ဟိုင်ကျိုးမြို့၏ သြဇာကြီး ဝမ်မိသားစုအတွင်း၌ ဝ မ်မိသားစုခေါင်းဆောင် ဝမ်ယွမ်ကျီ တစ်ယောက် ရ က်အနည်းငယ်ခန့် အေးအေးဆေးဆေး ရှိနေခဲ့သော် လည်း ယခုမူ ဖိအားဒဏ်ကို သူ အလူးအလဲ ခံစား နေရသည်။
အကြောင်းရင်းမှာ လျူယောင် တစ်ကျော့ပြန်ပေါ် လာခြင်းကြောင့်ပင်။
လျူယောင်ဆိုသူသည် ဟိုင်ကျိုးမြို့တွင် အိမ်တစ် လုံး ဝယ်ယူလိုက်ပြီး သူ့ပုံစံအရ ဤမြို့၌ပင် အခြေ ချ နေထိုင်တော့မည့်ပုံ ပေါ်နေသည်။
"ဟူး..ငါ ဘာဆက်လုပ်ရပါ့မလဲ..."
စိုးရိမ်စိတ်များဝင်နေသော ဝမ်ယွမ်ကျီသည် အခြား ရွေးချယ်စရာမရှိတော့ဘဲ မိသားစု၏ အဓိကအမူထ မ်းများကို အရေးပေါ် အစည်းအဝေး ခေါ်ယူလိုက်၏ ။ထိုအစည်းအဝေးတွင် ဝမ်မိသားစုမှ မြေကမ္ဘာအ ဆင့်ကျင့်ကြံသူ နှစ်ဦးအပြင် သြဇာကြီးမားသော ဘိးဘေးနှစ်ဦးလည်း တက်ရောက် လာခဲ့ကြသည်။
ဝမ်ယွမ်ကျီက မိသားစုခေါင်းဆောင်ပီပီ ရိုသေသမှု ဖြင့် တိုင်ပင်လိုက်၏။
"ဘိုးဘေးများခဗျာ.. ဒီအခြေအနေကို ဘယ်လိုမြင်ပ ါသ လဲ..ကျွန်တော်တို့ ဝမ်မိသားစုအနေနဲ့ ဘာကို အရင်ဆုံး ပြင်ဆင်ထားသင့်သလဲခင်ဗျာ.."
ဘိုးဘေးတစ်ဦးက ခဏတာ မှိုင်တွေလျက် စဉ်းစား ပြီးနောက် လေးနက်စွာ ပြန်ဖြေလိုက်သည်။
"အင်း အခြေအနေက ငါတို့အတွက် လုံးဝ အသာစီး မရဘူး..ဒီလျူယောင်သာ ဟိုင်ကျိုးမြို့မှာ အခြေချ နေ ထိုင်မယ်ဆိုရင် ငါတို့ ဝမ်မိသားစုက သူ့ရဲ့ ဖိနှိပ် မှုအောက်မှာ အသက်ရှူကျပ်လာဖို့ သေချာသလော က်ပဲ.."
ထိုစဉ်မှာပင် နောက်ထပ် ဘိုးဘေးတစ်ဦးကလည်း မျက် မှောင်ကြုတ်ကာ ဝင်ပြောလိုက်၏။
"လျူယောင်က ကောင်းကင်အဆင့်ကျင့်ကြံသူ တ စ်ယောက်လို့ သတင်းတွေ ကြားနေရပေမဲ့ ဒါက ကေ ာလာဟလလည်း ဖြစ်နိုင်တာပဲ..သူက တကယ်ပဲ ကောင်းကင်အဆင့် ဟုတ်၊ မဟုတ် ဆိုတာကိုတော့ အရင်ဆုံး စုံစမ်းဖို့ လိုမယ်လို့ ငါထင်တယ် .."
