'မိုးကြိုးပစ်ခံရမယ် ဟုတ်လား..........'
'အဲဒါက ဘာကို ဆိုလိုတာလဲ..........'
ရှောင်ပိုင်သည် ဂျိချန်းဖန်ကို ကြည့်ကာ အနည်းငယ် ဝေခွဲမရ ဖြစ်နေလေသည်။ ထိုအရာကို ကြားရသောအခါ ဂျိချန်းဖန်သည် ဘာမှ ပြန်မပြောတော့ပေ။
လုရွယ်ချီ၏ ထိုးထွင်းသိမြင်မှုနှင့်ဆိုလျှင် အနာဂတ်တွင် သူနှင့် ရှောင်ပိုင်ကြားက ဆက်ဆံရေးမှာ ပုံမှန်မဟုတ်သည်ကို သေချာပေါက် ရိပ်မိသွားလိမ့်မည်ဟု သူ တွေးထားသည်။ သို့သော်လည်း သူ ဘာမှ မတတ်နိုင်တော့ပေ... ဖြစ်လာသမျှကို တစ်ဆင့်ချင်းသာ ရင်ဆိုင်သွားရတော့မည် ဖြစ်ပေသည်။
ဂျိချန်းဖန်အနေနှင့် ပြဿနာမှာ သိပ်မကြီးနိုင်ဟု ခံစားနေရသည်။ 'ဓားနတ်ဘုရားမ၏ ရည်းစားအား ထိန်းကျောင်းခြင်း ' နှင့် ပတ်သက်လျှင်လည်း... လုရွယ်ချီက သူ့ကို တကယ်ကြီး ရိုက်နှက်ရန် ရက်စက်နိုင်မည်လော........။
ကျင့်ပင်အာသည် ဤကိစ္စနှင့် ပတ်သက်၍ ထပ်မပြောတော့ပေ။ သူမသည် ဂျိချန်းဖန်ကို သတိပေးချင်ရုံ သက်သက်သာ ဖြစ်လေသည်။
ဘာပဲဖြစ်ဖြစ် လုရွယ်ချီသည် သူမနှင့် မတူပေ။ လုရွယ်ချီဆိုသည်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက် ပြတ်သားလွန်းသည့် အမျိုးသမီးတစ်ယောက် ဖြစ်ပေသည်။
ကျင့်ပင်အာက လေသံလေးနှင့် တိုးတိုးလေး ပြောလိုက်သည်။
'သခင်လေး... ကျွန်တော်မျိုးမ နောက်တောင်ဘက်မှာ ရေပူစမ်းတစ်ခု လုပ်ထားတယ်။ အဲဒီမှာ ရေချိုးကြည့်မလား..........'
စကားအဆုံးတွင် သူမက ဂျိချန်းဖန်ကို ကြည့်ကာ စနောက်သလိုလေး ပြုံးလိုက်သည်။ အဆိုပါစကားကို ကြားလိုက်ရသည့် ခဏ၌ ဂျိချန်းဖန်၏ ရင်ထဲတွင် ရုတ်တရက် လှုပ်ခတ်သွားရ၏။ ရေပူစမ်းလား.......... အဲဒါ တကယ့် အကောင်းစားကြီး ဖြစ်ပေမည်။
ဒါပေမဲ့ ကံမကောင်းသည်မှာ ဤနေရာတွင် လူစိမ်းမဟုတ်သော လူစိမ်းတစ်ယောက် ရှိနေသေးခြင်း ဖြစ်သည်။ ဂျိချန်းဖန်က ရှောင်ပိုင်ကို ကြည့်လိုက်သည်။
'မင်း လိုက်ဦးမလား' ဆိုသည့် အကြည့်မျိုး ဖြစ်၏။ သူ့အကြည့်များထဲတွင် ရန်စလိုသော အရိပ်အယောင်များ ပါဝင်နေလေသည်။
သူ့၏ ရန်စမှုကို ခံလိုက်ရသည်နှင့် ရှောင်ပိုင်က ချက်ချင်းပင် 'ရေပူစမ်းလား.......... ငါလည်း သွားချင်တယ်..........' ဟု ပြောချလိုက်သည်။
ထိုအရာကို ကြားလိုက်ရသောအခါ ကျင့်ပင်အာ၏ အကြည့်များမှာ ရှောင်ပိုင်ဆီ ချက်ချင်း ရောက်သွားတော့သည်။ ဒါပဲလေ.......... ဒီစီနီယာ အစ်မ ရှောင်ပိုင်နှင့် သူမ၏ သခင်လေးကြားက ဆက်ဆံရေးမှာ တကယ်ကို မရိုးရှင်းပေ။
ကျင့်ပင်အာ၏ အကြည့်များအောက်တွင် ရှောင်ပိုင်၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားသည်။ သူမသည် ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်ပြီး ဂျိချန်းဖန်၏ ပခုံးကို ဖက်ကာ လူကြီးလူကောင်းဆန်ဆန် ပြောလိုက်လေသည်။
'ငါတို့က ညီအစ်ကိုတွေလို ခင်တာပဲဟာ.......... အတူတူ ရေချိုးတာ ဘာဖြစ်လဲ၊ ဟုတ်တယ်မလား..........'
