လင်းဖန်တစ်ယောက် ရှုံ့တာနဲ့ ပတ်သက်ပြီး စဉ်းစားနေတုန်းမှာပဲ မိုရှင်းယာက ဝမ်းသာအားရနဲ့ အခန်းထဲကို ဝင်လာသည်။
"သူဌေး...လုံထန်သုတေသနဌာနက တက်ဘလက်ကွန်ပျူတာထုတ်လုပ်ရေးမှာ နီဗားနားအိတ်ရဲ့ နည်းပညာကို အခြေခံပြီး အတော်လေး ခရီးပေါက်နေပါပြီ"
လွန်ခဲ့တဲ့ သုံးလက လင်းဖန် ချမှတ်ခဲ့တဲ့ စီမံကိန်းဟာ အခုတော့ အကောင်အထည် ပေါ်လာပါပြီ။ တကယ်တော့ တက်ဘလက်ဆိုတာ စမတ်ဖုန်းကြီးတစ်လုံးပါပဲ။ နီဗားနားအိတ်ရဲ့ ဟတ်ဒ်ဝဲလ်ကို အနည်းငယ် ပြုပြင်ပြီး တန်ရွမ်စနစ်ကို တပ်ဆင်လိုက်ရုံနဲ့ အလုပ်ဖြစ်ပေသည်။ လုံထန်အုပ်စုကတော့ ဒီနယ်ပယ်မှာ အသားမကျသေးလို့သာ အချိန်နည်းနည်း ယူနေရခြင်းဖြစ်သည်။
"အစုလိုက်အပြုံလိုက်ဘယ်တော့ ထုတ်နိုင်မယ်လို့ သုတေသနဌာနက ပြောသလဲ"
လင်းဖန် က တည့်တည့်ပဲ မေးလိုက်သည်။
"စက်ရုံပိုင်းမှာ အခက်အခဲလေးတွေ ရှိပေမဲ့ ပြင်ပကနေ အထူးထုတ်လုပ်ရေးလိုင်းတွေ ဝယ်ယူနေပါပြီ နောက်နှစ်လနေရင်တော့ အချောသတ်ထွက်လာမှာပါ"
လို့ မိုရှင်းယာက တင်ပြသည်။
လင်းဖန် က မျက်မှောင်ကြုတ်ရင်း
"နောက်နှစ်လဆိုတာက စမ်းသပ်တာလား၊ ဒါမှမဟုတ် ဈေးကွက်ထဲ အလုံးအရင်းနဲ့ ချမှာလား အနည်းဆုံး အလုံးရေ သုံးသန်းလောက်တော့ အဆင်သင့် ဖြစ်နေရမယ် ဒါနဲ့... ဒီတက်ဘလက်အသစ်ကို Kaitian ONEလို့ နာမည်ပေးလိုက်မယ်"
သူ့ရဲ့ စူးရှတဲ့ မျက်လုံးတွေက အနာဂတ်ကို ကြည့်နေသလိုပင်။
"ကြော်ငြာနဲ့ ဖြန့်ချိရေးကို အခုကတည်းက စလုပ်ထားတော့ စနစ်ပိုင်းကိုလည်း ပိုပြီး အဆင့်မြှင့်ထားဦး ရောင်းချတဲ့ လမ်းကြောင်းကတော့ နီဗားနားအိတ်လိုပဲ အွန်လိုင်းရော၊ အပြင်ဆိုင်တွေမှာပါ တစ်ပြိုင်တည်း ရောင်းမယ်"
မိုရှင်းယာ ထွက်သွားခါနီးမှာပဲ လင်းဖန် က သူမကို တားလိုက်ပြန်သည်။
"နေဦး... ပဲန်ကွင်းနဲ့ ကျင်းတုန်တို့ ပူးပေါင်းပြီး ဟောင်ကောင်မှာ ထောင်မယ့် 'ကျိဖုပေါင်'ကိစ္စကော ဘယ်လိုရှိသလဲ"
ဒါဟာ လုံထန်အုပ်စုအတွက် အရေးအကြီးဆုံး ဗျူဟာပါ။ နီဗားနားအိတ်ရဲ့ သြဇာကို ကမ္ဘာအနှံ့ ပျံ့နှံ့စေဖို့ ဟောင်ကောင်ဟာ ပထမဆုံး တံခါးပေါက်ပဲ မဟုတ်လား။
"သူဌေး... ပဲန်ကွင်းနဲ့ ကျင်းတုန်တို့ကြားမှာ ညှိမရဘဲ ဖြစ်နေပုံရတယ်လို့ ကျန်းဖန်တို့က ပြောပါတယ် သူတို့ ပူးပေါင်းဖို့ စိတ်မပါတော့တာလား မသိဘူး"
လို့ မိုရှင်းယာက သံသယနဲ့ မေးခွန်းထုတ်လာသည်။
