ္တဝါကြီးတစ်ကောင်၏ ဝါးမျိုခြင်းခံထားရသော အရိုးစုများအလား ဖြစ်နေကာ ကွန်ကရစ်တုံးများနှင့် သံချောင်းများ ရှုပ်ထွေးနေပြီး အနက်ရောင်မီးခိုးများ ထွက်ပေါ်နေသည်။
လမ်းမများမှာလည်း အမြောက်ဆံများကြောင့် ပျက်စီးကာ မြေနီလမ်းများအဖြစ်ပြောင်းလဲသွားပြီး သွေးများဖြင့် ပြည့်နေသည့် တွင်းကြီးများမှာ ပါးစပ်ဟထားသည့်အလား ရှိနေသည်။ မီးပွိုင့်တိုင်များတွင် မွန်းစတားသတ္တဝါဆိုးများ၏ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ တွဲလောင်းကျနေပြီး မှန်ကွဲစများမှာလည်း နေရောင်အောက်တွင် သွေးရောင်စွန်းနေသော စိန်ပွင့်များအလား တောက်ပနေသည်။
သောင်းနှင့်ချီသော ဖုတ်ကောင်များနှင့် ထူးဆန်းသည့်သတ္တဝါများ၏ အလောင်းများမှာ တောင်ပုံရာပုံဖြစ်နေကာ လမ်းတိုင်း၊ အပျက်အစီးတိုင်းတွင် ပြည့်နှက်နေသည်။ အချို့မှာ အမြောက်ဒဏ်ကြောင့် ကြေမွနေပြီး အချို့မှာ မီးလောင်တိုက်သွင်းခြင်း ခံထားရသည်။ မြို့ရိုးအစွန်းတွင် ဧရာမ သတ္တဝါကြီးတစ်ကောင်၏ ခေါင်းပြတ်ကြီး ချိတ်နေပြီး နျူကလီးယားပေါက်ကွဲမှုဒဏ်ကြောင့် ကီလိုမီတာများစွာ ဝေးသောနေရာမှ လွင့်စင်လာခြင်း ဖြစ်သည်။
မြို့ထဲက အခြေအနေမှာလည်း ထူးမခြားနားလှချေ။ အထပ်မြင့် အဆောက်အအုံများမှာ ပျံသန်းနိုင်သော ထူးဆန်းသည့်သတ္တဝါများ၏ တိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးနေပြီး လမ်းမများပေါ်တွင်လည်း အသက်ရှင်ကျန်ရစ်သူတို့၏ ကားများမှာ မီးလောင်ပျက်စီးနေသည်။ လမ်းမများပေါ်တွင် သတ္တဝါများ၏ အလောင်းများနှင့် ကျည်ခွံများ ပြည့်နှက်နေပြီး လေယာဉ်ပစ်အမြောက်များမှာလည်း အပူရှိန်ကြောင့် အခိုးအငွေ့များ ထွက်နေဆဲ ဖြစ်သည်။ ဒုံးကျည်တောင်ပံများသည်လည်း အပျက်အစီးများကြားတွင် တစ္ဆေအုတ်ဂူမှတ်တိုင်များအလား စိုက်ဝင်နေသည်။
အသက်ရှင်ကျန်ရစ်သူများနေထိုင်ရာ ရပ်ကွက်တိုင်းတွင် လူပေါင်းများစွာသည် ကြောက်လန့်တကြားနှင့် ပင်ပန်းနွမ်းနယ်နေကြကာ သူတို့၏ ခန္ဓာကိုယ်နှင့် ကားများပေါ်တွင် မီးခိုးများနှင့် သတ္တဝါများ၏ သွေးများ ပေကျံနေသည်။ လူအများသည် တစ်ဦးကိုတစ်ဦး လှမ်းခေါ်ရင်း သူတို့ အသက်ရှင်နေသေးကြောင်းကို တဖြည်းဖြည်းပြန်သတိဝင်လာကြသည်၊၊
“မိုးလင်းပြီ... မိုးလင်းပြီဟေ့”
