ကျိုးဂျွန်သည် တက္ကသိုလ်မှ ဘွဲ့ရသည်မှာ သုံးနှစ်ပင် မပြည့်သေးသော်လည်း ယူနီဗာဆဲလ်တွင် နှစ်နှစ် ကျော်ကြာ လုပ်ကိုင်ခဲ့သူဖြစ်၍ ဝါရင့်ဝန်ထမ်းတစ် ဦးအဖြစ် လုပ်ဖော်ကိုင်ဖက်များ၏ အသိအမှတ်ပြု ခြင်းကို ခံထားရသူလည်း ဖြစ်သည်။
"ရှောင်ကျိုး... ဒီတစ်ခါတော့ မင်း ကျွေးရတော့မယ် နော်"
"မစ္စတာကျိုး... ဂုဏ်ယူပါတယ်ဗျာ..ဒီသုံးလပတ်ရဲ့ ထူးချွန်ဝန်ထမ်းဆု ရသွားပြီပေါ့.."
လုပ်ဖော်ကိုင်ဖက်များ၏ ဝိုင်းဝန်းချီးကျူးမှုများ ကြောင့် ကျိုးဂျွန်မှာ ပျော်ရွှင်ကြည်နူးသွားပြီး ရက်ရ က်ရောရောပင် ပြောလိုက်၏။
"ကျွေးရမှာပေါ့ဗျာ... ပြဿနာမရှိပါဘူး..ဒီည အလု ပ်ဆင်းရင် အားလုံးပဲ နုံကျားရှောင်ယွမ် စားသောက် ဆိုင်ကို သွားကြရအောင်.."
နုံကျားရှောင်ယွမ်ဆိုင်မှာ ကုမ္ပဏီနှင့်လည်း မဝေးလှ ဘဲ အရသာအလွန်ကောင်းမွန်သည့် စားသောက်ဆို င် တစ်ဆိုင်လည်းဖြစ်သည်။ရုံးခန်းကြီးတစ်ခုလုံးတွ င် အထူးသဖြင့် ဝန်ထမ်းငယ်လေးများမှာ ဝမ်းသာ အားရ လက်ခုပ်တီး၍ ပျော်ရွှင်နေ၏။
ဆူညံနေသော အားပေးသံများ မစဲသေးခင်မှာပင် ဌာနမန်နေဂျာ လုယဲ့ရုံးခန်းထဲသို့ ဝင်လာခဲ့သည်။သူ က စိတ်ဝင်စားဟန်ဖြင့် အော်ကာ မေးမြန်းလိုက်၏။
"ဘာတွေ ဒီလောက်တောင် ပျော်နေကြတာလဲဟေ့ ... "
ထိုအခါ ဝန်ထမ်းတစ်ဦးက အားတက်သရော ပြန် ဖြေလိုက်သည်။
"မန်နေဂျာ... ကျိုးဂျွန်က ကုမ္ပဏီရဲ့ သုံးလပတ် ထူး ချွန်ဝန်ထမ်းဆု ရသွားလို့ ကျွန်တော်တို့ ဝမ်းသာအား ရ ဂုဏ်ပြုနေကြတာပါခင်ဗျ.."
