တောင်ကြီးတစ်ခုလုံး၏ အတွင်းပိုင်းက လုံးဝ အခေါင်းပွဖြစ်နေကာ လူတိုင်း၏ ခေါင်းပေါ်တွင်လည်း ကြေးဝါရောင်ခေါင်းတလားတစ်လုံးက အမြင့်ပေတစ်သောင်းခန့်၌ လွင့်မျောနေ၏။
ကြေးဝါရောင် ခေါင်းတလား၏ မျက်နှာပြင်ပေါ်၌ အချိန်ကာလ၏ အမာရွတ်များဖြင့် ပြည့်နှက်နေကာ ထိုနေရာ၌ တိတ်တဆိတ် လွင့်မျောနေပြီး အေးချမ်းသော်လည်း ထူးဆန်းမှုများဖြင့် ပြည့်နှက်နေပေသည်။
လူတိုင်းက ကြေးဝါရောင် ခေါင်းတလားကို သိချင်စိတ်များ ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြ၏။
ထိုစဉ် ရုတ်တရက် သူတို့၏ ဘေးမှ ကျိုးပိုင်က "အဲဒီအထဲမှာ အစစ်အမှန်နတ်ဘုရားတစ်ပါးရဲ့ ရုပ်အလောင်းများ မြှုပ်နှံထားတာများလား"
အစစ်အမှန်နတ်ဘုရားတစ်ပါး၏ ရုပ်အလောင်း။
ထိုစကားကို ကြားလိုက်ရသည်တွင် အခြားသူများ၏ မျက်လုံးများက ချက်ချင်းဆိုသလို တက်ကြွလာကြ၏။
အစစ်အမှန်နတ်ဘုရားတစ်ပါး၊ ရုပ်အလောင်းတစ်ခုတည်းသာ ဖြစ်လျှင်ပင် အဖိုးမဖြတ်နိုင်ချေ။
လူတိုင်းက အင်မတန် စိတ်လှုပ်ရှားနေကြသည်။
ကျိုးပိုင်က မသိစိတ်ကြောင့် ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်သော်လည်း တစ်စုံတစ်ခုကို သတိရသွားသည့်အလား ရုတ်တရက် ရပ်တန့်သွား၏။ သူက လေးနက်သောအသံဖြင့် "အကယ်၍ တကယ်ပဲ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်နေမယ်ဆိုရင် လူတွေကို သူ့ရဲ့ ရုပ်အလောင်းအနား လာခွင့်ပြုဖို့ဆိုတာ ဒီလောက်ထိ မရိုးရှင်းနိုင်ဘူး..."
ထို့နောက် သူက ရီထျန်းမင်ကို လှည့်ကြည့်လိုက်သည်။ "မင်းလည်း သဘောတူတယ်မလား"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "သခင်လေးကျိုးပိုင်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုက မှန်ကန်ပါတယ်။ တကယ်ကို လေးစားဖို့ ကောင်းပါတယ်"
ကျိုးပိုင်က ပြုံးလိုက်ကာ သူ၏ ဘေးရှိ တုန်းချန်ကို တစ်ချက်ကြည့်လိုက်သည်။
လင်းပိုင်က ကျိုးပိုင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရီထျန်းမင်ကို ကြည့်ကာ ရီထျန်းမင်၏ အနီးသို့ တိုးကပ်သွား၏။
ရုတ်တရက် တုန်းချန်က "သွားမယ်"
ထို့နောက် သူမက ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။
သူမက ထိုခြေတစ်လှမ်းကို လှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ကြေးဝါရောင် ခေါင်းတလားမှနေ၍ ကြယ်တာရာလမ်းတစ်ခုက သူတို့၏ ခြေအောက်အထိ အလိုအလျောက် ခင်းကျင်းသွားလေသည်။
တုန်းချန်က စကားတစ်ခွန်းမျှမဆိုဘဲ ကြယ်တာရာလမ်းပေါ်သို့ တက်လှမ်းသွား၏။
