တိတ်ဆိတ်ငြိမ်သက်နေသော ခြံဝင်းလေးအတွင်း။
ညကောင်းကင်ယံသည် ကမ္ဘာမြေကို လွှမ်းခြုံထားပြီး ကြယ်တာရာများမှာ တောက်ပနေသည်။ အေးမြသော လေပြေညင်းလေးက စိတ်အတွင်းမှ လှုပ်ရှားမှုများကို ငြိမ်သက်သွားစေရန် ချော့မြှူနေသည့်အလား..တိုက်ခတ်လာသည် .။
သို့သော် ဤအခိုက်အတန့်တွင်...
ရှောင်ပိုင်၏ နှလုံးသားမှာမူ လုံးဝ ငြိမ်သက်မနေပေ။
သူမသည် ကိုယ်ကိုလှည့်ကာ ဂျိချန်းဖန်၏ ပေါင်ပေါ်သို့ ခွထိုင်လိုက်သည်။ သူမသည် သူ့ကို မျက်နှာမူလျက် ဖြူဖွေးနုနယ်သော လက်မောင်းအစုံဖြင့် သူ၏လည်ပင်းကို ရစ်ပတ်ထားကာ ဆွဲဆောင်မှုရှိသော မျက်ဝန်းများဖြင့် သူ့ကို စိုက်ကြည့်နေမိ၏...။
"ဒုတ်..... ဒုတ်..... ဒုတ်....."
ရှောင်ပိုင်၏ နှလုံးခုန်သံမှာ မြန်နေသည်။
အပေါ်ယံတွင် တည်ငြိမ်နေဟန် ပေါ်သော်လည်း အမှန်တကယ်တွင်မူ သူမ၏ စိတ်ထဲ၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသည်။ သူမ၏ သွယ်လျလှပသော ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေပြီး ပါးပြင်များပေါ်တွင်လည်း နီမြန်းသော အရောင်အသွေးများ ယှက်သန်းနေတော့သည်...။
ရှောင်ပိုင်သည် သူမရှေ့ရှိ လူငယ်လေးကို အလေးအနက် စိုက်ကြည့်နေသည်။
ဂျိချန်းဖန်၏ အကြည့်ထဲတွင်မူ စနောက်လိုသော အရိပ်အယောင် အနည်းငယ် ပါဝင်နေ၏။ သူသည် ရှောင်ပိုင်၏ ယိမ်းထိုးနေသော ခန္ဓာကိုယ်ကို ထိန်းပေးရန် လက်ကို ဆန့်ထုတ်လိုက်သည်။ လက်တစ်ဖက်က သူမ၏ ခါးကို ထောက်ထားရင်း သူမ စိုးရိမ်တုန်ယင်နေသည်ကို ခံစားလိုက်ရသည်...။
"ဟဲဟဲ....." ဂျိချန်းဖန် မနေနိုင်ဘဲ ရယ်မောလိုက်သည်။
"ဘာရယ်တာလဲ.........."
ဒါကို မြင်လိုက်ရသောအခါ ရှောင်ပိုင်သည် ရှက်ရွံ့မှုကြောင့် မျက်နှာ ပိုနီသွားရသည်။
သူမသည် လက်ကို မြှောက်ကာ ဂျိချန်းဖန်၏ ပခုံးကို အားဖြင့် ရိုက်လိုက်သည်။ ထို့နောက် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ရာ ချစ်စရာကောင်းသော ခြင်္သေ့မလေးတစ်ကောင်အလား...ဖြစ်နေသည်။
"ဘာ... ဘာမှမဟုတ်ပါဘူး.....” ဂျိချန်းဖန် အမြန် ခေါင်းခါပြလိုက်သည်။
"ဒါဆို ကျွန်မ မေးတာကို ဘာလို့ မဖြေတာလဲ....." ရှောင်ပိုင်၏ လှပသော မျက်ခုံးအစုံမှာ အနည်းငယ် ကြုတ်သွားသည်။
အို... ရှင်ကတော့ ဂျိချန်းဖန်ပဲ.....
ကျွန်မ အရှက်ရတာကို မြင်ချင်နေတာ မဟုတ်လား.....
ရှင်ကို ရင်ဖွင့်ဖို့ ကျွန်မ ဘယ်လောက်တောင် သတ္တိမွေးခဲ့ရလဲဆိုတာ သိရဲ့လား.....
ဒါကို ရှင်က... ရှင်က တကယ်ကြီး ကျွန်မကို လှောင်ရဲတယ်ပေါ့.....