ဝမ်မိသားစုဝင်တစ်ဦးကလည်း သူ့အကြံအား ယုံကြ ည်ချက်ရှိရှိ တင်ပြလာသည်။
"ကျွန်တော်တို့ ဝမ်မိသားစုမှာ တောင့်တင်းတဲ့နောက် ခံတွေ အများကြီးရှိတာပဲ..ဘာလို့ ဝမ်ကျူးရွှဲဆီ စာ မပို့တာလဲ.. သူမကိုသာ လျူယောင်နဲ့ စကားပြောခို င်းရင် အဆင်ပြေသွားမှာပါ.."
ဝမ်ကျူးရွှဲ့ သည် ဝမ်မိသားစု၏ အားကိုးရာဖြစ် သလို ရန်သူများအတွက် အတားအဆီးတစ်ခုလ ည်း ဖြစ်၏။သူမသည် အင်အားကြီး ယင်ယန်နန်း တော်သခင်၏ တပည့်ရင်းဖြစ်ရုံသာမက ပထမမင်း သား၏ မောင်းမတစ်ဦးလည်း ဖြစ်ပေသည်။
သူမနောက်ကွယ်တွင်မူ တုန်လှုပ်ချောက်ချားဖွယ် အင်အားစုကြီးနှစ်ခု ရှိနေ၏။
တစ်ခုမှာ ယင်ယန်နန်းတော် ဖြစ်ပြီး နန်းတော်သခင် ကိုယ်တိုင်က အစစ်အမှန် ကောင်းကင်အဆင့် ကျင့် ကြံသူဖြစ်ကာ သူ့လက်အောက်တွင် မြေကမ္ဘာအဆ င့် ကျင့်ကြံသူ ၂၀ နီးပါး ရှိသည်။၎င်းသည် ကြီးမြ တ် သောရှ အင်ပါယာတစ်ခုလုံးတွင်လည်း ထိပ်တ န်းဂိုဏ်းကြီး သုံးဂိုဏ်းတည်းတွင် ပါဝင်နေ၏။
နောက်တစ်ခုမှာမူ ပထမမင်းသားဖြစ်ပြီး သူက တော်ဝင်မိသားစုတစ်ခုလုံး၏ ကျောထောက် နောက် ခံရှိသူလည်းဖြစ်ကာ ထီးနန်းဆက်ခံမည့် အလားအ လာအရှိဆုံး မင်းသားတစ်ပါးလည်း ဖြစ်ပေသည်။
ဝမ်မိသားစုသည် လျူယောင်ကို အကြီးအကျယ် စော်ကားခဲ့ဖူးသော်လည်း ဝမ်ကျူးရွှဲ့၏ အရှိန်အဝါ ကို အားကိုးကာ တစ်ခါမျှ တောင်းပန်ခြင်း မပြုခဲ့ကြပေ။
ဘိုးဘေးတစ်ပါးက အတည်ပြုကာ ဆုံးဖြတ်လိုက် ၏။
"ဒါဆိုရင်တော့... ဝမ်ကျူးရွှဲ့ဆီကို ငါတို့ ချက်ချင်း စာပို့ ကြတာပေါ့.."
ဝမ်ယွမ်ကျီက လက်အောက်ငယ်သားများကို စာပို့ရ န် အမိန့်ပေးတော့မည့်ဆဲဆဲမှာပင် အစေခံတစ်ဦးက အခန်းထဲသို့ အလောတကြီး ပြေးဝင်လာသည်။ ထို့နောက် ဝမ်ယွမ်ကျီ၏ နားနားသို့ ကပ်၍ ထိုအစေ ခံက တိုးတိုးလေး ပြောလိုက်၏။
"အိုး..တကယ်လား... ဒါ. ဒါက တကယ့်ကို သတင်း ကောင်းပဲကွာ"
ဝမ်ယွမ်ကျီ၏ ဝမ်းသာအားရ အော်ဟစ်သံကြောင့် အစည်းအဝေးခန်းအတွင်းရှိ လူတိုင်း အံ့အားသင့်က ာ သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။
ဘိုးဘေးတစ်ဦးက မေးမြန်းလိုက်၏။
"ယွမ်ကျီ... ဘာကိစ္စလဲ..ဘယ်လိုသတင်းကောင်းမို့ လို့ ဒီလောက်တောင် ဝမ်းသာနေရတာလဲ.."
