ရှောင်ပိုင် ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဆံနွယ်များမှာ ဖားလျားကျနေသည်။
သူမ၏ ပါးစပ်လေးသည် ဂျိချန်းဖန် ၏ ပါးကို တိတိကျကျပင် ကိုက်ချလိုက်လေသည်။
'ဒါက ဘာကြီးလဲ...'
ဂျိချန်းဖန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
သူသည် ရှောင်ပိုင်၏ လှပသော မျက်နှာလေးကို အမြန်ပင် တွန်းထုတ်လိုက်ရ၏။ နာကျင်မှုကြောင့် သူ၏ မျက်နှာမှာ ဖြူလျော်သွားသည်။
'လွှတ်ဦး............'
'မလွှတ်ဘူး.....'
ရှောင်ပိုင်က သူမ၏ မက်မွန်ပန်းမျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး ပါးလေးနှစ်ဖက်မှာလည်း ဖောင်းနေကာ ဒေါသကြောင့် မျက်နှာလေးမှာ နီမြန်းနေလေသည်။
'ကောင်းပြီ... ကောင်းပြီ...... မလွှတ်ဘူးပေါ့ ဟုတ်လား......'
ဂျိချန်းဖန် စိတ်ကို တင်းလိုက်သည်။
သူသည် ရှောင်ပိုင်ကို ထိုနေရာမှာတင် ဖိနှိပ်လိုက်ပြီး သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်ကာ သူမ၏ ပါးကို တိုက်ရိုက်ပင် ဖိကပ် နမ်းရှုပ်လိုက်တော့သည်။
'အု……..'
ရှောင်ပိုင်၏ မျက်လုံးများ ပြူးသွားရသည်။
သူမသည် ရှေ့မှ ဝတ်စုံဖြူဝတ် လူငယ်လေးကို ခုခံသည့်အနေဖြင့် အသည်းအသန် တွန်းဖယ်နေ၏။
သို့သော်...
သူမ၏ စွမ်းအားများကို အသုံးပြုလျင်ပင် သူမ၏ ခွန်အားမှာ သိပ်ကို အားနည်းလွန်းလှပေသည်။
ထို့အပြင်...
သာမန် ရှန်ကျင်း အဆင့် ကျင့်ကြံသူတစ်ဦးက ထိုက်ကျင်း အဆင့်ဖြစ်သော ဂျိချန်းဖန်ကို ယှဉ်နိုင်မည် မဟုတ်ပေ။
'အု.......'
ရှောင်ပိုင်က ဂျိချန်းဖန်ကို အဆက်မပြတ် တွန်းဖယ်နေသော်လည်း တဖြည်းဖြည်းနှင့် သူမ၏ ခွန်အားများ လျော့နည်းလာကာ သူမ၏ ခန္ဓာကိုယ်လေးမှာလည်း ပျော့ခွေလာတော့သည်။
နောက်ဆုံးတွင် ရှောင်ပိုင်မှာ ဂျိချန်းဖန်၏ ရင်ခွင်ထဲတွင် ကွေးကွေးလေး ဖြစ်သွားပြီး မတွန်းလှန်နိုင်တော့ပေ။
သူမ၏ ပုလဲကဲ့သို့ သွားလေးများက မူလက ဂျိချန်းဖန်၏ ပါးကို တင်းတင်းကိုက်ထားသော်လည်း သူ၏ ပြန်လည်ဖိနှိပ်မှုအောက်တွင် ရှောင်ပိုင်သည်လည်း တဖြည်းဖြည်းနှင့် လျှော့ပေးလိုက်ရသည်။
ရှေ့မှ ပြင်းထန်သော အရှိန်အဝါကို ခံစားရင်း ရှောင်ပိုင်၏ မက်မွန်ပန်းမျက်ဝန်းများမှာလည်း တဖြည်းဖြည်းနှင့် ဝေဝါးလာတော့သည်။
သို့သော် အဆုံးအဖြတ်ပေးမည့် အခိုက်အတန့်သို့ ရောက်ခါနီးမှ...
