အစကတည်းက လုံထန်အုပ်စုက လီကျဲခိုင်ဆိုတဲ့ လူငယ်ကို အရေးတယူ လုပ်ခဲ့တာ မဟုတ်ချေ။ ဟောင်ကောင်ရဲ့ အချမ်းသာဆုံး၊ တစ်ကမ္ဘာလုံးက တရုတ်လူမျိုးတွေထဲမှာ သြဇာအရှိဆုံးဖြစ်တဲ့ သူဌေးကြီးရဲ့ သားဖြစ်နေလို့သာ သူနဲ့ဆက်နွှယ်နေတဲ့ အဆက်အသွယ်တွေကို အသုံးချချင်လို့ အဖတ်လုပ်ခဲ့ခြင်းဖြစ်သည်။
စင်စစ်တော့ လီကျဲခိုင်ရဲ့ အမြင်တွေက လင်းဖန် အတွက်တော့ ရယ်စရာတစ်ခုလိုပင်။ ယင်ခဲ့ ကုမ္ပဏီဆိုတာလည်း လင်းဖန်ရဲ့ မျက်စိထဲမှာ ဘာမှမဟုတ်တဲ့ အရာတစ်ခုသက်သက်ဖြစ်သည်။ ယနေ့ခေတ် လင်းဖန် ပိုင်ဆိုင်ထားတဲ့ ဓနအင်အား၊ ဂုဏ်သိက္ခာနဲ့ အမြော်အမြင်အရဆိုရင် လီကျဲခိုင်ရဲ့အဖေ လီကျားချန် ကိုယ်တိုင် ရှေ့မှောက်ရောက်လာရင်တောင် လင်းဖန် အနေနဲ့ နည်းနည်းလေးမှ မျက်နှာပျက်စရာ၊ တုံ့ဆိုင်းနေစရာ အကြောင်းမရှိနိုင်။
"ကောင်းပါပြီ သူဌေး"
ကျန်းဖန်က အားမလိုအားမရ ဖြစ်နေတဲ့ လေသံနဲ့ ပြန်တုန့်ပြန်လာသည်။ လင်းဖန် က ထိုသူကို တစ်ချက်ကြည့်လိုက်သည်။ ကျန်ဖန်က သူ့အပေါ် စိတ်ခုနေတာလားဆိုတာ သူ မသိတာတော့မဟုတ်။
ကျန်းဖန်ကလည်း သူ့နယ်ပယ်မှာတော့ ထိပ်တန်းပညာရှင်တစ်ယောက်ပင်၊ ယခုတော့ လုံထန်အုပ်စုရဲ့ လုပ်ငန်းတွေထဲမှာ အဖန်ဖန် အခက်ကြုံနေရတော့ စိတ်ပျက်နေခြင်း ဖြစ်နိုင်သည်။
"လီကျဲခိုင်နဲ့ ပူးပေါင်းမယ့်ကိစ္စကို ခင်ဗျားပဲ ကိုင်တွယ်လိုက်ပါ Nirvana Xဒုတိယအသုတ်ကို ပြည်တွင်းမှာ ရောင်းချပြီးတာနဲ့ ကျုပ်တို့အုပ်စုက ဟောင်ကောင်ဈေးကွက်ထဲကို ဘယ်လိုနည်းနဲ့မဆို အမြန်ဆုံး ခြေချရမယ်"
ဒါကို ကြားလိုက်ရတော့မှ ကျန်းဖန်ရဲ့ မျက်လုံးတွေ ဝင်းခနဲ ဖြစ်သွားပြီး အားတက်သရော ပြန်ဖြေလာသည်။
— "ဟုတ်ကဲ့ ၊ ကျွန်တော် နားလည်ပါပြီ။"
ခဏတဖြုတ် ကြုံရတဲ့ အခက်အခဲဆိုတာ ဘာမှမဟုတ်၊ စစ်မှန်တဲ့ အောင်ပွဲဆိုတာ အခက်အခဲတွေရဲ့ နောက်ကွယ်မှာပဲ ရှိနေတာပါ။
"ဒါနဲ့... ပြည်သူ့ဆက်ဆံရေးဌာနက လူအချို့ကို ထုတ်ပြီး ပြင်ဆင်ထားခိုင်းလိုက်ဦး မကြာခင်မှာ ပဲန်ကွင်းအုပ်စုနဲ့ ကျင်းတုန်းအုပ်စုတို့က ကျုပ်တို့နဲ့ ရှေ့ဆက်ပူးပေါင်းဖို့ ဆွေးနွေးကြလိမ့်မယ်"
အဲဒီနောက်မှာတော့ လင်းဖန် က နောက်ထပ် ဗုံးတစ်လုံးကို ထပ်ချလိုက်ပြန်သည်။
"တကယ်လို့သာ ဒီပူးပေါင်းမှု အောင်မြင်သွားရင် ကုမ္ပဏီကြီး သုံးခုစလုံး ဟောင်ကောင်ကို တစ်ပြိုင်တည်း ဝင်ရောက်နိုင်မှာဖြစ်သလို နိုင်ငံတကာဈေးကွက်ကိုလည်း အလုံးစုံ ဖွင့်လှစ်နိုင်တော့မှာပဲ"
ဘာ...