ရှောင်ပိုင်သည် တွေးလေလေ ဒေါသထွက်လေလေ ဖြစ်လာသည်။ သူမ၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ သူမသည် နှုတ်ခမ်းကို အနည်းငယ် စူလိုက်ပြီး နီမြန်းနေသော မျက်နှာဖြင့် သူမရှေ့ရှိ လူငယ်လေးကို စိုက်ကြည့်နေရင်း... မဆိုင်းမတွပင် ဂျိချန်းဖန်ကို ကိုက်လိုက်တော့သည်။
"အား....."
ဒါက ကျွန်မကို ရယ်တဲ့အတွက် လက်စားချေတာ.....
ရှောင်ပိုင်သည် ဂျိချန်းဖန်၏ နှုတ်ခမ်းကို ကိုက်လိုက်သည်။ မူလနေရာမှာပင် ကိုက်လိုက်သဖြင့် အလွန်ပင် တိကျလှပေသည်။
သူမ၏ လက်မောင်းများမှာ ဂျိချန်းဖန်၏ လည်ပင်းကို တင်းကျပ်စွာ ရစ်ပတ်ထားပြီး သူ့ကို ခုခံရန် အခွင့်အရေး လုံးဝမပေးပေ။ မကြာမီမှာပင်...
သူတို့နှစ်ဦး၏ အသက်ရှူသံများမှာ တဖြည်းဖြည်း ပြင်းထန်လာသည်။
ရှောင်ပိုင်၏ ပါးပြင်ပေါ်မှ နီမြန်းမှုမှာလည်း ပို၍ သိသာထင်ရှားလာ၏။ သူမသည် မျက်လုံးများကို အသာအယာ မှိတ်ထားလိုက်သည်။
ရှည်လျားသော မျက်တောင်လေးများမှာ အနည်းငယ် တုန်ယင်နေပြီး တစ်ကိုယ်လုံးမှာလည်း အားအင်ကုန်ခမ်းကာ ပျော့ခွေသွားသည့်အလား... သူမသည် ဂျိချန်းဖန်၏ ရင်ခွင်ထဲတွင်သာ ကွေးကွေးလေး ကပ်နေတော့သည်။
ယခုအချိန်တွင်... သူမသည် ဦးဆောင်သူ မဟုတ်တော့ပေ။
ဂျိချန်းဖန်သည် သဘာဝကျစွာပင် အသာစီးပြန်ယူလိုက်သည်။
သူသည် ရှောင်ပိုင်ကို ထိုနေရာတွင်ပင် ဖိနှိပ်လိုက်တော့သည်.....
လူသစ်လေးလား.....
အေးအေးဆေးဆေး ကိုင်တွယ်လို့ ရတာပေါ့.....
...
ညကောင်းကင်ယံတွင် ကြယ်များ တောက်ပနေသည်။
အေးမြသော လေပြေညင်းလေး တစ်ချက် တိုက်ခတ်သွား၏။ ရှောင်ပိုင်သည် ဂျိချန်းဖန်၏ လည်ပင်းကို ရစ်ပတ်ထားသော လက်များကို ဖြည်းဖြည်းချင်း လွှတ်လိုက်သည်။
သူမသည် သူ့ရင်ခွင်ထဲတွင် ငြိမ်သက်စွာ ထိုင်နေပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်ဝန်းများဖြင့် သူ့ကို တည့်တည့် စိုက်ကြည့်နေမိ၏...။
သူမ၏ နှလုံးသားထဲမှ ထိတ်လန့်မှုများမှာ ပြေလျော့သွားပြီ ဖြစ်သည်။
ရှောင်ပိုင်သည် ဂျိချန်းဖန်ကို တိတ်ဆိတ်စွာ ကြည့်နေပြီး သူ၏ အဖြေကို စောင့်ဆိုင်းနေသည်..... ရှင်... ရှင် ကျွန်မကို ချစ်လား.....
ဂျိချန်းဖန်က အသာအယာ ပြုံးလိုက်သည်။
သူသည် လက်ကို ဆန့်ထုတ်ကာ ရှောင်ပိုင်၏ နားရွက်ဘေးရှိ ဆံနွယ်စလေးကို သပ်တင်ပေးလိုက်ပြီးနောက် စကားနှစ်ခွန်းကို ညင်သာစွာ ပြောလိုက်၏။
"ချစ်တာပေါ့......."
ဒီမေးခွန်းကို မေးဖို့ တကယ်ပဲ လိုလို့လား.....
