"မိတ်ဆွေတို့... အချိန်တွေ ပြောင်းလဲသွားပါပြီ"
ဟောင်ကောင် သတင်းထောက်အားလုံးရဲ့ မိုက်ခရိုဖုန်းတွေရှေ့မှာ လီကျဲခိုင် က တည်ကြည်ပြတ်သားစွာ ပြောကြားလိုက်သည်။
- "ကျွန်တော်တို့ တရုတ်ပြည်မကြီးက အရာရာကို အမြင်ဟောင်းတွေနဲ့ ကြည့်နေလို့ မရတော့ပါဘူး ဘယ်ကဏ္ဍမှာပဲဖြစ်ဖြစ် တရုတ်ပြည်ဟာ အခုဆိုရင် ဝင့်ဝင့်ထည်ထည် မတ်တပ်ရပ်နိုင်နေပြီ ဖြစ်ပါတယ်"
"ကျွန်တော်တို့ ကုမ္ပဏီနဲ့ လုံထန်အုပ်စု ပူးပေါင်းဆောင်ရွက်မှုမှာတင် ကြည့်ပါ နီဗားနားအိတ်ဟာ အလုံးရေ သန်း ၃၀၀ ရောင်းချရမှုနဲ့အတူ သူ့ရဲ့ အရည်အသွေးကို သက်သေပြပြီးသားပါ ဘယ်ဘက်ကကြည့်ကြည့် အပြစ်ပြောစရာ မရှိပါဘူး"
သူ့စကားအဆုံးမှာ ပရိသတ်အားလုံး စင်မြင့်ထက်ကို အာရုံစိုက်သွားကြသည်။ ဟောင်ကောင်သားတွေရဲ့ စိတ်ထဲမှာ ပြည်မကြီးထွက် ပစ္စည်းဆိုရင် 'ဈေးပေါရမယ်၊ အရည်အသွေး ညံ့ရမယ်' ဆိုတဲ့ အစွဲရှိနေဆဲပါ။ ဒါပေမဲ့ ဟောင်ကောင်ရဲ့ အချမ်းသာဆုံးသူဌေးကြီး လီကျားချိန်ရဲ့ သားဖြစ်သူ 'စူပါမင်းလေး' လီကျဲခိုင်အပေါ်မှာတော့ သူတို့က အလွန်အမင်း ယုံကြည်ကိုးစားကြသည်။
"တန်ရွမ်စနစ်စမတ်ဖုန်း Operating System ဟာ Apple ရဲ့ iOS တို့၊ Android တို့နဲ့ ရင်ပေါင်တန်းနိုင်တဲ့ တရုတ်ပြည်ရဲ့ တစ်ခုတည်းသော ကိုယ်ပိုင်စနစ်ဖြစ်ကြောင်း သက်သေပြခဲ့ပြီးပါပြီ အချက်အလက် လုံခြုံမှုအတွက် စိုးရိမ်နေတယ်ဆိုရင် ဝိုင်ဗန်စနစ် သုံးထားတဲ့ နီဗားနားအိတ် ဟာ အကောင်းဆုံး ရွေးချယ်မှုပါပဲ အချိန်ကပဲ အဖြေပေးသွားပါလိမ့်မယ်"
လို့ လီကျဲခိုင်က ဆက်ပြောလိုက်သည်။
သတင်းထောက်တစ်ဦးက
"မစ္စတာလီ... ကျွန်တော်တို့ သိရသလောက် နီဗားနားအိတ် ရဲ့ ဈေးနှုန်းက အလယ်အလတ်တန်းစားပဲ ရှိတာပါ ဒါပေမဲ့ အဆင့်မြင့်ဖုန်းလို့ ကြေညာထားတော့ လူတွေက သံသယဖြစ်နေကြတယ်"
လို့ ထိုးစစ်ဆင် မေးမြန်းလာသည်။
လီကျဲခိုင်က အေးအေးဆေးဆေး ပြုံးရင်း
"သေချာ စဉ်းစားကြည့်ပါ၊ Apple ဖုန်းတွေ ဒီလောက် ဈေးကြီးနေတာက ထုတ်လုပ်မှုစရိတ် ကြီးလို့လား မဟုတ်ပါဘူး၊ သူတို့က ဈေးကြီးကြီးရောင်းမှ အမြတ်အများကြီး ရမှာမို့လို့ပါ ဒါပေမဲ့ လုံထန်အုပ်စုကတော့ မတူပါဘူး နီဗားနားအိတ်ကို လူတိုင်း သုံးနိုင်အောင် ဈေးနှုန်းကို လျှော့ချထားတာပါ ကိုယ့်လူမျိုးအချင်းချင်း လိမ်ညာပါ့မလား... မဖြစ်နိုင်တာ"
ဖြေကြားမှုပြီးနောက် တစ်ခဲနက် လက်ခုပ်တီး အားပေးကြတော့သည်။
