လူငယ်ပန်းရန်ဆရာသည် လက်နှစ်ဖက်ကိုပွတ်သပ်ကာ နံရံရှေ့တွင် နေရာယူလိုက်သည်။ အရှိန်ယူ၍ အနည်းငယ်ပြေးဝင်ပြီးနောက် သူ၏ပခုံးဖြင့် ဘိလပ်မြေအုတ်နံရံကို အားကုန်လွှဲတိုက်လိုက်တော့သည်။ ဘေးမှပန်းရန်ဆရာများသည် ဤမျှပါးလှသောနံရံမှာ ယခုတစ်ကြိမ်တွင်မူ သေချာပေါက်ပြိုကျတော့မည်ဟုထင်မှတ်ကာ ပို၍ဝေးဝေးသို့ ဆုတ်လိုက်ကြသည်။
သို့သော် လူတိုင်းကိုအံ့အားသင့်စေသည်မှာ ထိုလူငယ်၏လက်မောင်းမှာ တိုက်မိသည့်ဒဏ်ကြောင့် ကျိန်းစပ်သွားသော်လည်း ဘိလပ်မြေအုတ်နံရံမှာမူ တောင်ဘက်ကောင်းကင်ဘုံ၏ မဏ္ဍိုင်ကြီးကဲ့သို့ ခိုင်ခိုင်မာမာရပ်တန့်နေဆဲဖြစ်ကာ တုန်ခါပင် မတုန်ခါပေ။
လူအုပ်ကြီးမှာ တိတ်ဆိတ်သွားကြသည်။
အတန်ကြာမှ ပန်းရန်ဆရာတစ်ဦးက ထစ်ထစ်ငေါ့ငေါ့ဖြင့်...
"တောက်... တပ်မှူးငယ်ရဲ့ ဘိလပ်မြေက သုံးမျိုးစပ် အင်္ဂတေလောက်နီးပါးကို ကောင်းတာပဲဗျာ" ဟု ရေရွတ်လိုက်သည်။
လူတိုင်းမှာ အိပ်မက်မှနိုးလာသကဲ့သို့ တစ်ဦးကိုတစ်ဦး ကြည့်နေကြစဉ်မှာပင် အခြားတစ်ဦးက...
"ဒါပေမဲ့ ဘိလပ်မြေလာပို့တဲ့ အစေခံပြောတာတော့ ဒါက သုံးမျိုးစပ် အင်္ဂတေထက် အများကြီး ပိုစျေးသက်သာတယ်တဲ့…"
ထိုစကားကိုကြားသောအခါ ပန်းရန်ဆရာများအားလုံး မျက်နှာပျက်သွားကြသည်။ သူတို့မှာ သုံးမျိုးစပ်အင်္ဂတေနှင့် တစ်သက်လုံးလုပ်ကိုင်လာခဲ့ကြသော်လည်း ကမ္ဘာပေါ်တွင် ဤမျှစျေးသက်သာပြီး အာနိသင်ထက်မြက်သည့် စေးကပ်ပစ္စည်းမျိုးရှိနေသည်ကို မသိခဲ့ကြပေ။ သူတို့၏ ပန်းရန်ဆရာဘဝတစ်သက်တာမှာ အလကားဖြစ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တပ်မှူးငယ်သာ ဤဘိလပ်မြေကို စောစောစီးစီး ထုတ်လုပ်ခဲ့ပါက မည်မျှကောင်းလိမ့်မည်နည်း။
လူအုပ်ကြီးမှာ မယုံကြည်နိုင်သေးသဖြင့် တစ်ဦးက...
