ပထမမင်းသားသည် ခေါင်းတညိတ်ညိတ်ဖြင့် အချိ န်ကို ကြည့်လိုက်သည်။ "ယူတာအို"ပြန်ရောက် လာ မည့်အချိန် နီးကပ်လာပြီဖြစ်၍ လျူယောင်ကို မည် သို့နှိပ်စက်ရမည်နည်းဟု သူ အကြံထုတ်နေမိ၏။
ဘေးတွင်ရှိနေသော ဝမ်ယွမ်ကျီမှာလည်း စိတ်ထဲတွ င် ကျေနပ်အားရနေမိသည်။
ဤကဲ့သို့ သူက ကောက်ကျစ်စွာ ကြံစည်နေ၏။
"လျူယောင်ရေ မင်းတော့ သွားပြီပဲ..မင်းသားကြီး ဒေါသထွက်နေတုန်း ငါ မီးလောင်ရာလေပင့်ပေးလို က်မယ်..ဟဲဟဲ..မင်းကို ဒီတစ်ခါတည်း အပြတ်ရှင်း နိုင်ရင်တော့ အကောင်းဆုံးပဲကွာ."
ထိုစဉ်မှာပင် မျှော်လင့်ထားသည့်အတိုင်း ယူလီတာ ပြန်ရောက်လာခဲ့သည်။သို့သော်လည်း ယူလီတာ ပြ န်ရောက်လာသည့် မြင်ကွင်းက သူတို့ ထင်ထားသ လိုမျိုး မဟုတ်ခဲ့ပေ။
ယူလီတာသည် ဧည့်ခန်းထဲသို့ ယိုင်တိုင်တိုင် ဝင်လာ ရင်း ဟန်ချက်မညီဘဲ ဒုန်းခနဲ မူးလဲကျသွားသည်။ သူ့ တစ်ကိုယ်လုံး သွေးချင်းချင်းနီနေရုံမျှမက သူ၏ ညာဘက်လက်မောင်းမှာလည်း ပြတ်တောက်နေ၏။ မြင်ရသူအဖို့ ထိတ်လန့်သွားစေလောက်အောင် ဒဏ် ရာက ပြင်းထန်လွန်းလှသည်။
"ဘာလည်း..ဒါ... ဒါက ဘာဖြစ်တာလဲ.."
ပထမမင်းသားမှာ ရုတ်တရက် အံ့အားသင့်ကာ ထိုင် နေရာမှ ဝုန်းခနဲ ထရပ်လိုက်သည်။ထို့နောက် ဒေါသ တကြီးဖြင့် ရှေ့သို့ အပြေးအလွှားသွားကာ အသံကျ ယ်ကျယ်ဖြင့် မေးမြန်းလိုက်၏။
"ယူလီတာ... မင်း ဘာဖြစ်လာတာလဲ..မင်းကို ဘယ် သူလုပ်တာလဲ.."
ယူလီတာသည် နာကျင်မှုကြောင့် ရူံ့မဲ့နေသော အ သံဖြင့် အားယူ၍ ပြန်ဖြေလိုက်သည်။
"အရှင်မင်းသား... ကျွန်တော့်အတွက် တရားမျှတမှု ကို ရှာဖွေပေးပါဦး ဒီလျူယောင်က အရှင်မင်းသား ကို လုံးဝအလေးမထားပါဘူး..သူက ကျွန်တော့်ရဲ့ ညာလက်ကို ဖြတ်လိုက်ရုံတင်မကဘူး... သူ့ကို နော က်တစ်ခါ ထပ်မနှောင့်ယှက်ဖို့ အရှင်မင်းသားကိုပါ သတိပေးလိုက်ပါသေးတယ်.."
"ဘာ.."
"ဒီကောင်က... ဒီလောက်တောင် မာနထောင်လွှားနေ တာလား.."