ကျန်ရှိနေသော သူများကလည်း သူမ၏ နောက်မှ လိုက်ပါသွားကြသည်။
ရုတ်တရက် ရီထျန်းမင်က သူ၏ ခြေအောက်ရှိ ကြယ်တာရာလမ်းကို ငုံ့ကြည့်လိုက်၏။ ခြေတစ်လှမ်းတိုင်းက ကျယ်ပြောလှသော ကြယ်တာရာစကြာဝဠာကြီးတစ်ခုအလား ထင်မှတ်ရကာ များပြားလှသောကြယ်များက ယင်း၏ အတွင်း၌ တလက်လက် တောက်ပနေပြီး အဆုံးအစ မဲ့နေပေသည်။
တုန်းချန်သည်လည်း သူမ၏ ခြေထောက်အောက်ရှိ ကြယ်တာရာလမ်းကို လေးနက်သော အမူအရာဖြင့် ကြည့်လိုက်၏။
သိပ်မကြာခင်၌ပင် လူတိုင်းက ကြေးဝါရောင် ခေါင်းတလား၏ ရှေ့သို့ ရောက်ရှိလာကြသည်။ တုန်းချန်က ကြေးဝါရောင် ခေါင်းတလားကို ထိတွေ့ရန် လက်လှမ်းလိုက်၏။ သို့သော် သူမ၏ လက်က ယင်းကို မထိတွေ့ရသေးခင်၌ပင် ရုတ်တရက် သူမ၏ ညာဘက်မှနေ၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ နောက်တစ်ခဏတွင်...
ဝုန်း...
ညာဘက်ရှိ တောင်နံရံက အစိပ်စိပ်အမွှာမွှာ ကွဲအက်သွားလေသည်။
သိပ်မကြာခင်၌ပင် ဆံပင်အဖြူရောင်နှင့် အမျိုးသမီးတစ်ဦး ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။
ဆံပင်အဖြူရောင်နှင့် အမျိုးသမီး၏ အနောက်၌ လူနှစ်ဦး ရှိနေကာ သူတို့မှာ ယခင်က နတ်ဘုရားကောလိပ်သို့ လာရောက်ခဲ့သော စုချန်နှင့် ကျူးယိတို့ပင် ဖြစ်သည်။
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် ကျိုးပိုင်နှင့် အခြားသူများ၏ အမူအရာများက ပြောင်းလဲသွား၏။
ရီထျန်းမင်က ဆံပင်အဖြူရောင်နှင့် အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။ ထိုဆံပင်အဖြူရောင်နှင့် အမျိုးသမီးက ကျပ်ထုပ်နေသော အနက်ရောင်ဂါဝန်ကို ဝတ်ဆင်ထားကာ သူမ၏ မျက်ခုံးနှစ်ခုကြား၌ အနီရောင်ဖျော့ဖျော့ အမှတ်အသားတစ်ခု ရှိနေသည်ကို သူမြင်တွေ့လိုက်ရ၏။ သူမ၏ မျက်လုံးများက ဓားသွားများအလား စူးရှလှကာ လူများကို သူမအား တည့်မတ်စွာ မကြည့်ရဲအောင် ပြုလုပ်နိုင်စွမ်း ရှိနေပေသည်။
ရုတ်တရက် ရီထျန်းမင်က ကျိုးပိုင်ကို ကြည့်လိုက်၏။ "သူတို့ကို ခေါ်ပြီး ထွက်သွားတော့၊ အခုချက်ချင်း သွားကြတော့"
ဤနေရာရှိ လူများထဲတွင် တုန်းချန်မှလွဲ၍ မည်သူကမျှ ထိုသုံးယောက်ထဲမှ တစ်ယောက်ယောက်ကို ယှဉ်ပြိုင်နိုင်စွမ်း မရှိချေ။ ဤနေရာ၌ ဆက်နေခြင်းက တုန်းချန်အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်စေလိမ့်မည်ပင်။
ထိုအချက်ကို ကျိုးပိုင်က သေချာပေါက် နားလည်ထားသဖြင့် အလျင်အမြန်ပင်။ "သွားမယ်"
ထို့နောက် သူတို့က အဆောင်လက်ဖွဲ့တစ်ခုကို ထုတ်ယူကာ တိုက်ရိုက် ချေမွပစ်လိုက်ကြ၏။