ဂျိချန်းဖန်က သူမ၏ နှုတ်ခမ်းများကို ရုတ်တရက် လွှတ်ပေးလိုက်သည်။
သူက ရှေ့မှ ရှောင်ပိုင်ကို ကြည့်ကာ နောက်ပြောင်သည့် အမူအရာဖြင့် ပြုံးလျက် ဆိုလိုက်သည်....
'ညီအစ်ကိုကောင်းလေး............'
' အခု ငါ့အလှည့်ပဲ၊ ငြိမ်ငြိမ်နေစမ်း........'
ထိုစကားကို ကြားလိုက်ရချိန်တွင် ရှောင်ပိုင်၏ မျက်လုံးများ ချက်ချင်း ပြန်လည်ကြည်လင်သွားသည်။ သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး ဂျိချန်းဖန်ကို လက်ဖြင့် တွန်းထုတ်ကာ မာနတကြီး ပြောလိုက်သည်။
'မင်းကို အလှည့်မပေးတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါ့ကို အရင် ပျော်ခွင့်ပေးရမှာပေါ့...'
ထိုသို့ဆိုကာ သူမက သူ့ကို ပြန်လည်ဖိနှိပ်လိုက်တော့သည်။
မင်းတစ်ယောက်တည်း လုပ်တတ်တယ် ထင်နေလား......
မင်းရဲ့ စီနီယာအစ်မဖြစ်တဲ့ ငါကကော မလုပ်တတ်ဘူးလို့ ထင်နေတာလား......
ဟွန့်...... ထိုက်ကျင်းအဆင့် ဖြစ်နေတော့ ဘာဖြစ်လဲ............
ငါကတော့ မင်းကို လက်တစ်ချက်နဲ့တင် နှိမ်နင်းနိုင်တယ်......
သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်များမှာ ပြန့်ကျဲနေပြီး သင်းပျံ့လှသော ရနံ့လေးမှာ သူ၏ နှာခေါင်းဝတွင် ဝဲလှည့်နေသည်။ ဂျိချန်းဖန်သည် ရှောင်ပိုင်၏ ကလေးကလား အပြုအမူများကို ခံစားရင်း အသာအယာ ရယ်မောလိုက်မိသည်။
သူသည် လက်ကိုမြှောက်ကာ ရှောင်ပိုင်ကို ပြန်လည်ဖက်တွယ်လိုက်ပြီး သူမကို တစ်ဆင့်ချင်း လမ်းပြပေးလိုက်လေသည်။
ခဏအကြာတွင် ရှောင်ပိုင်က ပါးကို လွှတ်ပေးလိုက်ပြီး ဖြည်းညှင်းစွာ ထိုင်လိုက်သည်။ သူမ၏ ဆံပင်ရှည်များက ပုခုံးပေါ်တွင် ဝဲကျနေပြီး ဆွဲဆောင်မှုရှိသော မျက်နှာလေးမှာလည်း အနည်းငယ် နီမြန်းနေ၏။
'ဟူး.....'
ရှောင်ပိုင်က လေကို အဝရှူလိုက်ရသည်။ သူမသည် သူမ၏ 'အနိုင်ကျင့်ခြင်း' ကို ခံလိုက်ရသော ဂျိချန်းဖန်ကို ကြည့်ကာ ကျေနပ်သည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
'မဆိုးဘူး၊ မဆိုးဘူး'
ရှောင်ပိုင်က ဂျိချန်းဖန်၏ အဝတ်အစားများကို ပြန်လည်ပြင်ဆင်ပေးရန် လက်ကို မြှောက်လိုက်ပြီးနောက် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ လက်ခုပ်တီးလျက် ပြောလိုက်သည်။ 'ခု ငါ ပျော်သွားပြီ၊ ဒါကြောင့် ခုနက မင်းငါ့ကို လိမ်ခဲ့တာကို ခွင့်လွှတ်ပေးလိုက်မယ်...'