"တစ်ယောက်တည်းနဲ့ တိုက်လို့မပြိုရင် နှစ်ယောက်ပေါင်းပြီး တိုက်ကြည့်ကြတာပေါ့…" ဟု အော်ပြောလိုက်သည်။
အားလုံးက သဘောတူကြသဖြင့် လူနှစ်ဦး ရှေ့သို့ထွက်လာပြီး နံရံကိုတစ်ပြိုင်နက်တည်း ပြေးတိုက်ကြပြန်သည်။
ပထမတစ်ကြိမ်တိုက်သည်... အုတ်နံရံမှာမလှုပ်ပေ။ ဒုတိယတစ်ကြိမ် ထပ်တိုက်သည်... အုတ်နံရံမှာမလှုပ်သေးပေ။ တတိယအကြိမ်ရောက်သောအခါ သူတို့မှာ ခေါင်းမူးနောက်သွားကြသော်လည်း ဘိလပ်မြေအုတ်နံရံမှာမူ လှုပ်ရှားမှုမရှိဘဲ ထိုနေရာမှာပင် ရပ်မြဲအတိုင်း ရှိနေသည်။
ဘေးမှ ပန်းရန်ဆရာများမှာ လုံးဝ တိတ်ဆိတ်သွားကြတော့သည်။
ဤအရာက ဘယ်လိုပစ္စည်းမျိုးလဲ။ သုံးမျိုးစပ်အင်္ဂတေထက်ပင် ပို၍ခိုင်ခံ့ပုံရသည်။ စျေးသက်သာပြီး မည်းနက်နေသော ဤဘိလပ်မြေကို သဲနှင့်ရောလိုက်သောအခါ စျေးကြီးလှသော သုံးမျိုးစပ်အင်္ဂတေထက် ပို၍ခိုင်မာပြီး ယုံကြည်စိတ်ချရနေသည်။ ဤကဲ့သို့သောအရာမျိုး ဘယ်ကပေါ်လာသနည်း။ အမှန်တကယ်ပင်မကြားဖူးခဲ့ပေ။ ဤပစ္စည်းနှင့်ဆိုလျှင် သူတို့ ဆယ်စုနှစ်ပေါင်းများစွာ လေ့လာခဲ့သော သုံးမျိုးစပ် အင်္ဂတေပညာရပ်မှာ အလကားပင် ဖြစ်တော့မည်။
ဝါရင့်ပညာရှင် တောက်ယိုမောက်ပင်လျှင် ယခုအချိန်တွင် ရှက်ကိုးရှက်ကန်း ဖြစ်နေတော့သည်။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် တစ်ဦးက စကားစလိုက်သည်။
"တပ်မှူးငယ်က တကယ့်ကို မြို့အရှေ့ဘက်က လီမိသားစုက ပုဂ္ဂိုလ်ဆိုတော့ ထိုက်တန်ပါတယ်။ အရင်က ဆပ်ပြာကိုတီထွင်ခဲ့သလို အခုလည်း ဒီလိုအံ့သြစရာကောင်းတဲ့ ဘိလပ်မြေကို ထုတ်နိုင်ခဲ့တာပဲ…"
လူအုပ်ကြီးငြိမ်သက်နေစဉ် တောက်ယိုမောက်သည် လူအုပ်ကြားမှ တိုးထွက်လာသည်။ သူသည် အိမ်ထဲသို့ဝင်၍ သားသတ်ဓားတစ်လက်ကိုယူလာကာ အုတ်နံရံဆီသို့လျှောက်သွားပြီး အုတ်နှစ်ချပ်ကြားရှိ ခြောက်သွေ့နေသော ဘိလပ်မြေများကို ဓားဖြင့် အားရပါးရ ခုတ်ကြည့်တော့သည်။
ဓားနှင့်ခုတ်လျှင်ပင် ဤဘိလပ်မြေကို မဖြတ်နိုင်ဟု သူက မယုံကြည်နိုင်ပေ။
သို့သော် နောက်ဆက်တွဲမြင်ကွင်းက သူ့ကို စကားမပြောနိုင်အောင် ဖြစ်သွားစေသည် -
"ချွန်း" ဟူသောအသံနှင့်အတူ ဓားမှာ ဘိလပ်မြေနှင့်ထိမိသောအခါ အားပြင်းစွာ ပြန်ကန်ထွက်သွားပြီး မီးပွင့်သွားသည်။ အားကုန်ခုတ်လိုက်သော်လည်း အုတ်ကြားရှိ ဘိလပ်မြေပေါ်တွင် အမှတ်အသား အနည်းငယ်သာ ထင်ကျန်ရစ်သည်။
ဤဘိလပ်မြေမှာ အလွန်ခိုင်ခံ့လွန်းလှသည် ကျောက်ခဲဟုပင်ဆိုနိုင်သည်။ စျေးကြီးသော သကြားညိုရောထားသည့် သုံးမျိုးစပ် အင်္ဂတေပင်လျှင် ဓားနှင့် လှံဒဏ်ကို ဤမျှ ခံနိုင်ရည်မရှိပေ။
ဤသည်ကို မြင်သောအခါ အားလုံးက လုံးဝ အယုံအကြည်ရှိသွားကြတော့သည်။ နံရံစီရန် သုံးမျိုးစပ်အင်္ဂတေကို နေ့စဉ်အသုံးပြုနေကြသော ဤပန်းရန်ဆရာများအတွက် ဤဘိလပ်မြေမှာ နတ်ဘုရားတို့၏ လက်ရာကဲ့သို့ပင် ထူးဆန်းအံ့သြဖွယ် ဖြစ်နေသည်။
တောက်ယိုမောက်က ဓားကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး သက်ပြင်းချကာ...