နတ်ဘုရားအလင်းတန်းအချို့က တည့်မတ်စွာ ကျဆင်းလာကာ သူတို့ကို လွှမ်းခြုံသွားလေသည်။
ရီထျန်းမင်က အလျင်အမြန်ပင်။ "ချီးပဲ... ငါ့ကိုလည်း ခေါ်သွားဦးလေ။ ငါလည်း သူတို့ကို ယှဉ်နိုင်တာ မဟုတ်ဘူး"
သို့သော် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
ကျိုးပိုင်နှင့် အခြားသူများက မူလနေရာမှ ပျောက်ကွယ်သွားကြလေပြီ။ ရီထျန်းမင်၏ မျက်နှာထက်၌ အမည်းရောင်မျဉ်းကြောင်းများဖြင့် ပြည့်နှက်သွား၏။
ထိုသောက်ကျိုးနည်းကောင်က တကယ်ပစ်ထားခဲ့ခြင်းပင်။
ရုတ်တရက် အဝေးမှနေ၍ ဆံပင်အဖြူရောင်နှင့် အမျိုးသမီးက "သွား"
သူမ၏ နောက်ရှိ ကျူးယိနှင့် စုချန်တို့က မူလနေရာမှနေ၍ ချက်ချင်း ပျောက်ကွယ်သွားကြ၏။
သူတို့နှစ်ဦး ထွက်ခွာသွားပြီးနောက်တွင် ဆံပင်အဖြူရောင်နှင့် အမျိုးသမီး၏ အကြည့်က တုန်းချန်ထံသို့ ကျရောက်လာသည်။ သူမက အပိုစကားများ မဆိုတော့ဘဲ သူမ၏ ညာလက်ကို ရုတ်တရက် မြှောက်ကာ အောက်သို့ အပြင်းအထန် ဖိချလိုက်၏။
မျက်စိတစ်မှိတ်အတွင်း၌ပင် ရီထျန်းမင်နှင့် တုန်းချန်တို့၏ ခေါင်းပေါ်ရှိ ဟင်းလင်းပြင်အချိန်က တိုက်ရိုက်ဆိုသလို ပြိုကျသွားသည်။ သိပ်မကြာခင်၌ပင် အနက်ရောင်အလင်းတန်းများက ပြောင်းပြန်စီးဆင်းနေသော ကောင်းကင်ဘုံမြစ်တစ်စင်းအလား သူတို့နှစ်ဦးကို လုံးဝသတ်ဖြတ်ပစ်ရန် ရည်ရွယ်လျက် ကြမ်းတမ်းစွာ လျှံကျလာ၏။
တုန်းချန်မှာ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူမက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ ထောင်ပေါင်းများစွာသော နတ်ဘုရားအလင်းတန်းများက ထွက်ပေါ်လာလျက် ထိုအမည်းရောင်အလင်းတန်းများကို ပြင်းထန်စွာ ဝင်တိုက်လိုက်ကြ၏။
မျက်စိတစ်မှိတ်အတွင်း၌ပင် နားကွဲမတတ် ဆူညံသံများ စဉ်ဆက်မပြတ် ပဲ့တင်ထပ်သွားကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားလှိုင်းလုံးများက အပြင်ဘက်သို့ ဆက်တိုက် ပြန့်နှံ့သွားကြပြီးနောက် ပတ်ဝန်းကျင်ရှိ တောင်နံရံများကို ရိုက်ခတ်သွားကြသည်။ သို့သော် ထိုနေရာရှိ တောင်ဂူက လုံးဝ အထိအခိုက်မရှိ ဖြစ်နေသည်ကို ရီထျန်းမင်မှာ ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရ၏။
တုန်းချန်က ဆံပင်အဖြူရောင်နှင့် အမျိုးသမီး၏ စွမ်းအားကို အင်အားသုံး၍ ခိုင်မာစွာ ခုခံထားလိုက်သည်။ ဆံပင်အဖြူရောင်နှင့် အမျိုးသမီးက နောက်ထပ်တစ်ကြိမ် တိုက်ခိုက်ခြင်း မပြုတော့ချေ။ သူမက တုန်းချန်ကို အကဲခတ်လိုက်သော်လည်း ဘာမှ မပြောသေးချေ။ သူမက လက်လှမ်းကာ လေထဲမှနေ၍ တုန်းချန်ထံသို့ ဆုပ်ကိုင်လိုက်၏။
