ကျဲခယ် အဖွဲ့ကမူ အိန္ဒိယ၏ စွပ်စွဲမှုနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက် တစ်စုံတစ်ရာမျှ မပြုဘဲ ခပ်မဆိတ်သာ နေပေသည်။ အကြောင်းမှာ သူတို့သည် အိန္ဒိယနှင့် စစ်ဖြစ်နေသော နိုင်ငံ ဖြစ်ပြီး ရန်သူ၏ ရန်သူသည် မိတ်ဆွေပင် ဖြစ်သောကြောင့်တည်း။
အနောက်ဘက်နှင့် တောင်ဘက်တွင် ဆက်တိုက်ဆိုသလို လှုပ်ရှားမှုများ ပြုလုပ်နေသည့် အပြင် ကျဲခယ် အဖွဲ့က ပြည်တွင်း၌လည်း ခေါင်းစဉ်တစ်ခုကို ဆွေးနွေးလာကြသည်။ ၎င်းမှာ အသစ်စက်စက် ငွေကြေးစနစ် တစ်ခု တည်ထောင်ရေးပင် ဖြစ်သည်။
ကျဲခယ်အဖွဲ့၏ ငွေကြေးစနစ်သည် ကနဦးအနေဖြင့် မလေးရှားနှင့် စင်ကာပူတို့ အပါအဝင် စုစုပေါင်း နိုင်ငံ ၇နိုင်ငံတွင် လည်ပတ် အသုံးပြုမည် ဖြစ်သည်။ အနာဂတ်တွင် ကျဲခယ်အဖွဲ့၏ ဩဇာလွှမ်းမိုးမှု အောက်ရှိ နိုင်ငံများအားလုံးသည် ယင်းငွေကြေးကို အသိအမှတ် ပြုရမည် ဖြစ်ပြီး ကျဲခယ် အဖွဲ့၏ ငွေကြေးစနစ် သတ်မှတ် လည်ပတ်ရာ ဒေသ အတွင်း အခြားသော အရှေ့တောင်အာရှရှိ နိုင်ငံများကိုပါ ထည့်သွ်းရန် ဆုံးဖြတ်ထားသည်။
အကြောင်းမှာ အရှေ့တောင်အာရှရှိ နိုင်ငံငယ် အများအပြားသည် ဘဏ္ဍာရေး စနစ်များ အားနည်းပြီး ကမ္ဘာ့ငွေကြေးဖြစ်သော အမေရိကန် ဒေါ်လာကို အများအားဖြင့် အသုံးပြုနေကြသောကြောင့်ပင်…။ ကျဲခယ် အဖွဲ့၏ ငွေကြေးစနစ် တစ်ခု အသစ် တည်ထောင်မည့် ကိစ္စသည် အမှန်တကယ်တွင် အရှေ့တောင်အာရှ၌ အမေရိကန် ဒေါ်လာ၏ လွှမ်းမိုးမှုကို ဖြိုခွင်းနေခြင်းလည်း ဖြစ်သည်။
အနာဂတ်တွင် အရှေ့တောင်အာရှ ဒေသတစ်ခုလုံးသည် ကျဲခယ် အဖွဲ့၏ ဦးဆောင်မှု အောက်တွင် တစ်စုတစ်ဝေးထဲ ဖြစ်ရပေမည်။ ဤသည်ကား စုကျဲ၏ ရည်မှန်းချက် အသစ် ဖြစ်လေသည်။
ဤသို့ဖြင့် ကျဲခယ် အဖွဲ့နှင့် အမေရိကန်အကြား လေထုက ပိုမို တင်းမာလာသည်။ ကျဲခယ်အဖွဲ့၏ နယ်မြေ ပတ်ဝန်းကျင်ရှိ နိုင်ငံများသည် အကြောက်တရားဖြင့် တုန်လှုပ်နေကြပြီး အချို့က စောစောစီးစီး ဘက်ရွေးချယ်ရန် ဆုံးဖြတ်ကြသော်လည်း အချို့ကမူ ခြံစည်းရိုးပေါ် ခွထိုင်သူများကဲ့သို့ ယိမ်းယိုင်နေကြသည်။
ချန်ဂီ ဖြစ်ရပ်ကြောင့် အရှေ့တောင်အာရှ တစ်ခုလုံးသည် ကျဲခယ် အဖွဲ့နှင့် အမေရိကန်အကြား မီးပွား တစ်စလေးဖြင့် ပေါက်ကွဲနိုင်သော ယမ်းအိုးကြီး တစ်လုံးကဲ့သို့ ပူလောင်လာတော့သည်။
