ရေအောက် လိုဏ်ဂူထဲတွင်...
[ကျွမ်းကျင်မှု] : ရေကူးခြင်း (ပထမအကြိမ် ကန့်သတ်ချက် ဖောက်ထွင်းမှု ၁၈၅၅/၂၀၀၀) (ဝိသေသလက္ခဏာ - ရေအောက် အသက်ရှူခြင်း)
"အသက်ရှူကြိမ် ခဏအကြာတွင် အတွေ့အကြုံ အမှတ် တစ်ရာကျော်တောင် တက်လာတာပဲ"
"တကယ့်ကို ပစ္စည်းကောင်းပဲ..."
ကျန်းနင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ဆန်စေ့ခန့်သာ ရှိသော ရေတစ်စက်က ပေးစွမ်းသည့် အာနိသင်ကို ကြည့်ခြင်းအားဖြင့် ဤအရာမှာ အလွန် တန်ဖိုးကြီးမားကြောင်း သက်သေပြနေလေသည်။
ထို့အပြင် ရေကူး ကျွမ်းကျင်မှု အတွေ့အကြုံ တိုးလာသည့်အပြင် သူ့ခန္ဓာကိုယ် အတွင်း၌လည်း ပြောင်းလဲမှု တချို့ကို ခံစားနေရ၏။ သို့သော် ထိုပြောင်းလဲမှုများမှာ အလွန် သေးငယ်လွန်းသဖြင့် မည်သည့် အရာဖြစ်ကြောင်း အတိအကျ မဆုံးဖြတ်နိုင်သေးချေ။
အချိန်အနည်းငယ် ကြာပြီးနောက်...
သူ့ခန္ဓာကိုယ်တွင် မည်သည့် ဆိုးရွားသော တုံ့ပြန်မှုမျှ မရှိကြောင်း သေချာသွားသောအခါ ကျန်းနင်က သတိထားနေမှုကို လုံးဝ လျှော့ချလိုက်တော့သည်။ အကျိုးကျေးဇူးသာရှိပြီး အန္တရာယ် မရှိသဖြင့် တကယ့်ကို ရတနာကောင်း တစ်ပါးပင်။
စိတ်ချသွားပြီးနောက် ကျန်းနင်က သူ၏ လက်ကို ရေအိုင်လေးထဲသို့ နှစ်လိုက်သည်။
ငွေရောင် တလက်လက် တောက်ပနေသော ရေအိုင်ထဲ လက်ရောက်သွားသည်နှင့် ရေခဲနှင့် ရေ ရောနှောထားသည့် အထဲသို့ ထည့်လိုက်ရသည်ထက် ပိုမို ပြင်းထန်သော အေးစက်မှုကို ချက်ချင်း ခံစားလိုက်ရ၏။ သို့သော် ဤအအေးဓာတ်က ယခုအချိန်တွင် သူ့အပေါ် သိပ်ပြီး လွှမ်းမိုးနိုင်စွမ်း မရှိတော့ပေ။
နောက်တစ်ခဏတွင်...
သူက ရေအိုင်ထဲမှ အရိုးကွဲမတတ် အေးစက်နေသော ရေအနည်းငယ်ကို ခပ်ယူလိုက်သည်။ ဤထူးခြားသော ရေမှာ သာမန် ကန်ရေနှင့် ကွဲပြားခြားနားကြောင်း သိသာထင်ရှားပြီး သိပ်သည်းဆမှာလည်း ပိုများနေလေသည်။
ထို့နောက် တွေဝေမနေဘဲ ပါးစပ်ဆီသို့ ယူဆောင်ကာ ကန်ရေကို ရှိုက်သွင်းလိုက်တော့၏။
ဂလု...
ဤထူးခြားသော ရေများ အစာအိမ်ထဲ ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူ့ဝမ်းဗိုက်ထဲမှ အအေးဓာတ်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်ကို ချက်ချင်း ခံစားလိုက်ရသည်။
ရေခဲတိုက်အတွင်း ရောက်သွားသကဲ့သို့ ခန္ဓာကိုယ် အပူချိန်မှာ လျင်မြန်စွာ ထိုးကျသွား၏။ တစ်ချိန်တည်းမှာပင် သူ့မျက်စိရှေ့၌ စနစ်စာတန်းများ လျင်မြန်စွာ လက်ခနဲ ပေါ်လာတော့သည်။
[ရေကူးခြင်း အတွေ့အကြုံ +၁]
[...]