တုန်းချန်နှင့် ရီထျန်းမင်တို့ ရှိနေသော ဟင်းလင်းပြင်အချိန်က ချက်ချင်းဆိုသလို လုံးဝနက်မှောင်သွားလေသည်။ ရီထျန်းမင်၏ အမူအရာက ပြောင်းလဲသွား၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ကိုယ်ခန္ဓာက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားတစ်ခုဖြင့် အမှုန့်ကြိတ်ခံရတော့မည့်အလား သူ ခံစားလိုက်ရသောကြောင့်ပင်။
အစစ်အမှန် သတ်ဖြတ်ခြင်းပင်။
ထိုအခိုက်အတန့်၌ တုန်းချန်၏ ခြေထောက်အောက်မှနေ၍ ရုတ်တရက် နတ်ဘုရားအလင်းတန်းတစ်ခု ထွက်ပေါ်လာကာ သူတို့နှစ်ဦးကို တိုက်ရိုက် လွှမ်းခြုံသွားလေသည်။
သို့သော် ထိုနတ်ဘုရားအလင်းတန်းကလည်း လျင်မြန်စွာ စတင်ပျောက်ကွယ်လာ၏။
ထိုအချိန်၌ ဆံပင်အဖြူရောင်နှင့် အမျိုးသမီးက ကြေးဝါရောင် ခေါင်းတလား၏ ရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူမက ကြေးဝါရောင် ခေါင်းတလားကို တစ်ချက်ကြည့်လိုက်ကာ ယင်းအပေါ်သို့ လက်တင်လိုက်ပြီးနောက် မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ တိုက်ရိုက်ဖွင့်လိုက်၏။ ယင်းကို ဖွင့်လိုက်သည့် အခိုက်အတန့်၌ သူမ၏ အမူအရာက ချက်ချင်းဆိုသလို အကြီးအကျယ် ပြောင်းလဲသွားလေသည်။
ရုတ်တရက် ကြေးဝါရောင် ခေါင်းတလားမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော ကြယ်ရောင်တစ်ရောင် တိုက်ရိုက် ပေါက်ကွဲထွက်လာ၏။ ဆံပင်အဖြူရောင်နှင့် အမျိုးသမီးမှာ တုံ့ပြန်နိုင်ခြင်း မရှိခင်၌ပင် ချက်ချင်းဆိုသလို ဝါးမျိုခံလိုက်ရသည်။
ရီထျန်းမင်နှင့် တုန်းချန်တို့လည်း ယင်းနှင့်အတူ ဝါးမျိုခံလိုက်ရ၏။
ထိုဧရိယာ၏ ဗဟိုချက်ရှိ ကြေးဝါရောင် ခေါင်းတလားကလည်း ပျောက်ကွယ်သွားလေသည်။
တောင်ကြီးတစ်ခုလုံး၏ အတွင်းပိုင်းက ဗလာကျင်းသွား၏။
အရာအားလုံးက တည်ငြိမ်မှုထံသို့ ပြန်လည်ရောက်ရှိသွားလေသည်။
အပြင်ဘက်၌မူ...
ဒုတိယကျောင်းအုပ်ကြီး ချန်ဝမ် ဦးဆောင်သော နတ်ဘုရားကောလိပ်မှ ထိပ်သီးသန်မာသူများ ရောက်ရှိလာကြသည်။ ချန်ဝမ်၏ အမူအရာက အနည်းငယ် တင်းမာနေ၏။
သူ၏ ဘေးမှ လူအိုကြီးတစ်ဦးက လေးနက်သောအသံဖြင့် "သူတို့က ဒီလိုပဲ ပျောက်သွားကြတာလား"
ချန်ဝမ်က တောင်ကြီး၏ အတွင်းပိုင်းကို စိုက်ကြည့်ကာ မျက်လုံးများ ကျဉ်းမြောင်းလျက် အတွေးထဲ နစ်မျောနေသည်။
လူအိုကြီးက ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် "အဲဒီအင်အားစုက အခုချိန်မှာ ပိုပြီးတော့ ရမ်းကားလာနေပြီ။ အဲဒါက နည်းနည်း ပုံမှန်မဟုတ်ဘူးလို့ ထင်တယ်။ ငါတို့က..."
