လျူယွီတုန်နဲ့ မာဟွာထန်တို့ဟာ ခဏတာမျှ စဉ်းစားဆင်ခြင်ပြီးတဲ့နောက်မှာတော့ တညီတညွတ်တည်း လက်ခံလိုက်ကြသည်။
စင်စစ်တော့ သူတို့တစ်ဦးချင်းစီရဲ့ ရင်ထဲမှာလည်း လုပ်ငန်းစုကြီးတစ်ခု တည်ထောင်ချင်တဲ့ အိပ်မက်ကိုယ်စီ ရှိကြတာပါ။ ဒါပေမဲ့ နယ်ပယ်တစ်ခုတည်းမှာပဲ ကြီးစိုးနေရုံနဲ့တော့ အဲဒီအိပ်မက်က မပြည့်နိုင်ပေ။
တစ်ကမ္ဘာလုံးကို နယ်ချဲ့နိုင်မှသာ ဖြစ်နိုင်မှာပါ။ အခု ငွေပေးချေမှုစနစ်သစ်ကတစ်ဆင့် သူတို့ရဲ့ လုပ်ငန်းစုတွေကို ကမ္ဘာ့အဆင့်အထိ တွန်းတင်နိုင်မယ်ဆိုရင်တော့ ငြင်းပယ်စရာ အကြောင်းမရှိတော့ချေ။
"ဒါဆိုရင် ကျုပ်တို့ ကုမ္ပဏီအသစ်တစ်ခု ထောင်ကြမယ် နာမည်ကိုတော့ 'ကျိဖုပေါင်'လို့ပဲ မှည့်ခေါ်ကြတာပေါ့"
လင်းဖန် က ကုမ္ပဏီအမည်ကို အတည်ပြုပေးလိုက်သည်။ အဲဒီနောက်မှာတော့ မာဟွာထန်နဲ့ လျူယွီတုန်တို့က သူတို့ရဲ့ အဖွဲ့တွေကို ဦးဆောင်ပြီး လုံထန်းအဆောက်အအုံကနေ ထွက်ခွာသွားကြသည်။ ဒါဟာ အလွန်အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်တာမို့ သူတို့ရုံးချုပ်တွေမှာ ရှယ်ယာရှင်များအစည်းအဝေး ခေါ်ယူပြီး အတည်ပြုချက်ယူဖို့ လိုအပ်တာကြောင့်ပါ။
အဲဒီနေ့ မွန်းလွဲပိုင်းမှာလည်း လုံထန်အုပ်စုဟာ အနားမနေခဲ့ကြချေ။ သူတို့ရဲ့ ညှိနှိုင်းရေးအဖွဲ့ဟာ ရှန်ကျန်မြို့အခြေစိုက် Coolpad ဖုန်းကုမ္ပဏီဆီကို သွားရောက်ပြီး ၃ နာရီကြာ ဆွေးနွေးပြီးတဲ့နောက်မှာတော့ ဝယ်ယူရေးစာချုပ်ကို အပြီးသတ်နိုင်ခဲ့သည်။ လုံထန်အုပ်စုဟာ Coolpad ကို ယွမ်ငွေ ၁၂ ဘီလီယံနဲ့ အပိုင်ဝယ်ယူလိုက်ပြီး သူတို့ရဲ့ စက်ရုံတွေနဲ့ ကျွမ်းကျင်လုပ်သားတွေကိုပါ သိမ်းသွင်းလိုက်ခြင်း ဖြစ်သည်။
Coolpad ရဲ့ မူလထုတ်လုပ်ရေးစခန်းဟာ ချက်ချင်းဆိုသလို လုံထန်ရဲ့ အခြေစိုက်စခန်း ဖြစ်သွားပြီး Nirvana Xဖုန်းတွေကို အဆက်မပြတ် ထုတ်လုပ်ရန် အသင့်ဖြစ်လာတော့သည်။
ဧပြီလ ၁ ရက်နေ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ဖုန်းအရောင်းဆိုင်တိုင်း၌ နီဗားနားအိတ်ဖုန်းများ စတင်နေရာယူသွားခဲ့ပြီး တစ်ရက်တည်းမှာပင် အလုံးရေ သန်း ၅၀ ရောင်းချခဲ့ရကာ တစ်ပတ်အကြာမှာတော့ သန်း ၁၂၀ အထိ မြင့်တက်သွားခဲ့သည်။ လပိုင်းအတွင်းမှာတင် ဖုန်းတစ်မျိုးတည်းကို အလုံးရေ သန်း ၄၀၀ ကျော် ရောင်းချနိုင်ခဲ့တာဟာ တရုတ်ပြည်သမိုင်းမှာတော့ ဘယ်ကုမ္ပဏီမှ မလုပ်နိုင်ခဲ့တဲ့ စံချိန်ပင်။