ပထမမင်းသားသည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်လာပြီး ပေါက်ကွဲတော့မည့် မီးတောင်တစ် လုံးကဲ့သို့ ဖြစ်နေ၏။သူ အရွယ်ရောက်လာသည့်တို င်အောင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူ့အား ဤကဲ့သို့ အရှက်ခွဲရန် မဝံ့ရဲခဲ့ဖူးချေ။
ဘေးမှ ဝမ်ယွမ်ကျီက အခွင့်အရေးကို လက်လွှတ် မခံဘဲ ဆီဖြည့်လိုက်ပြန်သည်။
"အရှင်မင်းသား..ရှေးစကားပုံတစ်ခုရှိပါတယ်.. 'ခွေး ကိုရိုက်ရင် ပိုင်ရှင်ကို ကြည့်ရတယ်'တဲ့..အခု လျူ ယောင်ဆိုတဲ့ကောင်က အရှင်မင်းသားရဲ့ မျက်နှာကို လုံးဝမထောက်ဘဲ စိန်ခေါ်လိုက်တာပါခဗျ.."
ထိုစကားက မင်းသား၏ ဒေါသကို အရှိန်မြှင့်ပေးလို က်သကဲ့သို့ ဖြစ်သွားပြီး သူက အော်ဟစ်၍ အမိန့် ပေးလိုက်၏။
"အားလုံး အသင့်ပြင်ကြ..အခုချက်ချင်း ငါနဲ့အတူ လျူယောင်ရဲ့အိမ်ကို ငါနဲ့အတူ လိုက်ခဲ့ကြစမ်း.. အဲ ဒီကောင်ကို ငါကိုယ်တိုင် သတ်ပစ်မယ်.."
ချက်ချင်းဆိုသလိုပင် မြို့စားမင်း၏ အိမ်တော်တစ် ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။ဟိုင်ကျိုး မြို့မှာရှိသော ပထမမင်းသား၏ ကိုယ်ရံတော်တပ် သား ရာနှင့်ချီ၍ စုရုံးလာကြသည်။ယူလီတာကဲ့သို့ သော ထူးချွန်သည့် ကျင့်ကြံသူများစွာ အပါအဝင် အင်အားအလုံးအရင်းဖြင့် လျူယောင်ရှိရာသို့ ဦး တည်၍ ချီတက်ကြလာကြ၏။
အမှန်စင်စစ် ယူလီတာသည် ကြောက်စိတ်ဝင်နေ၍ လုံးဝမသွားချင်တော့ပေ။
သို့သော်လည်း သူတို့ဘက်မှ အင်အားတောင့်တင်း လှသော လူအုပ်ကြီးကို ကြည့်လိုက်မိသောအခါ သူ က စိတ်ထဲမှ တွေးမိလိုက်၏။
"ဒီလျူယောင်ဆီမှာ ခေါင်းသုံးလုံး.လက်ခြောက်ဖ က် ရှိနေပါစေဦးတော့.ဘာမှ .အသုံးဝင်မှာမဟုတ် ဘူး..”.
