ဂူကျန့်ဟောက်က နောင်တရသည့်ဆေးရှိမည် ဆို လျှင် တစ်လုံးကို နှစ်ဘီလီယံနဲ့တောင် တွန့်ဆုတ်မ နေဘဲ ဝယ်မိပေလိမ့်မည်။ယခုမူ သူ့အား ဘထ္ထရီစွ မ်းအင်သုံး ကားနယ်ပယ်ထဲ့သို့ ဝင်ခွင့်မပြုတော့သ ည်က သူ့အား ဆုံးရှုံးမှုကြီးကြီးမားမားဖြစ်စေခဲ့၏။
"ဟူး နောင်တရတယ်.."
"ငါ အရမ်းနောင်တရတယ်ကွာ.."
ဂူကျန့်ဟောက်၏ ရင်ထဲတွင်မူ နောင်တနှင့် ခါးသီးမှု များ အပြည့်ရှိနေပေသည်။သူသည် အချိန်အကြာ ကြီး ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေခဲ့၏။
ဂူမိသားစု၏ ရှေ့ရေးသည် အိမ်ခြံမြေစျေးကွက် တ စ်ခုတည်းအပေါ် မှီခိုနေရပြီး သူ၏ လုပ်ငန်းစုကို အ ဆင့် တစ်ခုသို့ မြှင့်တင်လိုပါက အခြားနယ်ပယ်အ သစ်များသို့ ခြေဆန့်ရန်မှတစ်ပါး အခြားရွေးချယ်စ ရာမရှိပေ။
ဘထ္ထရီစွမ်းအင်သစ်သုံး ကားလုပ်ငန်းသည် အလား အလာအကောင်းဆုံး အခွင့်အလမ်းဖြစ်သည်မှာ ငြ င်းစရာမရှိသော်လည်း ယခုမူ သူသည် ထိုလုပ်ငန်း အတွင်းသို့ ဝင်ရောက်ရန် မျှော်လင့်ချက်များမှာ ပြာ ပုံဖြစ်သွားခဲ့ရသည်။
မစ္စတာလျူ၏ ပြတ်သားလှသော စကားများက ဂူ ကျန့်ဟောက်၏ ရည်မှန်းချက်ကို အမြစ်ကနေ လှန် ပစ်လိုက်သကဲ့သို့ ဖြစ်နေ၏။
"ဝိုး တစ်ဘီလီယံ ဆေးလုံးလား.."
သို့သော် ဂူချီမှာမူ ထိုသို့မဟုတ်ပေ။သူသည် လက် ချောင်းအရွယ်အစား ဆေးလုံးလေးကို ကြည့်ကာ ဝမ်းသာအားရ ဖြစ်နေသည်။
”မျှော်လင့်ချက် ရှိပြီ.ငါ့ အဖေ အသက်ရှင်နိုင်တော့မ ယ်ကွ..ဟားဟား.."
သူက စိတ်လှုပ်ရှားစွာဖြင့် တိုက်တွန်းလိုက်သည်။
"ဒုတိယအစ်ကို..ဆေးရုံကို မြန်မြန်သွားကြရအောင် အကယ်၍သာ အဖေ့ကို ကယ်တင်နိုင်ခဲ့ရင် ဒီဆေး လုံးအတွက် ပေးလိုက်ရတဲ့ တစ်ဘီလီယံဆိုတာ တ န်လွန်းပါတယ်ဗျာ.."
