သူ့ရှေ့မှာရှိသည့် လူလတ်ပိုင်းအရွယ် အမျိုးသား ကိုကြည့်ရင်း လျူယောင် မေးလိုက်၏။
"ခင်ဗျားက ဒီစံအိမ်ရဲ့ အိမ်တော်ထိန်းလား"
ထိုအမျိုးသားမှာ နဖူးပေါ်တွင် ချွေးစေးများ ပျံနေပြီ း သခင်အသစ်၏ ငြိုငြင်မှုကို ခံရမည်ကို အလွန် စိုးရိမ်နေပုံရသည်။
သူက ရိုသေစွာ ပြန်ဖြေလိုက်၏။
"ကျွန်တော့်နာမည် ထန်ဟုန်ယီပါ..သခင်.. ဒီအိမ်ရဲ့ အိမ်တော်ထိန်းလည်း ဖြစ်ပါတယ်.. ကျွန်တော်မျိုး အနေနဲ့ သခင့်ကို စိတ်နှလုံးသားတည်းကနေ အကြွင် းမဲ့ လုပ်ကိုင်ပေးပါ့မယ်.. ဒီစံအိမ်မှာ ကျွန်တော် အ ပါအဝင် အစေခံ စုစုပေါင်း ၂၁ ယောက် ရှိပါတယ် ခင်ဗျာ.."
သူသည် အိမ်တော်၏ အခြေအနေကို အတိုချုပ်ရှင်း ပြရင်း မိမိ၏ သစ္စာရှိမှုကိုလည်း တစ်ပါတည်း ထည့် သွင်းပြောဆိုသွားခြင်းဖြစ်သည်။
ဤကမ္ဘာတွင် အစေခံဟူသည် အရောင်းအဝယ်စာ ချုပ်ဖြင့် ချည်နှောင်ခံထားရသူများ ဖြစ်၏။ထို့ကြေ ာင့် သခင်ဖြစ်သူသာလျှင် သူတို့အပေါ်တွင် အကြွင် းမဲ့ အာဏာရှိပြီး အစိုးရအပါအဝင် မည်သူမျှ ဝင် ရောက်စွက်ဖက်နိုင်ခွင့်မရှိပေ။
ထန်ဟုန်ယီသည် လျူယောင်၏ မျက်နှာရိပ်မျက်နှာ ကဲကို အကဲခတ်ရင်း အလွန်ပင် သတိထားနေရ၏။ အကယ်၍ သခင်အသစ်သာ စိတ်အလိုမကျဖြစ်သွာ းပါက မိမိ၏ ကံကြမ္မာမှာ ဆိုးရွားသွားနိုင်သည်ကို သူကောင်းကောင်း နားလည်ထားသောကြောင့်ပင် ဖြစ်သည်။
ကြည့်ရသည်မှာ ဤအိမ်တော်ထိန်းသည် အလုပ်လု ပ်ပုံ ကိုင်တွယ်ပုံ မဆိုးလှပေ။လျူယောင်က ကျေန ပ်သည့်သဘောဖြင့် ခေါင်းညိတ်ပြရင်း အမိန့်ပေးလို က်၏။
"ခင်ဗျားပဲ ဒီလူတွေနဲ့ ဒီအိမ်တော်ကို စနစ်တကျရှိ အောင် ဆက်ပြီး စီမံခန့်ခွဲပေးပါ.."
"ဟုတ်ကဲ့... စိတ်ချပါသခင်..ကျေးဇူးအထူးတင်ပါ တယ်ခင်ဗျာ.."
ထန်ဟုန်ယီမှာ ဝမ်းသာအားရဖြင့် သူ့ရင်ထဲတွင် စိတ် လှုပ်ရှားသွားရသည်။သူသည် ပထမဆုံးအဆင့်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီး ဤအိမ်တော်တွင် အိမ်တော်ထိန်းအဖြစ် ဆက်လက် နေထိုင်ခွင့် ရသွား ပြီဖြစ်ကြောင်း နားလည်လိုက်သည်။
ဝူယူကန်းက အကဲခတ်ရင်းမေးမြန်းလိုက်၏။
"သခင်လေးလျူ အခုက နေ့လယ်စာစားချိန် ရောက် နေပါပြီ..သခင်လေး အဆင်ပြေပြေ သုံးဆောင်နိုင်ဖို့ ကျွန်တော်တို့ ပြင်ဆင်ထားပါတယ် သခင်လေး အ ချိန်ရနိုင်မလားခင်ဗျ.."