“မိုးလင်းသွားပြီ”
တစ်ညတာလုံး အိပ်မက်ဆိုးကြီးကို ဖြတ်ကျော်ခဲ့ရသည့် သန်းနှင့်ချီသော အသက်ရှင်ကျန်ရစ်သူများသည် ယခုအခါ ဘေးအန္တရာယ်မှ လွတ်မြောက်ခဲ့သည့်အတွက် ဝမ်းသာအားရ ဖြစ်နေကြသလို တုန်လှုပ်ချောက်ချားမှုများလည်း ရှိနေဆဲဖြစ်သည်။ စနစ်တကျဖွဲ့စည်းထားသော ယာဉ်တန်းများက ကယ်ဆယ်ရေးနှင့် ဆေးကုသရေးလုပ်ငန်းများကို ချက်ချင်း စတင်လိုက်ကြပြီး ပိုင်ဆိုင်မှုများကို ခွဲခြားခြင်းနှင့် လူဦးရေစာရင်းကောက်ယူခြင်းများကို ဆောင်ရွက်ကြသည်။ လမ်းထောင့်များတွင်လည်း ဝိညာဉ်များပမာ အထီးကျန်စွာ ထိုင်ငိုနေသည့် မိသားစုများနှင့် ပျက်စီးနေသော ယာဉ်တန်းများကို တွေ့ရသည်။ အချို့က အပျက်အစီးများကြားတွင် ချစ်ခင်ရသူများကို လိုက်လံရှာဖွေနေကြပြီး အချို့မှာမူ သောက်သုံးရေရရှိရန် ဟိုဟိုဒီဒီပြေးလွှားနေကြသည်။ ပြိုကျနေသော အဆောက်အအုံများမှ ထွက်ပေါ်လာသည့် ဖုန်မှုန့်များကြောင့် လူတိုင်း၏ ဆံပင်များမှာ မီးခိုးရောင်သန်းနေသည်။
“မိုးလင်းပြီ၊ မြန်မြန်ပြင်ကြ၊၊ အရုဏ်ဦးမြို့တော်ကနေ အခုပဲ ထွက်ကြမယ်”
“မြောက်ဘက်ကို သွားကြ၊ မြောက်ဘက်ကို”
“အရှေ့ဘက်ကို သွားကြမယ်”
“အသုံးဝင်မယ့် ရိက္ခာတွေ အကုန်ယူခဲ့ကြ”
“ဖီးနစ်ရောက်လာပြီ၊ သူတို့ တပ်ဖွဲ့တွေနဲ့အတူ ငါတို့ လိုက်သွားကြမယ်”
ငိုကြွေးသံများ၊ အော်ဟစ်သံများနှင့် အောင်ပွဲခံသံများမှာ ရပ်ကွက်အတွင်းရှိ လမ်းမများတစ်လျှောက်တွင် ပဲ့တင်ထပ်နေသည်။
အမွှာကြယ်မျှော်စင်နှင့် ကောင်းကင်ငြိမ်သက်ခြင်းသင်္ဘောပေါ်တွင်မူ ရှုယန်နှင့် ဖယ်ဒရေးရှင်းအရာရှိများစွာ စုဝေးနေကြပြီး သယ်ယူပို့ဆောင်ရေးသင်္ဘောအချို့လည်း ရောက်ရှိလာသည်။ သင်္ဘောတစ်စင်းမှာ အစောင့်တပ်မှူး လုထျန်းယဲ့၏ သင်္ဘောဖြစ်ပြီး ကျန်နှစ်စင်းမှာ မြောက်အမေရိကပေါင်းစည်းတပ်ဦးမှ ရှုကျန်းယွဲ့နှင့် သံမဏိအစောင့်တပ်ရင်း ၈၃ ခေါင်းဆောင် ဟွာကျန်းတို့၏ သင်္ဘောများ ဖြစ်ကြသည်။
ထို့ကြောင့် ဖီးနစ်အဖွဲ့အစည်းနှင့် အရုဏ်ဦးမြို့သားတို့မှာ တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားကြသည်။
“ရှေ့တန်းစီမံကိန်း အောင်မြင်သွားပြီ”
ယဲ့လန်က လူတိုင်းကို ကြည့်ကာ ပြောလိုက်သည်။
