ဧည့်ခန်းမကြီးတစ်ခုလုံး ရုတ်တရက် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေပေသည်။
မြို့စားမင်းစံအိမ်သို့ ရောက်နေကြသော လူများစွာ မှာမူ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်း သား ဖြစ်နေကြ၏။အကြောင်းရင်းမှာ ထိုလျူယောင်ဆို သူက ပထမမင်းသားကို "မအားဘူး" ဟု ပွင့်ပွင့်လင် း လင်း ငြင်းရုံသာမက တွေ့ချင်လျှင် မင်းသားကို ယ်တိုင် လာခဲ့ရန် ရဲဝံ့စွယ ပြောဆိုလိုက်သောကြောင့် ပင်။
ထိုလျူယောင်က ဤမျှအထိ သတ္တိရှိလွန်းမည်ဟူ၍ မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။
ဝန်းရံနေကြသော လူအချို့ကမူ လျူယောင်အတွက် ရင်တမမဖြင့် စိုးရိမ်နေကြသည်။ပထမမင်းသားဆို သူမှာ သာမာန်လူမဟုတ်ပေ။၎င်း၏နောက်ကွယ်တွ င် တော်ဝင်မိသားစုတစ်ခုလုံး၏ အရှိန်အဝါရှိသည် ။ထို့အပြင် ယခုတစ်ခေါက် ပထမမင်းသားလာသည့် အချိန်တွင် အင်အားတောင့်တင်းသော အခြံအရံမျာ းကိုလည်း ခေါ်ဆောင်လာခဲ့သည်။
ဤသည်မှာ ကောင်းကင်အဆင့်စာရင်း၏ အဆင့် ၄ နေရာတွင် ရှိသော ထိပ်တန်းကျင့်ကြံသူတစ်ဦးလ ည်းပါလာ၏။ထိုမျှသာမက မြေကမ္ဘာအဆင့် ကျင့် ကြံ သူ ၅ ဦးလည်း ပါလာခဲ့သည်။
သို့သော်လည်း လျူယောင်ကမူ ထိုအင်အားကို ဂရု မစိုက်သကဲ့သို့ ပြုမူနေ၏။
ပထမမင်းသား၏ လက်ဖက်ရည်ခွက်သည် သူ့လ က် ဖဝါးအတွင်း၌ပင် တစစီကြေမွသွားပြီး အမှုန့်နီး ပါး ဖြစ်သွားခဲ့ရသည်။ထိုမြင်ကွင်းက သူ့ရင်ထဲတွင် မည်မျှအထိ ဒေါသထွက်နေသည်ကို သက်သေပြနေ သကဲ့သို့ပင်။
ထိုတင်းမာလှသော အခြေအနေကို ကြည့်ပြီး လူအ နည်းငယ်ကမူ စိိတ်ထဲမှ ဝမ်းသာပီတိဖြစ်နေကြသ ည်။
ထိုလူများမှာ အခြားလူများမဟုတ်ပေ။ဝမ်မိသားစု ၏ ဘိုးဘေးနှစ်ဦးနှင့် ဝမ်မိသားစုခေါင်းဆောင် ဝမ် ယွမ်ကျီ တို့ပင် ဖြစ်၏။သူတို့သည် တစ်ဦးကိုတစ်ဦး တိတ်တဆိတ် ကြည့်လိုက်ကြရာ တစ်ဖက်လူ၏ မျ က်လုံးထဲတွင် အံ့သြမှုနှင့်အတူ အားရကျေနပ်မှုများ ထင်ဟပ်နေသည်ကိုသာ တွေ့ရပေလိမ့်မည်။
ဝမ်ယွမ်ကျီက စိတ်ထဲမှပင် ကျိတ်၍ ရေရွတ်နေမိသ ည်။
"ဟဲဟဲ..ဘုရားသခင်က ငါတို့ဘက်မှာပဲ ..ဒီလျူ ယောင်က တော်ဝင်မင်းသားကိုတောင် ပြန်တိုက် ခို က်ရဲတယ်ဆိုတော့ သူ့ရဲ့အဆုံးသတ်က ကြေကွဲစရာ ဖြစ်လာဖို့ပဲ ရှိတော့တယ်..မိုက်ရူးရဲဆန်လိုက်တာကွ ာ...."