လျူယောင်ကလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်ပြော လိုက်၏။
"မင်းက ဒီလောက်တောင် ယဉ်ကျေးနေမှတော့ ... ငါ လည်း ဗိုက်နည်းနည်းဆာနေတာနဲ့ အတော်ပဲ.. ကဲ... သွားစားကြတာပေါ့"
လူအုပ်ကြီးက သူ့ကို ရိုသေစွာ ဝန်းရံထားကြပြီး လျူယောင်က ရှေ့ဆုံးမှ ဦးဆောင်ကာ လျှောက်လာ ခဲ့သည်။အိမ်တော်ပြင်ပရှိ ဂိတ်တံခါးသို့ ရောက်သေ ာအခါ ကားပေါ်သို့ လျူယောင် တက်လိုက်သည်။ ကျန်ရှိနေသော အစေခံများမှာမူ ကားနှင့် လိုက်ပါစီး နင်းခွင့် မရှိကြပေ။
"ဝူး.ဝူး.."
ကားလေးသည် စတင်ထွက်ခွာလာခဲ့သည်။ဝူယူကန် းက ဟိုင်ကျိုးမြို့၏ အကောင်းဆုံးနှင့် အခမ်းနား ဆုံး စားသောက်ဆိုင်သို့ ဆက်၍ လမ်းပြပေးလိုက် သည်။ထိုစားသောက်ဆိုင်မှာ ဝူမိသားစုပိုင်ဆိုင်သေ ာ ဆိုင်ပင် ဖြစ်၏။
လျူယောင်နှင့် ရင်းနှီးသည့် ဆက်ဆံရေးတစ်ခု တ ည်ဆောက်နိုင်ရန်အတွက် ဝူရွှမ်းက အိမ်ကြီးတစ်လုံ းသာမက ယခုကဲ့သို့ ခမ်းနားထည်ဝါသော တည်ခ င်းဧည့်ခံမှုကိုပါ စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
ညစာသုံးဆောင်ပြီးနောက် လျူယောင် သူ၏အိမ် တော်အသစ်သို့ ပြန်ရောက်လာ၏။အိမ်တော်၏ ဂိ တ်ဝတွင် လျူယောင်၏ကား ရပ်လိုက်သည်နှင့် အိ မ်တော်ထိန်း ထန်ဟုန်ယီက အပေါက်ဝ၌ ကြိုတင် စောင့် ကြိုနေသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရ သည်။
လျူယောင်၏ ကားကို မြင်သည်နှင့် ထိုအိမ်တော် ထိန်းက ချက်ချင်း ရှေ့သို့ အပြေးထွက်လာကာ ရို သေစွာ နူတ်ဆက်လိုက်၏။
"သခင်... ပြန်လာပြီလားခင်ဗျာ"
လျူယောင်က ကျေနပ်သည့်အမူအရာဖြင့် ခေါင်းညိ တ်ပြလိုက်သည်။ထန်ဟုန်ယီ၏ လုပ်ဆောင်ချက်မျာ းကို သူ အတော်ပင် သဘောကျနေမိ၏။
ဤလူသည် အရည်အချင်းရှိရုံသာမက သခင်၏ အ လိုကိုလည်း အမြဲဂရုစိုက်တတ်သည့် အိမ်တော်ထိန်း တစ်ဦးလည်း ဖြစ်ပေသည်။
ထိုမျှ စွမ်းဆောင်ရည်ရှိသည့်သူမျိုးကို အနာဂတ်တွ င် အသုံးချရန် လျူယောင် ဆုံးဖြတ်လိုက်၏။ထန် ဟုန်ယီက လျူယောင်ကို အိမ်ထဲသို့ လိုက်လံပို့ဆော င်ရင်း မေးမြန်းလိုက်သည်။
"သခင်... သခင့်အတွက် အခန်းကို အဆင်သင့် ပြင် ဆင်ထားပြီးပါပြီ..အခုပဲ သွားကြည့်ချင်ပါသလား ခင်ဗျာ"
"ကောင်းပြီ... ငါ့ကို အခန်းဆီ ခေါ်သွားပေး .ငါအနား ယူချင်နေပြီ.."