လျူယောင်သည် မည်မျှပင် ထူးချွန်ထက်မြက်နေ ပါစေဦးတော့ တစ်ယောက်တည်းနှင့် ထိုမျှများပြား သော စစ်သည်တော်များကို ယှဉ်နိုင်မည်မဟုတ်ဟု သူက ယုံကြည်လိုက်သည်။
ပြန်လာသည့်လမ်းတွင်လည်း ယူလီတာက စဉ်းစား ခဲ့သေးသည်။ဤလျူယောင်သည် ဒဏ္ဍာရီလာ "ကေ ာင်းကင်အဆင့်"ထက် ပိုမြင့်ရန်မှာမူ မဖြစ်နိုင်ပေ။ အလွန်ဆုံးရှိလှ ကောင်းကင်အဆင့်၏ အဆင့်မြင့် တစ်ယောက်သာ ဖြစ်ပေလိမ့်မည်။
ပထမမင်းသား၏ လက်ရုံးဖြစ်သူ ပန်ယီလုံသည်ပ င် ကောင်းကင်အဆင့် ၆တွင် ရှိပြီး ကောင်းကင် စာ ရင်း၌ နံပါတ် ၄ချိတ်ထားသူပင် မဟုတ်ပေလော။
ထို့ကြောင့် ယူလီတာသည် ယုံကြည်မှုအပြည့်ဖြင့် သူ၏လက်ပြတ်အတွက် လက်စားချေရန် လူအုပ် ကြီးနှင့်အတူ လိုက်ပါလာခဲ့သည်။
လူအင်အား ရာနှင့်ချီ၍ ချီတက်လာသောကြောင့် လှု ပ်ရှားမှုများမှာ အလွန်ပင် ကြီးမားကျယ်လောင်လှ ၏။သူတို့ထံမှ ထွက်ပေါ်နေသော လူသတ်ငွေ့များမှာ ပတ်ဝန်းကျင်တစ်ခုလုံးကို အေးစိမ့်တုန်လှုပ်သွားစေ ခဲ့သည်။
လမ်းမပေါ်ရှိ သာမာန်ပြည်သူများသည်လည်း သူတို့ အပေါ်သို့ ဘေးအန္တရာယ်မကျရောက်စေရန်အတွ က် တစ်ယောက်ပြီးတစ်ယောက် အမြန်လမ်းဖယ်ပေ းလိုက်၏။စည်ကားလှသော လမ်းမကြီးမှာ ခဏ လေးအတွင်းမှာပင် တိတ်ဆိတ်ခြောက်ကပ်သွားပြီး ဆိုင်အတော်များများမှာလည်း တံခါးများကို ဝုန်းခနဲ ပိတ်လိုက်ကြသည်။
ရဲရင့်သူအချို့သာ အဝေးတစ်နေရာမှ ချောင်းကြည့် ရင်း တိုးတိုးတိတ်တိတ် ရေရွတ်နေကြ၏။
"ဟေး..ဝမ်မိသားစုရဲ့ ဘိုးဘေးတွေတောင် ဒီထဲမှာ ပါ လာကြတာလား..ဒီလူတွေ အကုန်လုံးက ဘာတွေ လုပ်ကြမလို့လဲဟ.."
"ဒီလောက်အဝေးကတောင် လူသတ်ချင်စိတ်တွေကို ငါ အတိုင်းသား ခံစားနေရတယ်..ဒါက ကောင်းတဲ့ လက္ခဏာတော့ မဟုတ်ဘူး.. ငါတို့ အနားမကပ်ဘဲ အဝေးကပဲ ကြည့်ရအောင်.."
လူသတ်လိုသည့် အငွေ့များဖြင့် ပြည့်နှက်နေသော ထိုလူအုပ်ကြီးသည် လျူယောင်၏အိမ်ရှေ့သို့ ဆိုက် ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ကြသည်။ရောက်ရော က်ချင်းမှာပင် သူတို့သည် မည်သည့်စကားမှ မပြော ဘဲ ပြင်းထန်သော တိုက်ခိုက်မှုများအား စတင်လိုက် ကြ၏။
"ဇွက်.."
"အား..အား.."