ဂူကျန့်ဟောက်က သက်ပြင်းရှည်ကြီး လိုက်မိသည် ။ဘထ္ထရီ စွမ်းအင်သုံးကား စျေးကွက်ထဲ ဝင်ရောက် ခွင့်မရတော့သည်မှာ နှမြောစရာကောင်းသော်လည်း ယခုအချိန်တွင် လုပ်ငန်းကိစ္စကို ခေတ္တဘေးဖယ်ကာ ဆေးရုံသို့ အမြန်ဆုံးသွားရန်သာ ဆုံးဖြတ်လိုက်၏။
ညီအစ်ကိုနှစ်ယောက်သည် ဟိုတယ်မှ တန်းစီထွက် ခွာလာခဲ့ပြီး ဆေးရုံသို့ အပြေးအလွှား ရောက်လာခဲ့ ကြသည်။VIP လူနာဆောင်အတွင်းသို့ ဝင်လိုက်သ ည်နှင့် အခန်းထဲတွင် လူအုပ်စုလိုက် ရှိနေသည်ကို သူတို့ တွေ့လိုက်ရ၏။
ဂူမိသားစုဝင်များသာမက ပါမောက္ခဝေ့ ဦးဆောင် သည့် ထိပ်တန်းဆေးဘက်ဆိုင်ရာအဖွဲ့ကလည်း လူ နာ၏အခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေ ကြသည်။
ဂူညီအစ်ကိုများ ဝင်လာသည်ကို မြင်သောအခါ ပါ မောက္ခဝေ့က လေးပင်စွာ သက်ပြင်းချလိုက်ရင်း ပြောလိုက်၏။
"ခင်ဗျားတို့ ရောက်လာကြပြီလား...ခဗျားတို့ အဖေ ရဲ့ အခြေအနေက ကျွန်တော် ခန့်မှန်းထားတာထက် အများကြီး ပိုဆိုးနေပြီဗျ.."
ဂူကျန့်ဟောက်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး အ လောတကြီး မေးလိုက်သည်။
"ဘာဖြစ်လို့လဲ...ရောဂါ အခြေအနေက ဖောက်ပြန် လာတာလား ပါမောက္ခ.."
ပါမောက္ခက လေသံတိုးတိုးဖြင့် ဖြေကြားသည်။
"ဟုတ်တယ်..လူနာရဲ့ ခန္ဓာကိုယ် တုံ့ပြန်မှုတွေက ပို ပြီး ယိုယွင်းလာနေပြီ"
ထိုစကားကြောင့် ဂူရွှမ်းရိူ့မှာ မျက်ရည်ဝဲလာပြီး ရှို က်ကြီးတငင်ငိုကာ မေးလိုက်သည်။
"အစ်ကိုကြီး... ဒုတိယအစ်ကို... ဆေးလုံးကို ယူလာ နိုင်ခဲ့ကြပြီလားဟင်.အဟင့်ဟင့်"
ဂူချီက ရှေ့သို့ တိုးလာကာ ပြန်ဖြေလိုက်၏။
"အင်း ငါတို့ ယူလာနိုင်ပြီ..ကဲ အဖေ့ကို မြန်မြန် ဆေး တိုက်လိုက်ရအောင်"
သုံးယောက်သား သူတို့အဖေ ဖြစ်သူ ဂူယန်ရုန်ကို ဂ ရုတစိုက် ထူ၍ ထိုင်ခိုင်းလိုက်ကြသည်။ထို့နောက် လျူယောင် ပေးလိုက်သော ဆေးလုံးကို တိုက်ပြီး နောက် လူနာကို အသာအယာ ပြန်လှဲသိပ်လိုက်ကြ ၏။
VIP ခန်းတစ်ခန်းလုံး တိတ်ဆိတ်ငြိမ်သက်သွားသ ည်။လူအားလုံး၏ ရင်ထဲတွင် တူညီသော ဆုတောင်း သံများသာ ပဲ့တင်ထပ်နေသည်။
'ဘုရားသခင် စောင့်ရှောက်ပါစေ... ဒီဆေးလုံးက တ ကယ်ပဲ ထိရောက်မူ ရှိပါစေဗျာ.."
အစပိုင်းတွင် မည်သည့်ထူးခြားမှုမျှ ရှိမလာသဖြင့် စိုးရိမ်စိတ်များ မြင့်တက်နေခဲ့သော်လည်း တစ်နာရီ ... နှစ်နာရီခန့် ကြာမြင့်လာသောအခါတွင်မူ ဂူယန်ရု န်သည် အိပ်ချင်လာသည့်ပုံစံ ပြလာပြီး တဖြည်းဖြ ည်းနှင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွား၏။
"ဝိုး ကျွန်တော်တို့ အဖေ အိပ်ပျော်သွားပြီဗျ."
ထိုအခါမှသာ အခန်းထဲရှိ လူအားလုံး သက်ပြင်းချနို င်ကြသလို တစ်ယောက်ချင်းစီ၏ ရင်ထဲတွင်လည်း ဆုတောင်းသံများဖြင့်သာ ပြည့်နှက်နေ၏။
"ဘုရားသခင်စောင့်ရှောက်ပါစေ..ကျွန်တော့် အဖေ အမြန် ပြန်ကောင်းလာပါစေဗျာ..”