'အင်းဟင်း... အင်းဟင်း..........' ဂျိချန်းဖန်က ခေါင်းကို အမြန်ငြိမ့်ပြလိုက်သည်။
ဟုတ်တာပေါ့။ ညီအစ်ကိုကောင်းများ အတူတူ ရေပူစမ်း စိမ်ကြခြင်းမှာ သဘာဝပင် မဟုတ်ပါလား..........
'...' ရှောင်ပိုင်သည် ဂျိချန်းဖန်၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်နှာကို ကြည့်ကာ အပြုံးများ တောင့်တင်းသွားသည်။ သူမ ရုတ်တရက် နောင်တရချင်သလို ဖြစ်သွားရ၏။
'ညီအစ်ကိုကောင်းကြီး... မင်း ဘာဖြစ်နေတာလဲ.......... ငါ့ကို လူစိမ်းလို သဘောထားနေတာတော့ မဟုတ်ပါဘူးနော်..........' ဂျိချန်းဖန်က မကျေနပ်သလို ဟန်ဆောင်လိုက်သည်။
'မဟုတ်ပါဘူး... ငါက ဘယ်လိုလုပ် မင်းကို လူစိမ်းလို ဆက်ဆံရမှာလဲ..........' ရှောင်ပိုင်က အူကြောင်ကြောင် အပြုံးနှင့် ပြန်ပြောလိုက်သည်။
စကားကသာ ထိုသို့ဆိုသော်လည်း သူမသည် နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။
'လူစိမ်းလို မသဘောထားရင် ပြီးတာပဲ'
'သွားကြစို့၊ သွားကြစို့... အတူတူ ရေပူစမ်းသွားစိမ်ကြမယ်..........'
ထိုသို့ပြောရင်း ဂျိချန်းဖန်သည် ရှောင်ပိုင်၏ နူးညံ့သော လက်ကလေးကို ဆွဲလိုက်ကာ တောင်နောက်ဘက်ဆီသို့ အတင်းအဓမ္မ ဆွဲခေါ်သွားသည်။ ကျင့်ပင်အာသည်လည်း အနောက်မှ ပြုံးပြုံးလေး လိုက်ပါလာခဲ့သည်။
'ဟိုလေ... မသွားရင်ရော မရဘူးလား..........'
ဂျိချန်းဖန်၏ မျှော်လင့်နေသော မျက်နှာကို ကြည့်ကာ ရှောင်ပိုင်တစ်ယောက် ပိုပို၍ ကြောက်လာသည်။ သူမ တောင့်တောင့်ကြီး ပြုံးနေရင်း ရင်ထဲတွင် တုန်လှုပ်စပြုလာသည်။
'မရဘူးလေ..........' ဂျိချန်းဖန်က မျက်နှာကို တင်းထားလိုက်သည်။
'အဟွတ်... အဟွတ်'
ရှောင်ပိုင်သည် ဂျိချန်းဖန်၏ ဆွဲထားသော လက်ထဲမှ ရုန်းထွက်ရန် ကြိုးစားနေသည်။ သူမက မျက်လုံးချင်း မဆုံအောင် ရှောင်ဖယ်ကြည့်ရင်း ပြောလိုက်လေသည်။
'ငါ အခုမှ သတိရတယ်၊ ရှောင်ဟွေ ငါ့ကို တစ်ခုခု ခိုင်းထားတာ ရှိသေးတယ်... ငါ... ငါ အရင်သွားလိုက်ဦးမယ်...'