ထိုစကားကို ကြားလျင် ဂျိချန်းဖန်မှာ ပြောစရာပင် မရှိတော့ပေ။ သူက တကယ်ကြီး လိမ်ခဲ့တာမှ မဟုတ်တာ။ ရှောင်ပိုင်ကို စနောက်လိုက်ရုံပဲလေ။သို့သော် ဘာပဲဖြစ်ဖြစ် သူ ခုခံမနေတော့ချေ။ အသာရတုန်းလေး ငြိမ်နေတာက အကောင်းဆုံးပဲ။
သူမလည်း ပျော်သွားသလို ငါလည်း ပျော်သွားတာပဲ မဟုတ်လား........။
သူတို့နှစ်ဦး မီးပုံဘေးတွင် ထိုင်လိုက်ကြသည်။ မီးရောင်ဖျော့ဖျော့အောက်တွင် ရှောင်ပိုင်၏ နီမြန်းနေသော မျက်နှာလေးမှာ ပေါ်လွင်နေ၏။ သူမက တည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်တွင်မူ သူမ၏ ရင်ခုန်သံများမှာ အဆက်မပြတ် မြန်ဆန်နေခြင်း ဖြစ်သည်။
'စားဦးလေ'
ဂျိချန်းဖန်က သိုးခြေထောက်ကင်ကို ကမ်းပေးလိုက်သည်။
'အင်း' ရှောင်ပိုင်က သိုးခြေထောက်ကင်ကို ဝမ်းသာအားရ ယူကာ တစ်လုပ်စားလိုက်သည်။ သို့သော် သူမ ရုတ်တရက် မျက်မှောင်ကြုတ်လိုက်ပြီး.....
'ဘာလို့ ဒီသိုးခြေထောက်မှာ သွေးနံ့ ရနေရတာလဲ......'
...ဂျိချန်းဖန်က သူ၏ ပါးကို သပ်လိုက်သည်။ သွေးစအချို့မှာ သူ၏ လက်တွင် ထင်ကျန်ရစ်၏။ သူက ရှောင်ပိုင်ကို စိတ်ပျက်လက်ပျက် ကြည့်ကာ ပြောလိုက်သည်။
'မင်း ပါးစပ်ထဲက သွေးနံ့က ငါ့သွေး ဖြစ်နေဖို့ များမယ်လို့ မထင်ဘူးလား............'
'အမ်......' ရှောင်ပိုင်က ဂျိချန်းဖန်ကို ကြောင်အမ်းအမ်း ကြည့်လိုက်ရာ သူ၏ ပါးတွင် တကယ်ပင် အရေပြား ပဲ့သွားပြီး သွေးစအချို့ ထွက်နေသည်ကို တွေ့လိုက်ရသည်။
ဒါကို မြင်တော့ ရှောင်ပိုင် အနည်းငယ် အားနာသွားမိသည်။ သို့သော် သူမက ချက်ချင်းပင် တရားသောသူအယောင်ဆောင်ကာ ပြန်ကြည့်လိုက်ပြီး သူမ၏ ဆီးနှင်းကဲ့သို့ လည်တိုင်ကို မော့လျက် ပြောလိုက်သည်.....
