လျူယောင်က သိလိုစိတ်ပြင်းပြစွာဖြင့် မေးမြန်းလို က်သည်။
"အိုး..ဘယ်လိုအိမ်တော်မျိုးလဲဗျ... အကျယ်ကရော ဘယ်လောက်ရှိပြီး ဘယ်နားမှာလဲ..."
ဝူရွှမ်းမှာ အလွန်ပင် ပါးနပ်ထက်မြက်သူဖြစ်ရာ သ ခင်လေးလျူ၏ စကားနှင့် မျက်နှာအမူအရာကို ကြ ည့်ရုံဖြင့် ဘာကို ဆိုလိုသည်အား ချက်ချင်းပင် ရိပ်မိ သွား၏။
"မစ္စတာလျူ... ခင်ဗျား အခုလောလောဆယ် ဘာမှ အလုပ်မရှိသေးဘူးဆိုရင် ကျွန်တော်ကိုယ်တိုင် အိ မ်တော်ကို လိုက်ပြပါရစေ.."
လျူယောင်က ချက်ချင်းပင် မတ်တပ်ထရပ်ကာ လ က် ဝှေ့ယမ်းပြရင်း ပြောလိုက်၏။
"ကောင်းပြီလေ... ဒါဆို အခုချက်ချင်းပဲ သွားကြည့် ကြတာပေါ့"
ဝူရွှမ်းကလည်း ခေါင်းညိတ်ပြကာ လျူယောင်ကို ရှေ့မှနေ၍ လမ်းပြကာ ခေါ်လာခဲ့သည်။သူတို့နောက် တွင်မူ ဝူမိသားစု၏ အဓိကပုဂ္ဂိုလ်များနှင့် နောက်လို က် ခုနစ်ဦး၊ရှစ်ဦးခန့်ကလည်း ခြံရံ၍ လိုက်ပါလာ၏ ။
ဝူရွှမ်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
"ဟေ့... မြင်းလှည်း ပြင်ကြစမ်း..အကောင်းဆုံး မြင်း လှည်းကို အမြန်ဆုံး ပြင်လိုက်.."
သူ၏ တက်ကြွလှုပ်နေသော အမူအရာကို ကြည့်ပြီး လျူယောင်က သဘောကျစွာ ပြုံးရင်း ဝင်ပြောလို က်၏။
"မြင်းလှည်းပြင်ဖို့ ...မလိုပါဘူးဗျာ.."
ဝူရွှမ်းမှာ ခေတ္တမျှ ကြောင်အသွားပြီးမှ တစ်ခုခုကို သတိရသွားဟန်ဖြင့် ပြန်မေးလိုက်သည်။
"ဂိတ်ဝမှာ ရပ်ထားတဲ့ ဟာကြောင့်လား သခင်လေး လျူ.."
"ဟုတ်တာပေါ့... အဲဒီ ကားနဲ့ပဲ သွားကြမယ်..ဒီကား ကို စီးရတဲ့ အရသာကို အားလုံး စမ်းစီးကြည့်ကြ လေ .."
"ဝိုး..ဒါ... ဒါက တကယ်ကို အဆင်ပြေတာပေါ့ဗျာ”
ဤကဲ့သို့သော ထူးဆန်းသည့်ယာဉ်မျိုးကို လူတိုင်းမှ ာ တစ်ခါမျှ မမြင်ဖူးကြသဖြင့် စီးရမည်ဆိုသည်မှာ သူတို့အတွက် အိမ်မက်တစ်ခုလိုပင်။ထိုထက်ကောင် း သည့် အခွင့်အရေးမျိုး မရှိနိုင်တော့ပေ။
ဝူရွှမ်းက အားတက်သရော ခေါင်းညိတ်လိုက်ပြီး သ တိပေးလိုက်၏။
"ကောင်းပါပြီဗျာ... ဒါဆိုရင်တော့ သခင်လေးလျူ ရဲ့ ကားနဲ့ပဲ သွားကြတာပေါ့..ဒါပေမဲ့ အိမ်အသစ်က မြို့အရှေ့ဘက်မှာဆိုတော့ နည်းနည်းတော့ ဝေးမယ် ဗျ.."
