အခြားသူများမှာ စိတ်ပျက်အားလျော့နေကြသော် လည်း ဂျီလဲ့ရှန်းမှာ ထိုသို့မဟုတ်ပေ။သူ့အတွက်မူ လူစည်ကားလေလေ ဤအိမ်ကြီးကို ဈေးကောင်း ကောင်းဖြင့် ရောင်းချနိုင်လေလေဖြစ်သည်လေ။
အိမ်တော်ကို သေချာပတ်ကြည့်ပြီးနောက် ဝူရွှမ်းက စိတ်ကျေနပ်စွာ ရေရွတ်လိုက်၏။
"အိုး ဒီအိမ်တော်က တကယ်မိုက်တာပဲ..."
အိမ်တော်မှာ ဧကတစ်ဝက်ကျော် ကျယ်ဝန်းသည့် အပြင် အရွယ် အစားစုံလင်လှသော အိမ်ဆောင်မျာ းနှင့် သာယာလှပသည့် ဥယျာဉ်ကြီးများလည်း ပါ ဝင်သည်။အထူးသဖြင့် နောက်ဖေးဥယျာဉ်ထဲရှိ ရေ ကန်ငယ်များ၊ကျောက်ဆောင်အတုများနှင့် ကြာကန် များမှာ ကြည့်မဝနိုင်စရာပင်။
ဂျီလဲ့ရှန်းက ဝမ်းသာအားရ ပြောလိုက်၏။
"အကြီးအကဲဝူ... ခင်ဗျားက သတင်းရတာ တော် တော် မြန်တာပဲဗျာ.. ကျွန်တော်လည်း ခင်ဗျားဆီ လူလွှတ်ပြီး အကြောင်းကြားမလို့ ပြင်နေတုန်းရှိ သေးတယ်ဗျာ.."
ဝူရွှမ်းကလည်း လက်သီးဆုပ်၍ ရိုသေစွာ နှုတ်ဆ က်ရင်း ပြန်ပြောလိုက်သည်။
"အိုး ကာကွယ်စောင့်ရှောက်သူဂျီကလည်း... အား နာစရာ မလိုပါဘူးဗျာ"
ထို့နောက် သူသည် ရောက်နေသူများကို အစဉ်လိုက် နှုတ်ဆက်ကာ နေရာယူလိုက်၏။
ဂျီလဲ့ရှန်းက ဆက်လက်၍ ကြေညာလိုက်သည်။
"ကဲ... ဟိုင်ကျိုးမြို့ရဲ့ ဂုဏ်သရေရှိ လူကြီးမင်းတွေ စုံနေတုန်းမှာပဲ ပွင့်ပွင့်လင်းလင်း ပြောကြရအောင် .. ကျွန်တော်တို့ရဲ့ မင်းသားက ဒီအိမ်တော်ကို ငွေ သား နဲ့ပဲ ရောင်းချမှာပါ.. ဝယ်ယူဖို့ စိတ်ဝင်စားတယ်ဆိုရ င် ခဗျားတို့ပေးလိုတဲ့ ဈေးနှုန်းကို လွတ်လွတ်လပ် လပ် ပြောနိုင်ပါတယ်.."