ဂူချီက သတိဝင်လာဟန်ဖြင့် သူ့အစ်ကိုအား လှည့် ပြောလိုက်သည်။
"ဒုတိယအစ်ကို... မစ္စတာလျူရဲ့အကောင့်ထဲကို အ ခုပဲ ငွေလွှဲလိုက်တော့.. ဒီလိုကိစ္စမျိုးက တစ်စက္ကန့် တောင် နှောင့်နှေးလို့မဖြစ်ဘူး.."
ဂူကျန့်ဟောက်က ခေါင်းညိတ်ကာ လူနာဆောင်အ ပြင်ဘက်သို့ ခပ်သွက်သွက် ထွက်လာခဲ့သည်။သူသ ည် ဖုန်းကိုကောက်ကိုင်ကာ ဘဏ္ဍာရေးဌာနသို့ တိုက် ရိုက်ဆက်သွယ်ပြီး ယွမ်တစ်ဘီလီယံတိတိကို လျူ ယောင်၏ ဘဏ်အကောင့်ထဲသို့ ချက်ချင်းလွှဲပေးရ န် အမိန့်ပေးလိုက်၏။
ဒုတိယမြောက်နေ့တွင် ဂူယန်ရုန်၏ အခြေအနေမှာ သိသိသာသာ တိုးတက်ကောင်းမွန်လာခဲ့သည်။တ တိယမြောက်နေ့သို့ ရောက်သောအခါတွင်မူ အခြေ အနေမှာ အံ့မခန်းပင်။
သူတို့ အဖေ၏ မျက်နှာတွင် သွေးရောင်လွှမ်း လာရုံ သာမက.အစားအသောက်လည်း ပြန်စားနိုင်ပြီး အိ ပ်ရာပေါ်မှထကာ လမ်းပင် လျှောက်နိုင်နေသည်။
လူနာ၏အခြေအနေကို အနီးကပ်ဆုံး စောင့်ကြည့် နေရသည့် ပါမောက္ခဝေ့မှာမူ အံ့အားသင့်လွန်း၍ မျ က်လုံးအပြူးသား ဖြစ်နေရ၏။သူသည် တစ်နေ့လျှ င် အကြိမ်ပေါင်းများစွာ စစ်ဆေးမှုများ ပြုလုပ်ရင်း ရေရွတ်နေမိသည်။
"ဘုရားရေ... ဒါက ဘယ်လိုဆေးမျိုးလဲ ဒီလောက် မြန်မြန်ဆန်ဆန် ကုသနိုင်တာမျိုးကို ငါ့ မျက်စိနဲ့သာ ကိုယ်တိုင်မတွေ့ရရင် ဘယ်လိုမှ ယုံမှာမဟုတ်ဘူး.. တကယ်ကို အံ့သြစရာကောင်းစရာ ကောင်းလိုက်တ ာကွာ.."
ဂူကျန့်ဟောက်ကလည်း စိတ်လှုပ်ရှားစွာ မေးမြန်းလို က်၏။
"ပါမောက္ခဝေ့... ကျွန်တော့်အဖေ တကယ်ပဲ သက် သာသွားပြီလားခင်ဗျာ"
ပါမောက္ခဝေက ပြုံးကာ ပြန်ဖြေလိုက်သည်။
"သိသိသာသာကြီးကို ကောင်းမွန်သွားပါပြီဗျာ.. ဒီ အတိုင်းသာ ဆက်သွားရင် နောက်ထပ် လေး၊ငါးရ က်အတွင်းမှာပဲ ခဗျားတို့အဖေ ဆေးရုံက ဆင်းနိုင် ပါလိမ့်မယ်"
"ဟားဟား.. တကယ်လား... ဝမ်းသာလိုက်တာဗျာ .. "
ဂူညီအစ်ကိုသုံးယောက်မှာ အရမ်း ပျော်ရွှင်နေမိသ ည်။အထူးသဖြင့် ဂူရွှမ်းရိူ့မှာမူ မျက်ရည်များ ထပ် ကျလာ၏။သို့သော်လည်း ယခုကျသော မျက်ရည် များမှာ ယခင်ကကဲ့သို့ ပူဆွေးသောကကြောင့် မဟု တ်ဘဲ ဝမ်းသာပီတိဖြစ်ရခြင်းကြောင့်သာ ဖြစ်ပေသ ည်။
'
ဂူချီက သက်ပြင်းတစ်ချက်ချရင်း စိတ်ရင်းဖြင့် ပြေ ာလိုက်သည်။
"ဒုတိယအစ်ကို... ဒီဆေးလုံးအတွက် ကျွန်တော်တို့ ငွေများစွာ..အကုန်အကျခံခဲ့ရတာ မှန်ပေမဲ့.မစ္စတာ လျူကိုတော့ တကယ်ပဲ ကျေးဇူးတင်ရမယ်.. သူသာဆေးလုံးကို မရောင်းပေးရင် ကျွန်တော်တို့ အ ဖေ ဒီလိုပြန်ကျန်းမာလာဖို့ မလွယ်ဘူး.."