လျူယောင်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက် ၏။
"ပြဿနာမရှိပါဘူး... ကျွန်တော့်ကားက မြန်တယ်.. ဒါကြောင့် အချိန်ကြာလောက်မှာ မဟုတ်ဘူး"
မကြာမီမှာပင် လူအုပ်စုကြီးသည် ဝူမိသားစုအိမ် တော်၏ ဂိတ်ဝသို့ ရောက်လာကြသည်။လျူယောင် က ရှေ့ဆုံးမှ ကားထဲသို့ဝင်ကာ ယာဉ်မောင်း ထိုင်ခုံ တွင် နေရာယူလိုက်သည်။
ဝူယူကန်းမှာမူ လက်မြန်၊ခြေမြန်နှင့်ပင် ဘေးတွဲ ယ ာဉ်မောင်းထိုင်ခုံသို့ ချက်ချင်းတိုးဝင်ကာ နေရာဦး လိုက်ပြီး လှမ်းပြောလိုက်သည်။
"အဖေ... အဖေက နောက်ခန်းမှာပဲ ထိုင်လိုက်တော့ နော်..ဟဲဟဲ.."
ဝူရွှမ်းက သားဖြစ်သူကို ဘုကြည့် တစ်ချက်ကြည့် လိုက်ပြီးနောက် ကားတံခါးကိုဖွင့်ကာ အထဲသို့ ဂရု တစိုက် ဝင်ထိုင်လိုက်၏။ကားထဲသို့ ရောက်လာချိန် တွင်မူ သူ အံ့အားသင့်သွားရပြန်သည်။
"ဟောဗျာ... ဒီထိုင်ခုံတွေက ဘာလို့ ဒီလောက်တော င် ပျော့ပျောင်းပြီး ထိုင်ရတာ..သက်တောင့်သက်သာ ရှိနေရတာလဲဗျ.."
သူနှင့်အတူ ဝူမိသားစု၏ အိမ်တော်ထိန်းတစ်ဦးလ ည်း လိုက်ပါလာခဲ့သည်။သူ့ မျက်နှာပေါ်တွင်လည်း အံ့သြမှင်သက်မှုများဖြင့် ပြည့်နှက်နေ၏။သူသည် နေရာအနှံ့ကို စူးစမ်းကြည့်ရှုရင်း ဟိုကိုင်ဒီကိုင်နှင့် စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ရှိနေသော်လည်း သူ၏ အဆင့်အတန်းကြောင့် မမေးဝံ့ဘဲ အောင့်အီး နေရရှာသည်။
လျူယောင်က ကားစက်နှိုးလိုက်ပြီးနောက် ကားအ ပြင်ဘက်ရှိ မြင်ကွင်းများ အပြင်လူများ ရှင်းလင်းစွ ာ မြင်နိုင်စေရန်အတွက် မှန်အားလုံးကို တမင်တ ကာ ချထားလိုက်၏။
ထို့နောက် ဝူမိသားစုအိမ်တော်ဂိတ်ဝမှ မောင်းထွက် လာခဲ့သည်။
"ဝူး..ဝူး.."