“ဒါက ဂုဏ်ပြုသင့်တဲ့ ကိစ္စပဲ၊၊ အနည်းဆုံးတော့ လူသားယဉ်ကျေးမှုရဲ့ မျိုးစေ့နှစ်ခု နေအဖွဲ့အစည်းထဲကနေ ထွက်ခွာသွားနိုင်ပြီ၊၊ ဒါက အခုလို မျှော်လင့်ချက်မဲ့နေတဲ့ ငါတို့အတွက်တော့ အားဆေးတစ်ခွက်ပဲ”
ထိုသို့ပြောပြီးနောက် သူမသည် တိုက်ပွဲအပြီး ပျက်စီးနေသည့် မြို့မြင်ကွင်းကို ကြည့်ကာ သက်ပြင်းချလိုက်သည်။
“အခုတော့ ကျန်ရစ်ခဲ့တဲ့ ငါတို့တွေ ရှည်လျားလှတဲ့ နောက်ထပ်ညကို ဘယ်လို ဖြတ်ကျော်မလဲဆိုတာ စဉ်းစားရတော့မယ်”
…
လင်းရှန်ကို ဖီးနစ်က ကြယ်မြို့တော် ဂြိုဟ်ပတ်လမ်းစခန်းသို့ ကီကီ၊ ရှီဇီနှင့် ကျန်ရှိနေသော ချီနို၏အဖွဲ့သားများနှင့်အတူ ပြန်လည် ကယ်တင်လာခဲ့သည်။ ဂြိုဟ်ပတ်လမ်းစခန်း၏ ပလက်ဖောင်းပေါ်တွင် အလောင်းတင်အိတ်ပေါင်း ၆၀ ကျော်ကို စီထားသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း လင်းရှန်က ချီနိုကို သက်ပြင်းချကာ ပြောလိုက်သည်။
“လခြမ်းကွေးစစ်ဆင်ရေး ကျရှုံးသွားပြီ၊၊ အမှောင်ထုထဲက သတင်းအချက်အလက်ကို ရဖို့ဆိုရင် ကျုပ်တို့ကိုယ်တိုင် S-Class အဆင့် တစ်ကောင်ကို သတ်နိုင်မှပဲ ဖြစ်တော့မယ်”
ထိုသို့ ပြောလိုက်သော်လည်း ၎င်းမှာ မဖြစ်နိုင်သလောက် ခက်ခဲသော အလုပ်ဖြစ်ကြောင်း လင်းရှန် သိနေသည်။ ဖီးနစ်အနေဖြင့်လည်း S-အဆင့် တစ်ကောင်၏ ‘ဦးနှောက်ဆဲလ်’ ကို ရရှိရန်မှာ မလွယ်ကူကြောင်း နားလည်ထားသည်။ ထို့ပြင် ၎င်းကို အနီရောင်ကမ္ဘာကဲ့သို့ တွင်းနက်ထဲတွင် ပြုစုပျိုးထောင်ရန်အတွက် လူပေါင်းရာချီ၏ အသက်ကို ပေးဆပ်ပြီး အာရုံကြောချိတ်ဆက်မှုများ ပြုလုပ်ရဦးမည် ဖြစ်သည်။ ဖီးနစ်က ထိုသို့ လုပ်ဆောင်နိုင်လျှင်ပင် ယခုအခါ သူတို့တွင် အချိန်မရှိတော့ချေ။
“အခုတော့ အဲဒါက မဖြစ်နိုင်တော့ဘူး ထင်တယ်၊၊ မြူမီးခိုးက ကောင်းကင်အကာကွယ်ကို ဖောက်ထွက်သွားတာကြောင့် တွင်းနက်ထဲမှာ အပြောင်းအလဲတွေ ထပ်ဖြစ်ကုန်ပြီ”
ချီနိုက ဝှီးချဲပေါ်တွင် ထိုင်ရင်း စိတ်ပျက်လက်ပျက်ဖြင့် စီးကရက်တစ်လိပ်ကို မီးညှိကာ ပြောလိုက်သည်။
“အခု စောင့်ကြည့်ရေးစက်ရုပ်တွေရဲ့ အစီရင်ခံစာအရ အမှတ် ၇ တွင်းနက်ထဲမှာ S-Class အဆင့် တစ်ကောင်တည်း မဟုတ်ဘဲ သုံးကောင်တောင် ရှိနေတယ်၊၊ အမှတ် ၅၊ ၇ နဲ့ ၈ တွင်းနက်တွေဆီကိုလည်း S-Class အဆင့်တွေ ချဉ်းကပ်လာနေပြီ၊၊ ဒါတင်မကသေးဘူး၊ အမှတ် ၅ တွင်းနက်ကနေ ဖုတ်ကောင်သိုးထိန်းတွေ ထွက်လာတာကိုလည်း ကင်းထောက်အဖွဲ့တွေ မြင်လိုက်ရတယ်တဲ့”