ဝမ်ယွမ်ကျီ၏ပုံစံမှာ ယခင်က စိုးရိမ်ပူပန်မှုများ ပျေ ာက်ကွယ်သွားကာ စိတ်အားထက်သန်မှုအပြည့်ဖြ င့် ကျယ်လောင်စွာ ပြောပြလိုက်သည်။
"သတင်းကောင်းပါ ဘိုးဘေးတို့.. ကျွန်တော်တို့ဆီကို ဝမ်ကျူးရွှဲ့ဆီက စာတစ်စောင် ခုလေးတင် ရောက် လာပါတယ်..သူမက ပထမမင်းသားနဲ့အတူ မနက်ဖြ န်မှာ ဟိုင်ကျိုးမြို့ကို ကိုယ်တိုင် ကြွလာတော့မှာတဲ့ . ."
"ဘာ... တကယ်လား.."
ဝမ်မိသားစုဝင်အားလုံး အံ့အားသင့်တုန်လှုပ်သွား ကြ၏။
"ပထမမင်းသားက မနက်ဖြန် ဟိုင်ကျိုးမြို့ကို ရော က်လာမယ်..ဝမ်ကျူးရွှဲ့ကလည်း သူ့ဘေးကနေ လို က်ပါလာမယ်" ဟူသော သတင်းက တစ်မိသားစုလုံး အတွက် အကြီးမားဆုံးသော အားဆေးတစ်ခွက် ဖြ စ်ခဲ့ရသည်။
အကယ်၍သာ ဘိုးဘေးနှစ်ဦးရှေ့မှောက်တွင် မဟု တ်ပါက အချို့သောသူများသည် ဝမ်းသာလွန်း၍ အော်ဟစ်ကခုန်မိကြမည်မှာ သေချာလှသည်။
"တကယ့်ကို ကောင်းလိုက်လေခြင်းဗျာ.."
"ဒါဟာ အချိန်ကိုက် ရွာချလိုက်တဲ့ မိုးနတ်မင်းရဲ့ ကျေးဇူးပဲ..ပထမမင်းသားကိုယ်တိုင် ဟိုင်ကျိုးကို ကြွလာတာဟာ ငါတို့ ဝမ်မိသားစုအတွက် အကြီးမ ားဆုံးသော ကံကောင်းခြင်းပဲဗျာ.."
"ကျူးရွှဲ့က မင်းသားကြီးနဲ့အတူ ပါလာမှာဆိုတော့ ဟိုင်ကျိုးခရိုင်တစ်ခုလုံးမှာ ငါတို့မိသားစုရဲ့ ဂုဏ်ဒြ ပ်ဟာ ဒီရေလှိုင်းလုံးတွေလိုပဲ တစ်ဟုန်ထိုး မြင့်တက် လာတော့မှာပဲကွာ ဟားဟားဟား.."
အစည်းအဝေးခန်းမကြီးထဲမှာမူ ရုတ်တရက် အသ က်ဝင်ကာ တက်ကြွလာပြီး ဝမ်မိသားစုဝင်တိုင်း၏ မျက်နှာတွင် အောင်နိုင်သူအလား တက်ကြွသော အ ရိပ်အယောင်များ ပေါ်လာခဲ့၏။
......
နောက်တစ်နေ့ မနက်တွင်..