ကျဲခယ် အဖွဲ့နှင့် အမေရိကန်တို့ကြားရှိ မမြင်ရသော ထိပ်တိုက်ရင်ဆိုင်မှုများ အရှိန်မြင့်လာသည်နှင့် အမျှ အရှေ့တောင်အာရှရှိ အခြေအနေများမှာလည်း အဆက်မပြတ် ပြောင်းလဲလာသည်။
အမေရိကန်သည် အင်ဒို-ပစိဖိတ် ကွပ်ကဲမှု ဌာနချုပ်မှတစ်ဆင့် ၎င်း၏ မဟာမိတ်များနှင့် လက်အောက်ခံများကို ဦးဆောင်ကာ စစ်သင်္ဘော အမြောက်အမြားကို စုစည်းခဲ့ပြီး ကျဲခယ် အဖွဲ့ကို ဝန်းရံ ချေမှုန်းမည့်ပုံ ပေါက်နေသည်။
အင်ဒို-ပစိဖိတ် ကွပ်ကဲမှု ဌာနချုပ် ဆိုသည်မှာ အမေရိကန်၏ အကြီးမားဆုံးသော တိုက်ခိုက်ရေး ကွပ်ကဲမှု ဌာနချုပ် ဖြစ်ပြီး ဂျပန်ရှိ အိုကီနာဝါ၊ ဂူအမ်နှင့် ဟာဝိုင်ရီ ကျွန်းတို့ကို အဓိက ဗဟိုပြုထားသည်။ မြောက်ဘက် ဂျပန်မှသည် တောင်ဘက် ဂျာဗားကျွန်း အထိ အမေရိကန် စစ်တပ်သည် ဤဒေသအတွင်း စစ်စခန်းများစွာကို တည်ဆောက်ထားသည်။
ထိုအထဲတွင် ယိုကိုဆူကာ ဆိပ်ကမ်းတွင် အခြေစိုက်သော အမှတ် ၇ ရေတပ်စုသည် လေယာဉ် ၃၅၀ ခန့်နှင့် စစ်သင်္ဘော အစင်း ၇၀ ကျော် ပိုင်ဆိုင်ထားသည်။ ၎င်း၏ အလံတင် စစ်သင်္ဘောမှာ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော USS ရေဂင် ဖြစ်ပြီး ရေတပ်စု တစ်ခုလုံးတွင် အင်အား ၆၀,၀၀၀ အပြည့်အဝ ရှိသည်။
ထို့အပြင် အင်ဒို-ပစိဖိတ် ကွပ်ကဲမှု ဌာနချုပ်က အမှတ် ၅ ရေတပ်စုနှင့် အမှတ် ၃ ရေတပ်စုတို့ကိုလည်း ကွပ်ကဲနိုင်စွမ်းရှိပြီး နီမစ်ဇ် အတန်းအစား နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင် သင်္ဘော လေးစင်းနှင့် စစ်သင်္ဘော အစင်း ၂၀၀ ကျော် ပါဝင်သော တိုက်ခိုက်ရေး အင်အားကို ပိုင်ဆိုင်ထားသည်။
ဤသည်မှာ အမေရိကန်၏ မဟာမိတ်များနှင့် လက်အောက်ခံများ၏ အင်အားများ မပါဝင်သေးသော အမေရိကန်၏ သီးသန့် စစ်ရေးအင်အားသာ ဖြစ်သည်။
အချိန်များ မေလသို့ ရောက်ရှိလာသောအခါ အမေရိကန်သည် ကျဲခယ် အဖွဲ့ကို ဟန့်တားရန် ၎င်း၏ အင်အားကို ပိုမို ပြသလာခဲ့သည်။
အနောက်ဘက်တွင် ဗြိတိန်၏ HMS Queen Elizabeth လေယာဉ်တင်သင်္ဘောနှင့်အတူ အမေရိကန်၏ လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုသည် ပင်လယ်နီမှတစ်ဆင့် အာရေဗျ ပင်လယ်ထဲသို့ ဝင်ရောက်လာကြသည်။
အရှေ့ဘက်တွင်မူ အမေရိကန်၏ ရေဂင် လေယာဉ်တင်သင်္ဘောသည် ဂျပန်နှင့် တောင်ကိုရီးယားမှ စစ်သင်္ဘောများကို ခေါ်ဆောင်ကာ ကျဲခယ် အဖွဲ့၏ အရှေ့ဘက် ရေပြင်သို့ မောက်မာစွာ ဝင်ရောက်လာပြီး ဩစတြေးလျ အနီးတွင် လှည့်လည်သွားလာနေကြသည်။