ဂျိချန်းဖန်ကတော့ မလိုအပ်ဘူးဟု ခံစားရသည်။
ရှောင်ပိုင်သည်လည်း သူ၏ အတွေးကို သိနိုင်သည်။
သို့သော် သူမသည် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းတစ်ခု၊ ခံစားချက်တစ်ခုကိုသာ လိုချင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် အခြားအရာများကို ဂရုမစိုက်ပေ။ ဂုဏ်ဒြပ်၊ မင်္ဂလာပွဲ... ဒါတွေ သူမ မလိုချင်ပေ။ သူမ လိုချင်တာက အဖြေတစ်ခုတည်းသာ ဖြစ်သည်...။
ရှင် ကျွန်မကို ချစ်လား.....
သူ ဖြေလိုက်တာနဲ့...
သူမက သူနောက်ကို ပြတ်ပြတ်သားသား လိုက်ပါလာမှာ ဖြစ်သည်။
ရှင်နဲ့ တစ်သက်လုံး ညီအစ်ကိုတွေလို နေရမယ်ဆိုရင်တောင်ပေါ့.....
ထို့ကြောင့်...
ဂျိချန်းဖန်က ဖြေလိုက်ခြင်း ဖြစ်သည်။
ရှောင်ပိုင်၏ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်ထွက်လာသည်။ နှင်းကဲ့သို့ ဖြူဖွေးသော သူမ၏ ဆံနွယ်များမှာ လေထဲတွင် လွင့်ပျံနေပြီး သင်းပျံ့သော ရနံ့လေးကို ထုတ်လွှတ်နေ၏။ သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာပေါ်တွင်လည်း ဖော်ပြမတတ်အောင် လှပသော အပြုံးတစ်ခု ပေါ်ပေါက်လာတော့သည်...။
"ကျွန်မကို ချစ်လား....."
ရှောင်ပိုင်သည် သူ့ထံသို့ ဖြည်းဖြည်းချင်း တိုးကပ်လာသည်။ သူမသည် ဂျိချန်းဖန်အပေါ်တွင် ထိုင်လိုက်ပြီး တစ်ကိုယ်လုံးမှာ သူ့အပေါ်သို့ မှီကျနေသလောက် ဖြစ်နေ၏။ သူမ၏ နီရဲသော နှုတ်ခမ်းလွှာလေးမှာ သူ၏ နားအနီးသို့ ရောက်ရှိနေပြီး သူမ၏ အသံမှာ နူးညံ့ကာ ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသည်...။
ခဏချင်းမှာပင်...
အဆုံးစမဲ့သော ဆွဲဆောင်မှုများမှာ ဝန်းရံသွားတော့သည်။
ရှောင်ပိုင်၏ ဖြူဖွေးနုနယ်သော လက်မောင်းများက သူ့ကို တစ်ဖက်ပြန်လည် ရစ်ပတ်လိုက်ပြန်သည်။
ဂျိချန်းဖန်သည် သူ့ရှေ့မှ လူသားကို ငေးကြည့်နေမိ၏။
သူ မဆိုင်းမတွပင် ရှောင်ပိုင်ကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။ သူ၏ လက်များက သူမ၏ လက်တစ်ဆုပ်စာသာ ရှိသော သွယ်လျလှပသော ခါးလေးကို ထောက်ကူပေးထားသည်။
ခပ်တိုးတိုး ညည်းတွားသံလေး တစ်ခု ထွက်ပေါ်လာ၏။ ရှောင်ပိုင်သည် သူ၏ရင်ခွင်ထဲတွင် ပျင်းရိစွာ မှီတွဲနေသည်။
နောက်တစ်ခဏတွင်...
ဝတ်စုံ၏ ခါးပတ်လေးမှာ ဖြည်းဖြည်းချင်း လျော့ကျသွားသည်။
ဝတ်စုံဖြူလေးမှာ ပြေလျော့သွားကာ အောက်သို့လျောကျသွားတော့သည်...။
ထိုအစိမ်းရောင် ဝတ်စုံပေါ်တွင် အဖြူရောင် မြေခွေးလေးတစ်ကောင်ကို ပန်းထိုးထားသည်။ အမြီး ကိုးမြီးနှင့်... သူမရှေ့မှ ရှောင်ပိုင်ကဲ့သို့ပင်... ဝတ်စုံပေါ်ရှိ အမြီးကိုးမြီးမှာ ဖြန့်ကားနေသည်။
ကွေ့ကောက်နေသော တောင်တန်းကြီးတစ်ခုအလား...