လျူယောင်၏ အခန်းမှာ နောက်ဖေးဘက်ခြံဝန်းထဲ တွင် ရှိပြီး အလွန်ပင် သန့်ရှင်းသပ်ရပ်လှ၏။
ဤအိမ်တော်တစ်ခုလုံးတွင် အကြီးဆုံးနှင့် အကောင် းဆုံး အခန်းကြီး ဖြစ်ပြီး အခန်းအပြင်အဆင်မှာလ ည်း အလွန်ကျယ်ဝန်းလှသည်။
အိပ်ခန်းအရွယ်အစား တစ်ခုတည်းကပင် စတုရန်းမီ တာ ဆယ်ဂဏန်းမက ကျယ်ဝန်းပြီး အခန်းအလယ် ရှိ အိပ်ရာကြီးမှာမူ အထူးပင် ထင်ရှားလှ၏။ခမ်းနား ထည်ဝါသော ပန်းပုလက်ရာများ ထွင်းထုထားပြီး အဆင့်မြင့် ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် ထိုအိ ပ်ရာကြီးမှာ အကျယ် နှစ်မီတာကျော် ရှိနေသည်။
ထိုမျှ ကြီးမားလှသော အိပ်ရာပေါ်တွင် လူတစ်ယော က်တည်း မည်သို့ အိပ်ရမည်နည်း။ ဤအိပ်ရာမျိုး သည် လူသုံးလေးယောက်ပင် ကောင်းကောင်း အိပ် စက်နိုင်လောက်အောင် ကျယ်ဝန်းလှပေသည်။
အခန်းထဲရှိ ပရိဘောဂအသုံးအဆောင်အချို့မှာ အ သစ်စက်စက်များဖြစ်ပြီး အိပ်ရာပေါ်ရှိ စောင်မှာပင် အသစ်ကျပ်ချွတ် ဖြစ်နေသည်ကို လျူယောင် သတိ ပြုမိလိုက်သည်။သူက ကျေနပ်သည့်အမူအရာဖြင့် ခေါင်းညိတ်လိုက်မိ၏။
ထိုလူသည် သခင်အသစ် ရောက်မလာခင်ကပင် လို အပ်သည်များကို ကြိုတင်ပြင်ဆင်ထားပုံ ရသည်။ လျူယောင်က ယွမ် 100,000 တန်ဖိုးရှိသော ရွှေလ က်မှတ်ပြားကို ထုတ်ပေးရင်း အမိန့်ပေးလိုက်၏။
"ဒီလောက်ကြီးတဲ့ အိမ်တော်မှာ အစေခံ ၂၁ ယောက် ပဲ ရှိတာက နည်းလွန်းတယ်..လူ ထပ်ငှားဖို့ လိုမယ်.. ဒါကို ခင်ဗျားပဲ စီစဉ်လိုက်ပါ... ဝယ်စရာရှိတာဝယ်.. သုံးစရာရှိတာ သုံးဖို့ ဒါကို ယူထားလိုက်"
ထန်ဟုန်ယီသည် ရွှေလက်မှတ်ပြားကို လက်ခံရရှိပြီ းနောက် ၎င်းပေါ်တွင် ရေးထိုးထားသော တန်ဖိုးမှာ တစ်သိန်းဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူ့ မျက်စိကိုပင် သူ့မယုံကြည်နိုင်ဘဲ မှင်သက်သွား ရ သည်။
"ဘုရားရေ..ဒါ... ဒါက..."