လင်းဖန် က ခပ်ပြုံးပြုံးပဲ
"မဟုတ်ဘူး... မာဟွာထန်နဲ့ လျူယွီတုန်တို့က မြေခွေးလိုပဲဘသူတို့က ငါတို့ဆီက မျက်ကြည်လွှာစနစ်ကိုပဲ လိုချင်တာ မဟုတ်ဘူး၊ နီဗားနားဖုဖုန်းကတစ်ဆင့် သူတို့ရဲ့ တခြားလုပ်ငန်းတွေကိုပါ ကမ္ဘာပတ်ချင်နေကြတာ"
"ဒီစီမံကိန်းကို ထပ်ပြီး အားစိုက်လိုက် သူတို့က နည်းပညာပေး၊ ငါတို့က ငွေစိုက်ထုတ်ပြီး ကျိဖုပေါင်ရဲ့ ရှယ်ယာတွေကို ယူမယ် ဘယ်သူက ကျိဖုပေါင်ကို ပိုပြီး မြင့်မားတဲ့ အဆင့်ရောက်အောင် တွန်းတင်နိုင်မလဲ၊ ဘယ်သူက ဟောင်ကောင်မှာ လုပ်ငန်းပိုချဲ့နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"
မိုရှင်းယာက ဝေဖန်စရာတစ်ခု ရှိနေသေးပံရြသည်။
"ဒါပေမဲ့ သူဌေး... ဒီ ကျိဖုပေါင်က ဘဏ်တွေနဲ့ ဆက်စပ်နေတာ ပြည်တွင်းမှာတော့ လွယ်ပေမဲ့ ပြည်ပမှာဆိုရင် ဟောင်ကောင်ဒေါ်လာကို ယွမ်ငွေပြောင်းတာကအစ ရှုပ်ထွေးနိုင်တယ်နော်"
လင်းဖန် က အားရပါးရ ရယ်မောလိုက်ပြီး
"ဒါတွေကိုတော့ လျူနဲ့ မာတို့ဆီပဲ လွှဲပေးလိုက်စမ်းပါ သူတို့မှာက အဆက်အသွယ်တွေ၊ အတွေ့အကြုံတွေ အမြစ်တွယ်နေတာပဲ သူတို့က တစ်ဆင့် ငါတို့က နောက်ကနေ တွန်းပေးရုံပဲလေ"
သူ့ရဲ့ အမြော်အမြင်ကတော့ ရှင်းပါသည်။ ဥရောပနဲ့ အမေရိကတင်မကဘဲ အရှေ့တောင်အာရှ၊ အာဖရိက၊ တောင်အာမေရိက စတဲ့ နေရာတွေမှာ နီဗားနားရဲ့ အရှိန်အဟုန်ဟာ ကမ္ဘာ့လူဦးရေရဲ့ ၅၀ ကနေ ၆၀ ရာခိုင်နှုန်းအထိ လွှမ်းမိုးသွားရန် ဖြစ်သည်။
"သူဌေးကတော့ တကယ့်ကို အမြော်အမြင် ကြီးမားတာပဲ"
မိုရှင်းယာ တစ်ယောက် လေးစားသွားရသည်။
"ဟား... ကျန်းဖန်တို့ကို အဆင်သင့်ပြင်ထားခိုင်း အဲဒီမြေခွေးအိုကြီးနှစ်ယောက် ငါတို့ဆီ ပြန်လာဖို့ မဝေးတော့ပါဘူး ငါတို့ဘက်က ရိုးရိုးလေးပဲ... ငွေဘယ်လောက်ကုန်ကုန်၊ ရှယ်ယာ ၄၀ ရာခိုင်နှုန်းကိုတော့ အပိုင်ယူထားရမယ် ဒါမှသာ ငါတို့က စနစ်တစ်ခုလုံးကို ထိန်းချုပ်ထားနိုင်မှာ"
Apple က ဘဏ်တွေနဲ့ ပူးပေါင်းသလို၊ Android က အလီနဲ့ လက်တွဲသလိုမျိုးပဲ၊ လုံထန်းအုပ်စုမှာလည်း ကိုယ်ပိုင် ထိန်းချုပ်နိုင်တဲ့ ငွေပေးချေမှု လမ်းကြောင်းတစ်ခု ရှိရမှာပါ။ လျူယွီတုန်နဲ့ မာဟွာထန်တို့ဟာ ဒီငါးစာကို မဟပ်ဘဲ နေမှာမဟုတ်ပါဘူး။ သူတို့သာ နိုင်ငံတကာကို ခြေဆန့်ချင်တယ်ဆိုရင်တော့ လင်းဖန် ချထားတဲ့ ဒီလမ်းကို မလွဲမသွေ လျှောက်ကြရမှာပါပဲ။
***