မိနစ်အနည်းငယ် မောင်းနှင်ပြီးနောက်တွင်မူ ဝူရွှမ်း သည် ကား၏အရှိန်နှင့် အသားကျသွားကာ စကား စတင်ပြောလာသည်။
"မစ္စတာလျူ... ဒီကားက တကယ်ကို အံ့သြဖို့ကော င်းတာပဲဗျာ.. မြန်လည်းမြန်သလို စီးရတာကလည်း သိပ်ကို ငြိမ့်ညောင်းနေတာပဲဗျာ"
သူတို့ဂိုဝူကမ္ဘာတွင် ခရီးသွားလာလျှင် မြင်းစီးခြင်း သို့မဟုတ် မြင်းလှည်း စီးခြင်းကိုသာ အဓိကအား ထားရ၏။ထိုယာဉ်များတွင် တုန်ခါမှုလျှော့ချသည့် စနစ် မပါရှိသဖြင့် လမ်းအဖုအထစ်ဒဏ်ကို ပြင်းထ န်စွာ ခံစားရလေ့ရှိသည်။
မြို့တွင်းရှိ ကျောက်ခင်းလမ်းများပေါ်တွင်ပင် တုန် ခါမှုဒဏ်က မနည်းလှပေ။ယခု ထိုကားမှာမူ သိသိ သာသာ ကွဲပြားခြားနားလှသည်။
လျူယောင်က ကားမောင်းနေရင်းနှင့် သတိပေးလို က်၏။
"ခင်ဗျားတို့အတွက် သက်တောင့်သက်သာရှိရင်ပဲ ကျေနပ်ပါပြီဗျာ.. ကဲ... ဝူယူကန်းအပြင်က ရှုခင်း တွေကိုပဲ ငေးမနေနဲ့ဦး..လမ်းလေးလည်း ကြည့်ပေ းပါဦး"
ဝူယူကန်းက ခေါင်းညိတ်ကာ ပုံမှန်သွားနေကျ မြင်း စီးချိန်နှင့် နှိုင်းယှဉ်၍ ပြောလိုက်သည်။
"ရှေ့လမ်းဆုံရောက်ရင် ညာဘက်ကို ချိုးလိုက် သ ခင်လေးလျူ..သွားရမယ့်လမ်းက အဝေးကြီး ကျန် သေးတယ်.. မြင်းနဲ့ဆိုရင်တော့ နာရီဝက်လောက် ထ ပ်မောင်းရဦးမယ်ထင်တယ်"
သူတို့အယူအဆအရ နာရီဝက်ဟူသည်မှာ တစ်နာရီ ခန့် ကြာမြင့်တတ်သည်။ဤမျှကြာအောင် သွားရမ ည်ဆိုပါက အကွာအဝေးမှာ အတော်လေး ဝေးသည် ဟု ဆိုရပေမည်။
လမ်းတစ်လျှောက်တွင် ထိုကားမှာ လူတိုင်း၏ အာ ရုံကို အဖမ်းစားနိုင်ဆုံး ဖြစ်နေခဲ့သည်။
ပထမဆုံးအနေဖြင့် ကား၏ တောက်ပြောင်သော အ နီရောင်မှာ လူများစွာ၏မျက်စိကို ဆွဲဆောင်နေ၏။ ထို့အပြင် ဤကမ္ဘာ၌ တစ်ခါမျှ မရှိဖူးသေးသည့် ထူး ဆန်းသောပုံစံကြောင့် မြင်ရသူတိုင်းမှာ အံ့သြမှင်သ က်နေပေသည်။
"ဟာ... ဟိုမှာကြည့်စမ်း..အဲဒါ ဘာကြီးလဲ..မြင်းလှ ည်းနဲ့လည်း မတူဘူးဟ..မြန်လိုက်တာလည်း လွန် ရောပဲဟေ.."
"ဟုတ်ပါ့ အဲဒါက ဘယ်လိုလုပ်ပြီး ပြေးနေတာလဲ ဟ..အောက်မှာ တစ်ယောက်ယောက်က ဝိုင်းတွန်း ပေးနေတာလား မသိဘူးနော်.."
"ဟေး...အထဲမှာ ဘယ်သူတွေပါလဲ ကြည့်လိုက်ဦး. .ဟော..အဲ့တာ. ဝူမိသားစုက လူတွေပဲ.. အကြီးအ ကဲ ဝူရွှမ်းကိုယ်တိုင်တောင် ပါလာတာပဲဗျ..."