ချန်ဝမ်က ခေါင်းခါယမ်းလိုက်၏။ "သူတို့က ငါတို့နဲ့ ပြဿနာမဖြစ်ချင်ဘူး၊ အဲဒီအစား အဲဒီနတ်ဘုရားကျောင်းတော်အနည်းငယ်နဲ့ပဲ ပြဿနာ ဖြစ်ချင်နေတာ။ ငါတို့အနေနဲ့ သူတို့ကို အသေအလဲ တိုက်ခိုက်ဖို့ မလိုအပ်ဘူး"
လူအိုကြီးက ချန်ဝမ်ကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှမပြောချေ။
တကယ်တမ်း၌ သူတို့က ပါဝင်မပတ်သက်ချင်၍ မဟုတ်ဘဲ ကျောင်းအုပ်ကြီးက ရှိမနေသောကြောင့် သူတို့အနေဖြင့် ထိုလူများကို မကိုင်တွယ်နိုင်သောကြောင့်ဖြစ်ကြောင်းကို သူ သိထား၏။ ထိုလူများမှာ ရူးသွပ်နေကြရုံသာမက သူတို့၏ စွမ်းအားကလည်း ကောင်းကင်ကိုတောင် ဆန့်ကျင်နိုင်လောက်အောင် ထူးကဲလွန်းလှပေသည်။
သူတို့ထဲမှ တစ်ယောက်ချင်းစီတိုင်းက ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်လောက်အောင် ထူးကဲနေကြခြင်းပင်။
လူအိုကြီးက လေးနက်သောအသံဖြင့် "တုန်းချန်... သူက..."
ချန်ဝမ်က "စိတ်မပူပါနဲ့၊ သာမန်လူတွေက သူ့ကို သတ်လို့ မရပါဘူး။ ဒါပေမဲ့ အဲဒီလူငယ်က ဘယ်လိုလုပ်ပြီး တုန်းချန်နဲ့ အတူတူ ရှိနေရတာလဲ"
လူအိုကြီးက "ကျုပ်တို့ စုံစမ်းပြီးပြီ။ သူက မကြာသေးခင်ကမှ ကောလိပ်ကို ဝင်ရောက်လာတဲ့ အဆင့်နိမ့်ပါရမီရှင် အပြင်စည်းကျောင်းသား တစ်ယောက်ပဲ"
ချန်ဝမ်က မျက်မှောင်ကြုတ်လျက် လူအိုကြီးကို လှည့်ကြည့်လိုက်၏။ လူအိုကြီးက ခါးသီးစွာ ပြုံးလိုက်သည်။ "အဆင့်နိမ့်ပါရမီနဲ့တော့ သေချာပေါက် ကျုပ်တို့ရဲ့ ကောလိပ်ကို ဝင်ခွင့်မရနိုင်ပါဘူး၊ ဒါပေမဲ့ သူက ချင်းကျိနဲ့ အတူတူ လာတာဆိုတော့..."
