မနက်ခင်း ၈ နာရီခွဲ၊ ရှန်ကျန်မြို့ရဲ့ ကောင်းကင်ယံ လုံထန်အဆောက်အအုံရဲ့ အမြင့်ဆုံးထပ်...
မြင်ကွင်းကတော့ မြို့ပြရဲ့ တိုက်တာအဆောက်အအုံတွေ စီစီရီရီနဲ့ ခန့်ညားလို့နေသည်။
"ရှင်းယာ... လျူနဲ့ မာတို့ ရောက်ကြပြီလား"
နံရံကပ်မှန်ပြတင်းကြီးရဲ့ရှေ့မှာ ရပ်၍ ရှန်ကျန်မြို့ပြရဲ့ အစီအရီ တည်ရှိနေတဲ့ မိုးမျှော်တိုက်ကြီးတွေကို ငေးမောကြည့်ရှုရင်း လင်းဖန် က ခပ်အေးအေးပဲ မေးလိုက်သည်။
"သူဌေး... ကျင်းတုန်အဖွဲ့ကတော့ ရှန်ဂရီလာဟိုတယ်ကနေ ထွက်လာပြီလို့ အကြောင်းကြားထားပါတယ် ပဲန်ကွင်းဘက်ကတော့ မစ္စတာမာနဲ့ သူ့လူတွေဟာ ရုံးချုပ်ကနေ ထွက်လာကြပြီမို့ မကြာခင် ရောက်လာကြပါလိမ့်မယ်"
ဘေးနားမှာရှိနေတဲ့ မိုရှင်းယာက သူမရဲ့လက်ကိုင်ဖုန်းကို အမြန်ထုတ်ပြီး ကျင်းတုန်နဲ့ ပဲန်ကွင်းအဖွဲ့တွေရဲ့ ခရီးစဉ်အခြေအနေကို လှမ်းမေးလိုက်သည်။
"အင်း..."
လင်းဖန် က ခေါင်းငြိမ့်ပြလိုက်ပြီး
"ကျန်ဖန်တို့အဖွဲ့ကို အသင့်ပြင်ထားခိုင်းလိုက် အစည်းအဝေးခန်းကို တိုက်ရိုက်သွားပြီး စောင့်နေကြတော့"
တကယ်တော့ ဒီနေ့ပူးပေါင်းမှုဟာ ကုမ္ပဏီနှစ်ခုတည်း မဟုတ်ဘဲ အင်အားကြီးသုံးခု ဆုံတွေ့ကြမှာဖြစ်လို့ ပြင်ဆင်စရာတွေက အထုပ်လိုက်အပိုးလိုက်ပါပဲ။ ဆော့ဖ်ဝဲလ်ကအစ ဟတ်ဒ်ဝဲလ်အဆုံး အဘက်ဘက်ကနေ ရှင်းရှင်းလင်းလင်း ရှိနေဖို့ လိုသည်။ ဒီနေရာမှာ လုံထန်အုပ်စုဟာ အထက်က ပဲန်ကွင်း (လူမှုကွန်ရက်ဘုရင်) နဲ့ အောက်က ကျင်းတုန် (အွန်လိုင်းဈေးဝယ်လုပ်ငန်းဘုရင်) တို့ကို ပေါင်းကူးပေးမယ့် ကြားခံတံတားအဖြစ် တာဝန်ယူရမှာပါ။
သေချာတဲ့ စီမံကိန်းနဲ့ မှန်ကန်တဲ့ ညှိနှိုင်းမှုဗျူဟာသာ မရှိရင် ဒီပူးပေါင်းမှုဟာ အချိန်မရွေး ပျက်ပြားသွားနိုင်သည်။
"ဟုတ်ကဲ့ သူဌေး၊ ကျွန်မ အခုပဲ ကျန်းဖန်တို့ကို အစည်းအဝေးခန်းဆီ လွှတ်လိုက်ပါ့မယ်"
ခဏအကြာမှာတော့...