မြို့သူမြို့သားများမှာ လမ်းဘေးဝဲယာမှနေ၍ တစ် ယောက်တစ်ပေါက်ဖြင့် တအံ့တသြ ရေရွတ်နေကြ ၏။
မြို့သူမြို့သားအပေါင်း၏ အံ့သြမှင်သက်နေသော အကြည့်များကြားမှပင် လျူယောင်၏ ဂျစ်ကားအနီ သည် လမ်းမများစွာကို ဖြတ်ကျော်ကာ ဟိုင်ကျိုးအ ရှေ့ဘက်ခြမ်းဆီသို့ တရိပ်ရိပ် ဦးတည် မောင်းနှင်လ ာခဲ့သည်။
လမ်းတစ်လျှောက်တွင် ပတ်ဝန်းကျင်မှ စူးစမ်းကြ ည့်ရှုနေကြသည့် အကြည့်များကို ခံစားရရုံသာမက လျူယောင်ကိုယ်တိုင်လည်း ဟိုင်ကျိုးမြို့၏ လမ်း ပန်းဆက်သွယ်ရေးစနစ်ကို အတော်လေး အံ့အား သင့်နေမိ၏။
လမ်းတိုင်းမှာ အလွန်ကျယ်ဝန်းလှပြီး ထူထဲခိုင်မာသ ည့် ကျောက်ပြားကြီးများဖြင့် စနစ်တကျ ခင်းကျင်း ထားပေသည်။
ဤကမ္ဘာ၏ နည်းပညာအဆင့်အတန်းမှာ လွန်ခဲ့သေ ာ နှစ်ပေါင်းရာဂဏန်းခန့်က အခြေအနေမျိုးသာ ရှိ သေးသော်လည်း မြို့ပြတည်ဆောက်ပုံနှင့် မြို့ ပြစီ မံကိန်း ရေးဆွဲထားမှုမှာမူ သူထင်ထားသည်ထက် များစွာသာလွန်နေသည်ကို လျူယောင် တွေ့လိုက်ရ ၏။
ဝူယူကန်း၏ လမ်းပြမှုအတိုင်း မိနစ်လေးဆယ်ခန့် လျူယောင် မောင်းနှင်လာပြီးနောက် ဂျစ်ကားအား ခမ်းနားထည်ဝါလှသော အိမ်တော်ကြီး၏ ဘေးတွင် ရပ်တန့်လိုက်သည်။
"ဒီနေရာလား..."
ကားရပ်လိုက်သော်လည်း လျူယောင်သည် ချက် ချင်း ဆင်းမသွားသေးဘဲ အိမ်တော်ကြီး၏ အပြင် အဆင်ကို အကဲခတ်ကြည့်လိုက်၏။အိမ်တော်ကြီး တစ်ခုလုံး မည်မျှကျယ်ဝန်းမည်ကို သူ မသိသေး သော်လည်း အဝင်ဂိတ်တံခါးမကြီးကပင်လျှင် အရှိ န်အဝါ ကြီးမားလွန်းလှသည်။
ရှေးဦးစွာ သူ မြင်တွေ့ရသည်မှာ ဆင့်ကာဆင့်ကာ တည်ဆောက်ထားသည့် အပြာရောင် ကျောက်လှေ ကားထစ်များဖြစ်ပြီး ထို့နောက်တွင်မူ တစ်ပေကျော် ထူထဲလှသည့် အနီရောင်တံခါးမကြီးကို ခန့် ညားစွာ တွေ့ခဲ့ရသည်။
ထိုဂိတ်တံခါးမကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် လည်း သုံးပေ၊ လေးပေခန့်စီ ကျယ်ဝန်းသော တံခါး ငယ်နှစ်ချပ်ကိုပါ ထည့်သွင်းတည်ဆောက်ထား၏။ ဂိတ်ဝအပြင်ဘက်ရှိ လမ်းမကြီးမှာလည်း ကျယ်ဝန်း လှပြီး အပြာရောင်ကျောက်ပြားများဖြင့် ခင်းထား သဖြင့် သန့်ရှင်းသပ်ရပ်နေပေသည်။
"သခင်လေးလျူ... ဒါက ခင်ဗျားရဲ့ အိမ်တော်အသ စ်ပါပဲ..ကျွန်တော် အထဲကို လိုက်ပြပါရစေ.."