ပထမမင်းသား ဟိုင်ကျိုးမြို့သို့ ရောက်လာသည်ကို တစ်မြို့လုံးနီးပါး သိရှိသွားကြသည်။မြို့ထဲသို့ ဝင် ရောက်လာသော မင်းသားကြီး၏ စီတန်းလှည့်လည် မှု အခမ်းအနားမှာ အလွန်ပင် ခမ်းနားထည်ဝါလှ၏။
၎င်းပုံစံမှာ အလွန်တွေ့ရခဲသော မြင့်မားသည့် အဆ င့် အတန်းတစ်ခုပင် ဖြစ်နေသည်။
ယခုအခါ ဟိုင်ကျိုးမြို့စားမင်း၏ အိမ်တော်မှာလ ည်း ဧည့်သည်တော်များဖြင့် စည်ကားနေ၏။မြို့စား မင်း ကျားချိန်ဝမ် ကိုယ်တိုင် ပထမမင်းသား၏ဘေး တွင် ရိုသေမှုအပြည့်ဖြင့် ဂရုတစိုက် ထိုင်နေရသည်။ သူသည် မင်းသားကြီး၏ မေးခွန်းများကို ပြန်လည် ဖြေကြားရာတွင် စိတ်လှုပ်ရှားမှုကြောင့် အနည်းငယ် ပင် တုန်ယင်နေ၏။
ပထမမင်းသားက သူ၏ ခန့်ညားသော အရှိန်အဝါ ဖြင့် ခပ်အေးအေးပင် မေးလိုက်သည်။
"မြို့စားမင်းကျား... ကျွန်တော် ဒီတစ်ခါ ဟိုင်ကျိုး ကို လာရတဲ့ အဓိကအကြောင်းရင်းက မှော်လက်န က် တွေအတွက်ပါ..လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒီ ဟိုင်ကျိုးမှာ ထူးခြားတဲ့ မှော်လက်နက် သုံးခု ပေါ်ထွ က်ခဲ့တယ်လို့ မြို့တော်မှာ ကျွန်တော် ကြားခဲ့ရတယ် .."
မြို့စားမင်း ကျားချိန်ဝမ်က ရိုသေသမှုအပြည့်ဖြင့် အလျင်အမြန် ပြန်ဖြေလိုက်၏။
"ဟုတ်ပါတယ် မင်းသားကြီး..အဲဒီ မှော်လက်နက်သုံ းလက်ကို လျူယောင်ဆိုတဲ့လူက လေလံတင် ရော င်းချခဲ့တာပါ..အဲဒီတုန်းက လေလံဈေးဟာ စုစုပေါင် း ရွှေဒင်္ဂါး ခုနစ်သန်းကနေ ရှစ်သန်းအထိ ရောက်ခဲ့ ပါတယ်ခင်ဗျ."
မြို့စားမင်းကျားချိန်ဝမ်က ဖြစ်ပျက်ခဲ့သမျှ အခြေ အနေအားလုံးကို အတိုချုပ် ရှင်းပြလိုက်၏။သေချာ နားထောင်ပြီးနောက် ပထမမင်းသားက မျက်မှောင် ကြုတ်ကာ စိတ်ဝင်တစား မေးမြန်းလိုက်သည်။
"ဒီ လျူယောင် ဆိုတဲ့လူက ဘယ်သူလဲ..ဘယ်ကလာ တာလဲ.."
ကျားချိန်ဝမ်က ရိုသေစွာ ပြန်ဖြေလိုက်၏။
"သူ့ရဲ့ ဇာစ်မြစ်က တကယ့်ကို လျှို့ဝှက်ဆန်းကြယ် ပါတယ် မင်းသားကြီး..ကျွန်တော်တို့ စုံစမ်းလို့ မရ သေးပါဘူး..အခုတော့ သူက ဟိုင်ကျိုးမြို့မှာပဲ အ ခြေချနေထိုင်နေပါတယ်..တစ်ချိန်က အဌမမင်းသား ဆောက်ခဲ့တဲ့ အိမ်တော်ကြီးကို သူက ဝယ်လိုက်တာ ပါခဗျ.."
ပထမမင်းသားက ခေါင်းညိတ်ပြရင်း အမိန့်ပေးလို က်၏။
"အင်း..အဲဒီအိမ်တော်အကြောင်း ငါကြားဖူးတယ်.. ဒီလျူယောင်က ဝယ်လိုက်တာကိုး..ကောင်းပြီ... သူ က ဟိုင်ကျိုးမှာ ရှိနေတာဆိုတော့ တစ်ယောက်ယော က်ကို စေလွှတ်ပြီး သူ့ကို ခေါ်ခိုင်းလိုက်ပါ..ငါကိုယ် တိုင် သူ့ကို တွေ့ချင်တယ်"
"အမိန့်တော်အတိုင်းပါ မင်းသားကြီး..ကျွန်တော်မျိုး အခုချက်ချင်း လူလွှတ်လိုက်ပါ့မယ်ခဗျ"
..........