အမေရိကန် ပြည်မကြီးရှိ ဆန်ဒီယေဂို၊ ပွိုင့်လိုမာ ရေတပ်စခန်းမှ နီမစ်ဇ် အတန်းအစား လေယာဉ်တင် သင်္ဘော တိုက်ခိုက်ရေးအုပ်စု နှစ်ခုသည်လည်း ဆိပ်ကမ်းမှ ထွက်ခွာလာပြီး အရှေ့တောင်အာရှ ရေပြင်ဆီသို့ ဦးတည်လာကြသည်။
အရှေ့အာရှသို့ ထွက်လာသော အမေရိကန် ဦးဆောင်သော တပ်ဖွဲ့သည် အလွန် အစွမ်းထက်လှသည်။ နီမစ်ဇ် အတန်းအစား လေယာဉ်တင် သင်္ဘော ငါးစင်း၊ ဗြိတိန်၏ HMS Queen Elizabeth လေယာဉ်တင် သင်္ဘော၊ ဂျပန်မှ ရဟတ်ယာဉ်တင် သင်္ဘော လေးစင်းနှင့် တောင်ကိုရီးယားမှ ကုန်းရေနှစ်သွယ် တိုက်ခိုက်ရေး သင်္ဘောကြီး နှစ်စင်းတို့ ပါဝင်သည်။
ဤကဲ့သို့ တပ်ပေါင်းစုကြီး၏ ရေတပ်နှင့် လေတပ် တိုက်ခိုက်ရေး အင်အား၏ ပမာဏသက်သက်ကပင် နိုင်ငံအများအပြားကို ထိတ်လန့် ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေရန် လုံလောက်လှ၏။ စုဆောင်းထားသော စစ်သင်္ဘော အင်အား စုစုပေါင်းမှာ အစင်း ၁၅၀ ကျော် ရှိသည်။ ဤသည်မှာ နိုင်ငံ တစ်နိုင်ငံကိုပင် ဖျက်ဆီးပစ်နိုင်သည့် ရေတပ်စုကြီး ဖြစ်ပြီး အိန္ဒိယ ရေတပ်နှင့် နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားလှပေသည်။
ထိုသို့ဖြစ်နေသည့်တိုင်အောင် အမေရိကန်သည် ပိုမို များပြားသော နိုင်ငံများကို တက်ကြွစွာ စည်းရုံးနေဆဲ ဖြစ်ပြီး နေတိုးအဖွဲ့ဝင် နိုင်ငံများ၊ နေတိုး အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ၊ ပင်လယ်ကွေ့ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီနှင့် အခြားသော နိုင်ငံများနှင့် အင်အားစုများကို သွေးထိုးလှုံ့ဆော်ကာ စစ်သင်္ဘောများနှင့် တပ်များ စေလွှတ်ရန် ဖိတ်ခေါ်နေသည်။
အမေရိကန်၏ ရန်လိုသော ဟန်ပန်ကြောင့် အရှေ့တောင်အာရှ ဒေသတစ်ခုလုံးသည်လည်း တင်းမာမှုများဖြင့် ပြည့်နှက်သွားပြီး မရေမတွက်နိုင်သော လူများ၏ အာရုံကြောများ တင်းမာသွားကာ ကမ္ဘာတစ်ဝှမ်းရှိ မရေမတွက်နိုင်သော နိုင်ငံများ၏ မျက်လုံးများသည် ဤဒေသဆီသို့ ရောက်ရှိလာကြသည်။
လက်ရှိ အခြေအနေသည် ပင်လယ်ကွေ့ စစ်ပွဲကို တစ်ကျော့ပြန် မြင်တွေ့နေရသကဲ့သို့ပင်…။
