~ရှေးဟောင်းကာလက ရေဝိညာဉ်အမြစ် အတွက် အထွတ်အထိပ် ကျင့်စဉ်တစ်ခု။
ဒီကျင့်စဉ်ကို လေ့ကျင့်ဖို့ အတွက် ရေဓာတ် ရတနာ တစ်ပါး ဖြစ်သော "နေရောင်ခြည် နတ်ရေစင်" ကို အသုံးပြုပြီး အခြေခံ တည်ဆောက်ရ၏။
ထို့ကြောင့် မာထျန်းလင် အနေဖြင့် ဒီကျင့်စဉ်ကို လေ့ကျင့်၍ မရနိုင်ပေ။
သို့သော် စုယွီတွင် ရေဝိညာဉ်အမြစ် ကျင့်စဉ်များ မရှားပါးလှပေ။ လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေ အတွင်းမှ ကျင့်စဉ် အခု (၂၀) ကျော် ရှာဖွေတွေ့ရှိခဲ့ရာ၊ (၁၅) ခုကျော်သည် ရွှေအမြုတေ အဆင့် အတွက် သင့်တော်သည်။
ထိုအထဲတွင် မူလဝိညာဉ် အဆင့်အထိ ကျင့်ကြံနိုင်သော ရေဝိညာဉ်အမြစ် ကျင့်စဉ် နှစ်ခု ပါဝင်၏။
တစ်ခု၏ အမည်မှာ "ပါဆွေ အစစ်အမှန် နည်းစနစ်" ဖြစ်သည်။ ၎င်းသည် လွှမ်းမိုးချုပ်ကိုင်နိုင်သော မန္တန်စွမ်းအား ပေးစွမ်းနိုင်ပြီး၊ ရေတစ်စက်ချင်းစီသည် ပေါင်တစ်ထောင်မျှ လေးလံကာ အလွန် ပြင်းထန်သည်။
နောက်တစ်ခု၏ အမည်မှာ "နူးညံ့သိမ်မွေ့ခြင်း တစ်ထောင် ရေနတ်သမီး နည်းစနစ်" ဖြစ်သည်။ ၎င်းသည် အားနည်းခြင်းဖြင့် အားကြီးခြင်းကို အနိုင်ယူသည့် မူဝါဒကို ကျင့်သုံးပြီး၊ ရေကဲ့သို့ မေတ္တာတရားကို တန်ဖိုးထား၏။
ရေသည် အရာအားလုံးကို အကျိုးပြုသော်လည်း မည်သူနှင့်မျှ မယှဉ်ပြိုင်ဘဲ၊ လူတို့ မုန်းတီးသော နိမ့်ကျသည့် နေရာများတွင် စီးဆင်းနေထိုင်သဖြင့် မြင့်မြတ်သော သီလနှင့် ပြည့်စုံသည်... ယှဉ်ပြိုင်ခြင်း မရှိသောကြောင့် ပူပန်ခြင်းလည်း ကင်းဝေးသည်။
"နူးညံ့သိမ်မွေ့ခြင်း တစ်ထောင် ရေနတ်သမီး နည်းစနစ်" ၏ အနှစ်သာရသည် စုယွီ၏ ခံယူချက်နှင့် အကိုက်ညီဆုံး ဖြစ်၏။ ရေကဲ့သို့ နူးညံ့သိမ်မွေ့ပြီး၊ တိုက်ခိုက်ခြင်းထက် ခုခံကာကွယ်ခြင်းကို ပိုမို ဦးစားပေးသည်။
ထို့ကြောင့် စဉ်းစားသုံးသပ်ပြီးနောက် စုယွီသည် "နူးညံ့သိမ်မွေ့ခြင်း တစ်ထောင် ရေနတ်သမီး နည်းစနစ်" ကို မာထျန်းလင်အား သင်ကြားပေးရန် ဆုံးဖြတ်လိုက်၏။
သူသည် ဤကျင့်စဉ်ကို အချိန်အတန်ကြာ လေ့လာခဲ့ပြီး ၎င်း၏ ဝိသေသလက္ခဏာများကို ဓာတ်ကြီးငါးပါး ကျင့်စဉ်နှင့် ပေါင်းစပ်ထားပြီး ဖြစ်သဖြင့်၊ သူနှင့် မစိမ်းသက်လှပေ။
မာထျန်းလင် ကဲ့သို့သော မိန်းကလေးငယ် တစ်ဦးကို ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးရန် သူ့တွင် အရည်အချင်း အလုံအလောက် ရှိပါသည်။
"နူးညံ့သိမ်မွေ့ခြင်း တစ်ထောင် ရေနတ်သမီး နည်းစနစ်" ကို တစ်ရက်တည်းဖြင့် အောင်မြင်စွာ စတင် ကျင့်ကြံနိုင်ပြီး၊ ချီစုစည်းခြင်း အဆင့် (၁) သို့ ရောက်ရှိသွားသော မာထျန်းလင်ကို ကြည့်ရင်း စုယွီ အချိန်အတော်ကြာ တိတ်ဆိတ်ငြိမ်သက်နေမိ၏။
‘အရင်တုန်းက...