လူအများရှေ့တွင် "မိမိတို့စိတ်ကြိုက် ဈေးပေးနိုင်သ ည်" ဟု ဆိုသော်လည်း လက်တွေ့တွင်မူ ဤသည်မှာ အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် လေလံပွဲတစ်ခုသာ ဖြစ်နေ၏။ဈေးအမြင့်ဆုံး ပေးနိုင်သူကသာ ဤအိမ် ကြီးကို ပိုင်ဆိုင်ခွင့်ရရှိမည်လေ။
ရောက်လာသူတိုင်းကလည်း တစ်ဦးကိုတစ်ဦး အ လျှော့မပေးလိုသည့် အကြည့်များဖြင့် အသင့်ပြင်ထ ားကြသည်။
အထူးသဖြင့် မိမိကိုယ်ကို ဟိုင်ကျိုးမြို့၏ သြဇာတိ က္ကမကြီးမားသော လူကြီးလူကောင်းတစ်ဦးဟု မှတ် ယူထားသည့် မြို့စားမင်း ကျားချိန်ဝမ်က ရှေ့ထွက် လာကာ အော်ပြောလိုက်၏။
"အားလုံးပဲ ခင်ဗျာ... ကျွန်တော့်ရဲ့ ပဉ္စမမြောက်ဇနီး က နောက်ထပ် သားသမီးတစ်ယောက် ထပ်မံထွန်း ကားပြန်ပြီ..အခုနေတဲ့အိမ်ကလည်း တဖြည်းဖြည်း ကျဉ်းသထက် ကျဉ်းလာတာနဲ့ ကျွန်တော်က အိမ် ကြီးအိမ်ကောင်းတစ်လုံးဆီ ပြောင်းနေဖို့ စဉ်းစားထ ားတာဗျ"
သူ့စကားမှာ ယဉ်ကျေးပျူငှာလှသော်လည်း အနက် အဓိပ္ပာယ်မှာမူ "ဒီအိမ်ကို ငါ့မျက်နှာထောက်ပြီး ဘ ယ်သူမှ လုမဝယ်ကြနဲ့" ဟု သတိပေးလိုက်ခြင်းပင် ဖြစ်သည်။
မြို့စားမင်း ကျားချိန်ဝမ်သည် နန်းတော်နှင့် ပတ်သ က်မှုရှိသည့် ကျင့်ကြံသူတစ်ဦးဖြစ်ရုံသာမက အင်ပါ ယာမှ တရားဝင်အာဏာပိုင်များနှင့်လည်း နီးစပ်သူ လည်း ဖြစ်၏။သာမာန်လူများအဖို့ သူ့ မျက်နှာကို ထောက်ထားသင့်သော်လည်း ထိုမျှ ခမ်းနားထည်ဝါ သော အိမ်တော်ကြီးဆိုလျှင်မူ မည်သူကမျှ အလွယ် တကူ လက်လျှော့ကြမည်မဟုတ်ပေ။
ထိုစဉ် ရှဲ့မိသားစု၏ အကြီးအကဲရှဲ့ယွမ်က မတ်တပ် ထရပ်ကာ လက်သီးဆုပ်၍ ရဲရဲဝံ့ဝံ့ပင် ပြောလိုက်သ ည်။
"မြို့စားမင်း.. ဒီနေ့တော့ ကျွန်တော်မျိုး စော်ကားမိ တာကို ခွင့်လွှတ်ပေးပါခင်ဗျာ..ကျွန်တော်တို့ ရှဲ့မိသ ားစုရဲ့ လက်ရှိအိမ်က ဘိုးဘွားပိုင်အိမ်ဖြစ်ပြီး နှစ် ပေါင်း တစ်ရာကျော်နေပါပြီ..ခဏခဏ ပြုပြင်နေရ တာထက်စာရင် အိမ်အသစ်တစ်လုံး ပြောင်းဖို့က ကျွန်တော်တို့အတွက်လည်း မဖြစ်မနေ လိုအပ်နေလို့ ပါဗျာ.."