သူ့အတွက်မူ လျူယောင်နှင့် ပထမမင်းသားတို့ ထိ ပ်တိုက်တွေ့ဆုံခြင်းမှာ ဝမ်မိသားစု ရင်ဆိုင်နေရသေ ာ အခက်အခဲများကိုလည်း တစ်ခါတည်း ရှင်းထု တ်ပေးလိုက်သကဲ့သို့ပင်။ထိုလျူယောင်အား ပထမ မင်း သားကိုယ်တိုင် အရေးယူတော့မည်မှာ သေချာ နေသည် မဟုတ်ပေလော။
လက်ဖက်ရည်ခွက်ကို ချေမွပြီးနောက် ပထမမင်းသ ားသည် အေးစက်လှသော အသံဖြင့် မေးမြန်းလို က်၏။
"ဒီလျူယောင်ဆိုတဲ့ကောင်က အရင်ကလည်း ဒီလို မျိုး မာနထောင်လွှားခဲ့တာလား.."
ဝမ်ယွမ်ကျီသည် ထိုအခွင့်အရေးကို လက်လွှတ် မ ခံဘဲ မီးလောင်ရာလေပင့်ဆိုသလို အလျင်အမြန်ပင် ဝင်ရောက်ပြောဆိုလိုက်သည်။
"မှန်ပါတယ် မင်းသားကြီး... သူက အမြဲတမ်း အဲဒီ လို မာနကြီးတာပါ..သူကိုယ်သူ ကောင်းကင်အဆင့် ကျင့်ကြံသူ တစ်ယောက်လို့ ကြွေးကြော်နေပေမဲ့. . သူ့ရဲ့ တကယ့်ခွန်အားအစစ်အမှန် ကတော့ သူကိုယ် တိုင်ပဲ သိပါလိမ့်မယ်ခဗျ.."
ဤသို့ပြောဆိုခြင်းဖြင့် လျူယောင်၏ ကျင့်ကြံခြင်း အဆင့်ကို သံသယဝင်အောင် ဖန်တီးကာ မင်းသား ၏ဒေါသကို သူက ပို၍ဆွပေးလိုက်သည်။
ဝမ်ယွမ်ကျီသာမက ဟိုင်ကျိုးမြို့စားဖြစ်သူ ကျားချိ န်ဝမ်ကလည်း မင်းသားဘက်မှ ထောက်ခံကာ ပြော ဆိုလိုက်၏။သူသည်လည်း လျူယောင်အပေါ် စိတ် ထဲမှ မကျေမနပ် ဖြစ်နေသူတစ်ဦးလည်း ဖြစ်သည်။
ဟိုင်ကျိုးမြို့၏ မြို့စားတစ်ဦးဖြစ်သည့် သူ့အား ထို လျူယောင်က လာရောက်ဂါရဝပြုခြင်း မရှိသည့် အတွက် မကျေမနပ်ဖြစ်နေခြင်းပင်။
ကျားချိန်ဝမ်က အခွင့်ကောင်းယူကာ တမင်သက်သ က်ပင် ပြောလိုက်၏။
"မင်းသားကြီး... ကျွန်တော်တို့ အခုလေးတင် စေလွှ တ်လိုက်တဲ့လူတွေက အင်အားမလုံလောက်လို့ ဖြစ် ပါလိမ့်မယ်.. လျူယောင်ကို လိုက်လာအောင် ကျွန် တော်ကိုယ်တိုင်ပဲ သွားခေါ်ပေးရမလားခင်ဗျာ.."
သို့သော်လည်း ပထမမင်းသားက ခေါင်းယမ်းကာ ထိုစကားအား ငြင်းပယ်လိုက်သည်။ သူ့မျက်လုံးမျ ားက အေးစက်နေပြီး လက်ကိုဝှေ့ယမ်းကာ အမိန့် ပေးလိုက်သည်။
"ယူတာအို... မင်းသွားလိုက်..ဘယ်နည်းလမ်းကိုပဲ သုံးသုံး.. အဲဒီ လျူယောင်ဆိုတဲ့ကောင်ကို ငါ့ရှေ့ ရောက်အောင် ခေါ်လာခဲ့စမ်း.."