ငါ..ကျင့်ကြံခြင်း စတင်ဖို့ ဘယ်လောက်ကြာခဲ့ရသလဲ…’
စုယွီသည် မာထျန်းလင်၏ ကျင့်ကြံခြင်းကို အထောက်အကူ ပြုနိုင်ရန်၊ ဝိညာဉ်သန့်စင်အိုး ထဲမှ ပထမအဆင့် ဝိညာဉ်အရည်များကို ထုတ်ပေးလိုက်သည်။ ဝိညာဉ်အရည်ဖြင့် ကျင့်ကြံခြင်းသည် ဆေးလုံးများ သုံးစွဲခြင်းထက် ပိုမို ကောင်းမွန်၏။
(၆) လတာ ကာလတိုလေး အတွင်းမှာပင် မာထျန်းလင်၏ ကျင့်ကြံခြင်း အဆင့်သည် ချီစုစည်းခြင်း အဆင့် (၄) သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ဤ တိုးတက်မှုနှုန်းထားသည် စုယွီကိုပင် အနည်းငယ် မနာလို ဖြစ်သွားစေ၏။
‘ဒါ မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ် နဲ့ အထူး ခန္ဓာကိုယ်ဖွဲ့စည်းပုံ တို့ရဲ့ အစွမ်းကြောင့် ရရှိလာတဲ့ ကျင့်ကြံနှုန်းလား။
အရင်တုန်းက ဆိုရင် ချီစုစည်းခြင်း အဆင့် (၁) ကနေ (၂) ကို ရောက်ဖို့ ၁ နှစ်၊ ၂ နှစ်လောက် ကြာခဲ့တာ။
အဆင့် (၄) ရောက်ဖို့ ဆိုရင် ဆယ်စုနှစ် တစ်ခုနီးပါး ကြာခဲ့တာလေ’
စုယွီသည် သူ၏ ထိပ်တန်းအဆင့် ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်ကို ကြည့်ရင်း တိတ်တဆိတ် တွေးတောလိုက်မိသည်။
“ငါ့ရဲ့ ဝိညာဉ်အမြစ်က မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ် အဖြစ် ပြောင်းလဲသွားနိုင်မယ့် အခွင့်အရေး ရှိသေးလား မသိဘူး...”
အကယ်၍ ပြောင်းလဲ၍ ရလျှင်တော့... မြေကမ္ဘာအဆင့် ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ် ဆိုတာ မာထျန်းလင်၏ မြေကမ္ဘာအဆင့် ရေဝိညာဉ်အမြစ် တစ်ခုတည်း ထက်တော့ အများကြီး ပိုသာလွန်နေမှာ သေချာ၏။
(၂) လ ကြာပြီးနောက်...၊
ထိုနေ့တွင်...
ချင်းယွဲ့ တောင်ထွတ်၏ ထိပ်ရှိ တစ်ဝက်တစ်ပျက် ပြိုကျနေသော အင်မော်တယ် နန်းတော် အောက်ဘက် ဂူစံအိမ် အတွင်း၌...