လွန်ခဲ့သည့် နှစ်ရက်အတွင်း ဂူကျန့်ဟောက်သည်လ ည်း ထိုကိစ္စကို အကြိမ်ကြိမ် စဉ်းစားခဲ့၏။သူသည် စိတ်ထဲမှ လျူယောင်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး တင်ရင်း သဘောတူကာ ပြန်ဖြေလိုက်သည်။
"အစ်ကိုပြောတာ မှန်တယ်... အဖေ ဆေးရုံကဆင်း တာနဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေ ဟွာဟိုင်းမြို့ကို ကိုယ်တိုင်သွားပြီး မစ္စတာလျူကို လူကိုယ်တိုင် ကျေးဇူးတင်စကား သွားပြောကြရအောင်.."
ဂူချီကလည်း ခေါင်းညိတ်ပြကာ ထောက်ခံလိုက်၏။
"ကောင်းပြီ... အတူတူသွားကြတာပေါ့"
..........
ဂိုဝူကမ္ဘာတွင်မူ...
ဝူရွှမ်းသည် ဧည့်ခန်း၌ အေးအေးဆေးဆေး ထိုင်ရင် း လက်ဖက်ရည် သောက်နေသည်။ထိုစဉ်မှာပင် လ က်အောက်ငယ်သားတစ်ဦးက အခန်းထဲသို့ ဝင်လာ ကာ အရိုအသေပေးရင်း သတင်းပို့လိုက်၏။
"အကြီးအကဲ... အိမ်တော်ကို ရွေးချယ်ပြီးပါပြီ.. မြို့ ရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ အဋ္ဌမမင်းသားရဲ့ အိမ် တော်ပါ..မင်းသားက အခု ရောင်းချဖို့ စိတ်ဝင်စား နေတာမို့ ကျွန်တော်တို့ ဝယ်ယူလို့ရနိုင်ပါတယ်ခင်ဗျ ာ.."
ဝူရွှမ်းသည်လည်း ထိုအိမ်တော်အကြောင်းကို ကော င်းကောင်းသိထားခဲ့သည်။
၎င်းသည် ဟိုင်ကျိုးမြို့တစ်မြို့လုံးတွင် အကြီးဆုံး၊ အခမ်းနားဆုံးနှင့် အဆင့်အတန်းအမြင့်မားဆုံး အိ မ်တော်ကြီးလည်း ဖြစ်သည်။
ထိုအိမ်တော်ကို လွန်ခဲ့သော နှစ်အနည်း ငယ်ကပင် ဆောက်လုပ်ခဲ့သော်လည်း အဋ္ဌမမင်းသားက မြို့ တော်တွင်သာ အခြေချနေထိုင်ပြီး ဟိုင်ကျိုးသို့ ပြန် လာခြင်းမရှိသဖြင့် အိမ်တော်ကြီးမှာ အမြဲတမ်း လစ် လပ်နေ၏။
သို့သော်လည်း အစေခံများက အမြဲမပြတ် သန့်ရှင်း ရေးလုပ်ကာ စောင့်ရှောက်ထားသဖြင့် အိမ်တော်မှာ ယနေ့တိုင် သစ်လွင်တောက်ပနေဆဲပင်။
ဝူရွှမ်းက ကျေနပ်အားရစွာဖြင့် အမိန့်ပေးလိုက်သ ည်။
"ကောင်းတယ်... ဒါက တကယ်ကို ရှားပါးတဲ့ အခွင့် အရေးပဲ.ငွေဘယ်လောက်ပဲ ကုန်ပါစေ.. ဒီအိမ်တော် ကို ငါ မရရအောင် ဝယ်ရမယ်.."