ထိုအချိန်တွင် လျူယောင်သည် လွန်ခဲ့သော နှစ်ရက် လုံးလုံး အပြင်မထွက်ဘဲ အိမ်တွင်း၌သာ အချိန် ကု န်ဆုံးခဲ့သည်။ရံဖန်ရံခါမှသာ အိမ်နောက်ဖေး ဥယျာ ဉ်ထဲတွင် လမ်းလျှောက်တတ်ပြီး ကျန်အချိန် အား လုံးကို ကျင့်စဉ်လေ့ကျင့်ခြင်းဖြင့်သာ အချိန်ကုန်ဆုံ းခဲ့၏။
အံ့ဩစရာကောင်းသည်မှာ ဤနှစ်ရက်အတွင်း သူ့ အဆင့်မှာ မြေကမ္ဘာအဆင့် ၅မှသည် မြေကမ္ဘာ အ ဆင့် ၉အထိ တစ်ဟုန်ထိုး မြင့်တက်လာခဲ့ခြင်းပင်။
ယခုဆိုလျှင် သူသည် ကောင်းကင်အဆင့်သို့ ဝင်ရေ ာက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေသည် ။ဤကဲ့သို့သော တိုးတက်မှုနှုန်းမှာ သာမာန်လူသား တစ်ယောက်အတွက်မူ လုံးဝ မဖြစ်နိုင်လောက်အော င်ပင်။
ညနေခင်း အိမ်နောက်ဖေးဥယျာဉ်တွင် လမ်းလျှော က်ပြီးနောက် လျူယောင်သည် စာကြည့်ခန်း၌ အေး အေးဆေးဆေး လက်ဖက်ရည်သောက်နေသည်။ သူသည် စာအုပ်အချို့ကို ဖတ်ရှုရန် ပြင်ဆင်နေပြီး ညဘက်တွင် ကျင့်စဉ်ကို ဆက်လက်အားထုတ်ကာ ကောင်းကင်အဆင့်သို့ အပြီးသတ် တက်လှမ်းနိုင်ရန် မျှော်လင့်နေမိ၏။
"ဒေါက်... ဒေါက်... ဒေါက်..."
ထိုအချိန်မှာပင် တံခါးခေါက်သံနှင့်အတူ အိမ်တော် ထိန်းထန်ဟုန်ယီ ၏ အသံက အပြင်ဘက်မှ ထွက် ပေါ် လာသည်။
"သခင်... ဟိုင်ကျိုးအစိုးရရုံးက လူတစ်ယောက် ရေ ာက်နေပါတယ်...ပထမမင်းသားက သခင်နဲ့ တွေ့ချ င်တယ်လို့ သတင်းပါးလိုက်ပါတယ်ခင်ဗျ.."
လျူယောင်က စာအုပ်ကို ခေတ္တချလိုက်ရင်း ခပ်အေ းအေးပင် ပြန်မေးလိုက်သည်။
"သတင်းပို့ဖို့ ဘယ်သူ့ကို လွှတ်လိုက်တာလဲ.."