“ဝုန်း...”
“ဝူး... ဝူး... ဝူး...”
စုယွီသည် ဓာတ်ကြီးငါးပါး ကျင့်စဉ်ကို လည်ပတ်၍ နေ့စဉ် ကျင့်ကြံခြင်းကို စတင်လိုက်သည်နှင့် တပြိုင်နက်၊ အရပ်မျက်နှာ အသီးသီးမှ အဆုံးမဲ့ သဘာဝ ဝိညာဉ်စွမ်းအင်များသည် စုဝေးရောက်ရှိလာပြီး သူ့ထံသို့ တိုးဝင်လာကြသည်။ တဖြည်းဖြည်းနှင့် သူ့ပတ်ဝန်းကျင်တွင် သဘာဝ ဝိညာဉ်စွမ်းအင် ဝဲကတော့ကြီး တစ်ခု ဖြစ်ပေါ်လာ၏။
ကြီးမားသော သဘာဝ စွမ်းအားများသည် စုယွီ၏ ကိုယ်ထဲသို့ စီးဝင်သွားပြီး၊ ဓာတ်ကြီးငါးပါး ကျင့်စဉ်၏ လည်ပတ်မှုအောက်တွင် ဓာတ်ကြီးငါးပါး မန္တန်စွမ်းအား အမျှင်တန်းလေးများ အဖြစ်သို့ ပြောင်းလဲသွားကြသည်။
နောက်ဆုံးတွင် ထိုစွမ်းအားများသည် စုယွီ၏ ဒန်တျန် အတွင်း၌ စုစည်းကာ၊ လေးပတ်လည် ရွှေအမြုတေ ထဲသို့ ပေါင်းစပ်သွားကြသည်။
စုယွီ၏ ဓာတ်ကြီးငါးပါး ဝိညာဉ်အမြစ်နှင့် ရွှေအမြုတေ အပေါ်တွင် တွဲလွဲခိုနေသော ရွှေရောင် ကြေးပြားလေးသည် မှိန်ဖျော့ဖျော့ ရွှေရောင် အလင်းတန်းများဖြင့် လွှမ်းခြုံထား၏။ ထိုရွှေရောင် အလင်းတန်းများ၏ အောက်တွင် စုယွီ၏ ရွှေအမြုတေသည် သိမ်မွေ့သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်။
အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားသည်။
တစ်နာရီ ကြာပြီးနောက်...
“ဘုန်း...”
စုယွီ၏ အရှိန်အဝါသည် တိတ်တဆိတ် ပြောင်းလဲသွားသည်။ ရွှေအမြုတေ အဆင့် (၃) ရှိသော မန္တန်စွမ်းအား အရှိန်အဝါသည် ယခုအခါ အဆင့် (၄) သို့ သဘာဝကျကျ ထိုးဖောက် ဝင်ရောက်သွားပြီ ဖြစ်၏။ ကျင့်ကြံခြင်း အဆင့် တက်သွားသည်နှင့် တပြိုင်နက် ဒန်တျန် အတွင်းရှိ ကြေးပြားလေးသည် တုန်ခါသွားပြီး တိုးညှင်းသော မြည်သံတစ်ခု ထုတ်လွှတ်လိုက်သည်။
ကြောက်မက်ဖွယ် ကောင်းလှသော ဓာတ်ကြီးငါးပါး မန္တန်စွမ်းအား အရှိန်အဝါ ပေါက်ကွဲထွက်ပေါ်လာ၏။ စုယွီ အဆင့်တက်သွားသည့် အခိုက်အတန့်တွင်၊ သူ့ပတ်ဝန်းကျင်ရှိ သဘာဝ ဝိညာဉ်စွမ်းအင်များသည် ခေတ္တမျှ ရပ်တန့်သွားသကဲ့သို့ ဖြစ်သွားသည်။