သူသည် အံ့အားသင့်လွန်းသဖြင့် စကားပင် ကောင်း ကောင်း ဆက်မပြောနိုင်တော့ပေ။အိမ်တော်၏ သခ င်အသစ်သည် အမှန်တကယ်ပင် ရက်ရောလွန်းလှ ၏။သူက လက်ဖျောက်တစ်ချက်တီးလိုက်ရုံဖြင့် တ စ်သိန်းတ န် ရွှေလက်မှတ်ကို ပေးပစ်နိုင်သည်အထိ သဘောထားကြီးလှပေသည်။
ခဏတာ မှင်သက်သွားပြီးနောက် ထန်ဟုန်ယီက သ တိပြန်ဝင်လာပြီး လျင်မြန်စွာ ပြန်ဖြေလိုက်၏။
"ကောင်းပါပြီခင်ဗျာ... သခင့်ရဲ့ ဆန္ဒအတိုင်း အရာ အားလုံးကို အကောင်းဆုံးဖြစ်အောင် စီစဉ်လိုက်ပါ့ မယ်.."
ထို့နောက် လျူယောင်က ခဏစဉ်းစားလိုက်ရင်း ထ ပ်မေးလိုက်၏။
"ဒါနဲ့... ခင်ဗျားရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက် လဲ"
ထန်ဟုန်ယီက အမှန်အတိုင်း ဖြေလိုက်သည်။
"ကျွန်တော်မျိုးရဲ့ အရည်အချင်းက ညံ့ဖျင်းလှပါတ ယ် သခင်..ကျွန်တော် ခုနစ်နှစ်သားအရွယ်ကတည်း က စတင်လေ့ကျင့်ခဲ့တာ ဖြစ်ပေမဲ့ အခုထက်ထိ ရွှမ် အဆင့် (၄) မှာပဲ ရှိပါသေးတယ်ခင်ဗျာ.."
ရွှမ်အဆင့် (၄) ဆိုသည်မှာ သူ၏ အမြင်တွင်မူ အမှ န်တကယ်ပင် အားနည်းလွန်းသည့် အဆင့်တစ်ခုသာ ဖြစ်၏။
ထန်ဟုန်ယီမှာမူ မိမိ၏ အရည်အချင်း ညံ့ဖျင်းမှုနှင့် အင်အားနည်းပါးမှုတို့ကြောင့် သခင်အသစ်၏ ငြိုငြ င်မှုကို ခံရကာ စွန့်ပစ်ခံရမည်ကို အလွန်ပင် စိုးရိမ်နေ မိသည်။
သို့သော်လည်း လျူယောင်က ခဏတာ စဉ်းစားလို က်ပြီးနောက် သေးငယ်သော ဖန်ပုလင်းလေးတစ် လုံးကို ထုတ်ယူကာ ပြောလိုက်၏။
"ငါ့မှာ ဆေးတစ်ပုလင်းရှိတယ်.. ဒါကို သောက်လိုက် ရင် ခင်ဗျားရဲ့ အရည်အချင်းက အများကြီး တိုးတ က်လာလိမ့်မယ်..အနာဂတ်မှာ အမြင့်ဆုံးအထိ တက် လှမ်းနိုင်ဖို့အတွက် ဘာအခက်အခဲမှ ရှိမှာမဟုတ်ဘူး ..."
ထန်ဟုန်ယီမှာ ထိုစကားကို ကြားလိုက်ရုံနှင့်ပင် ရင် သပ်ရှုမော ဖြစ်သွားရသည်။
"ဘာ..ဒီလောက်အစွမ်းထက်တဲ့ ကောင်းကင်အဆ င့်ဆေးမျိုး ရှိနိုင်ပါ့မလား..."