အမေရိကန်သည် အမှန်တကယ် အလေးအနက်ထားနေပုံပေါ်ပြီး ၎င်း၏ မဟာမိတ်များနှင့် လက်အောက်ခံ အများအပြားကို စုစည်းကာ ကျဲခယ် အဖွဲ့ကို ဝိုင်းအုံ တိုက်ခိုက်ရန် ပြင်ဆင်နေသည်။
သာမန် လူတစ်ယောက်သာ အမေရိကန်၏ လုပ်ရပ်များကို ရင်ဆိုင်ရပါက ငြိမ်ငြိမ်လေး နေပြီး လိမ္မာအောင် နေမည် သို့မဟုတ် သူတို့၏ သဘောထားကို လျှော့ပေါ့ကာ အကျိုးအမြတ် အချို့ကို စွန့်လွှတ်ပြီး အမေရိကန်နှင့် ဆက်ဆံရေးကို ပြေလည်အောင် လုပ်ဆောင်ရန် ရွေးချယ်မည် ဖြစ်သည်။
သို့သော် ကျဲခယ် အဖွဲ့၏ ချဉ်းကပ်ပုံကမူ လုံးဝ ကွဲပြားခြားနားလှသည်။
မေလ ၁ ရက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့။
ကျဲခယ် အဖွဲ့သည် သေချာစွာ ပြင်ဆင်ထားသော ၎င်း၏ ငွေကြေးစနစ်ကို တရားဝင် စတင် မိတ်ဆက်လိုက်သည်။
အနှီ ငွေကြေးကို အရှေ့တောင်အာရှကို စိုးမိုးမည့် ရည်မှန်းချက်ကို ကိုယ်စားပြုသော တောင်ပိုင် ငွေကြေး ဟု အမည်ပေးထားပြီး နဂါးငွေကြေး ဟုလည်း ခေါ်ဆိုကြသည်။ အကြောင်းမှာ ကျဲခယ် အဖွဲ့မှ ထုတ်ဝေသော ငွေကြေးတွင် ပျံသန်းနေသော နဂါးပုံစံ ပါဝင်နေသောကြောင့်ပင်။
ငွေကြေး၏ မျက်နှာစာ တစ်ဖက်တွင် စုကျဲ၏ ပုံတူကို ရိုက်နှိပ်ထားပြီး အခြားတစ်ဖက်တွင် အရှေ့တောင် အာရှ၏ အသေးစား အကြမ်းဖျင်း မြေပုံကို ဖော်ပြထားသည်။
အသေးစား မြေပုံပေါ်ရှိ ဧရာမ နဂါးကြီးတစ်ကောင်သည် ကရာတူးမြောင်းနှင့် မလက္ကာ ရေလက်ကြားကို ဖြတ်သန်းကာ ၎င်း၏ ခေါင်းသည် အိန္ဒိယသမုဒ္ဒရာဘက်သို့ နောက်ဆုံးတွင် ဆန့်ထွက်နေပြီး ၎င်း၏ အမြီးကိုမူ မမြင်ရချေ။ ဤသည်မှာ "နတ်နဂါးဆိုသည်မှာ ခေါင်းကိုသာ မြင်ရပြီး အမြီးကို မမြင်ရဘူး" ဟူသော စကားပုံကို အပြည့်အဝ ပုံဖော်ထားခြင်းပင်။
နဂါးငွေကြေးသည် အမျိုးမျိုးသော အတုအပ ကာကွယ်ရေး နည်းပညာများကို အသုံးပြုထားပြီး ထိုအထဲတွင် လူပြောအများဆုံးမှာ နဂါးငွေကြေးကို နေရောင်အောက်တွင် ထောင်ကြည့်လိုက်လျှင် ဖြစ်စေ ၊ ခရမ်းလွန်ရောင်ခြည် မီးရောင်ဖြင့် ထိုးကြည့်လိုက်လျှင်ဖြစ်စေ ငွေစက္ကူပေါ်ရှိ ပျံသန်းနေသော နဂါးကြီးသည် ပုံစံပြောင်းသွားကာ ၎င်း၏ အကြေးခွံများနှင့် နဂါးခေါင်းသည် အဆစ်ပါသော ခြေထောက်များနှင့် ဦးချိုများ အဖြစ် ပြောင်းလဲသွားပြီး ဧရာမ ကင်းခြေများ အကောင်ကြီးနှင့် သွားတူနေခြင်းပင်…။