မယုံကြည်နိုင်လောက်အောင် ပြင်းထန်သော ဝိညာဉ်ဖိအားကြောင့် စုယွီ၏ အရှိန်အဝါသည် အလွန်တရာ အစွမ်းထက်လာ၏။
ရွှေအမြုတေ အဆင့် (၄) သာ ရှိသေးသော်လည်း၊ သူ၏ မန္တန်စွမ်းအားသည် ရွှေအမြုတေ အဆင့် (၅) ရှိသော မာရှီချင်းထက်ပင် ပိုမို သန်မာနေသည်ဟု စုယွီ ခံစားလိုက်ရသည်။
ရွှေအမြုတေ အဆင့် (၄) ရှိသော ဓာတ်ကြီးငါးပါး မန္တန်စွမ်းအားသည်၊ သာမန် ရွှေအမြုတေ အဆင့် (၆) အရှင်သခင် တစ်ပါးနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။
စုယွီ အဆင့်တက်သွားသည်နှင့် တပြိုင်နက် သဘာဝ ဝိညာဉ်စွမ်းအင်များသည် ဒီရေအလား ထပ်မံ တိုးဝင်လာပြီး၊ သူ့ခန္ဓာကိုယ်က ရူးသွပ်စွာ ဝါးမျိုလိုက်သည်။ ဤ ဖြစ်စဉ်သည် နေ့ဝက်ခန့် ကြာမြင့်ပြီးမှ ငြိမ်သက်သွားလေ၏။
မှောင်မည်းနေသော ဂူစံအိမ် အတွင်း၌ စုယွီ မျက်လုံးများကို ဖွင့်လိုက်ပြီး ပူနွေးသော လေငွေ့တစ်ချက် မှုတ်ထုတ်လိုက်သည်။
“ဟူး...”
လျှပ်စီးလက်သကဲ့သို့ တောက်ပသော နတ်ဘုရား အလင်းတန်းများ သူ့မျက်ဝန်းထဲမှ ထိုးထွက်လာပြီး အချိန်အတော်ကြာအောင် တည်ရှိနေ၏။
သူ၏ အရှိန်အဝါသည် ယခင်ကနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ရွှေအမြုတေ အဆင့် (၃) မှ (၄) သို့ ကူးပြောင်းခြင်းသည် ကြီးမားသော တိုးတက်မှုကြီး တစ်ခု ဖြစ်၏။
ဤအဆင့် တက်လှမ်းမှုက စုယွီအား ရွှေအမြုတေ အဆင့် အစောပိုင်းမှ အလယ်အလတ်အဆင့်သို့ တွန်းပို့လိုက်ခြင်း ဖြစ်သည်။
ခန္ဓာကိုယ် အတွင်းရှိ မန္တန်စွမ်းအား၊ ဝိညာဉ်စွမ်းအားနှင့် နတ်ဘုရား စိတ်အာရုံတို့၏ ပြောင်းလဲမှုများကို ခံစားပြီးနောက်၊ စုယွီ စိတ်ထဲတွင် ကြေညာလိုက်မိ၏။
“ဓာတ်ကြီးငါးပါး ကျင့်စဉ်က ပတ်ဝန်းကျင် အခြေအနေ လိုအပ်ချက် မြင့်မားပြီး၊ စုပ်ယူရတဲ့ ဝိညာဉ်စွမ်းအင်နဲ့ ကုန်ကျရတဲ့ အရင်းအမြစ်တွေက ဝိညာဉ်အမြစ် တစ်ခုတည်း ရှိတဲ့ ကျင့်ကြံသူတွေထက် (၁၀) ဆလောက် ပိုများပေမယ့်... ဝန်ခံရရင်တော့ ငါ့ရဲ့ မန္တန်စွမ်းအားက တကယ့်ကို အံ့မခန်း အစွမ်းထက်တာပဲ...”