ထန်ဟုန်ယီက ချက်ခြင်း ပြန်ဖြေလိုက်၏။
"အောက်ခြေကအစေခံတစ်ယောက်ပါသခင်... သူ အခု ဧည့်ခန်းမမှာ စောင့်နေပါတယ်"
ထိုစကားကို ကြားသော် လျူယောင်က လှောင်ပြုံး တစ်ချက် ပြုံးလိုက်မိသည်။ဤပထမမင်းသားအ နေဖြင့် သူ့ကို ဖိတ်ခေါ်လိုလျှင် အနည်းဆုံးတော့ ဟို င်ကျိုးမြို့စားမင်းကိုယ်တိုင် ဖြစ်သင့်သည် မဟုတ် ပေလော။
ဟိုင်ကျိုးသို့ ပထမမင်းသား ရောက်ရှိလာခြင်းကို လျူယောင် ကြားသိပြီးဖြစ်သော်လည်း သူက ထို ကိစ္စကို အလေးအနက်မထားခဲ့ပေ။သို့သော်လည်း တစ်ဖက်လူက ယခုကဲ့သို့ ရိုင်းပျစွာ လာရောက်တွေ့ ဆုံရန် ခေါ်ခိုင်းလိမ့်မည်ဟုလည်း သူ မမျှော်လင့်ထ ားမိချေ။
"ငါ့ကို လာတွေ့ဖို့ ခေါ်ချင်တယ်ဆိုရင် အနည်းဆုံး ဖိ တ်စာတစ်စောင်တော့ ပါသင့်တာပေါ့.. မြို့စားမင်း ကိုယ်တိုင် မလာနိုင်ရင်တောင် အရာရှိတစ်ယောက် ကိုစေလွှတ်သင့်တယ်.."
အောက်ခြေမှ အစေခံတစ်ဦးကို လွှတ်ပြီး အမိန့်ပေး သလို လာခေါ်ခိုင်းခြင်းမှာ လျူယောင်အတွက်မူ ဤပထမမင်းသားသည် သူ့ကိုယ်သူ အခွင့်အာဏာ အလွန်ရှိသည်ဟု ထင်မှတ်နေပုံရ၏။
လျူယောင်က အေးစက်စွာ ရေရွတ်လိုက်သည်။
"သူက ကြီးမြတ်သော ရှအင်ပါယာရဲ့ မင်းသားကြီး ဆိုရင်ရော ဘာဖြစ်လဲ...ဧကရာဇ်မင်းကိုယ်တိုင် ဖြစ် နေရင်တောင် သူတို့ခေါ်တိုင်း ငါက လာရမှာလား.."
လျူယောင်က ခပ်အေးအေးပင် ရှိသော်လည်း သူ ၏စကားလုံးများမှာမူ လေသံထက် ပို၍ ပြတ်သား နေသည်။
"ခဗျား..သူတို့ကို ပြန်ပြောလိုက်...ကျုပ် အခု မအား ဘူးလို့..တကယ်လို့ မင်းသားက ကျုပ်နဲ့ တွေ့ချင်တ ယ်ဆိုရင် ဒီကို ကိုယ်တိုင်လာခဲ့ဖို့ ပြောလိုက် .."
ထိုစကားကို ကြားလိုက်ရသော ထန်ဟုန်ယီခဗျာ အံ့ အားသင့်လွန်းသဖြင့် အသက်ရှူပင် မှားသွားရသည် ။သူ၏သခင်မှာ မင်းသားတစ်ပါးကိုပင် ယခုကဲ့သို့ ပြတ်သားစွာ ငြင်းဆိုရဲသည်ကို တွေ့ရသဖြင့် ကြည် ညိုလေးစားမှုများ တိုးပွားလာကာ မြေပေါ်သို့ပင် ဒူး ထောက်ကျလုမတတ် ဖြစ်ခဲ့ရ၏။
"သခင်ကတော့ တကယ့်ကို အံ့မခန်းပါပဲကွာ .. ဟု တ်ကဲ့ပါ..ကျွန်တော် အခုပဲ အဲဒီအစေခံကို သွားပြီး ပြန်ပြောလိုက်ပါ့မယ်..."
...........