တစ်ချက်ကြည့်လိုက်ရုံနှင့်... ရေငတ်သလို ခံစားသွားရပေမည်။
ဝတ်စုံဖြူလေးမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
သူမ၏ နုဖတ်သော အသားအရေမှာ နှင်းကဲ့သို့ ဖြူဖွေးနေ၏။
ညအချိန်တွင် ပေါ်ထွက်လာသော လမင်းအလား...ညီညာလှပသော ဗိုက်သားလေးမှာ ပေါ်ထွက်လာ၏။
"ဟင်း....."
ရှောင်ပိုင်က ခပ်တိုးတိုး ညည်းတွားလိုက်သည်။
သူမသည် မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်ပြီး ဆွဲဆောင်မှုရှိသော အကြည့်များဖြင့် သူမရှေ့ရှိ လူငယ်လေးကို စိုက်ကြည့်ရင်း သူ၏လည်ပင်းကို တင်းကျပ်စွာ ပွေ့ဖက်ထားမိ၏။
ဂျိချန်းဖန် နားလည်လိုက်ပြီ ဖြစ်သည်။
ပြာလွင်သော ကောင်းကင်ယံသို့ တက်လှမ်းကာ တောက်ပသော လမင်းကို ပွေ့ဖက်ချင်သော ဆန္ဒ...
ပြာလွင်သော ကောင်းကင်ယံမှာ ဤနေရာတွင် ရှိနေပြီး ထိုကောင်းကင်အောက်တွင် လမင်းတစ်ခြမ်းအစုံလည်း ရှိနေသည်။
ကောင်းကင်ထက်မှ လမင်းမှာ လှပနေ၏။ သို့သော် ကောင်းကင်အောက်တွင်ရှိသော ရှောင်ပိုင်မှာမူ ပို၍ပင် လှပနေသည်.....
ခြံဝင်းအတွင်းတွင် အချို့သော အဝတ်အထည်များမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေဆဲ ဖြစ်သည်။ ပတ်ဝန်းကျင်မှာ အလွန်ပင် တိတ်ဆိတ်နေပြီး အတော်အတန် ကြာသွားခဲ့လေသည်။
"ဟူး....."
ဂျိချန်းဖန်သည် အသက်ကို ညင်သာစွာ ရှူထုတ်လိုက်သည်။
သူသည် ရှောင်ပိုင်ကို နူးညံ့စွာ ကြည့်နေပြီး ခဏမျှ စကားမပြောဘဲ သူမကိုသာ စိုက်ကြည့်နေမိ၏။ သူ၏ အကြည့်ကို ခံစားမိသောအခါ... ရှောင်ပိုင်သည် မျက်လုံးများကို အနည်းငယ် ဖွင့်လိုက်သည်။
သူမ၏ ရှည်လျားသော မျက်တောင်လေးများမှာ တုန်ယင်နေပြီး သူမသည် သူ့ကို တည့်တည့် စိုက်ကြည့်နေမိ၏။ သူမလည်း စကားမပြောပေ...။
ခဏအကြာတွင်...
ရှောင်ပိုင်က အားအနည်းငယ် စိုက်လိုက်သည်။
သူမ၏ ဖြူဖွေးသော လက်မောင်းများက ဂျိချန်းဖန်၏ လည်ပင်းကို ရစ်ပတ်ထားသည်။ သူမ၏ ဆိုလိုရင်းမှာ ရှင်းလင်းလှပေသည်။
ဒါကို မြင်လိုက်ရသောအခါ...
ဂျိချန်းဖန်လည်း နောက်ထပ် မဆိုင်းမတွတော့ပေ။
"ရှုး....."
လေပြေညင်းလေး တစ်ချက် တိုက်ခတ်သွားသည်။
"ရွှပ်....."
ထိုစဉ်မှာပင်...မြေပေါ်ရှိ ဝိညာဉ်စွမ်းအင်များမှာ သိမ်မွေ့စွာ လှုပ်ခတ်သွားသည်။
မလှမ်းမကမ်းမှ အစီအရင်အလံတစ်ခုမှာ ရုတ်တရက် အရှိန်ဖြင့် ပြေးဝင်လာ၏။
နောက်ဆုံးတွင် ၎င်းသည် ခြံဝင်း၏ အလယ်ဗဟိုတွင် တည်ငြိမ်စွာ ရပ်တန့်သွားသည်။ ဤသို့ဖြင့် မမြင်ရသော အစီအရင်တစ်ခုမှာ ခြံဝင်းတစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံဖြန့်ကျက်သွားတော့သည်။
အနည်းငယ်သော လှုပ်ရှားမှုများ ရှိနေသေးသော ခြံဝင်းလေးမှာ လုံးဝကို ပြန်လည် တိတ်ဆိတ်သွားသည်...။
***