စကားအဆုံးတွင် ဂျိချန်းဖန်၏ လက်မှာ လျော့သွားလေသည်။ ရှောင်ပိုင်သည် အခွင့်အရေးကို အရယူကာ နောက်သို့ ဝူးခနဲ ဆုတ်ပြေးသွားတော့သည်။
'နှုတ်ဆက်ခဲ့ပါတယ်..........'
သူမသည် နောက်လှည့်မကြည့်ဘဲ ထွက်ပြေးသွားတော့သည်။
ဒါကို မြင်သော် ဂျိချန်းဖန်က နှာခေါင်းရှုံ့လိုက်သည်။ ဘာညီအစ်ကိုကောင်းလဲ.......... ဒါသည် သူ့ကို လူစိမ်းလို ဆက်ဆံနေခြင်း မဟုတ်ပါလား.......... ထားလိုက်ပါတော့။ သူမကို သွားခွင့်ပြုလိုက်ပြီ ဖြစ်၏။ ညီအစ်ကိုဆိုသည်မှာ ဇနီးသည်လောက် ဘယ်ကောင်းပါ့မလဲ။
ဂျိချန်းဖန်သည် ကျင့်ပင်အာဘက်သို့ လှည့်လိုက်ပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးကို မလိုက်ကာ တောင်နောက်ဘက်ဆီသို့ လျှောက်သွားတော့သည်။
တကယ်တော့ သူသည် ခုနက ရှောင်ပိုင်ကို တမင်သက်သက် ရန်စလိုက်ခြင်း ဖြစ်သည်။ ရှောင်ပိုင်သည် အမြဲတမ်း ပေါ့ပေါ့ပါးပါး ပုံစံမျိုး ရှိနေတတ်သော်လည်း လက်တွေ့တွင်မူ သူမသည် အပြစ်ကင်းစင်သော မိန်းမပျိုလေး တစ်ယောက်သာ ဖြစ်ပေသည်။
သူမ၏ အတွေ့အကြုံများကြောင့်သာ ထူးခြားသော အငွေ့အသက်မျိုး ရှိနေခြင်း ဖြစ်၏။
တကယ်လို့ အချင်းချင်း အားလုံးကို ပွင့်ပွင့်လင်းလင်း ချပြရတော့မည့် အခြေအနေမျိုး ရောက်လာလျှင်မူ သူမ ကြောက်နေဦးမှာပင်။
ဘာပဲဖြစ်ဖြစ် သူမနှင့် ဂျိချန်းဖန်ကြားက ဆက်ဆံရေးမှာ အပေါ်ယံတွင် 'ညီအစ်ကို' လို ဆက်ဆံရေးမျိုးသာ ရှိနေသေးသည် မဟုတ်ပါလား။
ဘယ်လို ပြောရမလဲ.......... အဲဒါက နှုတ်ခမ်းဖျားတင် ခင်မင်မှု ပဲ ဆိုရမလား.................... အဲဒါကလွဲရင် သူတို့ကြားတွင် တခြား ရှုပ်ထွေးသော ဆက်ဆံရေး မရှိသေးပေ။ ဤဆက်ဆံရေး အလွှာလေးမှာ အခုထိတော့ ဖြူစင်နေပါသေးသည်။
သို့သော်အရေးကြီးဆုံးမှာ ရှောင်ပိုင်အနေနှင့် ဂျိချန်းဖန်နှင့် ပွင့်ပွင့်လင်းလင်း ရှိရန် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု မရှိသေးခြင်းပင် ဖြစ်သည်။
'ဝူး.......'