လက်အောက်ငယ်သားဖြစ်သူက ဝူရွှမ်းကို စိုးရိမ် တ ကြီးဖြင့် သတိပေးစကားဆိုလာသည်။
"အကြီးအကဲ... ဒီအိမ်တော်ကို မျက်စိကျနေတဲ့ လူ တွေ အများကြီးရှိနေပါတယ်ခင်ဗျာ.အဓိကကတော့ ရှဲ့မိသားစုနဲ့ မြို့စားမင်းကျားတို့က အပိုင်ဝယ်ယူဖို့ ပြင်ဆင်နေကြတာပါ.."
ဟိုင်ကျိုးမြို့တစ်ခုလုံးတွင် အကောင်းဆုံးနှင့် အခ မ်းနားဆုံးအိမ်တော် ဖြစ်သည့်အပြင် အဋ္ဌမမင်းသား ကိုယ်တိုင်က ရောင်းချမည်ဟု သတင်းထွက်လာခြင် း ကြောင့် ဝယ်လိုအား မြင့်တက်နေသည်မှာ မဆန် းပေ။
ဝူရွှမ်းက လက်ကို ဝှေ့ယမ်းပြလိုက်ရင်း ပြတ်ပြတ် သားသားသား အမိန့်ပေးလိုက်သည်။
"လာ..သွားကြမယ်...ငါတို့ အခုချက်ချင်းသွားမှဖြစ် မယ်..တခြားလူတွေ လက်ဦးမသွားခင် ငါတို့အရင် ရောက်ဖို့လိုတယ်.."
မကြာမီမှာပင် ဝူရွှမ်းနှင့် သူ၏လူယုံများသည် အား ကောင်းသန်မာသော မျိုးကောင်းမြင်းများကို စီး၍ မိနစ် ၂၀ ခန့်အကြာတွင်မူ အိမ်တော်ကြီးရှေ့သို့ ရေ ာက်လာခဲ့သည်။
ထိုအိမ်တော်ကြီး၏ ဂိတ်တံခါးမကြီးကို ပုံမှန်အား ဖြင့် ပိတ်ထားလေ့ရှိပြီး ဘေးဘက်ရှိ တံခါးငယ်လေ းကိုသာ အသုံးပြုကြသော်လည်း ယနေ့တွင်မူ ထူး ခြားနေ၏။အိမ်တော်၏ ဂိတ်တံခါးမကြီးကိုလည်း ဟောင်းလောင်းဖွင့်ထားကာ အဝင်ဝတွင် လူနှစ်ဦး က အသင့်စောင့်ကြိုနေသည်။
ဝူရွှမ်းက သူ၏ အထောက်အထားကို အသိပေးပြေ ာကြားပြီးနောက် အိမ်တော်အတွင်းသို့ ဝင်ရောက် လာခဲ့၏။ဤသည်မှာ အိမ်တော်ထဲသို့ သူ ပထမဆုံး အကြိမ် ဝင်ရောက်ခွင့်ရခြင်းဖြစ်ပြီး မြင်တွေ့ရသမျှ တိုင်းကို ကြည့်ကာ တစ်ခေါင်းညိတ်ညိတ်နှင့် ကျေန ပ်နေမိသည်။
"အဋ္ဌမမင်းသားရဲ့ အိမ်တော်ကတော့ တကယ်ကို လ က်ဖျားခါလောက်ပါပေတယ်ကွာ.."
အိမ်တော်၏ ဗိသုကာလက်ရာနှင့် ခမ်းနားမှု အဆင့် အတန်းမှာ သူတို့ ဝူမိသားစု၏ စံအိမ်ထက်ပင် အန ည်းဆုံး တစ်ဆင့်မက သာလွန်နေသည်ကို တွေ့ရှိလို က်ရသဖြင့် ဝူရွှမ်းတစ်ယောက် ဝယ်ယူရန်မှာ ပိုမိုစိ တ်အားထက်သန်နေ၏။
"ဟုတ်တယ်... ဒါမျိုးမှ တကယ့်အိမ်တော်ကောင်းပဲ ကွ.."