ဤစာတန်းများ ပေါ်လာသည့် အကြိမ်ရေမှာ ယခင်ကထက်ပင် ပိုမို မြန်ဆန်နေပြီဖြစ်သည်။
တစ်ခဏ အကြာတွင်...
[ကျွမ်းကျင်မှု] : ရေကူးခြင်း+ (ပထမအကြိမ် ကန့်သတ်ချက် ဖောက်ထွင်းမှု ၂၀၀၀/၂၀၀၀) (ဝိသေသလက္ခဏာ - ရေအောက် အသက်ရှူခြင်း)
ဤကျွမ်းကျင်မှုအတွက် အတွေ့အကြုံ အမှတ်များ အပြည့် ပြည့်သွားသော်လည်း စာတန်းများမှာ ရပ်တန့်မသွားခဲ့ချေ။
ဤအခြေအနေတွင် ကျန်းနင်က အလောတကြီး မလှုပ်ရှားခဲ့ပေ။ အတွေ့အကြုံ အမှတ်များ ပြည့်သွားသော်လည်း ပိုလျှံနေသော အမှတ်များမှာ အလဟဿ ဖြစ်သွားမည် မဟုတ်ပါလား။
ထို့အပြင် သူ့ခန္ဓာကိုယ် အတွင်း၌လည်း သိသာထင်ရှားသော အအေးဓာတ်များ ကိန်းအောင်းနေသဖြင့် ခန္ဓာကိုယ်ကို နွေးထွေးစေရန် ချီနှင့် သွေးများကို လှည့်ပတ်ဖို့ လိုအပ်နေသည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင်...
သူ့ခန္ဓာကိုယ်ရှိ အအေးဓာတ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားရာ ဤထူးခြားသော ကောင်းကင်နှင့် မြေကြီး၏ သဘာဝရတနာကို ခန္ဓာကိုယ်မှ အပြည့်အဝ စုပ်ယူပြီးစီးသွားကြောင်း ညွှန်ပြနေ၏။
"ဟူး..."
နောက်ဆုံးတွင် ကျန်းနင်က သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်ပြီး အအေးဓာတ်များ ရောနှောနေသော လေတစ်ပိုက်ကို ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်သည်။
ပလုံ... ပလုံ... ပလုံ...
သူ့ပါးစပ်နားမှ ရေပူပေါင်းလေးများ တစ်သီတစ်တန်းကြီး ထွက်ပေါ်လာပြီး အထက်ဘက် ရေမျက်နှာပြင်ဆီသို့ လျင်မြန်စွာ တက်သွားကြတော့သည်။
"စောစောက စိတ်မြန်လက်မြန် မလုပ်မိတာ ကံကောင်းသွားတယ်။ သောက်လိုက်တဲ့ ပမာဏ နည်းလို့သာပေါ့... မဟုတ်ရင် ဒီအအေးဓာတ်ကို ဖယ်ရှားပစ်ဖို့ ဒီလောက် လွယ်ကူမှာ မဟုတ်ဘူး" ကျန်းနင်က စိတ်ထဲ တိတ်တဆိတ် တွေးတောမိသည်။
ထို့နောက် သူက ချီနှင့် သွေးများကို ဆက်လက် လှည့်ပတ်လိုက်ပြီး ခြေလက် အင်္ဂါများနှင့် အရိုးများ တစ်လျှောက် စီးဆင်းစေကာ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသေးသော အအေးဓာတ် အကြွင်းအကျန်များကို လုံးဝ ဖယ်ရှားပစ်ရင်း တစ်ကိုယ်လုံးကို နွေးထွေးသွားစေ၏။
ထိုအချိန်ရောက်မှသာ ကျန်းနင်က မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်တော့သည်။ သူ့အသိစိတ်က ခန္ဓာကိုယ်ထဲသို့ နစ်မြုပ်သွားပြီး အပြောင်းအလဲများကို တိတ်ဆိတ်စွာ အာရုံခံကြည့်လိုက်၏။
တစ်ခဏ အကြာတွင်…
သူက မျက်လုံး ပြန်ဖွင့်လိုက်ပြီး ဤထူးခြားသော ရေ၏ လုပ်ဆောင်ချက်ကို ချက်ချင်း နားလည် သဘောပေါက်သွားပြီဖြစ်သည်။