ဂျီလဲ့ရှန်းမှာမူ အလွန်ပင် ကျေနပ်အားရနေ၏။ ဤသို့သော အခြေအနေမျိုးသည် သူအလိုချင်ဆုံးပ င် မဟုတ်ပေလော။ပြိုင်ဆိုင်မှု ပြင်းထန်လေလေ သူ ပျော်ရွှင်လေလေဖြစ်ပြီး အိမ်တော်ကိုလည်း ဈေး ကောင်းကောင်းဖြင့် ရောင်းချနိုင်လေလေ ဖြစ်သည် ။
အခြားတစ်ဖက်တွင်မူ ဝူရွှမ်းသည် လက်ဖက်ရည် ကို အေးအေးလူလူပင် သောက်နေပြီး မည်သည့် အ ရာကိုမျှ အလောတကြီးရှိပုံမရပေ။
ဝူရွှမ်းက နှုတ်ဆိတ်နေသဖြင့် ဟိုင်ကျိုးမြို့မှ ဂုဏ် သရေရှိ လူကြီးလူကောင်းတစ်ဦးက ချက်ချင်း ထရ ပ်လိုက်၏။သူ၏ အရှိန်အဝါမှာ ဝူ၊ဝမ် နှင့် ရှဲ့ မိသား စုတို့ထက် အနည်းငယ်နိမ့်ကျသော်လည်း ဤအိမ် တော်ကို ဝယ်ယူနိုင်သည့် ငွေကြေးအင့်အားတော့ ရှိ ပေသည်။
"အားလုံးပဲ ခင်ဗျာ... သာမာန်ကိစ္စဆိုရင်တော့ ကျွန် တော် လက်လျှော့ပေးနိုင်ပါတယ်.. ဒါပေမဲ့ အခုဟာ က မူးနှစ်ရာကျော် ကျယ်တဲ့ အိမ်တော်ကြီး ဖြစ်နေ တာကြောင့် ခင်ဗျားတို့ကို စော်ကားမိရင်လည်း ခွင့် လွှတ်ပါ..ကျွန်တော်က ဒီလေလံပွဲမှာ သေချာပေါက် ပါ ဝင်ယှဉ်ပြိုင်မှာပါ.."
"ကျွန်တော်လည်း အဲဒီအတိုင်းပါပဲ..ဘယ်သူက ဈေး ပိုပေးနိုင်လဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပေါ့.. တာဝ န်ခံဂျီ... ဒါက မှန်တယ်မဟုတ်လား"
ဂျီလဲ့ရှန်းကလည်း အခွင့်အရေးကို လက်လွတ်မခံ ဘဲ ချက်ချင်းပင် ကြေညာလိုက်၏။
"မှန်ပါတယ်ခင်ဗျာ..ဈေးအမြင့်ဆုံးပေးတဲ့သူက ဒီအိ မ်တော်ကို ပိုင်ဆိုင်ခွင့်ရမှာပါ..ဒီနေ့ရဲ့ တရားမျှတတဲ့ ပြိုင်ဆိုင်မှုဟာ ဘယ်သူ့ရဲ့ ဂုဏ်သရေ၊အာဏာနဲ့မှ မ သက်ဆိုင်ပါဘူး.. ငွေကြေးအင်အားအပေါ်မှာပဲ မူတ ည်ပါတယ်.."
ထိုစကားကို ကြားလိုက်ရသဖြင့် လူများစွာမှာ စိတ် သက်သာရာရသွားကြသည်။
လူတိုင်းက လေလံဆွဲရန် ပြင်ဆင်နေကြစဉ်မှာပင် ဝူ ရွှမ်းက သူ၏ လက်ဖက်ရည်ခွက်ကို အသာအယာ ချလိုက်ပြီး မတ်တပ်ထရပ်လိုက်၏။လူတိုင်း၏ အ ကြည့်များက ဝူရွှမ်းထံသို့ စုပြုံရောက်ရှိသွားကြပြီး သူသည် ပထမဆုံး လေလံဈေးကို စတင် ခေါ်တော့ မည်ဟု ထင်မှတ်နေကြသည်။
သို့သော်လည်း သူ ပြောလိုက်မည့် စကားကိုမူ မည် သူကမျှ ကြိုတင်မှန်းဆထားနိုင်ခြင်း မရှိကြပေ။
ဝူရွှမ်းက ကျယ်လှောင်စွာ အော်ပြောလိုက်၏။
"အားလုံးလည်း ပြောစရာရှိတာ ပြောပြီးကြပြီဆို တော့ ကျွန်တော်လည်း စကားအနည်းငယ် ပြောပါရ စေ.. အမှန်တော့ ဒီအိမ်ကို ကျွန်တော့်ရဲ့ ဝူမိသား စုအတွက် ဝယ်မှာမဟုတ်ပါဘူး..တခြားတစ်ယောက် က တာဝန်ပေးလို့ ကျွန်တော်က ကိုယ်စားလာဝယ် ပေးတာပါ.."