လျူယောင့်၏အိမ်ရှေ့တံခါးရှိ အစောင့်နှစ်ယောက် မှာ တုံ့ပြန်ရန် ပင် အချိန်မရလိုက်ဘဲ ဝုန်းခနဲ စီးနင်း ဝင်ရောက်ခြင်း ခံလိုက်ရသည်။ကျားချိန်ဝမ်သည် လည်း ဟိုင်ကျိုးမြို့မှ စစ်သည်တော်များကို ရှေ့တ န်းတင်၍ တံခါးကို အတင်းတွန်းဖွင့်၍ အငြိုးတကြီး ကျူးကျော်ကာ ဝင်ရောက်လာ၏။
ထိုဆူညံသံများကို ကြားလိုက်ရသဖြင့် လျူယောင် သည် ထန်ဟုန်ယိနှင့်အတူ အိမ်ထဲမှ ထွက်လာခဲ့သ ည်။ကျားချိန်ဝမ် ဦးဆောင်သော လူအုပ်ကြီးမှာ သူ ၏ အိမ်ရှေ့ခန်းထဲသို့ ရောက်နေသည်ကို မြင်လိုက်ရ သလို သူတို့နောက်တွင် ပထမမင်းသား၏ ထိပ်တန်း ကျင့်ကြံသူများ ဝမ်မိသားစု၏ ဘိုးဘေးနှစ်ဦးနှင့် ဝ မ်ယွမ်ကျီတို့ပါ ရောက်နေသည်ကိုပါ လျူယောင် တွေ့လိုက်ရ၏။
လူအင်အား မည်မျှများပြားသနည်းဆိုလျှင် အချို့စ စ်သည်တော်များမှာမူ တံခါးအပြင်ဘက်အထိ တန်း စီနေရသည်။လေးသည်တော် ဒါဇင်ပေါင်းများစွာက လေးကြိုးများကို တင်းတင်းဆွဲကာ လျူယောင်၏ ဦးခေါင်းကို ချိန်ရွယ်ထား၏။
ကျားချိန်ဝမ်ကဲ့သို့သော လူမျိုးမှာမူ ပထမမင်းသား ၏ ခြေဖဝါးကို ဖက်တွယ်နိုင်ရန်အတွက် အရာရာကို ရင်းနှီးထားသူပီပီ ရှေ့ဆုံးမှ အားတက်သရော အော် ဟစ်လိုက်သည်။
"ဘယ်ကောင်က လျူယောင်လဲ..မင်း သေဖို့အတွက် အခုချက်ချင်း အပြင်ကို ထွက်ခဲ့စမ်း.."
လျူယောင်ကမူ တည်ငြိမ်အေးစက်သော မျက်နှာ ထားဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။
"ဒီနေရာမှာ ဘယ်က ကြောင်နဲ့ ခွေးတွေက.လာပြီး ဟောင်နေကြတာလဲကွာ.."
ထိုစကားကြောင့် ကျားချိန်ဝမ်က ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ပြန်သည်။
"လျူယောင်..မင်းက ပထမမင်းသားရဲ့ လက်ရုံးရဲ့ ညာလက်က်ု ဖြတ်ပစ်ရဲရုံတင်မကဘူး..အခုထိ မော က်မာနေတုန်းပဲလား.. ဒီနေ့တော့ မင်း သေရမယ့်နေ့ ပဲကွ.."
သို့သော်လည်း ကျားချိန်ဝမ်ကဲ့သို့သော အညတရ လူယုတ်မာကို လျူယောင်က အဖက်ပင်မလုပ်ဘဲ ရှေ့ဆုံးမှ ရပ်နေသည့် လူကိုသာ စိုက်ကြည့်လိုက်၏ ။ထိုလူဝတ်ဆင်ထားသည့် အဝါရောင်ပိုးအင်္ကျီပေါ် တွင် ခန့်ညားသော နဂါးရုပ်များ ထိုးထားသည်ကို ကြည့်ခြင်းအားဖြင့် ထိုလူကား ပထမမင်းသား ဖြစ် ကြောင်း သိသာလှပေသည်။
"ခဗျားက ပထမမင်းသားလား..."
လျူယောင်၏ မေးခွန်းကြောင့် ပတ်ဝန်းကျင်တစ်ခု လုံး အေးခဲသွားသလို ခံစားလိုက်ရ၏။
"ရိုင်းစိုင်းလိုက်တာ..."
ဝမ်ယွမ်ကျီက အခွင့်အရေးရသည်နှင့် ရှေ့သို့ ခုန်ထွ က်လာပြီး အားရပါးရ အော်ဟစ်လိုက်၏။
"လျူယောင်..မင်းသားကြီးရဲ့ ရှေ့မှာ မင်း ဒီလောက် တောင် ရိုင်းစိုင်းရဲတယ်ပေါ့လေ..မင်းက တကယ့်ကို လူမိုက်ပဲကွ.."