အိမ်တော်၏ ဂိတ်ပေါက်တိုင်းတွင် ကင်းစောင့်နှစ်ဦး စီ ရှိနေ၏။၎င်းတို့က အကြီးအကဲ ဝူရွှမ်းနှင့်အတူ လျူယောင် ရောက်လာသည်ကို မြင်သည်နှင့် ဤ နေရာမှ အရှင်သခင်အသစ် ရောက်လာပြီဖြစ်ကြော င်း ချက်ချင်းရိပ်မိကာ အနီရောင်တံခါးမကြီးအား အပြေးအလွှား ဖွင့်ပေးလိုက်ကြသည်။
အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် လျူယောင်၏ မျက်လုံးများမှာ ဝင်းလက်တောက်ပသွား၏။
ရှေ့မျက်နှာစာ ခြံဝန်းကြီးမှာ အလွန်ကျယ်ဝန်းလှပြီး စိမ်းလန်းစိုပြည်မှုမှာလည်း အဆင့်အတန်းရှိနေသ ည်။ဖြောင့်တန်းကျယ်ဝန်းသည့် ကျောက်ခင်းလမ်း များ၏ ဘေးဝဲယာတွင်လည်း လှပသော ပန်းပင်မျ ားနှင့် အရိပ်ရသစ်ပင်များကို စနစ်တကျ စိုက်ပျိုး ထားသဖြင့် သူ ကြည့်၍ပင် မဝနိုင်စရာပင်။
အိမ်တော်ကြီး၏ အကျယ်အဝန်းမှာလည်း ကြီးမား လှသဖြင့် အိမ်ကြီးတစ်လုံးထဲသို့ ရောက်နေသည်ထ က် ကျယ်ပြောလှသော သဘာဝဥယျာဉ်ကြီးတစ်ခု ထဲ ရောက်နေသကဲ့သို့ လျူယောင် ခံစားခဲ့ရသည်။
အထူးသဖြင့် နောက်ဖေးဥယျာဉ်မှာ ဧကပေါင်း ဆ ယ်နှင့်ချီ၍ ကျယ်ဝန်းမည်ဟု ခန့်မှန်းရသည်။
ဥယျာဉ်အတွင်းရှိ ကျောက်ဆောင်အတုများ၊စီးဆင် းနေသော ရေတံခွန်ငယ်များ၊ရေပေါ်တွင် ဆောက် ထားသော အနားယူဆောင် တဲအိမ်ကလေးများမှာ တော်ဝင်နန်းတွင်းဥယျာဉ်ထဲသို့ ရောက်နေသည့်အ လား ဖြစ်နေရ၏။
ဤအိမ်တော်၏ ဗိသုကာလက်ရာနှင့် စီမံကိန်းမှာ လျူယောင်အတွက် အတော်လေး စိတ်တိုင်းကျစရာ ဖြစ်နေသည်။
တစ်နာရီကျော်ခန့် ပတ်ပတ်လည် လှည့်လည်ကြည့် ရှုပြီးနောက် လျူယောင်က အားရကျေနပ်စွာ ပြော လိုက်၏။
"ဒီအိမ်က တကယ်ကို မဆိုးဘူးဗျာ... ကျွန်တော် အ ရမ်းသဘောကျတယ်"
ဝူရွှမ်းကလည်း စိတ်သက်သာရာရသွားဟန်ဖြင့် ပြန် ပြောလိုက်သည်။
"အခုမှပဲ ကျွန်တော့် ရင်ထဲက အပူလုံးကြီး ပြုတ် ကျသွားတော့တယ် သခင်လေးလျူရာ..”
"ဒါနဲ့ အကြီးအကဲဝူ...ဒီအိမ်တော်ကို ဈေးဘယ်လော က်နဲ့ ဝယ်ခဲ့တာလဲဗျ..ကျွန်တော် ငွေချေပေးပါ့မယ်”
ဝူရွှမ်းက ချက်ချင်းပင် လက်ကာပြရင်း ငြင်းဆန်လို က်၏။
"ဟာ...သခင်လေးလျူကလည်း ဘာငွေပေးစရာ လို မှာလဲဗျာ.. ဒီအိမ်တော်က ကျွန်တော်တို့ ဝူမိသားစု က ခင်ဗျားကို ပေးတဲ့ လက်ဆောင်ပါပဲ.."
"အာ..ဒီလောက် ခမ်းနားတဲ့ အိမ်ကြီးကို လက်ဆော င် အဖြစ် ပေးတာကတော့ နည်းနည်းများသလိုပဲဗျ"
"ဒီအိမ်တော်က ဘယ်လောက်ပဲကြီးကြီး သခင်လေး လျူကသာ လက်ခံပေးမယ်ဆိုရင် ကျွန်တော်တို့ ဝူမိ သားစုအတွက် အလွန်ဂုဏ်ယူစရာပါပဲဗျာ.."