ဝူရွှမ်း သည် မိမိအတွက်မဟုတ်ဘဲ အခြားတစ်ဦး၏ ကိုယ်စားလှယ်အဖြစ် ဤအိမ်တော်ကို ဝယ်ယူရန် ရောက်လာခြင်းပင် ဖြစ်သည်။
သို့ဆိုလျှင် ထိုသူက မည်သူနည်း။
မြို့စားမင်း ကျားချိန်ဝမ်က စူးစမ်းလိုစိတ်ဖြင့် ပထ မဆုံး မေးမြန်းလိုက်၏။
"အကြီးအကဲဝူ... ခင်ဗျားက ဘယ်သူ့အတွက် ဒီအိမ် တော် ဝယ်တာလဲဆိုတာ သိပါရစေ..ကျုပ်တို့ကို ပြေ ာပြလို့ ရမလား.."
ကျားချိန်ဝမ်အတွက်မူ ဝူရွှမ်းကမည်သူ့အတွက် ဝ ယ်ပေးနေသနည်းဆိုသည့်အား အလွန် သိချင်နေ၏ ။အကယ်၍ သာမန်လူတစ်ယောက်သာဆိုလျှင် သူ သည် ယဉ်ကျေးနေတော့မည်မဟုတ်ဘဲ ဈေးကို အ ပြတ်အသတ်မြှင့်၍ ဝယ်ယူမည်ဖြစ်၏။
သို့သော်လည်း အလွန်အရေးပါသော ပုဂ္ဂိုလ် တစ်ဦး သာဆိုလျှင်မူ သူ သေချာပေါက် ပြန်လည်စဉ်းစား ရ ပေမည်။
ဝူရွှမ်းကမူ ဘာကိုမျှ ဖုံးကွယ်မထားဘဲ အေးဆေးစွာ ပြုံးလိုက်ကာ ရှင်းပြလိုက်၏။
"ရိုးရိုးသားသား ပြောရရင်တော့ သခင်လေးလျူက သူ့အတွက် ဒီအိမ်ကို ဝယ်ပေးဖို့ ကျွန်တော့်ကို တာ ဝန်ပေးထားတာပါ.. အားလုံးပဲ..ခင်ဗျားတို့ ကျွန် တော့် မျက်နှာကို မထောက်ထားရင်တောင် အနည်း ဆုံးတော့ သခင်လေးလျူရဲ့ မျက်နှာကို ငဲ့ညှာ ပေး ကြဖို့ မျှော်လင့်ပါတယ်.."
"ဘာ..."
"သခင်လေးလျူ ဟုတ်လား.."
"လျူယောင် လား..."
ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြ သည်။ဤလူသည် ကောင်းကင်အဆင့် ကျင့်ကြံသူ တစ်ဦးပင် မဟုတ်ပေလော။
ကောင်းကင်စာရင်းတွင် အဆင့် (၆) ချိတ်ထားသည့် ထျန်းဖေးကွမ်းတောင်မှ လျူယောင်၏ ရှေ့မှောက် တွင် ယဉ်ကျေးစွာ နေခဲ့ရသည်ဟု ပြောဆိုကြသည်။ ထိုသို့သော ပုဂ္ဂိုလ်ကြီးအား မည်သူကများ စော်ကား ရဲမည်နည်း။
မြို့စားမင်းကျားချိန်ဝမ်မှာ ဟိုင်ကျိုးမြို့မှ ရက်အန ည်းငယ်ကြာအောင် ခရီးထွက်နေခဲ့ပြီး မနေ့ကမှ ပြ န်ရောက်လာခြင်း ဖြစ်သော်လည်း လျူယောင်၏ ကျော်ကြားလှသော သတင်းများကိုမူ သူ သိထားပြီး သား ဖြစ်သည်။
သူက ချက်ချင်းပင် လေသံပြောင်းကာ လက်လျော့ စကား ပြောလိုက်၏။
"အော်... ဒီအိမ်က သခင်လေးလျူ ရှာနေတဲ့ အိမ်ဖြ စ်နေတာကိုး...ဒါဆိုရင်တော့ ကျွန်တော် နောက်ဆု တ်လိုက်ပါ့မယ်.. ဒီလေလံပွဲမှာ ကျွန်တော် ဆက်ပြီး မပါတော့ပါဘူး"
