"သခင်... ညစာအဆင်သင့်ဖြစ်ပါပြီ.. ကြွရောက်သုံး ဆောင်ပေးပါခင်ဗျ.."
အိမ်တော်ထိန်းထန်ဟုန်ယီ၏ လေသံနှင့် အမူအရာ မှာ ယခင်ကထက် ပိုမိုရိုသေလေးစားမှုကို ဖော်ပြနေ သည်။သူသည် ခန္ဓာကိုယ်ကို ညွတ်ကာ ခေါင်းငုံ့လျ က် အရိုအသေပေးနေ၏။
အမှန်စင်စစ် ၎င်းမှာ မျိုးရိုးဗီဇပြောင်းဆေးကြောင့် သာမကဘဲ နှလုံးသားထဲမှ စိမ့်ထွက်လာသည့် စစ်မှ န်သော ကျေးဇူးသိတတ်မှုကြောင့်လည်း ဖြစ်ပေသ ည်။ဒီနေ့မွန်းလွဲပိုင်းတွင် သူကိုယ်တိုင် လက်တွေ့ လေ့ ကျင့်ခဲ့ရသည် မဟုတ်ပေလော။
သူက ခဏတာ လေ့ကျင့်ရုံဖြင့် ကျင့်ကြံခြင်းအဆင့် တစ်ဆင့်တက်လာခြင်းမှာ သခင်ပေးသည့်ဆေးသ ည် သူ၏ ကျင့်ကြံနိုင်စွမ်းကိုပါ အမှန်တကယ် ပြေ ာင်းလဲပေးနိုင်ကြောင်း သက်သေပြနေသည်။
ထို့ကြောင့်ပင် သူသည် ယနေ့ည လေ့ကျင့်မှုကို အ လွန်စိတ်အားထက်သန်စွာ မျှော်လင့်နေမိ၏။ခဏတ ာလေ့ကျင့်ရုံဖြင့် ဤမျှအကျိုးထူးလျှင် တစ်ညလုံး အားသွန်ခွန်စိုက် လေ့ကျင့်ပါက မည်မျှအထိ တိုးတ က်သွားမည်နည်း။
ထိုကျေးဇူးတရားများက သူ၏ စိတ်နှလုံးအောက် ခြေအထိ စိမ့်ဝင်နေသဖြင့် သူ၏ လှုပ်ရှားမှုတိုင်းတွ င် ကြည်ညိုလေးစားမှုများ အထင်အရှား ပေါ်လွင် နေပေသည်။
နေဝင်ရီတရော အချိန်အခါ၏ လှပသောမြင်ကွင်း ကို ကြည့်ရှုရင်း လျူယောင်က လက်ကိုဝှေ့ယမ်းက ာ ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပြီ... ခင်ဗျားပဲ ရှေ့ကလမ်းပြပါ.."
ဤအိမ်တော်ကြီးမှာ အလွန်တရာ ကျယ်ဝန်းလှပြီး အဆောင်အဦးများစွာဖြင့် ဖွဲ့စည်းထားသဖြင့် အိမ် ရှင်ဖြစ်သည့် လျူယောင်ကိုယ်တိုင်ပင် နေရာအနှံ့ ကို သေချာ မသိသေးပေ။ထန်ဟုန်ယီက ရှေ့မှနေ၍ အလွန်ရိုသေစွာဖြင့် လျူယောင်အား စားသောက် ဆောင်ဆီသို့ ဦးဆောင်၍ ခေါ်လာခဲ့သည်။
လျူယောင်အတွက် သီးသန့်ပြင်ဆင်ထားသော ထို စားသောက်ဆောင်မှာ အလွန်ပင် ခမ်းနားထည်ဝါလှ ၏။အစေခံများစွာမှာလည်း သပ်ရပ်စွာ တန်းစီ စော င့်ကြိုနေကြပြီး လျူယောင် ဝင်လာသည်နှင့် တပြိုင် နက် နူတ်ဆက်သံများက စားသောက်ဆောင် ခန်းမ တစ်ခုလုံး ဆူညံလာခဲ့သည်။
"သခင်ကြီး... ကြွရောက်လာတာကို ကြိုဆိုပါတယ် ခင်ဗျာ/ရှင်.."