နံနက် ၁ နာရီမှ နှစ်နာရီကျော်ကြာမြင့်ပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြီးဆုံးသွားခဲ့သည်။
၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့ ပေါက်ဈေးအရ ဟောင်ကောင်ဒေါ်လာ ၁ ဒေါ်လာဟာ ယွမ် ၀.၈၉၆၂ ရှိသည်။ ဟောင်ကောင်မှာ နီဗားနားအိတ်ကို ဟောင်ကောင်ဒေါ်လာ ၄,၉၉၉ (ယွမ် ၄,၅၀၀ ခန့်) နဲ့ ဈေးနှုန်းသတ်မှတ်ထားသည်။
ဒါက ပြည်မကြီးထက် ယွမ် ၁,၅၀၀ ပိုများပေမဲ့ Apple ဖုန်းတွေရဲ့ ဈေးနှုန်းကွာဟချက်နဲ့ ယှဉ်ရင်တော့ အများကြီး သက်သာနေပါသေးသည်။
ထိုနေ့ မွန်းလွဲပိုင်း၌ ဟောင်ကောင်သတင်းစာတွေရဲ့ မျက်နှာဖုံးမှာတော့ လီကျဲခိုင်ရဲ့ ဓာတ်ပုံနဲ့အတူ "တရုတ်ပြည် ဝင့်ထည်စွာ မတ်တပ်ရပ်နိုင်ပြီ" ဆိုတဲ့ ခေါင်းကြီးပိုင်းတွေနဲ့ ဝေဝေဆာဆာ ဖော်ပြလာကြသည်။
နီဗားနားအိတ်ဟာ ဟောင်ကောင်မှာ တကယ့်ကို ဂယက်ထသွားခဲ့ပါပြီ။
ထိုနေ့ မွန်းလွဲပိုင်း၊ ရှန်းကျန့်မြို့ လုံထန်အဆောက်အအုံ အစည်းအဝေးခန်းမ။
"မင်္ဂလာပါ မစ္စတာလီ"
သူ့ရှေ့က ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ အသက် ၅၀ ကျော် အရွယ်ရှိပေမဲ့ ၄၀ လောက်သာ ထင်ရတဲ့ ခန့်ညားထည်ဝါသူ လီကျဲခိုင်ကို လင်းဖန်က ပြုံးရွှင်စွာ နှုတ်ဆက်ပြီး လက်ဆွဲလိုက်သည်။
လီကျဲခိုင်ဟာ သူဌေးကြီး လီကျားချိန်ရဲ့ သားဖြစ်ရုံတင်မကဘဲ ကိုယ်ပိုင်အရည်အချင်းနဲ့ ဟောင်ကောင်ရဲ့ ဆက်သွယ်ရေးလောကကို လက်ဝါးကြီးအုပ်ထားနိုင်သူ ဖြစ်လို့ လင်းဖန်က လေးလေးစားစား ဆက်ဆံသည်။
"ဒါရိုက်တာလင်း... ခင်ဗျားရဲ့ နာမည်ကို ကြားနေရတာ ကြာပါပြီ"
လီကျဲခိုင်ကလည်း လင်းဖန်ရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ရင်း
- "တကယ့်ကို လူငယ်သူရဲကောင်းပဲဗျာ ကျွန်တော် ဒီအရွယ်တုန်းက မိန်းကလေးတွေနဲ့ လျှောက်လည်နေတုန်းရှိသေးတယ်၊ ဒါရိုက်တာလင်းကတော့ တရုတ်ပြည်အတွက် ဒီလောက်ကြီးမားတဲ့ အောင်မြင်မှုတွေ ယူဆောင်ပေးနေပြီပဲ"
လို့ ချီးကျူးလိုက်သည်။
လင်းဖန်ကတော့ ဒါကို ခပ်ပြုံးပြုံးပဲ တုံ့ပြန်လိုက်သည်။ လီကျဲခိုင်လို လူမျိုးက အကြောင်းမရှိဘဲ လာရောက် ပူးပေါင်းမှာ မဟုတ်ဘူးဆိုတာ သူ ကောင်းကောင်း သိထားသည်။
၂၀၀၂ ခုနှစ်တုန်းက Tencent (Penguin) ရဲ့ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ရောင်းချပြီး အဆ ၁၀ ကျော် အမြတ်ထုတ်ခဲ့တဲ့ လီကျဲခိုင်ဟာ စီးပွားရေးမှာ အလွန်ပါးနပ်သူတစ်ဦး မဟုတ်ပါလား။
***