ရွှမ်ချာဂိုဏ်းထဲမှ လွတ်အောင်ပြေးလာသော ရှောင်ပိုင်သည် အမောတကော အသက်ရှူနေရသည်။ သူမ ရွှမ်ချာဂိုဏ်း ရှိရာဘက်သို့ ပြန်ကြည့်လိုက်သောအခါ သူမ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဝေ့သီနေသည်။
တစ်ချိန်တည်းမှာပင် သူမ စိတ်ထဲ၌ ဝေခွဲမရ ဖြစ်နေမိသည်။ ဂျိချန်းဖန် တွေးထားသလိုပင် သူမ စိတ်ပိုင်းဆိုင်ရာ မပြင်ဆင်ရသေးသည်မှာ မှန်ပေသည်။
သို့သော် အဲဒီအချိန်မှာ သိပ်တော့ ကြာမည်မဟုတ်ပေ... ဘာကြောင့်လဲဆိုသော် ဂျိချန်းဖန်၏ ဘေးနားတွင် ရှိနေလျှင် သူမ တကယ်ပင် စိတ်အေးချမ်းရသောကြောင့် ဖြစ်သည်။ ဤခံစားချက်မှာ အရာအားလုံးထက် သာလွန်နေပေသည်။
ရွှမ်ချာဂိုဏ်း၊ တောင်နောက်ဘက်။
အထူးတလည် တည်ဆောက်ထားသော ရေကန်ထဲ၌ မြူခိုးငွေ့များ အလိပ်လိုက် တက်နေသည်။ ရေကန်ထဲတွင်လည်း ပူလွန်း၊ အေးလွန်းခြင်းမရှိဘဲ ရေချိုးရန် အနေတော်ဖြစ်သော ရေနွေးနွေးလေးများနှင့် ပြည့်နှက်နေလေသည်။
'မကြာသေးခင်က လုရွယ်ချီ မင်းဆီ ခဏခဏ လာတယ်လို့ ငါ ကြားတယ်..........'
ဂျိချန်းဖန်သည် သူ့ရင်ခွင်ထဲက နူးညံ့သော မိန်းကလေးကို အသာအယာ ပွေ့ဖက်ရင်း မေးလိုက်သည်။
'အင်း..........' ကျင့်ပင်အာ ခေါင်းငြိမ့်ပြလိုက်သည်။
ထို့နောက် ဂျိချန်းဖန်၏ ရင်ခွင်ထဲသို့ ချစ်စနိုးနှင့် တိုးဝင်လိုက်ကာ တိုးတိုးလေး ပြောလိုက်၏။
'အစ်မလုက ကျွန်မဆီ ခဏခဏလာပြီး အတူတူ ရေပူစမ်းစိမ်တတ်တယ်.......... ဒါပေါ့... ကျွန်မလည်း အစ်မလုဆီ သွားလည်တာပေါ့..........'
သူမ စကားပြောနေတုန်းမှာပင် ရေမျက်နှာပြင်မှာ လှိုင်းလေးများ ထသွားပြီး မြူခိုးများက မြင်ကွင်းကို ဝေဝါးသွားစေသည်။ ထိုမိန်းကလေး၏ ဆွဲဆောင်မှုများမှာ မြူများကြားတွင် ပေါ်လွင်နေလေသည်။
ကျင့်ပင်အာသည် ဂျိချန်းဖန်၏ ရင်ခွင်ထဲတွင် ခွေနေသည်။ သူမ၏ လှပသော ဆံနွယ်များမှာ ရေပေါ်တွင် ပေါ်လောပေါ်နေပြီး တောက်ပသော မျက်ဝန်းများထဲတွင်မူ ကျေနပ်သာယာမှုများ ပြည့်နှက်နေလေသည်။ တခါတလေ၌ ရေပူစမ်းစိမ်ရခြင်းသည် တကယ်ကို အံ့ဩဖို့ကောင်းသော အရာတစ်ခု ဖြစ်ပေသည်။
ဂျိချန်းဖန်သည် သူမကို အသာအယာ ဖက်ထားရင်း ပြောလိုက်သည်။
'ရွှမ်ချာဂိုဏ်း တည်ထောင်တာ ဒီလောက်ကြာနေပြီ၊ မင်း တပည့်တွေ လက်ခံဖို့ အစီအစဉ် မရှိသေးဘူးလား..........'