ဟိုင်ကျိုးမြို့သို့ အကြီးဆုံးမင်းသားနှင့်အတူ လိုက် ပါလာသည့် မြေကမ္ဘာအဆင့် ကျင့်ကြံသူငါးဦးအန က် ယူတာအိုသည် အစွမ်းအထက်ဆုံးပင် ဖြစ်၏။ သူ၏ ကျင့်စဉ်အဆင့်မှာ မြေကမ္ဘာအဋ္ဌမအဆင့်ဖြ စ်ရာ ထိပ်တန်းစာရင်းဝင် ကျွမ်းကျင်သူတစ်ဦးဟု ခေါ်ဆိုနိုင်ပေသည်။
အကြီးဆုံးမင်းသားအနေဖြင့် လျူယောင်ကို ယူတာ အိုက အသာ လေးဖမ်းဆီးနိုင်မည်ဟု အကြွင်းမဲ့ယုံ ကြည်နေခြင်းမှာလည်း ဤကဲ့သို့သော ထိပ်တန်းကျ င့်ကြံသူတစ်ဦးက သူ့ လက်အောက်တွင်ရှိနေခြင်း ကြောင့်ပင်။
"လျူယောင်သည် ကောင်းကင်အဆင့် ကျင့်ကြံသူ ဖြစ်သည်" ဟူသော ကောလာဟလများကိုမူ ပထမ မင်းသားက ဟာသတစ်ခုလိုပင် သဘောထားလိုက် ၏။
ကြီးမြတ်သော မဟာရှအင်ပါယာကြီး တစ်ခုလုံးတွ င်ပင် ကောင်းကင်အဆင့်သို့ ရောက်ရှိသူမှာ အလွန် တရာ နည်းပါးလှသည်။လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ဦးမျှ ထပ်မံထွက်ပေါ်လာခြင်း မရှိခဲ့ပေ။
တစ်ပြည်လုံးတွင်ရှိသည့် ကောင်းကင်အဆင့်ကျင့် ကြံသူများမှာလည်း လျှို့ဝှက်ကျင့်ကြံနေသူများသာ ဖြစ်သည်။
နောက်ဆုံးတွင်မူ ယူတာအိုသည် မင်းသားကြီး၏ အမိန့်အရ လျူယောင်ကို ဖမ်းဆီးရန်အတွက်သတ် ဖြတ်လိုသော အငွေ့အသက်များဖြင့် ဦးတည်ကာ ထွက်လာခဲ့၏။
အကြီးဆုံးမင်းသား၏ ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး နောက်၌ လျူယောင်က တုန်လှုပ်ခြောက်ခြားခြင်း အလျဉ်းမရှိပေ။
သူသည် ပုံမှန်အတိုင်းပင် အေးအေးဆေးဆေးပင် ရှိနေပြီး စာကြည့်တိုက်အတွင်း၌ စာဖတ်ရင်း အချိ န်ကုန်လွန်စေခဲ့သည်။ထိုစာကြည့်တိုက်ရှိ ထောင်နှင့် ချီသော စာအုပ်များကြောင့် ဂိုဝူကမ္ဘာမှ အကြောင်း အကို သူက ပိုမိုနားလည်လာခဲ့၏။
လျူယောင်က စာအုပ်တစ်အုပ်ကို ဖတ်၍အပြီး၌ တံ ခါးခေါက်သံနှင့်အတူ ထန်ဟုန်ရီ၏ အသံအား သူ ကြားလိုက်ရသည်။
"မင်းသားကြီးက လူတစ်ယောက် ထပ်လွှတ်လိုက်ပြ န်ပြီ သခင်..သူက အခု ဧည့်ခန်းထဲမှာ စောင့်နေပါ တယ်..သခင် သွားတွေ့မလားခင်ဗျာ.."
လျူယောင်က ဖတ်လက်စ စာအုပ်ကို အသာအယာ ပိတ်လိုက်ရင်း စိတ်ထဲမှ ဒေါသထွက်ကာ ရေရွတ်လို က်မိသည်။
"တောက်စ် တကယ်ပဲ မပြီးနိုင်မစီးနိုင်ပါလား..ငါ မ အားပါဘူးလို့ ပြောထားပါလျက်နဲ့ကွာ.."