တစ်ဖက်တွင်မူ မြို့စားမင်း၏ ခန်းမဆောင်ကြီးအ တွင်း၌ လူဦးရေ ပို များများလာခဲ့သည်။ဝမ်မိသားစု မှ ဘိုးဘေးနှစ်ဦးနှင့် မိသားစုခေါင်းဆောင်ဝမ်ယွမ် ကျီတို့လည်း ရောက်လာခဲ့ကြ၏။
သူတို့သည် ပထမမင်းသားကို ဝန်းရံကာ မြှောက်ပင့် စကားများ ပြောဆိုရင်း ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေကြသည်။ပထမမင်းသားသည်လည်း ထို မြှောက်ပင့်မှုများကြားတွင် သဘောကျနှစ် ခြိုက်နေ ပုံရပြီး သူမျက်နှာပေါ်တွင် ကျေနပ်အားရသည့် အမူ အရာများ ပေါ်နေခဲ့၏။
သူ့ဘေးတွင် ထိုင်နေသော မင်းသမီးဝမ်ကျူးရွှဲ့ က လည်း ဝမ်မိသားစုအတွက် အခွင့်အရေးရတိုင်း ကူ ညီ၍ စကားထောက်ပေးနေသည်။သူမသည် မင်းသ ားကြီး၏ မောင်းမများစွာထဲမှ တစ်ဦးဖြစ်သော်လ ည်း ဟိုင်ကျိုးဇာတိဖြစ်ခြင်းကြောင့် ယခုခရီးစဉ်တွ င် မင်းသားကြီးက အထူးတလည် ခေါ်ဆောင်လာခဲ့ ခြင်းပင်။
ထိုစဉ်မှာပင် လျူယောင်ထံ စေလွှတ်လိုက်သော အ စေခံက ပြန်ရောက်လာပြီး မြို့စားမင်း ကျားချိန်ဝမ် ၏ နားနားသို့ ကပ်၍ တိုးတိုးလေး သတင်းပို့ လိုက် သည်။ထိုသတင်းစကားကို ကြားလိုက်ရသည်နှင့် မြို့ စားမင်းကျားချိန်ဝမ်၏ မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းလာ၏။
တစ်ဖက်လူဆီမှ ဤကဲ့သို့သော မောက်မာသည့် တုံ့ ပြန်မှုမျိုးအား သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
ပထမမင်းသားသည် မြို့စားမင်း ကျားချိန်ဝမ်၏ မျ က်နှာပျက်သွားသည်ကို ချက်ချင်း သတိထားမိလို က်ပြီး စူးစူးစိုက်စိုက် ကြည့်ကာ မေးမြန်းလိုက်၏။
"မြို့စားကျား... အဲဒီ လျူယောင် ဆိုတဲ့လူ ဘယ်အ ချိန် ရောက်လာမှာလဲ.."
ကျားချိန်ဝမ်သည် သူ ကြားလိုက်ရသော တုံ့ပြန်မှု ကြောင့် ရင်ထိတ်နေမိသည်။သူက ခဏတာ တုံ့ဆိုင် းနေပြီးမှ အမှန်အတိုင်းပင် ဖွင့်ပြောလိုက်၏။
"မင်းသားကြီး... လျူယောင်က သူ အခု မအားသေး ဘူးလို့ ပြောလိုက်ပါတယ်... ပြီးတော့... တကယ်လို့ မင်းသားကြီးက သူ့ကို တွေ့ချင်တယ်ဆိုရင် သူ့ဆီကို ကိုယ်တိုင် ကြွခဲ့ပါလို့လည်း စကားပါး လိုက်ပါတယ် ခင်ဗျာ.."
"ဘာ..ရိုင်းစိုင်းလိုက်လေခြင်း.."
"ခွမ်း..."
ထိုစကားကို ကြားလိုက်ရသည်နှင့် ပထမမင်းသား သည် သိသိသာသာပင် ဒေါသများ ထွက်လာပြီး သူ ကိုင်ထားသော လက်ဖက်ရည်ခွက်မှာလည်း သူ့ လ က်ဖဝါးထဲ၌ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေခဲ့ရ သည်။
ထိုပထမမင်းသား၏ ဒေါသအရှိန်အဝါကြောင့် ခန်း မတစ်ခုလုံးရှိ လေထုမှာလည်း ရုတ်တရက် အေးစ က်လာပြီး လူတိုင်းမှာမူ အသက်ပင် ရဲရဲ မရူရဲကြ တော့ပေ။
***