ချင်းကျိ။
ချန်ဝမ်၏ မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်တည်လာ၏။ တုန်းချန်ပြီးလျှင် ချင်းကျိက လက်ရှိ နတ်ဘုရားကောလိပ်၌ သံသယဝင်စရာမလိုအောင် အထူးချွန်ဆုံး ပါရမီရှင်ပင် ဖြစ်သည်။
ထို့အပြင် သူမက ဖုံးကွယ်နေသော ထူးခြားသည့် ရုပ်ခန္ဓာတစ်ခုကိုလည်း ပိုင်ဆိုင်ထားကာ ယင်းက ကျောင်းအုပ်ကြီးကိုပင် အံ့အားသင့်သွားစေခဲ့သဖြင့် ကျောင်းအုပ်ကြီးက ကိုယ်တိုင်ကိုယ်ကျ အလျင်အမြန် ပြန်လာခဲ့ရလေသည်။
နတ်ဘုရားကျောင်းတော်သုံးခုကပင် သူမကို သူတို့၏ နတ်ဘုရားကျောင်းတော်သို့ ဝင်ရောက်ရန် လာရောက် တောင်းဆိုခဲ့ကြ၏။
သူမအတွက်နှင့် သူတို့က တိုက်ပွဲဖြစ်လုနီးပါးပင် ဖြစ်ခဲ့ကြသေးသည်။
ချန်ဝမ်က "သူက ချင်းကျိနဲ့အတူတူ လာတာဆိုမှတော့... ဒါဆိုလည်း ပြီးတာပဲလေ"
ထို့နောက် သူက လှည့်ထွက်သွားလေသည်။
ထိုကောင်မလေးကို သူက မျက်နှာသာပေးရမည်ပင်။
ရီထျန်းမင်သည်လည်း ရိုးရှင်းသူမဟုတ်ကြောင်း အစပိုင်း၌ လူအိုကြီးက ပြောချင်ခဲ့သော်လည်း ချန်ဝမ်ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် ဘာမှ ဆက်မပြောတော့ချေ။
တကယ်တမ်း၌ တုန်းချန်နှင့် နှိုင်းယှဉ်လျှင် ချင်းကျိက နတ်ဘုရားကောလိပ်အတွက် ပို၍ အရေးကြီးပေသည်။
မည်သို့ပင်ဆိုစေကာမူ တုန်းချန်၌ ထူးခြားသည့် အဆင့်အတန်းတစ်ခု ရှိနေကာ ချင်းကျိ၌မူ မရှိချေ။ သူမသာ နတ်ဘုရားကောလိပ်၏ စစ်မှန်သော လူတစ်ယောက်ဖြစ်ကာ အရိုက်အရာဆက်ခံသူအဖြစ် ပြုစုပျိုးထောင်ပေး၍ ရနိုင်သော လူစားမျိုးပင်။
ရီထျန်းမင် နိုးလာချိန်၌ သူက ရုတ်ခြည်းဆိုသလို ထထိုင်လိုက်၏။ ထို့နောက် သူက ခေါင်းကို အားပြင်းပြင်းဖြင့် ခါယမ်းလိုက်သည်။ သူ၏ ခေါင်းမှာ ခဲများ ထည့်ထားသည့်အလား အင်မတန် လေးလံနေကြောင်း ခံစားနေရ၏။
အင်မတန် မသက်မသာ ဖြစ်နေခြင်းပင်။
အချိန်အတော်ကြာပြီးနောက် သူက အနည်းငယ် သက်သာလာသည်ဟု ခံစားလိုက်ရသည်။ သူက ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံးက အဆုံးအစမရှိသော ကြယ်တာရာကောင်းကင်တစ်ခု ဖြစ်နေ၏။
အသံတစ်သံမျှ မရှိဘဲ အရာအားလုံးက ခဲယဉ်းသွားသည့်အလား ငြိမ်သက်နေပေသည်။
တစ်စုံတစ်ခုကို သတိရသွားသည့်အလား ရီထျန်းမင်က လှည့်ကြည့်လိုက်ရာ တုန်းချန်က မလှမ်းမကမ်း၌ မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရသည်။ သူမ၏ မျက်နှာချင်းဆိုင်၌ ဆံပင်အဖြူရောင်နှင့် အမျိုးသမီး ရှိနေ၏။ သူတို့နှစ်ဦးက ဆယ်ပေခန့် အကွာအဝေးမှနေ၍ မျက်နှာချင်းဆိုင် ရပ်နေကြခြင်းပင်။