"ကောင်းပြီလေ... ဘယ်သူလဲဆိုတာ ငါသွားကြည့် လိုက်မယ်"
စာကြည့်တိုက်ထဲမှ လျူယောင် ထွက်လာခဲ့ပြီး ထန် ဟုန်ရီကလည်း နောက်မှ ရိုသေစွာဖြင့် တိတ်တိတ် လေး လိုက်ပါလာခဲ့သည်။
ဧည့်ခန်းထဲသို့ သူ ရောက်လာသောအခါ အရပ်ပုပု၊ အသားညိုမည်းမည်းနှင့် လူလတ်ပိုင်းအရွယ် အမျိုး သားတစ်ဦးကို လျူယောင် တွေ့လိုက်ရသည်။သေ ချာကြည့်လျှင် ထိုလူသည် အေးစက်ခက်ထန်သည့် အငွေ့အသက်များကို ပေးစွမ်းနေပြီး ထိုလူမှာ အကြီ းဆုံးမင်းသား၏ ယုံကြည်အားကိုးရသော မြေက မ္ဘာအဋ္ဌမအဆင့်ကျင့်ကြံသူ ယူတာအိုပင် ဖြစ်၏။
လျူယောင် ဝင်လာသည်ကို မြင်သော်လည်း ယူတာ အိုမှာမူ နေရာမှ ထ၍နှုတ်ဆက်ရန်ပင် စိတ်မဝင်စား ဘဲ ပေါ့ပျက်ပျက်လေသံဖြင့် မေးလိုက်သည်။
"မင်းက လျူယောင်လား..."
တစ်ဖက်လူ၏ မောက်မာလှသော အမူအရာကို မြင် လိုက်ရသည့်အခါ လျူယောင်က အေးအေးဆေး ဆေးပင် ပြန်လည်တုံ့ပြန်လိုက်၏။
"ဟုတ်ပါတယ်..ကျုပ်က လျူယောင်ပဲခင်ဗျားက ကျုပ်ကို လာဖိတ်တာဆိုရင်တော့ အရင်အတိုင်းပဲ ငြင်းပါရစေ..ကျုပ်က အခု မအားသေးပါဘူး.."
ထိုစကားကြောင့် ယူတာအို၏ မျက်နှာအမူအရာမှာ သိသိသာသာ အေးစက်လာပြီး သတ်ပေးကာ ပြော လိုက်၏။
"ငါက အကြီးဆုံးမင်းသားရဲ့ အမိန့်နဲ့ ရောက်လာတာ ..မင်းအားအား..မအားအား... ဒီနေ့တော့ ငါနဲ့အတူ မ လိုက်လို့ မရဘူး.."
လျူယောင်က ခပ်ထေ့ထေ့ ရယ်မောလိုက်ရင်း ပြန် လည် စိန်ခေါ်လိုက်သည်။
"ငါက မလိုက်ဘူးဆိုရင်ကော... ဘာဖြစ်မလဲ"
လျူယောင်၏စကားသံအဆုံး၌ ယူတာအို၏ မျက် လုံးများ ဝင်းလက်သွားပြီး လျူယောင်ကို ဖမ်းရန်အ တွက် လျှပ်စီးပမာ မြန်ဆန်သော အရှိန်ဖြင့် ရှေ့သို့ ပြေးဝင်လာ၏။
အနီးနားတွင် ရှိနေသော ထန်ဟုန်ရီမှာမူ ဘာမှပင် ရှ င်းရှင်းလင်းလင်း မမြင်လိုက်ရချေ။
သူ၏ မျက်စိရှေ့တွင် အရိပ်တစ်ခု ဝေဝါးသွားသည် ကိုသာ ခံစားလိုက်ရသည်။သူကဲ့သို့ ရွှမ်အဆင့် သိုင် းပညာရှင်တစ်ဦးအဖို့ မြေကမ္ဘာအဆင့်ကျင့်ကြံသူ တစ်ဦး၏ အရှိန်အဝါနှင့် လှုပ်ရှားမှုကို မမီနိုင်ခြင်းမှ ာ သဘာဝပင် ဖြစ်၏။
သို့သော်လည်း လျူယောင်အတွက်မူ ထိုလှုပ်ရှားမှုမှ ာ မတူညီပေ။သူ၏ မျက်လုံးထဲတွင် ယူတာအို၏ လှုပ်ရှားမှုများမှာ ရှင်းလင်းနေရုံသာမက နှေးကွေး လွန်းနေသည်ဟုပင် ခံစားနေရသည်။
"မင်းက ငါ့ရှေ့မှာ အစွမ်းပြရဲတယ်ပေါ့ ကိုယ့်သေ တွင်း ကိုယ်တူးနေတာပဲ.."