လင်းဖန် အစည်းအဝေးခန်းထဲကို ဝင်လိုက်တာနဲ့ ပြေးလွှားသွားလာနေတဲ့ ခြေသံတွေကို ကြားလိုက်ရသည်။ ရှေ့တန်းဧည့်ကြိုဌာနက ဝန်ထမ်းတွေဟာ ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ လူလတ်ပိုင်းအရွယ် လူကြီးလူကောင်းတစ်စုကို ဦးဆောင်ခေါ်လာကြသည်။ အဲဒီအထဲမှာ ထိပ်ဆုံးက ပါလာသူတွေကတော့ မာဟွာထန် နဲ့ လျူယွီတုန်တို့ပါပဲ။
"ဟားဟား... သူဌေးလေးလင်း၊ ငါတို့ သိပ်တော့ မနောက်ကျဘူးမလား"
လျူယွီတုန်က လင်းဖန် ကို မြင်မြင်ချင်းပဲ အားရပါးရ ရယ်မောရင်း နှုတ်ဆက်လာသည်။
"လာကြပါ ၊ ကျွန်တော် စောင့်နေတာ... အမြန်ထိုင်ကြပါဦး"
လင်းဖန် က ပဲန်ကွင်းနဲ့ ကျင်းတုန်အဖွဲ့တွေကို ဘယ်ဘက်နဲ့ ညာဘက် အသီးသီး နေရာချပေးလိုက်ပြီး သူတို့နဲ့ မျက်နှာချင်းဆိုင်မှာတော့ လုံထန်အုပ်စုရဲ့ တာဝန်ရှိသူတွေက နေရာယူထားကြသည်။
"အရင်ဆုံး ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ စီမံကိန်းမူကြမ်းကို ကြည့်ရှုပေးကြပါဦး၊ ပြီးမှ အသေးစိတ် ဆွေးနွေးကြတာပေါ့"
လို့ လုံထန်အုပ်စုရဲ့ စီအီးအို ကျန်းဖန်က ဆိုလိုက်ပြီး ဝန်ထမ်းတွေက အသင့်ပြင်ထားတဲ့ စာချုပ်မူကြမ်းတွေကို ကမ်းပေးလိုက်ကြသည်။
ဆယ်မိနစ်လောက် အကြာမှာတော့ လျူယွီတုန်နဲ့ မာဟွာထန်တို့ရဲ့ မျက်နှာတွေဟာ ညိုမှောင်သွားပါတော့သည်။ ဒီစီမံကိန်းစာအုပ်ဟာ ပူးပေါင်းဆောင်ရွက်မယ့် စာချုပ်နဲ့ မတူဘဲ တစ်ဖက်သတ် 'ဓားပြတိုက်' နေသလိုမျိုး ခံစားနေရလို့ပါ။
"မစ္စတာကျန်... ခင်ဗျား စာချုပ်ကိုများ မှားပေးမိတာလား"
လျူယွီတုန်က မျက်မှောင်ကြုတ်ရင်း ကျန်းဖန်ကို စူးစူးဝါးဝါး ကြည့်ပြီး မေးလိုက်သည်။ ဘေးနားက မာဟွာထန်ကတော့ ဘာမှမပြောပေမဲ့ သူ့မျက်နှာကို ကြည့်ရုံနဲ့ လျူယွီတုန်နဲ့ စိတ်တူကိုယ်တူ ဖြစ်နေမှန်း သိသာနေသည်။
ဒါဟာ နောက်ပြောင်စရာမှ မဟုတ်တာ။ ကျင်းတုန်ဘဏ္ဍာရေးရော၊ ဝေရွှမ်းပေးရောဆိုတာ သူတို့ ကုမ္ပဏီနှစ်ခုက သွေးနဲ့ချွေး ရင်းပြီး တည်ဆောက်ထားရတဲ့ အွန်လိုင်းငွေပေးချေမှု စနစ်တွေလေ။ ဒီစနစ်တွေကို တစ်ဖက်သားလက်ထဲ အလွယ်တကူ ထိုးအပ်လိုက်ဖို့ဆိုတာ နှစ်ပေါင်းများစွာ ကြိုးစားလာသမျှကို အလဟဿ အဖြစ်ခံလိုက်တာနဲ့ မတူဘူးလား။
"လျူ၊ မာ..အစ်ကိုကြီးတို့. စိတ်ကို အေးအေးထားကြပါဦး"
ကျန်းဖန်မဖြေခင်မှာပဲ လင်းဖန် က ကြားဖြတ်ပြီး စကားပြောလိုက်သည်။
"ခင်ဗျားတို့ ဘာကြောင့် သီးခြားငွေပေးချေမှုစနစ်တွေ တည်ထောင်ခဲ့ကြသလဲဆိုတာ ကျွန်တော် နားလည်ပါတယ် အဓိကကတော့ အလီအုပ်စုရဲ့ လက်အောက်ကနေ လွတ်မြောက်ချင်လို့ မဟုတ်လား"
"ဒါပေမဲ့ ခင်ဗျားတို့ရဲ့ စနစ်တွေဟာ အလီရဲ့ 'ရွှီပေါင်' ကို ယှဉ်နိုင်ပြီလို့ ထင်သလား"