ရွှမ်ချာဂိုဏ်း တည်ထောင်ခဲ့သည်မှာ အခုဆိုလျှင် ဆယ်စုနှစ်တစ်ခု နီးပါး ရှိနေပြီ ဖြစ်၏။ ဒါပေမဲ့ ကျင့်ပင်အာမှာ တပည့်တစ်ယောက်မှ လက်မခံသေးပေ။
ဒါကို ကြားသော် ကျင့်ပင်အာက နှုတ်ခမ်းလေးကို အနည်းငယ် စူလိုက်ပြီး 'သခင်လေး ဂိုဏ်းချုပ် ရာထူးကို ဆက်ခံပြီးမှပဲ တပည့်တွေ လက်ခံဖို့ ကြိုးစားတော့မယ်လို့ စဉ်းစားထားတယ်...' ဟု ပြောလိုက်သည်။
တခြား အကြောင်းရင်းကြောင့် မဟုတ်ပေ။ တကယ်လို့ ဂျိချန်းဖန်သာ ကျင်းယွမ်ကလန်၏ တပည့်အဆင့်မှာပင် ရှိနေဦးမည်ဆိုပါက သူမ ရရှိနိုင်သော အကူအညီမှာ အကန့်အသတ် ရှိနိုင်ပါသည်။
သို့သော် ဂျိချန်းဖန်သာ ကျင်းယွမ်ကလန်၏ ဂိုဏ်းချုပ် ဖြစ်လာလျှင်မူ အခြေအနေမှာ ပြောင်းလဲသွားပြီ ဖြစ်၏။ ထိုအချိန်ကျမှသာ သူမသည် ဂိုဏ်းချုပ်ကတော်ဟုပင် သတ်မှတ်ခံရနိုင်ပြီး ရရှိမည့် အကူအညီများမှာလည်း နှိုင်းယှဉ်၍ပင် ရတော့မည်မဟုတ်ပေ။
ဒါတွေက ကျင့်ပင်အာ၏ ကိုယ်ပိုင် အတွေးများသာ ဖြစ်သည်။ အမှန်တကယ်တော့ ဘာပဲဖြစ်ဖြစ် ကျင်းယွမ်ကလန်က ရွှမ်ချာဂိုဏ်းကို အစွမ်းကုန် ကူညီမှာ ဖြစ်ပေသည်။
အကြောင်းမှာ ရှုထောင့်တစ်ခုက ကြည့်လျှင် ရွှမ်ချာဂိုဏ်းမှာ ကျင်းယွမ်ကလန်၏ လက်အောက်ခံ အင်အားစု တစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။
ကိုယ့်၏ လက်အောက်ခံကို ကျင်းယွမ်ကလန်က မကူညီဘဲ နေပါ့မလား.......... ကျင့်ပင်အာကသာ အထိမခံနိုင်လွန်း ဖြစ်နေခြင်း ဖြစ်၏။ သို့သော် ဒါကလည်း ပုံမှန်ပင် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူမသည် သူများအရိပ်အောက်တွင် နေနေရသည် မဟုတ်ပါလော။
ဂျိချန်းဖန်က သူမ၏ လှပသော မျက်နှာလေးကို အသာအယာ ဆွဲညှစ်လိုက်ရင်း စိတ်မကောင်းဖြစ်စွာ ပြောလိုက်သည်။ 'ရပါတယ်... မင်း စိတ်တိုင်းကျသာ လုပ်ပါ။'
ဘာပဲဖြစ်ဖြစ် ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲကလည်း သိပ်မလိုတော့ပေ။
'အင်း..........' ကျင့်ပင်အာက အလိုက်သင့်လေး ခေါင်းငြိမ့်ပြသည်။
ချက်ချင်းဆိုသလိုပင် သူမက မော့ကြည့်လာသည်။ တောက်ပနေသော မျက်ဝန်းများထဲတွင် ချစ်ခြင်းမေတ္တာများ လှိုင်းထနေပြီး ပြစ်မျိုးမှဲ့မထင် လှပသော မျက်နှာလေးမှာလည်း ရှက်သွေးဖြာကာ ဆွဲဆောင်မှုရှိသော လေသံလေးနှင့် ပြောလိုက်လေသည်။
'သခင်လေး.......... နှစ်ကိုယ်တူကျင့်စဉ် ကျင့်ဖို့ အချိန်တန်ပြီနော်..........'
ထိုစကားများ ထွက်လာသည်နှင့် ဂျိချန်းဖန်၏ မျက်ခုံးများ အနည်းငယ် မြင့်တက်သွားသည်။ သူသည် ရှေ့မှ နူးညံ့သော မိန်းကလေးကို ကြည့်လိုက်ပြီး ဘာမှမဆိုင်းမတွဘဲ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့သည်။
ရွှမ်ချာဂိုဏ်း၏ အနာဂတ်ကို သူ ပခုံးထမ်းထားပြီးသား ဖြစ်ပေသည်။ ထို့ကြောင့် ယောကျ်ားတစ်ယောက်အနေနှင့် ရွှမ်ချာဂိုဏ်း၏ အနာဂတ်ကို ခိုင်ခိုင်မာမာ ဆက်လက် ထမ်းပိုးထားရမည်သာ ဖြစ်၏။
ခဏချင်းမှာပင် ရေပူစမ်းရှိ ရေမျက်နှာပြင်၌ လှိုင်းများ ထသွားသည်။
***