ဒါကို ကြားလိုက်ရတဲ့အခါ ကျန်းဖန်ရဲ့ မျက်နှာဟာ ရုတ်ချည်း ပြောင်းလဲသွားရူည်။ ပဲန်ကွင်းနဲ့ ကျင်းတုန်က လုံထန်အုပ်စုနဲ့အတူ ဟောင်ကောင်ကို ချီတက်မယ်ဆိုပါလား။
ဒါတွေက တရုတ်ပြည်ရဲ့ စက်မှုလုပ်ငန်းကုမ္ပဏီကြီး သုံးခုပဲလေ။ ဒီသတင်းသာ အပြင်ထွက်သွားရင် တစ်လောကလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တော့မှာ အမှန်ပဲ။
"ပူးပေါင်းဆောင်ရွက်မယ့် အသေးစိတ် အစီအစဉ်တွေကို ကျုပ်နောက်မှ မှတ်တမ်းတင်ပေးမယ် ခင်ဗျားအသေအချာ ဖတ်ထားပြီး မနက်ဖြန် ကျင်းတုန်းနဲ့ပဲန်ကွင်းအဖွဲ့ကို တရားဝင် တွေ့ဆုံလိုက်ပါ"
လို့ လင်းဖန် က တည်ငြိမ်စွာပဲ အမိန့်ပေးလိုက်သည်။
"သူဌေး... ကျွန်တော်တို့ရဲ့ မျက်ကြည်လွှာစနစ် ကိုရော ဒီပူးပေါင်းမှုထဲမှာ ထည့်သွင်းထားတာလား"
ကျန်းဖန်ရဲ့ ထက်မြက်တဲ့ စီးပွားရေးအာရုံက အချက်အချာကျတဲ့ အချက်ကို ချက်ချင်း ဖမ်းမိသွားသည်။
ဒါက တန်ရွမ်နဲ့ နီဗားနားအိတ်စမတ်ဖုန်းတွေမှာ သုံးဖို့ လုံထန်အုပ်စုက ဖော်ထုတ်ထားတဲ့ လျှို့ဝှက်ကုဒ်စနစ်တစ်ခုပါ။
အခုအချိန်အထိ တစ်ကမ္ဘာလုံးမှာ စမတ်ဖုန်းလုံခြုံရေးစနစ် သုံးမျိုးသာရှိပေသည်။
စကားဝှက်၊ လက်ဗွေ နဲ့ မျက်နှာဖတ်စနစ်။ ဒါပေမဲ့ ဒီမျက်ကြည်လွှာစနစ်ကတော့ ပို၍ ထူးခြားသည်။ သူက မျက်နှာဖတ်ရုံတင်မကဘဲ မျက်ကြည်လွှာရဲ့ အလယ်ဗဟိုက အပေါက်လေးတွေကိုပါ စစ်ဆေးတာပါ။
လုံထန်အုပ်စုက ဒီစနစ်အတွက် ငွေကြေးနဲ့ လူအင်အား မနည်းသုံးခဲ့ရသလို နောက်ဆုံးမှာ လင်းဖန် ကိုယ်တိုင် ဦးစီးပြီး အောင်မြင်အောင် လုပ်ခဲ့ရတာပါ။ ပိုပြီး အရေးကြီးတာက ဒီစနစ်ကို တရုတ်စာသား အခြေခံတဲ့ ပရိုဂရမ်နဲ့ ရေးသားထားတာကြောင့် တခြားသူတွေအတွက် ဖောက်ထွင်းဖို့ဆိုတာ ဝေလာဝေးလို့ အနားတောင် မကပ်နိုင်ပေ။
လင်းဖန် က ခေါင်းငြိမ့်ပြလိုက်ပြီး
— "ဒီအချက်အလက်တွေကို ဝှက်ထားစရာ မလိုပါဘူး ဒါကို အလဲအလှယ်လုပ်မယ့် ဖဲချပ်တစ်ခုအနေနဲ့ သုံးပြီး ကျင်းတုန်တို့၊ ပဲန်ကွင်းတို့ဆီက အွန်လိုင်းငွေပေးချေမှုစနစ်ကို ရအောင်ယူမယ်"