ဝူရွှမ်းက ဤမျှအထိ အလေးအနက် ပြောဆိုနေသ ဖြင့် သူ ထပ်မံငြင်းဆန်နေပါက တစ်ဖက်လူ၏ စေ တနာကို စော်ကားရာ ရောက်ပေလိမ့်မည်။
ထို့ကြောင့် လျူယောင်က ပြုံးကာ ပြန်ဖြေလိုက်၏။
"ကောင်းပါပြီဗျာ... ခင်ဗျားတို့ဘက်က ဒီလောက် တောင် စေတနာရှိနေမှတော့ ကျွန်တော် ဒီလက်ဆေ ာင်ကို ဝမ်းမြောက်ဝမ်းသာပဲ လက်ခံပါ့မယ်"
ထိုစကားကြောင့် ဝူရွှမ်းမှာ အတိုင်းထက်အလွန် ဝမ် းသာသွားခဲ့ရသည်။လျူယောင်ကဲ့သို့သော ပုဂ္ဂိုလ် မျိုးက ထိုလက်ဆောင်ကို လက်ခံလိုက်ခြင်းကြောင့် ဝူမိသားစု၏ အခြေအနေမှာ ဟိုင်ကျိုးမြို့တွင် ပိုမိုခို င်မာသွားမည်ဖြစ်၏။
နောင်တစ်ချိန်တွင် ဘေးအန္တရာယ်တစ်ခုခု ကြုံလာ ရပါက လျူယောင်၏ စကားတစ်ခွန်းကပင် ဝူမိသာ းစုအား ကယ်တင်နိုင်ပေလိမ့်မည်။
သခင်လေး လျူက ကောင်းကင်အဆင့် ကျင့်ကြံသူ ပင်မဟုတ်ပေလော။
လျူယောင်သည်လည်း ဟိုင်ကျိုးမြို့တွင် အခြေချ နေထိုင်စရာ နေရာတစ်ခု အတည်တကျ ရရှိသွားပြီ ဖြစ်သဖြင့် စိတ်အေးသွားရသည်။
"ဒါနဲ့... ကျွန်တော် ခုနက လိုက်ကြည့်တော့ အိမ် တော်ထဲမှာ လူအချို့ ရှိနေတာ တွေ့ခဲ့တယ်.. သူတို့ က ဘယ်သူတွေလဲဗျ"
ထိုစဉ် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး သည် လျူယောင်တို့နောက်မှ အတန်ကြာအောင် တိ တ်တဆိတ် လိုက်ပါလာခဲ့သည်။ထိုလူသည် ဤအိမ် တော်၏ အိမ်တော်ထိန်းဖြစ်ပြီး အရှင်သခင်အသစ် ပြောင်းလဲသွားပြီဖြစ်သဖြင့် သူ၏ အနာဂတ် အတွ က် စိုးရိမ်ပူပန်ကာ စိတ်မသက်မသာ ဖြစ်နေခဲ့၏။
..
အိမ်တော်ထိန်းသည် လျူယောင်၏ မေးခွန်းကို ကြ ားလိုက်ရသည်နှင့် မိမိ၏ အနာဂတ်အတွက် စိုးရိ မ်စိတ်ဖြင့် တုန်လှုပ်သွားကာ အခွင့်အရေးကို လက် လွတ်မခံဘဲ ချက်ချင်း ရှေ့သို့ တိုးထွက်လာခဲ့သည်။
သူသည် ခန္ဓာကိုယ်အား ကိုင်းညွတ်၍ လျှင်မြန်စွာ လျှောက်တင်လိုက်၏။
"သခင်လေးလျူ... ကျွန်တော်တို့အားလုံးက သခင့် ရဲ့ သစ္စာရှိ အစေခံတွေပါခင်ဗျာ..ဒီအိမ်တော်ကြီးကို အမြဲမပြတ် ကြည့်ရှုစောင့်ရှောက်ပေးပြီး သခင် စိ တ်တိုင်းကျဖြစ်အောင် အကောင်းဆုံး လုပ်ဆောင် ပေးဖို့ အသင့်ရှိနေပါတယ်ခဗျ.."
***