မန်နေဂျာလုယဲ့က ပြုံးရွှင်သောမျက်နှာထားဖြင့် ကြော်ညာလိုက်၏။
"ကျိုးဂျွန်... မင်းအတွက် တကယ်ကို ဂုဏ်ယူပါတ ယ်ကွာ..ကုမ္ပဏီကနေ ထူးချွန်ဝန်ထမ်းတွေကို ထိုက် ထိုက်တန်တန် ဆုချဖို့ ဆုံးဖြတ်ထားတယ်.. မင်းအ တွက် ငွေသားဆု ယွမ် ၃၀,၀၀၀ အပြင် ဟုန်ဂေါင် X 5 ကား အသစ်တစ်စီးကိုပါ ဆုအဖြစ် ချီးမြှင့်လိုက် တယ်ကွ"
ဟုန်ဂေါင် X5 ကားအသစ်ဆိုသည်မှာ ဈေးကွက်ပေါ က်ဈေး ယွမ် ၁၇၀,၀၀၀ မှ ၁၈၀,၀၀၀ ခန့်ရှိသော EV ကားအမျိုးအစားပင် ဖြစ်သည်။
ထိုအခါ လုပ်ဖော်ကိုင်ဖက်များက ဝိုင်းဝန်းစနောက် လိုက်ကြ၏။
"ဟေး... ကျိုးဂျွန်ရေ... ဟွမ်ကွမ်း X5 တောင် ရပြီဆို တော့ နုံကျားရှောင်ယွမ် စားသောက်ဆိုင်လောက်နဲ့ တော့ မလုံလောက်တော့ဘူးနော်.. မင်း..ငါတို့ကို ..ဒီ ထက်မြင့်တဲ့ တဲ့နေရာမှာ ကျွေးရတော့မယ်"
ကျိုးဂျွန်မှာမူ အံ့အားသင့်လွန်းသဖြင့် ဆွံ့အသွား ရ သည်။ထိုမျှကြီးမားလှသော ဆုလာဘ်မျိုး ရလိမ့်မ ည် ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။
သူက ယူနီဗာဆဲလ်တွင် အလုပ်ဝင်ခဲ့သည်မှာ နှစ်နှစ် နီးပါး ရှိပြီး လစာလည်း အသင့်အတင့် ကောင်းမွန်ခဲ့ သည်။သူ၏ လုပ်ဖော်ကိုင်ဖက်များ ကားတစ်စီးပြီး တစ်စီး ဝယ်ယူနေကြသည်ကို ကြည့်ပြီး သူကိုယ်တို င်လည်း လွန်ခဲ့သောရက်ပိုင်းကမှ ယာဉ်မောင်းလိုင် စင် ဖြေဆိုအောင်မြင်ထားကာ ကားတစ်စီးဝယ်ရန် စီစဉ်ထား၏။
အံ့သြစရာကောင်းသည်မှာ သူ ဝယ်ယူရန် စဥ်းစား ထားသောကားမှာလည်း ထိုဟုန်ဂေါင် X5 အမျိုးအ စားပင် ဖြစ်သည်။ထိုကား၏ ဒီဇိုင်း၊ကျယ်ဝန်းသော အတွင်းခန်းနှင့် ကြမ်းတမ်းသော လမ်းများကိုပါ မေ ာင်းနိုင်သည့် စွမ်းရည်တို့ကို သူ အလွန်သဘောကျ နေခဲ့သည်။
ကျိုးဂျွန်က မယုံကြည်နိုင်ဟန်ဖြင့် ထပ်မံမေးမြန်းမိ ၏။
"မန်..မန်နေဂျာ... တကယ်ပဲ ဟုန်ဂေါင်X5 ကားကို ပေးတာလားခင်ဗျာ.."
မန်နေဂျာလုယဲ့က ကားထုတ်ယူခွင့် လက်မှတ်ကို ကျိုးဂျွန်လက်ထဲသို့ ထည့်ပေးလိုက်ရင်း အတည်ပြု လိုက်သည်။
"ဟုတ်တာပေါ့ကွာ... ဒါက ကားထုတ်ယူခွင့် လက်မှ တ်ပဲ..မင်း အချိန်မရွေး သွားထုတ်လို့ရပြီ.. ကျိုးဂျွန် ... ဂုဏ်ယူပါတယ်ကွာ.."
ကုမ္ပဏီသို့ ရောက်လာသော ကားအစီးရေ ၆၀၀ အန က် အစီး ၃၀၀ ကို ထူးချွန်ဝန်ထမ်းများအား ဆု အ ဖြစ် ပေးအပ်ခဲ့ရာ ကျိုးဂျွန်မှာမူ ကံထူးရှင်များထဲတွ င် ပါဝင်ခဲ့ခြင်းဖြစ်၏။ကျန် အစီး ၃၀၀ ကိုမူ ဝန်ထမ် းအားလုံးထဲမှ မဲနှိုက်ရွေးချယ်ကာ ပေးအပ်သွားမ ည် ဖြစ်သည်။
...........