ခန္ဓာကိုယ်မှ စုပ်ယူပြီးနောက် တစ်ဖက်တွင် ဤထူးခြားသော ရေက ရေနှင့် ပတ်သက်သည့် သူ၏ အာရုံခံနိုင်စွမ်းကို တိုးမြှင့်ပေးခဲ့ပြီး အခြားတစ်ဖက်တွင်တော့ သူ့အုပ်မြစ်ကို ပိုမို ခိုင်မာစေကာ မွေးရာပါ ပါရမီကို အခြေခံမှစ၍ မြှင့်တင်ပေးခဲ့ခြင်းပင်။
"ဒါက သေချာပေါက် နဂါးငါးဖြူ အသွင်ပြောင်းလဲခြင်းရဲ့ ဇာစ်မြစ်ပဲ" ကျန်းနင်က စိတ်ထဲ ရေရွတ်လိုက်မိသည်။
သူ့အပေါ် သက်ရောက်သည့် ထိုအာနိသင်မျိုးကိုသာ နဂါးငါးဖြူ ကဲ့သို့သော ဝိညာဉ်သတ္တဝါ တစ်ကောင်အပေါ် အသုံးပြုလိုက်မည် ဆိုပါက ၎င်း၏ ဘဝအဆင့်အတန်း တစ်ခုလုံး ဆင့်ကဲ ပြောင်းလဲသွားစေမည်မှာ ယုံမှားသံသယ ဖြစ်ဖွယ်မရှိချေ။
သူ့အကြည့်က စနစ်မျက်နှာပြင်ပေါ်သို့ ပြန်လည် ရောက်ရှိသွား၏။
ယခုအခါ ရေကူး ကျွမ်းကျင်မှု အနောက်တွင် အပေါင်းလက္ခဏာတစ်ခု ပေါ်လာပြီး ကန့်သတ်ချက် ဖောက်ထွင်းရန် လိုအပ်ချက်များ ပြည့်မီသွားပြီ ဖြစ်ကြောင်း ညွှန်ပြနေလေသည်။
[ပင်မစွမ်းအင်] : ၉၆.၇
သူ့ပင်မစွမ်းအင် အမှတ်များကို တစ်ချက် ကြည့်လိုက်၏။
ထို့နောက် ကျန်းနင်က ရေကူး ကျွမ်းကျင်မှု ဘေးရှိ အပေါင်းလက္ခဏာပေါ်သို့ စိတ်စွမ်းအင် ပို့လွှတ်လိုက်သည်။
ထိုခဏတာအတွင်း...
ပင်မစွမ်းအင် အမှတ်များ လျင်မြန်စွာ လျော့ကျသွားပြီး မျက်တောင်တစ်ခတ်အတွင်း အမှတ် ၂၀ ခန့် ကျဆင်းသွားတော့သည်။
[ပင်မစွမ်းအင်] : ၇၆.၇
ရေကူး ကျွမ်းကျင်မှု အပိုင်းမှာလည်း ချက်ချင်း အပြောင်းအလဲများ ဖြစ်ပေါ်လာလေပြီ။
[ကျွမ်းကျင်မှု] : ရေကူးခြင်း (ဒုတိယအကြိမ် ကန့်သတ်ချက် ဖောက်ထွင်းမှု ၈၉၉/၃၀၀၀) (ဝိသေသလက္ခဏာ - ရေအောက် အသက်ရှူခြင်း၊ ရေထိန်းချုပ်မှု နည်းစနစ်)
[ရေထိန်းချုပ်မှု နည်းစနစ်] : ရေ၏ ပင်မစွမ်းအင်ကို သိမ်မွေ့စွာ ထိန်းချုပ်နိုင်စွမ်း မွေးရာပါ ပါရှိသော နတ်ဘုရား ကျွမ်းကျင်မှုတစ်ခု။
"နတ်ဘုရား ကျွမ်းကျင်မှု..."
"ရေရဲ့ ပင်မစွမ်းအင်ကို ထိန်းချုပ်နိုင်စွမ်းတဲ့လား..."
ကျန်းနင်က မျက်လုံးများ ပြူးကျယ်သွားပြီး သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။ အသစ်ပေါ်လာသော ဤဝိသေသလက္ခဏာမှာ သူ မျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်နေခဲ့လေပြီ။
ဤအခိုက်အတန့်တွင်... သူက ခြားနားချက်ကို ရုတ်တရက် ခံစားလိုက်ရ၏။
ပတ်ဝန်းကျင်ရှိ ရေစီးကြောင်းများကို သူ၏ ဆန္ဒအလျောက် ထိန်းချုပ်နိုင်စွမ်း ရှိနေကြောင်း သိသာထင်ရှားစွာ အာရုံခံလိုက်မိသည်။
နောက်တစ်ခဏတွင်... စိတ်အာရုံတစ်ချက် လှုပ်ရှားလိုက်ရုံဖြင့်...