လျူယောင်က ကျေနပ်စွာ ခေါင်းညိတ်ပြပြီးနောက် နေရာတွင် ထိုင်၍ စားသောက်ရန် ပြင်ဆင်လိုက်သ ည်။မကြာမီမှာပင် ဝတ်ကောင်းစားလှများ ဝတ်ဆင် ထားသည့် အစေခံများက အနံ့အရသာနှင့် ပြည့်စုံ သော ဟင်းလျာများကို တစ်ခုပြီးတစ်ခု စနစ်တကျ လာချပေးလိုက်၏။
အချိန်ခဏလေးအတွင်းမှာပင် စားပွဲအပြည့် ဟင်း လျာများဖြင့် ပြည့်နှက်နေပြီး နာမည်ကျော် ဝိုင်တစ် ပုလင်းလည်းပါဝင်ပေသည်။ထိုဝိုင်ကို မြင်သည်နှင့် လျူယောင်၏ စိတ်ဝင်စားမှုမှာ မြင့်တက်လာပြီး န ည်းနည်း မြည်းစမ်းကြည့်ရန် သူ ဆုံးဖြတ်လိုက်၏။
ဤကမ္ဘာ၏ ကုန်ကြမ်းပစ္စည်းများကပင် ထူးခြား နေ ၍လား သို့မဟုတ် ချက်ပြုတ်ပုံနည်းစနစ်များကပဲ ကွဲပြားနေ၍လား မသိသော်လည်း ဝိုင်၏ အရသာ မှာ သူသိခဲ့ဖူးသည့် မောက်ထိုင်ဝိုင်တို့ထက်ပင် ကော င်းမွန်နေပေသည်။
ဝိုင်အရသာကို နားလည်သူတစ်ယောက်သာဆိုလျှင် ဤမျှထူးကဲသော အရသာကို မြည်းစမ်းလိုက်ရုံဖြင့် "အံ့ဩစရာ ကောင်းလိုက်တဲ့ အရသာဟု မချီးမွမ်း ဘဲ နေနိုင်မည်မဟုတ်ပေ။
လျူယောင်တစ်ယောက် စားသောက်နေစဉ်အတွင်း အစေခံငါးဦး၊ခြောက်ဦးခန့်က သူ့ အနားတွင် အသ င့်ရှိနေကြသည်။အချို့အပျိုတော်လေးများက ဝိုင် ကို ဂရုတစိုက် လောင်းထည့်ပေးကြပြီး အချို့က ဟ င်းပန်းကန်များကို လဲလှယ်ပေးကြ၏။
ထို့အပြင် လိုအပ်သည့်အချိန်တိုင်းတွင် ပါးစပ်သုတ် ရန်အတွက် ပုဝါအိအိလေးများကိုပါ အချိန်ကိုက် က မ်းပေးနေခဲ့သည်။
လျူယောင်က အရသာရှိသော ဟင်းလျာများကို မြ ည်းစမ်းပြီးတိုင်း အစေခံများက ပန်းကန်လုံးအသစ် ဖြင့် ချက်ချင်းလဲလှယ်ပေးကြသည်။ဤဂိုဝူကမ္ဘာ၌ တစ်နပ်စာ စားသောက်ချိန်အတွင်း သူ ရရှိခဲ့သည့် အထူးအခွင့်အရေးနှင့် ဝန်ဆောင်မှုမျိုးမှာ သူ့ တစ် သက်နှင့်တစ်ကိုယ် တစ်ခါမျှ မကြုံဖူးသည့် အတွေ့ အကြုံသစ်ပင် ဖြစ်ခဲ့ရသည်။
"တကယ်ကို..လူကို ပျက်စီးစေနိုင်တဲ့ စည်းစိမ် ခံစား ခြင်းပဲကွာ.."