'ဟွန့်...... မင်းက ငါ့ကို အရင်လိမ်တာကိုး'
'စားစရာရှိတာ စားစမ်းပါ......' ဂျိချန်းဖန်က သူမ၏ ကျောကို စိတ်တိုတိုဖြင့် ပုတ်လိုက်သည်။
ရှောင်ပိုင် ခဏမျှ တွန့်ဆုတ်သွားသော်လည်း စကားမပြောတော့ပေ။ သူမသည် သိုးခြေထောက်ကင်ကို စားရင်း ဂျိချန်းဖန်ကို ဂရုတစိုက် ခိုးကြည့်နေမိသည်။
ဝတ်စုံဖြူဝတ် လူငယ်လေးသည် ဘေးတွင် ထိုင်နေပြီး သူ၏ အဝတ်အစားများမှာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေကာ သူ၏ ချောမောသော မျက်နှာတွင် စိတ်မရှည်သည့် အရိပ်အယောင်များ ရှိနေသည်။
သူ၏ နှုတ်ခမ်းပါးလေးတွင်လည်း သွေးစအချို့က ရှိနေသေး၏...။
၎င်းက ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေသည်။
ရှောင်ပိုင် တိတ်တဆိတ် တံတွေးမျိုချလိုက်မိသည်။ သူမ၏ ပါးစပ်ထဲမှ သွေးနံ့ကို မြည်းစမ်းကြည့်ရာ ၎င်းမှာ ဂျိချန်းဖန်၏ အရသာပင်...။
တကယ်တော့ အရသာရှိလှပေသည်။
ထိုသို့ တွေးမိသည်နှင့် ရှောင်ပိုင်၏ အသက်ရှူသံမှာ တဖြည်းဖြည်း ပြင်းထန်လာတော့သည်။ သူမသည် လက်ထဲမှ သိုးခြေထောက်ကင်ကို ကြည့်လိုက်ရာ ရုတ်တရက် ၎င်းမှာ ဆွဲဆောင်မှု မရှိတော့သလို ခံစားလိုက်ရသည်။
ရှောင်ပိုင်သည် သိုးခြေထောက်ကင်ကို စင်ပေါ်သို့ ပစ်တင်လိုက်ပြီးနောက် တိတ်တဆိတ် မတ်တပ်ရပ်လိုက်လေသည်။
ဝါးတောထဲတွင် အဖြူရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ဖြည်းညှင်းစွာ မတ်တပ်ရပ်နေသည်။ သူမ၏ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ဆံပင်များမှာ ပုခုံးပေါ်တွင် ဝဲကျနေကာ သင်းပျံ့လှသော ရနံ့လေးက လွင့်ပျံ့နေ၏။ ထိုအမျိုးသမီး၏ ကိုယ်ဟန်မှာ အရပ်ရှည်ပြီး ကျော့ရှင်းလှပသည်...။
သူမသည် ဂျိချန်းဖန်၏ ရှေ့သို့ တိတ်တဆိတ် ရောက်လာသည်။
'ဘာဖြစ်လို့လဲ......'
ဝတ်စုံဖြူဝတ် လူငယ်လေးက ကြောင်အမ်းအမ်း မော့ကြည့်လိုက်သည်။
'ရှူး....'
နုနယ်လှပသော လက်တစ်ဖက်ကို မြှောက်လိုက်သည်။
ရှောင်ပိုင်က ဂျိချန်းဖန်၏ မေးစေ့ကို အသာအယာ မလိုက်သည်။ ဆီများပေကျံနေသော သူမ၏ နှုတ်ခမ်းနီလေးမှာ အနည်းငယ် ကွေးညွှတ်သွားပြီး သူမ၏ မက်မွန်ပန်းမျက်ဝန်းများတွင် ဆန္ဒများ တောက်လောင်နေလေသည်။
'ညီအစ်ကိုကောင်းလေး '
'ငါ့ကို ပျော်ခွင့်ပေးပါဦး '
ရှောင်ပိုင်၏ အသံမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။ ထိုစကားအဆုံးတွင် သူမသည် တွန့်ဆုတ်မနေဘဲ ဂျိချန်းဖန်ကို တိုက်ရိုက်ပင် ပြန်လည်ဖိနှိပ်လိုက်တော့သည်။
'ဘာကြီးလဲ............'
ဂျိချန်းဖန်မှာ ဒီလို ရုတ်တရက် အပြောင်းအလဲကြီးကြောင့် အခွင့်အရေး မရလိုက်ပေ။ သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် နူးညံ့လှသော နွေးထွေးမှုတစ်ခုက သူ့ကို လွှမ်းခြုံသွားတော့သည်။
'အု......'
ယခုအကြိမ်မှာမူ ဂျိချန်းဖန်၏ အလှည့်ပင်။ ရှောင်ပိုင်က သိုးခြေထောက်ကင်ကို စားပြီးခါစဖြစ်ရာ သူမ၏ ပါးစပ်တွင် ဆီနံ့များ ရှိနေသည်။
'အမြန်လွှတ်စမ်း......'