ပြင်ပလူများသည် ဤသည်မှာ ဘာကိုဆိုလိုမှန်း နားမလည်ကြဘဲ ကျဲခယ် အဖွဲ့၏ အကျင့်ပါနေသော အဆန်းထွင်မှု တစ်ခုအဖြစ်သာ သတ်မှတ်ကြပြီး လူအများအပြားက ၎င်းကို အင်းဆက် ငွေကြေး ဟု နောက်ပြောင် ခေါ်ဆိုကြသည်။
မည်သို့ပင်ဆိုစေကာမူ ကျဲခယ် အဖွဲ့သည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး အင်းဆက် မွေးမြူရေးသမား မဟုတ်ပါလား…။
ကျဲခယ် အဖွဲ့သည် မေလ ၁ ရက်နေ့တွင် နဂါးငွေကြေးကို တရားဝင် ကြေညာခဲ့ပြီး ထိုနေ့မှာပင် နဂါးငွေကြေးကို တရားဝင် စတင် ထုတ်ဝေခဲ့သည်။
ကျဲခယ် အဖွဲ့၏ ဩဇာလွှမ်းမိုးမှု နယ်ပယ်အတွင်းရှိ လာအိုနိုင်ငံ၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာနှင့် ကမ္ဘောဒီးယား စသည့် နိုင်ငံများတွင် ကျဲခယ် အဖွဲ့၏ နဂါးငွေကြေးသည် လွတ်လပ်စွာ လည်ပတ် အသုံးပြုလျက် ရှိသည်။
မကြာသေးမီကမှ သိမ်းပိုက်ထားသော သို့မဟုတ် လက်အောက်ခံ ဖြစ်လာသော မလေးရှား၊ စင်ကာပူနှင့် အာသံနိုင်ငံများကိုလည်း ကျဲခယ် အဖွဲ့က နဂါးငွေကြေးကို အတင်းအကျပ် အသုံးပြုစေခဲ့သည်။
ကျဲခယ် အဖွဲ့သည် နဂါးငွေကြေး၏ အခြေခံ တန်ဖိုးကို အဖွဲ့၏ ခရက်ဒစ်ဖြင့် သတ်မှတ်မည် ဖြစ်ပြီး မည်သူမျှ ငြင်းပယ်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်း မပြုလုပ်ရန် အတင်းအကျပ် သတ်မှတ် ပြဋ္ဌာန်းခဲ့သည်။ တစ်ချိန်တည်းမှာပင် ကျဲခယ် အဖွဲ့မှ ပေးချေသော ဝန်ထမ်း လစာများကို နဂါးငွေကြေးသို့ တပြေးညီ ပြောင်းလဲလိုက်သည်။
အင်းဆက် မွေးမြူသူများ အပါအဝင် လက်ရှိ ကျဲခယ် အဖွဲ့၏ ဝန်ထမ်း အရေအတွက်သည် သန်း ဆယ်ဂဏန်းကျော် ရှိနေပြီ ဖြစ်သည်။ ကျဲခယ် အဖွဲ့ ဩဇာလွှမ်းမိုးသော နယ်မြေများ အတွင်းရှိ လူ သုံးဆယ်တိုင်းတွင် တစ်ယောက်က ကျဲခယ် အဖွဲ့အတွက် အလုပ်လုပ်ပေးနေခြင်း ဖြစ်သည်။ ထို့ကြောင့် နဂါးငွေကြေးကို လူမှုအသိုင်းအဝိုင်းထဲသို့ ထည့်သွင်းရန် လွယ်လှပေသည်။
အနာဂတ်တွင် ကျဲခယ် အဖွဲ့အောက်ရှိ ထုတ်ကုန်များဖြစ်သော ထျန်းယွမ် ဆံပင်ပေါက် အဆီအနှစ်၊ မျက်မှန်ချွတ်ဆေးလုံး၊ ထျန်းယွမ် အဆီကျဆေး၊ အသားဖြူအရည်နှင့် အစားအစာ၊ သွေး စသည့် အရာများကိုလည်း နဂါးငွေကြေးဖြင့်သာ အရောင်းအဝယ် ပြုလုပ်မည့် အကြောင်းလည်း ကျဲခယ် အဖွဲ့က ထုတ်ပြန် ကြေညာခဲ့ပေသည်။
အနှီ သတင်း ပျံ့နှံ့သွားသည်နှင့်တပြိုင်နက် ကမ္ဘာတစ်ဝန်းတွင် နဂါးငွေကြေးကို ပေါပေါသီသီ မြင်လာရပေတော့သည်။
***