"တောက်... ငါ သုံးမျိုးစပ် အင်္ဂတေနဲ့ တစ်သက်လုံး လုပ်ကိုင်လာခဲ့တာ အလကားဖြစ်သွားပြီ။ ဒီလိုမျိုး တစ်ခါမှမမြင်ဖူးဘူး။ ဒါက သုံးမျိုးစပ်အင်္ဂတေထက် ဆယ်ဆလောက်ပိုကောင်းတယ်…" ဟု ဝန်ခံလိုက်တော့သည်။
စက်တင်ဘာလလယ်တွင် စစ်တန်းလျားအားလုံး ဆောက်လုပ်ပြီးစီးသွားပြီး ကုတင်နှင့် အိပ်ရာခင်းများမှာလည်း အသင့်ဖြစ်နေပြီဖြစ်သည်။ စက်တင်ဘာ ၁၅ ရက်နေ့တွင် ရှေ့ပြေးတပ်ဖွဲ့မှ စစ်သည် ၆၀၀ သည် ဖန့်ကျားရွာသို့ လာရောက်သတင်းပို့ကြသည်။ လီကျစ်သည် ဤလူ ၆၀၀ ကို တပ်ခွဲ လေးခု ခွဲလိုက်ပြီး တစ်ခွဲလျှင် ၇၅ ယောက်စီ ထားရှိသည်။ တပ်ခွဲတစ်ခုစီတွင် တပ်စု သုံးခုစီရှိပြီး တပ်စုတစ်ခုလျှင် ၂၅ ယောက် ပါဝင်သည်။ (မှတ်ချက်- မူရင်းဇာတ်လမ်းတွက်ချက်မှုအတိုင်း ပြန်ဆိုထားခြင်းဖြစ်သည်)
တပ်ဖွဲ့အတွင်း၌ စစ်ရေးအောင်မြင်မှု၊ စွမ်းဆောင်ရည်နှင့် အတွေ့အကြုံရှိမှုတို့ကို အလေးထားကြသည်။ ယခုအချိန်အထိ စစ်တိုက်ဖူးခြင်းမရှိသေးသဖြင့် စွမ်းဆောင်ရည်ကို မပြနိုင်သေးသောကြောင့် အတွေ့အကြုံရှိမှုကိုသာ ဦးစားပေးရတော့မည်။ စစ်သည်သစ် ၆၀၀ အတွက် လီကျစ်၏ မူလကိုယ်ရံတော် ၇၀ ကျော်ကို ခေါင်းဆောင်များအဖြစ် ရာထူးတိုးမြှင့်ပေးလိုက်ပြီး တပ်စုအသီးသီးတွင် တပ်စုမှူးများအဖြစ် ခန့်အပ်လိုက်သည်။
ဤစစ်သည်များ ဖန့်ကျားရွာတွင် နေရာချထားပြီးနောက် တပ်စုမှူးများက သူတို့ကို ပထမဆုံး လုပ်ခိုင်းသည့်အရာမှာ ရေချိုးခန်းတွင် ဆပ်ပြာဖြင့်ရေချိုး၍ သန်းများနှင့် အညစ်အကြေးများကို ရှင်းလင်းစေခြင်းဖြစ်သည်။ ဒုတိယအနေဖြင့် ထမင်းစားဆောင်သို့သွားရောက်ကာ အသား… ဟင်းသီးဟင်းရွက်နှင့် ထမင်းတို့ကို ဗိုက်ဝအောင် စားသောက်စေပြီး ရှေ့ပြေးတပ်ဖွဲ့ စစ်သည်များ၏ ကောင်းမွန်သောခံစားခွင့်ကို မြည်းစမ်းစေသည်။ တတိယအချက်မှာ နောက်တစ်နေ့နံနက် စုရပ်သို့ တက်ရောက်ရန်အတွက် စောစောအိပ်ရာဝင်စေခြင်း ဖြစ်သည်။
နောက်တစ်နေ့နံနက်၊ အရုဏ်ဦးတွင် ကောင်းကင်ယံမှာ စတင်လင်းလက်လာသည်နှင့် ရှေ့ပြေးတပ်ဖွဲ့၏ လူစုခရာသံ ထွက်ပေါ်လာသည်။ စစ်သည်များသည် အိပ်ရာမှထကာ တပ်စုမှူးများ၏ ဦးဆောင်မှုဖြင့် ဖန့်ကျားရွာ တောင်ဘက်တံခါးအပြင်ဘက်ရှိ ကွင်းပြင်ငယ်တွင် စုရုံးကြသည်။