ကောင်းကင်အဆင့်ကျင့်ကြံသူ တစ်ဦး ဖြစ်လာနိုင် သည်ဆိုခြင်းမှာ ထန်ဟုန်ယီအတွက် အိပ်မက် တစ် ခုနှင့်ပင် တူနေ၏။အကယ်၍ ထိုအဆင့်သို့ သူ ရော က်သွားပါက သူ၏ သက်တမ်းမှာလည်း ပိုရှည် လာ မည် ဖြစ်သည်။အသက်နှစ်ရာကျော်အထိ နေထိုင်ရ န်မှာ သူ၏အဖို့ ပြဿနာမဟုတ်တော့ပေ။
လျူယောင်က ထိုဆေးပုလင်းကို ကမ်းပေးရင်း အေ းဆေးစွာပင် ပြောလိုက်၏။
"ဒီဆေးကို ခင်ဗျားကို ကျုပ် ပေးနိုင်တယ်.. ဒါပေမဲ့ တစ်ခုပဲ... ခင်ဗျား ကျုပ်အပေါ်မှာ စိတ်ရင်းမှန်နဲ့ သ စ္စာရှိရမယ်.."
ထန်ဟုန်ယီသည် တုန်ရင်နေသော လက်များဖြင့် ထို ဆေးပုလင်းကို လှမ်းယူလိုက်သည်။ထို့နောက် ချက် ချင်းပင် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပြီး ကျ ယ်လှောင်စွာ အော်ပြောလိုက်၏။
"ဒီနေ့ကစပြီး ကျွန်တော်မျိုး ထန်ဟုန်ယီဟာ သခင့် အပေါ်မှာ သေသည့်တိုင်အောင် သစ္စာရှိပါ့မယ်.. တ ကယ်လို့ မနာခံမှု တစ်စုံတစ်ရာ ရှိခဲ့ရင် မိုးကြိုးအကြိ မ်ကြိမ် အပစ်ခံရပါစေဗျာ.."
"ကဲ... ထပါတော့..ဒီလောက်ဆို ရပါပြီ.."
ထန်ဟုန်ယီသည် မြေပြင်မှ ထရပ်လိုက်ပြီးနောက် လျူယောင်၏ ရှေ့မှာပင် မျိုးရိုးဗီဇပြောင်းဆေးရ ည်ကို တစ်စက်မကျန် သောက်ချလိုက်သည်။
"ကဲ... ခင်ဗျား သွားလို့ရပြီ..အချိန်ရရင် ဆေးအာနိ သင်ကို အသုံးချပြီး ကျင့်စဉ်ကို လေ့ကျင့်ကြည့်လို က်ဦး"
"ဟုတ်ကဲ့ပါ သခင်.."
ထန်ဟုန်ယီ ထွက်သွားပြီးနောက် လျူယောင်သည် အချိန်ကို ကြည့်လိုက်၏။သူသည် ယနေ့မွန်းလွဲပိုင်း တွင် အပြင်မထွက်တော့ဘဲ ကောင်းကင်အဆင့်ကျင့် စဉ်ကိုသာ ကျင့်ကြံဖို့ ဆုံးဖြတ်လိုက်က်သည်။
ဤဂိုဝူကမ္ဘာတွင် သဘာဝစွမ်းအင်မှာ အလွန်ပင် ထူ ထပ်များပြားလှ၏။သူ့ ကမ္ဘာသို့ ပြန်သွားသည့်အခါ တိုင်း ကျင့်စဉ်တိုးတက်မှုနှုန်းမှာ အလွန်နှေးကွေးလွ န်းသဖြင့် ရက်အတော်ကြာ အားထုတ်ပြီးမှသာ မြေ ကမ္ဘာအဆင့် (၃) မှ အဆင့် (၄) သို့တက်လှမ်းနိုင်ခဲ့ခြ င်းဖြစ်သည်။
သို့သော်လည်း ထိုအမြန်နူန်းအား အခြားသူများသာ သိလျှင်မူ မနာလိုဖြစ်ကြမည်မှာ အသေအချာပင်။