သူတို့နှစ်ဦးစလုံး၏ အကြည့်များက အင်မတန် ရန်လိုနေကြ၏။
ရီထျန်းမင်က မတ်တတ်ရပ်လိုက်သည်။ သူမတ်တတ်ရပ်လိုက်သည်နှင့်တစ်ပြိုင်နက် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို သူ သဘောပေါက်သွား၏။ သူ၏ ကိုယ်တွင်းရှိ အမွှေးတိုင် စွမ်းအင်များက တိုက်ရိုက် ဖိနှိပ်ခံထားရခြင်းပင်။
နတ်ဘုရားစကြာဝဠာ၏ ကျင့်ကြံခြင်းအဆင့်က ဖိနှိပ်ခံထားရသည်ဟု ဆိုရပေမည်။
သူက တိတ်တဆိတ် စမ်းသပ်ကြည့်လိုက်ရာ သက်ရှိသတ္တဝါအပေါင်းဉပဒေကမူ အလုပ်လုပ်နေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
အောက်ဘက်စကြာဝဠာနှင့် အထက်ဘက်စကြာဝဠာ နှစ်ခုလုံး၏ အဆင့်များက ဖိနှိပ်ခံထားရကာ သက်ရှိသတ္တဝါအပေါင်း ဉပဒေတစ်ခုတည်းသာ အလုပ်လုပ်နေခြင်းပင်။
ဤသည်က အနည်းငယ် ပုံမှန်မဟုတ်လွန်းသည်ဟု ရီထျန်းမင်က ခံစားလိုက်ရ၏။
သူက ပိုမတွေးတော့ဘဲ မလှမ်းမကမ်း၌ အကဲစမ်းနေကြဆဲဖြစ်သော အမျိုးသမီးနှစ်ဦးကို ကြည့်လိုက်သည်။ "ဒါက အစစ်အမှန်နတ်ဘုရားရဲ့ စစ်မှန်တဲ့ ရှေးဟောင်းအပျက်အစီး ဖြစ်ရမယ်။ မင်းတို့နှစ်ယောက် အကဲစမ်းမနေသင့်ဘူး"
ထို့နောက် သူက တုန်းချန်၏ အနီးသို့ လျှောက်သွားကာ မလှမ်းမကမ်းရှိ ဆံပင်အဖြူရောင်နှင့် အမျိုးသမီးကို ကြည့်လိုက်၏။
ဆံပင်အဖြူရောင်နှင့် အမျိုးသမီးက ရီထျန်းမင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်များက တုန်းချန်ပေါ်သို့ ပြန်လည်ကျရောက်သွားသည်။
တုန်းချန်က အညံ့မခံဘဲ သူမ၏ အကြည့်ကို ပြန်လည်ရင်ဆိုင်လိုက်၏။
ရီထျန်းမင်က တုန်းချန်၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။ "သွားရအောင်၊ သူ့ကို လျစ်လျူရှုထားလိုက်"
တုန်းချန်က ရီထျန်းမင်ကို လှည့်ကြည့်လိုက်သည်တွင် ရီထျန်းမင်က သူမကို ဤအတိုင်း ဆွဲခေါ်သွား၏။ သူက သေချာပေါက် အင်္ကျီလက်ကိုသာ ဆွဲထားခြင်းပင်။
တုန်းချန်သည်လည်း ငြင်းဆန်ခြင်း မရှိချေ။
ရီထျန်းမင်နှင့် တုန်းချန်တို့က အဝေးရှိ ကြယ်တာရာကောင်းကင်၏ အနက်ပိုင်းဆီသို့ လျှောက်သွားကြ၏။ သူက ကြယ်တာရာကောင်းကင်၏ အနက်ပိုင်းကို ကြည့်လိုက်ရာ ထိုအနက်ပိုင်း၌ ကြယ်ရောင်တစ်ခု တည်ရှိနေသည်ကို မြင်လိုက်ရသည်။
အင်မတန် တောက်ပနေသည့် တစ်လုံးတည်းသော ကြယ်ရောင်ပင်။
ရီထျန်းမင်က "မင်းရဲ့ ကျင့်ကြံခြင်းက..."