လျူယောင်က စိတ်ထဲတွင် ထိုသို့တွေးမိသော်လည်း ထိုအခြေအနေကိုလည်း သူ အလွန်သဘောကျမိ သ ည်။မိမိတစ်ယောက်တည်းအတွက် လူများစွာက ဝိုင် းဝန်းပြုစုယုယပေးနေသည့် သက်တောင့်သက်သာ ရှိမှုမျိုးအား မည်သူကများ ငြင်းပယ်နိုင်မည်နည်း။
ဤကမ္ဘာတွင် ညဘက်၌ ထူးထူးခြားခြား ဖျော်ဖြေ ရေးဟူ၍ မရှိချေ။လမ်းမပေါ်ထွက်၍ အပျော်ရှာသ ည်မှလွဲလျှင် ကျန်သည့်အချိန်မှာ စောစောစီးစီး ရေ ချိုးအနားယူရန်သာ ရှိ၏။
သို့သော်လည်း ရေချိုးရန် ပြင်ဆင်ထားမှုများက သူ စားသောက်ချိန်ထက်ပင် အံ့သြစရာ ပို ကောင်းနေပြ န်သည်။လှပချောမောသည့် အစေခံအပျိုတော် ငါးဦ း၊ခြောက်ဦးခန့်က သူ့ကို ပြုစုပေးရန် အသင့်စောင့် ကြိုနေ၏။
သူက ရေနွေးနွေးလေးဖြည့်ထားသည့် သစ်သားစ ည် ကြီးထဲတွင် သက်တောင့်သက်သာ ထိုင်နေရုံသာ ဖြစ်သည်။အပျိုတော်လေးများက သူ၏ကျောပြင်နှ င့် ခန္ဓာကိုယ်အနှံ့ကို နူးညံ့စွာ ပွတ်သပ်၍ သန့်ရှင်း ပေးနေကြသည်။
"အိုး နေလို့ကောင်းလိုက်တာကွာ..."
"တကယ်ကို နေလို့ကောင်းလွန်းတယ်..."
အစပိုင်းတွင် လျူယောင်က အနည်းငယ် နေမထိထို င်မသာဖြစ်သဖြင့် ငြင်းဆန်လိုက်သေးသည်။
"ကျုပ်ဘာသာပဲ လုပ်ပါ့မယ်..ခင်ဗျားတို့အားလုံး ထွ က်သွားကြပါ.."
သို့သော်လည်း အစေခံမိန်းမပျိုလေးများမှာ တစ်ဦး ကိုတစ်ဦး ကြည့်ကာ မျက်နှာငယ်လေးများ ဖြစ်သွာ းကြပြီး အချို့မှာမူ ငိုရှိုက်နေကြ၏။သူမတို့ လုပ် ကိုင်ပေးမှုကို သခင်က မနှစ်သက်သဖြင့် တစ်နေရာ ရာသို့ ရောင်းစားပစ်တော့မည်ဟု ထိုမိန်းခလေးများ က စိုးရိမ်နေခြင်း ဖြစ်လောက်မည်။
"ကောင်းပြီ... ကောင်းပြီ... မငိုကြနဲ့တော့.."
သူမတို့၏ မျက်ရည်များကြောင့် လျူယောင်လည်း နောက်ဆုံးတွင် အလျှော့ပေးလိုက်ရ၏။ဤသို့ဖြင့် သူသည် အပျိုတော်လေးများ၏ ပြုစုမှုအောက်တွင် တစ်ကိုယ်လုံး သန့်ရှင်းစင်ကြယ်သွားအောင် ဇိမ်ခံရ င်း ရေချိုးနေလိုက်သည်။
ရေချိုးပြီးနောက် မိန်းမပျိုးလေးများက အိပ်ရာဝင် သည်အထိ ပြုစုဖျော်ဖြေရန် ပြင်ဆင်ကြသော်လည် း သူ အမြန်တားမြစ်လိုက်ရ၏။
"ရပြီ..ရပြီ..မလုပ်နဲ့တော့.."
"ငါ့မှာလည်း ငါ့စည်းကမ်းနဲ့ငါ ရှိသေးတယ်" ဆိုကာ လက်ကို ခါယမ်းပြီး လျူယောင်က ပြတ်ပြတ်သား သား ငြင်းဆန်လိုက်သည်။
ရိုးရိုးသားသား ပြောရလျှင် ထိုကဲ့သို့ ပြုစုမှုကို သူ မလိုချင်သည်မဟုတ်ဘဲ ယခုထက်ထိ အသားမကျ သေးခြင်းသာ ဖြစ်၏။အချိန်အကြာကြီး နားဝင်အေ ာင် သူ ပြောပြီးမှသာ အပျိုတော်လေးများကို အခ န်းပြင်သို့ လွှတ်လိုက်နိုင်သည်။
"ဟူး တော်ပါသေးရဲ.."