ခုနကတင် သူ့ဇနီး ကလေးမွေးသဖြင့် အိမ်ကျဉ်း၍ အိမ်ကြီးပြောင်းချင်သည်ဟု အသံကောင်းဟစ်နေခဲ့ သူမှာ ခဏလေးအတွင်းမှာပင် လေပြေထိုးကာ နော က်ဆုတ်သွားခဲ့သည်။အရာရှိတစ်ဦး ဖြစ်သည့်အား လျော်စွာ လေ လာရာအရပ်ကို ကြည့်၍ လိုက်လျော ညီထွေ နေထိုင်တတ်သည့် သူ၏ ပါးနပ်မှုမှာ အခြား သူများ လိုက်မမီနိုင်လောက်အောင်ပင်။
ရှဲ့ယွမ်၏ တုံ့ပြန်မှုကတော့ အနည်းငယ် နှေးကွေး နေခဲ့သည်။သူက ခေတ္တမျှ စဉ်းစားပြီးမှ ဒုတိယမြော က်အရူံးပေသူ အဖြစ် သူ့ သဘောထားကို ပြောပြလို က်၏။
"အော် အိမ်က သခင်လေးလျူ အလိုရှိနေတဲ့ အိမ်ဆို ရင်တော့ ကျွန်တော်လည်း လက်လျှော့ပေးရုံပဲ ရှိတ ာပေါ့..ခင်ဗျားတို့ပဲ ဆက်ပြီး လေလံဆွဲကြပါတော့ ဗျာ.."
"ဟာ.. ခင်ဗျားတို့လို မြို့စားမင်းနဲ့ ရှဲ့မိသားစု အကြီး အကဲတွေတောင် သခင်လေးလျူကို မစော်ကားရဲမှ တော့ ကျွန်တော်တို့လိုလူတွေက ဘယ်လိုလုပ် ယှဉ် ဝံ့ပါတော့မလဲဗျာ..."
အခြားလူများကလည်း တစ်ယောက်ပြီးတစ်ယော က် သဘောထားချင်း တိုက်ဆိုင်စွာဖြင့် ပြိုင်ပွဲမှ ဆု တ်ခွာသွားကြသည်။ဤအခြေအနေမှာ မည်သူမျှ မမျှော်လင့်ထားသလို ဂျီလဲ့ရှန်းအတွက်လည်း အ ကြီးအကျယ် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။
ဟိုင်ကျိုးမြို့မှ နာမည်ကြီး လူကုံထံများစွာ ရောက် လာကြသဖြင့် အကြိတ်အနယ် စျေး ပြိုင်ဆိုင်ပြီးနေ ာက် အဆမတန် စျေး ရလိမ့်မည်ဟု သူက မျှော်လ င့်ထားခဲ့သည်မဟုတ်ပေလော။
ဂျီလဲ့ရှန်းမှာ ခဏတာ ကြောင်အသွားပြီးမှ တိုးတိုး လေး ပြောလိုက်၏။
"အကြီးအကဲဝူ... ရိုးရိုးသားသား ပြောရရင်တော့ ကျွန်တော် ဒီကို မလာခင်မှာ မင်းသားက အခြေခံ ဈေးတစ်ခု သတ်မှတ်ပေးလိုက်ပါတယ်.. အဲဒါက တော့ ရွှေဒင်္ဂါး ၂၀၀,၀၀၀ ထက် မနည်းစေရဘူးလို့ မှာထားပါတယ်.."
လူများစွာက တီးတိုး ဝေဖန်လိုက်ကြသည်။
"အမ် ရွှေဒင်္ဂါး ၂၀၀,၀၀၀ တည်းလား..."
"ဈေးကြီးသွားလို့လား..."
"မကြီးပါဘူးဗျာ.ဒီလောက်ကျယ်ဝန်းပြီး ခမ်းနားတဲ့ အိမ်ရာကြီးကို ဒီဈေးနဲ့ရတာ ဆောက်လုပ်စရိတ်လေ ာက်ပဲ ရှိတာပါ.."