ဖန့်ကျားရွာ တောင်ဘက်တံခါးအပြင်ဘက်၌ အမှုထမ်းမိသားစုများမှ အရပ်သားများစွာမှာလည်း လာရောက်ကြည့်ရှုနေကြပြီဖြစ်သည်။ စစ်သည်များ၏ရှေ့ရှိ မြေကုန်းမြင့်ငယ်လေးဘေးတွင် လီကျစ်သည် သူ၏ တပ်မှူးငယ်ဝတ်ရုံကိုဝတ်ဆင်ကာ မြင်းပေါ်မှနေ၍ စစ်သည်များကို စောင့်ဆိုင်းနေသည်။
စစ်သည်အားလုံး စုံလင်မှသာ လီကျစ်သည် မြင်းပေါ်မှဆင်းကာ မြေကုန်းမြင့်ငယ်လေးပေါ်သို့ တက်လိုက်သည်။
မြေကုန်းမြင့်ငယ်လေးပေါ်တွင်ရပ်နေသော လီကျစ်သည် အောက်သို့ငုံ့ကြည့်လိုက်ရာ လူအုပ်ကြီးကို မြင်လိုက်ရသည်။ ဤလူများသည် ယခုအခါ သူ၏ စစ်သည်များဖြစ်လာပြီဖြစ်ကာ သူ၏ အမိန့်ပေးချက်အတိုင်း စစ်မြေပြင်သို့ အပြေးဝင်ကြတော့မည်ဟု တွေးတောမိသောအခါ လီကျစ်၏ ရင်ထဲတွင် ဂုဏ်ယူမှုများလွှမ်းခြုံလာခဲ့သည်။
သူ ဤခေတ်ကာလသို့ အချိန်ကာလကူးပြောင်းရောက်ရှိလာခြင်းက ကံကောင်းမှုတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ယခင်ဘဝက စက်မှုဒီဇိုင်နာတစ်ဦးအနေဖြင့် သူ ဘယ်တုန်းကများ ဤမျှကြီးမားသော အာဏာကို ကိုင်စွဲခွင့်ရခဲ့ဖူးပါသနည်း။
လီကျစ်က စင်မြင့်ပေါ်တွင် မတ်တတ်ရပ်ကာအသံကျယ်ကျယ်ဖြင့် ဟစ်ကြွေးလိုက်သည်။
"ရဲရင့်တဲ့ စစ်သည်တော်တို့... ဒီနေ့က မင်းတို့ ဖန့်ကျားရွာကိုရောက်တဲ့ ပထမဆုံးနေ့ပဲ။ ဒီနေ့ကစပြီး မင်းတို့ဟာ ငါ လီကျစ်ရဲ့ အိမ်တော်စောင့်တပ်သားတွေ... ငါ လီကျစ်ရဲ့ စစ်သည်တွေ ဖြစ်သွားပြီ"
"မင်းတို့အားလုံးဟာ တင်းကျပ်တဲ့ကိုယ်ကာယစစ်ဆေးမှုတွေနဲ့ လူတွေ့မေးမြန်းမှုတွေကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သူရဲကောင်းတွေဖြစ်လို့ အခုလို နေရာမှာရပ်တည်နိုင်ပြီး တစ်လကို ငွေ ၃ သျှူး လစာရဖို့ ထိုက်တန်ကြတာဖြစ်တယ်။ မင်းတို့လို သူရဲကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဟာ သေချာပေါက် တောင့်တင်းခိုင်မာတဲ့ တပ်ဖွဲ့တစ်ရပ် ဖြစ်လာလိမ့်မယ်။ အင်အားတောင့်တင်းတဲ့ တပ်ဖွဲ့ဖြစ်လာတဲ့အတွက် မင်းတို့တွေအနေနဲ့ ဒီတပ်ဖွဲ့ကို ဘာရည်ရွယ်ချက်နဲ့ ဖွဲ့စည်းရတာလဲဆိုတဲ့ အဓိပ္ပာယ်ကိုတော့ သေချာပေါက်နားလည်ထားဖို့လိုတယ်"
