စကားပြောဆိုမှုတွေအပြီးမှာတော့ လီကျဲခိုင် ဦးဆောင်တဲ့ Yingke Expansion Group နဲ့ လုံထန်အုပ်စု တို့က နောက်ဆက်တွဲ သဘောတူညီချက် အမျိုးမျိုးကို တရားဝင် လက်မှတ်ရေးထိုးလိုက်ကြသည်။
လင်းဖန်ရော လီကျဲခိုင်ပါ ရလဒ်အပေါ် ကျေနပ်နေကြပြီး အခြေနေများက နှစ်ဖက်စလုံးအတွက် ပထမအဆင့်အား အောင်မြင်ပြီးဟု သက်မှတ်နိုင်ပေသည်။
"မစ္စတာလီကတော့ တကယ့်ကို မြေခွေးအိုကြီးပဲဗျာ"
မွန်းလွဲ ၄ နာရီ၌ လီကျဲခိုင် ထွက်ခွာသွားတာကို ကြည့်ရင်း CEO ကျန်းဖန်က သက်ပြင်းချကာ ရေရွတ်လိုက်သည်။
ဘေးမှာရှိနေတဲ့ လင်းဖန်ကလည်း
- "အာရှရဲ့ အချမ်းသာဆုံးသူဌေးကြီးဖြစ်ခဲ့ဖူးတဲ့ လီကျားချိန်ရဲ့သားက ဘယ်လိုလုပ် ရိုးရှင်းပါ့မလဲ လီမိသားစုအတွက်တော့ ဟောင်ကောင်ရဲတပ်ဖွဲ့ဆိုတာ သူတို့မွေးထားတဲ့ ခွေးတစ်ကောင်လိုပါပဲ"
ဟု ဆိုလိုက်တော့သာ်။
သူတို့နှစ်ဦး တွေ့ဆုံစဉ်က ပြောဆိုခဲ့တဲ့ စကားတွေဟာ ရိုးရိုးသားသားထင်ရပေမဲ့ တစ်မိနစ်ချင်းစီတိုင်းမှာ အပြန်အလှန် အကွက်ချ တိုက်ခိုက်မှုတွေနဲ့ ပြည့်နှက်နေတာပါ။ တစ်ယောက်ကမှ မိမိတို့ရဲ့ နောက်ဆုံးပိတ် အနိမ့်ဆုံးအမှတ်ကို ထုတ်မပြခဲ့ကြချေ။
"သူဌေး... ဘာကို ဆိုလိုတာလဲ"
ကျန်းဖန်က ထိတ်လန့်တကြား မေးလိုက်မိသည်။
"ဟုတ်တယ်... လီကျဲခိုင်က အပေါ်ယံလူပဲ ကျုပ်တို့ကို ဟောင်ကောင်ထဲ ခြေချနိုင်အောင် တကယ်လမ်းခင်းပေးနေတာက လီကျားချိန်ကိုယ်တိုင်ပဲ ဟောင်ကောင်ရဲတပ်ဖွဲ့ကို သူကိုယ်တိုင် စကားပြောပေးခဲ့တာ ဖြစ်ရမယ်"
လို့ လင်းဖန်က အလေးအနက် ပြောလာသည်။
ဟောင်ကောင်လို အရင်းရှင်စနစ် အားကောင်းတဲ့နေရာမှာ စီးပွားရေးလုပ်ငန်းစုကြီးတွေဟာ နိုင်ငံရေးကိုပါ ထိန်းချုပ်ထားနိုင်တာပါ။ အာရှရဲ့ အချမ်းသာဆုံး လီမိသားစုဟာ ဟောင်ကောင်စီးပွားရေးရဲ့ အသက်သွေးကြော ဖြစ်နေတာကြောင့် အစိုးရဌာနတွေကလည်း သူတို့ကို မျက်နှာသာပေးကြရသည်။
"ဒါဆို သူက ဘာလို့ ဒီလိုကူညီပေးရတာလဲ"
ကျန်းဖန်က နားမလည်နိုင်သေးပေ။
"အကျိုးအမြတ်ကြောင့်ပေါ့"
လင်းဖန်က အဝေးက အဆောက်အအုံတွေကို ကြည့်ရင်း အေးဆေးစွာ ရှင်းပြသည်။
"Yingke Group က အခမဲ့ ဆက်သွယ်ရေးစနစ်ကို ကျင့်သုံးလိုက်ရင် ဟောင်ကောင်ရဲ့ ဆက်သွယ်ရေးလောကမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာလိမ့်မယ် အဲဒီအချိန်မှာ အစိုးရက ဝင်ရောက်စွက်ဖက်လာမှာပဲ ဒါပေမဲ့ ရဲတပ်ဖွဲ့က နီဗားနားအိတ်ဖုန်းတွေကို သုံးစွဲနေပြီဆိုရင် သူတို့ကလည်း အကျိုးအမြတ် ရနေပြီဖြစ်လို့ ဒီပြဿနာတွေကို ဝင်မပါတော့ဘဲ လွှတ်ထားပေးလိမ့်မယ်"
"ဟား"
ကျန်းဖုန်း အံ့သြသွားရသည်။ လင်းဖန်ရဲ့ ငွေကိုသုံးပြီး ဟောင်ကောင်အစိုးရကို လိုင်းပိတ်လိုက်တာပေါ့။ ဒီနည်းနဲ့ လီကျဲခိုင်ဟာ ဘာမှရင်းစရာမလိုဘဲ ဟောင်ကောင်ရဲ့ ဆက်သွယ်ရေးလောကကို လက်ဝါးကြီးအုပ်နိုင်တော့မှာ ဖြစ်သည်။