ဂျိချန်းဖန်က ရှောင်ပိုင်ကို အနည်းငယ် ရွံသလိုဖြင့် အသာအယာ တွန်းလိုက်သည်။ သို့သော် အနည်းငယ်မျှသာ ဖြစ်သည်။
ရှောင်ပိုင်ကတော့ လုံးဝ မလှုပ်ရှားပေ။ သူမ၏ နုနယ်သော လက်ကလေးများဖြင့် ဂျိချန်းဖန်ကို အောက်မှနေ၍ တင်းတင်းကျပ်ကျပ် ဖိထားလေသည်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဂျိချန်းဖန်မှာလည်း အခြားရွေးချယ်စရာ မရှိတော့ပေ။ သူက ရှောင်ပိုင်ကို တွန်းထုတ်ဖို့အတွက် မှော်စွမ်းအားတွေကို အသုံးမပြုနိုင်ဘူး မဟုတ်လား။
မလိုအပ်ပါဘူး... သူတို့က ညီအစ်ကိုတွေပဲလေ။
သူ့ညီအစ်ကိုက ပျော်ချင်တယ်ဆိုမှတော့... ပျော်ခွင့်ပေးလိုက်ရုံပင်။
ဟူး.....
ငါ ဂျိချန်းဖန်ပဲ အနည်းငယ် အနစ်နာခံပေးလိုက်ပါတော့မယ်။
ထိုသို့ တွေးမိသည်နှင့် ဂျိချန်းဖန်သည် အရှုံးပေးလိုက်တော့သည်။ သူသည် သတ်ရန်ပြင်ထားသော သိုးငယ်လေးတစ်ကောင်ကဲ့သို့ ရှောင်ပိုင် စိတ်ကြိုက် လုပ်သမျှကို ငြိမ်ခံနေလိုက်သည်။
'ရှူးးး.....'
လေပြည်အေးလေးက ခပ်ဖွဖွ တိုက်ခတ်လာသည်။ ဝါးတောထဲတွင် တစီစီမြည်သံလေးများ ထွက်ပေါ်နေ၏။
အချိန် ဘယ်လောက်တောင် ကုန်သွားသည်ကို မည်သူမှ မသိနိုင်ပေ။
ရှောင်ပိုင်သည် နီမြန်းနေသော မျက်နှာဖြင့် မတ်တပ်ရပ်လိုက်သည်။ သူမသည် ဂျိချန်းဖန်ကို ကျေနပ်စွာဖြင့် ဆွဲထူလိုက်ပြီး သူ၏ ဖရိုဖရဲဖြစ်နေသော အဝတ်အစားများကို ဖြည်းညှင်းစွာ ပြန်လည်ပြင်ဆင်ပေးလေသည်။
ရှောင်ပိုင်က ဂျိချန်းဖန်ကို စွဲစွဲလမ်းလမ်းဖြင့် ပွတ်သပ်နေမိသည်။
တကယ့် ပြောင်းပြန်ကြီးပင်......
ဂျိချန်းဖန်၏ နှုတ်ခမ်းမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ သူ၏ ဆံပင်ရှည်များမှာ ရှောင်ပိုင်ကြောင့် ဖရိုဖရဲ ဖြစ်နေပြီး သူက အခွင့်အရေးယူလိုက်ရသူ ဖြစ်သင့်သော်လည်း... အခုတော့ ပြောင်းပြန်ဖြစ်နေသလို ခံစားနေရသည်။
တစ်ခုခုတော့ မဟုတ်တော့ဘူး......
ဆယ်ပုံမှာ ကိုးပုံကတော့ မဟုတ်တာ သေချာနေပြီဖြစ်သည်......
နီမြန်းနေသော မျက်နှာလေးနှင့် ရှောင်ပိုင်ကို ကြည့်ကာ ဂျိချန်းဖန် ဘာပြောရမှန်း မသိတော့ပေ။ သူ၏ နှုတ်ခမ်းများမှာလည်း အနည်းငယ် ထုံကျင်နေ၏။ ကြည့်ရတာ ခုနက တကယ့်ကို 'အထူးတလည် လာရောက်လည်ပတ်ခြင်း' ခံလိုက်ရပုံရသည်။
ဟင်း... မျှော်လင့်ထားတဲ့အတိုင်းပဲ၊ သူမက တကယ့် မြေခွေးမလေးပဲ။
***