တံခါးပိတ်သွားသည်နှင့် လျူယောင် သက်ပြင်းတစ် ချက်ကို အသာချလိုက်မိသည်။ဤကဲ့သို့သော သွေး ဆောင်ဖြားယောင်းမှုများကို သူ အောင့်အည်းသည် းခံရသည်မှာ တကယ့်တိုက်ပွဲတစ်ခုထက်ပင် ပို၍ ခက်ခဲနေသေးသည်။
အိမ်ထောင်ထိန်းထန်ဟုန်ယီက ထိုမိန်းမပျိုလေးများ ကို မည်သည့်နေရာမှ ဝယ်လာသည်ကို သူ မသိပေ။
အားလုံးမှာ ဆယ်ကျော်သက်အရွယ်လေးများဖြစ်ပြီ း ရုပ်ရည်မှာလည်း အပြစ်ပြောစရာမရှိအောင် ချေ ာမောလှပကြသည်။သူ၏ ခေတ်သစ်ကမ္ဘာနှင့် နှိုင် းယှဉ်ရလျှင် ထိပ်တန်းမော်ဒယ်လ်များ အရှုံး ပေးရ လောက်သည့် အလှမျိုးကို ပိုင်ဆိုင်ထားသူများလ ည်း ဖြစ်၏။
နောက်ဆုံးတွင်မူ လျူယောင်သည် စိတ်ကို အတည် ငြိမ်ဆုံးဖြစ်အောင် ထားလိုက်ပြီး ရေရွတ်လိုက်မိသ ည်။
"ဟူး..ဒီလို စည်းစိမ်မျိုးက လူကို တကယ်ပဲ ပျက်စီး စေတာပဲ... ဒီကမ္ဘာက သူဌေးတွေကတော့ တကယ့် ကို နတ်စည်းစိမ် ခံစားနေကြရတာပဲကွာ.."
သူသည် စိတ်အာရုံလွင့်ပျံ့မှုအားလုံးကို ဘေးသို့ ဖ ယ် ထုတ်လိုက်ပြီး ကျင့်စဉ်ကိုသာ အာရုံစိုက်ကာ ပြ န်လည်လေ့ကျင့်လိုက်၏။
တစ်ဖက်တွင်မူ...
လျူယောင်၏ အခန်းထဲမှ အပျိုတော်လေးများ မျ က်နှာငယ်လေးဖြင့် ထွက်လာသည်ကို မြင်လိုက်ရ သော ထန်ဟုန်ယီခဗျာ အတွေးများစွာ ဝင်နေခဲ့သ ည်။
"အမ် သခင်က ငါဝယ်လာတဲ့ အပျိုတော်တွေကို မ လှဘူးလို့ ထင်နေတာများလား..."
"အင်း... သေချာတယ်..ဒါကြောင့် ငြင်းလိုက်တာပဲ ဖြစ်ရမယ်.."
ထန်ဟုန်ယီက သူ့ဘာသာ ဆုံးဖြတ်ချက်တစ်ခုကို ခို င်ခိုင်မာမာ ချလိုက်၏။
"ဒါဆိုရင်တော့ မနက်ဖြန်ကျရင် ငါ ဟိုင်ကျိုးမြို့မှာ အလှဆုံးလို့ နာမည်ကြီးတဲ့ အပျိုတော်ကို မရရအော င် ဝယ်ရမယ်..ငွေဘယ်လောက်ကုန်ကုန် ကိစ္စမရှိဘူး ကွာ.."