လီကျစ်၏ အိမ်တော်စောင့်တပ်အတွင်းသို့ အနိုင်နိုင်ဝင်ရောက်ခွင့်ရခဲ့ကြသော တပ်သားသစ် ခြောက်ရာလုံးမှာ အလွန်စကားနားထောင်ကြပြီး အောက်ဘက်တွင်ရပ်ကာ လီကျစ်၏စကားများကို အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အာရုံစိုက်နားထောင်နေကြသည်။
လီကျစ်က အသံကျယ်ကျယ်ဖြင့် ဆက်ပြောသည်။
"ငါတို့က တပ်ဖွဲ့သစ်တစ်ခုပဲ... အခြား မင်မင်းဆက်တပ်ဖွဲ့တွေနဲ့မတူတဲ့ တပ်ဖွဲ့သစ်တစ်ခုပဲ။ ငါတို့က ကိုယ့်တိုင်းပြည် ကိုယ့်အိမ်ကိုကာကွယ်ဖို့ တပ်ဖွဲ့ ဖွဲ့စည်းတာဖြစ်တယ်။ ကိုယ့်မွေးရပ်မြေကို ကာကွယ်ဖို့ တိုက်ပွဲဝင်ကြတာဖြစ်တယ်... အခုချိန်မှာ ဖန့်ကျားရွာဟာ ရှေ့ပြေးတပ်ဖွဲ့ရဲ့ အိမ်ရာဖြစ်ပြီး လီမိသားစုရဲ့ စက်ရုံတွေ၊ အလုပ်ရုံတွေဟာ ငါတို့အိမ်ရဲ့ အသီးအပွင့်တွေပဲ။ အကယ်၍ တစ်စုံတစ်ယောက်ကဒါတွေကို မတရားလိုချင်တပ်မက်လာရင် မင်းတို့အနေနဲ့ ရန်သူကို တွန်းလှန်ချေမှုန်းပစ်ရမယ်"
"ငါတို့ရဲ့ အိမ်သာမရှိရင်... လီမိသားစုရဲ့ စက်ရုံတွေ၊ အလုပ်ရုံတွေသာမရှိရင် ငါတို့ရဲ့ တပ်ဖွဲ့သစ်ကြီးဟာ အမြစ်မပါတဲ့ သစ်ပင်တစ်ပင်လို ဖြစ်သွားလိမ့်မယ်။ ငါလည်း မင်းတို့ကို လစဉ်လစာ ပေးနိုင်တော့မှာ မဟုတ်ဘူး"
"နောင်တစ်ချိန်မှာ ဓားပြတွေရမ်းကားပြီး ငါတို့အိမ်ကိုဖျက်ဆီးလာရင် ငါတို့ ဓားပြတွေကို တိုက်မယ်။ အကယ်၍ တာတာရိုင်းတွေက တံတိုင်းတွေကိုကျော်ဖြတ်ပြီး တရုတ်ပြည်ကြီးကို သိမ်းပိုက်ဖို့ ငါတို့အိမ်ကို ဝင်ရောက်ကျူးကျော်လာရင်လည်း ငါတို့ တာတာတွေကို တိုက်မယ်"
"နောင်မှာ ကျဆင်းရမယ့် ငါတို့ရဲ့ သွေးတစ်စက်ချင်းစီတိုင်းဟာ ငါတို့ရဲ့ အိမ်အတွက်ပဲ ဖြစ်ရမယ်"
လီကျစ်က လက်သီးကိုဝှေ့ယမ်းကာ ဟစ်ကြွေးလိုက်သည်။
"မင်းတို့ နားလည်ကြရဲ့လား"
အောက်ဘက်မှ စစ်သည်ခြောက်ရာကလည်း အသံကျယ်ကျယ်ဖြင့် ပြန်လည်ဖြေကြားလိုက်ကြသည်။
"နားလည်ပါတယ်"
"ကျွန်တော်တို့ နားလည်ပါတယ်"
လီကျစ်က လက်ပြကာအသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။
"ရှေ့ပြေးတပ်ဖွဲ့ရဲ့ ပထမဆုံးတာဝန်က ဖန့်ကျားရွာကို ကာကွယ်ဖို့အတွက် မြို့ရိုးသစ်တွေ တည်ဆောက်ရမှာပဲ။ တပ်စုမှူးအသီးသီး... ကိုယ့်တပ်ဖွဲ့တွေကို သတ်မှတ်ထားတဲ့နေရာဆီ ခေါ်သွားပြီး မြို့ရိုးတည်ဆောက်ရေးကို စတင်ကြတော့..."
***