ဆယ်ရက်အတွင်း ကျင့်စဥ်အဆင့်တစ်ဆင့် တက်လှ မ်းနိုင်ခြင်းမှာ ကောင်းကင်ဘုံကို ဆန့်ကျင်သော ပါရ မီရှင်အဆင့်ပင် ဖြစ်သော်လည်း လျူယောင်ကမူ ထို အရှိန်နူန်း အားမရနိုင်သေးပေ။
ကျင့်စဉ်မစတင်မီတွင် လျူယောင်သည် သူ၏ အိမ် မွေးတိရစ္ဆာန်ချပ်ပြားကို ဖွင့်လိုက်ပြီး ထန်ဟုန်ယီအ ား စွမ်းရည်အမှတ် ၅၀၀ ပေးလိုက်၏။ဤအချိန်မှ စ၍ ထန်ဟုန်ယီ၏ ရုပ်ပိုင်းဆိုင်ရာ အရည်အသွေးမျ ားမှာ သိသိသာသာ ပြောင်းလဲလာခဲ့ရသည်။
အကယ်၍ ကျင့်စဉ်ကိုသာ သူ ဆက်လက်လေ့ကျင့် မည်ဆိုပါက ယခင်ကကဲ့သို့ အမှိုက်ဟု ခေါ်ခံရမည့် အရည်အချင်းမျိုး ရှိတော့မည်မဟုတ်ပေ။
ထိုကိစ္စကို အဆုံးသတ်ပြီးနောက် လျူယောင်သည် သူ၏ကျင့်စဉ်ကို စတင်လိုက်သည်။ခဏအကြာတွ င် ကျင့်စဉ်အရှိန်မှာ နောက်တစ်ဆင့်သို့ ရောက်ရှိသွာ းပြီး နေရထိုင်ရသည်မှာ သက်တောင့်သက်သာ ရှိ လွန်းလှသဖြင့် သူ အော်ဟစ်လိုက်ချင်စိတ်ပင် ပေ ါက်လာရသည်။
"ဟုတ်တယ်..ဒီခံစားချက်မျိုးပဲ..."
မိမိပတ်ဝန်းကျင်ရှိ ထူထဲလှသော သဘာဝ စွမ်းအင် များကို ရှင်းလင်းစွာ ခံစားနေရပြီး ကျင့်စဉ်လည်ပ တ်လိုက်သည်နှင့် ထိုစွမ်းအင်များမှာ စစ်မှန်သော ချီ စွမ်းအင်အဖြစ် အဆက်မပြတ် ပြောင်းလဲလာခဲ့၏။
လျူယောင်၏ ကျင့်ကြံနူန်းမှာ သိသိသာသာပင် တိုး တက်လာခဲ့သည်။
သုံးနာရီ၊ လေးနာရီခန့်သာ ကြာမြင့်ချိန်တွင်မူ သူသ ည် မြေကမ္ဘာ အဆင့်(၅) သို့ အောင်မြင်စွာ တက်လှ မ်းနိုင်ခဲ့သည်။ဤတိုးတက်မှုနှုန်းမှာ မယုံနိုင်လောက် အောင်ပင် မြန်ဆန်လှပေသည်။
အကယ်၍ တစ်စုံတစ်ယောက်သာ သူ့အား မြေကမ္ဘ ာအဆင့်(၄) မှ အဆင့်(၅) သို့ ရောက်ရန် သုံးလေးန ာရီသာ အချိန်ယူခဲ့ရသည်ကို သိသွားပါက သူတို့ ၏ မေးရိုးများမှာ မြေပြင်ပေါ် ပြုတ်ကျသွားသည် အထိ အံ့အားသင့်သွားလောက်မည်။
ကျင့်စဉ်လေ့ကျင့်ခြင်း အမှုကိစ္စပြီးဆုံးသွားသော အခါ လျူယောင်သည် အခန်းထဲမှ ထွက်လာခဲ့ပြီး နောက်ဖေးဥယျာဉ်ဆီသို့ အေးအေးဆေးဆေးလမ်း လျှောက်ထွက်လာခဲ့သည်။ညနေခင်း အချိန်အခါဖြ စ်သည့်အလျောက် ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဆ ည်းဆာရောင်နည်အောက်တွင် တင့်တယ်လှပနေပေ သည်။
ထိုသို့ သူ အနားယူနေစဉ်မှာပင် ခဏအကြာ၌ ထန် ဟုန်ယီ ရောက်လာ၏။
***