ဤကမ္ဘာတွင် အပျိုတော်များ၏ တန်ဖိုးမှာ အလွန် ပင် နည်းပါးလှသည်။အလှဆုံး ဆိုသူကိုပင် ရွှေဒင်္ဂါ း အစိပ်ခန့်ဖြင့် ဝယ်ယူနိုင်၏။သို့သော်လည်း လျူ ယောင်ကမူ သူ့အား ရွှေဒင်္ဂါး တစ်သိန်းတိတိ ထုတ် ပေးထားသည်မဟုတ်ပေလော။
လျူယောင်၏ အခန်းထဲမှ မီးရောင်မှိန်သွားသည်ကို မြင်ရမှသာ ထန်ဟုန်ယီလည်း သူ့အခန်းသို့ ပြန်လာ ပြီး ကျင့်စဉ်များကို စတင်လေ့ကျင့်လိုက်၏။
မိုးသောက်အလင်းရောင်နှင့်အတူ ထန်ဟုန်ယီသည် သူကျင့်ကြံနေသည်အား ရပ်တန့်လိုက်သည်။သူ၏ ရင်ဘတ်အတွင်းမှ လှိုက်မောတုန်ရင်နေသော စိတ် လှုပ်ရှားမှုကို ဖုံးကွယ်ထား၍မရဘဲ မျက်နှာထက်တွ င် အထင်အရှား ပေါ်လွင်နေ၏။
တစ်ညတာမျှသာ ရှိသေးသည့် လေ့ကျင့်မှုအပြီးတွ င်လည်း သူသည် အဆင့်တစ်ဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်ခဲ့၏။
"ဘုရားရေ... ဒါ..ဒါက တစ်ညတည်းနဲ့ ဖြစ်သွားတာ လား"
သူ့အတွက်တော့ ဤအရာမှာ အိပ်မက်တစ်ခုနှင့်ပင် တူနေသည်။အကယ်၍ သူကိုယ်တိုင်သာ ကြုံတွေ့ရ ခြင်း မဟုတ်ပါက မည်သူကမျှ တစ်ညတည်းနှင့် ထို မျှ မြန်ဆန်သော တိုးတက်မှုကို ယုံကြည်ကြမည်မ ဟုတ်ပေ။
ထန်ဟုန်ယီသည် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရုံသာ မက လျူယောင်အပေါ်ထားရှိသည့် ကျေးဇူးတရား မှာလည်း အတိုင်းအဆမရှိ မြင့်မားလာခဲ့သည်။သူ သည် လျူယောင်အပေါ် အသက်ထက်ဆုံး သစ္စာရှိ ပါမည်ဟု စိတ်ထဲမှ ကတိသစ္စာပြုလိုက်မိ၏။
သို့သော်လည်း သူ မသိသည်မှာ သူ၏ ဤတိုးတက် မှုနှုန်းမှာ လျူယောင်အတွက်မူ ပြောပလောက်သ ည့်အရာပင်။လျူယောင်သည် မည်သည့်ဆေးဝါး အကူအညီမှမပါဘဲ တစ်ညတည်းနှင့် အဆင့် (၇) ဆ င့်အထိ ကျော်ဖြတ်နိုင်သူဖြစ်ရာ ထန်ဟုန်ယီထက် အဆပေါင်းများစွာ ပို၍ မြန်ဆန်နေ၏။
အိမ်တော်ထိန်းထန်ဟုန်ယီမှာမူ အတိုင်းထက်အလွန် ကျေနပ်နေဆဲပင်။တစ်နိုင်ငံလုံးရှိ ပါရမီအရှိဆုံး ကျ င့်ကြံသူများပင်လျှင် တစ်ညတည်းနှင့် အဆင့်တစ် ဆ င့် တက်နိုင်ရန်မှာ အလွန်ခက်ခဲလှကြောင်း သူ ကောင်းကောင်း သိထားသောကြောင့်ဖြစ်သည်။
တစ်ဖက်တွင်လည်း လျူယောင်သည် သူ၏ လေ့ ကျင့်မှုကို အဆုံးသတ်လိုက်၏။ယခုအခါ မိုးလင်းရုံ သာမက အချိန်သည်ကား မနက် ၈ နာရီပင် ကျော် လွန်နေသည်။
ဤဂိုဝူကမ္ဘာ၏ သဘာဝစွမ်းအင်များမှာ သူ၏ မူလ ကမ္ဘာထက် အဆပေါင်းများစွာ ပိုမိုသိပ် သည်းလှ၏ ။ထို့ကြောင့် သူ တစ်ညတာ လေ့ကျင့်ပြီးနောက် လျူ ယောင်သည် နယ်ပယ်ငယ် (၂) ဆင့်အထိ ထပ်မံ တိုး တက်လာခဲ့သည်။
"ဝိုး ဒါကတော့ တကယ်ကို... မယုံနိုင်စရာကောင်းလို က်တာကွာ.."