ဂိုဝူကမ္ဘာသို့ လျူယောင်တစ်ယောက် ထပ်မံရောက် ရှိလာပြန်သည်။
ပင်လယ်ရေပြင်မှ ကုန်းပေါ်သို့ တက်လာပြီးနောက် စိုစွတ်နေသော အဝတ်အစားများကို ချွတ်ကာ အဝ တ်အစား အသစ်များကို ဝတ်ဆင်လိုက်၏။လမ်းမ ကြီးပေါ်သို့ ရောက်လာချိန်တွင် သူ ခဏမျှ စဉ်းစား လိုက်ပြီးနောက် ဂျစ်ကားတစ်စီးကို သိုလှောင်အိတ် ထဲမှ ထုတ်ယူလိုက်ရာ ဂျစ်ကားလေးမှာ လမ်းမပေါ် တွင် လျှပ်တပြတ် ပေါ်လာခဲ့သည်။
မော်တော်ဆိုင်ကယ်စီးရသည်မှာ ကားမောင်းရသ လောက် သူ သက်သောင့်သက်သာမရှိလှပေ။
ဂျစ်ကားအမျိုးအစားမှာမူ ကိုယ်ထည်မြင့်မားပြီး ကြမ်းတမ်းသောလမ်းများကို ဖြတ်သန်းနိုင်စွမ်းရှိ၏ ။လျူယောင်သည် ကားပေါ်သို့ တက်လိုက်ပြီး ဟိုင် ကျိုးမြို့ရှိရာဘက်သို့ လမ်းမကြီးအတိုင်း အရှိန်ပြင်း ပြင်း မောင်းနှင်လာခဲ့သည်။
"ဟေး..ဒါ... ဒါက ဘာကြီးလဲ..ငါလည်း တစ်ခါမှလ ည်း မမြင်ဖူးပါလားဗျာ..."
"ဒီလောက် ဆန်းကြယ်တဲ့အရာက အမြန်ဆုံးဆိုတဲ့ မြင်းကောင်းတွေထက်တောင် အဆပေါင်းများစွာ ပိုမြန်နေပါလား.."
လမ်းတစ်လျှောက် မြင်တွေ့သမျှလူတိုင်းမှာ ထိုဂျစ် ကားကြီးကို အံ့အားသင့်စွာ ငေးမောကြည့်ရှုနေကြ သည်။ဤကမ္ဘာမှ လူသားတို့အဖို့ စက်တပ်ယာဉ်ဟူ သည်ကို တစ်ခါမျှ မမြင်ဖူးကြသဖြင့် သူတို့မျက်လုံး ထဲတွင်မူ အလွန်ထူးဆန်းအံ့သြဖွယ်ကောင်းသော အရာတစ်ခုအဖြစ် မြင်နေကြ၏။
ဟိုင်ကျိုးမြို့ထဲသို့ လျူယောင် ရောက်လာချိန်တွင် မူ လူအုပ်ကြီးမှာ ပိုမိုများပြားပြီး ဆူညံနေ၏။ လမ်းဘေးဝဲယာမှာ ရှိသည့် လူတိုင်းက လုပ်လက်စ အလုပ်များကို ခေတ္တရပ်နားကာ ဂျစ်ကားကိုသာ အံ့ သြတကြီး လိုက်ကြည့်နေသည်။
လူတိုင်း၏ တုံ့ပြန်မှုများကို မြင်တွေ့ရသောအခါ လျူယောင်က သဘောကျစွာ ပြုံးလိုက်ပြီးနောက် ကားကို ဝူမိသားစု အိမ်တော်ကြီး၏ အပေါက်ဝသို့ တည့်တည့်မတ်မတ် မောင်းဝင်လာ၏။
.........
ဝူမိသားစု အိမ်တော်၌...