မူလက တည်ငြိမ်ပြီး ငြိမ်သက်နေသော သူ့ပတ်လည်ရှိ ကန်ရေများမှာ ရုတ်တရက် ထိုနေရာတွင်ပင် ရေဝဲကြီး တစ်ခုအဖြစ် ပုံဖော်လာတော့သည်။
ရေဝဲကြီး ဖြစ်ပေါ်လာသည်နှင့် လိုဏ်ဂူ ကြမ်းပြင်ပေါ်ရှိ သဲများနှင့် ကျောက်စရစ်ခဲများမှာ ရေစီးကြောင်းနှင့်အတူ ချက်ချင်း လွင့်စင်ပါလာကြ၏။ သူ့စိတ်စွမ်းအင် အမိန့်ပေးမှု အောက်တွင် ရေဝဲကြီးက ဘယ်ညာ ပြေးလွှားနေပြီး သူ့ဆန္ဒရှိသည့်အတိုင်း ပြောင်းလဲနေတော့သည်။
"တကယ်ပဲ ရေစီးကြောင်းကို အားစိုက်စရာ မလိုဘဲ လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်နေပြီ..."
"ပြီးတော့ အာနိသင်က အတော်ကောင်းတာပဲ..."
သူ ထိန်းချုပ်ထားသော ရေစီးကြောင်းဖြင့် ပေါင်ဒါဇင်ပေါင်းများစွာ လေးသည့် ကျောက်တုံးကြီး တစ်တုံးကို မ,တင်လိုက်သည်အားကြည့်ရင်း ဤဝိသေသလက္ခဏာ အသစ်၏ အာနိသင်ကို ကျန်းနင် ခန့်မှန်းကြည့်လိုက်သည်။
သိမ်မွေ့သော ထိန်းချုပ်မှုဟု ဖော်ပြထားသော်လည်း ဤသတ်မှတ်ချက်မှာ သူ့လက်ရှိ စွမ်းအားနှင့် နှိုင်းယှဉ်ထားခြင်း မဟုတ်ဘဲ နတ်ဘုရား ကျွမ်းကျင်မှုများနှင့် ချိန်ထိုးထားခြင်းသာ ဖြစ်ပေသည်။
ယခင်ကမ္ဘာမှ ဒဏ္ဍာရီ မှတ်တမ်းများအရ နတ်ဘုရား ကျွမ်းကျင်မှုတိုင်းတွင် ကြောက်မက်ဖွယ် အာနိသင်များ ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။
အချို့သော နတ်ဘုရား ကျွမ်းကျင်မှုများဆိုလျှင် ပင်လယ်ရေပြင်ကို ပြောင်းပြန်လှန်ပြီး တောင်တန်းများကိုပင် ရွှေ့ပြောင်းနိုင်သည့်၊ သို့မဟုတ် ကောင်းကင်နှင့် မြေကြီးကိုပင် ပြောင်းလဲပစ်နိုင်စွမ်း ရှိသည့် ကမ္ဘာမြေကို တုန်လှုပ်စေသော စွမ်းအားများပင် ရှိကြ၏။
ထို့ကြောင့် ဤရေစီးကြောင်းများကို ထိန်းချုပ်နိုင်သည့် စွမ်းရည်မှာ ထိုကဲ့သို့သော နတ်ဘုရား ကျွမ်းကျင်မှုများနှင့် နှိုင်းယှဉ်လျှင် အမှန်တကယ်ပင် သိမ်မွေ့သော ထိန်းချုပ်မှုဟု ထင်ရပေလိမ့်မည်။
သို့သော် လက်ရှိ ကျန်းနင်အတွက်မူ ၎င်းမှာ လုံလောက်အောင် အစွမ်းထက်နေပြီ ဖြစ်၏။
ပေါင်ဒါဇင်ပေါင်းများစွာ လေးသော အရာဝတ္ထုများကို မ,တင်နိုင်စွမ်းရှိသည့် လွှမ်းမိုးမှုတစ်ခု... အကယ်၍ ၎င်းကိုသာ လူတစ်ယောက်၏ နှာခေါင်း သို့မဟုတ် နားပေါက်များမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့ ရေများ ဝင်ရောက်သွားစေရန် အသုံးပြုလိုက်မည် ဆိုပါက မည်သို့သော ရလဒ်မျိုး ထွက်ပေါ်လာမည်နည်း။
End
***