ဝူရွှမ်းတစ်ယောက် စိတ်ထဲမှ ကျေနပ်စွာ ရေရွတ်မိ သည်။ထိုမျှ ခမ်းနားသည့် အိမ်တော်မျိုးကို မည်မျှ ပင် ငွေကုန်ကြေးကျများပါစေ ဝယ်ယူရမည်ဟု သူ ဆုံးဖြတ်လိုက်သည်။ထိုအိမ်ကို မြင်လျှင် သခင်လေ း လျူ သဘောကျမည်မှာ မြေကြီးလက်ခတ်မလွဲ ပေ။
လျူယောင်က သူ့ကို ဟိုင်ကျိုးမြို့တွင် အိမ်ရှာရန် တာဝန်ပေးခဲ့သည်ကို ဝူရွှမ်းက စိတ်ထဲ၌ အမြဲမှတ် ထားခဲ့သည်။
ပြီးခဲ့သည့်ရက်များအတွင်း အိမ်အတော်များများကို သူ လိုက်လံကြည့်ရှုခဲ့သော်လည်း အားလုံးက သခင် လေးလျူနှင့် မထိုက်တန်အောင် နိမ့်ကျလွန်းသည် ဟု သူ ခံစားခဲ့ရသည်။သို့သော်လည်း ယနေ့မူ ထိုသို့ မဟုတ်တော့ဘဲ ရောက်ရောက်ချင်းမှာပင် ဤအိမ် တော်ကို မရရအောင် ဝယ်ယူရန် သူ အခိုင်အမာ ဆုံး ဖြတ်လိုက်၏။
ဝူရွှမ်းတစ်ယောက် ဧည့်ခံခန်းအတွင်းသို့ ဝင်လိုက် သည်နှင့် လူအတော်များများ ရှိနေသည်ကို မြင်လို က်ရကာ သူ အံ့အားသင့်သွားသည်။အချိန်ကိုက် တိုက်ဆိုင်လှချေလားဟုလည်း သူ တွေးမိလိုက်၏။
ရောက်နေသူများမှာ ဤအိမ်တော်ကို မျက်စိ ကျနေ သည့် အသိုင်းအဝိုင်းမှ လူကုံထံများပင် ဖြစ်ကြသ ည်။
ထိုနေရာတွင် ရှဲ့မိသားစု၏ အကြီးအကဲ ရှဲ့ယွမ်၊ဟိုင် ကျိုးမြို့စားကျားချိန်ဝမ် နှင့် မြို့ပေါ်မှ အခြားထင်ရှ ားသော လူအချို့ကိုလည်း သူ တွေ့လိုက်ရ၏။ ထိုသူတို့သည် ရှဲ့ယွမ်နှင့် ကျားချိန်ဝမ်တို့လောက် အင်အားမကြီးမားသော်လည်း ဤအိမ်တော်ကို ဝယ် ယူနိုင်စွမ်းရှိသည့် ငွေကြေးဓန ကြွယ်ဝသူများလည်း ဖြစ်ကြသည်။
ထိုလူများကြားတွင် အထင်ရှားဆုံးမှာ အဋ္ဌမမင်းသ ား၏ ကာကွယ်စောင့်ရှောက်သူ ဂျီလဲ့ရှန်းပင်ဖြစ်သ ည်။သူသည် မင်းသား၏ ကိုယ်စားလှယ်အဖြစ် မြို့ တော်မှ ရောက်ရှိလာခြင်းဖြစ်၏။
ဂျီလဲ့ရှန်းသည် ယခင်က အိမ်တော်ဆောက်လုပ်စဉ် ကာလများကလည်း ဟိုင်ကျိုးသို့ မကြာခဏ ရော က်လာလေ့ရှိသဖြင့် ဝူရွှမ်းနှင့်လည်း ရင်းနှီး ကျွမ်းဝ င်မှုရှိသည်။
ဝူရွှမ်း ဝင်လာသည်ကို မြင်လိုက်ရသောအခါ ဂျီလဲ့ ရှန်း၏ မျက်လုံးများမှာ အရောင်တောက်သွားသော် လည်း ကျန်ဝယ်ယူမည့်သူများ၏ ရင်ထဲတွင်မူ စိုးရိ မ်စိတ်များ အသီးသီး ဝင်လာကြ၏။
"ဟူး ငါတို့တော့ နောက်ထပ် ပြိုင်ဘက်ကြီးတစ်ယေ ာက် ထပ်တိုးလာပြန်ပြီကွာ.."
***