ဝူရွှမ်းကလည်း ခေါင်းညိတ်ကာ အပြတ်ပြောလိုက် ၏။
"ဒါဆိုရင်တော့ ရွှေဒင်္ဂါး ၂၀၀,၀၀၀ နဲ့ပဲ အတည်ပြု လိုက်ကြတာပေါ့.. ဒီဈေးနှုန်းနဲ့ဆိုရင် သခင်လေး လျူလည်း ကျေနပ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါ တယ်"
"ဒါဆိုရင်တော့ အားလုံး အဆင်ပြေသွားပြီပေါ့ဗျာ"
ဝယ်ဈေးက ရွှေဒင်္ဂါး ၂၀၀,၀၀၀ သာ ကုန်ကျသည် ဟု ကြားလိုက်ရသောအခါ ဘေးမှလူများမှာ မနာလို ဖြစ်ကာ တံတွေးပင် မျိုချမိကြသည်။
"ဘုရားရေ... ရွှေဒင်္ဂါး ၂၀၀,၀၀၀ ထဲနဲ့ ဒီလိုအိမ်တေ ာ် ကြီးကို ရလိုက်တာ တကယ်ကို စျေးချိုလိုက်တာ ကွာ.."
သို့သော်လည်း လျူယောင်၏ အရှိန်အဝါကြောင့် မ နာလိုရုံမှအပ သူတို့ ဘာမျှ မတတ်နိုင်ကြပေ။
........
ရုံးခန်းအတွင်း၌ ကျိုးယန်က လျူယောင်ထံသို့ အ စီရင်ခံစာ တင်ပြနေသည်။
"သူဌေး..ဟုန်ဂေါင်ကားထုတ်လုပ်ရေးကုမ္ပဏီက လ က်ဆောင်အဖြစ် ပေးပို့လိုက်တဲ့ ကားအစီးရေ ၆၀၀ စလုံး ဟွာဟိုင်းမြို့ကို ရောက်လာပါပြီ.. ကျွန်တော် တို့ အချိန်မရွေးထုတ်လို့ ရပါပြီခင်ဗျ..."
ထိုစကားကို ကြားရသောအခါ လျူယောင်က သ ဘောကျစွာ ပြုံးလိုက်မိ၏။ကားအစီးရေ ၆၀၀ စလုံ း မှာ ဘထ္ထရီစွမ်းအင်သုံးကားများပင် ဖြစ်၏။ထို မျှများပြားလှသော ကားများကို သူတစ်ယောက်တ ည်း မောင်းရန်မှာမူ လုံးဝ မဖြစ်နိုင်ပေ။
ထို့ ကြောင့် လျူယောင်သည် ထိုကားများကို ဝန်ထ မ်းများအားလုံးအတွက် ခွဲဝေပေးရန် ဆုံးဖြတ်လိုက် ၏။
လျူယောင်က ခေါင်းညိတ်ပြကာ ညွှန်ကြားလိုက် သည်။
"ကောင်းပြီ... ဒီကားတွေကို အားလုံးအတွက် ခွဲပေး လိုက်တာပေါ့ ..ကားတစ်ဝက်ကိုတော့ ထူးချွန်တဲ့ ဝ န်ထမ်းတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပေးမယ်.. ကျန် တ စ်ဝက်ကိုတော့ ဝန်ထမ်းအားလုံးထဲကပဲ.. မဲနှိုက်ပြီး ပေးလိုက်ပါ.. ကံကောင်းတဲ့သူတွေ ရတာပေါ့ကွာ"
ကျိုးယန်ကလည်း ဝမ်းသာအားရ ခေါင်းညိတ်ပြီး သူဌေး၏ ဆန္ဒအတိုင်း ကားများကို စနစ်တကျ ခွဲ ပေး နိုင်ရန် သူ၏ လက်အောက်ငယ်သားများအား ချက်ချင်းပင် အမိန့်ပေးလိုက်ပေသည်။
***