လျူယောင်သည် ဝမ်ယွမ်ကျီကို သေလူတစ်ယော က်ကို ကြည့်သကဲ့သို့ အေးစက်စွာ တစ်ချက်ကြည့် လိုက်ပြီး စိတ်ထဲမှ ကြိမ်းဝါးလိုက်၏။
"ဝမ်ယွမ်ကျီ... မင်းကတော့ ငါ့လက်နဲ့ အရင်ဆုံး အ သတ်ခံရမယ့်ကောင်ပဲ.."
ပထမမင်းသားမှာမူ အပိုစကားများ ပြောနေရသည် ကို ငြီးငွေ့လာပုံရသည်။သူက လက်ကို ခပ်ကြမ်းကြ မ်း ဝှေ့ယမ်းလိုက်ပြီး အမိန့်ပေးလိုက်သည်။
"အကုန်ပစ်ကြ..မြားမိုးရွာပြီး အဲဒီကောင်ကို အသေ ပစ်သတ်လိုက်ကြစမ်း..."
သူ့လက်အောက်ရှိ လေးသည်တော်များ ကိုင်ဆောင် ထားသည်မှာ သာမာန်လေးနှင့်မြားများ မဟုတ်ဘဲ အထူးပြုလုပ်ထားသည့် လေးနှင့်မြားများဖြစ်၏။ ထိုမျှများပြားသော မြားချက်များကို တစ်ပြိုင်နက် တည်း ပစ်ခတ်လျှင် ကောင်းကင်အဆင့် ကျင့်ကြံသူ ပင်လျှင် အသက်ဘေးမှ လွတ်ရန် ခဲယဉ်းလှပေသ ည်။
"ဝှစ်..ဝှစ်..ဝှစ်.."
မြားတန်းရှည်ကြီးမှာ လေထုကို ခွင်းလျက် လျူယေ ာင်ရှိရာသို့ ဦးတည်၍ ပျံသန်းလာ၏။ထန်ဟုန်ယိမှ ာမူ ပါးနပ်လှသည်။မင်းသား အမိန့်ပေးလိုက်သည် နှင့် တစ်ပြိုင်နက် တိုင်လုံးကြီး၏ နောက်ကွယ်သို့ သူ က လျင်မြန်စွာ ဝင်ပုန်းလိုက်၏။
အစောင့်အချို့မှာလည်း ထန်ဟုန်ယိနည်းတူ အချိန် မီ ပုန်းကွယ်နိုင်သော်လည်း ကျန်သည့် အစောင့်များ မှာမူ ထိုမျှ ကံမကောင်းခဲ့ကြပေ။
"ဝှစ်..ဝှစ်..ဝှစ်.."
သူတို့သည် ရှောင်တိမ်းရန်ပင် အချိန်မရလိုက်ဘဲ မြ ားချက်များစွာ ထိမှန်ကာ သွေးအိုင်ထဲသို့ တစ်ယေ ာက်ပြီး တစ်ယောက် အော်ဟစ်ကာ လဲကျသွားခဲ့ သည်။
သို့သော်လည်း လျူယောင်ကမူ မည်သည့်နေရာကို မျှ ရွေ့လျားခြင်း မရှိပေ။
သူသည် ထိုနေရာတွင်ပင် မတုန်မလှုပ် ရပ်နေဆဲဖြ စ်သော်လည်း သူ၏မျက်နှာပေါ်တွင်မူ ကြောက်စရာ ကောင်းသော လူသတ်ငွေ့ များ ဖုံးလွှမ်းနေပေသည်။
"ဟားဟား..မင်းတို့က.ငါ့ကို တကယ်ပဲ သတ်ဖို့ လုပ် နေတာလား ကောင်းပြီလေ..မင်းတို့အားလုံး ငရဲကို အခုပဲ သွားလိုက်တော့.."