ဝူရွှမ်း တစ်ယောက် အိမ်၌ ရှိနေသော်လည်း စိတ်မ အေးနိုင်ဘဲ ဖြစ်နေရသည်။
သခင်လေးလျူအတွက် အိမ်တော်ကြီးကို ရွှေဒင်္ဂါး ၂၀ ၀,၀၀၀ ဖြင့် သူ ဝယ်ယူထားသည်မှာ ရက်အန ည်း ငယ် ကြာနေသော်လည်း သခင်လေးလျူဘက် မှ မည်သည့်သတင်းမျှ မကြားရသေးသဖြင့် သူ အ တော်လေး စိုးရိမ်နေမိ၏။
"သခင်လေးလျူ ဘယ်တော့များမှ ရောက်လာမှာလဲ ကွာ..."
ထိုစကားကိုသာ သူက တစ်ကိုယ်တည်း ထပ်တလဲ လဲ ရေရွတ်နေမိသည်။
တစ်ဖက်တွင်မူ ဝူမိသားစု၏ ရှေ့ခြံဝန်းအတွင်း၌ ဝူ ယူကန်းသည် သူ၏ မော်တော်ဆိုင်ကယ်လေးနှင့် အ လုပ်ရှုပ်နေ၏။သူသည် အပြင်သွားသည့်အခါ တိုင်း မြင်းမစီးတော့ဘဲ ဆိုင်ကယ်ကိုသာ အမြဲစီးလေ့ ရှိသ ည်။
သူသည် ဆီပုံးကိုဖွင့်ကာ ကျန်ရှိနေသောဆီ အနည်း ငယ်ကို ဆီတိုင်ကီထဲသို့ လောင်းထည့်ရင်း သူ့ စိတ် ထဲတွင် တွေးနေမိ၏။
"ဟူး…သခင်လေးလျူကတော့ အခုထိ ပေါ်မလာ သေးဘူးကွာ"
ထိုသို့ သူတွေးနေစဉ်မှာပင် အိမ်တော် အပေါက်ဝမှ ထူးဆန်းသော အသံတစ်သံနှင့်အတူ အရာဝတ္ထုကြီး တစ်ခု ဆိုက်ရောက်လာသည်အား သူ မြင်လိုက်ရသ ည်။ထိုအရာကြီးပေါ်မှ သခင်လေးလျူ ဆင်းလာသ ည်ကို မြင်လိုက်ရသောအခါ အိမ်စေတစ်ဦးမှာလည်း သတင်းပို့ရန်အတွက် အကြီးအကဲဝူရွှမ်းရှိရာသို့ ပြေ းသွားလိုက်၏။
"ဟားဟား..တကယ်ပဲ...သခင်လေးလျူ ရောက်လာ ပြီကွ.."
ဝူယုကန်းသည် အံ့အားသင့်ဝမ်းသာသွားပြီး လက် ထဲမှ ဆီပုံးအား ချက်ချင်းပင် ချလိုက်သည်။ပြီးနော က် ဆီတိုင်ကီအဖုံးကို အမြန်ပိတ်ကာ လျူယောင် ရှိ ရာသို့ ဝမ်းသာအားရ ပြေးလာခဲ့၏။
"ဟားဟား သခင်ဘေးလျူ..တကယ်ပဲ ခင်ဗျား ရော က်လာတာကိုး.."
သို့သော်လည်း သူ၏အကြည့်များမှာ ရှေ့တွင်ရပ် ထားသော ဂျစ်ကားဆီသို့သာ ကျရောက်နေသည်။
"မစ္စတာလျူ... ဒါက ဘာကြီးလဲဗျာ..ခုနက ခင်ဗျား ဒီအထဲက ဆင်းလာတာကို ကျွန်တော် မြင်လိုက်တ ယ် "
လျူယောင်က သဘောကျစွာ ရယ်မောလိုက်ရင်း ပြ န်ဖြေလိုက်၏။
"ဟားဟား..ဒါက ဂျစ်ကားလို့ ခေါ်တယ်လေ.. မော် တော်ဆိုင်ကယ်ထက် ပိုမြန်သလို ပိုပြီးတော့လည်း သက်တောင့်သက်သာ ရှိတယ်ကွ.."