လျူယောင်၏ စိတ်ထဲတွင်မူ ဒေါသများ ထွက်လာခဲ့ ၏။ဤကဲ့သို့သော လူမျိုးကို ပညာပေးလိုက်မှသာ အနှောင့်အယှက်ပေးခြင်းများ ရပ်တန့်သွားမည်ဟု သူ ဆုံးဖြတ်လိုက်သည်။
ယူတာအို၏ လက်ဝါးသည် လျူယောင်ထံသို့ ရော က်ရန် အနည်းငယ်သာ လိုတော့သည့်အချိန်တွင်မူ ရုတ်တရက် ယူတာအို၏ အမြင်အာရုံတစ်ခုလုံး ဝေ ဝါးသွားပြီး လေထုထဲတွင် သွေးညှီနံ့တစ်ခုအား ရလို က်၏။
သူ၏ အသိစိတ်က တစ်ချက်တုံ့ဆိုင်းသွားစဉ်မှာပင် မြေပြင်ပေါ်သို့ ဘုတ်ခနဲ ကျဆင်းသွားသော အရာ တစ်ခုအား သူ တွေ့လိုက်ရသည်။
၎င်းမှာ သူ၏ ညာဘက်လက်မောင်းပင် ဖြစ်၏။
လျူယောင်၏ လက်ထဲတွင် တန်ဓားတစ်လက် မည် သည့်အချိန်က ရောက်ရှိနေသည်ကို မည်သူမျှ မမြင် လိုက်ကြပေ။စက္ကန့်မျှသာရှိသော အချိန်အတွင်း၌ လျူယောင်သည် ဓားကို ထုတ်ကာ ယူတာအို၏ လ က်မောင်းကို ဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
ထိုမျှ မြန်ဆန်လှသော အရှိန်အဝါကို မြေအဆင့်ကျ င့်ကြံသူတစ်ဦးအနေဖြင့် မည်သို့မျှ မရှောင်တိမ်းနိုင် ခြင်းမှာ မဆန်းလှပေ။
အမှန်တကယ်တွင်မူ လျူယောင်၏ ကျင့်စဉ်အဆ င့်မှာ မြေကမ္ဘာနဝမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကောင်းကင်အဆင့်သို့ ရောက်ရန် လက်တစ်ကမ်းသ ာ လိုတော့သည်။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် အရှိန်မှာ အရင်က ထက် အဆပေါင်းများစွာ သာ လွန်နေပြီဖြစ်ရာ ထိုဓ ားချက်အား မြေကမ္ဘာအဆင့်ကျင့်ကြံသူ တစ်ဦး ရှောင်တိမ်းနိုင်လျှင် ၎င်းမှာ အံ့သြစရာဖြစ်ရပ်ပင် ဖြ စ်နေပေလိမ့်မည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်မှသာ ယူတာအိုသ ည် နာကျင်မှုကို ခံစားလိုက်ရပြီး မြေပြင်ပေါ်တွင် ပြ တ်ကျနေသော သူ့လက်မောင်းကို ကြည့်ကာ မျက်နှ ာတစ်ခုလုံး ဖြူလျော်လာ၏။
"အား..ဒါ..ဒါက မဖြစ်နိုင်ဘူး.."
သူ၏ စိတ်ထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုများက ဒီ ရေအလား တိုးဝင်လာခဲ့သည်။ထိုမျှ မြန်ဆန်လှသေ ာ ဓားချက်မှာ ကောင်းကင်အဆင့် ကျင့်ကြံသူတစ် ဦးထက်ပင် ကျော်လွန်နေသည်ဟု သူ ခံစားလိုက်ရ ၏။
"မင်း... မင်းက... ကောင်းကင်အဆင့်ထက်တောင် ပိုမြင့်တဲ့သူလား.."