လျူယောင်က စိတ်အာရုံ သုံးလိုက်ရာ သူ့ လက်ထဲ ၌ အေးစိမ့်သော အရှိန်အဝါရှိသည့် ဓားတစ်လက်မှ ာမူ ရုတ်တရက် ထွက်ပေါ်လာ၏။
မြားမိုးများကြားထဲတွင် လျူယောင်မှာ ဒဏ်ရာတစ် ချက်မျှ မရရှိဘဲ ရပ်နေသည်ကို မြင်လိုက်ရသော အ ခါ ပထမမင်းသားမှာ မှင်သက်အံ့အားသင့်သွားခဲ့ရ သည်။ထိုမျှပြင်းထန်လှသော မြားချက်များကို မည် သို့ ခုခံလိုက်သနည်းဆိုသည်ကို သူ လုံးဝနား မလည် နိုင်ပေ။
သို့သော်လည်း ကောင်းကင်အဆင့် ကျင့်ကြံသူပန် ယီလုံကမူ မျက်လုံးများ ပြူးကျယ်နေကာ ထိတ်လ န့်တကြား အော်ဟစ်လိုက်မိသည်။
"ဒါ... ဒါက တကယ့်အစစ်အမှန် ချီစွမ်းအင်အကာ အကွယ်ကို သုံးနေတာပဲ.."
သူကိုယ်တိုင်သည်လည်း ခန္ဓာကိုယ်ကို ချီစွမ်းအင် ဖြင့် ကာကွယ်နိုင်စွမ်းရှိသော်လည်း လျူယောင်လို မျိုး မြားချက်များစွာကိုပင် လျစ်လျူရှုနိုင်ရလော က်အောင် ခိုင်မာတောင့်တင်းခြင်းမျိုး မရှိပေ။
ဤသည်မှာ သာမာန်ကာကွယ်မှုမျိုး မဟုတ်ဘဲ ထိုး ဖောက်ရန် လုံးဝမဖြစ်နိုင်သည့် အကာအကွယ် အ တားအဆီးတစ်ခုသဖွယ် ဖြစ်နေသည်။
လျူယောင်ကိုယ်တိုင်လည်း ထိုမြားများ၏ အစွမ်း ကို သတိပြုမိလိုက်၏။၎င်းတို့သည် သာမာန် မြား များထက် ပိုမိုမြန်ဆန်ပြီး ပို၍လည်း အားပါလှသည် ။
အချို့သောမြားများမှာ အိမ်တိုင်ကြီးများကိုပင် ထိုး ဖောက်သွားလုနီးပါး ပြင်းထန်လှ၏။ထိုစွမ်းအားမှာ ခေတ်မီရိုင်ဖယ်ကျည်ဆံ များထက်ပင် သေစေနိုင်စွ မ်းရှိရာ ဤပထမမင်းသား ထိုမျှယုံကြည်မှုရှိနေခြင်း မှာ အံ့သြစရာမဟုတ်တော့ပေ။
ထိုစဉ်မှာပင် လျူယောင်က စတင်လှုပ်ရှားလိုက်၏။
ပတ်ဝန်းကျင်တွင် ကြည့်နေသည့် လူများစွာမှာ မျ က်စိတစ်မှိတ်အတွင်း လျူယောင်၏ပုံရိပ်မှာ ဝေဝါး သွားသည်ကိုသာ ခံစားလိုက်ရသည်။လက်ချိုး၍ ရေတွက်နိုင်သော ကျင့်ကြံသူ အနည်းငယ်ကသာ သူ၏ လျင်မြန်လှသော လှုပ်ရှားမှုအား မြင်လိုက်ရ ၏။