သူက စကားပြောရင်း ဘေးသို့ တံထွေးတစ်ချက် ထွေးလိုက်ကာ လေးနက်စွာ ဆက်ပြောသည်။
“ငါတို့ တွင်းနက်နဲ့ ချိတ်ဆက်တာပဲဖြစ်ဖြစ်၊ ကောင်းကင်အကာအကွယ်ကို ဖောက်ထွက်တာပဲဖြစ်ဖြစ်၊ ဒီသတ္တဝါတွေကို တော်တော်လေး ဒေါသထွက်စေခဲ့ပုံရတယ်၊၊ ဒါကြောင့် အခု ဖီးနစ်ရဲ့ အဓိကအလုပ်က လူတွေကို ရွှေ့ပြောင်းဖို့ပဲ ဖြစ်နေပြီ”
ထိုအချိန်တွင် ကျန်းယွမ် လမ်းလျှောက်လာသည်။
“မိုးလင်းတာနဲ့ အကြီးစားယာဉ်တန်းအတော်များများ ဆုတ်ခွာနေကြပြီ၊၊ ဖီးနစ်ကလည်း မကြာခင်မှာ လူတွေကို ရွှေ့ပြောင်းဖို့ စီစဉ်နေတယ်”
လင်းရှန်က သူ့ကို ကြည့်ကာ မေးလိုက်သည်။ “ကျန်းရှု့ဝေရော”
“သူမနဲ့ ကျန်းဇီယန်က ကောင်းကင်အမိုးခုံးယာဉ်တန်းကို သွားကြိုနေကြတယ်”
ကျန်းယွမ်က အချိန်ကို ကြည့်လိုက်ပြီး “ရွေ့လျားအချက်ပြစခန်းက သတင်းရထားတယ်၊ သူတို့ မကြာခင် မြို့ထဲကို ဝင်လာတော့မှာပါ”
လင်းရှန်က ပင်ပန်းနွမ်းနယ်စွာ ခေါင်းညိတ်လိုက်ပြီး ချူယန်၏ အလောင်းတင်အိတ်ဇစ်ကို ဖြည်းဖြည်းချင်း ပိတ်လိုက်သည်ကို လေးလံသော မျက်ဝန်းများဖြင့် ကြည့်နေမိသည်။ သူနှင့် ချူယန်၏ ဆက်ဆံရေးမှာ အနည်းငယ် ရှုပ်ထွေးလှသည်။ ကမ္ဘာပျက်ကပ်ကြီးအတွင်းတွင် လုံးဝ မသက်ဆိုင်သည့် လူနှစ်ဦးသည် အသိစိတ်မှတစ်ဆင့် ရင်းနှီးစွာ ချိတ်ဆက်မိသွားသကဲ့သို့ ဖြစ်သည်။ ထိုဖြစ်စဉ်အတွင်း ချူယန်က သူ့ကို အများကြီးကူညီပေးခဲ့သည်။
လခြမ်းကွေးစစ်ဆင်ရေးသည် ချူယန်အနေဖြင့် မဖြစ်မနေ အကောင်အထည်ဖော်ရမည့် အစီအစဉ်ဖြစ်ကြောင်း လင်းရှန် သိသော်လည်း နောက်ဆုံးအချိန်တွင် သူမသည် အနာဂတ်ထက် လက်ရှိကိုသာ ရွေးချယ်ခဲ့ပြီး လင်းရှန်နှင့်အတူ ဂလက်ဆီနှလုံးသားကို ပြန်လည်ရယူကာ မြို့တော်ကို မလိုလားအပ်သော ဘေးအန္တရာယ်မှ ကယ်တင်ပေးခဲ့သည်။ ချူယန် ဤသို့ သေဆုံးသွားလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။ နောက်ဆုံးအချိန်တွင် ချူယန်က သူ့ကို ပြောခဲ့သည်မှာ ဂျူးလိယက်စ်သည် အမှောင်ထုထဲမှ သတင်းအချက်အလက်ကို မည်သည့်အခါမျှ ထုတ်ဖော်မည် မဟုတ်သဖြင့် သူမအနေဖြင့် ဂျူးလိယက်စ်ကို စိတ်ပိုင်းဆိုင်ရာတိုက်ခိုက်မှု ပြုလုပ်မှသာ အစစ်အမှန်ထိန်းချုပ်သူကို သတ်ဖြတ်နိုင်မည် ဖြစ်ကြောင်း သိနေခဲ့သည်။
***