ကျင်းတုန်အုပ်စုဟာ အလီနဲ့ အကြီးမားဆုံး ပြိုင်ဘက်တွေပါ။ တစ်ဦးနဲ့တစ်ဦး ဘယ်တော့မှ ပေါင်းလို့မရတဲ့အတွက် လျူယွီတုန်းအနေနဲ့ သူ့ဘာသာသူ ကျင်းတုန်းဘဏ္ဍာရေးကို တည်ထောင်ခဲ့ရတာပါ။ ပဲန်ကွင်းအုပ်စုကတော့ အစောပိုင်းမှာ အလီနဲ့ ပူးပေါင်းခဲ့ဖူးပေမဲ့ အလီက လုပ်ငန်းနယ်ပယ်ပေါင်းစုံကို နယ်ချဲ့လာတဲ့အခါမှာတော့ လမ်းခွဲခဲ့ကြပြီး ကိုယ်ပိုင် ဝေရွှမ်းပေးကို ဖော်ထုတ်ခဲ့ရခြင်း ဖြစ်သည်။
"သူဌေးလင်း... မင်းဘာကို ဆိုလိုချင်တာလဲ"
လျူယွီတုန်က ပွင့်ပွင့်လင်းလင်းပဲ မေးလိုက်သည်။
"ဟုတ်တယ် မင်းမှာ ဒီထက်ကြီးမားတဲ့ အကြံအစည် ရှိပုံရတယ်"
လို့ မာဟွာထန်ကလည်း သူ့မျက်မှန်ကို ပင့်တင်ရင်း ခပ်တိုးတိုး ဆိုသည်။ စီးပွားရေးလောကရဲ့ ထိပ်သီးတွေပီပီ လင်းဖန် ရဲ့ နောက်ကွယ်က ဗျူဟာကို ရိပ်မိနေကြတာပါ။
"ကျွန်တော်တို့ ဥက္ကဌကြီး ဆိုလိုတာကတော့ အင်အားတွေကို ခွဲထုတ်ထားမယ့်အစား အတူတူပေါင်းစည်းပြီး အလီကို တိုက်ခိုက်တာက ပိုမကောင်းဘူးလား ဆိုတာပါပဲ"
လို့ ကျန်းဖန်က ပြုံးပြီး ဝင်ပြောလိုက်သည်။
"ကျင်းတုန်မှာ ဘဏ္ဍာရေးစနစ်ရှိတယ်၊ ပဲန်ကွင်းမှာ ဝေရွှမ်းပေးရှိတယ်၊ ကျွန်တော်တို့ လုံထန်မှာတော့ နည်းပညာပလက်ဖောင်းရှိတယ် ဒီသုံးခုသာ ပေါင်းစည်းသွားရင် ထူးခြားတဲ့ တုံ့ပြန်မှုတစ်ခု ထွက်ပေါ်လာမှာ အသေအချာပါပဲ"
ဒီစကားအဆုံးမှာတော့ တစ်ခန်းလုံး တိတ်ဆိတ်သွားပါတော့သည်။ ကျင်းတုန်နဲ့ ပဲန်ကွင်းအဖွဲ့သားတွေဟာ ဒီစကားရဲ့ အဓိပ္ပာယ်ကို အသေအချာ စဉ်းစားနေကြတော့သည်။
တကယ်တော့ လုံထန်းက ပေးလိုက်တဲ့ ရွေးချယ်မှုဟာ သူတို့ ငြင်းလို့မရတဲ့ အခြေအနေပါ။ သူတို့နှစ်ခုရဲ့ အင်အားကို ပေါင်းလိုက်ရင် အလီရဲ့ 'ရွှီပေါင်' ကို ယှဉ်နိုင်ရုံတင်မကဘဲ လုံထန်ရဲ့ မျက်ကြည်လွှာစနစ်က 'ရွှီပေါင်' ရဲ့ လုံခြုံရေးထက် အပြတ်အသတ် သာလွန်နေပြန်သည်။
"စိတ်ကူးကတော့ ကောင်းပါတယ် ဒါပေမဲ့ ခင်ဗျားတို့ လုံထန်ကတော့ ဘာမှမလုပ်ရဘဲ ကျွန်တော်တို့ နှစ်ယောက်လုံးကို ဓားပြတိုက်လိုက်တာပဲ"
လို့ လျူယွီတုန်းက အားမလိုအားမရ ပြောလိုက်သည်။
လင်းဖန် က အကြံသစ်တစ်ခု ထပ်ပေးလိုက်သည်။
— "ကဲ... ဒီလိုလုပ်ကြရအောင် ကျွန်တော်တို့ ကုမ္ပဏီသုံးခု ပေါင်းပြီး ဟောင်ကောင်ကနေ စတင်ပြီး ပြည်ပငွေပေးချေမှု ကုမ္ပဏီတစ်ခု အရင်ထောင်ကြမယ် ရှယ်ယာကတော့ မူလအတိုင်းပဲ ကျွန်တော်တို့က ၄၀၊ ခင်ဗျားတို့က ၃၀ စီ ယူကြပေါ့ အဲဒီမှာ အကျိုးသက်ရောက်မှု ကောင်းတယ်ဆိုရင်တော့ ခင်ဗျားတို့ရဲ့ ပြည်တွင်းစနစ်တွေကိုပါ ဒီပုံစံအတိုင်း ပေါင်းစည်းဖို့ ထပ်မံစဉ်းစားကြတာပေါ့"
အခုချိန်မှာ သူတို့အတွက် အရေးကြီးဆုံးက ပြည်ပစီးပွားရေး ပူးပေါင်းမှုပါပဲ။ ဒီကုမ္ပဏီအသစ်သာ အောင်မြင်သွားရင် ပဲန်ကွင်းရော ကျင်းတုန်းအတွက်ပါ နိုင်ငံတကာဈေးကွက်မှာ အွန်လိုင်းငွေပေးချေမှုအတွက် အခက်အခဲ မရှိတော့ချေ။
***