ပြည်တွင်းဈေးကွက်က ပြည့်နှက်သွားရင်တောင် ပြည်ပဈေးကွက်က စောင့်ကြိုနေဆဲမို့ လင်းဖန် ကတော့ အားရကျေနပ်ခြင်း မရှိသေးချေ။
"ဒီနေ့ အစည်းအဝေးက သိပ်အရေးကြီးတယ်၊ အားလုံး သေသေချာချာ နားထောင်ကြ"
လုံထန်အုပ်စုရဲ့ အစည်းအဝေးခန်းငယ်လေးထဲမှာ လင်းဖန် က အုပ်ချုပ်မှုပိုင်းက လူတွေကို ကြည့်ပြီး ခပ်လေးလေး ပြောလိုက်သည်။
"ဖုန်းရောင်းအားက တည်ငြိမ်သွားပြီဆိုပေမဲ့ အရောင်းမြှင့်တင်ရေးကိုတော့ ရပ်လို့မရဘူး ဈေးနှုန်းကို နည်းနည်းလျှော့ချပြီး လက်ကားဒိုင်တွေဆီကို ချပေးလိုက်မယ် ဒါပေမဲ့ ပိုအရေးကြီးတာက နောက်မျိုးဆက်သစ်ဖုန်းကို အာရုံစိုက်ဖို့ပဲ"
စီအီးအို ကျန်းဖန်က ချက်ချင်း ထရပ်ပြီး
"သူဌေး... သုတေသနဌာနကတော့ နောက်မျိုးဆက်သစ်ဖုန်းအတွက် အသင့်ပါပဲ ကိုယ်ပိုင် CPU (Eight-core) ကိုပဲ သုံးထားပါတယ် Running Memory က 6G၊ Storage က 512G အထိ ပါဝင်လာမှာဖြစ်သလို လုံခြုံရေးနဲ့ လျင်မြန်မှုပိုင်းမှာလည်း အများကြီး သာလွန်လာမှာပါ ပြီးတော့ ခေတ်သစ်ရဲ့ နည်းပညာဖြစ်တဲ့ 5G ကိုလည်း ထည့်သွင်းထားပါတယ်"
လင်းဖန် က အေးအေးဆေးဆေးပဲ နားထောင်နေပြီးမှ
— "ခင်ဗျားပြောတဲ့ အချက်အလက်တွေက ခေတ်ရေစီးကြောင်းအရတော့ ဟုတ်ပါတယ် ဒါပေမဲ့ ကျုပ်တို့ လုံထန်အုပ်စုရဲ့ ပန်းတိုင်က သူများနောက်က လိုက်ဖို့မဟုတ်ဘူး၊ သူများထက် အမြဲဦးဆောင်နေဖို့ပဲ အခုမှ ကုမ္ပဏီက တည်ထောင်ခါစမို့လို့ ဒုတိယမျိုးဆက်ဖြစ်တဲ့ Nirvana Sကိုတော့ ဒီအတိုင်းပဲ ထုတ်လိုက်ကြတာပေါ့"
သူ့ရဲ့ အမြင်ကတော့ ရှင်းပါတယ်။ အစောပိုင်းက Apple ကုမ္ပဏီလိုပဲ အမြဲတမ်း ရှေ့ကနေ ဦးဆောင်နိုင်မှသာ ဈေးကွက်ကို လက်ဝါးကြီးအုပ်နိုင်မှာ မဟုတ်လား။
"နောက်တစ်ချက်... ဟတ်ဒ်ဝဲလ်ပိုင်းတင်မကဘူး၊ ဆော့ဖ်ဝဲလ်ပိုင်းကိုလည်း လက်လွှတ်လို့မရဘူး"
လင်းဖန် က သုတေသနဌာနခွဲ မန်နေဂျာ ယွီလီ ကို လှည့်ကြည့်လိုက်တယ်။
— "တန်ရွမ်စနစ်က နီဗားနားရဲ့ဝိညာဉ်ပဲ အဲဒါကို ပိုကောင်းအောင် အမြဲတမ်း အဆင့်မြှင့်တင်နေရမယ်"
"ဟုတ်ကဲ့ပါ" ယွီလီက တက်ကြွစွာ တုန့်ပြန်လိုက်သည်။
ယခုအချိန်မှာတော့ လုံထန်အုပ်စုဟာ အလုပ်တွေနဲ့ ဗျာများနေသည်။ တစ်ဖက်မှာလည်း စာသားအသုံးအနှုန်းတွေကို ပြန်လည်စစ်ဆေးနေရသလို နောက်တစ်ဖက်မှာလည်း နောက်မျိုးဆက်သစ်အတွက် ပြင်ဆင်နေရသည်။
ဒါပေမဲ့ ငွေအင်အားတောင့်တင်းပြီး ကမ္ဘာတစ်ဝန်းက ပညာရှင်တွေ စုဝေးနေတဲ့ လုံထန်းအုပ်စုအတွက်တော့ ဒါဟာ ယုံကြည်မှုအပြည့်ရှိတဲ့ ခရီးလမ်းတစ်ခုပါပဲ။
***