ကျန်းဖန်က လင်းဖန်ရဲ့ နောက်ဆုံးပန်းတိုင်ကို သဘောပေါက်သွားပါပြီ။ အဲဒါကတော့ အလီ (Ahri) အုပ်စုကို ယှဉ်ပြိုင်ဖို့ ခံစစ်စည်းတစ်ခု တည်ဆောက်တာပါပဲ။ အဓိကအချက်က အွန်လိုင်းငွေပေးချေမှုစနစ်ပါ။ အလီအုပ်စုရဲ့ 'ရွှီပေါင်' ဆိုတာက ဖုန်းဘေလ်ဖြည့်တာကအစ ဈေးဝယ်တာ၊ ငွေစုတာအထိ လုပ်လို့ရတဲ့ သီးခြားဘဏ်တစ်ခုလို ဖြစ်နေသည်။
ယခုဆိုရင် လုံထန်အုပ်စုနဲ့ အလီအုပ်စုဟာ တစ်ယောက်သေ တစ်ယောက်ရှင် ရင်ဆိုင်နေရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ဒီတော့ အလီရဲ့ အားနည်းချက်ဖြစ်တဲ့ 'လုံခြုံရေး' ကို ထိုးနှက်တာဟာ အကောင်းဆုံး ရွေးချယ်မှုဖြစ်သည်။
"သူဌေး... ဒါဆို မျက်ကြည်လွှာစနစ်ကိုပေးပြီး သူတို့ဆီက ကျင်းတုန်းဘဏ္ဍာရေးနဲ့ ဝေရွှမ်းပေးကို အလဲအလှယ်လုပ်မှာလား"
လို့ ကျန်းဖန်က မေးသည်။
"မဟုတ်ဘူး အတိအကျပြောရရင် ကျုပ်တို့ရဲ့ မျက်ကြည်လွှာစနစ်ကို အရင်းအနှီးအဖြစ် သုံးပြီး ပဲန်ကွင်း၊ ကျင်းတုန်းတို့နဲ့ ပူးပေါင်းပြီး ငွေပေးချေမှု ကုမ္ပဏီအသစ်တစ်ခု ထောင်မှာ လုံထန်က ရှယ်ယာ ၄၀ ရာခိုင်နှုန်း ယူမယ်၊ ကျန်တဲ့နှစ်ခုက ၃၀ စီ ယူမယ်"
ထိုသို့ပြောရင်း လင်းဖန် ရဲ့ မျက်နှာမှာ ထူးခြားတဲ့ အပြုံးတစ်ခု ပေါ်လာသည်။
"သူတို့ဆီမှာ ကလောက်ဒ်စနစ်တွေ ရှိတယ် ကျုပ်တို့ရဲ့ နည်းပညာနဲ့ဆိုရင် သူတို့ရဲ့ လုံခြုံရေးဟာ အရင်ကထက် အဆပေါင်းများစွာ မြင့်မားသွားလိမ့်မယ်"
ဒါကြောင့်လည်း ပဲန်ကွင်းရဲ့ မာဟွာထန်နဲ့ကျင်းတုန်ရဲ့ လျူယွီတုန် တို့သာ လုံထန်အုပ်စုနဲ့ ပူးပေါင်းဖို့ ကိုယ်တိုင်ကိုယ်ကျ စိတ်အားထက်သန်နေကြခြင်း ဖြစ်သည်။
ကျန်းဖန်လည်း သူသိချင်တဲ့ အဖြေရသွားပြီမို့ ချက်ချင်းပဲ ပြင်ဆင်စရာရှိတာတွေ လုပ်ရန်ထွက်သွားပါတော့သည်။
တကယ်တော့ ဒီပူးပေါင်းမှုကို ငြင်းဆန်စရာ အကြောင်းမရှိချေ။ ဖုန်းတွေရဲ့ လုံခြုံရေးဟာ ဘယ်စမတ်ဖုန်းနဲ့မှ မနှိုင်းယှဉ်နိုင်အောင် ကောင်းမွန်လွန်းနေတာကို အားလုံးက လက်ခံထားကြပြီးသားပင်။
အက်ပဲလ် (Apple) တောင်မှ စနစ်သစ်ထုတ်ပြီးတာနဲ့ ဖောက်ထွင်းခံရတာမျိုး ရှိပေမဲ့ လုံထန်ရဲ့ တန်ရွမ်စနစ်ကိုတော့ အခုထိ ဘယ်သူမှ ဖောက်ထွင်းနိုင်ခြင်း မရှိသေးချေ။
***