ဝမ်ယွမ်ကျီမှာမူ ရွှမ်အဆင့် ကျင့်ကြံသူသာဖြစ်ပြီး "မြေကမ္ဘာအဆင့်"သို့ပင် မရောက်သေးရာ သူ၏ မျ က်လုံးထဲတွင်မူ အရာအားလုံး ဝေဝါးနေပေသည်။ ထို့နောက် သေမင်းတမန်ကဲ့သို့ အေးစိမ့်သော အထိ အတွေ့နှင့်အတူ လျူယောင်သည် သူ့ထံသို့ လျှပ်စီး လျှပ်သကဲ့သို့ ချဉ်းကပ်လာကာ ဓားဖြင့် ခုတ်ပိုင်းလို က်သည်အား ထိတ်လန့်တကြား သူ မြင်လိုက်ရ၏။
ဝမ်ယွမ်ကျီသည် လျူယောင်၏ ဓားချက်ကို ရှောင် တိမ်းရန် ကြိုးစားလိုက်သော်လည်း ကြောက်စိတ် ကြောင့် သူ့တစ်ကိုယ်လုံး တုန်ယင်နေပြီး လှုပ်ရှားနိုင် ခြင်း မရှိခဲ့ပေ။သူ့ ခန္ဓာကိုယ်သည် သူ့စိတ်ကို နာခံခြ င်းမရှိဘဲ တိုးဝင်လာသော ဓားသွားကိုသာ ကြည့်နေ ခဲ့ရသည်။
"ဇွက်.." “အား..”
ထို့နောက် သူ ဘာမှမသိတော့ပေ။
တစ်စက္ကန့်အကြာတွင် သက်ရှိလူသားတစ်ဦးဖြစ်ခဲ့ သော်လည်း နောက်တစ်စက္ကန့်တွင်မူ ဝမ်ယွမ်ကျီသ ည် အလောင်းတစ်လောင်းဖြစ်ခဲ့ရ၏။
လျူယောင်သည် ဝမ်ယွမ်ကျီကို တစ်ချက်တည်းဖြ င့် အ သက်နှုတ်ယူပြီးနောက် လုံးဝမရပ်နားဘဲ ဝမ် မိသား စု၏ ဘိုးဘေးနှစ်ဦးကိုလည်း မျက်တောင်တ စ်ခတ်အတွင်းမှာပင် သတ်ပစ်လိုက်ပြန်သည်။
မြို့စားမင်းကျားချိန်ဝမ်သည်လည်း ဝမ်ယွမ်ကျီနှင့် ဝမ်မိသားစု ဘိုးဘေးနှစ်ဦး၏ အနီးတွင်ရှိနေသဖြင့် ထိုသွေးပျက်စရာမြင်ကွင်းအား ကိုယ်တိုင်မြင်တွေ့ လိုက်ရ၏။မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ် မိသားစုဝင်သုံးဦးစလုံးသည် အလောင်းသုံးလောင်း ဖြစ်သွားခဲရသည်။
ဝမ်မိသားစု ဘိုးဘေးနှစ်ဦးမှာ မြေကမ္ဘာအဆင့်များ ဖြစ်ကြသော်လည်း လျူယောင်၏ ဓားချက်ကိုမူ မ ခုခံနိုင်ခဲ့ကြပေ။ကျားချိန်ဝမ်မှာမူ ထိုမြင်ကွင်းကြော င့် အလွန်ထိတ်လန့်သွားကာ ဘောင်းဘီထဲတွင် ဆီး တောင် ပေါက်ချလိုက်မိသည်။
သူသည် ဟိုင်ကျိုးမြို့၏ မြို့စားဖြစ်သဖြင့် စည်းစိမ် ချမ်းသာများအကြားတွင် လူအများက ဝိုင်းဝန်းမြှေ ာက်စားခြင်းကို ခံယူနေရသောကြောင့် သူသည် အမှန်တကယ်ကိုပင် မသေချင်သေးပေ။
ထိုစဉ်မှာပင် လျူယောင်၏ ဓားသည် သူ့ထံသို့ ဝှေ့ ယမ်းလာသည်အား ကျားချိန်ဝမ်တစ်ယောက် ထိတ် လန့်တကြား မြင်လိုက်ရ၏။
***