‘များပြားလွန်းလိုက်တာ။
သီအိုရီအရ ပြောရရင်... ကြာရှည်ဆွဲ တိုက်ခိုက်ရတဲ့ တိုက်ပွဲမျိုးမှာ ရွှေအမြုတေ အဆင့် (၆) အရှင်သခင် တစ်ပါးကိုတောင် မန္တန်စွမ်းအား ကုန်ခန်းသွားအောင် လုပ်ပစ်နိုင်တယ်’
ထို့နောက် စုယွီသည် ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်သို့ အာရုံစိုက်လိုက်၏။
[ အမည် - စုယွီ ]
[ ကျင့်ကြံခြင်း - ရွှေအမြုတေ အဆင့် (၄) ]
[ သက်တမ်း - (၁၅၀) / (၁၀၅၅) နှစ် ]
[ ကျင့်စဉ်များ - ဓာတ်ကြီးငါးပါး ကျင့်စဉ် (ရွှေအမြုတေ အဆင့် - ၄ ၊ ကျွမ်းကျင်မှု ၀.၀၁%) ၊ မိကျောင်းမိစ္ဆာ (၁၀၈) ကွက် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် (အဆင့် - ၂၂ ၊ ကျွမ်းကျင်မှု ၆၄.၄၃%) ၊ သွေးဝေလငါး လမင်းမြို နည်းစနစ် (အဆင့် - ၃ ၊ ကျွမ်းကျင်မှု ၃၀%) ၊ ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် (အဆင့် - ၃ ၊ ကျွမ်းကျင်မှု ၇၈.၇၁%) ]
[ သိုင်းနည်းစနစ်များ - သစ်နွယ်ရှင် (ပြီးပြည့်စုံခြင်း) ၊ ဝိညာဉ်ပျိုးထောင်ခြင်း (ပြီးပြည့်စုံခြင်း) ... ရေခဲနှင့် မီး ဝိညာဉ်ဆင့်ခေါ်ခြင်း (ပြီးပြည့်စုံခြင်း) ၊ နဂါးပျံ ဖီးနစ်ကကြိုး (ပြီးပြည့်စုံခြင်း) ၊ ရေခဲနှင့် မီး ငရဲဘုံ (ပြီးပြည့်စုံခြင်း) ၊ ယင်ယန် ထွက်ပြေးခြင်း (ပြီးပြည့်စုံခြင်း) ]
“ငါ့သက်တမ်းက (၄၅) နှစ် တိုးလာတာပဲ...”
စုယွီ စိတ်ထဲတွင် ညည်းတွားလိုက်၏။
ရှေးဟောင်း အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်က တကယ်ကို ကြောက်စရာ ကောင်းတာပဲ။
ရွှေအမြုတေ အဆင့်မှာ အဆင့်တစ်ဆင့် တက်ရုံနှင့် ပုံမှန်အားဖြင့် သက်တမ်း အနှစ် (၂၀) လောက်ပဲ တိုးလေ့ရှိ၏။
သို့သော်၊ အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်ကို လေ့ကျင့်ထားလို့ သူ့သက်တမ်း တိုးနှုန်းက နှစ်ဆလောက် ဖြစ်နေသည်။
ဒီနှုန်းထားအတိုင်း ဆိုလျှင် ရွှေအမြုတေ အဆင့် (၉) ရောက်သည့် အချိန်ကျလျှင်၊ သူ့သက်တမ်းက နှစ် (၁၃၀၀) ကျော်လောက် ရှိနေလိမ့်မည်။
ဒါက မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါး၏ ပျမ်းမျှ သက်တမ်းထက်တောင် နှစ် (၃၀၀) ကျော် ပိုများနေသေး၏။
ဆက်လက် ကြည့်ရှုရင်း စုယွီ တွေးလိုက်သည်။
“ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်ရဲ့ ကျွမ်းကျင်မှုက (၆၄) ရာခိုင်နှုန်း ရောက်နေပြီ... အဆင့် (၂၃) ကို ရောက်ဖို့ သိပ်မလိုတော့ဘူး...” အဆင့် (၂၃) ဆိုသည်မှာ ရွှေအမြုတေ အဆင့် (၅) နှင့် ညီမျှသည်။
“ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ်က ကျွမ်းကျင်မှု (၇၈) ရာခိုင်နှုန်း အထိ စုဆောင်းထားပြီးပြီ...”