လင်းဖန်က ဆက်ပြောပြန်သည်။
- "သူတို့ လှုပ်ရှားပေးမှ ကျုပ်တို့ဖုန်းတွေက ဟောင်ကောင်မှာ နာမည်ကြီးလာမှာ နီဗားနားအိတ်အတွက် ဟောင်ကောင်ကို ဝင်ဖို့က မခက်ပေမဲ့ နိုင်ငံတကာ (အနောက်နိုင်ငံ) ကို ထွက်ဖို့က ခက်ခဲလိမ့်မယ်"
ကျန်းဖန်ကလည်း
- "ဟုတ်ကဲ့ ဟောင်ကောင်မှာ အောင်မြင်သွားရင် အင်္ဂလန်ဈေးကွက်ကို အရင်ထိုးဖောက်ကြတာပေါ့ ဒီနှစ်နေရာက ဆက်နွှယ်မှု ရှိနေတာပဲလေ"
လို့ အကြံပြုသည်။
"ကောင်းပြီ"
လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။
"ဥရောပရုံးခွဲကိုလည်း အင်္ဂလိပ်ဗားရှင်းတွေ အသင့်ပြင်ထားဖို့ ပြောလိုက်"
လုံထန်အုပ်စု တည်ထောင်တာ တစ်နှစ်ပဲ ရှိသေးသော်လည်း နီဗားနားအိတ်ရဲ့ အောင်မြင်မှုကတော့ မြန်ဆန်လွန်းလှသည်။ သို့သော်လည်း ပြိုင်ဘက်တွေက ငြိမ်နေကြမှာ မဟုတ်ဘဲ လုံထန်ကို ဝိုင်းဝန်းနှိပ်ကွပ်ဖို့ ပြင်ဆင်နေကြမှာပါ။
လီကျဲခိုင် ထွက်ခွာသွားပြီးနောက် နောက်ထပ် လူတစ်စုဟာ လုံထန်အဆောက်အအုံရဲ့ အစည်းအဝေးခန်းထဲကို ရောက်လာကြသည်။
"ကဲ... လူကြီးမင်း နှစ်ယောက်ရော ဘယ်လို ဆုံးဖြတ်လိုက်ကြလဲ"
လင်းဖန်က ပြုံးစစနဲ့ လျူယွီတုန် နဲ့ မာဟွာထန် တို့ကို ကြည့်ကာ မေးလိုက်သည်။ သူတို့နှစ်ယောက်ဟာ Jindong နဲ့ Penguin အုပ်စုရဲ့ ကြီးမားတဲ့ ဆွေးနွေးရေးအဖွဲ့တွေနဲ့အတူ ရောက်လာကြတာပါ။
"မင်းကတော့ ငါတို့လာမှာကို အကွက်ချပြီး စောင့်နေတာပဲနော်"
မာဟွာထန်က မျက်စောင်းထိုးရင်း ပြောလိုက်သည်။
သူတို့နှစ်ယောက်စလုံး လင်းဖန်ရဲ့ အကွက်ထဲကို ရောက်နေကြပြီး နီဗားနားအိတ်မပါဘဲနဲ့တော့ သူတို့ရဲ့ နိုင်ငံတကာခြေဆန့်မှုက အောင်မြင်မှာမဟုတ်တာကို သူတို့ ကောင်းကောင်း သိသွားကြပါပြီ။
"ဟောင်ကောင်မှာတော့ မင်း တော်တော်လေးကို ဂယက်ထအောင် လုပ်နေတာပဲ"
လျူယွီတုန်က စူးစမ်းသလို မေးလာသည်။
"ဟဲဟဲ ဒါက အစပဲရှိပါသေးတယ် ဟောင်ကောင်မှာ ကျွန်တော့်ရဲ့ မဟာမိတ်က ဘယ်သူလဲဆိုတာ ခင်ဗျားတို့ မသိသေးဘူးထင်တယ် သူက လီကျားချိန်ရဲ့ ဒုတိယသား လီကျဲခိုင်လေ"
လင်းဖန်က မျက်လုံးတစ်ချက် မှိတ်ပြလိုက်သည်။
"ဟမ် အဲဒီလူလား"
မာဟွာထန်နဲ့ လျူယွီတုန်တို့ မျက်နှာတွေ ပျက်သွားကြရသည်။
လီကျားချိန်လို လူမျိုးကိုတောင် မဟာမိတ်ဖွဲ့နိုင်တယ်ဆိုတော့ လုံထန်အုပ်စုရဲ့ ကစားကွက်က တော်တော်လေးကို ကြီးမားနေပြီဆိုတာ သူတို့ သဘောပေါက်လိုက်ကြသည်။ ဟောင်ကောင်မှာသာ နီဗားနားအိတ်အောင်မြင်သွားပါက သူတို့သုံးဦး ပူးပေါင်းတည်ထောင်ထားတဲ့ 'ကျိဖူးဘောင်' (Jifubao - ငွေပေးချေမှုစနစ်) ကလည်း နေရာရလာတော့မှာပါ။
***