ယူတာအိုသည် လျူယောင်ကို ငေးကြည့်ရင်း စကား ပင် ပီသအောင် မပြောနိုင်တော့ဘဲ တုန်တုန်ယင်ယင် ဖြစ်နေရှာသည်။လျူယောင်ကမူ သူ၏ဓားကို ပြန် သိမ်းရင်း အေးစက်ခက်ထန်သော အသံဖြင့် အမိန့် ပေးလိုက်၏။
"ပြန်သွားပြီး မင်းရဲ့ မင်းသားကို ပြောလိုက်... ငါ့ကို နောက်ထပ်လာပြီး ဒုက္ခမပေးနဲ့တော့..မဟုတ်ရင် ဒီ ထက်မက ပေးဆပ်ရလိမ့်မယ်"
ယူတာအိုသည် သွေးအလွန်အကျွံ မထွက်စေရန် သူ့ လက်မောင်းပြတ်ပေါ်ရှိ သွေးတိတ်စေသည့် အမှတ် အချို့ကို အလျင်အမြန် နှိပ်လိုက်သည်။ထို့နောက် မြေပြင်ပေါ်ရှိ ပြတ်တောက်သွားသော လက်မောင်း ကို ကောက်ယူကာ ထိုနေရာမှ အသက်လု၍ ထွက် ပြေးလာခဲ့၏။
လျူယောင်စိတ်ပြောင်းသွားပြီး သူ့ကို သတ်ပစ်မည် ကို အလွန်အမင်း စိုးရိမ်နေသဖြင့် နောက်သို့ပင် လှ ည့်မကြည့်ရဲဘဲ အစွမ်းကုန် သူက ပြေးထွက်လာခဲ့ သည်။
.....
ဟိုင်ကျိုးမြို့စားအိမ်တော်ရှိ ခန်းမအတွင်း၌ လေထု မှာမူ သာယာလျက်ရှိနေ၏။
မင်းသားကြီးနှင့်အတူ လူစုလူဝေးမှာ လက်ဖက်ရည် သောက်ရင်း စကားဖောင်ဖွဲ့နေကြသည်။အထူးသဖြ င့် ဝမ်ယွမ်ကျီမှာ လျူယောင်အပေါ်ထားသည့် အငြို းအတေးများကို ပုံကြီးချဲ့ကာ ထိုလျူယောင်သည် မည်မျှ မာနကြီးကြောင်းနှင့် ဝမ်မိသားစုကို မည်သို့ နှိပ်စက်ညှဉ်းပန်းခဲ့ကြောင်း လုပ်ကြံဖန်တီးကာ ပြော ဆိုနေပေသည်။
ဤကဲ့သို့ ဝမ်ယွမ်ကျီက သွေးထိုးပေးနေ၏။
"မင်းသားကြီး... ကျွန်တော်တို့ရဲ့ နာကျည်းချက်တွေ ကို ကုစားပေးပါဦး...အဲဒီ လျူယောင်ဆိုတဲ့ကောင် ကို ထိုက်တန်တဲ့ အပြစ်ပေးရပါလိမ့်မယ်ခဗျာ.."
ဝမ်မိသားစု၏ ဘိုးဘေးတစ်ဦးကလည်း မီးလောင် ရာလေပင့်ဆိုသလိုမျိုး ထပ်ဆင့်ပြောလိုက်သေးသ ည်။
"မှန်ပါတယ်... ဒီလျူယောင်လို မောက်မာရိုင်းစိုင်း တဲ့ လူမျိုးဟာ ဒီလောကမှာ အသက်ရှင်ဖို့တောင် မ ထိုက်တန်ပါဘူးခဗျာ.."
မင်းသားကြီးက ထိုစကားများကို သဘောကျစွာ ခေါင်းညိတ်လက်ခံရင်း သူ့ ဘေးနားမှ အရာရှိတစ် ဦးအား လှည့်မေးလိုက်သည်။
"ယူတာအို သွားတာ ဘယ်လောက်ကြာပြီလဲ"
"မင်းသားကြီးကို ပြန်တင်ပြရရင်.. သူထွက်သွားတာ အတော်ကြာပါပြီ..မကြာခင်မှာပဲ ဒီလျူယောင်ကို ယူတာအိုက ခွေးတစ်ကောင်လိုမျိုး ဖမ်းလာခဲ့မှာပါ ခဗျ.."
***