သူ၏ ဝိညာဉ်စွမ်းအား ပြောင်းလဲမှုများကို အာရုံခံလိုက်၏။
အကယ်၍ သူ၏ နတ်ဘုရား စိတ်ဝိညာဉ်ကို ဝိညာဉ်ဖိအား အဖြစ် စုစည်းလိုက်လျှင်၊ ထိုဖိအားသည် ရွှေအမြုတေ အဆင့် နှောင်းပိုင်း အရှင်သခင် တစ်ပါး၏ ဖိအားနှင့် ခွဲခြား၍ မရနိုင်အောင် တူညီနေပြီ ဖြစ်သည်။
သာမန် ရွှေအမြုတေ အဆင့် အလယ်အလတ်တန်းစား အရှင်သခင် တစ်ယောက်ယောက်က သူ့ကို တိုက်ခိုက်ချင်သည် ဆိုလျှင်တောင်၊ စုယွီ၏ ဝိညာဉ်ဖိအားအောက်မှာ ဖိနှိပ်ခံရပြီး သူတို့ စွမ်းအားရဲ့ (၈၀) ရာခိုင်နှုန်းလောက်ကိုတောင် ထုတ်သုံးနိုင်တော့မှာ မဟုတ်ပေ။
ဒီအားသာချက်က တကယ်ကို ကြီးမားလှသည်။
ဒီအချက်ကို တွေးမိရင်း စုယွီ တိတ်တဆိတ် ဆုံးဖြတ်လိုက်၏။
“အခု ငါ့ကျင့်ကြံခြင်းက ရွှေအမြုတေ အဆင့် (၄) ကို ရောက်နေပြီ ဆိုတော့... အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်ရဲ့ နောက်ဆက်တွဲ ကျင့်စဉ်တွေကို ရှာဖို့ နည်းလမ်းရှာရတော့မယ်...”
သူ့ခန္ဓာကိုယ် အစစ်က ဒီနေရာမှာ ဆက်လက် ကျင့်ကြံနေပြီး၊ တာအိုရုပ်သေးကို အပြင်ထွက် ရှာဖွေခိုင်း၍ ရသည်။
လွန်ခဲ့သော ကာလအတွင်း တာအိုရုပ်သေးသည် လျှို့ဝှက်နယ်မြေထဲမှ တတိယအဆင့် ဝိညာဉ်သတ္တုရိုင်း ကုန်ကြမ်းပစ္စည်း အချို့ကို စုဆောင်းထားခဲ့ရာ၊ အချိန်အတန်ကြာ စုပ်ယူ သန့်စင်ရန် လုံလောက်မှု ရှိသည်။
သူ့ရုပ်သေး၏ စွမ်းအားသည်လည်း ရွှေအမြုတေ အဆင့် (၆) သို့ တက်လှမ်းရန် နီးစပ်နေပြီ ဖြစ်၏။
လက်ရှိ တာအိုရုပ်သေး၏ အခြေအနေနှင့် ဆိုလျှင် ရွှေအမြုတေ အဆင့် (၇) ကျင့်ကြံသူ တစ်ဦး၏ စွမ်းအားကိုပင် ထုတ်ဖော်ပြသနိုင်စွမ်း ရှိသည်။
ဒီလောက် စွမ်းအားမျိုး ရှိနေလျှင် အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်၏ နောက်ဆက်တွဲတွေကို ရှာဖွေဖို့ ဆိုတာ မခဲယဉ်းလောက်ပေ။
ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်ကို ဂူစံအိမ်ထဲတွင် နောက်ထပ် တစ်ကြိမ် လေ့ကျင့်ပြီးမှသာ စုယွီသည် ခရီးထွက်ရန် ပြင်ဆင်လိုက်သည်။
နောက်တစ်နေ့တွင်...
သူ၏ တာအိုရုပ်သေးသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့် ကြွက်အကောင်ရေ တစ်ထောင်ကို ခေါ်ဆောင်ကာ လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေ အပျက်အစီးမှ တိတ်တဆိတ် ထွက်ခွာသွား၏။
တာ့ယွဲ့ မှောင်ခိုဈေးကွက်သို့ ရောက်ရှိသောအခါ၊ သတင်းဆိုး တစ်ခုကို သူ ကြားသိလိုက်ရသည်။
***