အခြားကျင့်ကြံသူများသာ လျူယောင်၏ ကျင့်ကြံ နူန်း တိုးတက်မှုနှုန်းကို သိရှိသွားပါက မနာလိုဝန်တို စိတ်ဖြင့် ရူးသွပ်သွားကြမည်မှာ မြေကြီးလက်ခတ် မလွဲပေ။
အချို့သော ကျင့်ကြံသူများမှာ နယ်ပယ်အဆင့်ကြီး တစ်ဆင့်အတွင်းရှိ အဆင့်ငယ်လေးတစ်ဆင့်တက် လှမ်းနိုင်ရန်ပင် ဆယ်စုနှစ်နှင့်ချီ၍ အားထုတ်ကာ ကျင့်ခဲ့ရသော်လည်း လျူယောင်ကမူ တစ်ညတည်း နှင့် နှစ်ဆင့်တိတိ ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
လျူယောင်ကိုယ်တိုင်လည်း ဤတိုးတက်မှုနှုန်းအ ပေါ် များစွာအားရကျေနပ်နေမိ၏။သူက ယုံကြည် မှုအပြည့်ဖြင့် ရေရွတ်လိုက်သည်။
"ဒီအတိုင်းဆိုရင် နောက်ထပ် ရက်နည်းနည်းလောက် ဆို ငါ ကောင်းကင်အဆင့်ကို အေးအေးဆေးဆေး ရောက်နိုင်င်တော့မှာပဲကွာ"
ယခုအခါ လျူယောင်သည် မိမိ၏ ခွန်အားအပေါ် ပို မိုယုံကြည်မှု ရှိလာခဲ့၏။အကယ်၍ အဆင့်သတ်မှ တ် ချက်ဇယားမှ ထိပ်သီးပုဂ္ဂိုလ်များနှင့် ရင်ဆိုင်ရ လျှင်ပင် အနိုင်ယူနိုင်နေပြီဟု သူ ခံစားနေရသည်။
အခန်းတွင်းမှ လှုပ်ရှားသံများကို ကြားသည်နှင့် တံ ခါးအပြင်ဘက်မှ ထန်ဟုန်ယီ၏ အသံ ထွက်ပေါ်လာ သည်။
"သခင်... နိုးပြီလားခင်ဗျာ.."
လျူယောင်က အိပ်ခန်းထဲမှ ထွက်လာကာ ဧည့်ခန်း သို့ ရောက်သည်နှင့် ပြန်ဖြေလိုက်၏။
"အေး... နိုးပြီ..ဝင်လာလို့ရပြီ.."
အပြင်၌ အသင့်စောင့်နေသော ထန်ဟုန်ယီသည် တံ ခါးကိုတွန်းဖွင့်ကာ ဝင်လာ၏။သူ့နောက်တွင်လည်း လျူယောင်အား ပြုစုလုပ်ကျွေးရန် အစေခံများစွာ ခြံရံလျက် လိုက်ပါလာသည်။
သူတို့သည် လျူယောင် မျက်နှာသစ်ခြင်းမှအစ မန က်စာ သုံးဆောင်ခြင်းအဆုံး အရာရာကို အစအဆုံး အနီးကပ် လုပ်ကိုင်ပေးကြပြန်၏။ထိုမျှ သက်တော င့်သက်သာရှိလှသော အခြေအနေကြောင့် လျူယော င်ခဗျာ စိတ်ထဲမှ သတိပေးသည့် အနေဖြင့် ထပ်မံည ည်းတွားမိပြန်သည်။
"လခွမ်း ဒီလို စည်းစိမ်မျိုးက တကယ်ပဲ လူကို ပျက် စီးနိုင်တာပဲကွာ..."
"မဖြစ်ဘူး ငါ ဒီအတိုင်းသာ ဆက်သွားနေရင် ငါ လ ည်း ဒီ အပျော်အပါးတွေထဲမှာပဲ နစ်မွန်းပြီး ဘာမှ မ လုပ်ချင် မကိုင်ချင်ဘဲ ဖြစ်လာလိမ့်မယ်.."
***