ဝူယူကန်းတစ်ယောက် စိတ်လှုပ်ရှားလွန်းသဖြင့် ခေါ င်းကို အဆက်မပြတ် ညိတ်နေမိသည်။သူ့တစ်သက် တာလုံး၌ ဤကဲ့သို့သော ယာဉ်မျိုးကို တစ်ခါမျှ မမြ င်ဖူးခဲ့ချေ။ကား၏ အစိတ်အပိုင်းတိုင်းမှာ သူ့အတွ က် ထူးဆန်းအံ့သြဖွယ်ရာများဖြင့် ပြည့်နှက်နေပြီး စိ တ်လှုပ်ရှားလွန်းသဖြင့် ကားပေါ်သို့ တက်ရန်ပင် မ စောင့်နိုင်တော့ပေ။
လျူယောင်က ဘေးမှတံခါးကို ဖွင့်ပေးကာ ဝူယူကန် းကို တက်ရန် ဖိတ်ခေါ်လိုက်ပြီး သူကိုယ်တိုင်လည်း ယာဉ်မောင်းထိုင်ခုံတွင် နေရာယူလိုက်သည်။
"ဝိုး အရမ်းမိုက်တာပဲဗျာ.."
ဝူယူကန်း၏ မျက်နှာပေါ်တွင်မူ အံ့သြမူများဖြင့် ပြ ည့်နှက်နေပြီး ဟိုကြည့်ဒီကြည့်နှင့် စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်နေ၏။
"ထိုင်လိုက်... မင်းကို တစ်ပတ်လောက် ငါ မောင်းပြ မယ်"
"ဝူး..ဝူး.."
ပြောပြီးနောက် လျူယောင်က စက်နှိုးလိုက်ပြီး ဝူမိ သားစုအိမ်တော်ဂိတ်ဝမှ မောင်းထွက်လာခဲ့သည်။ လမ်းမထက်တွင် ဆယ်မိနစ်ခန့် ပတ်မောင်းပြီးနော က် အိမ်တော်ဂိတ်ဝသို့ ပြန်ရောက်လာ၏။
ထိုခရီးစဉ်တစ်လျှောက်လုံးတွင် ဝူယူကန်း၏ မျက် လုံးများမှာ အံ့သြလွန်းသဖြင့် ပြူးကျယ်နေသည်။ ဤကားကို သူ စီးရသည်မှာ မော်တော်ဆိုင်ကယ် စီး ရသည်ထက် အဆပေါင်းများစွာ ပို၍ ပျော်စရာကေ ာင်းလှ၏။
ချက်ချင်းပင် သူ၏ မော်တော်ဆိုင်ကယ်မှာ မကော င်းတော့သလို သူ ခံစားလိုက်ရပြီး စိတ်ကူးယဥ် မိလို က်သည်။
"ငါ့မှာသာ ဒီလိုကားမျိုးရှိရင် ဘယ်လောက်တောင် ကောင်းမလဲကွာ..ဟဲဟဲ.."
"သခင်လေးလျူ... ဒါက ဘာကြီးလဲဗျာ..မော်တော် ဆိုင်ကယ်ထက် အများကြီး ပိုစီးလို့ကောင်းတာပဲဗျာ .."
လျူယောင်က သဘောကျကာ ရှင်းပြလိုက်၏။
"ဒါကို ဂျစ်ကားလို့ ခေါ်တယ်လေ..ဒီကားနဲ့ဆိုရင် မြို့ တော်ကို တစ်ရက်တည်းနဲ့ အေးဆေးသွား လို့ရတ ယ်.."
ဝူယူကန်းက ခေတ္တမျှ ကြောင်အသွားပြီးမှ အလော တကြီး မေးမြန်းလိုက်သည်။
"မိုက်လိုက်တာဗျာ..ဒီကားမျိုး မစ္စတာလျူဆီမှာ ဘ ယ်နှစ်စီးရှိလဲဗျ.. ကျွန်တော့်ကို တစ်စီးလောက် ရော င်းလို့ရမလား"
လျူယောင်က ပြုံးကာ ပြန်ပြောလိုက်၏။
"ငါ မင်းကို ရောင်းပေးရင်တောင် မင်း မောင်းတတ် မှာ မဟုတ်ဘူး.. ဒါက မော်တော်ဆိုင်ကယ်ထက် အ များကြီး ပိုရှုပ်ထွေးတယ်.. မင်း အရင်ဆုံး အမောင်း သင်ရမယ်..ကျွမ်းကျင်သွားမှပဲ ဒါကို.. မောင်းလို့ရ မှာ.."