တုန်းချန်က "ဖိနှိပ်ခံထားရတယ်"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ငါ့ဟာရောပဲ"
တုန်းချန်က "ရှင့်ဆီမှာ အစကတည်းက ဘာမှရှိပုံမရပါဘူး"
ရီထျန်းမင်၏ အမူအရာက တောင့်တင်းသွားသည်။
တုန်းချန်က "ဒီနေရာက အရမ်းထူးဆန်းတယ်။ ကျွန်မတို့ သတိထားရမယ်၊ ဘာလို့လဲဆိုတော့ အဲဒီအစစ်အမှန်နတ်ဘုရားက ကောင်းလား ဆိုးလားဆိုတာ ကျွန်မတို့ မသိဘူးလေ"
ရီထျန်းမင်က တုန်းချန်ကို လှည့်ကြည့်လိုက်၏။ "ကောင်းလား ဆိုးလား ဟုတ်လား"
တုန်းချန်က ခေါင်းညိတ်လိုက်သည်။ "နတ်ဘုရားတွေအားလုံးက မတူညီတဲ့ စရိုက်တွေ ရှိကြတယ်။ ဖြောင့်မတ်တဲ့သူတွေ ရှိသလို သေချာပေါက် ဆိုးယုတ်တဲ့သူတွေလည်း ရှိတာပေါ့"
ရီထျန်းမင်က ခေါင်းညိတ်လိုက်၏။ "ငါတို့ကို တစ်ဖက်လူက တမင်သက်သက် ဒီကို ပို့လိုက်တာပဲ။ သူက ငါတို့ကို မသတ်ဘဲ ဒီကိုခေါ်လာတာဆိုတော့ သူ့မှာ ရည်ရွယ်ချက် တစ်စုံတစ်ခု ရှိလောက်မယ်"
ရုတ်တရက် တုန်းချန်က "ရှင်က လုံးဝ ကြောက်နေတဲ့ပုံ မပေါ်ဘူးနော်"
ရီထျန်းမင်က ပြုံးလျက် "ငါက ကြီးကျယ်တဲ့ မြင်ကွင်းတချို့နဲ့ အရမ်းအားကောင်းတဲ့ ပြိုင်ဘက်တွေကို ကြုံတွေ့ဖူးလို့ပါ..."
တုန်းချန်က ရီထျန်းမင်ကို လှည့်ကြည့်လိုက်ကာ အနည်းငယ် သိချင်စိတ်ဖြင့် "အရမ်းအားကောင်းတဲ့ ပြိုင်ဘက်တွေ ဟုတ်လား။ သူတို့က ဘယ်သူတွေလဲ။ ဘယ်လောက်တောင် အားကောင်းလို့လဲ"
ရီထျန်းမင်က "ယန်မိသားစုလေ"
တုန်းချန်၏ သွယ်လျလှပသော မျက်ခုံးလေးများက အနည်းငယ် တွန့်ကွေးသွား၏။ "တစ်ခါမှ မကြားဖူးဘူး"
ရီထျန်းမင်က ရယ်မောလိုက်သည်။ "သူတို့က ဒီစကြာဝဠာထဲကို ရောက်လာတဲ့အခါကျရင် ဒီနတ်ဘုရားစကြာဝဠာကြီးကိုလည်း သေချာပေါက် အံ့အားသင့်သွားစေလိမ့်မယ်"
ယန်မိသားစုက နတ်ဘုရားစကြာဝဠာကို ထိုးဖောက်ဝင်ရောက်နိုင်စွမ်း ရှိပါသလော။
သူတို့က လုပ်နိုင်နေပြီ ဖြစ်၏။
ကွမ်ချွန်ဓားသခင်ပင်။
ထို့ပြင် တစ်နေ့နေ့၌ ယန်မိသားစုက ဤစကြာဝဠာသို့ ရောက်လာနိုင်ကြောင်း သူ သိထား၏။
ယန်မိသားစု။
သူတို့က တကယ်ကို ပြိုင်ဘက်ကင်းလှခြင်းပင်။ သူတို့ထံ၌ သန်မာသူများ အရမ်းများလွန်းလှသည် မဟုတ်ပါလော။
"ယန်မိသားစု ဟုတ်လား"
ထိုစဉ် အဝေးရှိ ကြယ်တာရာကောင်းကင်၏ အဆုံးမှနေ၍ ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာ၏။ "အဲဒီယန်ယဲ့ တည်ထောင်ခဲ့တဲ့ ယန်မိသားစုလား။ မင်းက သူနဲ့ ဘယ်လိုပတ်သက်တာလဲ။ သူ့မျိုးဆက်လား"
***