ထို့နောက် လျူယောင်က ဆက်ပြောလိုက်သည်။
"မင်းရဲ့ မော်တော်ဆိုင်ကယ်မှာ ဆီကုန်တော့မယ်ထ င်တယ်..ဒီတစ်ခါ ငါ ဓာတ်ဆီတွေ အများကြီး ပါလာ တယ်.. နောက် ခြောက်လလောက်အထိ ဆီကုန်မှာ ကို မင်း.. စိုးရိမ်စရာမလိုတော့ဘူး"
စကားပြောနေရင်း လျူယောင်က ထိုင်ခုံခါးပတ်ကို ဖြုတ်ကာ ကားပေါ်မှ ဆင်းလိုက်သည်။ထိုအချိန်တွ င် ဝူရွှမ်းသည် လူအုပ်ကြီးကို ဦးဆောင်ကာ အိမ် တော်၏ ဂိတ်ဝ၌ အသင့်စောင့်ကြိုနေ၏။
လျူယောင် ရောက်ရှိလာမှုက ဝူမိသားစုအိမ်တော် တစ်ခုလုံးကို သက်ဝင်လှုပ်ရှားသွားစေခဲ့သည်။ ဝူရွှမ်းသည် လျူယောင်ကို မြင်သည်နှင့် ဝမ်းသာ အားရ ကြိုဆိုနှုတ်ဆက်လိုက်၏။
"ဟားဟား သခင်လေးလျူ... နောက်ဆုံးတော့ ရော က်လာပြီကိုး..ခင်ဗျားကို ကျွန်တော်တို့ မျှော်နေကြ တာဗျာ.."
လျူယောင်ကလည်း ခေါင်းညိတ်ပြရင်း ယဥ်ကျေး စွာ ပြန်ဖြေလိုက်သည်။
"အားလုံးကို စောင့်ခိုင်းမိလို့ အားနာပါတယ်ဗျာ.."
နှုတ်ဆက်စကားဆိုပြီးနောက် ဝူရွှမ်းသည် အိမ်တေ ာ်အတွင်းသို့ လျူယောင့်အား ဖိတ်ခေါ်လိုက်၏။ ဧည့်ခန်းမကြီးအတွင်း၌ သင်းပျံ့သော လက်ဖက်ရ ည်နံ့များက ဖုံးလွှမ်းနေပြီး စားပွဲပေါ်တွင်လည်း လ တ်ဆတ်သော အသီးအနှံများနှင့် အရသာရှိလှသော မုန့်ပဲသရေစာများ အစုံအလင်ဖြင့် တည်ခင်းဧည့်ခံ ထားသည်။
ဝူရွှမ်းကိုယ်တိုင်ပင် လျူယောင်၏ ဘေးတွင် ထိုင် ကာ လက်ဖက်ရည်တည်ခင်းပေးရင်း ရင်းရင်းနှီးနှီး စကားစမြည် ပြောဆိုနေပေသည်။အထွေထွေ စကာ းအနည်းငယ် ပြောပြီးနောက် ဝူရွှမ်းက အရေးကြီး သော ကိစ္စကို စပြောလိုက်၏။
"သခင်လေးလျူ... ခင်ဗျား ကျွန်တော့်ကို အိမ်ရှာခိုင် းထားတဲ့ကိစ္စ အားလုံး အဆင်ပြေသွားပါပြီဗျ.."
ထိုစကားကို ကြားလိုက်ရသောအခါ လျူယောင်၏ မျက်နှာတွင် ဝမ်းသာသည့် အရိပ်အယောင်များ ပေ ါ်လာခဲ့သည်။
ဟိုင်ကျိုးမြို့ကဲ့သို့ နေရာမျိုးတွင် ယခုကဲ့သို့ အတ ည် တကျ နေထိုင်စရာ ရသွားခြင်းမှာ သူ့အတွက် အ လွန်ပင် စိတ်ကျေနပ်စရာကောင်းလှ၏။
***